elEVen

2.1K 252 0
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

ထယ်ဟျောင်း မိသားစုနှင့် တကွဲတပြားဖြစ်ပြီးနောက် ဟိုဆော့အိမ်တွင် ခဏတာ နေထိုင်နေသည်။

စိတ်လေးလေးနှင့် ကျောင်းသို့ လမ်းလျှောက်လာခဲ့သည်။ ဟိုဆော့ကတော့ စက်ဘီးအတူစီးရန် ခေါ်သော်လည်း ကျောင်းရောက်လျှင် တွယ်ကပ်နေတတ်သည့်ဟာယောင်းကြောင့် ကျောင်းရောက်ချိန်အား အနည်းငယ်လောက် ဆွဲဆန့်ချင်မိသည်။

ရာသီဥတုကလည်း ဒီနေ့ကျမှ အုံ့မှိုင်းမှိုင်းနှင့်။ ရုတ်တရက် မိုးရွာချလေတော့ ဟိုဆော့နောက် မလိုက်မိသည်ကို နောင်တရမိသည်။

မျက်စိရှေ့တွင်ပင် ထီးမပါသော ကျောင်းသူလေးအား အလျင်အမြန်ထီးလိုက်ဆောင်းပေးသော ကျောင်းသူတစ်ယောက်။

ထယ်ဟျောင်း မနှစ်သက်သော မြင်ကွင်းတစ်ခုက ခေါင်းထဲပေါ်ထွက်လာသည်။

Tsk!..ငါဘာလို့ အဲ့တာကိုသွားတွေးမိရတာလဲ။
ကျက်သရေကို မရှိဘူး..!

~~•~~

ကျောင်းဆင်းချိန်တွင်ဖြစ်သည်

ချုံးပွဲချငိုကြွေးနေသော မည်းမှောင်သော ကောင်းကင်အောက် ထီးများနှင့် တစ်ရွေ့ရွေ့လှုပ်ရှားနေသော ကျောင်းသားတွေ။

သူကတော့ ကျဆင်းနေသော မိုးရေများအား လက်ဖြင့်ခံကာ ငေးနေမိချိန်...

" ထယ်ဟျောင်း ထီးမပါဘူးလား? ရော့ ငါ့ထီးယူသွားလိုက်.."

သူ့အား စကားပြောသူမှာ ဟာယောင်းဖြစ်နေသည်။

ထိုအချိန်တုန်းကတော့ သူမအား ယခုလို မမုန်းတီးခဲ့သေး။

သူမ ရိုးသားခဲ့ဖူးချိန်ဆို ပိုမှန်မည်။

" ဒါဆို..နင်က ဘာဆောင်းမှာလဲ.."

" အာ...ငါ့အိမ်က နီးနီးလေးလေ။ ပြေးသွားလိုက်ရင်ရတယ်..."

김태형[ k•th ] ✔Waar verhalen tot leven komen. Ontdek het nu