အပိုင်း (၇၃)
“အဆုံးသတ်သွားတာ ကံကောင်းတယ်။”
ဒါက ဘာအကြောင်းလဲ?
မုန့်ယွိရှုခြေချော်သွားတာကို ဘယ်သူမှနားမလည်နိုင်ဘူး … ပြီးတော့… ခြေချော်ပြီးတာတောင်မှ… ဖန်ကျန်းရှီရဲ့လက်သီးကိုဝင်တိုက်မိသွားသေးတယ်…
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
လူတိုင်းလိုလို သူ့လက်သီးကို သူ့ဘက် ဖြေးဖြေးပြန်ဆွဲယူနေတဲ့ ဖန်ကျန်းရှီကို ကြောင်ကြည့်သူကကြည့် ငေးသူကငေးနဲ့…။
ရှုံးသွားတယ်?! မုန့်ယွိရှုံ အနိုင်ပိုင်းခံလိုက်ရတယ်ပေါ့? ဘယ်လိုများ သူက အနိုင်ယူခံလိုက်ရတာလဲ?
အကဲအဖြတ်စင်ပေါ်က အရာရှိဝတ်ရုံဝတ်ဆင်ထားတဲ့ ဒေသမှူးရဲ့ မျက်လုံးတွေလည်း အံ့သြမှုနဲ့လှည့်ပတ်ကြည့်လို့နေတယ်။ ရပ်နေသည့် ဖန်ကျန်းရှီကို စိုက်ကြည့်နေရင်းကနေ… သူ့ဘေးထိုင်နေတဲ့ သက်လတ်ပိုင်းလူတစ်ဦးဆီအကြည့်တွေ ရွေ့သွားတယ်။
သူ့နည်းတူစွာပဲ သူလည်းဘယ်လိုပြောင်းလဲသွားလည်းဆိုတာ သိပုံမပေါ်ဘူး။
အခြားဘက်မှာလည်း ဒေသမှူးအကြည့်နဲ့ဆုံသွားပြီး… ထိုအသတ်လတ်ပိုင်းလူရည်ချွန်က သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ သူ့အမူအရာကလည်း ဒေသမှူးနဲ့ အတူတူပဲ…လုံးဝမယုံကြည်နိုင်သလို…။
" တွေ့ပြီ " အဲ့ဒီအချိန်မှာ တော်ဝင်သတင်းပို့သူချင် က ခပ်တိုးတိုးညည်းညူသည်။
" တော်ဝင်သတင်းပို့သူက ဘာမြင်လိုက်တာပါလဲ? " ဒေသမှူးလည်း သူ့ခေါင်းကို တော်ဝင်သတင်းပို့သူ ဆီရွေ့လိုက်တော့သည်။
" Hum… ငါ မြင်လိုက်ရတယ်လို့ပြောနိုင်ပေမယ့်…မြင်လည်းမမြင်လိုက်ပြန်ဘူး! ဒေသမှူးဝမ် အဲ့ကိုကြည့်လိုက် " တော်ဝင်သတင်းပို့သူက… စကားပြောရင်းနဲ့ ဖန်ကျန်းရှီအရှေ့က စင်ညာဘက်ပိုင်းကို ညွှန်ပြတယ်။
" ကျောက်တုံး? " ဒေသမှူးက ခဏကြည့်လိုက်ပြီးမှ ချက်ချင်းပြန်အကြည့်လွှဲကာ… " အခု ပြောလိုက်တာပ… အခု သူက? "
" ဟုတ်တယ်…ဒါပေမယ့်… ဒီကျောက်တုံးက… စင်ပေါ်မှာ အရင်ကတည်းကရှိနေတာလား… သူ့ကြောင့်ပဲ စင်ပေါ်ကို အရွေ့ခံလိုက်ရတာလား? ငါမသိဘူး " တော်ဝင်သတင်းပို့သူလည်း သူ့အတွေးတွေထဲနက်နဲနေပံရြတယ်။
" ဒါပေမယ့် အဲ့တာ အဓိပ္ပာယ်မရှိဘူးလေ! ဒါက ပထမအပတ်ပဲရှိသေးတယ်… ထိပ်မှာ ကျောက်တုံးပေါ်လာမယ့်ဖြစ်နိုင်ချည်က မကြီးမားဘူး! ဒါ့အပြင်… တကယ်လို့ အဲ့မှာရှိနေတာ တကယ်ကျောက်တုံးရှိနေတယ်ဆိုရင်တောင်မှ… မုန့်ယွိရှိုက အဲ့ဒီအပေါ် လုံးဝနင်းမိလိမ့်မယ်လို့ သူက ဘာလို့သိပ်သေချာနေတာလည်း? … ပြီးတော့… မုန့်ယွိရှိုကျလာမယ့် နေရာကိုတောင်မှ သေချာနေပြီး သူ့လက်သီးကို ထားထားသေးတယ်! " ဒေသမှူးတွေးလေလေ မဖြစ်နိုင်လေလေဖြစ်လာသလိုပဲ…။ ပြီးတော့ ပိုပြီးမဖြစ်လာနိုင်လေလေ သူ ပိုအံ့သြလာလေလေပဲ…။
ဘာကြောင့်ဆို အဲ့တာက ပြောဖို့လွယ်ပေမယ့်… တကယ်တမ်းသယ်ဖို့ကျတော့… ရူးသွပ်ဖွယ်ကောင်းလောက်အောင် ခက်ခဲတယ်။
" ငါမသိဘူး…ဒါပေမယ့်… သူ တကယ်ကို အဲ့တာကို လုပ်ခဲ့တယ်!ဟုတ်တယ်မလား? " တော်ဝင်သတင်းပို့သူက သူ့ခေါင်းကိုခါယမ်းလိုက်တယ်။
ဒေသမှူးက နောက်ထပ်ထပ်မပြောတော့ပေမယ့်… သူ့အကြည့်ကို ဖန်ကျန်းရှီဆီပြန်ရွေ့လိုက်ချိန်မှာတော့… ရှုပ်ထွေးတဲ့ အကြည့်က သူ့မျက်ဝန်းထဲရောက်လာပြန်သည်။ တကယ်တော့… တော်ဝင်သတင်းပို့သူပြောတာကြောင့် ဘာတွေပဲဖြစ်နေပစေ… ဖန်ကျန်းရှီ တကယ်ကို အဲ့တာကို လုပ်နိုင်ခဲ့တာပဲ…
အသက်လတ်ပိုင်းလူရည်ချွန်ရဲ့အကြည့်တွေက… စင်ပေါ်က ကျောက်တုံးငယ်မှာ မြဲမြံနေရာမှ… စင်အောက်က အသိမရှိတော့သည့် မုန့်ယွိရှိုဆီရောက်သွားတော့… အေးစက်တဲ့အကြည့်က သူ့မျက်ဝန်းတွေဆီဖြတ်သန်းလာတော့တယ်။
စာဖြေသူတွေလည်း အကဲဖြတ်စင်ပေါ်က စကားဝိုင်းကို အလွန်အကျူးကိုကြားမိလိုက်ကြပြီး နောက်ဆုံးမှ စင်ပေါ်က " မဖိတ်ခေါ်ထားတဲ့ ဧည့်သည့် " ကို သတိပြုမိကြတော့တယ်။
" ကျောက်တုံး? "
" ကျောက်တုံးအပိုင်းအစကြီးလား? "
စာဖြေသူတွေ တစ်ယောက်နဲ့တစ်ောာက်အပြန်အလှန်ကြည့်လိုက်ကြမိပေမယ့် ပြောစရာစကားလုံးတွေတော့ ပျောက်ရှနေကြတယ်။
မုန့်ယွိရှိုက ကျောက်တုံးပေါ်နင်းမလိုက်တယ် ပြီးတော့ မတော်တဆ ဖန်ကျန်းရှီလက်သီးနဲ့တိုးသွားတယ်… ပြီးတော့… ? ပျံသန်းသွားတယ်ပေါ့လေ?
အဲ့တာက တကယ်ကြီးလား?
ဒါပေမယ့် အမှန်တရားက… နည်းနည်းလေးစိတ်ကူးယဉ်ဆန်မနေဘူးလား?
" ပထမတစ်ခါ… ဖန်းကျန်းရှီ အနိုင်ရရှိပါတယ် " သူ့အာရုံတွေပြန်ကပ်မှပဲ စာဖြေကြီးကြပ်သူလည်း အလျန်အမြန်ပင် ဖန်ကျန်းရှီအနိုင်ရမှုကို ကြေညာနိုင်တော့တယ်။
ဒါပေမယ့် စင်အောက်မှာတော့…တိတ်ဆိတ်မှုကလွဲပြီး ဘာမရှိဘူး! ဘာကြောင့်ဆို… စာဖြေသူတွေထဲက ဘယ်သူမှ ဒီလိုအရာမျိုး လောကများဖြစ်ပေါ်ခဲ့နိုင်တယ်ဆိုတာ မယုံနိုင်ကြလို့ပဲ…။
" တိုက်ဆိုင်တာလား? " ရန်ရွှယ် ရဲ့နှုတ်ခမ်းတွေအနည်းငယ်ကွာဟသွားပြီးမှ သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ သူ့လက်ထဲက ငွေခြည်ကွပ်ရွှေရောင်အရိုးတံယပ်တောင်ကို ခဏလောက်ခပ်ပြင်းပြင်းယပ်ခတ်နေပြီးတော့မှ ပြန်ငြိမ်သက်သွားတယ်။
..
" ဖန်ကျန်းရှီ! မင်းရဲ့ ကံက အတော်လေးကောင်းလွန်းမနေဘူးလား? " လီဟူအာနဲ့ မုန့်ကျန်းရှန်း လည်း… စင်ပေါ်ကနေ အောက်ကိုလျှောက်လာနေတဲ့ ဖန်ကျန်းရှီကိုစိုက်ကြည့်နေကြပြီး သူ့ခုံမှာဝင်ထိုင်လိုက်တာကိုကြည့်ရင်း…သူတို့မျက်ဝန်းတွေက မနာလိုမှုတွေပြည့်နှက်လို့။
ဖန်ကျန်းရှီ သူ့နှုတ်ခမ်းတွေကို ကွေးညွှတ်လိုက်တယ်။ ထိုသို့သော မေးခွန်းမျိုးကို ပြန်ဖြေဖို့အတွက် သူအာရုံနောက်နေစရာတောင်မလိုဘူး…
ဒါပေမယ့်…အဲ့ဒီအမူအရာကို မြင်လိုက်ရတဲ့ လီဟူအာနဲ့ မုန့်ကျန်းရှန်း အတွက်ကတော့… ဖန်ကျန်းရှီက သူတို့နဲ့ပြိုင်ငြင်းဖို့အင်အားမရှိတဲ့ပုံပေါက်သွားတယ်။
" ဟုတ်ပါပြီ! မင်းကံဘယ်လောက်ကောင်းကောင်း တစ်နေ့တော့ အဆုံးသတ်မှာပါ" လီဟူအာနဲ့ မုန့်ကျန်းရှန်း အဲ့တာကို ယုံကြည်ဖို့ပဲတတ်နိုင်တော့တယ်။
နောက်ပိုင်းပြိုင်ပွဲတွေက တော်တော်လေးပျင်းဖို့ကောင်းလာတယ်။
အဲ့တာတွေတော်တော်များများက… ရက်စက်တဲ့အင်အားဒါမှမဟုတ်…ထူးဆန်းတဲ့ဗျူဟာတွေကို သုံးနေတဲ့ ပြိုင်ပွဲတွေပဲ…။ လီဟူအာနဲ့ မုန့်ကျန်းရှန်း က ပျင်းရိသလိုဖြစ်နေပေမယ့် ဖန်ကျန်းရှီကတော့ စိတ်ဝင်စားမှုကြီးစွာနဲ့ကြည့်ရှုနေတယ်။
အဲ့တာတွေက…ရိုးရှင်းတဲ့တိုက်ကွက်တွေပေမယ့်… ကျယ်ပြန့်တဲ့စိတ်ကူးတွေများစွာပါဝင်တယ်။
* ဥပမာအားဖြင့်… အပြာရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့ ယောကျာ်းတစ်ယောက်က… " " ( လကိုငေးမောကြည့်နေတဲ့ကြံ့များ :") xD
ကို အသုံးပြုနေတယ်။ အဲ့တာက ကြံ့တွေဖြစ်ဖြစ် လပဲဖြစ်ဖြစ် အဓိကအချက်က… အဲ့အနောက်ကလိုက်လာတဲ့ ပေါင်ခြံကိုကန်ချက် ပဲ…။ အဲ့ဒီလှုပ်ရှားမှုက မယုံနိုင်စရာပဲ…။
ချက်ချင်းကို သူ့ပြိုင်ဘက်ကို ဒူးထောက်သွားစေပြီး သနားခံသွားစေတယ်။
လူတိုင်းလိုလိုမှာ သင်စရာတစ်ခုမဟုတ်တစ်ခုရှိနေတတ်တယ်။ ပြီးတော့… ဖန်ကျန်းရှီလည်း စိတ်သဘောထားကို သင်ကြားရင်းတိုက်ခိုက်ခဲ့တာ…အဲ့တာက သူဘာကြောင့် မုန့်ယွိရှုကို သူ့တိုက်ကွက်နှစ်ခုကို ထင်ရှားစေဖို့ခွင့်ပြုခဲ့တယ်ဆိုတာပဲ…။
ပြီးတော့လည်း… လီဟူအာနဲ့ မုန့်ကျန်းရှန်း က ကြည့်ရတာ ကံဆိုးပုံပဲ…။
ဘာကြောင့်ဆို… သီအိုရီစာမေးပွဲရဲ့အောက်ဆုံးအဆင့်မှာ ပုံမှန်အားဖြင့်… သူတို့ မိုးသက်မုန်တိုင်းနဲ့ ရင်ဆိုင်တိုက်ကြရတယ်။
" ကောင်းကင်ဘုံရေ…ငါ့ကို သတ်လိုက်ပါတော့ " လို့အော်ပြီးနောက်မှာ… မုန့်ကျန်းရှန်း လည်း စင်ပေါ်ကနေ ပြုတ်ကျလာတော့တယ်။ သူ့ပါးစပ်ထဲမှာ ရွံတွေနဲ့ပြည့်နေပြီး ကြည့်ရတာ တော်တော်လေးပင်ပန်းနေပုံပဲ။
အခြားဘက်မှာလည်း… လီဟူအာ က ရဲရင့်သလိုသန်မာတယ်…သူ့လက်သီးဆုပ်တွေက … လေရဲ့အသံကိုသယ်ဆောင်ပြီး… သူ့ပြိုင်ဘက်ရဲ့ မနာလိုမုန်းတီးမှုက သူ့ကို နောက်ထပ်မတိုက်ခိုက်နိုင်လောက်အောင်ပဲ… သူ သူ့ပြိုင်ဘက်ကို စင်အောက်ပို့နိုင်လိုက်တယ်။
" ငါနိုင်ပြီ…နိုင်ပြီ "
လီဟူအာက သူ့ပျော်ရွှင်မှုကို မထိန်းနိုင်ပါဘူး… ဒါပေမယ့်… … ကြီးမားတဲ့ပန်ဒါမျက်လုံးကြီးတွေကိုထည့်တွက်မယ်ဆိုရင်တော့… သိပ်တော့ ကြည့်မကောင်းလှဘူး။
နောက်ဆုံးတော့ ပထမတချီ အဆုံးသတ်သွားခဲ့ပြီ။
သီအိုရီစာမေးပွဲရဲ့ ထိပ်တန်းသုံးယောက်ကြားမှာ… ပထမဆုံးတစ်ယောက်အနေနဲ့ ဖန်ကျန်းရှီ မုန့်ယွိရှိုကို အီိုင်ယူခဲ့ပြီး… ဒုတိယအဆင့်ကို အောင်မြင်စွာတက်ရောက်သွားပြီ။ အခြားဘက်မှာလည်း… ကျန်းရှင်းကျောက် ကံက သိပ်မကောင်းရှာဘူး။
ဘာကြောင့်ဆို… လီပေါ်ဝေး က သူ့ကို ပထမတချီမှာ စိန်ခေါ်ခဲ့တယ်လေ။
ပြီးတော့… မယုံနိုင်စရာ ထူးချွန်လှတဲ့တိုက်ပွဲဖြစ်ပေါ်လာခဲ့တယ်။ လှုပ်ရှားမှုတိုင်းက… သေစေနိုင်ပြီးပျက်ဆီးလွယ်တယ်… ခြေလှမ်းတိုင်းကလည်းပြင်းထန်တယ်.… နောက်ဆုံးတော့ ကျန်းရှင်းကျောက် ရှုံးသွားတယ်လေ။ ကံမကောင်းစွာပဲ… သူဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသေးတယ်။
အဲ့ဒီဆီက မြင်ရတာကတော့… လီပေါ်ဝေး ကကျန်းရှင်းကျောက် ရဲ့ ပြင်းထန်စွာဖိထားခြင်းခံရတာကြောင့်… စင်ပေါ်က ပြုတ်ကျလုနီးနီးပဲ… ဒါကြောင့်…သူ့ဓားကို အသာထုတ်လိုက်တာမှာ မတော်တဆကျန်းရှင်းကျောက် ရဲ့လက်ကောက်ဝတ်ကို ဖြတ်မိသွားတယ်။
သူ့ရဲ့ သွေးကြောတွေ အဖြတ်ခံလိုက်ရတယ်လေ။
အနာဂတ်မှာ… ကျန်းရှင်းကျောက် အတွက်တိုက်ပွဲမှာ တိုးတက်လာဖို့ လုံးဝခက်ခဲသွားမယ်လို့တောင်… ရယ်ရွယ်တယ်။ ဒါပေမယ့်… စင်ပေါ်မှာ ဒီမတော်တဆမှု့ဖြစ်သွားတယ်…ပြီးတော့လည်း အဲ့ဒီဖြစ်သွားတဲ့ အခြေအနေကို လူတိုင်းက သံသယရှိတယ်။ ဘယ်သူမှလည်း လီပေါ်ဝေး ရဲ့ အမူအရာတွေကို မေးခွန်းမထုတ်ရဲဘူး…။
" ဒုန် " တိုက်ခိုက်မှုဆိုင်ရာမေးပွဲရဲ့ဒုတိယအဆင့်စတင်တယ်။
သီအိုရီစာမေးပွဲမှာ…ဖန်ကျန်းရှီရဲ့ ဖျော်ဖြေမှုက မယုံနိုင်စရာပဲ… သူ ဒီအဆင့်ကို အောင်မြင်ပစေ မအောင်မြင်ပစေ… သူ တာအိုဥပဒေစာမေးပွဲကိုတော့ အောင်မြင်နိုင်နေဆဲပဲ….။
ဘာပဲဖြစ်ဖြစ် အဲ့တာက လီဟူအာ အတွက်တော့ မတူဘူး…။ သူ ဒီသီအိုရီစာမေးပွဲရဲ့… ဒုတိယအဆင့်တန်းကို ဝင်နိုင်ဖို့ပဲ လုပ်နိုင်သေးတာ…သူနောက်တစ်ခါကို ဖြတ်ကျော်နိုင်ဖို့လိုသေးတယ်။
ပထမတစ်ခါနဲ့ ဘာကွာခြားလဲဆိုတော့… ဒီတစ်ခါ တိုက်ခိုက်မှုက " ဦးဆောင်သူ " " နောက်လိုက် " နဲ့ထပ်မဆုံးဖြတ်တော့ဘူး… အခုက အစုတွေ ရေးဆွဲခြင်းအပေါ်မှာ ဆုံးဖြတ်တယ်။
နောက်ပိုင်းတော့လည်း… ခေါင်းဆောင်သူနဲ့ နောက်လိုက်ကိုရွေးချယ်ခြင်းနည်းလမ်းက ပထမအဆင့်မှာ လူစစ်ထုတ်ဖို့အတွက်ပဲ!
အားနည်းတယ်လို့ယူဆရတဲ့လူတွေကို ခွဲထုတ်ဖို့ အမြန်ဆန်ဆုံးနည်းလမ်းကို အသုံးပြုတာက အဲ့တာရဲ့ အဓိကရည်ရွယ်ချက်ပဲ…။
အဲ့လို ရေညစ်ထဲက ငါးကို အောင်မြင်စွာစစ်ထုတ်ပြီးတာနဲ့… တကယ့်ပြိုင်ပွဲအစစ်က ပိုပြီး အံ့သြဖွယ်ကောင်းလာတယ်။
အစု တွေ ရေးဆွဲပြီးတာနဲ့… ယှဉ်တွဲနာမည်တွေက အဆင့်ကျောက်တုံးနှစ်ခုပေါ်မှာလျင်မြန်စွာပေါ်လာတယ်။
ပြီးတော့………
လီဟူအာရဲက အမှုအရာက လုံးဝရုပ်ဆိုးတဲ့ဘက်ပြောင်းသွားပြီ… ဘာလို့ဆို သူ့နာမည်နဲ့ယှဉ်တွဲနေတဲ့ သူက ဘယ်သူဆိုတာ သိနေပြီး…ဒါ့အပြင်…သူနဲ့ပါလုံးဝရင်းနှီးနေသေးတယ်။ သူ့နာမည်က… ဖန်ကျန်းရှီ…
" ဟင်း… ဟူအာ အစ်ကိုက မှန်သွားပြီ! တကယ့်ကို ငါ့ကံ နောက်ဆုံးတော့ အဆုံးသတ်တော့မှာပဲ " ညှိးငယ်နေတဲ့ လီဟူအာ ရဲ့မျက်နှာကို ကြည့်လိုက်ရင်း သက်ပြင်းချလိုက်ပေမယ့် သူ့မျက်ဝန်းတွေကတော့ ရယ်ချင်မှုတွေအထင်းသားပဲ…။
အပိုင်း (၇၃)ပြီး၏။