Past and Future

By huangmingzhuu

76.4K 3.6K 231

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... More

<1>
<2>
<3>
<4>
<5>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<20>
<21>
<22>
<23>
<24>
<25>
<26>
<27>
<28>
<29>
<30>
<31>
<32>
<Final>

<19>

1.5K 96 23
By huangmingzhuu

ရွှေဝါရောင်မီးဆိုင်းများအောက် ရောင်ပြန်ဟပ်နေသော ကြွေပြားများထက် ပြုံးရွှင်စွာ လျှောက်လှမ်းလာသော သွန်းခတ်နွယ်။

ညာဘက်တွင် ဘုန်းစစ်သွေးလက်ကိုချိတ်ထားပြီး ဘယ်ဘက်တွင် ရှင်းသန့်မြတ်ပိုင်လက်ကို ချိတ်ကာ ရယ်မောနေသောကြောင့် ဖြတ်သွားဖြတ်လာ လူများ ကွက်ကြည့် ကွက်ကြည့်။

အိမ်နေရင်းပုဆိုး မျက်နှာပြောင်နှင့် ရှင်းသန့်မှာတော့ ရှုံ့မဲ့ကာ စိတ်ညစ်နေပြီး ညီမဖြစ်သူသွန်းခတ်နွယ်မှာတော့ ရယ်မောကာသဘောကျနေသည်။

ဘုန်းစစ်သွေးမှာလည်း ထုံးစံအတိုင်း သွားများအကုန်ပေါ်သည်အထိ ဖြီးနေတော့သည်။

Myanmar Plaza ထဲမှ ထွက်လာကြပြီး လမ်းခွဲရန်ပြင်ကြသည်။

"ကိုငယ်နဲ့ပဲ ပြန်လိုက်တော့မယ်နော်.. ကို.."

"ကို လိုက်ပို့ပေးမယ်လေ သွန်းကလည်း..."

"ကိုငယ် ပါနေတာပဲ.. ရပါတယ် ကိုရဲ့.."

နားပန်းနားမှ ဆံနွယ်ပါးလေးတစ်ချို့မှာ လေဒဏ်ကြောင့် ဝေ့ဝဲနေသောကြောင့် နားနောက်ညှပ်တင်ရင်း သွန်းခတ်နွယ် ပြောလိုက်သည်။

အမြင်မကြည်သော အကြည့်များဖြင့် ဘုန်းစစ်သွေးကို အောင်နိုင်သူအလား ကြည့်နေသူ ရှင်းသန့်မှာလည်း ဘေးတွင် လက်ပိုက်ကာ ရပ်နေသည်။

ပြင်လာခဲ့သော ဆံပင်ကို ရှက်ရမ်းရမ်းပြီး လက်နဲ့သပ်တင်ရင်း ဘုန်းစစ်သွေး ရယ်ကျဲကျဲပြောလိုက်သည်။

"ရတယ်.. ကိုက.. အဲ့ဒီဘက်ကပြန်မှာဆိုတော့ လမ်းကြုံတယ်လေ.. အတူတူလိုက်ခဲ့လိုက်မယ်.."

ရှင်းသန့် မျက်နှာပျက်သွားသည်။ ပိုက်ထားသော လက်ကိုချကာ အရှေ့မှ ဦးဆောင်ထွက်သွားတော့သည်။

"အမ်.. ကိုငယ်.. ခဏနေဦးလေ.."

"ငါ့ကို အဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ.."

အနောက်မှ ပြေးလိုက်လာသူ သွန်းခတ်နွယ်ကြောင်တောင်တောင်လေးဖြစ်သွားသည်။ ခြေလှမ်းများရပ်ကာ ရှင်းသန့်ကို စူးစမ်းကြည့်ရင်း

"သွန်းက..အဲ့လိုပဲခေါ်နေကျလေ.. ကိုငယ်.."

ရှင်းသန့် အနောက်လှည့်ကြည့်ရင်း ချက်ချင်းအရှေ့သို့ပြန်လှည့်ကာ မသိချင်ယောင်ဆောင်ထွက်သွားသည်။

သူ့စိတ်ထဲ ဘုန်းစစ်သွေးခေါ်သည်ထင်၍ အော်ငေါက်မိခြင်းဖြစ်သည်။ မျက်နှာတစ်ပြင်လုံးလည်း ခရမ်းချဉ်သီးပမာ နီရဲနေပြီး လက်သီးကိုဆုပ်ထားမိသည်။

အား....ရှက်လိုက်တာ...

.........................................

"The brave boy ရဲ့ နာမည်အရင်းကဘာလဲ.."

စာအုပ်ကိုကိုင်ကာ ခြေချိတ်ထိုင်နေသော ဇေယျာဟိန်းထက် သူ့အရှေ့မှ မင်းခန့်မောင်ကို မေးလိုက်သည်။

"ဗျာ.. ဟို.."

"မဖတ်ထားဘူးလား... သေချာပြန်ဖတ်ထားလို့ မှာခဲ့တယ်လေ..."

"ဖတ်တော့ ဖတ်ထားပါတယ်.. ရုတ်တရက်ကြီးဆိုတော့....."

မင်းခန့်မောင် ခေါင်းကုတ်ရင်း ဟိုကြည့် သည်ကြည့် လှည့်ပတ်ကြည့်ကာ ဇေယျာဟိန်းထက်အကြည့်များကို ရှောင်လွှဲနေသည်။

ဝုန်းကနဲ ချလိုက်သော စားပွဲပေါ်မှ စာအုပ်သံကြောင့် မင်းခန့် ပုခုံးများတွန့်ကာ ခါးမတ်သွားသည်။

"Jim Hawkins  လေ.."

စိတ်မရှည်သော လေသံကြောင့် မင်းခန့် နည်းနည်းလန့်သွားသည်။

"ဘာလို့ စာကို စိတ်မဝင်စားရတာလဲ မင်းခန့်မောင်.."

"သင်ပြီးသားစာတွေကို ပြန်သင်နေရတာ ဘယ်သူက စိတ်ဝင်စားမှာလဲဗျာ..."

လွှတ်ကနဲ ထွက်သွားသောစကားကြောင့် ဇေယျာဟိန်းထက် အံ့သြသွားသော်လည်း မျက်နှာပြန်ပြင်ကာ မေးလိုက်သည်။

"ဘာပြောလိုက်တယ်..."

"ဘာ...ဘာ...ဘာမှမဟုတ်ပါဘူး... ဟို.. ဟိုတစ်နေ့က.. သင်ပြီးသားစာဆိုတော့လေ... အဲ့ဒါကိုပြောတာပါ.."

ကြောက်အားလန့်အားဖြင့် အသံများပင် တုန်ယင်နေသည်။

မင်းခန့်မမြင်အောင် ဇေယျာဟိန်းထက် အပြုံးတစ်ပွင့် နှုတ်ခမ်းထက်ပေါ်လာသည်။

မင်းလိုသာဆို ငါလည်းသင်ပြီးသားစာတွေကို ပြန်သင်နေရတာပဲ မင်းခန့်..

....................................

နဖူးပေါ် သပ်တင်ထားသောဆံပင်များကို လက်ချောင်းများကြားထည့်ကာ ဖွလိုက်ရင်း ဇွဲခန့်ခအောင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

သူတို့နှစ်ယောက်ထိုင်နေကျ အုတ်အဖြူဖြင့်ဆောက်လုပ်ထားသော အမည်းရောင်စက်ကြားများရှိသည့် နှစ်ယောက်ထိုင်ခုံတွင် လက်နောက်ပစ်ကာ ခြေဆန့်ရင်း ထိုင်နေသော မင်းခန့်ကိုကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်သည်။

သို့သော် မင်းခန့်ဘက်က စကားစကာ

"ဇွဲ..ငါတို့ အနာဂတ်ကို ပြန်သွားလို့မရတော့ဘူးလား.. ဒီစာတွေကို ပြန်သင်နေရတာ ငါစိတ်တွေညစ်လာပြီ.."

"ငါလည်း အတူတူပဲလေကွာ စိတ်ညစ်ရတာပဲ.. ဘယ်လိုလုပ်ရမှန်းလည်း မသိ.. ဟူး..."

ပါးစပ်မှ လေပူများကိုမှုတ်ထုတ်ကာ ကောင်းကင်ထက် ဇွဲ မော့ကြည့်နေသည်။

"မင်းခန့်.."

"ဘာလဲ.."

"မင်းမှတ်မိလား.. ငါတို့ ၉တန်းတုန်းက အတူတူအိပ်ခဲ့ကြတာလေ.."

တိမ်စိုင်များကို ကြည့်ကာ ပြုံးရင်းပြောနေသော ဇွဲရဲ့ ဘေးတိုက်မျက်နှာမှာ အလွမ်းရိပ်သန်းနေသည်။

"ဘာတွေပြောနေတာလဲကွာ.. စိတ်ညစ်ရတဲ့ထဲ.."

"အခုငါတို့ အဲ့ဒီတုန်းက အချိန်ကို ပြန်ရောက်နေကြပြီလေ.."

"အဲ့ဒီတော့ မင်းကဘာလဲ အတူတူအိပ်ချင်တာလား..."

"Hahaha...."

မင်းခန့်စကားကို သဘောကျ၍ ကျယ်လောင်စွာ ရယ်မောရင်း မင်းခန့်ပုခုံးကို ဆွဲဖက်လိုက်သည်။

မင်းခန့်မောင် မရုန်းပါ။ အတူရယ်မောရင်း တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။

........................................

Practical စာအုပ်များကို မနိုင်တနိုင်ပွေ့ကိုင်ရင်း ဆရာမအခန်းသို့ ဦးတည်နေသော ရှင်းသန့်မြတ်ပိုင် အရှေ့မှ ကလေးမဟုတ်သူငယ်မဟုတ် စိန်ပြေးလိုက်တမ်းဆော့နေသော ဘုန်းစစ်သွေးနှင့် တည့်တိုးတော့သည်။

အရှိန်ဖြင့်ပြေးလာသောကြောင့် ရှင်းသန့်လက်ထဲမှ စာအုပ်ပုံများ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျကုန်တော့သည်။

"အာ...Sorry ကိုငယ်.. ကျွန်တော့်ကို ဟိုကောင်တွေ မှီတော့မယ် Sorry နော် သွားပြီ..."

"ဘုန်းစစ်သွေးးးး......"

စူးရှသောအသံကြောင့် ဘုန်းစစ်ခြေလှမ်းများ ပြေးနေရင်းက ရပ်တန့်ကာ အနောက်လှည့်ကြည့်ရသည်။

"ပြန်လာကောက်..."

တစ်ချက်လွှတ်အမိန့်ကြောင့် မျက်နှာငယ်လေးဖြင့် စာအုပ်များကို ကောက်ကာ ပြန်စီပေးနေရသည်။

"မိပြီ ငဘုန်း.."

"မဆော့တော့ဘူးကွာ မောတယ်.."

ဘုန်းစစ်သွေး...မင်းက တကယ် ကလေးပါလား..

ရှင်းသန့်စိတ်ထဲပြောကာ ပြုံးလိုက်သည်။

"ဟာ.. ကိုငယ် ဘာတွေပြုံးနေတာလဲ.. ကျွန်တော်ရှုံးသွားလို့ ပျော်နေတာလား.."

"ငါမင်းလို ကလေးမဟုတ်ဘူး.."

"လာ လာ ဟေ့ကောင်တွေ.. သွားမယ် ဒီကောင်သူ့ယောက်ဖနဲ့တွေ့ရင် ပြီးမှာ မဟုတ်တော့ဘူး..."

"ဟုတ်ပါ့ကွာ စော်ထက်သာတယ်.. Hahaha..."

သူတောင်းစားတွေ....

ရယ်မောရင်း ပြောချင်တိုင်းပြောကာ ထွက်သွားကြသောသူငယ်ချင်းများကို ဘုန်းစစ်သွေး စိတ်ထဲကျိန်ဆဲရင်း ရှင်းသန့်ကိုပြုံးပြလိုက်သည်။

"ဟီး ကိုငယ် ကျွန်တော်လိုက်ပို့မယ်လေ.. ကိုငယ်တို့ Practical ဆရာမအခန်းမလား.. ဟဲဟဲ.. အဲ့ဒီဆရာမကို ကျွန်တော်ပိုင်တယ်.."

"ဘာ..."

"အမ်.. ဟိုလေ.. ပိုင်တယ်ဆိုတာကလေ အဲ့ဒီဆရာမက သဘောကောင်းတော့ အရမ်းခင်တယ်လို့ပြောတာပါ.."

စာအုပ်များ တစ်ယောက်တစ်ဝက်သယ်ရင်း Corridor တစ်လျှောက် လျှောက်လာကြသည်။

ဆရာမအခန်းမှ ထွက်လာသော ဘုန်းစစ်သွေးမျက်နှာမှာ ချွေးများတိတ်သွားသည်။

"ကိုငယ်..ဒီညနေကျရင်လေ ကျွန်တော် ကိုငယ်တို့အိမ်လိုက်ခဲ့လို့ရမလား.. သွန်းနဲ့စာလုပ်မလို့.."

"မရဘူး..."

"ဟာဗျာ.. စာလုပ်မလို့ပါဆို ကိုငယ်ကလည်း.."

"မင်းငါ့ညီမနဲ့တွေ့ချင်ရင် ကျောင်းမှာပဲတွေ့.. အိမ်အထိလိုက်မလာနဲ့.. မျက်စိနောက်တယ်.."

မျက်နှာငယ်လေးနှင့် ချွဲနွဲ့ပြောတတ်သော ဘုန်းစစ်သွေးမှာ မင်းသားပင်လုပ်ဖို့ကောင်းသည်။

"ကိုငယ်ကလည်းဗျာ.. စာလုပ်မလို့ပါ.. သွန်းနဲ့စာလုပ်ရင် စာပိုရလို့ပါ ကိုငယ်ရဲ့.. နော်.. နော်.. နော်လို့.."

ရှင်းသန့်မြတ်ပိုင် စိတ်ညစ်လက်ညစ် ခေါင်းညိတ်ရင်း ဝေးရာသို့လျှောက်လာသည်။

ညနေကျောင်းဆင်းတော့ ရှင်းသန့်အတန်းရှေ့ ဘုန်းစစ်သွေးစောင့်နေသည်။ မိန်းကလေးများ စိတ်ဝင်တစားကြည့်နေ၍ ရှင်းသန့်ရှက်ကာ မြန်မြန်ထွက်လာရသည်။

"မင်းဘာလို့ ငါ့အတန်းရှေ့လာစောင့်နေတာလဲ သွန်းဆီသွားလေ.."

"သွန်းက သွားပြီလေ သူ့သူငယ်ချင်း ကားနဲ့ ပြန်သွားတာကြာပြီ.."

"အဲ့ဒါဆို မင်းနဲ့ငါ နှစ်ယောက်တည်းလား.."

"အင်းလေ ဘာလို့လဲ.."

"ဘာမှမဖြစ်ပါဘူး 😑"

ရှင်းသန့်တို့နှစ်ယောက် အိမ်ရောက်တော့ ရှင်းသန့်ရေမိုးချိုးကာ အိပ်ရာပေါ် ပစ်လဲချတော့သည်။

ဧည့်ခန်းထဲ ဘုန်းစစ်သွေးတစ်ယောက်ထဲ စောင့်နေရင်း ပျင်းလာတော့ သွန်းအခန်းထဲဝင်သည်။

အခန်းထဲဝင်ကာ စာအုပ်လှန်ရင်း သမ်းနေသည်။သွန်းကိုစောင့်ရင်း အိပ်ချင်လာတော့သည်။

"အား...... မလာနဲ့... အာား မလာကြပါနဲ့ မလာနဲ့... အား........ အား...."

ဟိုဘက်အခန်းမှ အသံများကြောင့် ဘုန်းစစ်မျက်လုံးကျယ်သွားသည်။

ရှင်းသန့်အခန်းထဲပြေးဝင်ရင်း လှုပ်နှိုးသည်။

ရှင်းသန့် ဒီလိုဖြစ်တာကို ဘုန်းစစ်ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ပထမတစ်ခါတုန်းက ဒီလောက်မဆိုးပေမယ့် အိပ်မက်ဆိုး မက်တာချင်းတော့ အတူတူသာဖြစ်သည်။

"ကိုငယ်.. ကိုငယ်.."

ပုခုံးများကို ကိုင်လှုပ်ကာ နှိုးနေသော ဘုန်းစစ်ကို မျက်လုံးများမှိတ်၍ ဆွဲဖက်လိုက်သည်။

တင်းကြပ်စွာ ဖက်ထားသောကြောင့် ဘုန်းစစ်ပြန်ဖက်ရင်း ကလေးသဖွယ် ကျောကုန်းကို ပွတ်သပ်ပေးနေသည်။

"ကိုုငယ်.."

ခေါ်နေသော်လည်း မကြားပဲ ရှုံ့ငိုနေသောကြောင့် ဘုန်းစစ် စိတ်ထဲ သနားမိလာသည်။

"ကြောက်တယ်.. ကြောက်တယ်.."

ရှုံ့ငိုရင်းပြောနေသော ကတုန်ကယင်အသံများကို နားထောင်ရင်း ဘာများဖြစ်တာလဲဟု ဘုန်းစစ်စိတ်ထဲ သိချင်မိသည်။

ခဏကြာတော့ အငိုတိတ်ကာ ငြိမ်ကျသွားသည်။ပြန်လဲကာအိပ်စေရင်း စောင်ခြုံပေးလိုက်သည်။ နဖူးထက်မှချွေးစေးများကို ပွတ်သပ်ပေးရင်း ပြုံးကာကြည့်နေမိသည်။

ဖုန်းသံကြား၍ ထုတ်ကြည့်လိုက်တော့ သွန်းဆီမှ ဖုန်းလာခြင်းဖြစ်သည်။

"သွန်း လာနေပြီ ကို.. သူငယ်ချင်းက သူ့အိမ်ခေါ်သွားလို့ ပါသွားတာ ခဏလေးပဲစောင့်နော်.." ဆိုသော စကားပြီးနောက် ဖုန်းချလိုက်သည်။

ရှင်းသန့်အခန်းထဲမှ စာကြည့်စားပွဲကိုကြည့်ရင်း ထိုင်ခုံတွင် ထိုင်ချလိုက်သည်။

ဖွင့်ထားသော စာအုပ်ကိုပြန်ပိတ်ပေးရန် ပြင်လိုက်သော်လည်း လက်ရေးဝိုင်းများက ဆွဲဆောင်နေပြန်သည်။

ဒီနေ့သူ့ကိုထပ်တွေ့တယ်.....

ငါတို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ဘူး....

မဖြစ်နိုင်တာကြီးကို ရှေ့ဆက်မတိုးချင်တော့ဘူး....

အစရှိသော စကားစုများကို ဖတ်ရင်း ဘုန်းစစ်ပြုံးနေသည်။ ဘယ်သိူ့ကိုရည်ညွှန်းမှန်းမသိပေမယ့် လက်ရေးဝိုင်းများကို သဘောကျနေမိတော့သည်။

ကျော်ကြည့်ရင်း စာအုပ်အရှေ့ဆုံးကို ရောက်သွားတော့ မှိန်နေသော စာရွက်များသည် အတော်ကြာနေပြီဆိုသော အချိန်ကာလကို သိသာစေသည်။

မိဘအရင်းတွေကို တွေ့ချင်မိတယ်... ဘယ်သူကများ ငါ့ကိုလူ့လောကထဲပို့ပေးခဲ့တာလဲ... ဘာလို့စွန့်ပစ်ခဲ့ရတာလဲ...

ငါ ဒီအိမ်မှာ ဆက်မနေချင်တော့ဘူး... ညီမလေးက ချစ်ဖို့ကောင်းပေမယ့် ငါ့ညီမအရင်းမှ မဟုတ်တာ.. မိဘတွေက အလိုလိုက်ကြပေမယ့် မိဘအရင်းမှမဟုတ်တာ...

အထိီးကျန်တယ်.... အရမ်းအထိီးကျန်တယ်...

ထိုစာများကို ဖတ်ရင်း ဘုန်းစစ်မျက်လုံးပြူးသွားသည်။ခဏခဏ အိပ်မက်ဆ်ိုးမက်တတ်သော ရှင်းသန့်ကို လှည့်ကြည့်ကာ အံ့သြမိသည်။ သနားစိတ်က ထပ်တူ။

ကိုငယ်က...သွန်း အစ်ကိုအရင်း မဟုတ်ဘူးလား....


###
TBC
•update every Friday•

Continue Reading

You'll Also Like

533K 25.8K 61
ကျွန်​​တော့်​အ​တွေးတစ်​စသည်​ အမှားဖြစ်​ခဲ့သည်​ရှိ​သော်​... သူနှင့်​​တွေ့ဆုံလိုက်​ရမှု​ကြောင့်​ ထိုအ​တွေးများကို ကျွန်​​တော်​မြတ်​နိုးသည်​။ #သက်​တန့်​​...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
12.1K 324 65
တစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ
10.6K 775 17
မေတ္တာဖြင့်အေးစေမေတ္တာဖြင့်နွေးစေ မင်းငါ့ကိုပြောခဲ့တယ် ငါကသွေးအေးတယ်ဆိုပြီး တကယ်တော့ Min Htetမင်းက ငါ့ထက်ပိုသွေးအေးတယ် #Aung Htet Myat (Htet Myat) ...