~•■•~
' Kim Tae Hyung'
~••■••~
[Zawgyi]
" ပင်ပန်းသွားပြီ။ ရော့ ဒီမှာ လစာ.."
" ကျေးဇူးတင်ပါတယ် သူဌေး.."
ယဉ်ကျေးစွာ ဦးညွတ်ပြီးနောက် ထယ်ဟျောင်း စာအိတ်လေးအား ဖွင့်ကြည့်လိုက်သည်။
' ဘာလို့ အရင်ကထက် ပိုများနေရတာလဲ'
သူစဉ်းစားနေသည်ကို သူဌေးက ရိပ်မိ၍
" ဟို..မုန့်ဖိုးနည်းနည်း ထပ်ထည့်ပေးထားတယ်။ မင်းက အလုပ်ကြိုးစားလို့လေ.."
သူဌေး၏ နွေးထွေးသော အပြုံးတို့နှင့် သူလည်း စိတ်ထဲတွင် ခုန်ပေါက်နေမိသည်။
" ညီမလေးကို မုန့်ဖိုးပေးနိုင်တော့မယ်.."
အပြုံးသေးသေးလေးက သူ၏ နှုတ်ခမ်းပေါ် တိတ်တခိုး ပြန့်ကျဲသွားသည်။
~~•~~
" Kim Tae Hyung"
သူ၏ ပုခုံးအား မထိတထိလေး လာတို့သောကြောင့် သူ နောက်လှည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်။
လီဟာယောင်း။သူမက ပြုံးပြကာ..
" ငါ ဒီတစ်ပုဒ်ကို နားမလည်လို့ ရှင်းပြပေးလို့ရမလား.."
ထယ်ဟျောင်း ငြင်းမည်ဟု တွေးလိုက်သော်လည်း အတန်းဖော်ဟူ၍ ဖြည့်တွေးကာ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
" ဒီဟာက...ပိုက်သာဂိုရပ်စ် သီအိုရီနဲ့ တွက်ရမှာ...
&#*&#&#;..."သူ ကြိုးစား စာရှင်းပြပေးနေသော်လည်း သူမက စာတွင် စိတ်မဝင်စား။
သူ၏ မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းလေးကိုသာ သေချာ စိုက်ကြည့်နေသည်။
" ဒီမှာ..."
သူမ ငေးနေရာမှ အသိစိတ်ဝင်လာတော့ ထယ်ဟျောင်းကသူ့အား စိတ်မရှည်သော မျက်နှာထားဖြင့် ကြည့်နေလေပြီ။
CZYTASZ
김태형[ k•th ] ✔
Krótkie Opowiadania#Book1 of the girl crush series Real Title : Let's get married Kim Tae Hyung [Unicode] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" [Zawgyi] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" A short story of Kim Tae Hyung. Started on: 17.Nov.2018 (Sat) End on :...