~•■•~
'Kim Tae Hyung'
~••■••~
[Zawgyi]
" ငါတို့တွေ့ကြရအောင်..."
လိပ်စာကတ်ထဲက ဟာယောင်း၏ ဖုန်းနံပါတ်အား သူခေါ်လိုက်သည်။
" ထယ် တစ်ကယ်ပြောနေတာလား...?"
မယုံကြည်နိုင် ဖြစ်နေသော ဖုန်းလိုင်းတစ်ဖက်မှ ကောင်မလေးကတော့ အပျော်လွန်နေမည်ထင်သည်။
" အရင်တစ်ခေါက် တွေ့ခဲ့တဲ့ ကော်ဖီဆိုင်ကိုဘဲ လာခဲ့ပါလား.."
" အင်း အင်း "
ထယ်ဟျောင်းဖုန်းချလိုက်ပြီး ပြုံးမိသည်။
သူမထင်မိခဲ့ပါဘူး။
သူမပျော်ရွှင်နေမှုက သူ့ကိုပါ ပြုံးစေမယ်ဆိုတာလေ....။
" လီဟာယောင်း....နင် ငါ့ကို ဘာလုပ်လိုက်တာလဲ?"
~~•~~
" ထယ်..."
သူက ပြုံးပြတော့ ထယ်ဟျောင်းလည်း ပြန်ပြုံးပြသည်။
" ဘာ....ဖြစ်တာလဲ?"
အေးလေ။
သူသိချင်တာလဲ ဖြစ်သင့်ပါတယ်။
ကျွန်တော်က သူ့ကို အရင်ချိန်းတယ်ဆိုတာ အရင်ကမှ မရှိခဲ့တာ...။
" ဒီအတိုင်း..ပြောစရာရှိလို့...."
သူ့ရဲ့ မျက်ဝန်းများတွင် စိုးရိပ်မှုရိပ် သေးသေးလေး တွေ့လိုက်ရသည်။
ထပ်ပြီး သူ့ကို တွန်းထုတ်မှာ ကြောက်နေတာလား?
ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်နိုင်ဘူး။
ငါ...အရမ်းလွန်သွားခဲ့လား?
ငါ့ကြောင့် သူအရမ်း ခံစားခဲ့တာ ငါတွေ့နေရက်နဲ့....။
YOU ARE READING
김태형[ k•th ] ✔
Short Story#Book1 of the girl crush series Real Title : Let's get married Kim Tae Hyung [Unicode] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" [Zawgyi] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" A short story of Kim Tae Hyung. Started on: 17.Nov.2018 (Sat) End on :...