Past and Future

By huangmingzhuu

76.4K 3.6K 231

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... More

<1>
<2>
<3>
<4>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<19>
<20>
<21>
<22>
<23>
<24>
<25>
<26>
<27>
<28>
<29>
<30>
<31>
<32>
<Final>

<5>

2.4K 151 1
By huangmingzhuu

Novotel Hotel ခန်းမထဲတွင်ထိုင်နေကြသောသူငယ်ချင်း၊မိတ်ဆွေ၊ဆွေမျိုးများအားလုံးစုရုံးစုရုံးဖြစ်ကုန်ကြသည်။

ပွဲစနေချိန်တွင်သတို့သမီးကရောက်မလာသောကြောင့်မိန်းမတွေ၏ထုံးစံအတိုင်းတီးတိုးပြောကာဟိုကြည့်သည်ကြည့်လုပ်နေကြသည်။

တချို့ဝိုင်းမှလူတွေလည်းထပြန်ကြကာတချို့မှာလည်းမတ်တပ်ထရပ်၍အခြေအနေကိုအကဲခတ်ကြည့်နေကြသည်။

ထိုအချိန်ဦးဇေယျာကိုကိုမှာဒေါသပန်းထ၍ဒါ်ခင်မိမိလည်းဦးနှောက်တွေခြောက်ကာရှုဆေးတောင်ရှုရသည့်အဆင့်ဖြစ်နေချိန်ပြာယာခတ်ကာညီမဖြစ်သူကိုလိုက်ရှာနေရသောဇေယျာဟိန်းထက်မှာအကြံတစ်ခုရသွားသည်။

မြတ်နိုးကိုကိုငယ်စဉ်ကတည်းကမိဘများဆူလျင်သူ့ကျောင်းမှဆရာမများဆီသွား၍တိုင်ကြားလေ့ရှိပြီးဆရာမအခန်းထဲတွင်သာပုန်းနေတတ်သည်ကိုအစစအရာရာထိန်းကျောင်းခဲ့ရသူဇေယျာဟိန်းထက်သတိရလိုက်မိသည်။

*flashback starts*

မြတ်နိုးကိုကို ရ တန်းတုန်းကဖြစ်သည်။

"မြတ်နိုး..မေမေတို့စကားနားထောင်လေ..ကျူရှင်သွားစရာရှိတာသွားရမှာပေါ့.."

"မသွားချင်ဘူးဗျာ.."

အိမ်တွင်အငယ်ဆုံးနှင့်အဆိုးဆုံးဖြစ်သူမြတ်နိုးကိုကိုမှာအလိုလိုက်လွန်းသောအစ်ကိုအပေါ်ဆိုးသွမ်း၍ရသမျှဆက်ဆိုးနေတော့သည်။

ကျူရှင်မသွားချင်ပဲအိမ်မှာတစ်ယောက်တည်းသင်ချင်သူမြတ်န်ိုးကိုကိုအားအမေဖြစ်သူကကျူရှင်လခပေး၍အပ်ပြီးချိန်တွင်ငြင်းဆန်ကာအိမ်တွင်ပေကပ်၍သာထိုင်နေသည်။

ပြောမရတော့တဲ့အဆုံးအလုပ်သွားနေသူမိခင်အားဖုန်းဆက်၍လှမ်းတိုင်မည်ဟုဇေယျာဟိန်းထက်ဧည့်ခန်းထဲသို့ဝင်သွားချိန်တွင်မြတ်န်ိုးကိုကိုအိပ်ခန်းထဲမှထွက်လာကာသူတက်သောကျောင်းဖြစ်သည့် TTC ကျောင်းထဲသို့ခိုး၍ပြေးထွက်လာခဲ့သည်။

အဲ့ဒီတုန်းကမြတ်နိုးကိုကိုတို့မိသားစုမှာစီးပွားရေးအဲ့လောက်မချမ်းသာသေးသည့်အချိန်ဖြစ်သောကြောင့်ယခုနေထိုင်သောဘောက်ထော်ဘက်တွင်မဟုတ်ပဲကမာရွတ်မြို့နယ်တွင်သာနေထိုင်ကြခြင်းဖြစ်သည်။

အိမ်နှင့်ကျောင်းကနီးသောကြောင့်ရွှေဆိုင်တွင်အလုပ်ရှုပ်နေသောအမေပြန်မလာခင်ဆရာမများဆီပြေးလာကာကပ်ချွဲတော့သည်။

သူချစ်သော TTC ကျောင်းမှဆရာမများကိုသာအိမ်ခေါ်သင်ချင်သော်လည်းအမေကလက်မခံပဲကျူရှင်စီစဉ်ပေးတာကြောင့်မြတ်နိုးကိုကိုအိမ်ကနေပြေးထွက်ခဲ့ခြင်းဖြစ်သည်။

ညီမပျောက်သွားလို့တစ်အိမ်လုံးပတ်ရှာသော်လည်းမတွေ့၊ အမေပြန်လာလျင်ဆူတော့မည်ကိုသိ၍ပြန်မလာခင်မြတ်နိုးကိုကိုအားပတ်ဝန်းကျင်အနှံ့ပတ်ရှာခဲ့ရသည်။

အိမ်ထဲမှထွက်ကာဟိုနားသည်နားလိုက်ရှာနေချိန်တွင်-

"ဟိန်းထက်!! သားဘယ်သွားမလို့လဲ..!?"

"Aww teacher !! ကျနော့်ညီမပျောက်သွားလို့လိုက်ရှာနေတာဗျ.."

"မြတ်နိုးလား? ကျောင်းမှာတွေ့ခဲ့တယ် သား"

"ဗျာ..? သူကကျောင်းမှာလား..?"

"ဟုတ်တယ်သား... teacher ဇင်မာတို့အခန်းထဲမှာငိုယိုပြီးချွဲနေလေရဲ့..."

"aww ဟုတ်လား..ကျေးဇူးပါ teacher..ကျနော်သွားလိုက်ပါဦးမယ်.."

"အေးအေး..သား.."

ထို့နောက်ဇေယျာဟိန်းထက်လည်းကျောင်းခန်းထဲမှမြတ်နိုးကိုကိုအားဖမ်းမိကာကျူရှင်ကိုအရောက်ပို့နိုင်ခဲ့သည်။

ထိန်းမနိုင်သောညီမအားကုန်းပိုး၍တစ်လမ်းလုံးကြိမ်းမောင်းပြီးခေါ်လာသောကြောင့်ကောင်မလေးများဇေယျာဟိန်းထက်အားကွက်ကြည့်ကွက်ကြည့်နှင့်လုပ်ကုန်ကြသည်။

"ကိုကြီး!! ချပေးဗျာ..!!"

"မချဘူး...ကျူရှင်သွားရမယ်.!!!!"

နောက်တစ်လလောက်အကြာတွင်လည်း~

သွားနှုတ်ရမှာအလွန်ကြောက်သောမြတ်နိုးကိုကိုသည်အဖေနှင့်အစ်ကိုကသွားဆေးခန်းသွားခါနီးခေါ်သောအခါတွင်မူငြင်းဆန်ကာဆူပုတ်၍ငိုလေတော့သည်။

စိတ်မရှည်သောအဖေဖြစ်သူမှာကားမောင်း၍ဆေးခန်းသို့သွားနှင့်ကာဇေယျာဟိန်းထက်ကိုသာလွှဲချခဲ့သည်။

ဇေယျာဟိန်းထက်လည်းစိတ်ပျက်ပျက်နှင့်မရမကခေါ်ရတော့သည်။

ထုံးစံအတိုင်းအစ်ကိုလစ်ချိန်တွင်ဘယ်အပေါက်ကပြေးထွက်သွားမှန်းမသိတဲ့မြတ်နိုးကိုကိုအား TTC ကျောင်းဝင်းထဲတွင်ပတ်ရှာခဲ့ရပြန်သည်။

ကျောင်းထဲမှကုန်းပိုးခေါ်လာပြီးသွားဆေးခန်းသို့အရောက်ပို့ခဲ့ရပြန်သည်။

သွားဆေးခန်းထဲတွင်ငိုယိုပြီးမနှုတ်ချင်နှုတ်ချင်ကြောက်ရွံ့နေသောသွားတစ်ချောင်းကိုချွေးပြိုက်ပြိုက်ကျအောင်နှုတ်ပေးခဲ့ရသောဆရာဝန်အားလည်းကျေးဇူးတင်စကားအခေါက်ပေါင်းများစွာပြောခဲ့ရသည်။

*flashback ends*

ထိုကဲ့သို့ဆိုးသွမ်းလှသောညီမအားစိတ်ရှည်ရှည်ဖြင့်ထိန်းကျောင်းခဲ့ရသူဇေယျာဟိန်းထက်မှာယခုအချိန်တွင်ညီမပျောက်သွား၍ခေါင်းနပန်းကြီးနေသော်လည်း Novotel Hotel နားတွင်ရှိသော TTC ကျောင်းအားသွားသတိရလိုက်မိတာကြောင့်ချက်ချင်းမြတ်နိုးကိုကိုအားသွားခေါ်ရန်ပြေးထွက်ခဲ့သည်။

ဇေယျာဟိန်းထက်နှင့်အတူသတို့သားလောင်းဖြစ်သောမင်းခန့်မောင်လည်းလိုက်ပါခဲ့သည်။

မချစ်မနှစ်သက်သော်လည်းအသိုင်းအဝိုင်းဆိုတဲ့ဂုဏ်ပုဒ်တစ်ခုကြောင့်လက်ခံခဲ့ရပြီးတဲ့မင်္ဂလာပွဲကိုထောက်၍မြတ်နိုးကိုကိုအားရှာရန်ယောက်ဖလောင်းဖြစ်သူနှင့်အတူလိုက်ခဲ့သည်။

ကျောင်းဝင်းထဲတွင်အလုပ်ရှုပ်နေသောဆရာမများအားမေးမြန်းကာပတ်ရှာခဲ့သည်။

ထိုအချိန်မြတ်နိုးကိုကို၏ဆရာမများက toilet ထဲဝင်သွားကြောင်းပြောတော့မိန်းကလေး toilet ရှေ့တွင်မရှက်တမ်းရပ်စောင့်နေရတော့သည်။

ခဏအကြာမှနည်းပညာ uniform အဖြူနှင့်အပြာဝတ်ကာထွက်လာသောမြတ်နိုးကိုကိုအားတွေ့လိုက်ရသောဇေယျာဟိန်းထက်နှင့်မင်းခန့်မောင်မှာမျက်လုံးအပြူးသားငေးကြည့်နေမိသည်။

ပြေးပေါက်မရှိတော့သောမြတ်နိုးကိုကိုမှာတော့အစ်ကိုနှင့်မချစ်မကြိုက်သောမင်းခန့်မောင်အားတွေ့လိုက်ရချိန်တွင်အာရုံခြောက်ပါးလုံးထွေပြားကုန်ရသည်။

ဘေးတွင်တွေ့လိုက်ရသောသတို့သမီးဝတ်စုံဝတ်ထားသောကောင်မလေးကိုလည်းအံ့အားသင့်စွာနှင့်ဇေယျာဟိန်းထက်ရော၊မင်းခန့်မောင်ပါစိုက်ကြည့်နေမိသည်။

"မြတ်နိုး!! ဒါဘယ်လိုတွေဖြစ်တာလဲ?? အခုချက်ချင်းအဝတ်စားပြန်လဲ"

"...."

"ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းကိုအရှက်ရအောင်လုပ်မလို့လား..? မြတ်နိုးရယ်...ကိုယ်တောင်းပန်ပါတယ်...ဒီတစ်ခါပဲအမေတို့စကားကိုနားထောင်ပေးလို့မရဘူးလား..? တစ်သက်လုံးကလည်းဆ်ိုးချင်တိုင်းဆိုးခဲ့ပြီးပြီလေကွာ.."

"........"

ဇေယျာဟိန်းထက်ကျောင်းထဲဝင်ဝင်ချင်းဆရာမများအားအကျိုးအကြောင်းပြောပြခဲ့သောကြောင့်မင်္ဂလာပွဲမှပြေးထွက်ခဲ့သည်ကိုအလုပ်ရှုပ်နေသောဆရာမများအံ့အားသင့်စွာသိသွားခဲ့ရသည်။

ထို့ကြောင့်မိန်းကလေး toilet ရှေ့ဆို့ဆရာမတချို့ရောက်လာကြပြီး-

"ဟုတ်ပါတယ်...သမီးရယ်...သမီးအစ်ကိုလည်းသမီးငယ်ငယ်ကတည်းထိန်းခဲ့ရတာ teacher တို့အသိဆုံးပါ...သူ့ကိုလည်းသနားတဲ့အနေနဲ့ မိဘတွေကိုလည်းငဲ့ပြီးပြန်လိုက်သွားလိုက်ပါသမီးရယ်...သမီးသတို့သားလောင်းလေးတောင်လိုက်လာရှာတာ..."

ဆရာမတွေကတော့သတို့သားဘက်ကချစ်ကြိုက်လို့ယူထားခဲ့ကြောင်းထင်ကောင်းထင်လိမ့်မည်။

နှစ်ဦးသဘောမတူသောမင်္ဂလာပွဲဆိုသောအမှန်တရားကိုတော့ဇေယျာဟိန်းထက်နှင့်မိဘများကလွဲ၍ဘယ်သူမှမသိကြ။

ဘေးမှသတို့သမီးဝတ်စုံဝတ်ထားသောကျောင်းသူမလေးအားလည်းဇေယျာဟိန်းထက်နှင့်မင်းခန့်မောင်အားနာစကားများအထပ်ထပ်ပြောကာတောင်းပန်ခဲ့ရသည်။

နောက်ဆုံးတော့မြတ်နိုးကိုကိုဘက်ကပဲလက်လျှော့ကာမင်္ဂလာပွဲက်ိုပြန်လိုက်ခဲ့ရသည်။

အနောက်ပေါက်မှဝင်၍သတို့သမီးအလှပြင်အခန်းထဲတွင်မိတ်ကပ်များပြန်ပြင်ကာအဝတ်စားပြန်လဲ၍မင်္ဂလာပွဲကိုစခဲ့ကြသည်။

မနက် ၉ နာရီစသောမင်္ဂလာပွဲမှာ ၁၀ နာရီခွဲမှပွဲဖြစ်သောကြောင့်တောင်းပန်စကားများနှင့်အခြေအမြစ်မရှိသောဆင်ခြေများအားပေးကာပွဲကိုစခဲ့ကြသည်။

မြတ်နိုးကိုကိုမဝတ်ချင်ခဲ့သောလက်ထပ်လက်စွပ်အားလည်းဝတ်ခဲ့ရသည်။

နေ့လည်ပိုင်းလောက်တွင်အားလုံးပြီးစီးသွား၍အိမ်သို့မိသားစုလိုက်ပြန်လာခဲ့ကြသည်။

အိမ်ရောက်မှတစ်လမ်းလုံးထိန်းချုပ်ခဲ့ရသောဦးဇေယျာကိုကို၏ဒေါသပုံအစုလိုက်ကိုမြတ်နိုးကိုကိုဆီပုံချကာကြိမ်းမောင်းတော့သည်။

"ကိုယ့်လုပ်ရပ်ကကိုယ့်အသိုင်းဝိုင်းကိုဘယ်လောက်ထိခိုက်စေလဲဆိုတာကိုသိရဲ့လား မြတ်နိုးကိုကို!!"

"....."

ထို့နောက်ဆူပူကြိမ်းမောင်းမှုစကားအလုံးစုံတို့ကိုကြိတ်မှိတ်နားထောင်ပြီးသတို့သမီးဂါဝန်ကြီးအားလဲကာသူတို့နှစ်ယောက်နေရမည့်အခန်းထဲမှမြတ်နိုးကိုကိုထွက်လာခဲ့သည်။

ဧည့်ခန်းထဲတွင်ယောက္ခမများနှင့်စကားပြောနေသူမင်းခန့်မောင်မှာတော့နောက်မှအခန်းထဲသို့ဝင်လာသောကြောင့်မြတ်နိုးကိုကိုအခန်းထဲကအထွက်မင်းခန့်မောင်အဝင်နှင့်တွေ့တော့သည်။

ပထမဆုံးသူတို့၏မင်္ဂလာဦးနေ့တွင်ချိုသာသောမြတ်နိုးကိုကို၏မျက်စောင်းတစ်ချက်ကိုသာမင်းခန့်မောင်ရခဲ့သည်။

ယောက္ခထီးဖြစ်သူကအလုပ်ပိုင်ရှင်သူဌေးဖြစ်နေသည်ကိုငှဲ့၍မင်းခန့်မောင်သည်းခံခဲ့သည်။

အိမ်ပြန်ရောက်လာကတည်းကနှစ်ယောက်သားစကားတစ်ခွန်းမှမပြောဖြစ်ကြပဲသူစိမ်းတွေလိုသာရှောင်ဖယ်ဖယ်နေခဲ့ကြသည်။

ညနေပိုင်းမင်းခန့်မောင်အပြင်ထွက်သွားချိန်တွင်မြတ်နိုးကိုကိုအခန်းထဲဝင်၍ဖုန်းကိုယူကာနားကြပ်တပ်၍ကုတင်ပေါ်တွင်မှီကာဇိမ်ယူနေလိုက်သည်။

ထိုအချိန်ဖုန်းတစ်callဝင်လာပြီး-

📱Hello?📱

📱Hello... အစ်မမြတ်နိုးကိုကိုလား??📱

📱အစ်ကိုပါ...📱

📱ဘာပဲဖြစ်ဖြစ်...မနက်ကကိစ္စလေးရှင်းချင်လို့..📱

📱ဘာကိစ္စ??📱

📱ဟာ! ရှင်က စားပြီးနားမလည်လုပ်တာပဲ📱

📱ဘာလုပ်လို့လဲကွ😕📱

📱Bank ကနေပိုက်ဆံလွှဲပေးမယ်ပြောထားတယ်လေ😕📱

မင်္ဂလာဉ်ီးနေ့တွင်ပင်မြတ်နိုးကိုကိုရှုပ်ထားခဲ့သောဇာတ်လမ်းအားအစ်ကိုနှင့်မိဘများမသိအောင်မင်းခန့်မောင်ကွယ်ရာတွင်ရှင်းရတော့မည်ဖြစ်သည်။


###
TBC

•update every Friday•

this ep အစ် ဘာတေမှန်းမသိ xD

Continue Reading

You'll Also Like

10.3K 620 7
ပျားအုံဖူးစာ fiction ထဲက တေးဥသြနှင့်အိုးဆက်၏ သား ဆက်ဥသြ ရဲ့ new story ပါ ။ နီတာရဲလေးကို ကျွန်တော် မွေးမယ်... ကလေးတစ်ယောက်နဲ့ ဘယ်လိုတွေနှစ်ပါးသွားမလဲ...
344K 14.2K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
12.1K 324 65
တစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ
2.8K 167 6
'အဖြူဆိုတာ သိပ်ကိုအရောင်ပြောင်းလွယ်တယ်' Start date - 19, April, 2022