tHRee

3.1K 279 1
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

ေက်ာင္းတြင္ စာဂ်ပိုးေလးမို႔ ေက်ာင္းလူမိုက္မ်ား၏ အပ်င္းေျပ ေဆာ့စရာ အျဖစ္ အႏိုင္က်င့္ခံရတတ္သူ။

ကြဲေၾကသြားေသာ မ်က္မွန္က ေျမေပၚတြင္ အကူအညီမဲ့စြာ။

သူတို႔၏ ထိုးႏွက္မႈအား ၿငိမ္ၿငိမ္ေလးသာ ခံေနလိုက္သည္။

' သူတို႔ စိတ္ေက်နပ္သြားရင္ ထြက္သြားမွာဘဲ။ ျပႆနာမ်ားေအာင္ ဘာလို႔ ဖက္ၿပီး ရန္ျဖစ္ေနရမလဲ'

ထိုအခ်ိန္ ေျပးလာေသာ အသံႏွင့္အတူ ၾကားလိုက္ရေသာ အသံစူးစူး တစ္ခု။

သူ၏ နာမည္အား ေခၚေနျခင္းျဖစ္သည္။

" Kim Tae Hyung!"

~~•~~

" Yah! Kim Tae Hyung! ဘယ္နားထိသြားေသးလဲ? လာခဲ့ ေက်ာင္းရဲ႕ ေဆးခန္းကို သြားရေအာင္.."

သူ၏ လက္ေမာင္းမွ ဆြဲထူေနေသာ သူမ၏လက္အား သူ ခါးသီးစြာ ခါခ်ပစ္လိုက္သည္။

" ငါ နင့္အကူ အညီမလိုဘူး"

သူမေၾကာင့္ပင္ ထိုးႏွက္ခံေနရသည္မွ လြတ္လာရေသာ္လည္း ေက်းဇူးတင္ေသာ စိတ္မရွိ။

' tsk ေက်ာင္းအုပ္ရဲ႕ သမီးဆိုၿပီး လုပ္ခ်င္တိုင္း လုပ္ေနတာ..'

ႏႈတ္ခမ္းေထာင့္တြင္ ေပေနေသာ ေသြးစအား လက္မျဖင့္ သုတ္ကာ သူမအားေက်ာ္၍ ထြက္သြားေတာ့သည္။

ဟာေယာင္းက ေျမေပၚရွိ သူ၏ မ်က္မွန္အကြဲေလးအား ေကာက္ယူလိုက္ၿပီး မ်က္ဝန္းထဲမွ မ်က္ရည္တစ္စက္ က်ဆင္းသြားသည္။

" ငါ့ကို ဒီလို မဆက္ဆံပါနဲ႔လား...
Kim Tae Hyung"

~••~

18.Nov.2018 (Sunday)
##


[Unicode]

ကျောင်းတွင် စာဂျပိုးလေးမို့ ကျောင်းလူမိုက်များ၏ အပျင်းပြေ ဆော့စရာ အဖြစ် အနိုင်ကျင့်ခံရတတ်သူ။

ကွဲကြေသွားသော မျက်မှန်က မြေပေါ်တွင် အကူအညီမဲ့စွာ။

သူတို့၏ ထိုးနှက်မှုအား ငြိမ်ငြိမ်လေးသာ ခံနေလိုက်သည်။

' သူတို့ စိတ်ကျေနပ်သွားရင် ထွက်သွားမှာဘဲ။ ပြဿနာများအောင် ဘာလို့ ဖက်ပြီး ရန်ဖြစ်နေရမလဲ'

ထိုအချိန် ပြေးလာသော အသံနှင့်အတူ ကြားလိုက်ရသော အသံစူးစူး တစ်ခု။

သူ၏ နာမည်အား ခေါ်နေခြင်းဖြစ်သည်။

" Kim Tae Hyung!"

~~•~~

" Yah! Kim Tae Hyung! ဘယ်နားထိသွားသေးလဲ? လာခဲ့ ကျောင်းရဲ့ ဆေးခန်းကို သွားရအောင်.."

သူ၏ လက်မောင်းမှ ဆွဲထူနေသော သူမ၏လက်အား သူ ခါးသီးစွာ ခါချပစ်လိုက်သည်။

" ငါ နင့်အကူ အညီမလိုဘူး"

သူမကြောင့်ပင် ထိုးနှက်ခံနေရသည်မှ လွတ်လာရသော်လည်း ကျေးဇူးတင်သော စိတ်မရှိ။

' tsk ကျောင်းအုပ်ရဲ့ သမီးဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ..'

နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးစအား လက်မဖြင့် သုတ်ကာ သူမအားကျော်၍ ထွက်သွားတော့သည်။

ဟာယောင်းက မြေပေါ်ရှိ သူ၏ မျက်မှန်အကွဲလေးအား ကောက်ယူလိုက်ပြီး မျက်ဝန်းထဲမှ မျက်ရည်တစ်စက် ကျဆင်းသွားသည်။

" ငါ့ကို ဒီလို မဆက်ဆံပါနဲ့လား...
Kim Tae Hyung"

~••~

18.Nov.2018 (Sunday)
##

김태형[ k•th ] ✔Where stories live. Discover now