Past and Future

由 huangmingzhuu

76.4K 3.6K 231

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... 更多

<1>
<2>
<3>
<4>
<5>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<19>
<20>
<21>
<22>
<23>
<24>
<25>
<26>
<27>
<28>
<29>
<31>
<32>
<Final>

<30>

1.2K 77 6
由 huangmingzhuu

တိတ်ဆိတ်သော Toilet ထဲတွင် အစိုဓာတ်ကြောင့် အေးစိမ့်စိမ့်ဖြစ်နေသည်။

နီးကပ်သောမျက်ဝန်းများဟာ လျှပ်စီးကြောင်းများအလား ကျိန်းစပ်စေသည်။

ယောကျင်္ားအချင်းချင်း ကြိုးစားပြောလိုက်သော ဘုန်းစစ်သွေးစကားမှာ ပြတ်သားလွန်းခဲ့သည်။

ရှင်းသန့်မြတ်ပိုင် ပြောစရာစကားမရှိကြောက်လန့်စွာ ကြည့်နေမိသည်။

သို့သော် ထိုမျက်ဝန်းနက်နက်များကို ကြာကြာမခံနိုင်ပါ။

ရှောင်လွှဲနိုင်ရန်ကြိုးစားနေသော်လည်း ထိုမျက်ဝန်းများသာ ပြန်လည် လွှမ်းမိုးလာသည်။

"ကိုငယ်.."

ဘုန်းစစ်သွေးအသံမှာပြတ်သားသည်။

ငြိမ်သက်နေသော Toilet ထဲ ဘုန်းစစ်သွေး ခေါ်သံကြောင့် တုန်လှုပ်သွားမိသည်။

အစတည်းက တဒိတ်ဒိတ်ခုန်နေသောရင်ခုန်သံများနှင့်အတူ လူကိုပါတုန်လှုပ်သွားစေသည်။

"ကျွန်တော့်ကို တစ်ခုခုပြောဦးလေ.."

"ငါ့မှာဘာမှပြောစရာမရှိဘူး.."

မဝံ့မရဲကြိုးစားပြောလိုက်ပြီး ဘုန်းစစ်သွေးကိုကျော်ကာ ထွက်သွားရန် ပြင်နေသည်။

ဘုန်းစစ်သွေးစိတ်မရှည်စွာဖြင့်လက်ကိုလှမ်းဆွဲလိုက်ပြန်သည်။

"ကိုငယ် လိမ်နေတာကျွန်တော်သိတယ်.. ကိုငယ်လိမ်
ရင် ဘယ်တော့မှ ကျွန်တော့်မျက်လုံးကိုကြည့်မပြောဘူး.. အသံတွေတုန်နေတာ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိတယ်.. ကိုငယ် ကျွန်တော့်ကို မုန်းတယ်ဆိုရင်.. ကျွန်တော့်ကို ပြန်မချစ်နိုင်ဘူးဆိုရင်.. ကျွန်တော့်ကို ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေတယ်ဆိုရင်.. ကျွန်တော့်မျက်လုံးကို သေချာကြည့်ပြီး ပြောချလိုက်ပါ.. ကျွန်တော့်ကို သေချာကြည့်ပြီး မင်းကိုငါမုန်းနေတာဟုတ်တယ်လို့ ပြောကြည့်စမ်းပါ.. အဲ့ဒါဆို ကျွန်တော် ကိုငယ့်အနားက တစ်သက်လုံး ရှောင်ထွက်သွားပေးမယ်.. ကိုငယ်ရှောင်စရာမလိုဘူး.. ကျွန်တော်ပဲထွက်သွားပေးမယ်..."

တင်းကြပ်စွာဆုပ်ကိုင်ထားသောဘုန်းစစ်လက်များကို ရှင်းသန့်ခါချလိုက်သည်။

ခေါင်းကိုငုံ့ထားပြီး နှုတ်ခမ်းကိုကိုက်ထားသည်။

ဆုပ်ထားသောလက်သီးများမှာ တုန်နေသည်။

"ပြောလေ ကိုငယ်.."

"ဘုန်းစစ်သွေး မင်း.."

ရှင်းသန့်လက်သီးများမှာ ပို၍ တုန်ယင်လာသည်။

ကိုက်ထားသောနှုတ်ခမ်းများလည်း တုန်ယင်နေပြီး ဘုန်းစစ်အကြည့်များကိုရင်ဆိုင်ရန်ကြိုးစားနေသည်။

သို့သော် ရှင်းသန့်မအောင်မြင်ခဲ့ပါ။

ဒီ Game မှာရှင်းသန့်မအောင်မြင်ခဲ့ပါ။

ဒါပေမယ့် အဲ့ဒီအစား ဘုန်းစစ်မျက်နှာကိုတစ်ချက်ထိုးပြီး Toilet ထဲမှလျင်မြန်စွာထွက်သွားသည်။

ပြေးနေသောခြေလှမ်းများမှာ အားနည်းလာသည်။

မျက်ရည်စက်များ လမ်းတစ်လျှောက် သဲလွန်စအဖြစ် ကျကျန်ရစ်ခဲ့သည်။

ဆုပ်ထားသောလက်သီးများကိုဖြည်လိုက်တော့ ချွေးစေးများပင်ထွက်နေသည်။

ကိုက်ခဲ့သောနှုတ်ခမ်းများမှာ ပွန်းပဲ့ကာစပ်လာပြီဖြစ်သည်။

ငိုခဲ့သောမျက်ဝန်းများမှာ နီရဲနေသည်။

အတန်းထဲသို့မပြန်တော့ပဲ ကျောင်းအပြင်ဘက်မှ အုတ်ခုံလေးတွင်ထိုင်ကာငိုနေမိသောရှင်းသန့်အနား တစ်စုံတစ်ယောက်ရောက်လာသည်။

"ကိုငယ် ဘာဖြစ်နေတာလဲ.."

သွန်းခတ်နွယ်။

စိတ်ပူနေသောမျက်နှာထားလေးဖြင့် အစ်ကိုဖြစ်သူကိုမေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး.. မျက်လုံးထဲအကောင်ဝင်သွားလို့ ပွတ်နေတာ.."

"ဪ..ဟုတ်ပါရဲ့.. နီရဲနေတာပဲ.."

ရှင်းသန့်စကားကိုယုံပြီး တစ်ရှုးပင်ထုတ်ပေးနေသေးသည်။

သွန်းပေးသောတစ်ရှုးကိုယူကာ မျက်ရည်များကိုသုတ်လိုက်ပြီး ညီမဖြစ်သူကို ပြုံးပြလိုက်သည်။

"အဲ့ဒါဆို သွန်းသွားတော့မယ်.."

"အင်း..ဂရုစိုက်ဦး.."

သစ်ပင်ရိပ်ကိုကွယ်ကာကွယ်ကာမလှမ်းမကမ်းမှ ရပ်ကြည့်နေသော ဘုန်းစစ်သွေးရှိတာကိုတော့ ရှင်းသန့်ရော သွန်းခတ်နွယ်ပါ မမြင်ခဲ့ကြပါ။

ရှင်းသန့်နောက်လိုက်ရင်း သွန်းရောက်လာတာတွေ့လို့ သစ်ပင်ကိုကွယ်ကာရပ်လိုက်ပြီး နားစွင့်နေခဲ့ခြင်းဖြစ်သည်။

ဒါတွေအားလုံးက သွန်းကြောင့်လား ကိုငယ်ရာ။

TTC ကျောင်းရှေ့။

မင်းခန့်မောင်နှင့်ဇွဲခန့်ခအောင်တို့ လွယ်အိတ်ကိုယ်စီလွယ်ကာ ကျောင်းဝင်းထဲမှထွက်လာသည်။

ဒီနေ့လည်း ကျောင်းရှေ့တွင် ဇေယျာဟိန်းထက်နှင့် မိုးမခကိုခေါ်ကာ ချိန်းထားကြခြင်းဖြစ်သည်။

ဟိုဘက်ကျောင်းကလာသော မိုးမခကလည်း အဖြူအစိမ်းဝတ်စုံလေးနှင့် လှနေသည်။

အနည်းငယ်ပျက်နေသောပါးကွက်လေးမှာ သဘာဝအလျောက် ချစ်ဖို့ကောင်းနေသည်။

ဇေယျာဟိန်းထက်ကတော့ ရိုးရိုးပုဆိုးနှင့် လွယ်အိတ်လွယ်ထားသည်။

လက်ထဲတွင် စာအုပ်အထူကြီးများကို ကိုင်ထားရသေးသည်။

"ရောက်နေကြပြီလား.."

ထုံးစံအတိုင်း မင်းခန့်ကဦးဆောင်ကာ မေးလိုက်သည်။

"အင်း သွားရအောင်.."

ဒီနေ့အတူတူ အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ဟောပြောနိုင်သော နာမည်ကြီးဗေဒင်ဆရာဆီသွားကြမည်ပဲဖြစ်သည်။

နာမည်လည်းရ၊အလိမ်အညာမဟုတ်သောကြောင့် အနာဂတ်ကလာခဲ့ကြသောသူတို့အဖွဲ့အရမ်းသိချင်နေပြီဖြစ်သည်။

ကားတိုးကြိတ်စီးပြီးသည့်နောက် သွားလိုသည့်ခရီးကို ရောက်ရှိလာခဲ့ကြသည်။

"ဘယ်သူအရင်မေးမှာလဲ.."

"မင်းခန့်ပဲအရင်မေးလိုက်လေ.."

မိုးမခကမေးတော့ ဇွဲကသူ့မင်းခန့်ကို အရင်မေးခိုင်းလိုက်သည်။

ဇေယျာဟိန်းထက်ကတော့ ငြိမ်နေသည်။

"အဲ့ဒါဆို သွားရအောင်.."

အလှည့်ကျစောင့်ပြီးသည့်နောက် လေးယောက်အတူအထဲသို့ဝင်သွားကြသည်။

"ဘယ်သူမေးမှာလဲ.. လေးယောက်လုံးလား.."

"ကျွန်တော့်ကိုအရင်ပြောပေးပါ.."

မင်းခန့်ပြောလိုက်တော့ ဗေဒင်ဆရာက မင်းခန့်ကို သေချာကြည့်နေသည်။

လိုအပ်သည့်အချက်အလက်များကိုမေးမြန်းကာတွက်ချက်ပြီးသည့်နောက်တော့ စတင်ဟောပြောရန်ပြင်သည်။

"မင်းအနာဂတ်မှာ.... အိမ်ထောင်ရေးပြိုလဲရလိမ့်မယ်.."

"ဗျာ..."

မင်းခန့် ဟိုတစ်နေ့ကမက်ခဲ့သော အိပ်မက်လိုမျိုး ဖြစ်နေသောကြောင့် လန့်သွားရသည်။

"ပြီးရင် မင်းကိုချစ်နေတဲ့သူကနှစ်ယောက်.. ဒါပေမယ့် မင်းချစ်တာကတစ်ယောက်.. သူတို့ကြောင့်ပဲ မင်းအိမ်ထောင်ရေးပျက်ရမှာ.."

ဇွဲဘက်ကိုမျက်နှာငယ်လေးနှင့် တစ်ချက်ကြည့်လိုက်သည်။

ဇွဲကလည်း စိုးရိမ်စွာဖြင့်ပြန်ငဲ့ကြည့်လာသည်။

"အရေးကြီးတာက မင်းကိုချစ်နေတဲ့သူနှစ်ယောက်ထဲက မင်းချစ်တဲ့သူတစ်ယောက်နဲ့ သေချာပေါင်းဖက်နိုင်ဖို့ပဲ.. မဟုတ်ရင် မင်းတစ်သက်လုံး စိတ်ဆင်းရဲရလိမ့်မယ်"













###
TBC

繼續閱讀

You'll Also Like

10.6K 775 17
မေတ္တာဖြင့်အေးစေမေတ္တာဖြင့်နွေးစေ မင်းငါ့ကိုပြောခဲ့တယ် ငါကသွေးအေးတယ်ဆိုပြီး တကယ်တော့ Min Htetမင်းက ငါ့ထက်ပိုသွေးအေးတယ် #Aung Htet Myat (Htet Myat) ...
245K 6.1K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
78.4K 3.3K 35
ဘယ်လောက်ပဲ ချစ်ချစ် ယုံကြည်မှု မရှိတော့ရင် အချစ်တွေက မှေးမှိုန်သွားတယ်။ မယုံကြည်ရင် အစထဲက မချစ်နဲ့၊ သံယောဇဉ်တွေ မထားနဲ့၊ ထပ်ပြောရရင် ဖြတ်လို့မရနိုင်တ...
91.2K 8.6K 27
Normal OC သင်တို့ကိုယ်စောင့်နတ်ရှိတယ်ဆိုတာယုံလား သင့်ကိုယ်စောင့်နတ်ကရော သင့်ကို ချစ်တယ် ထင်လား။ အကယ်၍ အကယ်၍ပေါ့ သင်နေ့စဉ် ကုသိုလ် ပြုပြီးတိုင်း မေတ္တ...