~•■•~
'Kim Tae Hyung'
~••■••~
[Zawgyi]
[Unicode Version Below]စာၾကည့္တိုက္တြင္ စာအုပ္မ်ားအား ေရြးေနေသာ သူ။
ရုတ္တရက္ စာအုပ္စဥ္၏ အျခားတစ္ဘက္မွ မ်က္ႏွာတစ္ခုက ေပၚထြက္လာေတာ့ သူ လန္႔သြားသည္။
ဘယ္သူရွိဦးမလဲ။
သူ႔အား အျမဲ အေႏွာင့္အယွက္ေပးေနတတ္ေသာ လီဟာေယာင္း။
သူ စိတ္တိုင္းမက်ေသာ မ်က္ႏွာျဖင့္ သူမအား မ်က္ေစာင္းထိုးကာ စာအုပ္မ်ားျဖင့္ လွည့္ထြက္သြားသည္။
~~•~~
" စာဖတ္ေနတဲ့ ပံုေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ"
သူ စာဖတ္ေနသည္ကို အေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္၍ လက္ေပၚ ေမးတင္ကာ တစိမ့္စိမ့္ၾကည့္ေနေသာ သူမ။
ဒါဟာ အထူးအဆန္းေတာင္ မဟုတ္ေတာ့။ အျမဲလိုလို ျဖစ္ေနက်မို႔ သူ လ်စ္လ်ဴရႈကာသာ ေနေတာ့သည္။
" အဲ့ မ်က္မွန္ေလးနဲ႔ အရမ္းလိုက္တာဘဲ.."
ဘယ္လိုဘဲ လ်စ္လ်ဴရႈထားႏိုင္ဦးေပါ့ အတိုင္းအတာတစ္ခုေတာ့ ရွိတယ္ေလ။
သူ စာေကာင္းေကာင္းဖတ္လို႔မရေတာ့ ေဒါသထြက္လာသည္။
' ဘယ္အခ်ိန္ထိ ငါ့ကို လိုက္ေႏွာင့္ယွက္ေနမွာလဲ။ tsk..မိန္းကေလး ျဖစ္ၿပီး သိကၡာကို မရွိဘူး..'
သူမအား စကားဖက္ေျပာရမွာ မႏွစ္သက္၍ စိတ္ထဲကေနသာ ေျပာေလ့ရွိသည္။
သူမက ေက်ာင္းတြင္ ေပၚျပဴလာ ျဖစ္သည္မို႔ ကိုယ့္ကိုယ္ကို အထင္ႀကီးေနျခင္း။
တစ္ေက်ာင္းလံုးရွိ ေက်ာင္းသားမ်ားအား ပတ္တြဲေနသူမို႔ သူ႔ကိုလည္း အေပ်ာ္သေဘာျဖင့္သာ ခ်ဥ္းကပ္ေနျခင္း။
ဟူသည္မွာ
သူမ အေပၚထားေသာ သူ၏ သေဘာထားျဖစ္သည္။' ရြံတယ္၊ သူ႔လို မိန္းကေလးမ်ိဳးကို ဘယ္ေတာ့မွ ျပန္မခ်စ္ႏိုင္ဘူး.."
~••~
17.Nov.2018 (Saturday)
##
[Unicode]
စာကြည့်တိုက်တွင် စာအုပ်များအား ရွေးနေသော သူ။
ရုတ်တရက် စာအုပ်စဉ်၏ အခြားတစ်ဘက်မှ မျက်နှာတစ်ခုက ပေါ်ထွက်လာတော့ သူ လန့်သွားသည်။
ဘယ်သူရှိဦးမလဲ။
သူ့အား အမြဲ အနှောင့်အယှက်ပေးနေတတ်သော လီဟာယောင်း။
သူ စိတ်တိုင်းမကျသော မျက်နှာဖြင့် သူမအား မျက်စောင်းထိုးကာ စာအုပ်များဖြင့် လှည့်ထွက်သွားသည်။
~~•~~
" စာဖတ်နေတဲ့ ပုံလေးက ချစ်ဖို့ကောင်းလိုက်တာ"
သူ စာဖတ်နေသည်ကို အရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်၍ လက်ပေါ် မေးတင်ကာ တစိမ့်စိမ့်ကြည့်နေသော သူမ။
ဒါဟာ အထူးအဆန်းတောင် မဟုတ်တော့။ အမြဲလိုလို ဖြစ်နေကျမို့ သူ လျစ်လျူရှုကာသာ နေတော့သည်။
" အဲ့ မျက်မှန်လေးနဲ့ အရမ်းလိုက်တာဘဲ.."
ဘယ်လိုဘဲ လျစ်လျူရှုထားနိုင်ဦးပေါ့ အတိုင်းအတာတစ်ခုတော့ ရှိတယ်လေ။
သူ စာကောင်းကောင်းဖတ်လို့မရတော့ ဒေါသထွက်လာသည်။
' ဘယ်အချိန်ထိ ငါ့ကို လိုက်နှောင့်ယှက်နေမှာလဲ။ tsk..မိန်းကလေး ဖြစ်ပြီး သိက္ခာကို မရှိဘူး..'
သူမအား စကားဖက်ပြောရမှာ မနှစ်သက်၍ စိတ်ထဲကနေသာ ပြောလေ့ရှိသည်။
သူမက ကျောင်းတွင် ပေါ်ပြူလာ ဖြစ်သည်မို့ ကိုယ့်ကိုယ်ကို အထင်ကြီးနေခြင်း။
တစ်ကျောင်းလုံးရှိ ကျောင်းသားများအား ပတ်တွဲနေသူမို့ သူ့ကိုလည်း အပျော်သဘောဖြင့်သာ ချဉ်းကပ်နေခြင်း။
ဟူသည်မှာ
သူမ အပေါ်ထားသော သူ၏ သဘောထားဖြစ်သည်။' ရွံတယ်၊ သူ့လို မိန်းကလေးမျိုးကို ဘယ်တော့မှ ပြန်မချစ်နိုင်ဘူး.."
~••~
17.Nov.2018 (Saturday)
##
YOU ARE READING
김태형[ k•th ] ✔
Short Story#Book1 of the girl crush series Real Title : Let's get married Kim Tae Hyung [Unicode] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" [Zawgyi] " ငါတို႔ လက္ထပ္ရေအာင္ Kim Tae Hyung!" A short story of Kim Tae Hyung. Started on: 17.Nov.2018 (Sat) End on :...