~•■•~
'Kim Tae Hyung'
~••■••~
[Zawgyi]
ဖြူဖတ်ဖြူရော် မျက်နှာ။
ယခင်ကထက် ပို၍ တိုသွားသော အနီရောင် ဆံပင်။
ပြာနှမ်းနေသော နှုတ်ခမ်းတို့အားကြည့်ပြီးထယ်ဟျောင်း စိတ်မကောင်းဖြစ်မိသလို ဒေါသပါထွက်မိသည်။ဘာလို့ ဒီလောက် အားနည်းရတာလဲ။
ဘာလို့ မင်း နေမကောင်းတဲ့ အကြောင်းရင်းက ငါဖြစ်နေရတာလဲ။ဒီကို မလာခင် ဟိုဆော့ပြောခဲ့သော စကားအား သတိရမိသည်။
" ထယ်ဟျောင်း......မင်းမသိပေမယ့် ..မင်းလည်းသူ့ကို ချစ်မိနေပြီ။ အနည်းဆူံးတော့ သံယောဇဉ် တွယ်နေပြီ။
ကိုယ့်ကိုယ်ကို လိမ်ညာဖို့ မကြိုးစားပါနဲ့တော့။
အတိတ်ကအတိတ်ဘဲ။ သူဘယ်လိုဘဲ ဆိုးခဲ့ဆိုးခဲ့ အခုလောက်ဆိုးနိုင်ပါ့မလား။သူ့ကို လက်ခံပေးလိုက်ပါကွာ...။
သူ ငါ့တို့ကို ကစားခဲ့တာ အလကားတော့ အဖြစ်မခံခိုင်းပါနဲ့..."ဟင့်အင်း။
ငါက ဘာလို့ သူ့ကို ပြန်ချစ်နေရမှာလဲ။
အဓိပ္ပါယ်မရှိတာတွေ။~~•~~
ထယ်ဟျောင်း အခန်းအပြင်မှ နေ၍ သားအမိနှစ်ယောက်၏ စကားအား နားစွင့်နေမိသည်။
သူဘဲ တွေ့ချင်လှပါတယ်ဆိုပြီး နေမကောင်းတောင်ဖြစ်နေပြီးမှ အခုကျ လူကို အခန်းပြင်ကို ထုတ်ထားတယ်။
ငါက အလု ဘာလုပ်ပေးရမှာလဲ?
Tsk!!" အမေ...ထယ်က ဘယ်လိုရောက်လာတာလဲ?"
" အဲဒါက...အမေတို့သွား--"
" အမေ့ကို သမီးဘာပြောထားလဲ!!!!! သူ့ကို မပြောနဲ့လို့ ပြောထားတယ်မဟုတ်လား!!!!!!!!"
ကျယ်လောင်သော အသံတို့က ငိုသံနှင့် ရောနှောထားသည်။
အခန်းထဲမှ အန်တီနှင့် လီဟာယောင်းတို့၏ အချေအတင်ဖြစ်နေသောအသံတို့အား နားထောင်ကာ ထယ်ဟျောင်း စိတ်မငြိမ်မသက်ဖြစ်လာသည်။
YOU ARE READING
김태형[ k•th ] ✔
Short Story#Book1 of the girl crush series Real Title : Let's get married Kim Tae Hyung [Unicode] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" [Zawgyi] " ငါတို့ လက်ထပ်ရအောင် Kim Tae Hyung!" A short story of Kim Tae Hyung. Started on: 17.Nov.2018 (Sat) End on :...