~~အသံုးေတာ္ခံ~~

By Fire_puppy

692K 39.1K 3.8K

ယြမ္အင္ပါယာရဲ့ စစ္နတ္မင္းဆီကို ရွီလာရဲ့ အရုပ္ေလးလိုလွတဲ့ မင္းသားေလးတစ္ပါးအဆက္သခံခဲ့ရသည္... ယွမ်အင်ပါယာရဲ့ စစ်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35(final)
Season -2

27

13K 912 111
By Fire_puppy

Zawgyi>>>

ေယာလ္ေလး အေဆာင္ထဲတြင္ထိုင္ကာ ခ်ည္ထိုးေနမိသည္ လက္ေခ်ာင္းလွလွေလးေတြက ပိုးသားပိတ္စေလးကိုကိုင္ကာ အျပံဳးခ်ိဳခ်ိဳေလးနဲ႔ သိုးေမြးထိုးေနသည္ကိုက စြဲမက္ဖြယ္ရာ...

ေယာလ္ေလး သိုးေမြးထိုးတာနွစ္သက္မွန္းသိသည့္ ေန႔ကစလို႔ စစ္နတ္မင္းသည္ အေကာင္းဆံုးနဲ႔အနူးညံ့ဆံုး ပိုးထည္ေတြကိုသာ ျကင္ယာေတာ္ေယာလ္ေလးထံဆက္သေစေတာ့တယ္

ပိတ္အသားျကမ္းတမ္းပါက ျကင္ယာေတာ္ေယာလ္ေလးရဲ့့ လက္နုနုေလးေတြ ပြန္းပဲ့မိမွာစိုးရိမ္လို႔တဲ့ေလ

အဲ့လို စစ္နတ္မင္းက သည္းသည္းလႈပ္ခ်စ္ရတဲ့ေယာလ္ေလးရယ္ပါ...

"မယ္ေတာ္ျကီးျကြလာပါတယ္"

ရုတ္တရပ္ျကားလိုက္ရေသာ အသံေျကာင့္ ေယာလ္ေလးဘာလုပ္ရမွန္းမသိျဖစ္သြားကာ မတ္တပ္သာထရပ္မိသည္

ရုတ္တရပ္ျကီးျဖစ္သည့္အျပင္ တစ္ခါမွမေတြ႕ဖူးတဲ့ စစ္နတ္မင္းရဲ့အေမ မယ္ေတာ္ျကီးကလာသည္ဆိုေတာ့ သူအရမ္းလန္႔သြားတာလဲပါတာေပါ့...

ထို႔ေနာက္ ခန္႔ညားထည္ဝါေသာ အေဆာင္တို႔နွင့္အတူ တင့္တယ္လွပေသာ မိန္းမတစ္ေယာက္ဝင္လာသည္...

နွုတ္ခမ္းကိုတင္းတင္းစိကာ ျပတ္သားသည့္ပံုေပၚသည့္ မယ္ေတာ္ျကီးက စစ္နတ္မင္းရဲ႕ပံုစံအတိုင္း...

မိန္းမသားျဖစ္ေသာ္လဲ ရုပ္ရည္နဲ႔အသြင္ဟာ အေတာ္ေလးတည္ျကည္ကာ ဂုဏ္က်က္သေရရွိေသာ မယ္ေတာ္ျကီး...

သူမေဘးတြင္လဲ ရွန္ဟီမိဖုရားေခါင္က လိုက္ပါလာသည္...

"မယ္..မယ္မယ္"

"ျကင္ယာေတာ္ေယာလ္ဆိုတာမင္းလား?"

"ဟု..ဟုတ္ပါတယ္"

မယ္ေတာ္ျကီးသည္ မိမိေရွ႕မွ နို႔နွစ္ေရာင္ ျဖဴဝင္းေသာ အသားရည္နဲ႔ေကာင္ေလးကို ေသခ်ာျကည့္ေနသည္

ရွန္ဟီေျပာတဲ့အတိုင္း
ပုဝါပါးလႊလႊကို မ်က္နွာမွာအုပ္ထားေပမဲ့ အသားအရည္နဲ႔ခႏၶာကိုယ္ကို ျကည့္ရံုနဲ႔တင္ေကာင္ေလးပံုစံက အရမ္းလွလြန္းေနျပန္တယ္

ရွန္ဟီေျပာတာဟုတ္ပါ့မလား?

ေကာင္ေလးျပဳလုပ္ေနတဲ့ ပိုးစကိုျကည့္မိေတာ့လဲ ထိုးထားတဲ့ပံုစံက သပ္ရပ္ကာ စည္းစနစ္က်သည္

ေကာင္ေလးရဲ့လက္နုနုေလးေတြကပင္ ေျကြရုပ္ေလးနဲ႔ တူေျကာင္းေဖာ္ျပလို႔ေနတယ္

ဟုတ္သည္ ရွန္ဟီေျပာပံုအရဆို အဲ့ပံုစံနဲ႔ပင္ စစ္နတ္မင္းကို ထိန္းခ်ဳပ္ထားသည္ပဲ

"မယ္...မယ္ေတာ္ ဘာကိစၥရွိလို႔ပါလဲဟင္"

"အရင္ထိုင္လိုက္ပါဦး..."

ထို႔ေနာက္ မယ္ေတာ္ျကီးက အေရွ႕ခံုတြင္ထိုင္ကာ ေယာလ္ေလးကေတာ့ မယ္ေတာ္ျကီးအေရွ႕မွာပဲ ေခါင္းေလးငံု႔ထားရွာတယ္...

"မင္းကသားေတာ္ရဲ့ ေျမွာက္စားခံျကင္ယာေတာ္ေပမဲ့ ေယာက်ာ္းေလးတစ္ေယာက္ပဲ"

မယ္ေတာ္စကားေျကာင့္ ေယာလ္ေလးမ်က္ဝန္းေလးေတြ ဝိုင္းစက္သြားကာ မ်က္လႊာေလးခ်ထားမိတယ္

မယ္ေတာ္ျကီးပံုစံျကည့္ရတာ ေယာလ္ေလးကို နွစ္သက္သည့္ပံုမေပၚပါ...
အခုလဲ ေယာလ္ေလးကိုအလိုမက်လို႔ လာေျပာသည္ထင့္...

မယ္ေတာ္ျကီးရဲ႕ မ်က္ေမွာင္ျကံဳ့ထားတဲ့အျကည့္နဲ႔ စိတ္ပ်က္ေနေသာ ေလသံကို ေယာလ္ေလးေျကာက္လွပါသည္

မယ္ေတာ္ျကီးက အရမ္းစည္းကမ္းတင္းျကပ္ျပီး ရက္စက္တယ္လို႔ေျပာျကတယ္ေလ

ရက္စက္သလို ျပတ္သားေသာ
စစ္နတ္မင္းကလဲ အေမနဲ႔တူတာဟူ၍...

"အခုငါ့ကိုေျပာေမာင္မင္း...စစ္နတ္မင္းကိုဘယ္လိုနည္းေတြနဲ့ မင္းဆြဲေဆာင္ထားသလဲ"

"ဟင္?ဘာ..ဘာကိုလဲဟင္ မယ္မယ္"

ေယာလ္ေလးေခါင္းေမာ့လာကာ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႔ စိုက္ျကည့္လို႔ေနမိေတာ့ မယ္ေတာ္ျကီးသက္ျပင္းခ်သည္

"တကယ္ေတာ့ မင္းသတင္းေတြကို ရွီလာမွာကတည္းကငါျကားဖူးတယ္ ေယာက်ာ္းေလးတစ္ေယာက္က အဲ့ေလာက္လွတယ္ဆိုတာကို မယံုခဲ့တာအခုထိပဲ...ဒါေပမဲ့ ငါ့ရဲ့သားေတာ္ကိုယ္တိုင္ကလဲ မင္းကိုအရမ္းနွစ္သက္ေျမႇာက္စားလြန္းေနတယ္"

ေယာလ္ေလး ဘာမွမေျပာမိပဲ မယ္မယ့္ကိုသာစိုက္ျကည့္ေနမိသည္
မယ္ေတာ္ဟာ စကားတို႔ကိုခဏရပ္ျပီးမွ ဆက္ေျပာတယ္

"ေမာင္မင္းရဲ့သတင္းေတြကိုျကားရတာ တကယ္မေကာင္းဘူး ျကင္ယာေတာ္ေယာလ္...မင္းကတကယ္ပဲ ငါ့သားေတာ္ကို မေကာင္းတဲ့အတတ္ေတြနဲ႔ စီရင္ထားသလားသိခ်င္တယ္"

"ဟင္..အဲ့..အဲ့လိုမဟုတ္ပါဘူး မယ္မယ္.. ေယာလ္ေလး...ေယာလ္ေလးအရွင့္ကို ဘာမွမလုပ္ပါဘူး"

"မင္းေျပာတာကို ငါဘယ္လိုယံုရမလဲ? သက္ေသျပနိုင္သလား ျကင္ယာေတာ္ေယာလ္"

"ေယာလ္ေလး...ေယာလ္ေလး ဘယ္လိုသက္ေသျပရမွာလဲဟင္?"

"မင္းပုဝါကိုခြၽတ္ျပပါ"

"မယ္..မယ္ေတာ္"

"ဘာလဲ?မလုပ္နိုင္ဘူးလား?ဒါဆိုမင္းကတကယ္ရုပ္ဆိုးတယ္ဆိုတာ သက္ေသျပေနျပီမဟုတ္ဘူးလား"

ေယာလ္ေလးဘာေျပာရမွန္းမသိေလာက္ေအာင္ ဆြံ႕အသြားရပါသည္
တကယ္ေတာ့ အရွင္က ေယာလ္ေလးရဲ့ပုဝါကို သူေရွ႕ကလြဲျပီး ဘယ္သူ႔ကိုမွမျပရဘူးလို႔ အမိန္႔ေပးထားတာ

ေယာလ္ေလးအရွင့္အမိန္႔ကို မလြန္ဆန္ရဲပါ..

ၿပီးေတာ့...ဧကရာဇ္ရဲ႕ အခ်စ္ေတာ္ျဖစ္သြားၿပီဆိုရင္ ဧကရာဇ္ကလြဲရင္ ဘယ္သူ႔ကိုမွ သူတို႔မ်က္ႏွာ ျပခြင့္မ႐ွိေတာ့ဘူး...

အကယ္၍ မ်က္ႏွာကပုဝါဟာ အျခားသူေ႐ွ႕ခြၽတ္ခဲ့ရင္ ၾကင္ယာေတာ္အဆင့္နဲ႔မထိုက္တန္ေတာ့ပဲ
က်က္သေရမ႐ွိျခင္းလို႔သတ္မွတ္ၿပီး ကိုယ္လုပ္ေတာ္အဆင့္ကိုပို႔ခံရတယ္...

နည္းလမ္းႏွစ္ခုလံုးက ေယာလ္ေလးအတြက္ဆိုးရြားလွသည္...

ဒါကိုသိလို႔ ႐ွန္ဟီသက္သက္ၾကံစည္ခဲ့သည္ထင္ရဲ႕...

ဒါေပမဲ့ ေယာလ္ေလး မယ္မယ္ကိုလဲေျကာက္တယ္...

တကယ္ဘာလုပ္ရမလဲပင္ မသိေတာ့ေခ်...

"ဘာလို႔ေတြေဝေနရတာလဲ ျကင္ယာေတာ္...မင္းတကယ္ရုပ္ဆိုးတာ ဝန္ခံလိုက္ေတာ့ေလ"

ရွန္ဟီမိဖုရား၏ ခနဲ႔ေသာစကားသံ...
မယ္ေတာ္ျကီးကေတာ့ ဘာမွမေျပာပဲ ေယာလ္ေလးေျပာမဲ့ အေျဖကိုသာ နားေထာင္ရန္ျငိမ္သက္၍ စိုက္ျကည့္လို႔ေနတယ္

"ေယာလ္ေလး...ေယာလ္ေလး ပုဝါကိုမခြၽတ္နိုင္ပါဘူးမယ္ေတာ္..."

"ဘာ!မင္းကမယ္ေတာ္ျကီးရဲ႕စကားကို မနာခံဘူးေပါ့ေလ"

ရွန္ဟီမယ္မယ္ရဲ႕ မီးေလာင္ရာေလပင့္ေစေသာ စကားမ်ိဳးပင္...

"ဟို...ေယာလ္ေလးကို အရွင္ကအမိန္႔ေပးထားလို႔ပါ...
ေယာလ္ေလး...အရွင့္အမိန္႔ကိုမလြန္ဆန္ရဲပါဘူး"

မယ္ေတာ္ျကီး ဘာတစ္ခြန္းမွမေျပာပဲ တစ္ခုခုကိုေတြးေတာေနဟန္...
ဒါကိုရွန္ဟီမယ္မယ္က ဘဝင္မက်လွပဲ အေဒၚျဖစ္သူအနားကပ္ကာ ေသြးထိုးေနေတာ့သည္

"သူသက္ေသမျပနိုင္ဘူးေလ မယ္မယ္... စစ္နတ္မင္းျပန္မလာခင္တစ္ခုခုစီစဥ္သင့္ပါတယ္ မဟုတ္လို႔ သူ႔အတတ္ေတြနဲ႔ထပ္ျပဳစားမယ္ဆို ယြမ္နိုင္ငံတစ္ခုလံုးဝါးျမိဳခံမွာေျကာက္ရပါတယ္"

စစ္နတ္မင္း အျခားနိုင္ငံမွသံတမန္ကို ျပန္လိုက္ပို႔စဥ္အခ်ိန္သာျဖစ္သည္
၂ ရက္ေလာက္ျကာမည္ကပင္ ရွန္ဟီမိဖုရား၏အခြင့္ေကာင္း...

"ေကာင္းျပီ...မင္းကသက္ေသမျပနိုင္ဘူးဆိုေတာ့လဲ ေကာလဟာလေတြကိုအတည္ယူရေတာ့မွာေပါ့"

"မယ္...မယ္မယ္"

"ျကင္ယာေတာ္ေယာလ္ကို အက်ဥ္းခ်လိုက္ျကစမ္း"

ထို႔ေနာက္ ရဲမက္အခ်ိဳ႕ေရာက္လာကာ ျကင္ယာေတာ္ေယာလ္ေလးကို အက်ဥ္းေထာင္ထဲေခၚသြားျကေတာ့သည္

"သူ့ကိုဘယ္လိုလုပ္မွာပါလဲ မယ္မယ္"

"မသိေသးဘူး ဘယ္လိုလုပ္သင့္လဲ ရွန္ဟီ"

"သူတကယ္အတတ္ေတြနဲ႔ လုပ္ထားသလားဆိုတာ ရိုက္နွက္စစ္ေဆးျပီးမွ ဒီနိုင္ငံရဲ့ဧကရာဇ္ကိုျပဳစားတဲ့အျပစ္နဲ႔ ေသဒဏ္ေပးသင့္ပါတယ္"

"ေနဦး ရွန္ဟီ စစ္နတ္မင္းမသိပဲဒီလိုလုပ္လို႔ျဖစ္ပါ့မလား"

"စစ္နတ္မင္းမသိတာအေကာင္းဆံုးပါ မယ္မယ္...အခုခ်ိန္မွာ အရွင္ကအဲ့ကေဝေကာင္ရဲ႕ ျပဳစားျခင္းကိုခံထားရတာဆိုေတာ့ အမွန္ကိုျမင္နိုင္မွာမဟုတ္ဘူး ဒါေျကာင့္ကေဝကိုသတ္ျပီးမွသာ စစ္နတ္မင္းကိုအသိေပးသင့္ပါတယ္"

မယ္ေတာ္ျကီးေခါင္းျငိမ့္သည္ကိုျကည့္ကာ ရွန္ဟီမိဖုရား၏ နွစ္နွစ္ကာကာျပံဳးေသာ အျပံဳးတစ္ပြင့္ထြက္လာခဲ့တယ္

ျကင္ယာေတာ္ေယာလ္သာမရွိေတာ့ဘူးဆိုရင္ စစ္နတ္မင္းကသူမအတြက္သာ...

*****************************

Unicode>>>

ယောလ်လေး အဆောင်ထဲတွင်ထိုင်ကာ ချည်ထိုးနေမိသည် လက်ချောင်းလှလှလေးတွေက ပိုးသားပိတ်စလေးကိုကိုင်ကာ အပြုံးချိုချိုလေးနဲ့ သိုးမွေးထိုးနေသည်ကိုက စွဲမက်ဖွယ်ရာ...

ယောလ်လေး သိုးမွေးထိုးတာနှစ်သက်မှန်းသိသည့် နေ့ကစလို့ စစ်နတ်မင်းသည် အကောင်းဆုံးနဲ့အနူးညံ့ဆုံး ပိုးထည်တွေကိုသာ ကြင်ယာတော်ယောလ်လေးထံဆက်သစေတော့တယ်

ပိတ်အသားကြမ်းတမ်းပါက ကြင်ယာတော်ယောလ်လေးရဲ့ လက်နုနုလေးတွေ ပွန်းပဲ့မိမှာစိုးရိမ်လို့တဲ့လေ

အဲ့လို စစ်နတ်မင်းက သည်းသည်းလှုပ်ချစ်ရတဲ့ယောလ်လေးရယ်ပါ...

"မယ်တော်ကြီးကြွလာပါတယ်"

ရုတ်တရပ်ကြားလိုက်ရသော အသံကြောင့် ယောလ်လေးဘာလုပ်ရမှန်းမသိဖြစ်သွားကာ မတ်တပ်သာထရပ်မိသည်

ရုတ်တရပ်ကြီးဖြစ်သည့်အပြင် တစ်ခါမှမတွေ့ဖူးတဲ့ စစ်နတ်မင်းရဲ့အမေ မယ်တော်ကြီးကလာသည်ဆိုတော့ သူအရမ်းလန့်သွားတာလဲပါတာပေါ့...

ထို့နောက် ခန့်ညားထည်ဝါသော အဆောင်တို့နှင့်အတူ တင့်တယ်လှပသော မိန်းမတစ်ယောက်ဝင်လာသည်...

နှုတ်ခမ်းကိုတင်းတင်းစိကာ ပြတ်သားသည့်ပုံပေါ်သည့် မယ်တော်ကြီးက စစ်နတ်မင်းရဲ့ပုံစံအတိုင်း...

မိန်းမသားဖြစ်သော်လဲ ရုပ်ရည်နဲ့အသွင်ဟာ အတော်လေးတည်ကြည်ကာ ဂုဏ်ကျက်သရေရှိသော မယ်တော်ကြီး...

သူမဘေးတွင်လဲ ရှန်ဟီမိဖုရားခေါင်က လိုက်ပါလာသည်...

"မယ်..မယ်မယ်"

"ကြင်ယာတော်ယောလ်ဆိုတာမင်းလား?"

"ဟု..ဟုတ်ပါတယ်"

မယ်တော်ကြီးသည် မိမိရှေ့မှ နို့နှစ်ရောင် ဖြူဝင်းသော အသားရည်နဲ့ကောင်လေးကို သေချာကြည့်နေသည်

ရှန်ဟီပြောတဲ့အတိုင်း
ပုဝါပါးလွှလွှကို မျက်နှာမှာအုပ်ထားပေမဲ့ အသားအရည်နဲ့ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့တင်ကောင်လေးပုံစံက အရမ်းလှလွန်းနေပြန်တယ်

ရှန်ဟီပြောတာဟုတ်ပါ့မလား?

ကောင်လေးပြုလုပ်နေတဲ့ ပိုးစကိုကြည့်မိတော့လဲ ထိုးထားတဲ့ပုံစံက သပ်ရပ်ကာ စည်းစနစ်ကျသည်

ကောင်လေးရဲ့လက်နုနုလေးတွေကပင် ကြွေရုပ်လေးနဲ့ တူကြောင်းဖော်ပြလို့နေတယ်

ဟုတ်သည် ရှန်ဟီပြောပုံအရဆို အဲ့ပုံစံနဲ့ပင် စစ်နတ်မင်းကို ထိန်းချုပ်ထားသည်ပဲ

"မယ်...မယ်တော် ဘာကိစ္စရှိလို့ပါလဲဟင်"

"အရင်ထိုင်လိုက်ပါဦး..."

ထို့နောက် မယ်တော်ကြီးက အရှေ့ခုံတွင်ထိုင်ကာ ယောလ်လေးကတော့ မယ်တော်ကြီးအရှေ့မှာပဲ ခေါင်းလေးငုံ့ထားရှာတယ်...

"မင်းကသားတော်ရဲ့ မြှောက်စားခံကြင်ယာတော်ပေမဲ့ ယောကျာ်းလေးတစ်ယောက်ပဲ"

မယ်တော်စကားကြောင့် ယောလ်လေးမျက်ဝန်းလေးတွေ ဝိုင်းစက်သွားကာ မျက်လွှာလေးချထားမိတယ်

မယ်တော်ကြီးပုံစံကြည့်ရတာ ယောလ်လေးကို နှစ်သက်သည့်ပုံမပေါ်ပါ...
အခုလဲ ယောလ်လေးကိုအလိုမကျလို့ လာပြောသည်ထင့်...

မယ်တော်ကြီးရဲ့ မျက်မှောင်ကြုံ့ထားတဲ့အကြည့်နဲ့ စိတ်ပျက်နေသော လေသံကို ယောလ်လေးကြောက်လှပါသည်

မယ်တော်ကြီးက အရမ်းစည်းကမ်းတင်းကြပ်ပြီး ရက်စက်တယ်လို့ပြောကြတယ်လေ

ရက်စက်သလို ပြတ်သားသော
စစ်နတ်မင်းကလဲ အမေနဲ့တူတာဟူ၍...

"အခုငါ့ကိုပြောမောင်မင်း...စစ်နတ်မင်းကိုဘယ်လိုနည်းတွေနဲ့ မင်းဆွဲဆောင်ထားသလဲ"

"ဟင်?ဘာ..ဘာကိုလဲဟင် မယ်မယ်"

ယောလ်လေးခေါင်းမော့လာကာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ စိုက်ကြည့်လို့နေမိတော့ မယ်တော်ကြီးသက်ပြင်းချသည်

"တကယ်တော့ မင်းသတင်းတွေကို ရှီလာမှာကတည်းကငါကြားဖူးတယ် ယောကျာ်းလေးတစ်ယောက်က အဲ့လောက်လှတယ်ဆိုတာကို မယုံခဲ့တာအခုထိပဲ...ဒါပေမဲ့ ငါ့ရဲ့သားတော်ကိုယ်တိုင်ကလဲ မင်းကိုအရမ်းနှစ်သက်မြှောက်စားလွန်းနေတယ်"

ယောလ်လေး ဘာမှမပြောမိပဲ မယ်မယ့်ကိုသာစိုက်ကြည့်နေမိသည်
မယ်တော်ဟာ စကားတို့ကိုခဏရပ်ပြီးမှ ဆက်ပြောတယ်

"မောင်မင်းရဲ့သတင်းတွေကိုကြားရတာ တကယ်မကောင်းဘူး ကြင်ယာတော်ယောလ်...မင်းကတကယ်ပဲ ငါ့သားတော်ကို မကောင်းတဲ့အတတ်တွေနဲ့ စီရင်ထားသလားသိချင်တယ်"

"ဟင်..အဲ့..အဲ့လိုမဟုတ်ပါဘူး မယ်မယ်.. ယောလ်လေး...ယောလ်လေးအရှင့်ကို ဘာမှမလုပ်ပါဘူး"

"မင်းပြောတာကို ငါဘယ်လိုယုံရမလဲ? သက်သေပြနိုင်သလား ကြင်ယာတော်ယောလ်"

"ယောလ်လေး...ယောလ်လေး ဘယ်လိုသက်သေပြရမှာလဲဟင်?"

"မင်းပုဝါကိုချွတ်ပြပါ"

"မယ်..မယ်တော်"

"ဘာလဲ?မလုပ်နိုင်ဘူးလား?ဒါဆိုမင်းကတကယ်ရုပ်ဆိုးတယ်ဆိုတာ သက်သေပြနေပြီမဟုတ်ဘူးလား"

ယောလ်လေးဘာပြောရမှန်းမသိလောက်အောင် ဆွံ့အသွားရပါသည်
တကယ်တော့ အရှင်က ယောလ်လေးရဲ့ပုဝါကို သူရှေ့ကလွဲပြီး ဘယ်သူ့ကိုမှမပြရဘူးလို့ အမိန့်ပေးထားတာ

ယောလ်လေးအရှင့်အမိန့်ကို မလွန်ဆန်ရဲပါ..

ပြီးတော့...ဧကရာဇ်ရဲ့ အချစ်တော်ဖြစ်သွားပြီဆိုရင် ဧကရာဇ်ကလွဲရင် ဘယ်သူ့ကိုမှ သူတို့မျက်နှာ ပြခွင့်မရှိတော့ဘူး...

အကယ်၍ မျက်နှာကပုဝါဟာ အခြားသူရှေ့ချွတ်ခဲ့ရင် ကြင်ယာတော်အဆင့်နဲ့မထိုက်တန်တော့ပဲ
ကျက်သရေမရှိခြင်းလို့သတ်မှတ်ပြီး ကိုယ်လုပ်တော်အဆင့်ကိုပို့ခံရတယ်...

နည်းလမ်းနှစ်ခုလုံးက ယောလ်လေးအတွက်ဆိုးရွားလှသည်...

ဒါကိုသိလို့ ရှန်ဟီသက်သက်ကြံစည်ခဲ့သည်ထင်ရဲ့...

ဒါပေမဲ့ ယောလ်လေး မယ်မယ်ကိုလဲကြောက်တယ်...

တကယ်ဘာလုပ်ရမလဲပင် မသိတော့ချေ...

"ဘာလို့တွေဝေနေရတာလဲ ကြင်ယာတော်...မင်းတကယ်ရုပ်ဆိုးတာ ဝန်ခံလိုက်တော့လေ"

ရှန်ဟီမိဖုရား၏ ခနဲ့သောစကားသံ...
မယ်တော်ကြီးကတော့ ဘာမှမပြောပဲ ယောလ်လေးပြောမဲ့ အဖြေကိုသာ နားထောင်ရန်ငြိမ်သက်၍ စိုက်ကြည့်လို့နေတယ်

"ယောလ်လေး...ယောလ်လေး ပုဝါကိုမချွတ်နိုင်ပါဘူးမယ်တော်..."

"ဘာ!မင်းကမယ်တော်ကြီးရဲ့စကားကို မနာခံဘူးပေါ့လေ"

ရှန်ဟီမယ်မယ်ရဲ့ မီးလောင်ရာလေပင့်စေသော စကားမျိုးပင်...

"ဟို...ယောလ်လေးကို အရှင်ကအမိန့်ပေးထားလို့ပါ...
ယောလ်လေး...အရှင့်အမိန့်ကိုမလွန်ဆန်ရဲပါဘူး"

မယ်တော်ကြီး ဘာတစ်ခွန်းမှမပြောပဲ တစ်ခုခုကိုတွေးတောနေဟန်...
ဒါကိုရှန်ဟီမယ်မယ်က ဘဝင်မကျလှပဲ အဒေါ်ဖြစ်သူအနားကပ်ကာ သွေးထိုးနေတော့သည်

"သူသက်သေမပြနိုင်ဘူးလေ မယ်မယ်... စစ်နတ်မင်းပြန်မလာခင်တစ်ခုခုစီစဉ်သင့်ပါတယ် မဟုတ်လို့ သူ့အတတ်တွေနဲ့ထပ်ပြုစားမယ်ဆို ယွမ်နိုင်ငံတစ်ခုလုံးဝါးမြိုခံမှာကြောက်ရပါတယ်"

စစ်နတ်မင်း အခြားနိုင်ငံမှသံတမန်ကို ပြန်လိုက်ပို့စဉ်အချိန်သာဖြစ်သည်
၂ ရက်လောက်ကြာမည်ကပင် ရှန်ဟီမိဖုရား၏အခွင့်ကောင်း...

"ကောင်းပြီ...မင်းကသက်သေမပြနိုင်ဘူးဆိုတော့လဲ ကောလဟာလတွေကိုအတည်ယူရတော့မှာပေါ့"

"မယ်...မယ်မယ်"

"ကြင်ယာတော်ယောလ်ကို အကျဉ်းချလိုက်ကြစမ်း"

ထို့နောက် ရဲမက်အချို့ရောက်လာကာ ကြင်ယာတော်ယောလ်လေးကို အကျဉ်းထောင်ထဲခေါ်သွားကြတော့သည်

"သူ့ကိုဘယ်လိုလုပ်မှာပါလဲ မယ်မယ်"

"မသိသေးဘူး ဘယ်လိုလုပ်သင့်လဲ ရှန်ဟီ"

"သူတကယ်အတတ်တွေနဲ့ လုပ်ထားသလားဆိုတာ ရိုက်နှက်စစ်ဆေးပြီးမှ ဒီနိုင်ငံရဲ့ဧကရာဇ်ကိုပြုစားတဲ့အပြစ်နဲ့ သေဒဏ်ပေးသင့်ပါတယ်"

"နေဦး ရှန်ဟီ စစ်နတ်မင်းမသိပဲဒီလိုလုပ်လို့ဖြစ်ပါ့မလား"

"စစ်နတ်မင်းမသိတာအကောင်းဆုံးပါ မယ်မယ်...အခုချိန်မှာ အရှင်ကအဲ့ကဝေကောင်ရဲ့ ပြုစားခြင်းကိုခံထားရတာဆိုတော့ အမှန်ကိုမြင်နိုင်မှာမဟုတ်ဘူး ဒါကြောင့်ကဝေကိုသတ်ပြီးမှသာ စစ်နတ်မင်းကိုအသိပေးသင့်ပါတယ်"

မယ်တော်ကြီးခေါင်းငြိမ့်သည်ကိုကြည့်ကာ ရှန်ဟီမိဖုရား၏ နှစ်နှစ်ကာကာပြုံးသော အပြုံးတစ်ပွင့်ထွက်လာခဲ့တယ်

ကြင်ယာတော်ယောလ်သာမရှိတော့ဘူးဆိုရင် စစ်နတ်မင်းကသူမအတွက်သာ...

*****************************

Continue Reading

You'll Also Like

692K 39.1K 36
ယြမ္အင္ပါယာရဲ့ စစ္နတ္မင္းဆီကို ရွီလာရဲ့ အရုပ္ေလးလိုလွတဲ့ မင္းသားေလးတစ္ပါးအဆက္သခံခဲ့ရသည္... ယွမ်အင်ပါယာရဲ့ စစ်နတ်မင်းဆီကို ရှီလာရဲ့ အရုပ်လေးလိုလှတဲ့ မ...
697K 78.6K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
497K 50.3K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
2.7K 268 6
Gyujin ( fan fiction )