November,17,2018
မင်းခန့်မောင်၏မွေးနေ့။
အလုပ်ကိစ္စကြောင့် Tourist များနှင့်အတူ US သို့ရောက်နေသောမင်းခန့်မောင်။
မွေးနေ့ပွဲအားမြန်မာနိုင်ငံမှသူငယ်ချင်းများနှင့်အတူပြင်ဆင်ခွင့်မရှိသော်လည်း US တွင်တွေ့သောငယ်သူငယ်ချင်းဇွဲခန့်ခအောင်နှင့်အတူကျင်းပဖြစ်ခဲ့သည်။
သူငယ်ချင်းနှစ်ယောက်ဆိုင်တစ်ဆိုင်တွင်ထိုင်ကြရင်းကအနောက်တိုင်းအစားစာများအားသဘောကျနေကြသည်။
ထို့နောက်ဆက်ရန်ရှိသောအလုပ်များအားတစ်ဖြည်းဖြည်းဖြတ်နေရင်းကမနက်ဖြန်ဆိုသောနေ့ရက်အားရောက်ရှိလာသည်။
*phone ring*
<Hello?>
<မင်းခန့်လား?>
<အေး>
<ငါအရေးကြီးပြောစရာရှိလို့...မင်းလန့်မသွားနဲ့နော်>
<ဘာပြောမလို့လဲကွ!?>
<မိုးမခမင်္ဂလာဆောင်တော့မယ်တဲ့>
<ဘာ!!???>
<ငါထင်တယ် မင်းဒီလိုဖြစ်မယ်ဆ်ိုတာ.. ဘယ်လောက်ထိနှစ်တွေကြာနေပါစေ သူ့ကိုချစ်နေတုန်းမလား..?>
<ဘယ်အချိန်လဲ? ဘယ်တော့လဲ? ဘယ်နေ့လဲ?>
<ဒီညနေ>
<ဟုတ်ပြီ ငါပြန်လာခဲ့မယ်>
*call end*
ကိုယ့်မွေးနေ့တွင်အဓိကလွမ်းနေမိသူကမင်္ဂလာဆောင်တော့မည်ဆိုသောသတင်းအားရုတ်တရက်ကြားလိုက်ရ၍ရင်ထဲဆို့နင့်မိသည်။
မည်သို့ပင်ဖြစ်နေပါစေ မိုးမခအတွက်ဆိုဘယ်လောက်ဝေးတဲ့အကွာအဝေးကမဆိုအရောက်လာမည်ဖြစ်သောမင်းခန့်သည်အလုပ်ကိစ္စများအားမမှုတော့ပဲရန်ကုန်သို့ရသည့်လေယာဉ်နှင့်ချက်ချင်းပြန်တော့မည်ဖြစ်သည်။
"မင်းခန့်..ငါလည်းပြန်မှာ..ငါနဲ့တစ်ခါတည်းလိုက်ခဲ့" ဆိုသောမင်းခန့်သူငယ်ချင်းဇွဲခန့်၏စကားအရအလုပ်ကိစ္စများအားတတ်နိုင်သလောက်ဖြတ်ကာပြန်ရန်ပြင်ဆင်နေသည်။
ဒီလိုနှင့်လေဆိပ်သို့ရောက်သောအခါမင်းခန့်မောင်နှင့်ဇွဲခန့်ခအောင်တို့နှစ်ယောက် US မှရန်ကုန်သို့ပြန်လာခဲ့ကြသည်။
ရန်ကုန်ရောက်သောအခါညနေစောင်းခါနီးအချိန်ဖြစ်တာကြောင့်မင်္ဂလာခန်းမရှိရာနေရာသို့ Taxi ငှား၍အပြေးလာခဲ့သည်။
မိုးတွင်းမဟုတ်ပဲပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်ကာတစ်ဖွဲဖွဲရွာနေသည်။
မိုးမခနှင့်ပထမဆုံးတွေ့ခဲ့သောမိုးတွင်းအချိန်အားမင်းခန့်သတိရမိပြန်သည်။
Taxi သမားအဖိုးကြီးက-
"ဘယ်သွားကြမှာလဲ သားတို့?"
"@&$%]*|+[=*[*|<_>"
"Aww အဲ့နားကကားရှုပ်တယ်..မိုးကလည်းရွာနေတာဆိုတော့.. လူလေးတို့အလျင်လိုနေတယ်ဆိုရင်တော့အဘတတ်နိုင်သမျှအမြန်မောင်းပေးပါ့မယ်"
"ဟုတ်ကဲ့ ကျွန်တော်တို့အရေးကြီးနေလို့ပါ.."
"ဟုတ်ပါပြီ...ဒါနဲ့ဒီလောက်မိုးရွာနေတာကိုအေးဆေးနေတာမဟုတ်ဖူးကွယ်... ငယ်ရွယ်တဲ့အချိန်ကအန္တရာယ်များတယ်...."
"....."
မင်းခန့်တို့နှစ်ယောက်ဘာမှပြန်မပြောပဲထိုင်ကာအပြင်သို့ငေးနေကြသည်ကိုကားမှန်ထဲမှ Taxi မောင်းသူတွေ့လိုက်ရသည်။
"လူလေးတို့အသက်ဘယ်လောက်လဲ..?"
"၂၃နှစ်ပါဗျ.."
မင်းခန့်သူ့မွေးနေ့ဒီနေ့တွင်၂၃နှစ်ပြည့်ကြောင်းပါရင်းရင်းနှီးနှီးထည့်ပြောလိုက်သည်။
"ငယ်သေးတာပဲကွယ်....အေးနော်.. ပြန်ငယ်လို့ရမယ်ဆိုရင်သိပ်ကောင်းမှာပဲ.. ငယ်ငယ်တုန်းကအချိန်တွေက်ိုလွမ်းမိတယ်..."
"....."
ဒီတစ်ခါတော့ကားမှန်မှတစ်ဆင့်မင်းခန့်ပြုံးပြလိုက်သည်။ ဘေးမှဇွဲခန့်ခအောင်ကတော့ပင်ပန်း၍မျက်နှာပင်ညှိုးနေပြီဖြစ်သည်။
"အဘလည်းဒီလိုပြန်ငယ်လို့ရမယ်ဆိုရင်...ကိုယ့်ဝိညဉ်ကိုတောင်ရောင်းစားရဲတယ်..Hahah.."
ရယ်ရယ်မောမောပင်ပြောရင်းအရှိ်န်ဖြင့်မောင်းလာသောကားသည်ရောက်ခါနီးနေပြီတောင်ဖြစ်သည်။
အလိုရှိသောနေရာသို့ရောက်ကြသောအခါမင်းခန့်ကားပေါ်မှအဆင်း-
"ကလေးတို့...အချိန်က်ိုအကျိုးရှိစွာအသုံးချကြကွာ! တစ်ချို့အရာတွေကပြန်သွားချင်ရင်တောင်သွားလို့မရန်ိုင်တော့လို့.."
အလျင်လိုနေသောမင်းခန့်မှာတော့ထိုအဖိုးကြီးပြောသောစကားကိုလျစ်လျူရှုကာကားပေါ်မှအမြန်ဆင်းလာခဲ့သည်။
ဇွဲခန့်ခအောင်လည်းမင်းခန့်အနောက်မှအပြေးလိုက်ခဲ့သည်။
မင်္ဂလာခန်းမထဲမင်းခန့်ရောက်သွားသောအချိန်တွင်တော့သတို့သမီးမိုးမခနှင့်အမည်မသိသတို့သားတို့လာရောက်ပေးကြသောဧည့်သည်များအားဧည့်ခံနေကြပြီပင်ဖြစ်သည်။
သတို့သမီးဝတ်စုံအဖြူလေးဖြင့်လှနေသောမိုးမခအားငေးမောကြည့်နေရင်းဒီဘက်လှည့်လာသောသတို့သားအားမင်းခန့်ကြည့်လိုက်မိသည်။
ရင်းနှီးသောမျက်နှာကြောင့်အိပ်ရေးမဝခဲ့သောမျက်လုံးအားပွတ်ကာသေချာကြည့်မိသည်။
ထို့နောက်မှယောက်ဖဖြစ်သူဇေယျာဟိန်းထက်ဖြစ်နေကြောင်းအံ့အားသင့်စွာတွေ့လိုက်ရသည်။
မင်းခန့် US ရောက်နေချိန်အတောအတွင်းဘာတွေဘယ်လိုဖြစ်ခဲ့ပြီးမိုးမခနှင့်မင်္ဂလာဆောင်ဖြစ်ခဲ့သည်ကိုမင်းခန့်နားမလည်တော့။
မင်္ဂလာခန်းမထဲမှပြေးထွက်လာကာလက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
ဘာလို့မိုးမခလဲ...? ဘာလို့လဲ...? ဘာလို့မိုးမခဖြစ်နေရတာလဲ..? ပြီးတော့ဘာလို့သူလဲ..? ဘာလို့လဲ..? ဘာလို့ဇေယျာဟိန်းထက်လဲ...?
နည်းနည်းနောက်ကျသွားပေမယ့်အရောက်လာခဲ့တာပဲမလား..? မိုးမခ...ငါအမြဲတမ်းနင့်ကိုပဲချစ်ခဲ့တာ...အရမ်းလွမ်းနေခဲ့တာ... အဆင်မပြေဘူး... ငါအခုအဆင်မပြေနိုင်တော့ဘူး မိုးမခ...
မင်းခန့်ပြေးထွက်လာသည်ကိုတွေ့သောဇွဲခန့်လည်းမင်းခန့်နောက်လိုက်လာခဲ့သည်။
"မင်းခန့် မင်းခန့်!!"
အနောက်မှခေါ်နေသော်လည်းမိုးရေထဲရှေ့သို့တည့်တည့်သာပြေးနေတော့သည်။
မျက်ရည်များလည်းမိုးနှင့်ရောထွေးနေပြီးတစ်ကိုယ်လုံးနာကျင်နေသည်။ ပင်ပန်းနေတဲ့ကြားထဲကအမှီလာခဲ့သော်လည်းအဖတ်မတင်ခဲ့။
မိုးသည်တစ်ဖြည်းဖြည်းသည်းလာသည်။ မင်းခန့်လည်းပြေးမြဲဆက်ပြေးနေသည်။ အနောက်မှသူငယ်ချင်းဖြစ်သူဇွဲခန့်လည်းမိုးရေထဲလိုက်ခေါ်နေသည်။
လမ်းအကွေ့တစ်နေရာမှထွက်လာသောအခါဆောက်လုပ်ရေးယန္တရားမှပစ္စည်းတစ်ချို့မိုးဒဏ်ကြောင့်ယိမ်းထိုးနေသည်ကိုအနောက်မှဇွဲခန့်တွေ့လိုက်သည်။
"မင်းခန့်....!!!!!!!!!!!"
အနောက်မှအော်ခေါ်နေသော်လည်းမိုးသံကြောင့်မကြားလိုက်ပေ။
အမှီလိုက်ကာကယ်လိုက်သော်လည်းနောက်ကျသွားပြီဖြစ်တာကြောင့်နှစ်ယောက်လုံးလဲကျသွားရသည်။
------>>> Pasture(Past+Future)-----<<<
တိတ်ဆိတ်နေသော Basketball ကွင်းထဲတွင်မင်းခန့်နှင့်ဇွဲခန့်တို့အိပ်ငိုက်နေကြသည်။
ရုတ်တရက်ဇွဲခန့်ကနိုးလာပြီး-
"မင်းခန့် မင်းခန့် ထဦး!!"
"အမ်? ဘာဖြစ်တာလဲ..!?"
"ငါတို့ဘယ်ရောက်နေတာလဲမသိဘူး..."
မင်းခန့်ဘေးပတ်ပတ်လည်လှည့်ပတ်ကြည့်လိုက်သောအခါ-
"Basketball ကွင်းထဲမှာပဲ.."ဟုပြောပြီးသူ့ကိုယ်သူလည်းစမ်းနေသည်။
၂ယောက်လုံးအဖြူအစိမ်းအကျႌနှင့်ပုဆိုးများကိုသာဝတ်ထားသည်ကိုသိလိုက်ရသည်။
"အိပ်မက်မက်နေတာလား..?" ဟုဇွဲခန့်ပြော၍သူ့ကိုယ်သူဆိတ်နေပြန်သည်။
"ငါတို့စောနကပဲမိုးရေထဲမှာပါ... အခုဘာမှလည်းမစိုဘူး...ဘယ်လိုဖြစ်တာလဲ..?"
ထိုအချိန်-
"မင်းတို့တွေဘာလုပ်နေတာလဲ..!? အတန်းစတော့မယ်"
ဖြတ်သွားသောဆရာဟုထင်ရသူလူတစ်ယောက်ရင်းနှီးစွာပြောသွားသည်။
မင်းခန့်တို့နှစ်ယောက်ကြောင်ကြည့်ကာကျန်ခဲ့ရင်း-
"ငါတို့ဒီမှာဆော့မလို့..ခဏလောက်ဖယ်ပေးပါလား..?"
"Aww omm.."
ကြောင်တောင်တောင်နှင့်နှစ်ယောက်သားထွက်လာကြသည်။
အပြင်သို့ရောက်သောအခါ-
"ဇွဲခန့်..ငါတို့ဘယ်ရောက်နေကြတာလဲ..?"
"ဒီနေရာကရင်းနှီးတယ်...ဒါငါတို့ကျောင်းမဟုတ်ဖူးလား...? ငါတို့အထက်တန်းတက်ခဲ့တဲ့ကျောင်းမလား..?"
ဇွဲခန့်ပြောမှသတိထားမိ၍ဟိုဒီလှည့်ပတ်ကြည့်မှမှန်နေကြောင်းသိလိုက်ရသည်။
"ပြီးတော့ငါတို့ကဘာလို့ဒီအဖြူအစိမ်းတွေဝတ်ထားရတာလဲ..? ကလေးမှမဟုတ်တာ..."
ဇွဲခန့်ပြောလိုက်သောစကားအားဖြတ်ကာ...
"မင်းစောနကတွေ့လိုက်လား...?"
"ဘာကိုလဲ..?"
"ငါတို့ Basketball ကွင်းထဲကထွက်လာတော့အပေါက်ဝမှာကပ်ထားတဲ့ပိုစတာလေ... 2010 တဲ့.."
"ဘာ???? အဲ့ဒါဆိုငါတို့က...လွန်ခဲ့တဲ့ 8 နှစ်ကိုပြန်ရောက်သွားတာလား...!? မဖြစ်နိုင်တာ..!! အဓိပ္ပာယ်ကိုမရှိဘူး..."
"အဲ့ဒါဆိုအခုငါတို့ကဘာလို့အဖြူအစိမ်းတွေဝတ်ထားသေးလဲ...??"
"မသိတော့ဘူးကွာ...နည်းနည်းပါးပါးလျှောက်ကြည့်ရအောင်" ဟုဇွဲခန့်ပြောပြီးကျောင်းထဲရှိနေရာအစုံအားပတ်ကြည့်ကြတော့သည်။
အတန်းတိုင်းအသီးသီးစာသင်နေကြပြီးဆရာမများတွေ့လိုက်လျင်လည်း-
"အတန်းထဲဝင်လေ ဘာလုပ်နေတာလဲ?"
"နင်တို့ပြေးမလို့လား? ဒီနှစ်ကောင်တော့!"
"လာလေ Bio သင်နေပြီ"
ဆိုသောအလွန်ရင်းနှီးနေသည့်ထူးဆန်းသောစကားများသာကြားနေရသည်။
မင်းခန့်တို့နှစ်ယောက်လည်းကြောင်တောင်တောင်လေးနှင့်လိုက်ကြည့်နေမိသည်။
ဇွဲခန့်ဘက်ကစကာ-
"ငါသူတို့တွေကို....မြင်ဖူးနေသလိုပဲ...."
အရာအားလုံးကိုမင်းခန့်ငြိမ်သက်စွာကြည့်နေရင်းက-
"ငါတို့တကယ်ပဲ....လွန်ခဲ့တဲ့ ၈ နှစ်ကိုပြန်ရောက်သွားပြီထင်တယ်.."
အလျင်စလိုဖြစ်နေသောကြောင့် Taxi သမားကြီးပြောခဲ့သောစကားများကိုလျစ်လျူရှုခဲ့သည်။
အခုချိန်မှသာသူ့စကားများအားပြန်လည်ကြားယောင်မိရင်း.....
("ငယ်သေးတာပဲကွယ်....အေးနော်.. ပြန်ငယ်လို့ရမယ်ဆိုရင်သိပ်ကောင်းမှာပဲ.. ငယ်ငယ်တုန်းကအချိန်တွေက်ိုလွမ်းမိတယ်...")
("အဘလည်းဒီလိုပြန်ငယ်လို့ရမယ်ဆိုရင်...ကိုယ့်ဝိညဉ်ကိုတောင်ရောင်းစားရဲတယ်..Hahah..")
###
TBC
•update every Friday•
No copy No translation
My own creation
-Pasture(Past+Future)-
ကိုယ်က supernatural တွေရေးရတာကြိုက်လို့ပါ ^^
TGIF all ^^