sIx

2.4K 270 0
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

" Kim Tae Hyung!
ငါ နင့်ကို သဘောကျတယ်။ငါတို့ နေ့လယ်စာ အတူစားလို့ရမလား?"

-လီဟာယောင်း

လော့ကာထဲမှ ထွက်ကျလာသော ထိုစာရွက်စလေးအား ထယ်ဟျောင်း လုံးချေကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။

ဘယ်နှစ်ကြိမ်မှန်းတောင် ရေတွက်လို့မရလောက်အောင် အကြိမ်များနေပြီ ဖြစ်သည်။

လိုအပ်သည့်စာအုပ်များအား ယူကာ အခန်းထဲသို့ ဝင်လာခဲ့သည်။

သူ၏ ထိုင်ခုံသို့ရောက်တော့ စားပွဲပေါ်တွင်တင်ထားသော ဘူးလေးတစ်ခု။

"Happy Birthday!!
Kim Tae Hyung"

ဘူးပေါ်တွင် ကပ်ထားသော စာရွက်လေး။

ပထမဆုံးအနေနဲ့ ထယ်ဟျောင်း၏ သူမအပေါ်ထားသည့်စိတ်ထားများ အနည်းငယ် ပျော့ပျောင်းလာခဲ့သည်။

' လီဟာယောင်း
နင် ငါ့အကြောင်း ဘယ်လောက်တောင် သိထားပြီးပြီလဲ '

~~•~~

ဒီနေ့ဟာ သူမအတွက်တော့ အပျော်ဆုံးနေ့ ဖြစ်မည်ထင်သည်။

သူမ သဘောကျရသော သူနှင့် စားပွဲတစ်ခုတည်းတွင် မျက်နှာချင်းဆိုင်၍ နေ့လယ်စာ စားခွင့်ရသည်မဟုတ်လား။

" လက်ဆောင် ဖွင့်ကြည့်ပြီးပြီလား?"

သူမအား တစ်ချက်ပင် မကြည့်သော သူက ဘူးအား စားပွဲပေါ် တင်ကာ သူမထံပြန်ပေးသည်။

" လက်ဆောင်တွေ မလိုဘူး။ နောက်လည်း မပေးပါနဲ့..."

စားပွဲပေါ်ရှိ ဘူးအား သူ့ဆီ ပြန်ထိုးပေးကာ...

" နောက်တစ်ခါ ထပ်မပေးတော့ပါဘူး။ ဒီတစ်ခုဘဲ လက်ခံပေးပါ.."

နှစ်ယောက်လုံး အသံတိတ်သွားသည်။

ထို့နောက် ထယ်ဟျောင်း ထထွက်တော့မည်ပြင်တော့...

김태형[ k•th ] ✔Donde viven las historias. Descúbrelo ahora