လူသားတို႔၏ ေလာဘ၊ေဒါသ၊ေမာဟႏွင့္ရလိုမႈရမၼက္တို႔
ကိန္းေအာင္းလွ်က္႐ွိေသာ ေနရာ၌ ေတာင္သမွ်ေငြတို႔ကို
ပံုေအာထားသည့္ စားပြဲဝိုင္းကို ပတ္ပတ္လည္
ဝိုင္းထိုင္ေနသည့္ လူအမ်ားသည္ ေလာဘကိုအေတာမသတ္ႏိုင္ၾကေသး။ စားပြဲအလယ္တြင္ တင္ထားေသာ
ယြန္းပန္းကန္ထဲတြင္ လည္ေနေသာ အံစာတံုးသည္
သူတို႔၏ေလာင္းေၾကးအတြက္ အဆံုးအျဖတ္ပင္။
အႏိုင္ရလိုစိတ္မ်ားစြာႏွင့္ ထိုယြန္းပန္းကန္ကို
အာရံုစိုက္ကာ ျကည့္ေနၾကသည္။ ခဏၾကာေတာ့
ဒိုင္ဟုဆိုရမည့္ လူတစ္ေယာက္က ယြန္းအဖံုးကိုကိုင္ကာ..
"ဖြင့္ေတာ့မယ္.." ဟုအသိေပးၿပီး မည္သူသည္
အႏိုင္ရ႐ွိမည္ကို ေၾကညာေတာ့မည္။
"လိပ္..လိပ္ကြာ."
မဖြင့္ေသးေသာ ေႂကြထည္ကိုၾကည့္ရင္း"လိပ္"ၾကေစရန္
ဆုေတာင္းလွ်က္႐ွိသည့္ ဦးေန။စိတ္လႈပ္႐ွားမႈေၾကာင့္
ေဇာေခြၽးေတြျပန္လာသည့္အျပင္ အရက္သမားတို႔၏လကၡဏာျဖစ္ေသာ ခနၶာကုိယ္တုန္ယင္ျခင္းတို႔ပါ ေပၚေပါက္လာသည္။အာေခါင္ေျခာက္ေသြ႔ေနသည္ေၾကာင့္ ေဘးကအရက္ခြက္ကို ယူကာ တစ္က်ိဳက္ထဲေမာ့ခ်လိုက္သည္။
"ဖြင့္ၿပီ"ဟု ေျပာၿပီး အဖံုးကိုေျမႇာက္လိုက္ခ်ိန္တြင္
ထိုင္ေနသည့္လူမ်ားက ခနၶာကိုယ္ကို ေ႐ွ႕ကိုပိုတိုးကာၾကည့္လာၾကသည္။
"က်ား."
"ဟာကြာ.."
အာေမဋိတ္အသံျပဳလိုက္ကာ စိတ္ပ်က္လက္ပ်က္ျဖင့္
ထိုင္ခံုေပၚ ဦးေနမီွခ်လိုက္သည္။
"ကံမေကာင္းပါလားကြာ"
႐ႈပ္ေနသည့္စိတ္တို႔ ကင္း႐ွင္းေစရန္ မ်က္ခံုးႏွစ္ခုၾကား
လက္ညိဳးလက္မႏွင့္ႏွိပ္လွ်က္ ညည္းညဴ လိုက္၏။
႐ွံူးတာမွ ေတာ္ေတာ္ေလးကို ႐ွံုးေနျခင္းျဖစ္သည္။
အခုဆို ပါသြားသည့္ေငြေတြသည ္တတိယအႀကိမ္
ေခ်းထားသည့္ေငြျဖစ္သည္။
"ဦးေနႀကီး ဘယ္အကြက္လဲ.."
ကစားေဖာ္တစ္ဦးက လွမ္းေမးသည္ေၾကာင့္ ေခါင္းေထာင္လိုက္ကာ..
"ေနာက္ပြဲမွခုမပါေသးဘူး."
"OK.."
အက်ိဳးအေၾကာင္းေျပာလိုက္ေတာ့ သူတို႔ဘာသာ
ဆက္ ကစားေနၾကသည္။ေဆာ့ေနရင္း အစေလာက္ကေတာ့ ႏိုင္ေနေသးသည္။သို႔ေပမယ့္ တျဖည္းျဖည္း႐ွံုးလာသည့္ ကစားပြဲေၾကာင့္ ျပန္၍ႏိုင္မလားဟု ေအာက္ေမ့မိကာ
ေခ်းေငြယူ၍ ေဆာ့သမွ် အခုေတာ့မႏိုင္သည့္အျပင္
အေႂကြးေတြသာ အဖက္တင္ျပန္သည္။
"ဦးေန႐ွံူးျပန္ၿပီလား..."
အသံကိုပဲ အရင္ေပးကာ အခန္းထဲဝင္လာသည့္ေဇယ်။
ဦးေနအနားေရာက္သည္ႏွင့္ အခံုးေပၚကိုလက္တင္ကာ
ရင္းႏွီးဟန္ကို လုပ္ယူလွ်က္..
"ကံမေကာင္းတ့ဲေန႔လားဗ်ာ."
ပခံုးေပၚ လာတင္သည့္လက္ကို စိတ္႐ႈပ္ေထြးစြာ
ပုတ္ခ်လိုက္သည္။ေဇယ်က ခပ္ဟဟရီကာျဖင့္
လြတ္ေနသည့္ ခံုတစ္ခံုကို ဆြဲယူကာ
ေဘးမွာဝင္ထိုင္လိုက္သည္။
"ႏိုင္ပြဲကိုမ႐ွိဘူး."ဦးေနစကားစလိုက္သည္။
"ဟားဟား ပိုက္ဆံကုန္ၿပီဆိုတယ့္သေဘာေပါ့."
"ဒါေပါ့ကြာ."
"ထပ္ယူဦးမလား ဆယ္သိန္း."
စကားဆံုးသည္ႏွင့္ ခ်က္ခ်င္းပင္စားပြဲခံုေပၚခ်ေပးလာသည့္၁သိန္းတန္ ဆယ္အုပ္ေၾကာင့္ ဦးေနမ်က္လံုးျပဴ းမ်က္ဆံျပဴ း
ျဖစ္လာသည္။ထိုပိုက္ဆံကို လွမ္းယူခ်င္ေနသည့္
လက္သည္ မယူရန္တားထားလို႔ထင္သည္
တုန္ရီေနသည္။အေလာင္းကစားလုပ္သူတို႔၏သဘာဝ
႐ွံုးေလႏိုင္ပြဲမ်ား႐ွိဦးမလားဟု ထင္ၿပီး ဆက္ေဆာ့ခ်င္ေလ။အခုလည္း ဦးေန၏ကစားခ်င္သည့္စိတ္သည္ ခနၶာကိုယ္အစိတ္အပိုင္းတစ္ခုလံုးဆီကို ဖံုးလႊမ္းထားသည္။သို႔ေသာ္လည္း စိတ္ေလ်ာ့လိုက္ကာ..
"ေတာ္ပါၿပီကြ ငါမ်ားေနၿပီ."
"ဘာျဖစ္လဲဦးေနထပ္ေဆာ့ခ်င္ေနတာမလား။ယူလိုက္ပါ"
ေဇယ်က ထပ္၍တိုက္တြန္းျပန္သည္။
"အေႂကြးေတြမ်ားေနၿပီကြ"
"ေဆာ့ခ်င္ရင္ဆက္ေဆာ့ပါဗ်ာ အေႂကြးမ်ားလည္း
ကြၽန္ေတာ္ေတာင္းဖူးလို႔လားဗ်ာ။ ဦးေနအဆင္ေျပမွ
ကြၽန္ေတာ့ဆီ လာ လာေပးတာမလား။ဆနၵကို
ခ်ိဳးႏွိမ္ထားရတာ မေကာင္းဘူးဗ်။ေငြပံုႀကီးက
ဦးေနေ႐ွ႕မွာေနာ္အေတြးမမ်ားနဲ႔."
ဦးေန ဘာလုပ္လို႔လုပ္ရမွန္းမသိ ျဖစ္ေနသည့္အျပင္
ခနၶာကိုယ္ တုန္ေနမႈက ယခင္ကထက္ပိုဆိုးလာသည္။
ေဘးက အရက္ပုလင္းကိုယူလိုက္ကာ ေရငတ္ေနသူ
တစ္ေယာက္လို အားရပါးရ တစ္ထိုင္ထဲေသာက္လိုက္၏။ထို႔ေနာက္ ပိုက္ဆံယူမည္ဟုဆံုးျဖတ္ၿပီးသည့္ႏွယ္
စားပြဲေပၚက ပိုက္ဆံကိုယူလိုက္ကာ ဆက္ကစားရန္ျပင္သည္။ထိုအျပဳအမႈကို လိုက္ၾကည့္ေနသည့္
ေဇယ်၏မ်က္ႏွာတြင္ ေက်နပ္ေသာအျပံဳးတို႔ ထင္ဟပ္ေနသည္။
"ျပန္လာၿပီဟ ဦးေနႀကီး"
"ဒီတစ္ခါ ေအ့ ငါႏိုင္..ေစရမယ္...ဆင္..ေလာင္းတယ္"
စကားကိုပင္ ေလလံုးမကြဲေတာ့သည့္ဦးေနသည္
သူ၏အျပဳအမႈလြန္ေနသည္ကိုပင္ သတိမထားမိေတာ့။
ဦးေနကို ျကည့္လ်က္ ေဇယ်အေပ်ာ္ႀကီးေပ်ာ္ေနမိသည္။ဆက္ေဆာ့ထားဦးေန ဒါမွက်ဳပ္နဲ့က်ုပ္အေမအၾကံေအာင္ျမင္မွာ။ေပးတိုင္းလည္း မယူရဘူးဆိုတ့ဲစကား မၾကားဖူးဘူးထင္ပါရဲ႕ ခင္ဗ်ားက ေစတနာလို႔ထင္ေပမယ့္ ဒုကၡေတြဆိုတာ သိလာေတာ့မွာပါ။အျခားလုပ္စရာမ်ား
႐ွိေနေသးသည္ေၾကာင့္ ေဇယ်ထြက္လာခ့ဲလိုက္သည္။သူ၏ေလွာင္ျပံဳးတို႔ကိုေတာ့ ဦးေနတစ္ေယာက္
မေတြ႔ျမင္ႏိုင္ေတာ့ေပ။
....................................................................
"ေညာင္းလိုက္တာ အား "
အိမ္ေပၚေရာက္သည္ႏွင့္ ဆနၵ႐ွိသည့္အိပ္ရာေပၚ
အိပ္လိုက္ရေတာ့ နတ္ျပည္ေရာက္သြားသလို
ေနရန္ခံစားလိုက္ရသည္။လေရာင္က ေျခာက္နာရီဆိုရင္အိပ္ရာေတြႀကိဳခင္းထားၿပီးသည္ေၾကာင့္ သူ႔အတြက္အကိုက္ျဖစ္သြားသည္။ဒီေန႔hotelတြင္ ဧည့္သည္ဝင္မႈ
ေတာ္ေတာ္မ်ားသည္။ဧည့္သည္ဝင္မႈမ်ားသည္ႏွင့္အတူ
လုပ္ရသည့္အလုပ္သည္လည္း အခ်ိဳးတူစြာမ်ားလာသည္။အခန္းသန္႔႐ွင္းေပးရႏွင့္ သူတို႔၏ပါလာသည့္ပစၥည္းေတြကိုသယ္ေပးရသည္ေၾကာင့္ တစ္ကိုယ္လံုး ကိုက္ခဲေနသည့္အျပင္ အိမ္ျပန္ေရာက္ေတာ့လည္း အေမ့ေစ်းကို ကူေရာင္းေပးေနရသည္ေၾကာင့္ အားလံုးၿပီးစီးသည့္အခ်ိန္မွာေတာ့ ေနရန္အေျခအေနမဟန္ေတာ့။အေမကေတာ့
အေၾကာ္ေတြကုန္မွလာခ့ဲမယ္ဟုေျပာေသာ္လည္း
ကိုယ္က အရမ္းပင္ပန္းလြန္းသည္ေၾကာင့္ သိမ္းစရာအနည္းငယ္ကိုယူလာကာ ျပန္လာခ့ဲသည္။အိပ္စရာဆိုေပမယ့္လည္း အခန္းကိုအေမတို႔သံုးသည္ေၾကာင့္ ကိုယ္ႏွင့္လေရာင္က ဧည့္ခန္းလို႔မဆိုသာသည့္ အနည္းငယ္သာက်ယ္ေသာ အခန္းအျပင္တြင္အိပ္သည္။ခုလည္း ေရမခ်ိဳးခင္
ခဏေလာက္ေမွးခ်င္သည္ေၾကာင့္ လက္လွမ္းမွီရာ
ေခါင္းအံုးတစ္လံုးကိုယူကာ ပက္လက္လွန္လွဲေနရာမွ
ေမွာက္ယက္ေနလိုက္ကာအိပ္ေနလိုက္သည္။
အျပင္မွာပန္းကန္ေဆးေနရင္း တံခါးမႀကီးကေန အိမ္ထဲ
လွမ္းျမင္ေနရသည့္အတြက္ ေရမခ်ိဳးဘဲအိပ္ေနသည့္
အကိုျဖစ္သူကိုေတြ႔ေနရသည္။
"ကိုႀကီးေခြၽးေတြနဲ႔မအိပ္နဲ႔ေလ "
"ခဏေလးဘဲ.."
အိမ္ေပၚကေနျပန္ေအာ္သည့္အသံၾကားလိုက္ရသည္။
"မရဘူးအိပ္ရာခင္းေတြညစ္ပတ္လိမ့္မယ္ ေရအရင္ခ်ိဳးဦး"
ထပ္ေအာ္ေပမယ့္လည္း ျပန္စာမရေတာ့သည္ေၾကာင့္ေဆးေနသည္ကို ခဏရပ္ကာ လက္ကိုအရင္ေဆးခ့ဲၿပီး
အိမ္ေပၚကိုတက္လာခ့ဲသည္။
"မအိပ္နဲ႔ဦး ေျခာက္နာရီဘဲ႐ွိေသးတယ္။ေရခ်ိဳးထမင္းစား
လိုက္ဦး ကိုႀကီးႀကိဳက္တဲ့ဘဲဥျပဳတ္အျခမ္းကိုမန္က်ည္းသီးနဲ႔ခ်ဥ္ခ်ဥ္ေလးခ်က္ထားတယ္"
ေနာက္ေက်ာကိုပုတ္ကာေျပာေနေပမယ့္ အိပ္ေနတာ
ေဟာက္သံေတာင္ထြက္လာၿပီ။
"ကိုႀကီး ထေနာ္ "
အင္း အဲ ေတာင္မလုပ္ႏိုင္ေတာ့။ေနလေရာင္
စိတ္တို႔အစိုးမရေတာ့ အႀကီးျဖစ္တာေၾကာင့္
႐ို႐ိုေသေသႏိုးပါေသာ္လည္းမရ ေကာင္းၿပီေလေတြ႔ၾကေသးတာေပါ့။
"ကိုႀကီး.."
ဗုန္း!
"အား လား လား."
ႏိႈးလိုက္သည့္အသံႏွင့္အတူ တစ္ခါတည္း
ေနာက္ေက်ာေပၚက်ေရာက္လာသည့္ လက္သီးတစ္စံုေၾကာင့္ အိပ္လ်က္ပင္ ေနာက္ေက်ာကို လက္ျပန္ပြတ္ထလာရသည္။မထပါက ေနာက္တစ္ခ်က္လာမည္
မဟုတ္ပါလား။
"ညီ..မင္း..အား.."
"ထေတာ့မထရင္ေနာက္တစ္ခ်က္ ညစ္ပတ္တယ္ေခြၽးေတြနဲ႔ကိုအိပ္ရာေတြနံေအာင္လို႔"
မဖြင့္ခ်င္သည့္မ်က္လံုးကို အတင္းဖြင့္ကာ လေရာင္ကို
ၾကည့္လိုက္ေတာ့ မ်က္ေမွာင္ကုတ္ကာၾကည့္ေနသည္။
"ထပါၿပီကြ"
"ေမေမေကာ."
"အေၾကာ္ကုန္ေအာင္ေရာင္းၿပီးလာခဲ့မယ္တ့ဲ"
ေခါင္းညိမ့္ၿပီးသာ သိေၾကာင္းျပလိုက္သည္။
ေနရန္ ထရပ္လိုက္ၿပီး ႐ုတ္တရက္ လေရာင္လက္ေမာင္းေပၚ အၾကည့္ေရာက္ေတာ့ ပတ္တီးႏွင့္ဒဏ္ရာတစ္ခု။
ေတြေဝခ်ိန္ေတာင္မရလိုက္ လေရာင္လက္ကို ဆြဲယူလိုက္
ေတာ့ ေလထဲစကၠဴ ေလးလြင့္သလိုပါလာသည္။
"ဒါဘာျဖစ္လာတာလဲ."
"အ့ဲ.."
"ဘာျဖစ္လာတာလဲ.."
"ဟို..ဟို...အတန္းထဲမွာေျပးေဆာ့ရင္းနဲ႔ သံနဲ႔ျခစ္မိတာ ဟုတ္တယ္ သံနဲ႔ျခစ္မိတာ"
"ဒီေလာက္ေဆာ့ရလား ေနလေရာင္"
စိတ္ပူက႐ုဏာအသံႏွင့္ေအာ္လိုက္ေတာ့ လေရာင္တစ္
ခ်က္တုန္ကာလန္႔သြားသည္။ဘယ္ေလာက္ထိ အကိုျဖစ္သူအေပၚ လက္ပါ၍ဆိုးႏိုင္သည္ဆိုဆို ေဒါသထြက္လွ်င္ေတာ့ လေရာင္ေၾကာက္ရသည္။
"အ႐ွိန္လြန္သြားလို႔"
လေရာင္အသံေဖ်ာ့ေဖ်ာ့ေလးသာ ထြက္လာသည္။
ဆက္ေငါက္လွ်င္ ငိုလာမည္ဆိုတာသိေသာေၾကာင့္
ေနရန္စိ္တ္ေလ်ာ့လိုက္ရျပန္၏။သူ႔ညီမ်က္ရည္ကို
မျမင္ခ်င္ပါ။
"ေဆးထည့္ဟုတ္ၿပီလား မငိုနဲ႔ ကိုႀကီးကစိတ္ပူလို႔ေျပာတာ"
"ဟုတ္က့ဲ ဟီးဟီး"
ေခ်ာ့ေျပာလိုက္မွ သူ႔ရဲ႕လက္ဆြဲေတာ္အျပံဳးေလးနဲ႔ ျပံဳးျပျပန္သည္။ဆံပင္ကိုတစ္ခ်က္ဖြလိုက္ၿပီး ဗီ႐ိုထဲက ပုဆိုး
တစ္ထည္ယူကာ ေရခ်ိဳးသြားရေတာ့သည္။
လေရာင္လည္း အိမ္ေ႐ွ႕ျပန္ထြက္ကာ ပန္းကန္ေတြကို
တစ္ေက်ာ့ျပန္ေဆးရျပန္၏။အားလံုးၿပီးစီး၍
အိမ္ေပၚျပန္တက္လာေတာ့ ထမင္းစားပြဲခ်ကာ
ကိုႀကီးက ထမင္းပင္စားေနၿပီ။ထမင္းဝိုင္းမွာ
ဝင္ထိုင္လိုက္ကာ ေဖေဖႏွင့္ေမေမျပန္လာလွ်င္
အဆင္သင့္စားရေအာင္ ထမင္းခူးခပ္ၿပီး စားပြဲခံုေပၚမွာဘဲ အေပၚက ဇလံုတစ္လံုးအုပ္ကာ ထား ထားလိုက္သည္။
"ဘဲဥဟင္းေကာင္းတယ္"
ထိုခ်ီးက်ဴ းစကားေလးေၾကာင့္ လေရာင္ျပံဳးမိသြားသည္။
"ေကာင္းရင္စား ကြၽန္ေတာ္ အမ်ားႀကီးခ်က္ထားတယ္
ကိုႀကီး"
"OK"
စားပြဲကေန ထလာျပီး အိပ္ရာမွာထိုင္ကာ
ေဘးမွာပံုထားသည့္ အဝတ္ေတြကို လေရာင္
ေခါက္ေနလိုက္သည္။စားျပီးသည္ႏွင့္ ပန္းကန္၊လက္ေဆးကာ လေရာင္ေဘးက သူ႔အိပ္ရာမွာ ေနရန္ဝင္အိပ္လိုက္သည္။
"စားၿပီးတန္းအိပ္ေတာ့တာဘဲ"
အျပစ္တင္စကားဆိုမိေတာ့ အိပ္ေနရင္း လက္လွမ္းကာပါးကိုလာဆြဲသည္။ကိုက္ခ်လိုက္ရမေကာင္းျဖစ္ေတာ့
မယ္။အဝတ္ေခါက္ေနရင္း အိမ္ေ႐ွ႕ကိုအၾကည့္ေရာက္မိ
ေတာ့ ေမေမျပန္လာသည္မို႔ အဝတ္ေခါက္တာကို
ခဏထားခ့ဲကာ အိမ္ေ႐ွ႕ကိုျမန္ျမန္သြားၿပီး
ေမေမ့ေခါင္းေပၚက အေၾကာ္ဗန္းကို ကူခ်ေပးသည္။
ေမာလို႔ထင္ပါ၏ အိမ္ေ႐ွ႕မွာခ်ထားသည့္ ခံုပုေလးေပၚ
ထိုင္ေနရင္း အေမာေျဖေနသည္။
တံခါးဝမွာ ထားထားသည့္ ေရအိုးစဥ္သို႔သြားကာ
အေမာေျပေစရန္အလို႔ငွါ ေသာက္ေရခြက္နွင့္
ေရအျပည့္တစ္ခြက္ခပ္ၿပီး အေမ့ဆီေပးလိုက္ေတာ့
အကုန္ကုန္ေအာင္ေသာက္႐ွာပါ၏။ေမာလို႔ထင္ပါရဲ႕ေလ။အသက္ငါးဆယ့္ငါးနားကပ္ေနသည့္ ေမေမသည္
ေအးေအးေဆးေဆးသားသမီးလုပ္စာ
ထိုင္စားရန္အရြယ္ျဖစ္ေသာ္လည္း ပင္ပင္ပန္းပန္း
လုပ္ကိုင္စားေသာက္ေနရေလသည္။ႏွလံုးေရာဂါပါ
အခံ႐ွိသူေၾကာင့္ ပိုလို႔ပင္ပင္ပန္းပါဦးမွာ အေသအခ်ာပင္။လွမ္းေပးသည့္ခြက္ကိုယူလိုက္ကာ..
"ေမေမ ခဏေလာက္နားၿပီးေရခ်ိဳးလိုက္ဦး ေမေမ့အတြက္ထမင္းအဆင့္သင့္ျပင္ထားေပးတယ္"
"ဟုတ္ပါၿပီ"
မွာစရာ႐ွိတာမွာထားၿပီး အိမ္ေပၚျပန္တက္ကာ
အဝတ္ေတြဆက္ေခါက္ေနလိုက္သည္။ခဏေလာက္ၾကာေတာ့ ေမေမကေရခ်ိဳးၿပီး၍ ထမင္းပင္ စားေနေလၿပီ။
ကိုယ္ကလည္း အဝတ္ေတြအားလံုးေခါက္လို႔ၿပီးသြားသည္ေၾကာင့္ ေဘးကႂကြပ္ႂကြပ္အိပ္ထဲ သူ႔အပံုႏွင့္သူထည့္ထားလိုက္ၿပီး ေထာင့္ေလးမွာထားလိုက္၏။ မနက္က်မွ အိမ္ေတြကိုလိုက္ပို႔ရမည္။
"မိစန္း.."ထြက္ေပၚလာသည့္ေဖေဖ့အသံ။
"ဟဲ့ မိစန္းငါ့ကို ေအ့ လာတြဲစမ္း."
"သားသြားလိုက္မယ္ ေမေမ"ထမင္းစားမပ်က္ေစခ်င္သည္ေၾကာင့္ ေမေမ့ကိုတားကာ ကိုယ္တိုင္သြားလိုက္သည္။
အိမ္ေ႐ွ႕ေရာက္ေတာ့ ေျမႀကီးေပၚတြင္ ထိုင္ေနသည့္ေဖေဖသည္ ကိုယ့္ကိုယ္ကို ဘာမွန္းမသိေအာင္ မူးေနသည့္ပံုပင္။သက္ျပင္းခ်လိုက္ကာ..
"ကြၽန္ေတာ့ကိုတြဲ"
အလြန္ရြံ႐ွာမုန္းတီးလွပါေသာ အရက္နံ႔ကို မႀကိဳက္ေသာ္လည္း ႀကိတ္မွိတ္ကာ ေဖေဖ့ခနၶာကိုယ္ကို တြဲၿပီး
အိမ္ထဲေခၚရျပန္သည္။ အိမ္ထဲေရာက္ၿပီး
ကုလားထိုင္ေပၚ ခ်ေပးေတာ့မဟုတ္ရဘဲ ႐ုန္းကာထမင္းစားပြဲအနား ယိုင္တိုင္တိုင္သြားကာ ထိုင္ေနသည္။
"ငါ ေအ့ ထမင္းစားမယ္.."
ေဘးမွာ႐ွိသည့္ ထမင္းပန္းကန္ကို ယူကာ ဦးေနအေ႐ွ႕ကို ေဒၚစန္းခ်ေပးလိုက္ၿပီး ဟင္းခြက္ေတြကိုလည္း
ႏိႈက္ရလြယ္ေအာင္ အနီးနားတိုးေပးလိုက္သည္။
ဟင္းေတြၾကည့္ၿပီး ဦးေနစိတ္ပ်က္ေနမိသည္။ဘဲဥႏွင့္
ငံျပာရည္တ့ဲလားယဗိုက္ဆာလို႔မွျပန္လာပါသည္ဆို
ဟင္းက ထိုဟင္းေတြၾကည့္ဘဲ ျဖစ္ေနသည္မို႔
စိတ္တိုလာရသည္။
"ဒီဟင္းဘဲလား.."
"ဒါဘဲ႐ွိတယ္.."ေဒၚစန္းျပန္ေျပာလိုက္သည္။
"ငါမစားခ်င္ဘူး.."
"မစားခ်င္လည္းဒါဘဲ႐ွိတယ္ "
"လမ္းထိပ္ဆိုင္ကသြားဝယ္ေပး.."
"ပိုက္ဆံမ႐ွိဘူး.."
"ေစ်းေရာင္းရတ့ဲပိုက္ဆံေတြကဘယ္ေရာက္သြားတာလဲ"
"႐ွင္မ႐ွာရတိုင္းဒီပိုက္ဆံေတြကိုသံုးျဖဳန္းမေနနဲ႔ ႐ွင္စားခ်င္စားမစားခ်င္မစားနဲ႔.."
"ဟာ ဒီမိန္းမကေတာ့.."
ေဖေဖက ႐ိုက္ရန္လက္ရြယ္လိုက္သည္။
"႐ိုက္စမ္းပါ ကြၽန္မမွာလည္းလက္ပါတယ္.."
"ဟာကြာ.."
ဝုန္း!
"ေဖေဖ!!.."
ထမင္းစားပြဲကို ေမွာက္ပစ္လိုက္သည့္ေဖေဖ။
"႐ွင္အိမ္ျပန္လာၿပီးျပသနာမ႐ွာနဲ႔.."
ဆူညံသည့္အသံေတြေၾကာင့္ ေနရန္ႏိုးလာကာ
ထၾကည့္လိုက္ေတာ့ ထမင္းဟင္းေတြ ေမွာက္ေနေသာ
ျမင္ကြင္းကစည္းႀကိဳသျဖင့္ အေဖျပသနာ႐ွာသည္ဆိုတာသိလိုက္ရႁပီ။ ထိုနားကို သြားလိုက္ၿပီး....
"ခင္ဗ်ားအိမ္ျပန္လာရင္ျပသနာမ႐ွာလို႔မရဘူးလား.."
"ဘာေျပာလိုက္တယ္"
"မူးရင္လည္း ေအးေအးေဆးေဆးေနလိုက္ အိမ္လာၿပီ
ျပသနာလာ႐ွာမေနနဲ႔.."
"ေခြးေကာင္ငါမင္းအေဖေနာ္.."
"အေဖကအေဖနဲ႔တူေအာင္ေနေလ အျမဲတမ္းအရက္မူးဖဲ႐ိုက္အေလာင္းကစားလုပ္ေနမွေတာ့ ဘယ္အေဖလို႔မွတ္မလဲ.."
"မင္းေသေတာ့မွာ.."
မ်က္ႏွာကိုထိုးရန္ျပင္ေတာ့ ေနရန္က မခံဘဲျပန္ထိုးရန္လက္ရြယ္ထားသည္။ထိုင္ေနရာမွ ေဒၚစန္းထလိုက္ရင္းသားအဖႏွစ္ေယာက္ၾကားထဲ အျမန္ဝင္ျဖည္ရသည္။
လက္တစ္ဖက္က ထမင္းေပေနသည္ေၾကာင့္
ျဖည္ေပမယ့္ အရာမေရာက္။
လေရာင္ကေတာ့ ေၾကာင္အလ်က္ တံခါးေပါက္ဝမွာပဲ
ရပ္ျကည့္ေနမိသည္။
"သား မလုပ္နဲ႔.."
ထမင္းေပေနသည့္လက္ႏွင့္ သားျဖစ္သူကို ေဒၚစန္း
တားထားၿပီး က်န္တစ္ဖက္ႏွင့္ေယာက်ာ္းျဖစ္သူကို
တားရသည္။
"႐ွင္ေတာ္ေတာ့ ေရာ့ပိုက္ဆံ သြားေတာ့"
ပိုက္ဆံရသည္ေၾကာင့္ ျပသနာမ႐ွာေတာ့ဘဲ ဦးေနထြက္သြားလိုက္သည္။ေဖေဖထြက္သြားမွ လေရာင္စိတ္ေလ်ာ့ထားႏိုင္သည္။
"သားႀကီးကလည္းကြယ္.."
"သားကိုလာမေျပာနဲ႔အေမ သားမမွားဘူး" ထိုတစ္ခြန္းသာေျပာၿပီး ျပန္အိပ္ေနလိုက္သည္။ ပြစာတက္ေနသည့္ေနရာကို လေရာင္႐ွင္းရန္ျပင္ေတာ့.
"ေမေမ ႐ွင္းလိုက္မယ္ "
"သား႐ွင္းလိုက္ပါ့မယ္.."
"ေမေမလက္မေဆးရေသးဘူး သြားနားေခ်သားလည္း
ပင္ပန္းေရာေပါ့ ေမေမလုပ္လိုက္မယ္"
တေရြ႔ေရြ႔လုပ္ေနသည့္ ေမေမ့ေက်ာျပင္ေလးကို
ၾကည့္ကာ လေရာင္၏္ႏွလံုးသား နာက်င္လာရသည္။
တံျမက္စည္းႏွင့္ေဂၚကိုယူကာ ေမေမက
မလုပ္ခိုင္းေပမယ့္လည္း တစ္ေယာက္တည္း
လုပ္ေနသည္ကိုမၾကည့္ရက္သည္ေၾကာင့္
ေဘးကေန ကူလုပ္ေပးေနလိုက္သည္။
ေမေမ့မ်က္ဝန္းထဲ၌ အက်ေအာင္ထိန္းထားသည့္
မ်က္ရည္ေတြကိုၾကည့္ရင္း
လေရာင္မ်က္ရည္တို႔ ၾကမ္းျပင္ေပၚ ခစားသြားရျပန္၏။
.................................................................
လူသားတို့၏ လောဘ၊ဒေါသ၊မောဟနှင့်ရလိုမှုရမ္မက်တို့
ကိန်းအောင်းလျှက်ရှိသော နေရာ၌ တောင်သမျှငွေတို့ကို
ပုံအောထားသည့် စားပွဲဝိုင်းကို ပတ်ပတ်လည်
ဝိုင်းထိုင်နေသည့် လူအများသည် လောဘကိုအတောမသတ်နိုင်ကြသေး။ စားပွဲအလယ်တွင် တင်ထားသော
ယွန်းပန်းကန်ထဲတွင် လည်နေသော အံစာတုံးသည်
သူတို့၏လောင်းကြေးအတွက် အဆုံးအဖြတ်ပင်။
အနိုင်ရလိုစိတ်များစွာနှင့် ထိုယွန်းပန်းကန်ကို
အာရုံစိုက်ကာ ကြည့်နေကြသည်။ ခဏကြာတော့
ဒိုင်ဟုဆိုရမည့် လူတစ်ယောက်က ယွန်းအဖုံးကိုကိုင်ကာ..
"ဖွင့်တော့မယ်.." ဟုအသိပေးပြီး မည်သူသည်
အနိုင်ရရှိမည်ကို ကြေညာတော့မည်။
"လိပ်..လိပ်ကွာ."
မဖွင့်သေးသော ကြွေထည်ကိုကြည့်ရင်း"လိပ်"ကြစေရန်
ဆုတောင်းလျှက်ရှိသည့် ဦးနေ။စိတ်လှုပ်ရှားမှုကြောင့်
ဇောချွေးတွေပြန်လာသည့်အပြင် အရက်သမားတို့၏လက္ခဏာဖြစ်သော ခန္ဓာကိုယ်တုန်ယင်ခြင်းတို့ပါ ပေါ်ပေါက်လာသည်။အာခေါင်ခြောက်သွေ့နေသည်ကြောင့် ဘေးကအရက်ခွက်ကို ယူကာ တစ်ကျိုက်ထဲမော့ချလိုက်သည်။
"ဖွင့်ပြီ"ဟု ပြောပြီး အဖုံးကိုမြှောက်လိုက်ချိန်တွင်
ထိုင်နေသည့်လူများက ခန္ဓာကိုယ်ကို ရှေ့ကိုပိုတိုးကာကြည့်လာကြသည်။
"ကျား."
"ဟာကွာ.."
အာမေဋိတ်အသံပြုလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့်
ထိုင်ခုံပေါ် ဦးနေမှီချလိုက်သည်။
"ကံမကောင်းပါလားကွာ"
ရှုပ်နေသည့်စိတ်တို့ ကင်းရှင်းစေရန် မျက်ခုံးနှစ်ခုကြား
လက်ညိုးလက်မနှင့်နှိပ်လျှက် ညည်းညူ လိုက်၏။
ရှူံးတာမှ တော်တော်လေးကို ရှုံးနေခြင်းဖြစ်သည်။
အခုဆို ပါသွားသည့်ငွေတွေသည ်တတိယအကြိမ်
ချေးထားသည့်ငွေဖြစ်သည်။
"ဦးနေကြီး ဘယ်အကွက်လဲ.."
ကစားဖော်တစ်ဦးက လှမ်းမေးသည်ကြောင့် ခေါင်းထောင်လိုက်ကာ..
"နောက်ပွဲမှခုမပါသေးဘူး."
"OK.."
အကျိုးအကြောင်းပြောလိုက်တော့ သူတို့ဘာသာ
ဆက် ကစားနေကြသည်။ဆော့နေရင်း အစလောက်ကတော့ နိုင်နေသေးသည်။သို့ပေမယ့် တဖြည်းဖြည်းရှုံးလာသည့် ကစားပွဲကြောင့် ပြန်၍နိုင်မလားဟု အောက်မေ့မိကာ
ချေးငွေယူ၍ ဆော့သမျှ အခုတော့မနိုင်သည့်အပြင်
အကြွေးတွေသာ အဖက်တင်ပြန်သည်။
"ဦးနေရှူံးပြန်ပြီလား..."
အသံကိုပဲ အရင်ပေးကာ အခန်းထဲဝင်လာသည့်ဇေယျ။
ဦးနေအနားရောက်သည်နှင့် အခုံးပေါ်ကိုလက်တင်ကာ
ရင်းနှီးဟန်ကို လုပ်ယူလျှက်..
"ကံမကောင်းတ့ဲနေ့လားဗျာ."
ပခုံးပေါ် လာတင်သည့်လက်ကို စိတ်ရှုပ်ထွေးစွာ
ပုတ်ချလိုက်သည်။ဇေယျက ခပ်ဟဟရီကာဖြင့်
လွတ်နေသည့် ခုံတစ်ခုံကို ဆွဲယူကာ
ဘေးမှာဝင်ထိုင်လိုက်သည်။
"နိုင်ပွဲကိုမရှိဘူး."ဦးနေစကားစလိုက်သည်။
"ဟားဟား ပိုက်ဆံကုန်ပြီဆိုတယ့်သဘောပေါ့."
"ဒါပေါ့ကွာ."
"ထပ်ယူဦးမလား ဆယ်သိန်း."
စကားဆုံးသည်နှင့် ချက်ချင်းပင်စားပွဲခုံပေါ်ချပေးလာသည့်၁သိန်းတန် ဆယ်အုပ်ကြောင့် ဦးနေမျက်လုံးပြူ းမျက်ဆံပြူ း
ဖြစ်လာသည်။ထိုပိုက်ဆံကို လှမ်းယူချင်နေသည့်
လက်သည် မယူရန်တားထားလို့ထင်သည်
တုန်ရီနေသည်။အလောင်းကစားလုပ်သူတို့၏သဘာဝ
ရှုံးလေနိုင်ပွဲများရှိဦးမလားဟု ထင်ပြီး ဆက်ဆော့ချင်လေ။အခုလည်း ဦးနေ၏ကစားချင်သည့်စိတ်သည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးဆီကို ဖုံးလွှမ်းထားသည်။သို့သော်လည်း စိတ်လျော့လိုက်ကာ..
"တော်ပါပြီကွ ငါများနေပြီ."
"ဘာဖြစ်လဲဦးနေထပ်ဆော့ချင်နေတာမလား။ယူလိုက်ပါ"
ဇေယျက ထပ်၍တိုက်တွန်းပြန်သည်။
"အကြွေးတွေများနေပြီကွ"
"ဆော့ချင်ရင်ဆက်ဆော့ပါဗျာ အကြွေးများလည်း
ကျွန်တော်တောင်းဖူးလို့လားဗျာ။ ဦးနေအဆင်ပြေမှ
ကျွန်တော့ဆီ လာ လာပေးတာမလား။ဆန္ဒကို
ချိုးနှိမ်ထားရတာ မကောင်းဘူးဗျ။ငွေပုံကြီးက
ဦးနေရှေ့မှာနော်အတွေးမများနဲ့."
ဦးနေ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည့်အပြင်
ခန္ဓာကိုယ် တုန်နေမှုက ယခင်ကထက်ပိုဆိုးလာသည်။
ဘေးက အရက်ပုလင်းကိုယူလိုက်ကာ ရေငတ်နေသူ
တစ်ယောက်လို အားရပါးရ တစ်ထိုင်ထဲသောက်လိုက်၏။ထို့နောက် ပိုက်ဆံယူမည်ဟုဆုံးဖြတ်ပြီးသည့်နှယ်
စားပွဲပေါ်က ပိုက်ဆံကိုယူလိုက်ကာ ဆက်ကစားရန်ပြင်သည်။ထိုအပြုအမှုကို လိုက်ကြည့်နေသည့်
ဇေယျ၏မျက်နှာတွင် ကျေနပ်သောအပြုံးတို့ ထင်ဟပ်နေသည်။
"ပြန်လာပြီဟ ဦးနေကြီး"
"ဒီတစ်ခါ အေ့ ငါနိုင်..စေရမယ်...ဆင်..လောင်းတယ်"
စကားကိုပင် လေလုံးမကွဲတော့သည့်ဦးနေသည်
သူ၏အပြုအမှုလွန်နေသည်ကိုပင် သတိမထားမိတော့။
ဦးနေကို ကြည့်လျက် ဇေယျအပျော်ကြီးပျော်နေမိသည်။ဆက်ဆော့ထားဦးနေ ဒါမှကျုပ်နဲ့ကျုပ်အမေအကြံအောင်မြင်မှာ။ပေးတိုင်းလည်း မယူရဘူးဆိုတ့ဲစကား မကြားဖူးဘူးထင်ပါရဲ့ ခင်ဗျားက စေတနာလို့ထင်ပေမယ့် ဒုက္ခတွေဆိုတာ သိလာတော့မှာပါ။အခြားလုပ်စရာများ
ရှိနေသေးသည်ကြောင့် ဇေယျထွက်လာခ့ဲလိုက်သည်။သူ၏လှောင်ပြုံးတို့ကိုတော့ ဦးနေတစ်ယောက်
မတွေ့မြင်နိုင်တော့ပေ။
....................................................................
"ညောင်းလိုက်တာ အား "
အိမ်ပေါ်ရောက်သည်နှင့် ဆန္ဒရှိသည့်အိပ်ရာပေါ်
အိပ်လိုက်ရတော့ နတ်ပြည်ရောက်သွားသလို
နေရန်ခံစားလိုက်ရသည်။လရောင်က ခြောက်နာရီဆိုရင်အိပ်ရာတွေကြိုခင်းထားပြီးသည်ကြောင့် သူ့အတွက်အကိုက်ဖြစ်သွားသည်။ဒီနေ့hotelတွင် ဧည့်သည်ဝင်မှု
တော်တော်များသည်။ဧည့်သည်ဝင်မှုများသည်နှင့်အတူ
လုပ်ရသည့်အလုပ်သည်လည်း အချိုးတူစွာများလာသည်။အခန်းသန့်ရှင်းပေးရနှင့် သူတို့၏ပါလာသည့်ပစ္စည်းတွေကိုသယ်ပေးရသည်ကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေသည့်အပြင် အိမ်ပြန်ရောက်တော့လည်း အမေ့ဈေးကို ကူရောင်းပေးနေရသည်ကြောင့် အားလုံးပြီးစီးသည့်အချိန်မှာတော့ နေရန်အခြေအနေမဟန်တော့။အမေကတော့
အကြော်တွေကုန်မှလာခ့ဲမယ်ဟုပြောသော်လည်း
ကိုယ်က အရမ်းပင်ပန်းလွန်းသည်ကြောင့် သိမ်းစရာအနည်းငယ်ကိုယူလာကာ ပြန်လာခ့ဲသည်။အိပ်စရာဆိုပေမယ့်လည်း အခန်းကိုအမေတို့သုံးသည်ကြောင့် ကိုယ်နှင့်လရောင်က ဧည့်ခန်းလို့မဆိုသာသည့် အနည်းငယ်သာကျယ်သော အခန်းအပြင်တွင်အိပ်သည်။ခုလည်း ရေမချိုးခင်
ခဏလောက်မှေးချင်သည်ကြောင့် လက်လှမ်းမှီရာ
ခေါင်းအုံးတစ်လုံးကိုယူကာ ပက်လက်လှန်လှဲနေရာမှ
မှောက်ယက်နေလိုက်ကာအိပ်နေလိုက်သည်။
အပြင်မှာပန်းကန်ဆေးနေရင်း တံခါးမကြီးကနေ အိမ်ထဲ
လှမ်းမြင်နေရသည့်အတွက် ရေမချိုးဘဲအိပ်နေသည့်
အကိုဖြစ်သူကိုတွေ့နေရသည်။
"ကိုကြီးချွေးတွေနဲ့မအိပ်နဲ့လေ "
"ခဏလေးဘဲ.."
အိမ်ပေါ်ကနေပြန်အော်သည့်အသံကြားလိုက်ရသည်။
"မရဘူးအိပ်ရာခင်းတွေညစ်ပတ်လိမ့်မယ် ရေအရင်ချိုးဦး"
ထပ်အော်ပေမယ့်လည်း ပြန်စာမရတော့သည်ကြောင့်ဆေးနေသည်ကို ခဏရပ်ကာ လက်ကိုအရင်ဆေးခ့ဲပြီး
အိမ်ပေါ်ကိုတက်လာခ့ဲသည်။
"မအိပ်နဲ့ဦး ခြောက်နာရီဘဲရှိသေးတယ်။ရေချိုးထမင်းစား
လိုက်ဦး ကိုကြီးကြိုက်တဲ့ဘဲဥပြုတ်အခြမ်းကိုမန်ကျည်းသီးနဲ့ချဉ်ချဉ်လေးချက်ထားတယ်"
နောက်ကျောကိုပုတ်ကာပြောနေပေမယ့် အိပ်နေတာ
ဟောက်သံတောင်ထွက်လာပြီ။
"ကိုကြီး ထနော် "
အင်း အဲ တောင်မလုပ်နိုင်တော့။နေလရောင်
စိတ်တို့အစိုးမရတော့ အကြီးဖြစ်တာကြောင့်
ရိုရိုသေသေနိုးပါသော်လည်းမရ ကောင်းပြီလေတွေ့ကြသေးတာပေါ့။
"ကိုကြီး.."
ဗုန်း!
"အား လား လား."
နှိုးလိုက်သည့်အသံနှင့်အတူ တစ်ခါတည်း
နောက်ကျောပေါ်ကျရောက်လာသည့် လက်သီးတစ်စုံကြောင့် အိပ်လျက်ပင် နောက်ကျောကို လက်ပြန်ပွတ်ထလာရသည်။မထပါက နောက်တစ်ချက်လာမည်
မဟုတ်ပါလား။
"ညီ..မင်း..အား.."
"ထတော့မထရင်နောက်တစ်ချက် ညစ်ပတ်တယ်ချွေးတွေနဲ့ကိုအိပ်ရာတွေနံအောင်လို့"
မဖွင့်ချင်သည့်မျက်လုံးကို အတင်းဖွင့်ကာ လရောင်ကို
ကြည့်လိုက်တော့ မျက်မှောင်ကုတ်ကာကြည့်နေသည်။
"ထပါပြီကွ"
"မေမေကော."
"အကြော်ကုန်အောင်ရောင်းပြီးလာခဲ့မယ်တ့ဲ"
ခေါင်းညိမ့်ပြီးသာ သိကြောင်းပြလိုက်သည်။
နေရန် ထရပ်လိုက်ပြီး ရုတ်တရက် လရောင်လက်မောင်းပေါ် အကြည့်ရောက်တော့ ပတ်တီးနှင့်ဒဏ်ရာတစ်ခု။
တွေဝေချိန်တောင်မရလိုက် လရောင်လက်ကို ဆွဲယူလိုက်
တော့ လေထဲစက္ကူ လေးလွင့်သလိုပါလာသည်။
"ဒါဘာဖြစ်လာတာလဲ."
"အ့ဲ.."
"ဘာဖြစ်လာတာလဲ.."
"ဟို..ဟို...အတန်းထဲမှာပြေးဆော့ရင်းနဲ့ သံနဲ့ခြစ်မိတာ ဟုတ်တယ် သံနဲ့ခြစ်မိတာ"
"ဒီလောက်ဆော့ရလား နေလရောင်"
စိတ်ပူကရုဏာအသံနှင့်အော်လိုက်တော့ လရောင်တစ်
ချက်တုန်ကာလန့်သွားသည်။ဘယ်လောက်ထိ အကိုဖြစ်သူအပေါ် လက်ပါ၍ဆိုးနိုင်သည်ဆိုဆို ဒေါသထွက်လျှင်တော့ လရောင်ကြောက်ရသည်။
"အရှိန်လွန်သွားလို့"
လရောင်အသံဖျော့ဖျော့လေးသာ ထွက်လာသည်။
ဆက်ငေါက်လျှင် ငိုလာမည်ဆိုတာသိသောကြောင့်
နေရန်စိ်တ်လျော့လိုက်ရပြန်၏။သူ့ညီမျက်ရည်ကို
မမြင်ချင်ပါ။
"ဆေးထည့်ဟုတ်ပြီလား မငိုနဲ့ ကိုကြီးကစိတ်ပူလို့ပြောတာ"
"ဟုတ်က့ဲ ဟီးဟီး"
ချော့ပြောလိုက်မှ သူ့ရဲ့လက်ဆွဲတော်အပြုံးလေးနဲ့ ပြုံးပြပြန်သည်။ဆံပင်ကိုတစ်ချက်ဖွလိုက်ပြီး ဗီရိုထဲက ပုဆိုး
တစ်ထည်ယူကာ ရေချိုးသွားရတော့သည်။
လရောင်လည်း အိမ်ရှေ့ပြန်ထွက်ကာ ပန်းကန်တွေကို
တစ်ကျော့ပြန်ဆေးရပြန်၏။အားလုံးပြီးစီး၍
အိမ်ပေါ်ပြန်တက်လာတော့ ထမင်းစားပွဲချကာ
ကိုကြီးက ထမင်းပင်စားနေပြီ။ထမင်းဝိုင်းမှာ
ဝင်ထိုင်လိုက်ကာ ဖေဖေနှင့်မေမေပြန်လာလျှင်
အဆင်သင့်စားရအောင် ထမင်းခူးခပ်ပြီး စားပွဲခုံပေါ်မှာဘဲ အပေါ်က ဇလုံတစ်လုံးအုပ်ကာ ထား ထားလိုက်သည်။
"ဘဲဥဟင်းကောင်းတယ်"
ထိုချီးကျူ းစကားလေးကြောင့် လရောင်ပြုံးမိသွားသည်။
"ကောင်းရင်စား ကျွန်တော် အများကြီးချက်ထားတယ်
ကိုကြီး"
"OK"
စားပွဲကနေ ထလာပြီး အိပ်ရာမှာထိုင်ကာ
ဘေးမှာပုံထားသည့် အဝတ်တွေကို လရောင်
ခေါက်နေလိုက်သည်။စားပြီးသည်နှင့် ပန်းကန်၊လက်ဆေးကာ လရောင်ဘေးက သူ့အိပ်ရာမှာ နေရန်ဝင်အိပ်လိုက်သည်။
"စားပြီးတန်းအိပ်တော့တာဘဲ"
အပြစ်တင်စကားဆိုမိတော့ အိပ်နေရင်း လက်လှမ်းကာပါးကိုလာဆွဲသည်။ကိုက်ချလိုက်ရမကောင်းဖြစ်တော့
မယ်။အဝတ်ခေါက်နေရင်း အိမ်ရှေ့ကိုအကြည့်ရောက်မိ
တော့ မေမေပြန်လာသည်မို့ အဝတ်ခေါက်တာကို
ခဏထားခ့ဲကာ အိမ်ရှေ့ကိုမြန်မြန်သွားပြီး
မေမေ့ခေါင်းပေါ်က အကြော်ဗန်းကို ကူချပေးသည်။
မောလို့ထင်ပါ၏ အိမ်ရှေ့မှာချထားသည့် ခုံပုလေးပေါ်
ထိုင်နေရင်း အမောဖြေနေသည်။
တံခါးဝမှာ ထားထားသည့် ရေအိုးစဉ်သို့သွားကာ
အမောပြေစေရန်အလို့ငှါ သောက်ရေခွက်နှင့်
ရေအပြည့်တစ်ခွက်ခပ်ပြီး အမေ့ဆီပေးလိုက်တော့
အကုန်ကုန်အောင်သောက်ရှာပါ၏။မောလို့ထင်ပါရဲ့လေ။အသက်ငါးဆယ့်ငါးနားကပ်နေသည့် မေမေသည်
အေးအေးဆေးဆေးသားသမီးလုပ်စာ
ထိုင်စားရန်အရွယ်ဖြစ်သော်လည်း ပင်ပင်ပန်းပန်း
လုပ်ကိုင်စားသောက်နေရလေသည်။နှလုံးရောဂါပါ
အခံရှိသူကြောင့် ပိုလို့ပင်ပင်ပန်းပါဦးမှာ အသေအချာပင်။လှမ်းပေးသည့်ခွက်ကိုယူလိုက်ကာ..
"မေမေ ခဏလောက်နားပြီးရေချိုးလိုက်ဦး မေမေ့အတွက်ထမင်းအဆင့်သင့်ပြင်ထားပေးတယ်"
"ဟုတ်ပါပြီ"
မှာစရာရှိတာမှာထားပြီး အိမ်ပေါ်ပြန်တက်ကာ
အဝတ်တွေဆက်ခေါက်နေလိုက်သည်။ခဏလောက်ကြာတော့ မေမေကရေချိုးပြီး၍ ထမင်းပင် စားနေလေပြီ။
ကိုယ်ကလည်း အဝတ်တွေအားလုံးခေါက်လို့ပြီးသွားသည်ကြောင့် ဘေးကကြွပ်ကြွပ်အိပ်ထဲ သူ့အပုံနှင့်သူထည့်ထားလိုက်ပြီး ထောင့်လေးမှာထားလိုက်၏။ မနက်ကျမှ အိမ်တွေကိုလိုက်ပို့ရမည်။
"မိစန်း.."ထွက်ပေါ်လာသည့်ဖေဖေ့အသံ။
"ဟဲ့ မိစန်းငါ့ကို အေ့ လာတွဲစမ်း."
"သားသွားလိုက်မယ် မေမေ"ထမင်းစားမပျက်စေချင်သည်ကြောင့် မေမေ့ကိုတားကာ ကိုယ်တိုင်သွားလိုက်သည်။
အိမ်ရှေ့ရောက်တော့ မြေကြီးပေါ်တွင် ထိုင်နေသည့်ဖေဖေသည် ကိုယ့်ကိုယ်ကို ဘာမှန်းမသိအောင် မူးနေသည့်ပုံပင်။သက်ပြင်းချလိုက်ကာ..
"ကျွန်တော့ကိုတွဲ"
အလွန်ရွံရှာမုန်းတီးလှပါသော အရက်နံ့ကို မကြိုက်သော်လည်း ကြိတ်မှိတ်ကာ ဖေဖေ့ခန္ဓာကိုယ်ကို တွဲပြီး
အိမ်ထဲခေါ်ရပြန်သည်။ အိမ်ထဲရောက်ပြီး
ကုလားထိုင်ပေါ် ချပေးတော့မဟုတ်ရဘဲ ရုန်းကာထမင်းစားပွဲအနား ယိုင်တိုင်တိုင်သွားကာ ထိုင်နေသည်။
"ငါ အေ့ ထမင်းစားမယ်.."
ဘေးမှာရှိသည့် ထမင်းပန်းကန်ကို ယူကာ ဦးနေအရှေ့ကို ဒေါ်စန်းချပေးလိုက်ပြီး ဟင်းခွက်တွေကိုလည်း
နှိုက်ရလွယ်အောင် အနီးနားတိုးပေးလိုက်သည်။
ဟင်းတွေကြည့်ပြီး ဦးနေစိတ်ပျက်နေမိသည်။ဘဲဥနှင့်
ငံပြာရည်တ့ဲလားယဗိုက်ဆာလို့မှပြန်လာပါသည်ဆို
ဟင်းက ထိုဟင်းတွေကြည့်ဘဲ ဖြစ်နေသည်မို့
စိတ်တိုလာရသည်။
"ဒီဟင်းဘဲလား.."
"ဒါဘဲရှိတယ်.."ဒေါ်စန်းပြန်ပြောလိုက်သည်။
"ငါမစားချင်ဘူး.."
"မစားချင်လည်းဒါဘဲရှိတယ် "
"လမ်းထိပ်ဆိုင်ကသွားဝယ်ပေး.."
"ပိုက်ဆံမရှိဘူး.."
"ဈေးရောင်းရတ့ဲပိုက်ဆံတွေကဘယ်ရောက်သွားတာလဲ"
"ရှင်မရှာရတိုင်းဒီပိုက်ဆံတွေကိုသုံးဖြုန်းမနေနဲ့ ရှင်စားချင်စားမစားချင်မစားနဲ့.."
"ဟာ ဒီမိန်းမကတော့.."
ဖေဖေက ရိုက်ရန်လက်ရွယ်လိုက်သည်။
"ရိုက်စမ်းပါ ကျွန်မမှာလည်းလက်ပါတယ်.."
"ဟာကွာ.."
ဝုန်း!
"ဖေဖေ!!.."
ထမင်းစားပွဲကို မှောက်ပစ်လိုက်သည့်ဖေဖေ။
"ရှင်အိမ်ပြန်လာပြီးပြသနာမရှာနဲ့.."
ဆူညံသည့်အသံတွေကြောင့် နေရန်နိုးလာကာ
ထကြည့်လိုက်တော့ ထမင်းဟင်းတွေ မှောက်နေသော
မြင်ကွင်းကစည်းကြိုသဖြင့် အဖေပြသနာရှာသည်ဆိုတာသိလိုက်ရပြီ။ ထိုနားကို သွားလိုက်ပြီး....
"ခင်ဗျားအိမ်ပြန်လာရင်ပြသနာမရှာလို့မရဘူးလား.."
"ဘာပြောလိုက်တယ်"
"မူးရင်လည်း အေးအေးဆေးဆေးနေလိုက် အိမ်လာပြီ
ပြသနာလာရှာမနေနဲ့.."
"ခွေးကောင်ငါမင်းအဖေနော်.."
"အဖေကအဖေနဲ့တူအောင်နေလေ အမြဲတမ်းအရက်မူးဖဲရိုက်အလောင်းကစားလုပ်နေမှတော့ ဘယ်အဖေလို့မှတ်မလဲ.."
"မင်းသေတော့မှာ.."
မျက်နှာကိုထိုးရန်ပြင်တော့ နေရန်က မခံဘဲပြန်ထိုးရန်လက်ရွယ်ထားသည်။ထိုင်နေရာမှ ဒေါ်စန်းထလိုက်ရင်းသားအဖနှစ်ယောက်ကြားထဲ အမြန်ဝင်ဖြည်ရသည်။
လက်တစ်ဖက်က ထမင်းပေနေသည်ကြောင့်
ဖြည်ပေမယ့် အရာမရောက်။
လရောင်ကတော့ ကြောင်အလျက် တံခါးပေါက်ဝမှာပဲ
ရပ်ကြည့်နေမိသည်။
"သား မလုပ်နဲ့.."
ထမင်းပေနေသည့်လက်နှင့် သားဖြစ်သူကို ဒေါ်စန်း
တားထားပြီး ကျန်တစ်ဖက်နှင့်ယောကျာ်းဖြစ်သူကို
တားရသည်။
"ရှင်တော်တော့ ရော့ပိုက်ဆံ သွားတော့"
ပိုက်ဆံရသည်ကြောင့် ပြသနာမရှာတော့ဘဲ ဦးနေထွက်သွားလိုက်သည်။ဖေဖေထွက်သွားမှ လရောင်စိတ်လျော့ထားနိုင်သည်။
"သားကြီးကလည်းကွယ်.."
"သားကိုလာမပြောနဲ့အမေ သားမမှားဘူး" ထိုတစ်ခွန်းသာပြောပြီး ပြန်အိပ်နေလိုက်သည်။ ပွစာတက်နေသည့်နေရာကို လရောင်ရှင်းရန်ပြင်တော့.
"မေမေ ရှင်းလိုက်မယ် "
"သားရှင်းလိုက်ပါ့မယ်.."
"မေမေလက်မဆေးရသေးဘူး သွားနားချေသားလည်း
ပင်ပန်းရောပေါ့ မေမေလုပ်လိုက်မယ်"
တရွေ့ရွေ့လုပ်နေသည့် မေမေ့ကျောပြင်လေးကို
ကြည့်ကာ လရောင်၏်နှလုံးသား နာကျင်လာရသည်။
တံမြက်စည်းနှင့်ဂေါ်ကိုယူကာ မေမေက
မလုပ်ခိုင်းပေမယ့်လည်း တစ်ယောက်တည်း
လုပ်နေသည်ကိုမကြည့်ရက်သည်ကြောင့်
ဘေးကနေ ကူလုပ်ပေးနေလိုက်သည်။
မေမေ့မျက်ဝန်းထဲ၌ အကျအောင်ထိန်းထားသည့်
မျက်ရည်တွေကိုကြည့်ရင်း
လရောင်မျက်ရည်တို့ ကြမ်းပြင်ပေါ် ခစားသွားရပြန်၏။
.................................................................