မင်းခန့်မောင်ကျောင်းမှ ပြန်မလာခင် မိုးမခနှင့် လှေကားတွင်ထိုင်ကာ စကားပြောဖြစ်ကြသည်။
"မင်းငါ့ကို အစကတည်းက ဘာလို့မပြောခဲ့တာလဲ..."
"မင်းခန့်ကို စာလာသင်တိုင်း တွေ့ဖြစ်ပေမယ့် ကိုယ့်လိုပဲ အတိတ်က လာတာမှန်း တကယ်မထင်ခဲ့ဘူး..ကိုယ့်ဘာသာကိုယ် ရူးနေတယ်ထင်ခဲ့တာ.."
မိုးမခဘက်ကိုလှည့်ပြီး စာနာစိတ်ဖြင့်ကြည့်လိုက်သည်။
"ငါလည်း မင်းလိုပါပဲ.."
ထို့နောက် လေသံအေးအေးနှင့် ပြောလိုက်သည်။
"ဒါနဲ့ မင်းခန့်လည်း..."
မိုးမခစကားမဆုံးသေးခင် အဝေးမှလာနေသော မင်းခန့်မောင်ကို တွေ့လိုက်ရသည်။
ဘေးတွင် သူ့ကောင်လေး ဇွဲလည်း ပါနေသည်။
နှစ်ယောက်သားရယ်မောစကားပြောလာကြရင်း တိုက်ရှေ့ရောက်ခါနီးတော့ ဇွဲက ဟိုဘက်လမ်းသို့ ကွေ့သွားသည်။
မင်းခန့်သွားများပေါ်သည်အထိ ပြုံးပြကာ လက်ပြလိုက်တာကို ဇေယျာဟိန်းထက် ဒေါသထွက်စွာကြည့်နေမိသည်။
ဘာကြောင့်ဒေါသထွက်နေမိမှန်း ကိုယ့်ကိုယ်ကိုယ် နားမလည်သော်လည်း နေရာမှ ထကာ မိုးမခကို နှုတ်ဆက်လိုက်သည်။
"မိုးမခ...မင်းလည်း အိမ်ထဲဝင်တော့.. မင်းခန့်လည်း လာနေပြီဆ်ိုတော့ နောက်နေ့မှ ဆက်ပြောတာပေါ့.."
"ဟုတ်.."
ခပ်သုတ်သုတ်လေးအပေါ်တက်သွားသော မိုးမခကို ဇေယျာဟိန်းထက်အောက်မှ ကြည့်နေမိသည်။
မင်းခန့်မောင်လာတော့ စာသင်ချိန်တွေကို ဖြတ်ကျော်ပြီး အကဲခတ်နေသည်။
မင်းခန့်လည်း သူ့လိုပဲလားဆိုတာ သိချင်စိတ်ဖြင့် တစ်ခုခုမေးရန် ပြင်နေသည်။
သို့သော် မအောင်မြင်ခဲ့ပါ။
အိပ်ချင်မူးတူးဖြစ်နေသော မင်းခန့်ပုံကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့ရသည်။
ဧည့်ခန်းထဲတွင် မင်းခန့်အမေကိုနှုတ်ဆက်ပြီး ပြန်သွားသည်။
မင်းခန့်မှာတော့ Guide ဆရာပြန်တာနဲ့ ကုတင်ပေါ် ထိုးအိပ်တော့သည်။
"ဟော... ဒီကောင်လေးကတော့...."
မင်းခန့်အမေ ခါးထောက်ကြည့်ကာ အပျင်းထူနေသော သားကိုတီးတိုးပြောနေတော့သည်။
တက္ကသိုလ်ဆေးရုံကုတင်ပေါ်တွင် ခြေထောက်ကို ပတ်တီးစည်းနေသော ရှင်းသန့်မြတ်ပိုင်မှာ ဘေးမှ အချိန်ပြည့်ရပ်ကြည့်နေသော ဘုန်းစစ်သွေးကြောင့် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
သူငယ်ချင်းများပင် ပြန်သွားကြပြီး ဘုန်းစစ်သွေးတစ်ယောက်သာကျန်ခဲ့သည်။
"မင်းမပြန်သေးဘူးလား.."
ဆေးစည်းပေးပြီးဆရာဝန်ထွက်သွားတော့ ဘုန်းစစ်သွေးကို ထုံးစံအတိုင်းအော်ငေါက်တော့သည်။
"ဟာဗျာ.. ကျွန်တော်က ကိုငယ့်ကို စိတ်ပူလို့ပါ..."
"မလိုဘူး...ငါနေကောင်းတယ်..."
ပြောရင်းဆိုရင်း ထရပ်ပြလိုက်တော့ ခြေခေါက်ပြီး လဲတော့မလိုဖြစ်သွားတာကို ဘုန်းစစ်သွေး လှမ်းဖက်ကာ ထိန်းလိုက်သည်။
ဘုန်းစစ်သွေး ရင်ခွင်ထဲဝင်သွားသော ရှင်းသန့်မြတ်ပိုင်မှာ လှုပ်မရယှက်မရ အရုပ်ကြိုးပျက်ဖြစ်နေရသည်။
ဘုန်းစစ်သွေးအကြည့်များကိုလည်း မရှောင်တိမ်းနိုင်ပဲ နှလုံးသားမှ အချက်ပေးသံကသာ ကြီးစိုးနေသည်။
တစ်ယောက်ကိုတစ်ယောက် အတန်ကြာကြည့်နေမိကြပြီးမှ လွှတ်လိုက်သည်။
"ဖယ်.."
ဘုန်းစစ်ကိုတွန်းပြီး ကုတင်ပေါ်ထိုင်လိုက်သည်။
"ကိုငယ်..ဘာလို့ ကျွန်တော့်ကို အဲ့လောက်ခါးသီးနေရတာလဲဟင်..."
ဘုန်းစစ်သွေးက စိတ်မကောင်းဖြစ်စွာပြောတော့ ရှင်းသန့် စိတ်တွေလှုပ်ရှားသွားသည်။
သူ့ကိုချစ်နေမိလို့ရှောင်တိမ်းနေရတယ်ဆိုတာ ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမှန်းမသိ။
ညီမရဲ့ချစ်သူဖြစ်နေလို့ ကိုယ့်စိတ်ကို အရှုံးပေးပြီး အချစ်တွေကိုလက်လျှော့ကာ စကားလုံးခါးခါးသီးသီးတွေနဲ့ ရုပ်တည်ထားရတယ်ဆိုတာ ဘယ်လိုရှင်းပြရမှန်းမသိ။
နည်းလမ်းသိရင်တောင် ရှင်းသန့်ပြောမည်မဟုတ်။
ညီမအရင်းမဟုတ်သော်လည်း သားအရင်းလိုမွေးစားပေးခဲ့ပြီး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေရဲ့ တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် လွယ်လွယ်နဲ့ လက်လျှော့ရန်ကြိုးစားနေမိသည်။
မွေးစားသားဆိုပြီး မနှိမ်မနင်းပဲ အစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံချစ်ခင်ပေးခဲ့သော သွန်းခတ်နွယ် နာကျင်မှာကိုလည်း မလိုလားပေ။
ရှင်းသန့်ဟာအပြင်ပန်းမှာတော့ အရမ်းတင်းမာပေမယ့် အတွင်းစိတ်ကတော့ အလွန်နူးညံ့သည်။
စိတ်အားငယ်တတ်သည်။
ဘယ်လောက်ပဲ သူ့ပုံစံက မာထန်နေရင်တောင် အတွင်းစိတ်က ဝမ်းနည်းလွယ်တတ်သည်။
ပျော့ညံ့သည်။
"ကျွန်တော့်ကို သွန်းနဲ့ သဘောမတူလို့လား..."
ဘုန်းစစ်သွေး တစ်ခုပြီးတစ်ခု မနားတမ်းမေးနေတော့ ရှင်းသန့်နေရခက်လာသည်။
"မင်းပြန်လိုက်တော့..."
"မပြန်ဘူး...ကျွန်တော် လိုချင်တဲ့ အဖြေကို မရမချင်း မပြန်ဘူး... ကိုငယ် ကျွန်တော့်ကို မုန်းနေတာလား... သွန်းနဲ့ သဘောမတူလို့လား...."
တစ်ခုမှမဟုတ်ဘူးဆိုတာကို ဘယ်နည်းနဲ့ ပြောပြရမှန်းမသိတော့။
ရင်ထဲက မျိုသိပ်ထားရတဲ့စကားလုံးတွေကြောင့် မျက်ရည်များဝဲတက်ချင်လာသည်။
ဘုန်းစစ်မေးနေတာတွေက တစ်ခုမှမဟုတ်ပဲ သူ့ကို အရမ်းချစ်မိနေလို့ဆိုတာကို ဘယ်မျက်နှာနဲ့ပြောရမှန်းမသိဖြစ်နေသည်။
"မင်းဘယ်လိုဖြစ်နေတာလဲ... ပြန်တော့လို့ ပြောနေတယ်လေ..."
"မပြန်ဘူးဗျာ ကိုငယ် မဖြေမချင်းမပြန်ဘူး.. ဒီတစ်ခါတော့ ကိုငယ့်ကို အရှုံးမပေးတော့ဘူး.. ကျွန်တော်မေးတာကိုဖြေပါ.. ဘာလို့လဲ... သွန်းကို ထားသွားမှာ ကြောက်လို့လား..."
"ဟုတ်တယ်ကွာ...ဟုတ်တယ်.. မင်းင့ါညီမကို နာကျင်အောင်လုပ်မှာစိုးလို့.."
ရှင်းသန့်ပြောမိပြောရာ လျှောက်ပြောလိုက်တော့ ဘုန်းစစ်ငြိမ်သွားသည်။
ခဏကြာတော့မှ
"ကိုငယ်က သူ့အစ်ကိုအရင်းမှမဟုတ်တာ.. ဘာလို့သူ့အတွက် စိတ်ပူပေးနေတာလဲ..."
ဘုန်းစစ်စကားကြောင့် ရှင်းသန့်လန့်သွားသည်။
သူငယ်ချင်းအရင်းကြီးတွေတောင်မသိတဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်ကို ဘုန်းစစ်သွေးက သိနေသည်။
"မင်း... မင်းဘယ်လိုသိတာလဲ.."
"Sorry..ကျွန်တော် ကိုငယ့် ဒိုင်ယာရီစာအုပ်ကို ခိုးဖတ်မိတယ်...."
"ဘာာာာာ.... ဘုန်းစစ်သွေး... မင်း..."
ရှင်းသန့်ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။
"ကျွန်တော် တောင်းပန်ပါတယ်.. ပွင့်နေလို့ ပြန်ပိတ်ပေးဖို့လုပ်ရာကနေ ကိုငယ့်လက်ရေးလှလှတွေကို ကြည့်လိုက်မိလို့ပါ...ကျွန်တော် တောင်းပန်ပါတယ်.."
ဖြစ်ပြီးတဲ့ကိစ္စဟာ ဘာမှမထူးတော့တာမို့ ရှင်းသန့်လက်လျှော့လိုက်သည်။
"ကိုငယ်.."
ခဏငြိမ်သွားသောရှင်းသန့်ကို ဘုန်းစစ်ခေါ်လိုက်သည်။
"မင်းသိသွားပြီဆိုတော့.. ငါလည်းမငြင်းသာတော့ဘူးပေါ့...ဟုတ်တယ် သူကငါ့ညီမအရင်းမဟုတ်ဘူး ဒါပေမယ့် ငါသူ့ကိုညီမအရင်းတစ်ယောက်လို ချစ်တယ် အဲ့ဒါကြောင့် သူ့ကိုမနာကျင်စေချင်ဘူး..."
"အဲ့ဒါ ကိုငယ့်ရဲ့အကြောင်းပြချက် မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်.."
ထက်မြက်သောဘုန်းစစ်ကြောင့် ရှင်းသန့်စိတ်တွေ ရှုပ်ထွေးလာရသည်။
ဒဏ်ရာရထားတဲ့ခြေထောက်ကနာကျင်မှုကတစ်ကြောင်း၊ဘုန်းစစ်သွေးခေါင်းစားနေတာကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရှင်းသန့်စိတ်တွေ ညစ်လာသည်။
"မင်းဘယ်လိုဖြစ်နေတာလဲ ဘုန်းစစ်သွေး.."
"ကိုငယ် ကျွန်တော့်ကို မုန်းနေတာလား... မုန်းလို့ ဒီလိုတွေလုပ်နေတာလား..."
"ဟုတ်တယ်.. ငါမင်းကို မုန်းတယ်.. ကျေနပ်ပြီလား..."
ရှင်းသန့်အော်ပြောလိုက်တော့ ရှင်းသန့်အကျႌစကိုဆွဲကာ နှုတ်ခမ်းများအပေါ် ဘုန်းစစ်နမ်းချလိုက်သည်။
ဒီအနမ်းဟာ နှစ်ယောက်လုံးအတွက် ပထမဆုံးအနမ်းဖြစ်သည်။
ရှင်းသန့်အောက်နှုတ်ခမ်းကိုစုပ်ယူနေပြီး ခါးကိုဖက်ထားသည်။
ရှင်းသန့်ဘက်ကတုံ့ပြန်လာသော အနမ်းကမသိသာပေမယ့် ဘုန်းစစ်ရိပ်မိသည်။
တစ်ခါမှမနမ်းဖူးသော်လည်း ရုန်းထွက်ရန်ကြိုးစားပြီး မရုန်းထွက်နိ်ုင်ဖြစ်နေသည့် ရှင်းသန့်ကြောင့် ပြုံးမိသည်။
အနမ်းများကိုရပ်လိုက်ပြီး
"ကိုငယ် ကျွန်တော့်ကို မုန်းတယ်ဟုတ်လား... ဒါပေမယ့် အဲ့ဒီ အနမ်းတွေက ကျွန်တော့်ကို ချစ်တယ် လို့ ပြောနေတယ်..."
"........"
###
TBC