အခ်ိန္ေစာလြန္း၍ တ္ိတ္ဆိတ္ေနေသာ ေက်ာင္းအဝင္လမ္းမထဲ ၾကည့္လိုက္ေတာ့ တာဝန္က်ဆရာမက
ရပ္ေစာင့္ေန၏။လွပသည့္ မနၱေလးနံနက္ခင္းကို
ပို၍ထြန္းလင္းလွပေစရန္ တိမ္ျပာမ်ားက ေဆးျခယ္ထားသက့ဲသို႔ လေရာင္မ်က္ႏွာႏုႏုတြင္လည္း ယုန္ပံုစံသနပ္ခါးေလး ပနံတင့္စြာျခယ္သထားေလရဲ႕။အခန္းထဲေရာက္၍
နာရီကိုၾကည့္လိုက္ေတာ့ ၇နာရီခြဲၿပီးတစ္ဆယ့္ငါးမိနစ္သာ ႐ွိေသးသည္။ဒီေန႔သူ႔ရဲ႕အသင္းျဖစ္သည္ေၾကာင့္ ေက်ာင္းကို ေစာေစာလာရျခင္းမည္၏။ ပထမဦးဆံုး ေသာက္ေရအိုးကိုယူကာ ေရစဥ္အနား၌ အိုးကိုေသခ်ာေျပာင္ေအာင္ေဆး၊ ေရျဖည့္ၿပီးထမ္းလာခ့ဲသည္။အတန္းထဲေရာက္ေတာ့ထိုင္ခံုတစ္ခုံကို ဘုရားစဥ္႐ွိရာသို႔ မ လာၿပီး
အနားေရာက္သည္ႏွင့္ ေသခ်ာေလးေျမညီသည့္ေနရာတြင္ထားလိုက္ကာ ထိုထိုင္ခံုေပၚသို႔တက္၍ ဘုရားပန္းအိုးခ်လိုက္သည္။ မိန္းကေလးေတြ ဘုရားပန္းလဲလွ်င္
အခက္မေတြ႕ေအာင္ လုပ္ေပးေနက် အရာတစ္ခု
လည္းျဖစ္သည္။မိမိ၏တာဝန္တစ္ခုျဖစ္ျပန္သည့္
ဆရာမနားေနခန္းသို႔သြား၍ ေရသန္႔ဗူးႀကီးကို
ယူလာကာ ေရစဥ္႐ွိသည့္ေနရာမွာပဲ ေဆးေၾကာျပီး
ေရျဖည့္ၿပီး ျပန္သယ္လာရသည္။ဆရာမေတြရဲ႕
ေဝယ်ာဝစၥလုပ္ၿပီး အတန္းထဲျပန္ဝင္လာေတာ့
အသင္းက်သည့္ ေကာင္မေလးႏွစ္ေယာက္က
ဆရာမစားပြဲေပၚတြင္ ဝယ္လာသည့္ပန္းစည္းကို
တင္ထားကာ အရြက္ေႁခြေနသည္။႐ုတ္တရက္
အေနာက္ဘက္္အၾကည့္တို႔ေရာက္ေတာ့ စိုင္းတိမ္ယံလင္း။႐ွစ္နာရီဘဲ႐ွိေသးတာကို ေက်ာင္းအေစာႀကီးလာတယ္။ဆရာမ၏ စည္းကမ္းခ်က္အရ အသင္းက်သည့္
ေယာက်ာ္းေလးသည္ ေယာက်ာ္းေလးအတန္းကို
တံျမက္စည္းလဲရမည္ျဖစ္ကာ မိန္းကေလးေတြကို
ေယာက်ာ္းေလးေတြအတန္းဘက္ မလာခိုင္းပါ။ထို႔ေၾကာင့္မိန္းကေလးေတြလုပ္စရာသက္သာသည္ဟု မထင္လုိက္ေလႏွင့္ ဘုရားပန္းလဲၿပီးတာႏွင့္ဆရာမနားေနခန္း၊ ဘုရားခန္း၊ဆရာမႀကီးရံုးခန္းသို႔သြားကာ တံျမက္စည္းလွဲ၊
ဘုရားပန္းအိုး လဲေပးရသည္။ဒါကလည္း
ကိုယ္ျပဳသည့္ကုသို္လ္တစ္မ်ိဳးပင္။ ေကာင္းသည့္စိတ္ျဖင့္
မွတ္ရင္ေတာ့ ကုသို္လ္၊မေကာင္းသည့္စိတ္ျဖင့္
မွတ္လွ်င္ေတာ့ခိုင္းစားသည္ေပါ့။အတန္းအေနာက္ဘက္
အမိႈက္ပံုးေဘးမွာထားထားသည့္ တံျမက္စည္းကိုယူကာဆရာမစားပြဲေနရာမွစၿပီး အမိႈက္စတင္လွည္းသည္။
အမိႈက္မ႐ွိေတာ့ ျမင္ရသူတို႔၏စိတ္က ေအးခ်မ္းမည္၊
သူတို႔စိတ္ေလးေအးခ်မ္းေတာ့ ကိုယ္က အလိုလိုကိုကုသိုလ္ရျပန္သည္။ထိုင္ခံုေတြရဲ႕ၾကားထဲထိကို ေသခ်ာေျပာင္ေအာင္လွဲေနရသည္၊ေတာ္ၾကာ ဆရာမကအမိႈက္ေတြ႕လို႔
ဆူမွျဖင့္။အျခားေက်ာင္းသားေတြကေတာ့
သိပ္ႁပီးမလုပ္ခ်င္ၾကဘူးထင္သည္။အသင္းက်သည့္
ပထမရက္က ႐ွစ္နာရီေလာက္မွလာျဖစ္ေတာ့
ထိုေက်ဳာင္းသားေတြက ဘာမွလုပ္မထားဘဲ
ထိုင္ေနသည္ကို ကိုယ္ကလုပ္ျပီးၿပီးထင္၍
တံျမက္စည္းေလးလွဲထားလိုက္သည္။ေက်ာင္းတက္ေတာ့ဆရာမက ေရအိုးထဲၾကည့္ၿပီး ေရမျဖည့္ထားဘူးလားလို႔
ေျပာကာ ဒါေလးေတာင္လုပ္ဖို႔ေစတနာမပါဘူးဆိုလည္းမလုပ္ၾကနဲ႔ဟု ဆူခ့ဲသည္၊ဟုတ္ပါသည္ေလ
ေရႊဇြန္းကိုက္ေမြးလာၾကသည့္ သူေတြဆိုေတာ့လည္း။
လွည္းေနရင္းလွည္းေနရင္း ေနာက္ဆံုးအတန္းေရာက္လာေတာ့ ကိုယ့္ေနရာကိုေသခ်ာေျပာင္ေအာင္လွည္း၊
ထို႔ေနာက္ ဟိုဘဝင္႐ူးေကာင္ေနရာ
လွည္းရမည္ေၾကာင့္..
"စိုင္းတိမ္ယံလင္း ခဏထေပး"
လွည့္ကာၾကည့္လာသည္။ ဒီေန႔
ေတာ္ေတာ္ေလးထူးဆန္းသည္။ အတန္းမစေသးဘဲ
အေစာင့္ေတြက အျပင္မွာထြက္ေစာင့္ေပးေန၏။
အသားထိရင္ မႀကိဳက္ေသာသူ႔အက်င့့္္ေၾကာင့္
ထေပးရန္စကားျဖင့္ေျပာပါေသာ္လည္း ကိုယ့္ကို
တစ္ခ်က္ၾကည့္ကာ သူ႔ေနျမဲအတိုင္းျပန္ေနသြားသည္။
"ငါေျပာတာၾကားလား တံျမက္စည္းလွည္းမလို႔ ထေပးဦး"
"ငါ့ေနရာအမိႈက္မ႐ွိဘူး"
အေ႐ွ႕ကိုသာ ေ႐ွး႐ွဴ လွ်က္ေျပာလာေသာစကားေၾကာင့္
တံျမက္စည္းကိုပဲ လေရာင္ျပန္ထားရေတာ့မလိုလို၊
ဆက္ျပီးလွည္းရမလိုိလို။ စိတ္တိုလာေၾကာင္းျပသည့္အေနျဖင့္္ မ်က္ေမွာင္က်ံဳ႕ကာ ဆက္ေျပာလိုက္သည္။
"အမိႈက္ကေတာ့မ႐ွိတာသိတယ္ ဖုန္ေတြေတာ့႐ွိတယ္ ဖယ္ကြာစိုင္းတိမ္ယံလင္း"
"မလိုဘူး "
"ေတာက္.."
အမွန္တကယ္ကို လေရာင္စိတ္တိုလာသည္။
ကိုယ္က စေျပာရင္ သူကအကန္ေတြဘဲေျပာ၊
သူကစေျပာရင္ ကိုယ္ကအကန္ေတြေျပာႏွင့္
သူစေရာက္ကတည္းက ကိုယ္နဲ႔ျပသနာမျဖစ္သည့္အခ်ိန္ဆိုတာ မ႐ွ္ိေသးဘဲ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး
စကားမ်ားရသည္။
"မင္းဖယ္မွာလား မဖယ္ဘူးလား စိုင္းတိမ္ယံလင္း."
ေနလေရာင္မ်က္လံုးကို တည့္တည့္ၾကည့္ကာျဖင့္.
"မ ဖယ္ ဘူး O K"
"မဖယ္နဲ႔ကြာ.."
"ဟာ ဘာလုပ္တာလဲ...မင္း.."
ထိုင္ေနရာကေန တိမ္ယံအျမန္ထကာ ထိုင္ခံုႏွင့္
အနည္းငယ္လွမ္းေသာ ေနရာ၌ မတ္တပ္ရပ္လိုက္သည္။
ကိုယ့္အသံေၾကာင့္ ဦးစည္တို႔ဝင္လာမယ္လုပ္ေတာ့
မဝင္ေစရန္ လက္ကာျပလိုက္သည္။ကိုယ့္ထိုင္ခံုက
ထေျပးရျခင္းအေၾကာင္းအရင္းမွာ ဟိုဘီလူးေလးက
တံျမက္စည္းလာလွည္းျခင္း၊တံျမက္စည္းအေမႊးေတြနဲ႔
ေျခေထာက္ေအာက္ လာလွည္းသည္ေၾကာင့္
အျမန္ထရသည္။ဒါငါ့ကိုရဲြ႕လုပ္တာ။အသားမထိလိုက္လို႔ေတာ္ပါေသးရဲ႕လို႔ေတာင္ဆိုရမည္။
"မင္း ငါ့ပုဆိုးကိုဖုန္ေတြေပကုန္ၿပီ."
ပုဆိုးကိုလက္ညိဳးျဖင့္ထိုးကာေျပာလိုက္သည္။
"ငါဖယ္ခိုင္းတယ္ေလ မင္းကမွမဖယ္တာ.."
စကားေျပာလိုက္တိုင္း ယုန္ကေလးႏွစ္ေကာင္တင္ထား
သည့္ ပါးေဖာင္းေဖာင္းေလးေတြက လႈပ္သြားသည္ကို
တိမ္ယံေငးစိုက္ၾကည့္ေနမိသည္။လူတစ္ေယာက္ကို
ဒီေလာက္ထိ အာရံုစိုက္ၾကည့္ျခင္းသည္
ကုိယ့္ဝါသနာမဟုတ္ေပမယ့္ အခုေတာ့
ကိုယ့္ဝါသနာျဖစ္လာေလၿပီ။အခု သူ႔စိတ္ထဲတြင္
အ့ဲပါးႏွစ္ဖက္ကို ဖ်စ္ညစ္ပစ္လိုက္ခ်င္သည့္စိတ္သာ
႐ွိေနသည္။
"မလိုအပ္ဘူးလို႔ေျပာတယ္ေလ ဘီလူးေလး..."
ဘီလူးေလးဆိုသည့္စကားေၾကာင့္ လေရာင္မ်က္ေမွာင္က်ံဳ႕လိုက္သည္။တံျမက္စည္းကို ထိုင္ခံု၌မီွကာေထာင္
လိုက္ၿပီး သူ႔အနားတိုးသြားေတာ့ သူကတျဖည္းျဖည္း
ေနာက္ဆုတ္သြားေလသည္။လေရာင္သြားစိျပလိုက္ၿပီးသြားတက္ေလးကို လက္ညိဳးထိုးျပလိုက္ကာ.....
"ဒါေၾကာင့္ဘီလူးလို႔ေခၚတာလား မသိရင္မွတ္ထားဒါမ်ိဳးကလိုခ်င္တ့ဲသူေတြေတာင္ရၾကတာမဟုတ္ဘူး ငါ့လို
ေကာင္ေခ်ာေခ်ာေလးမွရတာ ၿပီးေတာ့ဒါေကာဘဲ.."
ေနလေရာင္ျပံဳးလိုက္ၿပီး ေပၚလာသည့္ပါးခ်ိဳင့္ေလးကို
လက္ညိဳးျဖင့္ထိုးျပလိုက္သည္။
"မနာလိုလည္းမင္းဆီမွာ႐ွိလာမွာမဟုတ္ဘူး ငါကအရမ္းေခ်ာေနလို႔ေလ"
ကိုယ့္ကို တခြန္းမက်န္ျပန္ခံေျပာေနသည့္
လေရာင္ကိုၾကည့္ရင္း ႏႈတ္ခမ္းကသူ႔အလိုလိုျပံဳးေနမိသည္။အဲ့ဒါကို သူမျမင္ႏိုင္လို႔ ေတာ္ေသးသည္ဟုဆိုရမည္။
လာ လာခ်ည္ေသး သူကေခ်ာလို႔ဒါမ်ိဳးေတြ႐ွိသည္ေပါ့
ဟုတ္ပါၿပီလိပ္ေလးေရ။ကိုယ့္ကိုေျပာဆိုၿပီးသည္ႏွင့္
တံျမက္စည္းယူကာ အတန္းထဲတြင္စုထားသည့္အမိႈက္ဟုမဆိုသာသည့္ဖုန္ေတြကို ၾကံဳးေန၏။ထိုင္လ်က္ျဖစ္ေသာေၾကာင့္ ထိုခနၶာကိုယ္ေလးသည္ ကိုယ္ဖက္လိုက္ရင္
ဘယ္ေလာက္မ်ား ဖက္လုိ႔ေကာင္းလိမ့္မလဲ။
ကိုယ့္အေတြးေတြကို ေလွာင္သည့္အေနနဲ႔
ရယ္လိုက္ကာ ကိုယ့္ေနရမွာသာ ျပန္ထိုင္ေနလိုက္၏။
အိမ္ျပန္ေရာက္ရင္ေတာ့ ကိုယ့္အေတြးေတြကို ျပန္လည္စမ္းစစ္ရပါဦးမည္။
....................................................................
မနက္ပိုင္း၌ အျပာေရာင္႐ွိၿပီးၾကည္လင္ေနေသာ
ေကာင္းကင္ႀကီးသည္ ထမင္းစားဆင္းၿပီးသည့္အခ်ိန္၌
တိမ္ေတာင္မဲႀကီးတို႔ နရာယူလာကာ လွ်ပ္စီးတို႔က
ေျပးလႊားေနေလသည္။အခုလည္း လက္ထဲက မုန္႔ကို
စားေနရင္း မိႈင္းညိဳ႕ညိဳ႕ရာသီဥတုကို ခံစားလ်က္ေကာင္းကင္ၿကီးကို ျပတင္းေပါက္ကေနတစ္ဆင့္ လေရာင္ၾကည့္ေနမိသည္။ေနာက္တစ္ခ်ိန္သည္ အရမ္းႀကိဳက္ႏွစ္သက္ရပါေသာ ရသအခ်ိန္။သင္သည့္ဆရာမက ေတာ္ေတာ္ေလးပံုဆြဲေတာ္သည့္အျပင္ ဒီတစ္ပတ္ရသအခ်ိန္က် ကိုယ္ႀကိဳက္ႏွစ္သက္သည့္ပံုကိုဆြဲကာ အလွဆံုးဆြဲႏိုင္သည့္သူကို
ဆုေပးမည္ဟု အရင္တစ္ပတ္က ေျပာခ့ဲသည္။
ဒီလိုရာသီဥတုမ်ိဳးႏွင့္ဆို လေရာင္အတြက္ပန္းခ်ီဆြဲဖို႔
အကိုက္ပင္။
ဂ်ိမ္း ဂ်ိမ္း
မိုးၿခိမ္းသံအနည္းငယ္ထြက္ေပၚလာသည္ေၾကာင့္
့္မုန္႔ဝါးေနသည့္ လေရာင္ပါးစပ္ေလးရပ္သြားသည္။
"ဒုကၡပါဘဲ.."
မိုးၿခိမ္းသံဆို အရမ္းေၾကာက္သည့္ ကြၽန္ေတာ္သည္
ေက်ာင္းဆင္းရင္ ဘယ္လိုျပန္ရမည္နည္း။
စိုင္းတိမ္ယံလင္းဘက္ လွည့္ၾကည့္ေတာ့
ကိုယ့္ဘက္လွည့္၍ အျပင္ကိုၾကည့္သည္လား၊ကိုယ့္ကိုၾကည့္သည္လား မသိေသာအေျခအေနေၾကာင့္
မ်က္လံုးခ်င္းဆံုသြားသျဖင့္ ဟီး ခနဲရီျပလုိက္သည္။
သူကေတာ့maskေအာက္က မည္သို႔ျဖစ္ေနမည့္
မ်က္ႏွာထားႏွင့္အတူ ေ႐ွ႕ကိုသာ ျပန္လွည့္သြားသည္။
ဂ်ိမ္း
"အမယ္ေလး.."
ဒီတစ္ခါေတာ္ေတာ္ေလးက်ယ္ေသာအသံေၾကာင့္
ပါးစပ္ကေယာင္သည့္အသံပါ ထြက္လာသည္။
ထိုင္ခံုကို နည္းနည္းမကာ ဟိုေကာင့္ဘက္ကို
မသိမသာေလးတိုးလိုက္သည္။
ထိုခ်ိန္၌
"စိုင္းတိမ္ယံလင္း.."
ဝတ္စံရီရဲ႕ေခၚသံ။
"ဘာလဲ.."ခပ္မာမာထူးသည့္အသံ။
"ဟို.."
"ဟို "ေဝ့လည္ေဝ့လည္လုပ္ေနသည္ေၾကာင့္။
"ေျပာစရာ႐ွိတာေျပာ.."
"ဟိုးတစ္ေန႔ကကိစၥအတြက္ေတာင္းပန္ပါတယ္.."
"ေတာင္းပန္တယ္.."
"အင္း.."
စိုင္းတိမ္ယံလင္းဆိုတ့ဲေကာင္ကေလ တစ္ကယ္ဘဝင္႐ူးေနတယ့္အေကာင္။မိန္းကေလးတစ္ေယာက္က
လာေတာင္းပန္ေနတာေတာင္ ထိုင္ခံုကိုမီွ လက္ကိုပိုက္ၿပီးမသိခ်င္ဟန္ေဆာင္ေနတာ။ကိုယ္ကလည္း ဒီအခြင့္အေရးကို ဘယ္လက္လြတ္ခံပါ့မလဲ။ထိုင္ခံုကို ျဖည္းျဖည္းခ်င္း
တိုးၿပီးသူ႔အနားကပ္ေနလိုက္တယ္။႐ွက္တာေတာ့႐ွက္ဖို႔ေကာင္းသည္။ေယာက်ာ္းေလးျဖစ္ႁပီး မိုးၿခိမ္းသံေၾကာက္ရတယ္လို႔ဗ်ာ။မိုးျခိမ္းသံဘဲေၾကာက္တာပါ
က်န္တာဘာမွမေၾကာက္ဘူး။သူမ်ားေတြေၾကာက္တ့ဲ
အေကာင္ေတြလည္းမေၾကာက္ဘူး၊သရဲလည္းမေၾကာက္ဘူး။
"ဟုတ္တယ္ ဟိုးတစ္ေန႔ကကိစၥအတြက္ေတာင္းပန္တယ္
"ရပါတယ္"
"ၿပီးသာဘဲ ငါလည္းေတာင္းပန္ခ်င္လို႔မဟုတ္ပါဘူး ဒယ္ဒီကမေတာင္းပန္မခ်င္းစကားမေျပာေသးလို႔ အ့ဲဒါေၾကာင့္ပါ ဒါဆိုသြားဦးမယ္"
ဝတ္စံရီဆိုသည့္မာနမင္းသမီးပီပီ ေတာင္းပန္တာေတာင္မာနစကားက ပါေသးသည္။စိုင္းတိမ္ယံလင္း ေခါင္းသာခါလိုက္ၿပီး ေနလေရာင္ဘက္လွည့္ၾကည့္လိုက္၍....
"ငါ့ဘက္ကိုဘာလို႔ဒီေလာက္တိုးေနတာလဲ"
ေမးလိုက္ေတာ့ မ်က္လံုးေလးျပဴ းကာ အံႁသသြားသည္။ခုနကတည္းက တေရြ႔ေရြ႔ႏွင့္လိပ္ကေလးလို ကိုယ့္ဘက္တိုးလာေနတာသိေသာ္လည္း မသိခ်င္ဟန္ေဆာင္ထားလိုက္သည္။သို႔ေသာ္ဝတ္စံရီနဲ႔စကားေျပာေနသည့္တစ္ေလွ်ာက္လံုး ကိုယ့္ဘက္ကိုတိုးလာသည္ေၾကာင့္ မေနႏိုင္စြာေမး
လိုက္ျခင္း။
"ငါမတိုးပါဘူး."
ေျဗာင္လိမ္ေျဗာင္စားေလး။
"ဒီေလာက္ စာေရးစားပြဲကေနေက်ာ္ၿပီး ငါ့ဘက္တိုးလာတာေတာင္ မတိုးဘူးလုိ႔ေျပာခ်င္တာလား"
သက္ေသတင္ျပလိုက္ေတာ့ သူထိုင္သည့္ေနရာကိုတစ္လွည့္ သူ႔ေနရာကိုတစ္ခ်က္ၾကည့္ကာ ကိုယ့္ကိုမ်က္ႏွာငယ္ေလးနဲ႔ျပန္ၾကည့္လာသည္။
ဂ်ိမ္း!
မိုးၿခိမ္းသံေၾကာင့္ တစ္ခ်က္တုန္သြားေသာ
ခနၶာကိုယ္ေလးသည္ မည္သည့္အေၾကာင္းအရာအတြက္အနားတိုးလာမွန္း ရိပ္မိလိုက္ၿပီ။ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ကာ..
"ငါ့အသားမထိနဲ႔ေနာ္ ထိုင္လို႔ရတယ္"
"ဟုတ္.."
လိုခ်င္ရသြားသည့္ကေလးတစ္ေယာက္လို ျဖဴ စင္သည့္
အျပံဳးကို ဆင္ျမန္းကာသြားတက္ေလးေတြေပၚေအာင္
ရီျပလာၿပီး သူ႔မုန္႔သာဆက္စားေနေတာ့သည္။
မင္းနဲ႔ေတြ႕မွ ခဏခဏျပံဳးေနတ့ဲ ကိုယ့္ႏႈတ္ခမ္းကို
အျပစ္ေပးရေတာ့မယ္ထင္ပါရဲ႕။မိုးမင္းႀကီးကေတာ့
အညိဳးႀကီးစြာရြာခ်ေနၿပီ မင္းကလည္းကိုယ့္ကိုအညိဳးႀကီးစြာမရပ္မနားျပံဳးေစႏိုင္သည္။
"ဆရာမအရင္တစ္ပတ္ကေျပာခ့ဲတယ္ေနာ္ဒီေန႔ပန္းခ်ီၿပိဳင္ပြဲလုပ္မယ္လို႔"
"ဟုတ္က့ဲ.."
"အ့ဲေတာ့ဒီရသအခ်ိန္မေရာက္တယ့္တစ္ပတ္အတြင္း
စိတ္ကူးသစ္ေလးေတြရခ့ဲက်တယ္မလား.."
"ဟုတ္."
"ဟုတ္ၿပီ အ့ဲဒါဆိုအ့ဲဒီစိတ္ကူးေတြကို အေကာင္အထည္ေဖာ္တယ့္အေနနဲ႔ မင္းတို႔ရဲ႕စာရြက္ေပၚမွာပံုေဖာ္လိုက္ရေအာင္"
"ဟုတ္က့ဲ.."
တက္တက္ႂကြႂကြပင္ လြယ္အိတ္ထဲေရာင္စံုခဲတံပုတိုႏွင့္စာရြက္အျဖဴ ေလးကို လေရာင္ယူကာ စားပြဲခံုေပၚ တင္ထားလိုက္သည္။မိုး႐ြာတာႀကိဳက္ေပမယ့္ မိုးၿခိမ္းတာေတာ့တကယ္မႀကိဳက္ပါ။ခုလည္းမိုးကသည္းၿကီးမဲျကီးရြာေနသလို
မိုးကလည္းအဆက္မျပတ္ၿခိမ္းေနသည္။
ေဘးကိုၾကည့္လိုက္ေတာ့..
"ဝါးးး.."
ေနလေရာင္ဆီမွထြက္လာသည့္အသံ။
စိုင္းတိမ္ယံလင္းဆီမွာေစ်းႀကီးပံုရမယ့္ ေရာင္စံုတစ္ဒါစင္
လိုက္ႀကီး။ ခ်က္ခ်င္းဘဲကိုယ့္ခနၶာကိုယ္က
စိုင္းတိမ္ယံလင္းဘက္ ေအာ္တိုေရာက္သြားသည္။
ႏူးညံ့ပံုရမည့္စကၠဴ စာရြက္အျဖဴ ေလးကို ကိုင္ၾကည့္ခ်င္သည့္စိတ္ကေနာက္ထား လက္ကေ႐ွ႕ကိုလွမ္းေနမိသည္။
"ငါ့အသားကိုမထိရဘူးလို႔ေျပာထားတယ္ေနာ္ "
"အယ္.."
ခုမွသတိဝင္သြားသည့္လူႏွယ္ လွမ္းထားသည့္လက္ကိုျပန္ဆုတ္လိုက္သည္။
"ေတာင္းပန္ပါတယ္ အဟမ္း ဒါနဲ႔မင္းေရာင္စံုေတြကေတာ္ေတာ္ေစ်းႀကီးမွာဘဲေနာ္.."
"မသိဘူးအေမရိကကအဖိုးျပန္လာေတာ့ဝယ္ေပးတာ"
"အေမရိက ဝိုးးးး"
"စာရြက္ေတြေကာလား.."
"ဟုတ္တယ္.."
"ကိုင္ၾကည့္လို႔ရလား.."
"မရဘူး.."
"ဟာ မင္းကလည္းကြာ တစ္ခါေလာက္ကိုင္ၾကည့္ခ်င္လို႔"
လက္ေမာင္းကိုထိဖို႔ျပင္ေနသည့္ လေရာင္ေၾကာင့္..
"ငါ့အသားထိရင္ဟိုဘက္တိုးေတာ့"
"လုပ္ပါကြာ တစ္ခါတည္းပါ"
လက္ညိဳးေလးတစ္ခုထဲေထာင္ကာ ႏႈတ္ခမ္းနားကပ္ၿပီး
ေျပာေနသည့္ဟန္အမူအရာသည္ တကယ္ကို
ေယာက်ာ္းေလးနဲ႔မလိုက္အာင္ ခ်စ္ဖို႔ေကာင္းေနျခင္းေၾကာင့္ စိုင္းတိမ္ယံလင္းသူ႔ႏႈတ္ခမ္းသူျပန္ကိုက္ထားေနမိသည္။
"လုပ္ပါကြာ ေနာ္.."
"ေသခ်ာကိုင္ေနာ္ စာရြက္ေတြေပသြားမယ္.."
"ေဟး.."
ခြင့္ျပဳခ်က္ရသည္ႏွွင့္ ထိုစာရြက္အျဖဴေလးကို လေရာင္
ကိုင္ၾကည့္ေတာ့ပိုးသားေလးလို နူးညံ့မႈကိုခံစားရမိသည္။
ေရာင္စံုေလးကို ထိ္ၾကည့္ေတာ့အထိအေတြ႕နဲ႔တင္
ဘယ္ေလာက္ဆြဲလို႔ေကာင္းမလဲဆိုတာ ခန္႔မွန္းႏိုင္သည္။
"စဆြဲေတာ့ ဆရာမနာရီဝက္အခ်ိန္ေပးမယ္"
စတင္သည့္အသံၾကား၍ ဆက္ႁပီးထိေတြ႔မေနေတာ့ဘဲေ႐ွ႕တည့္တၫ့္လွည့္ကာ ကိုယ့္စာရြက္ေပၚ
ပန္းခ်ီဆြဲျခင္းထဲသို႔ စိတ္ထည့္ထားလိုက္သည္။ဒီေလာကႀကီးထဲမွာ ကိုယ္တစ္ေယာက္တည္း႐ွိသလို၊အလြန္လွပသည့္ပန္းခင္းႀကီးထဲမွာ ကိုယ္တစ္ေယာက္တည္း ႐ွိေနသလိုမ်ိဳး ပန္းခ်ီဆြဲသည့္အခ်ိန္မွာ ခံစားရသည္။မိမိ၏အေတြးခံစားခ်က္အတိုင္း စီးေမ်ာေနျခင္းဟာ ရြက္လြင့္ရသည္ႏွင့္ဆင္တူသည္။ပန္းခ်ီဆိုတာ မိမိဝမ္းနည္းမႈ၊ဝမ္းသာမႈကို
ထည့္သြင္းေရးဆြဲႏိုင္တယ့္ ပညာတစ္မ်ိဳးလည္းျဖစ္သည္မဟုတ္လား။လူတစ္ေယာက္ေရးဆြဲထားသည့္ ပန္းခ်ီကိုၾကည့္ရင္းနဲ႔လည္း ထိုသူ၏ဝမ္းနည္းမႈ၊အထီးက်န္မႈ၊ေပ်ာ္ရႊင္မႈကိုခံစားသိ႐ွိႏိုင္သည္။ဆြဲေနရင္း ထိုစာရြက္ေလးေပၚ၌ လေရာင္၏ဘယ္ဘက္မ်က္ဝန္းမွ မ်က္ရည္ၾကည္ေလးတစ္စက္က်သြားခ့ဲသည္။
ပံုမဆြဲတတ္သည္ေၾကာင့္ ဘာပံုဆြဲလို႔ဆြဲရမွန္းမသိ
တိမ္ယံငုတ္တုတ္ထိုင္ေနမိသည္။ေဘးကေန
လေရာင္ကိုအကဲခတ္ၾကည့္ေတာ့ဘဘယ္သူ႔ကိုမွသတိမထားသည္ႏွယ္ သူ႔ပံုကိုပဲ အာရံုစိုက္ကာဆဲြေနသည္။
ဘာမွစဥ္းစားလို႔မရတာနဲ႔ လေရာင္ပံုဆြဲေနသည္ကိုသာ
ထိုင္ၾကည့္ေနလိုက္သည္။အခုလိုအာရံုစူးစိုက္သည့္
ပံုစံက်ေတာ့လည္း ေယာက်ာ္ေလးတစ္ေယာက္လို
တည္ၾကည္ေနျပန္သည္။ဆြဲေနရင္းနဲ႔သူ႔မ်က္ဝန္းထဲက
မ်က္ရည္တစ္စက္ခုန္ထြက္လာတာေတြ႕ေတာ ့မ်က္ေမွာင္က်ံဳ႕မိသည္။သူကပန္းခ်ီဆြဲေတာ္ေတာ့ စိတ္ခံစားမႈပါထည့္ဆြဲလို႔ျဖစ္မွာပါဟုသာ မွတ္လိုက္သည္။အားလံုးၿပီးေတာ့သူ႔ပံုကိုျပန္ၾကည့္ၿပီး ျပံဳးလိုက္ေပမယ့္ထိုအျပံဳးသည္
အသက္မပါလွေပ။
နာရီဝက္ေက်ာ္ၾကာျမင့္ေတာ့...
"ၿပီးၿပီလားကေလးတို႔ၿပီးတ့ဲသူဆရာမဆီလာထပ္လို႔ရၿပီ"
အျမန္အေခ်ာသတ္ၿပီး စာရြက္ထိပ္တြင္ လေရာင္ဟုတပ္ကာ ဆရာမဆီစာရြက္သြားထပ္လိုက္သည္။ ခဏေနေတာ့အတန္းသား၊သူ အားလံုးဆရာမဆီထပ္ၿပီးလို႔ဆရာမကအေကာင္းဆံုးဆိုသည့္အရာကိုေရြးေနသည္။
"ေတာ္ေတာ္လွတယ့္ပံုေလးႏွစ္ပံုဘဲ အတန္းသားေတြေရြး
ၾကည့္ပါလား"
ဆရာမကပံုႏွစ္ပံုေထာင္ျပႁပီး အတန္းသားေတြရဲ႕ဆံုးျဖတ္
ခ်က္ကိုအၾကံေတာင္းသည္။တစ္ပံုကကိုယ့္ပံု၊တစ္ပံုကဝတ္စံရီပံု။မိန္းကေလး၊ေယာက်ာၤးေလးတို႔ထံုးစံအတိုင္း
ကိုယ့္လူဘက္ကိုသာ မဲေပးၾကသည္မို႔ဆရာမကရီလိုက္ႁပီး
"ဆရာမဘဲေရြးေတာ့မယ္ ..
ဆရာမႀကိဳက္တယ့္ပံုက.."
"ေနလေရာင္.."
"ဝိုးးးး "
ေယာက်ာ္းေလးေတြက လက္ခုတ္ေတြဝိုင္းတီးၾကေပမယ့္
မိန္းကေလးေတြကေတာ့"ဟင့္ "ဆိုကာအသံျပဳ ဳၾကသည္။
"လာ သားေလးေ႐ွ႕ထြက္ခ့ဲ"
အတန္းေ႐ွ႕သို႔ လေရာင္ထြက္လာလိုက္သည္။
"ေရာ့ ဒါသားအတြက္ဆု.."
စာအုပ္တစ္ဒါစင္ႏွင့္အတူ ေရာင္စံုခဲတံဘူးေလးတစ္ဗူး။
"ေက်းဇူးတင္ပါတယ္ ဆရာမ"
အတန္းထဲကသူေတြက လက္ခုတ္ဝိုင္းတီးၾကသည္။
"သားအရမ္းေတာ္သာဘဲေက်ာင္းကလုပ္မယ့္ပန္းခ်ီဆြဲပိုင္ပြဲမွာဝင္ၿပိဳင္ပါ့လား ကံေကာင္းရင္ေက်ာင္းအဆင့္နဲ႔ေက်ာင္းေပါင္းစံုဝင္ၿပိဳင္ရင္ၿပိဳင္ရမွာ"
"သားမၿပိဳင္ရဲဘူးဗ်"
"ဘာမၿပိဳင္ဘူးလဲ ဆရာမနာမည္စာရင္းေပးထားမယ္ ကိုယ့္အတြက္ဘဲကိုမျငင္းနဲ႔ၾကားလား"
"ဟုတ္က့ဲ"
အေပ်ာ္ဆိုသည့္စိတၱဇနာမ္ကိုယူေဆာင္ကာ
ထိုင္ခံုမွာ လေရာင္ ၿပန္ထိုင္လိုက္သည္။
ခုမွမိုးၿခိမ္းသံျပန္ၾကားသည့္နားကိုလည္း ဆြဲခ်င္မိသည္။
"မင္း ဘာပံုဆြဲထားတာလဲျပစမ္း"
"ဟင္"
"ငါၾကည့္ခ်င္လို႔"
"ေရာ့"
လွမ္းေပးသည့္စာရြက္ေလးကိုယူလိုက္ႁပီး ၾကည့္လိုက္ေတာ့ တိမ္ယံ အသက္႐ွဴ မဝျဖစ္လာသည္။မိဘျဖစ္သည့္အေမနဲ႔အေဖသည္ မိုးေရထဲတြင္သူ႔သားေက်ာင္းသားငယ္ေလးကိို မိုးမစိုေအာင္ အေမကခ်ီထားေပးသည္၊အေဖက
ထီးကိုေဆာင္းေပးထားကာ သူ႔မိန္းမကိုဖက္ထားသည္။
အ့ဲဒါကို လွမ္းၾကည့္ေနသည့္အေနာက္ဘက္က
ေက်ာင္းသားေလးတစ္ေယာက္သည္ မိုးေရထဲတြင္ထီးေလးတစ္လက္ေဆာင္းကာ လြယ္အိတ္ေလးကိုလက္တစ္ဖက္ႏွင့္ ဖက္ထားသည္။မေမွ်ာ္လင့္ပါဘဲ
သူ၏ဘယ္ဘက္မ်က္ဝန္းထဲကမ်က္ရည္တို႔
ေျမခခ့ဲရေလသည္။
"ဒီပံုငါ့ကိုေရာင္း"
"မေရာင္းပါဘူး ျပန္ေပး"
ေနလေရာင္ျပန္ေတာင္းေတာ့မေပးေတာ့။
"စိုင္းတိမ္ယံလင္းျပန္ေပးကြာ"
"မေပးဘူး"
.................................................................
အချိန်စောလွန်း၍ တ်ိတ်ဆိတ်နေသော ကျောင်းအဝင်လမ်းမထဲ ကြည့်လိုက်တော့ တာဝန်ကျဆရာမက
ရပ်စောင့်နေ၏။လှပသည့် မန္တလေးနံနက်ခင်းကို
ပို၍ထွန်းလင်းလှပစေရန် တိမ်ပြာများက ဆေးခြယ်ထားသက့ဲသို့ လရောင်မျက်နှာနုနုတွင်လည်း ယုန်ပုံစံသနပ်ခါးလေး ပနံတင့်စွာခြယ်သထားလေရဲ့။အခန်းထဲရောက်၍
နာရီကိုကြည့်လိုက်တော့ ၇နာရီခွဲပြီးတစ်ဆယ့်ငါးမိနစ်သာ ရှိသေးသည်။ဒီနေ့သူ့ရဲ့အသင်းဖြစ်သည်ကြောင့် ကျောင်းကို စောစောလာရခြင်းမည်၏။ ပထမဦးဆုံး သောက်ရေအိုးကိုယူကာ ရေစဉ်အနား၌ အိုးကိုသေချာပြောင်အောင်ဆေး၊ ရေဖြည့်ပြီးထမ်းလာခ့ဲသည်။အတန်းထဲရောက်တော့ထိုင်ခုံတစ်ခုံကို ဘုရားစဉ်ရှိရာသို့ မ လာပြီး
အနားရောက်သည်နှင့် သေချာလေးမြေညီသည့်နေရာတွင်ထားလိုက်ကာ ထိုထိုင်ခုံပေါ်သို့တက်၍ ဘုရားပန်းအိုးချလိုက်သည်။ မိန်းကလေးတွေ ဘုရားပန်းလဲလျှင်
အခက်မတွေ့အောင် လုပ်ပေးနေကျ အရာတစ်ခု
လည်းဖြစ်သည်။မိမိ၏တာဝန်တစ်ခုဖြစ်ပြန်သည့်
ဆရာမနားနေခန်းသို့သွား၍ ရေသန့်ဗူးကြီးကို
ယူလာကာ ရေစဉ်ရှိသည့်နေရာမှာပဲ ဆေးကြောပြီး
ရေဖြည့်ပြီး ပြန်သယ်လာရသည်။ဆရာမတွေရဲ့
ဝေယျာဝစ္စလုပ်ပြီး အတန်းထဲပြန်ဝင်လာတော့
အသင်းကျသည့် ကောင်မလေးနှစ်ယောက်က
ဆရာမစားပွဲပေါ်တွင် ဝယ်လာသည့်ပန်းစည်းကို
တင်ထားကာ အရွက်ခြွေနေသည်။ရုတ်တရက်
အနောက်ဘက််အကြည့်တို့ရောက်တော့ စိုင်းတိမ်ယံလင်း။ရှစ်နာရီဘဲရှိသေးတာကို ကျောင်းအစောကြီးလာတယ်။ဆရာမ၏ စည်းကမ်းချက်အရ အသင်းကျသည့်
ယောကျာ်းလေးသည် ယောကျာ်းလေးအတန်းကို
တံမြက်စည်းလဲရမည်ဖြစ်ကာ မိန်းကလေးတွေကို
ယောကျာ်းလေးတွေအတန်းဘက် မလာခိုင်းပါ။ထို့ကြောင့်မိန်းကလေးတွေလုပ်စရာသက်သာသည်ဟု မထင်လိုက်လေနှင့် ဘုရားပန်းလဲပြီးတာနှင့်ဆရာမနားနေခန်း၊ ဘုရားခန်း၊ဆရာမကြီးရုံးခန်းသို့သွားကာ တံမြက်စည်းလှဲ၊
ဘုရားပန်းအိုး လဲပေးရသည်။ဒါကလည်း
ကိုယ်ပြုသည့်ကုသို်လ်တစ်မျိုးပင်။ ကောင်းသည့်စိတ်ဖြင့်
မှတ်ရင်တော့ ကုသို်လ်၊မကောင်းသည့်စိတ်ဖြင့်
မှတ်လျှင်တော့ခိုင်းစားသည်ပေါ့။အတန်းအနောက်ဘက်
အမှိုက်ပုံးဘေးမှာထားထားသည့် တံမြက်စည်းကိုယူကာဆရာမစားပွဲနေရာမှစပြီး အမှိုက်စတင်လှည်းသည်။
အမှိုက်မရှိတော့ မြင်ရသူတို့၏စိတ်က အေးချမ်းမည်၊
သူတို့စိတ်လေးအေးချမ်းတော့ ကိုယ်က အလိုလိုကိုကုသိုလ်ရပြန်သည်။ထိုင်ခုံတွေရဲ့ကြားထဲထိကို သေချာပြောင်အောင်လှဲနေရသည်၊တော်ကြာ ဆရာမကအမှိုက်တွေ့လို့
ဆူမှဖြင့်။အခြားကျောင်းသားတွေကတော့
သိပ်ပြီးမလုပ်ချင်ကြဘူးထင်သည်။အသင်းကျသည့်
ပထမရက်က ရှစ်နာရီလောက်မှလာဖြစ်တော့
ထိုကျေုာင်းသားတွေက ဘာမှလုပ်မထားဘဲ
ထိုင်နေသည်ကို ကိုယ်ကလုပ်ပြီးပြီးထင်၍
တံမြက်စည်းလေးလှဲထားလိုက်သည်။ကျောင်းတက်တော့ဆရာမက ရေအိုးထဲကြည့်ပြီး ရေမဖြည့်ထားဘူးလားလို့
ပြောကာ ဒါလေးတောင်လုပ်ဖို့စေတနာမပါဘူးဆိုလည်းမလုပ်ကြနဲ့ဟု ဆူခ့ဲသည်၊ဟုတ်ပါသည်လေ
ရွှေဇွန်းကိုက်မွေးလာကြသည့် သူတွေဆိုတော့လည်း။
လှည်းနေရင်းလှည်းနေရင်း နောက်ဆုံးအတန်းရောက်လာတော့ ကိုယ့်နေရာကိုသေချာပြောင်အောင်လှည်း၊
ထို့နောက် ဟိုဘဝင်ရူးကောင်နေရာ
လှည်းရမည်ကြောင့်..
"စိုင်းတိမ်ယံလင်း ခဏထပေး"
လှည့်ကာကြည့်လာသည်။ ဒီနေ့
တော်တော်လေးထူးဆန်းသည်။ အတန်းမစသေးဘဲ
အစောင့်တွေက အပြင်မှာထွက်စောင့်ပေးနေ၏။
အသားထိရင် မကြိုက်သောသူ့အကျင့့််ကြောင့်
ထပေးရန်စကားဖြင့်ပြောပါသော်လည်း ကိုယ့်ကို
တစ်ချက်ကြည့်ကာ သူ့နေမြဲအတိုင်းပြန်နေသွားသည်။
"ငါပြောတာကြားလား တံမြက်စည်းလှည်းမလို့ ထပေးဦး"
"ငါ့နေရာအမှိုက်မရှိဘူး"
အရှေ့ကိုသာ ရှေးရှူ လျှက်ပြောလာသောစကားကြောင့်
တံမြက်စည်းကိုပဲ လရောင်ပြန်ထားရတော့မလိုလို၊
ဆက်ပြီးလှည်းရမလိိုလို။ စိတ်တိုလာကြောင်းပြသည့်အနေဖြင့်် မျက်မှောင်ကျုံ့ကာ ဆက်ပြောလိုက်သည်။
"အမှိုက်ကတော့မရှိတာသိတယ် ဖုန်တွေတော့ရှိတယ် ဖယ်ကွာစိုင်းတိမ်ယံလင်း"
"မလိုဘူး "
"တောက်.."
အမှန်တကယ်ကို လရောင်စိတ်တိုလာသည်။
ကိုယ်က စပြောရင် သူကအကန်တွေဘဲပြော၊
သူကစပြောရင် ကိုယ်ကအကန်တွေပြောနှင့်
သူစရောက်ကတည်းက ကိုယ်နဲ့ပြသနာမဖြစ်သည့်အချိန်ဆိုတာ မရှ်ိသေးဘဲ တစ်မျိုးမဟုတ်တစ်မျိုး
စကားများရသည်။
"မင်းဖယ်မှာလား မဖယ်ဘူးလား စိုင်းတိမ်ယံလင်း."
နေလရောင်မျက်လုံးကို တည့်တည့်ကြည့်ကာဖြင့်.
"မ ဖယ် ဘူး O K"
"မဖယ်နဲ့ကွာ.."
"ဟာ ဘာလုပ်တာလဲ...မင်း.."
ထိုင်နေရာကနေ တိမ်ယံအမြန်ထကာ ထိုင်ခုံနှင့်
အနည်းငယ်လှမ်းသော နေရာ၌ မတ်တပ်ရပ်လိုက်သည်။
ကိုယ့်အသံကြောင့် ဦးစည်တို့ဝင်လာမယ်လုပ်တော့
မဝင်စေရန် လက်ကာပြလိုက်သည်။ကိုယ့်ထိုင်ခုံက
ထပြေးရခြင်းအကြောင်းအရင်းမှာ ဟိုဘီလူးလေးက
တံမြက်စည်းလာလှည်းခြင်း၊တံမြက်စည်းအမွှေးတွေနဲ့
ခြေထောက်အောက် လာလှည်းသည်ကြောင့်
အမြန်ထရသည်။ဒါငါ့ကိုရွဲ့လုပ်တာ။အသားမထိလိုက်လို့တော်ပါသေးရဲ့လို့တောင်ဆိုရမည်။
"မင်း ငါ့ပုဆိုးကိုဖုန်တွေပေကုန်ပြီ."
ပုဆိုးကိုလက်ညိုးဖြင့်ထိုးကာပြောလိုက်သည်။
"ငါဖယ်ခိုင်းတယ်လေ မင်းကမှမဖယ်တာ.."
စကားပြောလိုက်တိုင်း ယုန်ကလေးနှစ်ကောင်တင်ထား
သည့် ပါးဖောင်းဖောင်းလေးတွေက လှုပ်သွားသည်ကို
တိမ်ယံငေးစိုက်ကြည့်နေမိသည်။လူတစ်ယောက်ကို
ဒီလောက်ထိ အာရုံစိုက်ကြည့်ခြင်းသည်
ကိုယ့်ဝါသနာမဟုတ်ပေမယ့် အခုတော့
ကိုယ့်ဝါသနာဖြစ်လာလေပြီ။အခု သူ့စိတ်ထဲတွင်
အ့ဲပါးနှစ်ဖက်ကို ဖျစ်ညစ်ပစ်လိုက်ချင်သည့်စိတ်သာ
ရှိနေသည်။
"မလိုအပ်ဘူးလို့ပြောတယ်လေ ဘီလူးလေး..."
ဘီလူးလေးဆိုသည့်စကားကြောင့် လရောင်မျက်မှောင်ကျုံ့လိုက်သည်။တံမြက်စည်းကို ထိုင်ခုံ၌မှီကာထောင်
လိုက်ပြီး သူ့အနားတိုးသွားတော့ သူကတဖြည်းဖြည်း
နောက်ဆုတ်သွားလေသည်။လရောင်သွားစိပြလိုက်ပြီးသွားတက်လေးကို လက်ညိုးထိုးပြလိုက်ကာ.....
"ဒါကြောင့်ဘီလူးလို့ခေါ်တာလား မသိရင်မှတ်ထားဒါမျိုးကလိုချင်တ့ဲသူတွေတောင်ရကြတာမဟုတ်ဘူး ငါ့လို
ကောင်ချောချောလေးမှရတာ ပြီးတော့ဒါကောဘဲ.."
နေလရောင်ပြုံးလိုက်ပြီး ပေါ်လာသည့်ပါးချိုင့်လေးကို
လက်ညိုးဖြင့်ထိုးပြလိုက်သည်။
"မနာလိုလည်းမင်းဆီမှာရှိလာမှာမဟုတ်ဘူး ငါကအရမ်းချောနေလို့လေ"
ကိုယ့်ကို တခွန်းမကျန်ပြန်ခံပြောနေသည့်
လရောင်ကိုကြည့်ရင်း နှုတ်ခမ်းကသူ့အလိုလိုပြုံးနေမိသည်။အဲ့ဒါကို သူမမြင်နိုင်လို့ တော်သေးသည်ဟုဆိုရမည်။
လာ လာချည်သေး သူကချောလို့ဒါမျိုးတွေရှိသည်ပေါ့
ဟုတ်ပါပြီလိပ်လေးရေ။ကိုယ့်ကိုပြောဆိုပြီးသည်နှင့်
တံမြက်စည်းယူကာ အတန်းထဲတွင်စုထားသည့်အမှိုက်ဟုမဆိုသာသည့်ဖုန်တွေကို ကြုံးနေ၏။ထိုင်လျက်ဖြစ်သောကြောင့် ထိုခန္ဓာကိုယ်လေးသည် ကိုယ်ဖက်လိုက်ရင်
ဘယ်လောက်များ ဖက်လို့ကောင်းလိမ့်မလဲ။
ကိုယ့်အတွေးတွေကို လှောင်သည့်အနေနဲ့
ရယ်လိုက်ကာ ကိုယ့်နေရမှာသာ ပြန်ထိုင်နေလိုက်၏။
အိမ်ပြန်ရောက်ရင်တော့ ကိုယ့်အတွေးတွေကို ပြန်လည်စမ်းစစ်ရပါဦးမည်။
....................................................................
မနက်ပိုင်း၌ အပြာရောင်ရှိပြီးကြည်လင်နေသော
ကောင်းကင်ကြီးသည် ထမင်းစားဆင်းပြီးသည့်အချိန်၌
တိမ်တောင်မဲကြီးတို့ နရာယူလာကာ လျှပ်စီးတို့က
ပြေးလွှားနေလေသည်။အခုလည်း လက်ထဲက မုန့်ကို
စားနေရင်း မှိုင်းညို့ညို့ရာသီဥတုကို ခံစားလျက်ကောင်းကင်ကြီးကို ပြတင်းပေါက်ကနေတစ်ဆင့် လရောင်ကြည့်နေမိသည်။နောက်တစ်ချိန်သည် အရမ်းကြိုက်နှစ်သက်ရပါသော ရသအချိန်။သင်သည့်ဆရာမက တော်တော်လေးပုံဆွဲတော်သည့်အပြင် ဒီတစ်ပတ်ရသအချိန်ကျ ကိုယ်ကြိုက်နှစ်သက်သည့်ပုံကိုဆွဲကာ အလှဆုံးဆွဲနိုင်သည့်သူကို
ဆုပေးမည်ဟု အရင်တစ်ပတ်က ပြောခ့ဲသည်။
ဒီလိုရာသီဥတုမျိုးနှင့်ဆို လရောင်အတွက်ပန်းချီဆွဲဖို့
အကိုက်ပင်။
ဂျိမ်း ဂျိမ်း
မိုးခြိမ်းသံအနည်းငယ်ထွက်ပေါ်လာသည်ကြောင့်
့်မုန့်ဝါးနေသည့် လရောင်ပါးစပ်လေးရပ်သွားသည်။
"ဒုက္ခပါဘဲ.."
မိုးခြိမ်းသံဆို အရမ်းကြောက်သည့် ကျွန်တော်သည်
ကျောင်းဆင်းရင် ဘယ်လိုပြန်ရမည်နည်း။
စိုင်းတိမ်ယံလင်းဘက် လှည့်ကြည့်တော့
ကိုယ့်ဘက်လှည့်၍ အပြင်ကိုကြည့်သည်လား၊ကိုယ့်ကိုကြည့်သည်လား မသိသောအခြေအနေကြောင့်
မျက်လုံးချင်းဆုံသွားသဖြင့် ဟီး ခနဲရီပြလိုက်သည်။
သူကတော့maskအောက်က မည်သို့ဖြစ်နေမည့်
မျက်နှာထားနှင့်အတူ ရှေ့ကိုသာ ပြန်လှည့်သွားသည်။
ဂျိမ်း
"အမယ်လေး.."
ဒီတစ်ခါတော်တော်လေးကျယ်သောအသံကြောင့်
ပါးစပ်ကယောင်သည့်အသံပါ ထွက်လာသည်။
ထိုင်ခုံကို နည်းနည်းမကာ ဟိုကောင့်ဘက်ကို
မသိမသာလေးတိုးလိုက်သည်။
ထိုချိန်၌
"စိုင်းတိမ်ယံလင်း.."
ဝတ်စံရီရဲ့ခေါ်သံ။
"ဘာလဲ.."ခပ်မာမာထူးသည့်အသံ။
"ဟို.."
"ဟို "ဝေ့လည်ဝေ့လည်လုပ်နေသည်ကြောင့်။
"ပြောစရာရှိတာပြော.."
"ဟိုးတစ်နေ့ကကိစ္စအတွက်တောင်းပန်ပါတယ်.."
"တောင်းပန်တယ်.."
"အင်း.."
စိုင်းတိမ်ယံလင်းဆိုတ့ဲကောင်ကလေ တစ်ကယ်ဘဝင်ရူးနေတယ့်အကောင်။မိန်းကလေးတစ်ယောက်က
လာတောင်းပန်နေတာတောင် ထိုင်ခုံကိုမှီ လက်ကိုပိုက်ပြီးမသိချင်ဟန်ဆောင်နေတာ။ကိုယ်ကလည်း ဒီအခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလဲ။ထိုင်ခုံကို ဖြည်းဖြည်းချင်း
တိုးပြီးသူ့အနားကပ်နေလိုက်တယ်။ရှက်တာတော့ရှက်ဖို့ကောင်းသည်။ယောကျာ်းလေးဖြစ်ပြီး မိုးခြိမ်းသံကြောက်ရတယ်လို့ဗျာ။မိုးခြိမ်းသံဘဲကြောက်တာပါ
ကျန်တာဘာမှမကြောက်ဘူး။သူများတွေကြောက်တ့ဲ
အကောင်တွေလည်းမကြောက်ဘူး၊သရဲလည်းမကြောက်ဘူး။
"ဟုတ်တယ် ဟိုးတစ်နေ့ကကိစ္စအတွက်တောင်းပန်တယ်
"ရပါတယ်"
"ပြီးသာဘဲ ငါလည်းတောင်းပန်ချင်လို့မဟုတ်ပါဘူး ဒယ်ဒီကမတောင်းပန်မချင်းစကားမပြောသေးလို့ အ့ဲဒါကြောင့်ပါ ဒါဆိုသွားဦးမယ်"
ဝတ်စံရီဆိုသည့်မာနမင်းသမီးပီပီ တောင်းပန်တာတောင်မာနစကားက ပါသေးသည်။စိုင်းတိမ်ယံလင်း ခေါင်းသာခါလိုက်ပြီး နေလရောင်ဘက်လှည့်ကြည့်လိုက်၍....
"ငါ့ဘက်ကိုဘာလို့ဒီလောက်တိုးနေတာလဲ"
မေးလိုက်တော့ မျက်လုံးလေးပြူ းကာ အံသြသွားသည်။ခုနကတည်းက တရွေ့ရွေ့နှင့်လိပ်ကလေးလို ကိုယ့်ဘက်တိုးလာနေတာသိသော်လည်း မသိချင်ဟန်ဆောင်ထားလိုက်သည်။သို့သော်ဝတ်စံရီနဲ့စကားပြောနေသည့်တစ်လျှောက်လုံး ကိုယ့်ဘက်ကိုတိုးလာသည်ကြောင့် မနေနိုင်စွာမေး
လိုက်ခြင်း။
"ငါမတိုးပါဘူး."
ဗြောင်လိမ်ဗြောင်စားလေး။
"ဒီလောက် စာရေးစားပွဲကနေကျော်ပြီး ငါ့ဘက်တိုးလာတာတောင် မတိုးဘူးလို့ပြောချင်တာလား"
သက်သေတင်ပြလိုက်တော့ သူထိုင်သည့်နေရာကိုတစ်လှည့် သူ့နေရာကိုတစ်ချက်ကြည့်ကာ ကိုယ့်ကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်လာသည်။
ဂျိမ်း!
မိုးခြိမ်းသံကြောင့် တစ်ချက်တုန်သွားသော
ခန္ဓာကိုယ်လေးသည် မည်သည့်အကြောင်းအရာအတွက်အနားတိုးလာမှန်း ရိပ်မိလိုက်ပြီ။ချောင်းတစ်ချက်ဟန့်လိုက်ကာ..
"ငါ့အသားမထိနဲ့နော် ထိုင်လို့ရတယ်"
"ဟုတ်.."
လိုချင်ရသွားသည့်ကလေးတစ်ယောက်လို ဖြူ စင်သည့်
အပြုံးကို ဆင်မြန်းကာသွားတက်လေးတွေပေါ်အောင်
ရီပြလာပြီး သူ့မုန့်သာဆက်စားနေတော့သည်။
မင်းနဲ့တွေ့မှ ခဏခဏပြုံးနေတ့ဲ ကိုယ့်နှုတ်ခမ်းကို
အပြစ်ပေးရတော့မယ်ထင်ပါရဲ့။မိုးမင်းကြီးကတော့
အညိုးကြီးစွာရွာချနေပြီ မင်းကလည်းကိုယ့်ကိုအညိုးကြီးစွာမရပ်မနားပြုံးစေနိုင်သည်။
"ဆရာမအရင်တစ်ပတ်ကပြောခ့ဲတယ်နော်ဒီနေ့ပန်းချီပြိုင်ပွဲလုပ်မယ်လို့"
"ဟုတ်က့ဲ.."
"အ့ဲတော့ဒီရသအချိန်မရောက်တယ့်တစ်ပတ်အတွင်း
စိတ်ကူးသစ်လေးတွေရခ့ဲကျတယ်မလား.."
"ဟုတ်."
"ဟုတ်ပြီ အ့ဲဒါဆိုအ့ဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်တယ့်အနေနဲ့ မင်းတို့ရဲ့စာရွက်ပေါ်မှာပုံဖော်လိုက်ရအောင်"
"ဟုတ်က့ဲ.."
တက်တက်ကြွကြွပင် လွယ်အိတ်ထဲရောင်စုံခဲတံပုတိုနှင့်စာရွက်အဖြူ လေးကို လရောင်ယူကာ စားပွဲခုံပေါ် တင်ထားလိုက်သည်။မိုးရွာတာကြိုက်ပေမယ့် မိုးခြိမ်းတာတော့တကယ်မကြိုက်ပါ။ခုလည်းမိုးကသည်းကြီးမဲကြီးရွာနေသလို
မိုးကလည်းအဆက်မပြတ်ခြိမ်းနေသည်။
ဘေးကိုကြည့်လိုက်တော့..
"ဝါးးး.."
နေလရောင်ဆီမှထွက်လာသည့်အသံ။
စိုင်းတိမ်ယံလင်းဆီမှာဈေးကြီးပုံရမယ့် ရောင်စုံတစ်ဒါစင်
လိုက်ကြီး။ ချက်ချင်းဘဲကိုယ့်ခန္ဓာကိုယ်က
စိုင်းတိမ်ယံလင်းဘက် အော်တိုရောက်သွားသည်။
နူးညံ့ပုံရမည့်စက္ကူ စာရွက်အဖြူ လေးကို ကိုင်ကြည့်ချင်သည့်စိတ်ကနောက်ထား လက်ကရှေ့ကိုလှမ်းနေမိသည်။
"ငါ့အသားကိုမထိရဘူးလို့ပြောထားတယ်နော် "
"အယ်.."
ခုမှသတိဝင်သွားသည့်လူနှယ် လှမ်းထားသည့်လက်ကိုပြန်ဆုတ်လိုက်သည်။
"တောင်းပန်ပါတယ် အဟမ်း ဒါနဲ့မင်းရောင်စုံတွေကတော်တော်ဈေးကြီးမှာဘဲနော်.."
"မသိဘူးအမေရိကကအဖိုးပြန်လာတော့ဝယ်ပေးတာ"
"အမေရိက ဝိုးးးး"
"စာရွက်တွေကောလား.."
"ဟုတ်တယ်.."
"ကိုင်ကြည့်လို့ရလား.."
"မရဘူး.."
"ဟာ မင်းကလည်းကွာ တစ်ခါလောက်ကိုင်ကြည့်ချင်လို့"
လက်မောင်းကိုထိဖို့ပြင်နေသည့် လရောင်ကြောင့်..
"ငါ့အသားထိရင်ဟိုဘက်တိုးတော့"
"လုပ်ပါကွာ တစ်ခါတည်းပါ"
လက်ညိုးလေးတစ်ခုထဲထောင်ကာ နှုတ်ခမ်းနားကပ်ပြီး
ပြောနေသည့်ဟန်အမူအရာသည် တကယ်ကို
ယောကျာ်းလေးနဲ့မလိုက်အာင် ချစ်ဖို့ကောင်းနေခြင်းကြောင့် စိုင်းတိမ်ယံလင်းသူ့နှုတ်ခမ်းသူပြန်ကိုက်ထားနေမိသည်။
"လုပ်ပါကွာ နော်.."
"သေချာကိုင်နော် စာရွက်တွေပေသွားမယ်.."
"ဟေး.."
ခွင့်ပြုချက်ရသည်နှှင့် ထိုစာရွက်အဖြူလေးကို လရောင်
ကိုင်ကြည့်တော့ပိုးသားလေးလို နူးညံ့မှုကိုခံစားရမိသည်။
ရောင်စုံလေးကို ထိ်ကြည့်တော့အထိအတွေ့နဲ့တင်
ဘယ်လောက်ဆွဲလို့ကောင်းမလဲဆိုတာ ခန့်မှန်းနိုင်သည်။
"စဆွဲတော့ ဆရာမနာရီဝက်အချိန်ပေးမယ်"
စတင်သည့်အသံကြား၍ ဆက်ပြီးထိတွေ့မနေတော့ဘဲရှေ့တည့်တည့်လှည့်ကာ ကိုယ့်စာရွက်ပေါ်
ပန်းချီဆွဲခြင်းထဲသို့ စိတ်ထည့်ထားလိုက်သည်။ဒီလောကကြီးထဲမှာ ကိုယ်တစ်ယောက်တည်းရှိသလို၊အလွန်လှပသည့်ပန်းခင်းကြီးထဲမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလိုမျိုး ပန်းချီဆွဲသည့်အချိန်မှာ ခံစားရသည်။မိမိ၏အတွေးခံစားချက်အတိုင်း စီးမျောနေခြင်းဟာ ရွက်လွင့်ရသည်နှင့်ဆင်တူသည်။ပန်းချီဆိုတာ မိမိဝမ်းနည်းမှု၊ဝမ်းသာမှုကို
ထည့်သွင်းရေးဆွဲနိုင်တယ့် ပညာတစ်မျိုးလည်းဖြစ်သည်မဟုတ်လား။လူတစ်ယောက်ရေးဆွဲထားသည့် ပန်းချီကိုကြည့်ရင်းနဲ့လည်း ထိုသူ၏ဝမ်းနည်းမှု၊အထီးကျန်မှု၊ပျော်ရွှင်မှုကိုခံစားသိရှိနိုင်သည်။ဆွဲနေရင်း ထိုစာရွက်လေးပေါ်၌ လရောင်၏ဘယ်ဘက်မျက်ဝန်းမှ မျက်ရည်ကြည်လေးတစ်စက်ကျသွားခ့ဲသည်။
ပုံမဆွဲတတ်သည်ကြောင့် ဘာပုံဆွဲလို့ဆွဲရမှန်းမသိ
တိမ်ယံငုတ်တုတ်ထိုင်နေမိသည်။ဘေးကနေ
လရောင်ကိုအကဲခတ်ကြည့်တော့ဘဘယ်သူ့ကိုမှသတိမထားသည်နှယ် သူ့ပုံကိုပဲ အာရုံစိုက်ကာဆွဲနေသည်။
ဘာမှစဉ်းစားလို့မရတာနဲ့ လရောင်ပုံဆွဲနေသည်ကိုသာ
ထိုင်ကြည့်နေလိုက်သည်။အခုလိုအာရုံစူးစိုက်သည့်
ပုံစံကျတော့လည်း ယောကျာ်လေးတစ်ယောက်လို
တည်ကြည်နေပြန်သည်။ဆွဲနေရင်းနဲ့သူ့မျက်ဝန်းထဲက
မျက်ရည်တစ်စက်ခုန်ထွက်လာတာတွေ့တော့မျက်မှောင်ကျုံ့မိသည်။သူကပန်းချီဆွဲတော်တော့ စိတ်ခံစားမှုပါထည့်ဆွဲလို့ဖြစ်မှာပါဟုသာ မှတ်လိုက်သည်။အားလုံးပြီးတော့သူ့ပုံကိုပြန်ကြည့်ပြီး ပြုံးလိုက်ပေမယ့်ထိုအပြုံးသည်
အသက်မပါလှပေ။
နာရီဝက်ကျော်ကြာမြင့်တော့...
"ပြီးပြီလားကလေးတို့ပြီးတ့ဲသူဆရာမဆီလာထပ်လို့ရပြီ"
အမြန်အချောသတ်ပြီး စာရွက်ထိပ်တွင် လရောင်ဟုတပ်ကာ ဆရာမဆီစာရွက်သွားထပ်လိုက်သည်။ ခဏနေတော့အတန်းသား၊သူ အားလုံးဆရာမဆီထပ်ပြီးလို့ဆရာမကအကောင်းဆုံးဆိုသည့်အရာကိုရွေးနေသည်။
"တော်တော်လှတယ့်ပုံလေးနှစ်ပုံဘဲ အတန်းသားတွေရွေး
ကြည့်ပါလား"
ဆရာမကပုံနှစ်ပုံထောင်ပြပြီး အတန်းသားတွေရဲ့ဆုံးဖြတ်
ချက်ကိုအကြံတောင်းသည်။တစ်ပုံကကိုယ့်ပုံ၊တစ်ပုံကဝတ်စံရီပုံ။မိန်းကလေး၊ယောကျာၤးလေးတို့ထုံးစံအတိုင်း
ကိုယ့်လူဘက်ကိုသာ မဲပေးကြသည်မို့ဆရာမကရီလိုက်ပြီး
"ဆရာမဘဲရွေးတော့မယ် ..
ဆရာမကြိုက်တယ့်ပုံက.."
"နေလရောင်.."
"ဝိုးးးး "
ယောကျာ်းလေးတွေက လက်ခုတ်တွေဝိုင်းတီးကြပေမယ့်
မိန်းကလေးတွေကတော့"ဟင့် "ဆိုကာအသံပြု ုကြသည်။
"လာ သားလေးရှေ့ထွက်ခ့ဲ"
အတန်းရှေ့သို့ လရောင်ထွက်လာလိုက်သည်။
"ရော့ ဒါသားအတွက်ဆု.."
စာအုပ်တစ်ဒါစင်နှင့်အတူ ရောင်စုံခဲတံဘူးလေးတစ်ဗူး။
"ကျေးဇူးတင်ပါတယ် ဆရာမ"
အတန်းထဲကသူတွေက လက်ခုတ်ဝိုင်းတီးကြသည်။
"သားအရမ်းတော်သာဘဲကျောင်းကလုပ်မယ့်ပန်းချီဆွဲပိုင်ပွဲမှာဝင်ပြိုင်ပါ့လား ကံကောင်းရင်ကျောင်းအဆင့်နဲ့ကျောင်းပေါင်းစုံဝင်ပြိုင်ရင်ပြိုင်ရမှာ"
"သားမပြိုင်ရဲဘူးဗျ"
"ဘာမပြိုင်ဘူးလဲ ဆရာမနာမည်စာရင်းပေးထားမယ် ကိုယ့်အတွက်ဘဲကိုမငြင်းနဲ့ကြားလား"
"ဟုတ်က့ဲ"
အပျော်ဆိုသည့်စိတ္တဇနာမ်ကိုယူဆောင်ကာ
ထိုင်ခုံမှာ လရောင် ပြန်ထိုင်လိုက်သည်။
ခုမှမိုးခြိမ်းသံပြန်ကြားသည့်နားကိုလည်း ဆွဲချင်မိသည်။
"မင်း ဘာပုံဆွဲထားတာလဲပြစမ်း"
"ဟင်"
"ငါကြည့်ချင်လို့"
"ရော့"
လှမ်းပေးသည့်စာရွက်လေးကိုယူလိုက်ပြီး ကြည့်လိုက်တော့ တိမ်ယံ အသက်ရှူ မဝဖြစ်လာသည်။မိဘဖြစ်သည့်အမေနဲ့အဖေသည် မိုးရေထဲတွင်သူ့သားကျောင်းသားငယ်လေးကိို မိုးမစိုအောင် အမေကချီထားပေးသည်၊အဖေက
ထီးကိုဆောင်းပေးထားကာ သူ့မိန်းမကိုဖက်ထားသည်။
အ့ဲဒါကို လှမ်းကြည့်နေသည့်အနောက်ဘက်က
ကျောင်းသားလေးတစ်ယောက်သည် မိုးရေထဲတွင်ထီးလေးတစ်လက်ဆောင်းကာ လွယ်အိတ်လေးကိုလက်တစ်ဖက်နှင့် ဖက်ထားသည်။မမျှော်လင့်ပါဘဲ
သူ၏ဘယ်ဘက်မျက်ဝန်းထဲကမျက်ရည်တို့
မြေခခ့ဲရလေသည်။
"ဒီပုံငါ့ကိုရောင်း"
"မရောင်းပါဘူး ပြန်ပေး"
နေလရောင်ပြန်တောင်းတော့မပေးတော့။
"စိုင်းတိမ်ယံလင်းပြန်ပေးကွာ"
"မပေးဘူး"
.................................................................