လွပလြန္းသည့္ မနၱေလးအလွတရားႏွင့္အတူ က်ံဳးၿမိဳ႕႐ိုးႀကီးအေက်ာ္က မနၱေလးေတာင္အလွကိုၾကည့္ရင္း
ေနလေရာင္ စိတ္ကူးယဥ္ၾကည့္ေနမိသည္။ခု သူေရာက္ေနတာက က်ံဳးေဘး မနၱေလးေတာင္ကို ျမင္ရသည့္ေနရာပင္။
"အင္း..ဒီမနၱေလးေတာင္နဲ႔က်ံဳးလိုမ်ိဳး ၾကည့္ေနရံုနဲ႔
လွွတယ့္ဒီဇိုင္းမ်ိဳး ဖန္တီးရမယ္"
ထိုအၾကံေၾကာင့္ လက္ေျဖာက္တစ္ခ်က္တီးရင္း
အေပါက္အျပဲ၊အဖာအေထးဗ်စ္ထူေနေသာ
လြယ္အိတ္ထဲမွအျဖဴေရာင္စကၠဴ A4စာရြက္တစ္ရြက္ကို
ထုတ္၊ကိုမာဘူးမ႐ွိတာေၾကာင့္ လြယ္အိတ္ထဲဘဲ
အလြယ္တကူထည့္ထားသည့္ ခဲတံပုတိုတစ္ေခ်ာင္းကို
လက္ႏိႈက္ယူကာ အက်ႌပံုကို လေရာင္စဆြဲေတာ့သည္။
"ဒီလို မ်က္စိေအးၾကည္လင္ဖို႔ဆိုရင္ အျဖဴနဲ႔အစိမ္းႏုကို
သံုးရမယ္"
စိတ္ကူးထဲကအတိုင္း အျဖဴေရာင္ဂါဝန္ဝဲေလးေပၚတြင္
သစ္ရြက္ကေလးေတြအထပ္ထပ္ပံုစံကို ခါးပိုင္းကေန
ေအာက္ဘက္ဆံုးအထိ ျဖာထြက္ေနသည့္ပံုစံ
ဆြဲလိုက္၏။ဘာမွမျခယ္ထားရံုႏွင့္တင္ သူ၏အက်ႌပံုေလးသည္ အျမင္႐ွင္းကာ႐ိုး႐ိုးေလးႏွင့္ဆြဲေဆာင္မႈ႐ွိေနသည္။
ဆြဲၿပီးသည္ႏွင့္ကိုယ့္လက္ရာကို လေရာင္တစ္ခ်က္ၾကည့္ကာ.
"အရမ္းလွတာဘဲ မင္းေတာ္တယ္ေနလေရာင္.."
ကိုယ့္ကုိယ္ကိုခ်ီးက်ဴ းၿပီး ဘယ္အခ်ိန္႐ွိၿပီလဲ သိခ်င္သည္မို႔ လက္ပက္ႀကိဳးျပတ္သြားသည္ေၾကာင့္ လြယ္အိတ္ထဲထည့္ထားေသာနာရီေလးကိုယူၾကည့္လိုက္ေတာ့..
"ဘာ ႐ွစ္နာရီခြဲၿပီးငါးမိနစ္."
နာရီၾကည့္ၿပီးသည္ႏွင့္ ခံုေပၚမွအျမန္ထကာ လြယ္အိတ္အစုတ္ထဲသို႔ ေဘးနားမွာခ်ထားသည့္ စာရြက္ေတြ ေရာင္စံုေတြကို ဝ႐ုန္းသုန္းကား အျမန္ေကာက္ထည့္ရသည္။
ၿပီးက်မွ ဆြဲထားသည့္စာရြက္ကို သခ်ာၤစာရြက္ထူထူၾကားထဲ မေခါက္ေစရန္ ေသခ်ာညႇပ္ကာ စာအုပ္ကိုလြယ္အိတ္ထဲေသခ်ာထည့္ၿပီး လြယ္အိတ္ကိုလြယ္ ေဘးမွာရပ္ထားသည့္ စက္ဘီးေပၚကိုအျမန္ခြ၍
အ.ထ.က၆အထိ မိုင္ကုန္အျမန္စီးလာရသည္။
ေက်ာင္းေရာက္ေတာ့ ေက်ာင္းတက္သြားသည္ေၾကာင့္
ဂိတ္တံခါးပင္ပိတ္ေတာ့မည္။လေရာင္ အျမန္ေျပးကာ..
"ဆရာမ သားသားက်န္ေသးတယ္ ပိတ္ပါနဲ႔ဦး ဟီးဟီး"
ဂိတ္ေစာင့္ဆရာမအား ခ်စ္စရာေကာင္းေသာ
သြားညီညီတန္းတန္းေလးႏွင့္သြားတက္ေလးေပၚေအာင္
အထိ လေရာင္ျပံဳးျပလိုက္သည္။ပါးခ်ိဳင့္ေလးကအစစ္ပါေသး၏။
"ေနာက္က်တယ္ေနာ္သားသား..ျမန္ျမန္သြားဆရာမႂကီးသိရင္ေခၚဆူေနလိမ့္မယ္"
"ဟုတ္က့ဲဆရာမ"
စက္ဘီးကိုေက်ာင္းကသတ္မွတ္ထားသည့္ေနရာတြင္
ထားကာ အတန္း႐ွိသည့္ စိန္ျမင့္မိုရ္အေဆာင္ဒုတိယထပ္ကို ေျပးတက္ရျပန္သည္။အတန္းထဲေရာက္ေတာ့
ဘုရားပင္႐ွိခိုးၾကေနၿပီ။ကိုယ္ထိုင္ေနက်ေနရာျဖစ္သည့္
ေနာက္ဆံုးတန္းကို ေျခသံလံုလံုျဖင့္သြားေတာ
့တစ္ေယာက္ထဲပဲ ထိုင္ေနက်ေနရာတြင္ ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္ ထိုင္ေနသည္။ေနရာမွာ ဝင္ထိုင္လိုက္ၿပီး ေဘးကလူကိုၾကည့္မိေတာ့ ဘုရားလိုက္မ႐ွိခိုးဘဲ
ေက်ာက္သင္ပုန္းကိုသာ ေငးစိုက္ျကည့္ေနသည္။အယ္ ထူးျခားသည္သူ႔ပံုစံုက ေက်ာင္းထဲေရာက္တာေတာင္
မက္စ္တပ္ထားေသးသည္။ၿပီးေတာ ့ဒီေလာက္ပူေလာင္လွသည့္ ေႏြရာသီတြင္ လက္႐ွည္အက်ႌကိုလည္း
ဝတ္ထားကာ လက္အိတ္ကိုလည္း စြတ္ထားေသးသည္။ထူးဆန္းသလို ျကည့္လိုက္ၿပီးမွ ဘာသာျခားဟု
မွတ္လိုက္ႁပီး ေရာက္သည့္ေနရာမွ ဘုရားစာ လိုက္ရြတ္႐ွိခိုးရ၏။
ဘုရား႐ွိခိုးၿပီးေနာက္ ဆရာမႀကီးက အစည္းအေဝးဟုဆို
သည္ေၾကာင့္ အတန္းပိုင္ဆရာမသည္ က်က္စရာမ်ားကိုေပးထားခ့ဲကာ ျပန္လာလွ်င္ေမးမည္ဟုဆိုႁပီး ေျပာသြားခ့ဲသည္။လေရာင္လည္း အခြင့္အေရးရသည္မို႔ ထိုထူဆန္းသည့္အတန္းေဖာ္ဘက္ကိုလွည့္ကာ.
"မင္းက ခုမွေက်ာင္းေျပာင္းလာတာလား။
ေက်ာင္းဖြင့္တာ သံုးလေတာင္ေက်ာ္ၿပီကို။၉တန္းက
ေက်ာင္းစစ္မို႔ အေရးမႀကီးဘူးဆိုေပမယ့္ ၁၀တန္းရဲ႕
အေျခခံမို႔ ေပါ့လို႔မရဘူးေနာ္.င့ါနာမည္ကေနလေရာင္..
မင္းေကာ"
ကိုယ္ကသာ အေရးတယူစကားေျပာေသာ္လည္း
ထိုထူးဆန္းသည့္ သေကာင့္သားသည္ ေက်ာက္သင္ပုန္းကိုသာ စိုက္ၾကည့္ျမဲ။လေရာင္လက္မေလ်ာ့ေသးဘဲ
ေနာက္ထပ္စကားဆက္ေျပာသည္။
"ဒီေလာက္ပူေနတာကို လက္အိတ္ေတြေကာ လက္႐ွည္အက်ႌေတြေကာ။ ခြၽတ္ထားၿပီး ဒီေပၚတင္ထားပါ့လား"
ထိုင္ခံုကို ပုတ္ျပကာ အက်ႌတို႔ကို တင္ထားရန္ လေရာင္ ေျပာမိေသာ္လည္း သူသည္ အေရးမလုပ္။
သူ႔လက္ေမာင္းကို ထိရန္ျပင္ေတာ့ ခႏၶာကိုယ္ကို
ေနာက္ဆုတ္သြားသည္ေၾကာင့္ ကိုယ့္လက္သည္
ေလထဲမွာ ရပ္တန္႔လ်က္။ထိုအခါမွ အေနာက္တံခါးနားမွာရပ္ေနသည့္ ဦေလးႀကီးတစ္ေယာက္က ဝင္လာၿပီး..
"လူေလး သူကဘယ္သူ႔ကိုမွစကားမေျပာတတ္လို႔ပါကြယ္ သားဖာသာတစ္ေယာက္ထဲေနပါေနာ္"
"အာ ဟုတ္ ဟုတ္ ေတာင္းပန္ပါတယ္"
ထို႔သို႔ေျပာၿပီးေနာက္ ကိုယ့္ဘာသာ စာက်က္စရာ႐ွိတာက်က္ရေတာ့၏။ဘယ္လိုတုန္းမသိ ျမန္မာႏိုင္ငံလာၿပီး
ကိုရီးယားဆန္ေနတယ္ အေစာင့္ေတြဘာေတြနဲ႔ "ဟြန္႔"ဆိုကာ လေရာင္မေက်မနပ္ႏွာေခါင္း႐ွံု႔လိုက္သည္။
ခဏၾကာေတာ့ ဆရာမက အစည္းအေဝးကေန ျပန္လာၿပီး
ေက်ာင္းသားသစ္ေျပာင္းလာသည့္အေၾကာင္း မိတ္ဆက္
ေပးပါသည္။
"သားတို႔သမီးတို႔ ေနာက္ဆံုးတန္းမွာထိုင္ေနတယ့္
သားေလးနာမည္ကစိုင္းတိမ္ယံလင္းတ့ဲ စာေတြမသိတာ
ေတြသူေမးရင္ေျဖေပးလိုက္က်ပါေနာ္"
စိုင္းတိမ္ယံလင္းတ့ဲလား။သူဝတ္စားသည့္ပံုစံကို ဆရာမကဘာမွမေျပာသည္ေၾကာင့္ လေရာင္အ့ံျသမိသည္။
ေယာက်ာၤးေလးမ်ား ေက်ာင္းအျဖဴအက်ႌမွ ၾကယ္သီးကိုရင္ဘက္နားထိ ျဖဳတ္ထားသည္ကိုျမင္လွ်င္ပင္ လာဦးဟု
ေခၚကာ ျပင္ခိုင္းသည့္ဆရာမသည္ သူ႔က်ေတာ့
ဘာမွမေျပာ။
"ဆရာမက်က္ထားခိုင္းတယ့္စာရၿပီလား."
"ဟုတ္ရပါၿပီ"
အတန္းသားေတြ တက္ႂကြစြာေျဖသည္။
"ဟုတ္ပါၿပီ ဒီေန႔ဆရာမအစည္းအေဝးသြားလိုက္ရလို႔
အခ်ိန္နည္းနည္းကုန္သြားတယ္ စာေတာ့မေမးေတာ့ဘူး
စာဆက္သင္မယ္ ကဲကဲbioစာအုပ္ထုတ္"
စာသင္တုန္းလည္း စိုင္းတိမ္ယံလင္းသည္ ဘာမွမပါသည့္စာအုပ္ကိုသာ ေငးၾကည့္ေနဆဲ။ဖတ္စာအုပ္နဲ႔မ်က္ႏွာနဲ႔ကတစ္ျခားဆီ စာသင္လွ်င္ အျခားဆီသို့္ စိတ္ေရာက္ပါက
စာေမးတတ္သည့္ ဆရာမအက်င့္ကို သိသည္ေၾကာင့္
ေ႐ွ႕ကေက်ာင္းသားတစ္ေယာက္ႏွင့္ကြယ္ကာ ခါးကိုကုန္းလိုက္ၿပီး သူ႔ဘက္ကို လွည့္၍ အသံတိုးတိုးေလးျဖင့္..
"စိုင္းတိမ္ယံလင္း ဆရာမစာသင္ေနရင္အာရံုမလြင့္ေစနဲ႔
မဟုတ္ရင္စာေမးလိမ့္မယ္"
ေစတနာႏွင့္ သူစာအေမးမခံရေအာင္ ေျပာေပးတာကို
အေရးမလုပ္သည္လား တိုးလြန္းေသာအသံေၾကာင့္
မၾကားသည္လားမသိ။ဆရာမ မျမင္ေအာင္
စာအုပ္ေပၚတင္ထားသည့္ သူ႔လက္ကိုထိရန္ျပင္ေတာ့
ထိရန္အလိုမွာပင္ သူက လက္ကို ေအာက္သို႔
ပို႔လိုက္သည္။ၿပီးေတာ့သူ႔မ်က္ႏွာ ကိုယ့္ဘက္ကိုဖက္ကနဲလွည့္လာသည္ေၾကာင့္ မက္စ္ေအာက္က စူး႐ွသည့္
သူ႔မ်က္ဝန္းေတြႏွင့္စံုသည့္အခိုက္ သူ႔မ်က္ဝန္းေတြက
ခက္ထန္လြန္းလွသည္။
့္လန္႔သြားေသာ္လည္းသူ႔ကိုတစ္ခ်က္ရယ္ျပကာ..
"မၾကားဖူးထင္လို႔ ေဆာတီး ဟီးဟီး"
ထိုသို႔မ်က္ႏွာခ်ိဳေသြးလိုက္ရသည္။
......................................................................
ထမင္းစားဆင္းခ်ိန္ေရာက္ေတာ့ မုန္႔ေစ်းတန္းသို႔
အတူသြားခ်င္လားဟု ေမးရန္ သူ႔ကိုၾကည့္လိုက္ေတာ့
ေဘးကဦးေလးႀကီးက သူစားဖို့္ ထမင္းပန္းကန္ေတြကို
ျပင္ဆင္ေပးေနသည္ေၾကာင့္ ေျပာဖို႔ အခြင့္အေရးမရ။
ဟင္းဆယ္မ်ိဳးေက်ာ္ေလာက္ပါသည့္သူ႔ထမင္းဝိုင္းကို အားက်ပါေသာ္လည္း အားက်ရံုမွတစ္ပါးမတတ္ႏိုင္သည္ေၾကာင့္ ထမင္းစားရန္မုန္႔ေစ်းကိုသာ
ထြက္လာခ့ဲလိုက္ေတာ့သည္။
"ေဒၚေဒၚတူး သားကိုထမင္းတစ္ပြဲေပးပါ.."
"ဟုတ္ၿပီ ခဏေစာင့္ေနာ္သား"
ေဒၚေလးတူးဆီ ထမင္းတစ္ပြဲသာ မွာေသာ္လည္းၾကက္ဥ
ေၾကာ္ပါထည့္ေပးသည္။ဘာေၾကာင့္လဲဆိုေတာ့ သားကအရမ္းခ်စ္ဖို႔ေကာင္းလို႔တ့ဲ။
"ေဒၚေဒၚကလည္း ၾကက္ဥေၾကာ္ထည့္ေပးျပန္ႁပီ"
"စားပါသားရယ္ ၾကက္သားေၾကာ္ပါယူစား ဘာမွမျဖစ္ဘူး"
"မဟုတ္တာ အားနာစရာႀကီး"
"ဘာမွအားနာစရာမလိုဘူး ယူစား ေဒၚေလးအရင္းမျပဳတ္ပါဘူးေဒၚေလးေစတနာကို တန္ဖိုးထားရင္စားေနာ္"
ထိုသို႔ေျပာေတာ့ လေရာင္တို႔ ထံုစံအတိုင္း
ခ်စ္ဖို႔ေကာင္းသည္အထိ ျပံဳးျပလိုက္၏။
ေဒၚေလးတူးက အူယားလို႔ထင္ ဆံပင္ကိုဖြသြားသည္။
ထမင္းစားၿပီးဘအတန္းထဲျပန္ဝင္လာေတာ့ ကိုယ့္ထိုင္ခံုေပၚကို က်က်နန ထိုင္ကာလြယ္အိတ္ကို
ဖြ႐ွာေနသည့္ ဥာဏ္မင္းတို႔အုပ္စု။
"မင္းတို႔ဘာလုပ္ေနက်တာလဲ"
အျမန္သြားကာ ဥာဏ္မင္းလက္ထဲက လြယ္အိတ္ကို
လေရာင္ဆြဲယူလိုက္သည္။
"သူမ်ားလြယ္အိတ္ကို ပိုင္႐ွင္မသိဘဲမကိုင္ရဘူးဆိုတာမသိဘူးလား"
"ဟက္ အေျခာက္ကမ်ား"
"ဘာ!"
"အေျခာက္လို႔ေျပာလိုက္တာေလ ေယာက်ာၤးျဖစ္ၿပီး
ေယာက်ာၤးလိုမေနဘဲမိန္းမလိုေနေနလို႔ အေျခာက္လို႔ေျပာတာေလ"
"ငါ့ဘာသာဘယ္လိုေနေန မင္းအပူမပါဘူး"
"ၾကည့္စမ္းေဟ့ေကာင္ေတြ မိန္းမႀကီးက်လို႔ ရန္ေထာင္တာ သူေျခာက္မေျခာက္မင္းတို႔သိခ်င္လား"
ဥာဏ္မင္းေမးလိုက္ေတာ့ သူ႔သူငယ္ခ်င္းမ်ားက
"သိခ်င္တယ္"ဟုေျပာၾကသည္။
"ဒီမွာေလ ေယာက်ာၤးျဖစ္ၿပီးမိန္းမအက်ႌဆြဲထားတာ."
ဥာဏ္မင္းလက္ထဲက ပစၥည္းကိုၾကည့္လိုက္ေတာ့ သူမနက္ကမွ ဆြဲထားသည့္ပံုေလး။
"ဥာဏ္မင္း အ့ဲစာရြက္ျပန္ေပး!!"
ဥာဏ္မင္းလက္ထဲက စာရြက္ကိုယူမည္ျပင္ေတာ့
လက္ကိုအေပၚသို႔ေျမႇာက္လိုက္သည္။
"ဘာလဲ မင္းကခ်ဳပ္ၿပီးဝတ္မလို႔လား"
"မင္း.."
ထိုစကားေၾကာင့္ ဥာဏ္မင္းသူငယ္ခ်င္းေတြသာမက
အတန္းထဲကေက်ာင္းသူေက်ာင္းသားေတြပါ
ဝိုင္းရယ္ၾကသည္။စိတ္တိုကာထိုးရန္ျပင္ေတာ့..
"အ့ဲဒါဘာျဖစ္ေနက်တာလဲ"
စိုင္းတိမ္ယံလင္း၏အေစာင့္ႏွင့္အတူ ဆရာမ ယေရာက္လာသည္ေၾကာင့္ စိတ္ကို လေရာင္ေလ်ာ့ထားလိုက္သည္။
"လေရာင္ကိုစျပန္ၿပီလား ဥာဏ္မင္း ႐ိုက္ခံထိခ်င္ၿပီလား
ကိုယ့္ေနရာကိုယ္သြားက်ေတာ့.."
ဥာဏ္မင္းလည္း စာရြက္ကိုစားပြဲေပၚသို႔ခ်ကာ
သူ႔ေနရာကိုျပန္သြားေတာ့သည္။ဆရာမက
သတိေပးၿပီးသည္ႏွင့္ အတန္းကိုလွည့္ပတ္ၾကည့္ကာ
ျပန္ထြက္သြားျပန္၏။အေစာင့္ဦးေလးႀကီးကေတာ့
တံခါးဝမွာ ရပ္ျမဲအတိုင္းရပ္ေနဆဲ။
ကိုယ္ႏွင့္အတူထိုင္သည့္ သူငယ္ခ်င္း၏လြယ္အိတ္ကို္
အျခားသူ ေလွ်ာက္ကိုင္ေနသည္ကို မတားဘဲ မသိသလိုေနႏိုင္သည့္ စိုင္းတိမ္ယံလင္းဘက္သို႔ လွည့္ကာ..
"မင္း ငါ့လြယ္အိတ္ကို ႐ွာေနတာ တားသင့္တယ္မလား"
ေမးျပန္ေတာ့လည္း အဖက္မလုပ္ဘဲ လက္ပိုက္ကာယေက်ာက္သင္ပုန္းကိုသာ ၾကည့္ျမဲျကည့္ဆဲ။
"စကားမေျပာခ်င္ေပမယ့္အျခားသူရဲ႕လြယ္အိတ္ကို႐ွာေနတာေတာ့တားေပးသင့္တယ္မလား"
အဖက္မလုပ္သည္ေၾကာင့္.
"ေသာက္ဘဝင္႐ူးေကာင္ ေကာင္းက်ိဳးမေပးဘူး"
"ဘာေျပာတယ္.."
ပထမဆံုးထြက္လာသည့္စကား။ေနလေရာင္
မ်က္ႏွာမ့ဲျပလိုက္ၿပီး..
"စကားေတာ့ေျပာတတ္သားဘဲ ငါက မင္းကို အ ေနတယ္ထင္တာ"
"မင္း"
မင္း ဆိုကာထိုင္ေနရာမွ ကိုယ့္ဘက္ကို လွည့္ရပ္လိုက္
သည့္ စိုင္းတိမ္ယံလင္း။ကိုယ္ကပုေနသည္မို႔ သူ႔ကို
ေမာ့ၾကည့္ကာျဖင့္
"ဘာလဲမေက်နပ္ဘူးလား.."
"ေတာက္!"
"ငါေမးတာေျဖေလ မင္းတားေပးသင့္တယ္မလား အတူတူထိုင္တ့ဲသူငယ္ခ်င္းဘဲေလ"
"ငါကဘာလို႔တားေပးရမွာလဲ.."
"မတားခ်င္ရင္ေတာင္ငါ့လြယ္အိတ္ကိုယူထားေပးေလ"
"မယူခ်င္ပါဘူး ဒီေလာက္စုတ္ပ်က္ညစ္ပတ္ေနတယ့္လြယ္အိတ္ကို"
"မင္း!!.."
ထိုအေျပာေၾကာင့္ မင္းလြယ္အိတ္ေတာင္ ဘယ္ေလာက္တန္တာလဲလို႔ ေမးလိုက္ခ်င္ေပမယ့္ ထိုင္ခံုေပၚ
တင္ထားသည့္ ရာခ်ီတန္လြယ္အိတ္ေလးက
ကိုယ့္ကိုေလွာင္ေျပာင္ေနသေယာင္။မခံခ်င္သည့္
ေဒါသေၾကာင့္ ဆက္ေျပာခ်င္ေသာ္လည္း
ကိုယ္ဘဲအေျပာခံရမွာမလို႔ စိ္တ္ကိုထိန္းထားေတာ့
ရလဒ္က ပါးေပၚက်လာသည့္မ်က္ရည္ေတြသာ။လက္ခံုျဖင့္ပြတ္ကာ သုတ္လိုက္ၿပီး ကိုယ့္ေနရာမွာသာျပန္ထိုင္၍
စားပြဲေပၚက ဥာဏ္မင္းတို႔ဖြသြားသည့္ ေရာင္စံုခဲတံေတြကိုလြယ္အိတ္ထျဲပန္ထည့္ေနလိုက္သည္။ပံုဆြဲထားသည့္
စာရြက္ေလးၾကည့္လိုက္ေတာ့ ျပဲပင္ျပဲေနသည္။
"ငါ့ပံုေလး.."
လြယ္အိတ္ထဲက ေကာ္ေတာင့္ဘူးကို ထုတ္ကာ
အေသအခ်ာ ျပန္ကပ္ၿပီးေနာက္ သခ်ာၤစာအုပ္ထဲ
ေသခ်ာညႇပ္ထားလိုက္သည္။ဟိုဘဝင္႐ူးဘက္ၾကည့္လိုက္ေတာ့ ေ႐ွ႕တည့္တည့္ကိုဘဲ မ်က္ႏွာမူထားကာ မသိသလိုေနေနသည္။
"ဟြန္႔."
လေရာင္ မေက်မနပ္ ႏွာမႈတ္လိုက္မိသည္။
......................................................................
လှပလွန်းသည့် မန္တလေးအလှတရားနှင့်အတူ ကျုံးမြို့ရိုးကြီးအကျော်က မန္တလေးတောင်အလှကိုကြည့်ရင်း
နေလရောင် စိတ်ကူးယဉ်ကြည့်နေမိသည်။ခု သူရောက်နေတာက ကျုံးဘေး မန္တလေးတောင်ကို မြင်ရသည့်နေရာပင်။
"အင်း..ဒီမန္တလေးတောင်နဲ့ကျုံးလိုမျိုး ကြည့်နေရုံနဲ့
လှှတယ့်ဒီဇိုင်းမျိုး ဖန်တီးရမယ်"
ထိုအကြံကြောင့် လက်ဖြောက်တစ်ချက်တီးရင်း
အပေါက်အပြဲ၊အဖာအထေးဗျစ်ထူနေသော
လွယ်အိတ်ထဲမှအဖြူရောင်စက္ကူ A4စာရွက်တစ်ရွက်ကို
ထုတ်၊ကိုမာဘူးမရှိတာကြောင့် လွယ်အိတ်ထဲဘဲ
အလွယ်တကူထည့်ထားသည့် ခဲတံပုတိုတစ်ချောင်းကို
လက်နှိုက်ယူကာ အကျႌပုံကို လရောင်စဆွဲတော့သည်။
"ဒီလို မျက်စိအေးကြည်လင်ဖို့ဆိုရင် အဖြူနဲ့အစိမ်းနုကို
သုံးရမယ်"
စိတ်ကူးထဲကအတိုင်း အဖြူရောင်ဂါဝန်ဝဲလေးပေါ်တွင်
သစ်ရွက်ကလေးတွေအထပ်ထပ်ပုံစံကို ခါးပိုင်းကနေ
အောက်ဘက်ဆုံးအထိ ဖြာထွက်နေသည့်ပုံစံ
ဆွဲလိုက်၏။ဘာမှမခြယ်ထားရုံနှင့်တင် သူ၏အကျႌပုံလေးသည် အမြင်ရှင်းကာရိုးရိုးလေးနှင့်ဆွဲဆောင်မှုရှိနေသည်။
ဆွဲပြီးသည်နှင့်ကိုယ့်လက်ရာကို လရောင်တစ်ချက်ကြည့်ကာ.
"အရမ်းလှတာဘဲ မင်းတော်တယ်နေလရောင်.."
ကိုယ့်ကိုယ်ကိုချီးကျူ းပြီး ဘယ်အချိန်ရှိပြီလဲ သိချင်သည်မို့ လက်ပက်ကြိုးပြတ်သွားသည်ကြောင့် လွယ်အိတ်ထဲထည့်ထားသောနာရီလေးကိုယူကြည့်လိုက်တော့..
"ဘာ ရှစ်နာရီခွဲပြီးငါးမိနစ်."
နာရီကြည့်ပြီးသည်နှင့် ခုံပေါ်မှအမြန်ထကာ လွယ်အိတ်အစုတ်ထဲသို့ ဘေးနားမှာချထားသည့် စာရွက်တွေ ရောင်စုံတွေကို ဝရုန်းသုန်းကား အမြန်ကောက်ထည့်ရသည်။
ပြီးကျမှ ဆွဲထားသည့်စာရွက်ကို သချာၤစာရွက်ထူထူကြားထဲ မခေါက်စေရန် သေချာညှပ်ကာ စာအုပ်ကိုလွယ်အိတ်ထဲသေချာထည့်ပြီး လွယ်အိတ်ကိုလွယ် ဘေးမှာရပ်ထားသည့် စက်ဘီးပေါ်ကိုအမြန်ခွ၍
အ.ထ.က၆အထိ မိုင်ကုန်အမြန်စီးလာရသည်။
ကျောင်းရောက်တော့ ကျောင်းတက်သွားသည်ကြောင့်
ဂိတ်တံခါးပင်ပိတ်တော့မည်။လရောင် အမြန်ပြေးကာ..
"ဆရာမ သားသားကျန်သေးတယ် ပိတ်ပါနဲ့ဦး ဟီးဟီး"
ဂိတ်စောင့်ဆရာမအား ချစ်စရာကောင်းသော
သွားညီညီတန်းတန်းလေးနှင့်သွားတက်လေးပေါ်အောင်
အထိ လရောင်ပြုံးပြလိုက်သည်။ပါးချိုင့်လေးကအစစ်ပါသေး၏။
"နောက်ကျတယ်နော်သားသား..မြန်မြန်သွားဆရာမကြီးသိရင်ခေါ်ဆူနေလိမ့်မယ်"
"ဟုတ်က့ဲဆရာမ"
စက်ဘီးကိုကျောင်းကသတ်မှတ်ထားသည့်နေရာတွင်
ထားကာ အတန်းရှိသည့် စိန်မြင့်မိုရ်အဆောင်ဒုတိယထပ်ကို ပြေးတက်ရပြန်သည်။အတန်းထဲရောက်တော့
ဘုရားပင်ရှိခိုးကြနေပြီ။ကိုယ်ထိုင်နေကျနေရာဖြစ်သည့်
နောက်ဆုံးတန်းကို ခြေသံလုံလုံဖြင့်သွားတော
့တစ်ယောက်ထဲပဲ ထိုင်နေကျနေရာတွင် နောက်ထပ်ကျောင်းသားတစ်ယောက် ထိုင်နေသည်။နေရာမှာ ဝင်ထိုင်လိုက်ပြီး ဘေးကလူကိုကြည့်မိတော့ ဘုရားလိုက်မရှိခိုးဘဲ
ကျောက်သင်ပုန်းကိုသာ ငေးစိုက်ကြည့်နေသည်။အယ် ထူးခြားသည်သူ့ပုံစုံက ကျောင်းထဲရောက်တာတောင်
မက်စ်တပ်ထားသေးသည်။ပြီးတော့ဒီလောက်ပူလောင်လှသည့် နွေရာသီတွင် လက်ရှည်အကျႌကိုလည်း
ဝတ်ထားကာ လက်အိတ်ကိုလည်း စွတ်ထားသေးသည်။ထူးဆန်းသလို ကြည့်လိုက်ပြီးမှ ဘာသာခြားဟု
မှတ်လိုက်ပြီး ရောက်သည့်နေရာမှ ဘုရားစာ လိုက်ရွတ်ရှိခိုးရ၏။
ဘုရားရှိခိုးပြီးနောက် ဆရာမကြီးက အစည်းအဝေးဟုဆို
သည်ကြောင့် အတန်းပိုင်ဆရာမသည် ကျက်စရာများကိုပေးထားခ့ဲကာ ပြန်လာလျှင်မေးမည်ဟုဆိုပြီး ပြောသွားခ့ဲသည်။လရောင်လည်း အခွင့်အရေးရသည်မို့ ထိုထူဆန်းသည့်အတန်းဖော်ဘက်ကိုလှည့်ကာ.
"မင်းက ခုမှကျောင်းပြောင်းလာတာလား။
ကျောင်းဖွင့်တာ သုံးလတောင်ကျော်ပြီကို။၉တန်းက
ကျောင်းစစ်မို့ အရေးမကြီးဘူးဆိုပေမယ့် ၁၀တန်းရဲ့
အခြေခံမို့ ပေါ့လို့မရဘူးနော်.င့ါနာမည်ကနေလရောင်..
မင်းကော"
ကိုယ်ကသာ အရေးတယူစကားပြောသော်လည်း
ထိုထူးဆန်းသည့် သကောင့်သားသည် ကျောက်သင်ပုန်းကိုသာ စိုက်ကြည့်မြဲ။လရောင်လက်မလျော့သေးဘဲ
နောက်ထပ်စကားဆက်ပြောသည်။
"ဒီလောက်ပူနေတာကို လက်အိတ်တွေကော လက်ရှည်အကျႌတွေကော။ ချွတ်ထားပြီး ဒီပေါ်တင်ထားပါ့လား"
ထိုင်ခုံကို ပုတ်ပြကာ အကျႌတို့ကို တင်ထားရန် လရောင် ပြောမိသော်လည်း သူသည် အရေးမလုပ်။
သူ့လက်မောင်းကို ထိရန်ပြင်တော့ ခန္ဓာကိုယ်ကို
နောက်ဆုတ်သွားသည်ကြောင့် ကိုယ့်လက်သည်
လေထဲမှာ ရပ်တန့်လျက်။ထိုအခါမှ အနောက်တံခါးနားမှာရပ်နေသည့် ဦလေးကြီးတစ်ယောက်က ဝင်လာပြီး..
"လူလေး သူကဘယ်သူ့ကိုမှစကားမပြောတတ်လို့ပါကွယ် သားဖာသာတစ်ယောက်ထဲနေပါနော်"
"အာ ဟုတ် ဟုတ် တောင်းပန်ပါတယ်"
ထို့သို့ပြောပြီးနောက် ကိုယ့်ဘာသာ စာကျက်စရာရှိတာကျက်ရတော့၏။ဘယ်လိုတုန်းမသိ မြန်မာနိုင်ငံလာပြီး
ကိုရီးယားဆန်နေတယ် အစောင့်တွေဘာတွေနဲ့ "ဟွန့်"ဆိုကာ လရောင်မကျေမနပ်နှာခေါင်းရှုံ့လိုက်သည်။
ခဏကြာတော့ ဆရာမက အစည်းအဝေးကနေ ပြန်လာပြီး
ကျောင်းသားသစ်ပြောင်းလာသည့်အကြောင်း မိတ်ဆက်
ပေးပါသည်။
"သားတို့သမီးတို့ နောက်ဆုံးတန်းမှာထိုင်နေတယ့်
သားလေးနာမည်ကစိုင်းတိမ်ယံလင်းတ့ဲ စာတွေမသိတာ
တွေသူမေးရင်ဖြေပေးလိုက်ကျပါနော်"
စိုင်းတိမ်ယံလင်းတ့ဲလား။သူဝတ်စားသည့်ပုံစံကို ဆရာမကဘာမှမပြောသည်ကြောင့် လရောင်အ့ံသြမိသည်။
ယောကျာၤးလေးများ ကျောင်းအဖြူအကျႌမှ ကြယ်သီးကိုရင်ဘက်နားထိ ဖြုတ်ထားသည်ကိုမြင်လျှင်ပင် လာဦးဟု
ခေါ်ကာ ပြင်ခိုင်းသည့်ဆရာမသည် သူ့ကျတော့
ဘာမှမပြော။
"ဆရာမကျက်ထားခိုင်းတယ့်စာရပြီလား."
"ဟုတ်ရပါပြီ"
အတန်းသားတွေ တက်ကြွစွာဖြေသည်။
"ဟုတ်ပါပြီ ဒီနေ့ဆရာမအစည်းအဝေးသွားလိုက်ရလို့
အချိန်နည်းနည်းကုန်သွားတယ် စာတော့မမေးတော့ဘူး
စာဆက်သင်မယ် ကဲကဲbioစာအုပ်ထုတ်"
စာသင်တုန်းလည်း စိုင်းတိမ်ယံလင်းသည် ဘာမှမပါသည့်စာအုပ်ကိုသာ ငေးကြည့်နေဆဲ။ဖတ်စာအုပ်နဲ့မျက်နှာနဲ့ကတစ်ခြားဆီ စာသင်လျှင် အခြားဆီသို့် စိတ်ရောက်ပါက
စာမေးတတ်သည့် ဆရာမအကျင့်ကို သိသည်ကြောင့်
ရှေ့ကကျောင်းသားတစ်ယောက်နှင့်ကွယ်ကာ ခါးကိုကုန်းလိုက်ပြီး သူ့ဘက်ကို လှည့်၍ အသံတိုးတိုးလေးဖြင့်..
"စိုင်းတိမ်ယံလင်း ဆရာမစာသင်နေရင်အာရုံမလွင့်စေနဲ့
မဟုတ်ရင်စာမေးလိမ့်မယ်"
စေတနာနှင့် သူစာအမေးမခံရအောင် ပြောပေးတာကို
အရေးမလုပ်သည်လား တိုးလွန်းသောအသံကြောင့်
မကြားသည်လားမသိ။ဆရာမ မမြင်အောင်
စာအုပ်ပေါ်တင်ထားသည့် သူ့လက်ကိုထိရန်ပြင်တော့
ထိရန်အလိုမှာပင် သူက လက်ကို အောက်သို့
ပို့လိုက်သည်။ပြီးတော့သူ့မျက်နှာ ကိုယ့်ဘက်ကိုဖက်ကနဲလှည့်လာသည်ကြောင့် မက်စ်အောက်က စူးရှသည့်
သူ့မျက်ဝန်းတွေနှင့်စုံသည့်အခိုက် သူ့မျက်ဝန်းတွေက
ခက်ထန်လွန်းလှသည်။
့်လန့်သွားသော်လည်းသူ့ကိုတစ်ချက်ရယ်ပြကာ..
"မကြားဖူးထင်လို့ ဆောတီး ဟီးဟီး"
ထိုသို့မျက်နှာချိုသွေးလိုက်ရသည်။
......................................................................
ထမင်းစားဆင်းချိန်ရောက်တော့ မုန့်ဈေးတန်းသို့
အတူသွားချင်လားဟု မေးရန် သူ့ကိုကြည့်လိုက်တော့
ဘေးကဦးလေးကြီးက သူစားဖို့် ထမင်းပန်းကန်တွေကို
ပြင်ဆင်ပေးနေသည်ကြောင့် ပြောဖို့ အခွင့်အရေးမရ။
ဟင်းဆယ်မျိုးကျော်လောက်ပါသည့်သူ့ထမင်းဝိုင်းကို အားကျပါသော်လည်း အားကျရုံမှတစ်ပါးမတတ်နိုင်သည်ကြောင့် ထမင်းစားရန်မုန့်ဈေးကိုသာ
ထွက်လာခ့ဲလိုက်တော့သည်။
"ဒေါ်ဒေါ်တူး သားကိုထမင်းတစ်ပွဲပေးပါ.."
"ဟုတ်ပြီ ခဏစောင့်နော်သား"
ဒေါ်လေးတူးဆီ ထမင်းတစ်ပွဲသာ မှာသော်လည်းကြက်ဥ
ကြော်ပါထည့်ပေးသည်။ဘာကြောင့်လဲဆိုတော့ သားကအရမ်းချစ်ဖို့ကောင်းလို့တ့ဲ။
"ဒေါ်ဒေါ်ကလည်း ကြက်ဥကြော်ထည့်ပေးပြန်ပြီ"
"စားပါသားရယ် ကြက်သားကြော်ပါယူစား ဘာမှမဖြစ်ဘူး"
"မဟုတ်တာ အားနာစရာကြီး"
"ဘာမှအားနာစရာမလိုဘူး ယူစား ဒေါ်လေးအရင်းမပြုတ်ပါဘူးဒေါ်လေးစေတနာကို တန်ဖိုးထားရင်စားနော်"
ထိုသို့ပြောတော့ လရောင်တို့ ထုံစံအတိုင်း
ချစ်ဖို့ကောင်းသည်အထိ ပြုံးပြလိုက်၏။
ဒေါ်လေးတူးက အူယားလို့ထင် ဆံပင်ကိုဖွသွားသည်။
ထမင်းစားပြီးဘအတန်းထဲပြန်ဝင်လာတော့ ကိုယ့်ထိုင်ခုံပေါ်ကို ကျကျနန ထိုင်ကာလွယ်အိတ်ကို
ဖွရှာနေသည့် ဉာဏ်မင်းတို့အုပ်စု။
"မင်းတို့ဘာလုပ်နေကျတာလဲ"
အမြန်သွားကာ ဉာဏ်မင်းလက်ထဲက လွယ်အိတ်ကို
လရောင်ဆွဲယူလိုက်သည်။
"သူများလွယ်အိတ်ကို ပိုင်ရှင်မသိဘဲမကိုင်ရဘူးဆိုတာမသိဘူးလား"
"ဟက် အခြောက်ကများ"
"ဘာ!"
"အခြောက်လို့ပြောလိုက်တာလေ ယောကျာၤးဖြစ်ပြီး
ယောကျာၤးလိုမနေဘဲမိန်းမလိုနေနေလို့ အခြောက်လို့ပြောတာလေ"
"ငါ့ဘာသာဘယ်လိုနေနေ မင်းအပူမပါဘူး"
"ကြည့်စမ်းဟေ့ကောင်တွေ မိန်းမကြီးကျလို့ ရန်ထောင်တာ သူခြောက်မခြောက်မင်းတို့သိချင်လား"
ဉာဏ်မင်းမေးလိုက်တော့ သူ့သူငယ်ချင်းများက
"သိချင်တယ်"ဟုပြောကြသည်။
"ဒီမှာလေ ယောကျာၤးဖြစ်ပြီးမိန်းမအကျႌဆွဲထားတာ."
ဉာဏ်မင်းလက်ထဲက ပစ္စည်းကိုကြည့်လိုက်တော့ သူမနက်ကမှ ဆွဲထားသည့်ပုံလေး။
"ဉာဏ်မင်း အ့ဲစာရွက်ပြန်ပေး!!"
ဉာဏ်မင်းလက်ထဲက စာရွက်ကိုယူမည်ပြင်တော့
လက်ကိုအပေါ်သို့မြှောက်လိုက်သည်။
"ဘာလဲ မင်းကချုပ်ပြီးဝတ်မလို့လား"
"မင်း.."
ထိုစကားကြောင့် ဉာဏ်မင်းသူငယ်ချင်းတွေသာမက
အတန်းထဲကကျောင်းသူကျောင်းသားတွေပါ
ဝိုင်းရယ်ကြသည်။စိတ်တိုကာထိုးရန်ပြင်တော့..
"အ့ဲဒါဘာဖြစ်နေကျတာလဲ"
စိုင်းတိမ်ယံလင်း၏အစောင့်နှင့်အတူ ဆရာမ ယရောက်လာသည်ကြောင့် စိတ်ကို လရောင်လျော့ထားလိုက်သည်။
"လရောင်ကိုစပြန်ပြီလား ဉာဏ်မင်း ရိုက်ခံထိချင်ပြီလား
ကိုယ့်နေရာကိုယ်သွားကျတော့.."
ဉာဏ်မင်းလည်း စာရွက်ကိုစားပွဲပေါ်သို့ချကာ
သူ့နေရာကိုပြန်သွားတော့သည်။ဆရာမက
သတိပေးပြီးသည်နှင့် အတန်းကိုလှည့်ပတ်ကြည့်ကာ
ပြန်ထွက်သွားပြန်၏။အစောင့်ဦးလေးကြီးကတော့
တံခါးဝမှာ ရပ်မြဲအတိုင်းရပ်နေဆဲ။
ကိုယ်နှင့်အတူထိုင်သည့် သူငယ်ချင်း၏လွယ်အိတ်ကို်
အခြားသူ လျှောက်ကိုင်နေသည်ကို မတားဘဲ မသိသလိုနေနိုင်သည့် စိုင်းတိမ်ယံလင်းဘက်သို့ လှည့်ကာ..
"မင်း ငါ့လွယ်အိတ်ကို ရှာနေတာ တားသင့်တယ်မလား"
မေးပြန်တော့လည်း အဖက်မလုပ်ဘဲ လက်ပိုက်ကာယကျောက်သင်ပုန်းကိုသာ ကြည့်မြဲကြည့်ဆဲ။
"စကားမပြောချင်ပေမယ့်အခြားသူရဲ့လွယ်အိတ်ကိုရှာနေတာတော့တားပေးသင့်တယ်မလား"
အဖက်မလုပ်သည်ကြောင့်.
"သောက်ဘဝင်ရူးကောင် ကောင်းကျိုးမပေးဘူး"
"ဘာပြောတယ်.."
ပထမဆုံးထွက်လာသည့်စကား။နေလရောင်
မျက်နှာမ့ဲပြလိုက်ပြီး..
"စကားတော့ပြောတတ်သားဘဲ ငါက မင်းကို အ နေတယ်ထင်တာ"
"မင်း"
မင်း ဆိုကာထိုင်နေရာမှ ကိုယ့်ဘက်ကို လှည့်ရပ်လိုက်
သည့် စိုင်းတိမ်ယံလင်း။ကိုယ်ကပုနေသည်မို့ သူ့ကို
မော့ကြည့်ကာဖြင့်
"ဘာလဲမကျေနပ်ဘူးလား.."
"တောက်!"
"ငါမေးတာဖြေလေ မင်းတားပေးသင့်တယ်မလား အတူတူထိုင်တ့ဲသူငယ်ချင်းဘဲလေ"
"ငါကဘာလို့တားပေးရမှာလဲ.."
"မတားချင်ရင်တောင်ငါ့လွယ်အိတ်ကိုယူထားပေးလေ"
"မယူချင်ပါဘူး ဒီလောက်စုတ်ပျက်ညစ်ပတ်နေတယ့်လွယ်အိတ်ကို"
"မင်း!!.."
ထိုအပြောကြောင့် မင်းလွယ်အိတ်တောင် ဘယ်လောက်တန်တာလဲလို့ မေးလိုက်ချင်ပေမယ့် ထိုင်ခုံပေါ်
တင်ထားသည့် ရာချီတန်လွယ်အိတ်လေးက
ကိုယ့်ကိုလှောင်ပြောင်နေသယောင်။မခံချင်သည့်
ဒေါသကြောင့် ဆက်ပြောချင်သော်လည်း
ကိုယ်ဘဲအပြောခံရမှာမလို့ စိ်တ်ကိုထိန်းထားတော့
ရလဒ်က ပါးပေါ်ကျလာသည့်မျက်ရည်တွေသာ။လက်ခုံဖြင့်ပွတ်ကာ သုတ်လိုက်ပြီး ကိုယ့်နေရာမှာသာပြန်ထိုင်၍
စားပွဲပေါ်က ဉာဏ်မင်းတို့ဖွသွားသည့် ရောင်စုံခဲတံတွေကိုလွယ်အိတ်ထြဲပန်ထည့်နေလိုက်သည်။ပုံဆွဲထားသည့်
စာရွက်လေးကြည့်လိုက်တော့ ပြဲပင်ပြဲနေသည်။
"ငါ့ပုံလေး.."
လွယ်အိတ်ထဲက ကော်တောင့်ဘူးကို ထုတ်ကာ
အသေအချာ ပြန်ကပ်ပြီးနောက် သချာၤစာအုပ်ထဲ
သေချာညှပ်ထားလိုက်သည်။ဟိုဘဝင်ရူးဘက်ကြည့်လိုက်တော့ ရှေ့တည့်တည့်ကိုဘဲ မျက်နှာမူထားကာ မသိသလိုနေနေသည်။
"ဟွန့်."
လရောင် မကျေမနပ် နှာမှုတ်လိုက်မိသည်။
......................................................................