Past and Future

By huangmingzhuu

76.3K 3.6K 231

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန... More

<2>
<3>
<4>
<5>
<6>
<7>
<8>
<9>
<10>
<11>
<12>
<13>
<14>
<15>
<16>
<17>
<18>
<19>
<20>
<21>
<22>
<23>
<24>
<25>
<26>
<27>
<28>
<29>
<30>
<31>
<32>
<Final>

<1>

15.5K 369 17
By huangmingzhuu

Intro:

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....

-Zwe Khant Kha Aung

သူ့ကိုချစ်ရတာ နာကျင်မှုတွေကို ကျေနပ်စွာ ခံယူနေရသလိုပဲ... နောက်ဆုံးတော့ ငါပဲရှုံးနိမ့်ခဲ့ရတာပဲ... ငါ့အနားမှာ အမြဲရှိနေပေးတဲ့ မင်းကိုရော... ငါ ရှုံးနိမ့်ရဦးမှာလား....

-Min Khant Maung

မချစ်သင့်တဲ့အချစ်တစ်ခုနဲ့မင်းကိုချစ်မိပေမယ့်မဖြစ်သင့်တဲ့ စည်း တစ်ခုကခြားထားတာကြောင့်ငါ့အချစ်တွေကိုပဲမျိုသိပ်လိုက်ပါ့မယ်....

-Zay Yar Hein Htet

ချစ်ဖူးတယ်...ချစ်ခဲ့တယ်...အဲ့ဒါနဲ့မတန်အောင်နာကျင်ခဲ့ရတယ်...ဒီ့ထက်ပိုပြီးဒဏ်ရာတွေမပေးပါနဲ့တော့...ငါတို့နှစ်ယောက်ကြားကအချိန်ကာလအတွက်လည်းတောင်းပန်ပါရစေ...

-Moe Ma Kha

ကျွန်တော်တကယ်ချစ်တာဘယ်သူလဲ...? မသိဘူး... စဉ်းစားလိုက်တိုင်းအဲ့ဒီ "မသိဘူး" ဆိုတဲ့အဖြေပဲထပ်ခါထပ်ခါခေါင်းထဲရောက်လာတယ်...ယောကျင်္ားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကိုတစ်ပြိုင်နက်ချစ်မိတဲ့ကျွန်တော်ကပဲအရူးလား...?

-Bhone Sitt Thwe

သူ့ရှေ့မှာခပ်ချေချေနေပြနေတယ်ဆိုတာကလည်းသူ့ကိုအရမ်းချစ်လို့...သူလာတိုင်းအဆက်မပြတ်ခုန်နေတဲ့ကျွန်တော့်ရင်တွေကိုထိန်းချုပ်ဖို့...သူ့ကြောင့်သရုပ်ပျက်နေတဲ့ကျွန်တော့်အမူအရာတွေကိုသူမမြင်အောင်မာထန်တဲ့မျက်နှာထားနဲ့ဖုံးကွယ်ခဲ့ရတာ....ဒါပေမယ့်သူကတော့....ကျွန်တော့်ကိုတကယ်မချစ်ဖူးဗျာ.....

-Shin Thant Myat Paing

မလိုချင်တဲ့မိသားစုတစ်ခုကိုရခဲ့တယ်... အလိုမတူတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ထောင်ခဲ့ရတယ်... ဒီအိမ်ထောင်ကိုဖျက်ဆီးဖို့ပိုက်ဆံမက်တဲ့ကောင်မလေးတစ်ယောက်ကိုအသုံးချခဲ့တယ်... ဒါပေမယ့်...အမှတ်မထင်ပဲ...သူ့ကိုချစ်မိသွားတယ်...

-Myat Noe Ko Ko

လောကမှာစည်းစိမ်ဥစ္စာတွေလောက်မက်မောစရာဘာမှမရှိဘူး...ငွေနဲ့ချစ်သူဆိုရင်တောင်မှသွန်းကငွေကိုပဲရွေးမှာ...ချစ်သူဆိုတာကိုယ့်ဘဝတစ်လျှောက်လုံးကိုတောက်ပပေးနိုင်မယ့်ငွေကြေးတွေလောက်မှအရေးမပါတာ....

-Thoon Khaet Nwe

###

ပြာလဲ့နေတဲ့ပင်လယ်ပြင်ထဲကရေကြည်တွေကသဲ
သောင်ပြင်ပေါ်မှာပြန့်ကျဲလို့...

လေပြေသွေးတွေခေါ်ဆောင်ရာလွင့်မျောလို့...

စွင့်ကားနေတဲ့နှင်းဆီပွင့်တွေကအကိုင်းအခတ်မှာချိတ်
ဆွဲလို့...

ပတ်ဝန်းကျင်တစ်ခွင်သို့မွှေးကြိုင်တဲ့ရနံ့နဲ့လျှို့ဝှက်တဲ့
ဆွဲဆောင်မှုတစ်ချို့ဆောင်သင်းလို့...

ပင်လယ်ပြင်ထဲကရေကြည်တွေလိုရွှေရောင်နုနုသဲပြင်
ပေါ်သို့ကဗျာဆန်စွာမပြန့်ကျဲနိုင်ပေမယ့်အေးမြတဲ့
မေတ္တာကိုချစ်ရသူဆီပြန့်ကျဲနိုင်မယ်လို့တော့
မြတ်နိုးကိုကိုယုံကြည်ခဲ့ဖူးတယ်။

မြတ်နိုးကိုကိုဆိုတာ Travel and Tour လုပ်ငန်းပိုင်ရှင်
သူဌေးကြီးဦးဇေယျာကိုကိုရဲ့အငယ်ဆုံးသမီး။

ဇေယျာဟိန်းထက်ဆိုသူအကိုတစ်ယောက်ကိုပိုင်ဆိုင်
ထားပြီးယောကျင်္ားလေးလိုနေထိုင်သူတစ်ယောက်။

နှင်းဆီပွင့်တွေလိုပတ်ဝန်းကျင်တစ်ခွင်ကိုလျှို့ဝှက်
နက်နဲတဲ့ရနံ့များမဆောင်သင်းနိုင်ပေမယ့်အနာဂတ်
မှာအချစ်မြှားနတ်မောင်ကဖူးစာရှင်ဆီဆောင်သင်းနိုင်
လိမ့်မယ်လို့ဇေယျာဟိန်းထက်စိတ်ကူးယဉ်ခဲ့ဖူးသည်။

ဆေးပညာဖြင့်ဘွဲ့ရပြီးသူဖြစ်ပြီးအထွေထွေခွဲစိတ်ကု
ဆရာဝန်တစ်ယောက်ဖြစ်နေသူလည်းဖြစ်သည်။

မိဘစကားနားထောင်သောသားလိမ္မာတစ်ယောက်
ဖြစ်သလိုညီမဖြစ်သူရဲ့ဆိုးသွမ်းမှုတွေကိုလည်းလိုက်လံ
ထိန်းကျောင်းပေးနေရသောအကိုကောင်းတစ်ယောက်
လည်းဖြစ်ပါသည်။

ညီမဖြစ်သူဟာ tomboy တစ်ယောက်ဖြစ်လို့ညီမ
ပွေခဲ့သမျှမိန်းကလေးများနဲ့ပက်သက်ပြီးလည်းသူပဲ
ဖြေရှင်းပေးရသူဖြစ်သည်။

အဆုံးသတ်မှာတော့ညီမတွဲခဲ့သမျှ ex girl တွေက
အကိုဖြစ်သူကိုကြွေတာနဲ့ပဲပြီးသွားတာများသည်။

အဖေဖြစ်သူမှာစီးပွားရေးဘက်သာအားစိုက်နေသော
ကြောင့်သမီးဖြစ်သူဆိုးသွမ်းသမျှကိုသားဆီသာပုံအပ်
ထားပြီးအမေဖြစ်သူမှာရွှေဆိုင်ပိုင်ရှင်ဖြစ်တာကြောင့်
မောင်နှမနှစ်ယောက်လုံးကိုလိုက်လံမထိန်းကျောင်းနိုင်
ပေ။

ဘောက်ထော်ဘက်မှလုံးချင်းအိမ်များထဲမှာကျယ်ဝန်းသန့်ရှင်းလှတဲ့အိမ်တော်ကြီးတွင်သူတို့မိသားစုနေထိုင်
ကြသည်။

ခြံထဲတွင်လှပသောပန်းမျိုးစုံများစိုက်ပျိုးထားကာစိတ်ချ
ရသောလုံခြုံရေးများလည်းအများအပြားရှိလှပေသည်။

ကားဂိုဒေါင်ထဲတွင် latest model ကားများအစီးပေါင်း
များစွာရှိနေပြီးသွားလေရာမောင်းပို့ပေးမည့် driver များလည်းအမြဲအသင့်ရှိနေလေသည်။

ဒီလိုနှင့်တစ်နေ့တွင်မြတ်နိုးကိုကိုအားကောင်လေး
တစ်ယောက်နှင့် blind date တွေ့ခိုင်းရန်အမေဖြစ်သူ
မှာစီစဉ်တော့သည်။

လပြည့်နေ့တွင်မိသားစုနှင့်ရွှေတိဂုံဘုရားသို့သွားကြရာ
အပြန်လမ်းတွင်ကားပေါ်မှပြောခြင်းဖြစ်သည်။

"မြတ်နိုး..သမီး..မေမေတို့သမီးအတွက်ကောင်လေး
တစ်ယောက်နဲ့တွေ့ဖို့စီစဉ်ထားတယ်.."

"ဟာ! မေမေကလည်းဗျာ! မတွေ့ချင်ပါဘူး.."

မြတ်နိုးကိုကိုတစ်ယောက်အမေဖြစ်သူဆီမှစကား
ကြားပြီးသည်နှင့်ဆူပုတ်ပုတ်ဖြင့်ငြင်းလိုက်လေသည်။

သူဟာ tomboy တစ်ယောက်ဖြစ်ပေမယ့်မိန်းကလေးလိုဝတ်လျင်အရမ်းကျက်သရေရှိလှပေသည်။

အခုလည်းလပြည့်နေ့မို့မိသားစုနှင့်ရွှေတိဂုံဘုရားသွား
မည်ဖြစ်သောကြောင့်မြန်မာအကျႌနှင့်ထဘီအားဝတ်
ထားရာလွန်စွာချောလှသောကြောင့်ဘုရားမှယောကျင်္ား
လေးများပါသိက္ခာမဆည်နိုင်လည်ပြန်ငေးရသည်အထိ
ဖြစ်ခဲ့သည်။

"အဲ့လိုလုပ်လို့မရဘူးလေသမီးရဲ့...မေမေတို့ကကောင်း
စေချင်လို့စီစဉ်ပေးတာကိုလက်ခံရမှာပေါ့.."

"ဟာဗျာ!! ကိုကိုကမိန်းမပဲယူမှာပါဆို.."

နာမည်ကမြတ်နိုးကိုကိုဖြစ်သည့်အတွက်သူနှင့်တွဲသမျှ
မိန်းကလေးတိုင်းသူ့အား"ကိုကို"လို့ခေါ်သလိုသူ့ကိုယ်
သူလည်း"ကိုကို"လို့နာမ်စားသုံးခြင်းဖြစ်သည်။

"သမီးမြတ်နိုး..မေမေတို့စီစဉ်ပေးတာကိုလွန်ဆန်မယ်
မကြံနဲ့..မနက်ဖြန်ညနေ၄နာရီ Shangri La Hotel
မှာတွေ့ဖို့ချိန်းထားပြီးနေပြီ.."

"မေမေတို့ကလည်းဗျာ.."

"driver ဦးဝင်းကမအားလို့သမီးကိုကြီးကိုခေါ်သွား..
ကြားလား..??"

"..ဟုတ်..."

မဖြေချင်ဖြေချင်အသံလေးလေးနှင့်ဖြေလိုက်သည်ကိုအဖေဖြစ်သူဦးဇေယျာကိုကိုမှာသက်ပြင်းချကာကြည့်
နေလေသည်။

ညနေစောင်း၍နေမင်းကြီးမှာလောကကြီးအားနှုတ်
ဆက်သွားပြီးမှောင်မိုက်သောညအချိန်သို့ရောက်လာ
လေသည်။

*ဒေါက် ဒေါက် ဒေါက်*

"ကိုကြီး.."

"မြတ်နိုးလား..? ဝင်ခဲ့လေ..."

စာကြည့်စားပွဲတွင်မျက်မှန်တစ်လက်ဖြင့်စာအုပ်ဖတ်နေ
သောဇေယျာဟိန်းထက်အိပ်ခန်းထဲသို့ညီမဖြစ်သူမြတ်
နိုးကိုကိုဝင်လာသည်မှာမနက်ဖြန်အတွက်အကြံတစ်ခုခုတော့ရှိပေလိမ့်မည်။

"ကိုကြီး.."

"ဗျာ.."

"ကိုကိုလေ...မနက်ဖြန်အဲ့ဒီကောင်နဲ့မတွေ့ချင်ဘူး.."

"မြတ်နိုး..အဲ့လိုမရိုင်းရဘူးလေ..ဘာအဲ့ဒီကောင်လဲ..?"

"ဘာလဲ..ကိုကြီးကကိုကြီးခင်ပွန်းလောင်းမို့နာနေတာလား..?"

"မြတ်နိုး!!"

"ဟဲဟဲ..စတာပါဗျာ.."

"ထားပါ..နောက်ကျနေပြီ..မအိပ်သေးဘူးလား..?"

"ကိုကြီးကိုပြောမလို့.."

မျက်နှာကစပ်ဖြဲဖြဲပြုံးစိစိဖြင့်လက်ထဲတွင်လည်းနွားနို့
ခွက်ဖြင့်အကိုုဖြစ်သူအားလာဘ်ထိုး၍တစ်ခုခုခိုင်းတော့
မည်ဆိုတာသေချာနေပေသည်။

"ပြော.."

"နေပါဦး...ကိုကြီးရဲ့...နွားနို့သောက်ပါဦး..အေးဆေး
ပေါ့...ဟဲဟဲ.."

"မြတ်နိုး..ဘာတွေစပ်ဖြဲဖြဲဖြစ်နေတာလဲ?ဟမ်?"

"သောက်ပါဆိုဗျာ..အရင်နွားနို့သောက်.."

အကိုဖြစ်သူဆီသို့နွားနို့ခွက်အားအတင်းထိုးပေးကာ
အရက်တိုက်သကဲ့သို့တိုက်လေတော့သည်။

ညီမကျေနပ်အောင်ဂလုဂလုနှင့်နှစ်ငုံလောက်သောက်
ပြီးမှဖန်ခွက်ကိုစားပွဲပေါ်သို့ပြန်ချကာပြောလာလေ
သည်။

"ကဲ..ပြောတော့.."

"ဟဲဟဲ..မနက်ဖြန်ကျရင်လေ...သူ့ကို......ကိုကြီးပဲသွား
တွေ့လိုက်ပါလား..?"

အအေးပတ်တော့မည့်အလားသွားကိုအသားကုန်ဖြီး၍
စပ်ဖြဲဖြဲရုပ်ဖြင့်ပူဆာလာလေတော့သည်။

"ဘာ!?"

ဇေယျာဟိန်းထက်မှာရုပ်ခန့်ပြီးတည်ကြည်ပြတ်သား
သောမျက်နှာထားပိုင်ရှင်ဖြစ်သောကြောင့်အားလုံးက
မာနကြီးသည်လို့ပြောရသည်အထိဖြစ်ခဲ့ဖူးသည်။

အခုလည်းဒေါသမာန်ဖြင့်အော်လိုက်သော "ဘာ!?"ဆိုသောစကားကြောင့်အရိုးသာရှိသော
မြတ်နိုးကိုကိုမှာလွင့်ထွက်တော့မည့်အလားကိုယ့်ကို
ကိုယ်ဖမ်းချုပ်လိုက်ရလေသည်။

"ကိုကြီးကလည်းဗျာ..ကူညီပါ..."

"မြတ်နိုးတွဲခဲ့သမျှမိန်းကလေးတိုင်းရဲ့ပြသနာကိုဖြေရှင်း
ပေးခဲ့ပေမယ့်အခုတစ်ခါတော့ sorry ပဲ.."

"ဟာ! ကိုကြီးကလည်း...ကိ်ုယ့်ညီလေးတစ်ယောက်ထဲ
ရှိတာကို..လုပ်ပါ..နော်...နော်..."

"အခုဟာကယောကျင်္ားလေးလေကွာ....မဖြစ်ဖူး no ပဲ"

"ယောကျင်္ားလေးလည်းဘာဖြစ်လဲ? ပိုတောင်အဆင်
ပြေသေးတယ်.."

"ဘာ!?"

နောက်တစ်ကြိမ်အော်လိုက်သောကြောင့်ရင်ဘောင်ပင်
မခတ်ရသေးသောမြတ်နိုးကိုကိုအချစ်စစ်ကိုလွဲမည်
စိုးသောကြောင့်ကိုယ့်ရင်ဘတ်ကိုဖိလိုက်မိပြန်
သည်။

"လန့်တာဗျာ...ကိုကြီးကလည်း..သူနဲ့တကယ်မတွေ့
ချင်လို့ပါ..လုပ်ပါနော်..."

"မေမေတို့သိသွားရင်မြတ်နိုးရှင်းမှာလား...?"

"မသိအောင်လုပ်ပေါ့ဗျ.."

"ဒါမျိုးကြကြောက်တတ်သား.."

smirk တစ်ချက်ဖြင့်မြတ်နိုးကိုကိုအားကြည့်ကာပြောလိုက်သောကြောင့်သူမနည်းနည်းတော့ကြောက်သွား
မည်မှာအမှန်ပင်။

"ကိုကြီးကလည်း..နော်..နော်.."

"မေမေတို့ကအကောင်းစီစဉ်ပေးတာကိုမြတ်နိုးက
ကိုကြီးနဲ့လွှဲချလို့ရမလား..ပြီးတော့ကိုကြီးကသူနဲ့တွေ့
ပြီးဘာပြောရမှာလဲ..?"

"ဪ..အဲ့ဒါများ..ကိုကိုသင်ပေးမယ်..လာ"

နားနားသို့ကပ်ကာအမှာစကားများကိုနှစ်ကိုယ်ကြား
ကြားရုံတိုးတိုး တိုးတိုးဖြင့်အမှာတမ်းခြွေလေတော့
သည်။

ဆရာဝန်ဖြစ်ပေမယ့်လည်းညီမတစ်ယောက်ကိုတောင်
မထိန်းနိင်ပဲဆိုးသမျှခံနေရသောအကိုကြီးတစ်ယောက်
ဖြစ်ပေသောကြောင့်သူငယ်ချင်းများစနောက်ခြင်းကို
လည်းခံရလေသည်။

နောက်ဆုံးမှာတော့လက်လျှော့အရှုံးပေးကာညနေ၄နာ
ရီထိုးဖို့၅မိနစ်အလိုတွင် Shangri La Hotel ရှေ့သို့
ဇေယျာဟိန်းထက်ရောက်ရှိလာရတော့သည်။

ကားပေါ်မှမဆင်းမီ "ဟူး...." ဆိုသောသက်ပြင်းတစ်
ချက်ချ၍ Hotel ထဲသို့ဝင်သွားလေသည်။

Hotel ထဲသို့ရောက်သောအခါချိန်းဆိုထားသော restaurant ကိုတစ်ချက်ဝှေ့ကြည့်ကာကောင်လေး
တစ်ယောက်ထိုင်နေသည်ကိုတွေ့သဖြင့်ဝင်ထိုင်လိုက်
လေသည်။

ထိုကောင်လေးမှာတော့ကြောင်တောင်တောင်ဖြင့်
ဇေယျာဟိန်းထက်အားကြည့်နေလေတော့သည်။

"မြတ်နိုးကိုကိုနဲ့တွေ့ဖို့လားခင်ဗျ..?"

"ဟုတ်ပါတယ်ဗျ.."

ဇေယျာဟိန်းထက်သူထင်တာမှန်သည့်အတွက်စိတ်
ထဲတွင်ကျေနပ်သွားလေသည်။

"ကိုယ်ကသူ့အကိုပါ..သူမအားလို့မတွေ့နိုင်လို့ပါ.."

"ဪ...ဟုတ်ကဲ့.."

ထိုအခါမှစောနကကြောင်တောင်တောင်လေးဖြစ်နေ
သောမျက်နှာလေးမှာအဖြစ်အပျက်ကိုနားလည်သွား
သယောင်ခေါင်းငြိမ့်ပြုံးပြလေသည်။

"ဟုတ်ကဲ့..ညီ့နာမည်က...?"

"မင်းခန့်မောင်ပါခင်ဗျ..."

ဆံနွယ်အမည်းရောင်နုနုလေးများကနဖူးပေါ်တွင်ဝဲလို့...မျက်နှာချိုချိုလေးဖြင့်အပြုံးမိုးတွေရွာလို့..နှုတ်ခမ်း
ပါးပါးလေးကဖော်ရွေစွာနှုတ်ဆက်လို့..ဆွတ်ထားသော
ရေမွှေးနံ့နှင့်ကိုယ်သင်းနံ့လေးမှာရောစက်ကာဇေယျာ
ဟိန်းထက်ဆီသို့အမည်မသိသောဆွဲဆောင်မှုတစ်စွန်း
တစ်စအားသည်းလွန်းစအဖြစ်ဖြန့်ဝေလို့...

ဇေယျာဟိန်းထက်နှင့်မင်းခန့်မောင်ဆိုသောကောင်
လေးနှစ်ယောက်စတွေ့ဆုံကြသောနေ့သည်သူတို့နှစ်
ယောက်၏ပြီးဆုံးသွားသောအတိတ်နှင့်မရောက်ရှိလာ
သေးသောအနာဂတ်အားအဆုံးအဖြတ်ပေးမည့်ကာလ
စပ်ကြားအချိန်..........။

###
TBC

~Past+Future~

•Pasture•

ဒီ fic လေးကိုဖတ်ကြည့်လို့ကြိုက်တယ်ဆိုရင် roleplayer လေးများလိုချင်ပါတရ်🙏🏻❤️

Continue Reading

You'll Also Like

8.8K 634 11
( Book published ) #Fiction , #drama , #Bromance , #historical ဘာသာရေးနဲ့ ချစ်မေတ္တာကို သေချာ ပုံဖော် ပြထားပြီး လေ့လာ,မှတ်သားပြီး ရေးခဲ့ရတဲ့ fiction...
9.3K 1.2K 10
မလိုအပ်ရင် ပိုနေမယ့်အတူတူ လိုအပ်တာလောက်ပဲ ပေးပါ့လား (Zawgyi+Unicode) COMPLETED! Short novel📙
266K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
802K 51.5K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...