Past and Future

By huangmingzhuu

76.4K 3.6K 231

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... More

<1>
<2>
<3>
<4>
<5>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<19>
<20>
<21>
<22>
<23>
<24>
<25>
<27>
<28>
<29>
<30>
<31>
<32>
<Final>

<26>

1.1K 74 21
By huangmingzhuu

မြတ်နိုးကိုကို ဆွဲခေါ်ရာနောက် မလိုက်ချင်လိုက်ချင် ပါလာခဲ့ရပြီး ခပ်လှမ်းလှမ်းရောက်သောအခါတွင် လက်ကို ဖြုတ်ချလိုက်သည်။

"လွှတ်တော့.."

နီရဲနေသောလက်ဖမိုးကိုကြည့်ကာပွတ်သပ်နေပြီး မြတ်နိုးကိုကိုအား မကျေနပ်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

မြတ်နိုးကိုကိုဘာမှမပြောပဲ လွှတ်ပေးလိုက်သည်။

"လိုက်ပို့မယ်..."

ကားတံခါးကိုဖွင့်ပေးလိုက်သော်လည်း သွန်းခတ်နွယ် ကားပေါ်မတက်။

"မလိုဘူး...ငါ့ဘာသာပြန်တတ်တယ်.. ငါကလေးမဟုတ်ဘူး...."

ဒေါသကြောင့် ရိုင်းစိုင်းသောအသုံးအနှုန်းများထည့်သုံးမိလာသည်။

"အဲ့ဒါဆိုလည်း နေလေ.."

ကားတံခါးကိုပြန်ပိတ်ပြီး လှည့်ထွက်သွားကာ Driver နေရာတွင် ဝင်ထိုင်၍ ကားကိုမောင်းထွက်သွားသည်။

"ဟာ... တောက်.."

အတင်းချော့မော့ပြီးခေါ်မယ်ထင်ခဲ့သော်လည်း နည်းနည်းတောင်မညှာပဲ အရင်မောင်းထွက်သွားသည့် မြတ်နိုးကိုကို ကို ဒေါသထွက်ပြီးရင်းထွက်ကာကျန်ခဲ့သည်။

ကားပေါ်မှ မြတ်နိုးကိုကိုမှာတော့ ဖြူဝင်းသောသွားများပေါ်မတတ် ပြုံးနေတော့သည်။

"ချာတိတ်လေး...ခေါင်းမာမနေနဲ့..မြန်မြန်တက်.."

မြတ်နိုးကိုကို ကားပြန်လှည့်လာပြီး မှန်ဖွင့်ကာ ပြောလိုက်မှ နှုတ်ခမ်းလေးစူကာ ကားပေါ်တက်လိုက်သည်။

တစ်ပတ်ကျော်ကြာသည်အထိ ဘုန်းစစ်သွေး သွန်းကိုစကားမပြော။

မေးထူးခေါ်ပြောရုံကလွဲလို့ ဖုန်းဆက်ရင်လည်း မကိုင်။

တစ်တန်းထဲမို့ Presentation လုပ်လျင် စာအကြောင်း အနည်းငယ်ပြောဖြစ်ခြင်းသာရှိသည်။

သွန်းဘက်က ပြန်ပြေလည်ချင်သော်လည်း ဘုန်းစစ်သွေးဘက်ကတော့ တင်းမာနေဆဲဖြစ်သည်။

သွန်းကြောင့် စိတ်ပြေလက်ပျောက် Basketball အသင်းပင် ဝင်လိုက်သည်။

အချစ်ကိစ္စများကိုမေ့ပြီး အားကစားဘက်ပါချင်သောကြောင့် ကျောင်းမှ Basketball အသင်းတွင် ဝင်ပါလိုက်သည်။

Basketball အသင်းဝင်ဖြစ်ပြီးသားဖြစ်သည့် ရှင်းသန့်မြတ်ပိုင်နှင့်တွေ့တော့ ကိုယ်နဲ့ခင်တဲ့သူတစ်ယောက်တော့ရှိပြီဆိုပြီး ဘုန်းစစ်သွေးပျော်သွားသည်။

တစ်ကျောင်းတည်းဆိုပေမယ့် အကြီးတန်း၊အငယ်တန်းကလူတွေနဲ့ သိပ်မသိသောကြောင့် ရင်းနှီးပြီးသားရှင်းသန့်မြတ်ပိုင်ကိုပဲ အပူကပ်ရတော့မည်ဖြစ်သည်။

အားလုံးကတော့ The Whole King မို့ ရှိန်နေကြပေမယ့် ပေါတောတောနဲ့ ခင်ဖို့ကောင်းမှန်းတော့ မည်သူမျှမသိကြ။

"ကိုငယ်.."

"ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ ဘယ်နှခါပြောရမလဲ.."

ဘောက်ဆတ်ဆတ်ပြန်ပြောလိုက်သောထိုကောင်လေးပုံမှာ အလွန်ချစ်ဖို့ကောင်းလှသည်။

ဘုန်းစစ်သွေး မပြုံးပဲမနေနိုင်တော့။

"မင်းဘာရယ်တာလဲ..."

"ရယ်တာမဟုတ်ပါဘူးဗျာ.. ပြုံးရုံလေး ပြုံးတာပါ.."

နက်ပြာရောင် Uniform ဖြင့် ဘုန်းစစ်သွေးက အနီရောင် Uniform ဖြင့် ဘောလုံးလေးကိုင်ထားသော ရှင်းသန့်မြတ်ပိုင်ကိုပြောလိုက်သည်။

ရှင်းသန့်ဘာမှမပြောပဲ မျက်စောင်းထိုးကာထွက်သွားပြီး ဘောလုံးကိုခြင်းထဲပစ်ထည့်လိုက်သည်။

တစ်ပတ်လောက်အထိ စီနီယာများက ဘုန်းစစ်သွေးကို သင်ပေးရသည်။

ဘုန်းစစ်သွေးလာဆော့မှန်းသိတော့ မိန်းကလေးများ ကွင်းထဲပြည့်နေသည်။

အားကစားတွင်ပါလေ့ပါထမရှိသော ဘုန်းစစ်မှာ နဂိုကတည်းက နာမည်ကြီးပြီးသားမို့ အခု Basketball တွင် ပထမဆုံးပါသောအခါတွင် ပို၍ နာမည်ကြီးသွားသည်။

အစမ်းဆော့ကြသောနေ့တွင်အသင်းမတူသော နောက်ဆုံးနှစ်နှင့် တတိယနှစ်ဖြစ်သည့်ဘုန်းစစ်သွေးတို့မှာ ထိပ်တိုက်တွေ့ကြသည်။

အစမ်းပွဲမို့ အမှတ်များကို အတည်မယူသော်လည်း မိန်းကလေးအများစုမှာ တကယ့်ပွဲအလား အားပေးနေကြသည်။

"ဘုန်းစစ်ရေ...မင်းပါမှပဲ ငါတို့လည်း စော်လေးတွေ ငမ်းရတော့တယ်.."

"Hahaha...."

ဘုန်းစစ် သဘောကျစွာရယ်မောရင်း ဘောလုံးကိုဖမ်းလိုက်သည်။

ထို့နောက်ခြင်းထဲပစ်ထည့်ရင်း လက်ခုပ်သံများကိုကြားလိုက်ရသည်။

"အား...."

ဘုန်းစစ်တို့အသင်းမှတစ်ယောက်နှင့် မတော်တဆခြေတိုက်မိပြီး လဲကျသွားသော ရှင်းသန့်မြတ်ပိုင်ကြောင့် ပွဲရပ်သွားရသည်။

"ကိုငယ်..ရရဲ့လား...ကိုငယ်.."

ရှင်းသန့်ကိုချီကာ ကျောင်းထဲမှဆေးခန်းသို့ ခေါ်လာခဲ့လိုက်တော့သည်။

မင်္ဂလာခန်းမထဲတွင် သတို့သမီးတစ်ယောက်ထဲ ဧည့်ခံနေရသောကြောင့် မိုးမခစိတ်ညစ်လာသည်။

အပြင်ထွက်သွားပြီး ပြန်မလာသေးသော ဇေယျာဟိန်းထက်နောက်လိုက်သွားကြည့်မိသည်။

လမ်းတစ်ဝက်ရောက်တော့ မိုးများသည်းထန်စွာရွာလာသည်။

ထီးယူရန် ပြန်လှည့်ပြေးသောအခါ ခြေချော်ပြီးလဲကျသွားသည်။

သတို့သမီးဝတ်စုံဂါဝန်အရှည်ကြီးကြောင့် ခြေချော်လဲကျသွားသော်လည်း ပြန်ထရန်ခဲယဉ်းနေသည်။

မြေပြင်မှ ရုန်းကန်ထပြီး မတ်တပ်ရပ်လိုက်သောအခါ အိမ်နေရင်းအကျႌနှင့် ကုတင်ပေါ်ရောက်နေမှန်းသိလိုက်ရသည်။

မိုးမခ ကိုယ့်ကိုယ်ကိုယ်အိပ်မက်များမက်နေတာလားဟု ပြန်စမ်းမိသော်လည်း အရာအားလုံးက အစစ်အတိုင်းဖြစ်နေသည်။

သတို့သမီးဝတ်စုံမှ အိမ်နေရင်း ရိုးရိုးအကျႌဖြစ်သွားသော ကိုယ့်ကိုယ်ကိုယ် အံ့သြပြီးရင်း အံ့သြရသည်။

ဒီလိုနှင့်လှေကားထစ်များဆီမှ ဆင်းလာသည်။

ကုတင်ပေါ်မှ ထကာ ထိုအိမ်ထဲမှထွက်လာတော့ လှေကားအောက်မှ ဇေယျာဟိန်းထက်နှင့် တွေ့သည်။

အနာဂတ်က သတို့သားကို ရုတ်တရက်တွေ့လိုက်ရသောကြောင့် လန့်သွားမိသည်။

"အစ်ကို..ဘယ်ထွက်သွားတာလဲ.. လိုက်ရှာနေတာ.."

မိုးမခရုတ်တရက်ပြောလိုက်သောစကားကြောင့် ဇေယျာဟိန်းထက် အံ့သြသွားသည်။

လက်ထဲမှစာအုပ်များလွတ်ကျသွားရသည်။

မင်းခန့်နှင့်တစ်တိုက်တည်းနေမှန်း ဇေယျာဟိန်းထက်အခုမှသဘောပေါက်သွားသည်။

မင်းခန့်ကိုစာသင်ဖို့လာသော်လည်း ရုတ်တရက်တွေ့လိုက်ရသော မိုးမခကြောင့် အံ့သြကာကြောင်ကြည့်နေမိသည်။

"မင်း...မင်းလည်း.. ငါ့လိုပဲလား...."







###
TBC

Continue Reading

You'll Also Like

607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3K 332 2
Fluff Lot of fluff Fluff fluff fluff Thats it fluff