Past and Future
By huangmingzhuu
76.4K 3.6K 231
သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... More
<1>
<2>
<4>
<5>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<19>
<20>
<21>
<22>
<23>
<24>
<25>
<26>
<27>
<28>
<29>
<30>
<31>
<32>
<Final>
<3>
3.4K 178 1
By huangmingzhuu
နက်မှောင်သောဆံနွယ်များကဖြူဖွေးသောနဖူးပြင်ပေါ်တွင်မသေမသပ်ဝဲကျနေပြီးအပြစ်ကင်းစင်သောကလေးတစ်ယောက်သဖွယ်ကျောပိုးအိတ်လေးလွယ်ကာမျက်မှန်အဝိုင်းလေးတပ်ဆင်ထားလျက်ရှိနေပြီးရိုးရှင်းသော Shirt အကျႌအဖြူကို Jean ဘောင်းဘီအရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသောနည်းပညာနောက်ဆုံးနှစ်တက်နေသူဟုမထင်ရလောက်အောင်ချစ်ဖို့ကောင်းနေသည့်ရှင်းသန့်မြတ်ပိုင်ဆိုသောကောင်လေးမှာသူ့အခန်းသို့ဝင်လာလေသည်။
အခန်းမှားဝင်လာသူဘုန်းစစ်သွေးမှာလက်ထဲမှဓာတ်ပုံအားကိုင်ထားလျက်ရှိနေပြီးလွန်ခဲ့သောစက္ကန့်ပိုင်းလောက်ကမှတွေ့ခဲ့သောဓာတ်ပုံထဲကကောင်လေးကိုအပြင်မှာရုတ်တရက်တွေ့လိုက်ရသောကြောင့်လန့်သွားသယောင်ရှိပေမယ့်ဓာတ်ပုံထဲကထက်အပြင်မှာပိုချစ်ဖို့ကောင်းနေသောရှင်းသန့်မြတ်ပိုင်ဆိုသူကောင်လေးအားတွေ့တွေ့ချင်းပင်ဘုန်းစစ်သွေးဆွံ့အစွာငေးမောနေမိသည်။
"ဘယ်သူလဲ...???"
"ဗျာ...ဟို...ကျွန်တော်ကဘုန်းစစ်သွေးပါ...သွန်းအခန်းမှတ်လို့ဝင်လာမိတာ...မှားသွားပြီထင်တယ်...sorryပါဗျ"
"aww...omm..."
"ဟာ! ကိုငယ်ပြန်လာပြီလား...? မေမေတို့ရော?"
အခန်းပေါက်ဝတွင်ရပ်ကာကြောင်ကြည့်နေသူရှင်းသန့်အားအနောက်မှညီမဖြစ်သူကလာ၍မေးလေတော့သည်။
"မေမေတို့အပြင်သွားတယ် သွန်း.."
"ဟုတ်လား..?? ဪ..ဒါနဲ့သူကဘုန်းစစ်သွေးလေ the whole king ကြီးပေါ့..ကိုငယ်သိတယ်မလား..?"
အခန်းထဲမှမထွက်သေးပဲရပ်ကာမောင်နှမနှစ်ယောက်စကားပြောနေသည်ကိုကြည့်နေသူဘုန်းစစ်သွေးအားချစ်သူကောင်မလေးဖြစ်သူသွန်းမှတွေ့သွား၍အစ်ကိုနှင့်မိတ်ဆက်ရန်ပြင်လေတော့သည်။
"omm...သိသလိုပဲ..."
တစ်ကျောင်းလုံးကမိန်းကလေး၊ယောကျင်္ားလေးမှန်သမျှမသိသူမရှိသည့်ဘုန်းစစ်သွေးအားတစ်ကျောင်းတည်းတက်နေသူရှင်းသန့်မြတ်ပိုင်က "သိသလိုပဲ" ဆိုသောမသေချာသည့်အသုံးအနှုန်းကြောင့်ဘုန်းစစ်သွေးအနည်းငယ်တော့မျက်မှောင်ကြုတ်ကြည့်မိသည်။
"ကိုငယ်ကလည်း...ဘုန်းစစ်သွေးဆိုရင်လူတိုင်းကသိတယ်လေ..."
"ဟုတ်လား..ကိုယ်သိပ်သတိမထားမိဘူး.."
အခန်းထဲတွင်ရပ်မနေတော့ပဲချစ်သူဖြစ်သောသွန်းဆီလာရန်အခန်းအပြင်မှဘုန်းစစ်သွေးထွက်လာလေတော့သည်။
ဘုန်းစစ်သွေးမှာသိပ်မကျေနပ်သယောင်မျက်နှာထားရှိနေသော်လည်းသူ့က်ိုသိပ်သတိမထားမိဘူးဆိုတဲ့လူကိုပထမဆုံးတွေ့ဖူးလိုက်ပြီဖြစ်သည်။
ထိုလူဟာလည်းတခြားသူမဟုတ်..ကိုယ့်ချစ်သူ၏အစ်ကိုအရင်းဖြစ်နေသောကြောင့်ဘုန်းစစ်သွေးမာနကိုအနည်းငယ်တော့လျှော့ထားမိသည်။
သွန်းကိုချစ်တဲ့စိတ်နဲ့တင်သွန်းရဲ့အစ်ကိုအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံရန်သာပြင်လိုက်လေသည်။
"ဒါပေမယ့်...အခုတော့သတိထားမိပြီမလား? ကျောင်းမှာတွေ့ရင်လည်းခေါ်နော် အကို.."
"omm..."
ရှင်းသန့်မြတ်ပိုင်ဆိုသူဟာစာပဲကြိုးစားပြီးစာအပေါ်သာအာရုံထားလို့လားမသိ။ ကိုယ့်ကျောင်းက King တွေ Queen တွေက်ိုတောင်စိတ်မဝင်စားရသည်အထိဖြစ်သည့်အပြင်ခပ်ချေချေသာဆက်ဆံတတ်သောသူလည်းဖြစ်သည်။
စာကလွဲ၍ကျန်တာစိတ်မဝင်စား။ ရှိသောသူငယ်ချင်းအနည်းစုနဲ့သာမေးထူးခေါ်ပြောလုပ်တတ်ပြီးသူစိမ်းတစ်ယောက်နှင့်သာဆိုခပ်ချေချေမျက်နှာထား၊ခပ်ချေချေလေသံဖြင့်သာဆက်ဆံတတ်သူဖြစ်သည်။
ဘုန်းစစ်သွေးဟာကိုယ့်ချစ်သူရဲ့အစ်ကိုအရင်းဖြစ်လို့မာနတွေခဝါချထားပေမယ့်ရှင်းသန့်ကတော့ကိုယ့်ညီမရဲ့ချစ်သူဖြစ်တယ်ဆိုပြီးနည်းနည်းလေးမှဖော်ဖော်ရွေရွေမဆက်ဆံ။
ထို့နောက်ဧည့်ခန်းတွင်သွန်းကဘုန်းစစ်အားကျွေးမွေးဧည့်ခံစကားပြောကြပြီးရှင်းသန့်မှာတော့အခန်းထဲမှအခန်းပြင်မထွက်သည့်အပြင်ဘုန်းစစ်ပြန်သွားသည်အထိနှုတ်မဆက်။
~~~~~~~~~~~~
ခြံထဲရှိမြက်ပင်နှင့်အခြားအလှစိုက်ထားသောသစ်ပင်ပန်းမန်များအားဝါသနာအရရေလောင်းပေါင်းသင်နေသူ
မြတ်နိုးကိုကို၏မိခင်။
ထိုပန်းများစိုက်ထားသောနေရာနှင့်မလှမ်းမကမ်းရှိဒန်းပေါ်တွင်ထိုင်၍ instagram သုံးနေသူမြတ်နိုးကိုကို။
ဖုန်းထဲစိတ်ရောက်နေသူမြတ်နိုးကိုကိုရှေ့တွင်ကားတစ်စီးဆိုက်ရောက်လာပြီးကားထဲမှတည်ငြိမ်ခန့်ညားသောသူထွက်လာလေသည်။
ထိုသူမှာတခြားသူတော့မဟုတ်။ ဇေယျာဟိန်းထက်သာဖြစ်သည်။
"ကိုကြီး!! အဆင်ပြေလား!?"
ထိုင်နေရာမှထ၍အစ်ကိုဖြစ်သူဆီ ဆီးကြိုမေးလာသူမြတ်နိုးကိုကိုအားကြည့်၍ဇေယျာဟိန်းထက်အနည်းငယ်သက်ပြင်းချလိုက်သည်။
"omm..."
"ဘာပြောလိုက်လဲ..?"
"မြတ်နိုးအားတဲ့နေ့ခေါ်လာမယ်ဆိုပြီးပြောလိုက်တယ်"
"ဘာာာာာာာာာာာာာာာာာ!!!!!???????"
"ဟဲ့ သမီး!! ဘာဖြစ်တာလဲ?"
Vocal ကောင်းတစ်ယောက်လုပ်နိုင်သူမြတ်နိုးကိုကိုမှာမလှမ်းမကမ်းတွင်ရှိသောအမေဖြစ်သူကတောင်သူ့အသံကိုကြားနိုင်သည်အထိ။
"ဟီး! ဘာမှဖစ်ပါဝူး မေမေရဲ့..ကိုကြီးကိုစနေတာ.."
"ကဲ အဲ့ဒီတော့ ကိုယ်စီစဉ်တဲ့အတိုင်းတွေ့ဖို့လုပ် ok??"
"ဟာဗျာ!! မတွေ့ချင်ပါဘူးဆို.."
ထိုအချိန်ဒေါ်ခင်မိမိမှာပန်းပင်များရေလောင်းနေရာမှမောင်နှမနှစ်ယောက်ဆီလျှောက်လာလေသည်။
"သမီး မေမေပြောစရာရှိတယ်.."
"ဟုတ်.."
"လာမယ့်စနေနေ့ကျရင်မင်းခန့်တို့မိဘတွေနဲ့မေမေတို့နဲ့တွေ့ကြတော့မလို့.."
"ဟာ! မေမေက ကိုကို့ကိုမမေးပဲအတင်းစီစဉ်နေတော့တာပဲဗျာ.."
"သမီး မေမေတို့စီစဉ်တာကိုလွန်ဆန်လို့မရဘူးလို့ပြောပြီးပြီနော်"
"....."
ဆူပုတ်ပုတ်ဖြင့်အိမ်ထဲသို့ဆောင့်ကြီးအောင့်ကြီးနှင့်ဝင်သွားလေသည်ကို ဇေယျာကအနောက်မှနေ၍ပြုံးစ်ိစိဖြင့်အိမ်ထဲလိုက်လာသည်။
ဒီလိုနှင့်နေ့ရက်များဟာပုံမှန်လုပ်ဆောင်နေကြတစ်နေ့တာလုပ်ငန်းများဖြင့်လျင်မြန်စွာကုန်ဆုံးသွားပြီးမိဘများတွေ့ရတော့မည့်စနေနေ့သို့ရောက်ရှိလာလေတော့သည်။
မင်းခန့်မောင်မှာမြတ်နိုးကိုကို၏အဖေဖြစ်သူဦးဇေယျာကိုကို၏ travel and tour လုပ်ငန်းတွင်အရည်အချင်းအရှိဆုံး managing director အဖြစ်အသက်မွေးဝမ်းကျောင်းနေသူဖြစ်သည်။
ဦးဇေယျာကိုကိုနှင့်ဒေါ်ခင်မိမိတို့၏လက်အောက်ငယ်သားဖြစ်သောကြောင့်လက်ထပ်ပြီးလျင်မြတ်နိုးကိုကိုဟာဇနီးလောင်းဖြစ်သော်လည်းမင်းခန့်မောင်၏အိမ်တွင်လိုက်မနေရပဲဇနီးဖြစ်သူအိမ်တွင်သာခင်ပွန်းကလိုက်နေရမည်ဟုမိဘအချင်းချင်းဆွေးနွေးသဘောတူခဲ့ကြသည်။ ဒါဟာလည်းချမ်းသာတဲ့လူမျိုးစုရဲ့ power တစ်ခုပဲဖြစ်ပေသည်။ ချမ်းသာကြွယ်ဝမှုကြောင့်သူတို့လုပ်ချင်သလိုပုံဖော်နိုင်ခဲ့သည်။
မိဘများတွေ့ဆုံစားသောက်ကြပြီးနောက်မှာတော့မင်းခန့်မောင်နှင့်မြတ်နိုးကိုကိုအအေးဆိုင်လေးတွင်တွေ့ကြလေသည်။
မြတ်နိုးကိုကိုမှာမတွေ့ချင်သော်လည်းမိဘများ၏စီစဉ်မှုကိုမလွန်ဆန်နိုင်တာကြောင့်အောင့်အီးသည်းခံကာတွေ့နေရသည်။
မင်းခန့်မောင်မှာတော့ပထမဆုံးတွေ့ဖူးသောယောကျင်္ားဆန်သော်လည်းချစ်ဖို့ကောင်းသောကောင်မလေးတစ်ယောက်ဖြစ်သည့်မြတ်နိုးကိုကိုအားတွေ့လိုက်ရလို့အနည်းငယ်ကျေနပ်ပြုံးပြုံးမိသည်။
"ခင်ဗျား ဘာတွေပြုံးနေတာလဲ..?"
"ဗျာ? ဘာ..ဘာမှမပြုံးပါဘူး..."
"ခင်ဗျားနဲ့ဆွေးနွေးစရာရှိတယ်..."
"omm...ပြောလေ.."
မင်းခန့်မောင်အရှေ့မှစားပွဲပေါ်တွင်တင်ထားသောဖျော်ရည်တစ်ခွက်အားတစ်ငုံသောက်လိုက်ပြီးမြတ်နိုးကိုကိုနှင့်သူငယ်ချင်းပမာလွတ်လွတ်လပ်လပ်ပြောလိုက်သည်။
"မေမေတို့စီစဉ်လို့သာခင်ဗျားနဲ့ယူရမှာ...ကျွန်တော်တို့ကတကယ့်လင်မယားမဟုတ်ဖူးနော်"
"အမ်? တကယ့်လင်မယားမဟုတ်ဖူး? အဲ့တာဆိုဘာလဲ..??"
"ဟန်ဆောင်လင်မယား"
###
TBC
Ps- အရှေ့ကအပိုင်း (၂) မှာ ရှင်းသန့်ကသွန်းထက်တစ်နှစ်ပဲကြီးတယ်လို့ရေးထားမိတာကိုပြန်ပြင်ရေးထားတယ်နော် နည်းပညာက၆နှစ်တက်ရတာမို့သွန်းနဲ့ရှင်းသန့်က ၃ နှစ်ကွာတယ် ကိုယ်လဲနည်းပညာတက်တဲ့အမတစ်
ယောက်ကိုမေးထားတာ 😅
ဒီ fic ကို love in hate နဲ့တူတူသောကြာနေ့တိုင်း up ပါ့မယ်
•update every Friday•
Firday night fever တော့မဟုတ်ဖူး
Friday Romance 😝😝
(12 am အတိတွင် up သည်။)
#Friday
Continue Reading
You'll Also Like
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
533K 25.8K 61
ကျွန်​​တော့်​အ​တွေးတစ်​စသည်​ အမှားဖြစ်​ခဲ့သည်​ရှိ​သော်​... သူနှင့်​​တွေ့ဆုံလိုက်​ရမှု​ကြောင့်​ ထိုအ​တွေးများကို ကျွန်​​တော်​မြတ်​နိုးသည်​။ #သက်​တန့်​​...
38K 2.5K 42
krisho xingdae (yaoi) written by - SMA
439K 23.1K 51