twenTYfour

4.6K 260 9
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

" ချစ်တယ် လီဟာယောင်း...."

သူ တောင့်တောင့်ကြီးသာ ရပ်နေမိသည်။

ထယ် တစ်ကယ်ဘဲ...

သူအရမ်းကြားချင်တဲ့ စကားလုံးကို ပြောလိုက်တာလား?

" အရင်ကတည်းက ပြောချင်ခဲ့တာပါ...."

ဟာယောင်းသည် ထယ်အား တင်းကျပ်စွာ ဖက်ထားလိုက်သည်။

" ကျေးဇူးတင်ပါတယ် ထယ်...."

" တစ်ကယ် တစ်ကယ်ကို ကျေးဇူးတင်ပါတယ်.."

သူမ၏ နောက်ကျောပြင်အား ထယ် ပွတ်ပေးနေရင်း....

ဘောင်းဘီအိတ်ထဲမှ ထုတ်လိုက်သော လင်းလက်သော အရာလေးတစ်ခု။

သူမ၏ ကိုယ်လေးအား အနည်းငယ် ခွာယူရင်း သူမ၏ လည်ပင်းပေါ် ဆင်မြန်းပေးသည်။

ဟာယောင်း တအံ့တဩ ငုံ့ကြည့်လိုက်တော့..

ခရမ်းရောင် အသည်းပုံလေးနှင့်ဆွဲကြိုးလေး..။

"ထယ်...."

" မင်းနဲ့ အရမ်းလိုက်တာဘဲ...

အရမ်းလှတယ် ဟာယောင်း..."

~~•~~

ကျဆင်းနေသော နှင်းများအားကြည့်ရင်း စကား တစ်ခွန်းမှမဟဘဲ ဟန်မြစ်၏အလှကို သာရှုစားနေကြသည်။

" ပြန်ရအောင် ဒီမှာ နေနေတာ ကြာနေပြီ"

ထယ်ဟျောင်း၏ စကားအား သဘောတူပြီး နှစ်ယောက်သား ဘက်စ်ကားပေါ် တက်ခဲ့ကြသည်။

" ထယ်....

အရမ်းစောနေလားတော့ မသိပေမယ့်....

ငါတို့လက်ထပ်ရအောင်..."

ထယ်ဟျောင်း စစချင်း အံ့ဩသွားသော်လည်း မျက်နှာက ပြန်ပြုံးသွားသည်။

김태형[ k•th ] ✔Where stories live. Discover now