ninETeen

2.1K 253 2
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

မှန်ဘောင်ထဲတွင် ဘွဲ့ဓာတ်ပုံလေးအား သူထည့်ကာ နံရံပေါ် ချိတ်ဆွဲထားလိုက်သည်။

ထို့နောက် စားပွဲပေါ်တွင် သူမနှင့်ရိုက်ထားသော ပုံလေးအား ထောင်ထားလိုက်သည်။

သူ၏ Graduation အားဂုဏ်ပြုပေးကာ ထူးခြားအောင်လုပ်ပေးခဲ့သူမို့...

ထိုက်တန်ပါတယ်လေ..။

" သူကော အခု ဘာတွေလုပ်နေမလဲ...."

ထယ်ဟျောင်း စားပွဲအောက်က အံဆွဲလေးအား ဖွင့်ကြည့်လိုက်တော့ သူမပေးခဲ့ဖူးသော ဆေးဗူးနှင့် ဘေးနားတွင် ကတ္တီပါ ဘူးလေးတစ်ခု။

သူမပေးခဲ့သည်ကို မှတ်မိသည်။
သို့သော် မဖွင့်ကြည့်ရသေး...။

ထယ်ဟျောင်း ထိုဘူးလေးကာ ယူလိုက်ကာ စည်းထားသော ဖဲကြိုးလေးအားဖြည်လိုက်သည်။

ထို့နောက် ဖွင့်ကြည့်လိုက်တော...

ဈေးကြီးမည်ထင်ရသော နာရီတစ်ခု...

" ဒီနာရီလေးကို ကြည့်တိုင်း အချိန်တိုင်း နာရီတိုင်း စက္ကန့်တိုင်း နင့်ကို သတိရနေတဲ့သူ ရှိတယ်ဆိုတာ မှတ်ထားပေးပါ" - လီဟာယောင်း

~~•~~

ခြောက်နှစ်ပင်ရှိပြီ။

ထယ်ဟျောင်း ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်နေသည်။

ဒီနေ့မှာ ရုံးပိတ်ရက်ဖြစ်၍ သူ ထိုင်နေကျ ကော်ဖီဆိုင်လေးထဲ ဝင်ထိုင်ကာ ကွန်ပျုတာနှင့်အလုပ်လုပ်နေပြန်သည်။

အလုပ်ကို အာရုံစိုက်နေမိ၍ ဘေးနားတွင်လာရပ်သော လူတစ်ယောက်ကိုပင်သတိမထားမိ။

အသံကြားတော့မှသာ မော့ကြည့်မိတော့ ထယ်ဟျောင်း အံ့ဩသွားသည်။

အရင်လို ခပ်မိုက်မိုက်ပုံစံတော့မဟုတ်တော့။
အညိုရောင် ဆံနွယ်များအား လိမ်ကောက်ထားကာ ဒူးဖုံးစကပ်နှင့်သူမက
မိန်းမသားပီပီ ကျက်သရေရှိနေသည်။

김태형[ k•th ] ✔Where stories live. Discover now