김태형[ k•th ] ✔

Від springanna2001

73K 6.5K 66

#Book1 of the girl crush series Real Title : Let's get married Kim Tae Hyung [Unicode] " ငါတို့ လက်ထပ်ရ​​အောင... Більше

Intro:
oNe
tWo
tHRee
fOUr
fIVe
sIx
seVen
eiGht
nINe
tEn
elEVen
twELve
thiRTeen
fouRTeen
sixTeen
seveNteen
eigHTeen
ninETeen
twENty
twenTyone
twenTytwo
twentYthree
twenTYfour

fifTeen

2K 237 0
Від springanna2001

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

" တစ္ကယ္ေတာင္းခံပါတယ္ သားရယ္...
ဒီတစ္ခါေလးဘဲ လိုက္ခဲ့ေပးပါ ေနာ္...အန္တီတို႔ သားလိုအပ္သမွ် အကုန္လုပ္ေပးပါ့မယ္။ ေက်းဇူးျပဳၿပီး သားေလးရယ္...."

မ်က္ရည္မ်ားႏွင့္ အသားကုန္ ေတာင္းခံေနေသာ လီဟာေယာင္း၏ အေမ...

" ဘာလဲ? သူက ကၽြန္ေတာ့္ကို မေခၚလာမခ်င္း အန္တီတို႔ကို ျပန္မလာနဲ႔တဲ့လား..."

ထယ္ေဟ်ာင္း၏ စကားမွာ အနည္းလြန္သြား၍ ဟာေယာင္း၏ အေဖျဖစ္သူက ဆက္၍ သည္းမခံႏိုင္ေတာ့ေပ။

" မင္း!! ငါ့သမီးကို ဘယ္လို ထင္ေနတာလဲကြ!! Tsh! သူမို႔လို႔ ဒီလိုေကာင္ကို ခ်စ္ေနတယ္...!!ေတာက္!"

" ေယာက်ာ္းေရ စိတ္ထိန္းပါဦး။ သမီးေလးအတြက္ ေတြးေပးပါဦး..."

အေမျဖစ္သူမွာ ခင္ပြန္းကို ေခ်ာ့တလွည့္ ထယ္ေဟ်ာင္းကို ေဖ်ာင္းဖ်တစ္လွည့္ႏွင့္။

" သမီးေလးက သားကို မေခၚခိုင္းပါဘူး? သားေလး အဆင္မေျပမွာစိုးလို႔တဲ့ သူတစ္ေယာက္တည္း ႀကိတ္မွိတ္ ေဝဒနာခံေနတာ...
အန္တီတို႔နဲ႔ လိုက္ခဲ့ေပးပါ ကေလးရယ္..."

ထယ္ေဟ်ာင္း သက္ျပင္းခ်ကာ မတတ္ႏိုင္သည့္အဆံုး လက္ခံလိုက္သည္။

~~•~~

ေလယာဥ္ ျပတင္းေပါက္အျပင္သာ ထယ္ေဟ်ာင္းေငးေနၿပီး မ်က္ႏွာမွာ ခံစားခ်က္မဲ့ေနသည္။

" သားေလး ေရာက္ေတာ့မယ္..."

သူ႔အား သတိေပးလိုက္ေသာ အန္တီအား ေခါင္းၿငိမ့္ျပရင္း ေလယာဥ္မွ ဆင္းရန္ ျပင္ဆင္လိုက္သည္။

" သားေလးကို အားလည္းနာတယ္။ ေက်းဇူးလည္း တင္တယ္။ အန္တီတစ္ခုေလာက္ဘဲ ေတာင္းဆိုခ်င္တယ္..."

" ဘာမ်ားလဲ"

" သမီးေလးကို အရမ္း ၾကမ္းၾကမ္းတမ္းတမ္း မဆက္ဆံေပးပါနဲ႔ေနာ္။ အခန္႔မသင့္ရင္ သူခံစားရၿပီး ႏွလံုးေဖာက္သြားမွာ စိုးလို႔ပါ..."

ထယ္ေဟ်ာင္း ေတြေဝသြားသည္။

" လီဟာေယာင္းမွာ ႏွလံုးေရာဂါရွိေနတာလား?"

အန္တီက ေခါင္းအသာၿငိမ့္ျပသည္။

အန္ကယ္ကေတာ့ ေလဆိပ္မွ ေနအိမ္ရွိရာသို႔ ကားေမာင္းေပးေနသည္။

" သမီးေလး အဲ့ဒီေရာဂါရတာ သိပ္ေတာ့မၾကာေသးပါဘူး ေျခာက္လေလာက္ဘဲ ရွိေသးတယ္။

သူ႔မွာ စိတ္ညစ္စရာေတြမ်ားတယ္နဲ႔ တူပါတယ္။
အန္တီတို႔လင္မယားကလည္း သမီးေလး ေနမေကာင္းျဖစ္ေတာ့မွ စည္းလံုးသြားတာ...။

အရင္က ရန္ျဖစ္ေနတာမ်ားတယ္ေလကြယ္..."

အန္တီ့စကားအၿပီးတြင္ပင္ ျခံဝင္းက်ယ္ႀကီး အတြင္းသို႔ ကားက ဝင္သြားေတာ့သည္။

~••~

#5.Dec.2018 (Wed)
#Triple Update
#❤


[Unicode]

" တစ်ကယ်တောင်းခံပါတယ် သားရယ်...
ဒီတစ်ခါလေးဘဲ လိုက်ခဲ့ပေးပါ နော်...အန်တီတို့ သားလိုအပ်သမျှ အကုန်လုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး သားလေးရယ်...."

မျက်ရည်များနှင့် အသားကုန် တောင်းခံနေသော လီဟာယောင်း၏ အမေ...

" ဘာလဲ? သူက ကျွန်တော့်ကို မခေါ်လာမချင်း အန်တီတို့ကို ပြန်မလာနဲ့တဲ့လား..."

ထယ်ဟျောင်း၏ စကားမှာ အနည်းလွန်သွား၍ ဟာယောင်း၏ အဖေဖြစ်သူက ဆက်၍ သည်းမခံနိုင်တော့ပေ။

" မင်း!! ငါ့သမီးကို ဘယ်လို ထင်နေတာလဲကွ!! Tsh! သူမို့လို့ ဒီလိုကောင်ကို ချစ်နေတယ်...!!တောက်!"

" ယောကျာ်းရေ စိတ်ထိန်းပါဦး။ သမီးလေးအတွက် တွေးပေးပါဦး..."

အမေဖြစ်သူမှာ ခင်ပွန်းကို ချော့တလှည့် ထယ်ဟျောင်းကို ဖျောင်းဖျတစ်လှည့်နှင့်။

" သမီးလေးက သားကို မခေါ်ခိုင်းပါဘူး? သားလေး အဆင်မပြေမှာစိုးလို့တဲ့ သူတစ်ယောက်တည်း ကြိတ်မှိတ် ဝေဒနာခံနေတာ...
အန်တီတို့နဲ့ လိုက်ခဲ့ပေးပါ ကလေးရယ်..."

ထယ်ဟျောင်း သက်ပြင်းချကာ မတတ်နိုင်သည့်အဆုံး လက်ခံလိုက်သည်။

~~•~~

လေယာဉ် ပြတင်းပေါက်အပြင်သာ ထယ်ဟျောင်းငေးနေပြီး မျက်နှာမှာ ခံစားချက်မဲ့နေသည်။

" သားလေး ရောက်တော့မယ်..."

သူ့အား သတိပေးလိုက်သော အန်တီအား ခေါင်းငြိမ့်ပြရင်း လေယာဉ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။

" သားလေးကို အားလည်းနာတယ်။ ကျေးဇူးလည်း တင်တယ်။ အန်တီတစ်ခုလောက်ဘဲ တောင်းဆိုချင်တယ်..."

" ဘာများလဲ"

" သမီးလေးကို အရမ်း ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပေးပါနဲ့နော်။ အခန့်မသင့်ရင် သူခံစားရပြီး နှလုံးဖောက်သွားမှာ စိုးလို့ပါ..."

ထယ်ဟျောင်း တွေဝေသွားသည်။

" လီဟာယောင်းမှာ နှလုံးရောဂါရှိနေတာလား?"

အန်တီက ခေါင်းအသာငြိမ့်ပြသည်။

အန်ကယ်ကတော့ လေဆိပ်မှ နေအိမ်ရှိရာသို့ ကားမောင်းပေးနေသည်။

" သမီးလေး အဲ့ဒီရောဂါရတာ သိပ်တော့မကြာသေးပါဘူး ခြောက်လလောက်ဘဲ ရှိသေးတယ်။

သူ့မှာ စိတ်ညစ်စရာတွေများတယ်နဲ့ တူပါတယ်။
အန်တီတို့လင်မယားကလည်း သမီးလေး နေမကောင်းဖြစ်တော့မှ စည်းလုံးသွားတာ...။

အရင်က ရန်ဖြစ်နေတာများတယ်လေကွယ်..."

အန်တီ့စကားအပြီးတွင်ပင် ခြံဝင်းကျယ်ကြီး အတွင်းသို့ ကားက ဝင်သွားတော့သည်။

~••~

#5.Dec.2018 (Wed)
#Triple Update
#❤

Продовжити читання

Вам також сподобається

640K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
1.3M 122K 52
"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖ...
341K 28.8K 27
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...