လွန်

By HunnieMon

61.4K 5.7K 568

Hunhan yaoi one-sided story just one person point of view More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
AN
Hello
New

~လွန်~

4.1K 325 78
By HunnieMon

"Sehun နဲ့ Luhan ဆရာ့ရုံးခန်းထဲခနလိုက်ခဲ့ကြ"

tutorial ချိန်မို့ လူစုံနေချိန် အတန်းပိုင်ဆရာကထူးထူးဆန်းဆန်းခေါ်တာကြောင့် ကျွန်တော်တို့နှစ်ယောက်ကိစ္စတွေသိနေမှာ လွဲစရာမရှိ ဆရာကျွန်တော်တို့ကိုဆူလိမ့်မလား မိဘခေါ်လိမ့်မလားနှင့် ကိစ္စတွေပိုကြီးမှာကိုရင်ထဲကြောက်လန့်နေမိသည်

Han လဲကျွန်တော်နည်းတူရင်တုန်နေမလားကြည့်မိတော့ သူကတော့မျက်နှာတချက်မပြတ်ဘဲ ခပ်တင်းတင်းမျက်နှာထားကပုံမှန်သာ
အဲ့ဒါတွေ Han စိတ်ထဲဘာတွေရှိလဲမသိနိုင်အောင် ဖုံးကွယ်ထားတတ်သော ပညာတွေမှာ Han ကတဖက်ကမ်းခတ်အောင် သိပ်ထူးချွန်လွန်းတာ

"Hun nah ဆရာကိုတော့အပွင့်လင်းဆုံးတိုင်ပင်ကြရအောင်"

အင်းမလုပ် အဲမလုပ်ဘဲကျွန်တော်အဖြေမပေးမိတာစိတ်ထဲတခုခုကိုအေးစက်စက်ခံစားနေရသလိုကြောင့်ဖြစ်ပါလိမ့်မည်

"လာကြ ဒီမှာထိုင်"

ဆရာ့ရှေ့မှာနှစ်ယောက်ဝင်ထိုင်လိုက်ကြရင်း စိတ်လှုပ်ရှားစွာ နားစွင့်နေမိတယ်

"မင်းတို့ကို ဆရာမဆူဘူး စိတ်လျော့ထားလို့ရတယ် ဆရာအကြံပေးချင်လို့ခေါ်တာ"

မထင်မှတ်ထားတာကြောင့် ဆရာမျက်နှာကိုအခုမှရဲရဲမော့ကြည့်မိတော့ တကယ်ပင် ဆရာအမူအရာကတည်ငြိမ်ဆဲ ဒေါသထွက်ဟန် စိတ်ပျက်ဟန်လဲမမြင်ရ

"မင်းတို့လဲသိကြမှာပါ အာဒံနဲ့ဧဝ ကို"

ဆရာ့စကားကဘယ်ကိုဦးတည်တော့မလဲသိစွာ သက်ပြင်းကိုခိုးချမိတယ်

"အရာအားလုံးမှာ ဖြစ်သင့်တာ ဖြစ်နိုင်တာ ဖြစ်ကိုဖြစ်ရမှာဆိုတဲ့သတ်မှတ်ချက်တွေကြောင့်သာ ဘုရားသခင်က အာဒံအတွက် ဧဝကိုဖန်တီးပေးခဲ့တာပေါ့"

"ခြွင်းချက်ဆိုတာလဲ နေရာတိုင်းမှာရှိတတ်ပါတယ်ဆရာ"

အထွန့်တက်လိုက်သည်က ကျွန်တော့်ဘေးက Han

"ဟုတ်တာပေါ့ ခြွင်းချက်တွေကအမြဲရှိတတ်တာပဲ ဆရာမင်းတို့ကိုအပြစ်မတင်ပါဘူး ဒါပေမယ့် လက်လဲမခံပေးနိုင်ဘူး"

"ခေတ်ကြီးကပြောင်းနေပါပြီ"

"Han ဆရာပြောတာအဆုံးထိနားထောင်ရအောင်"

ခပ်ဆိုးဆိုး Han က ကျွန်တော့်ကိုစိတ်မရှည်သလို စုတ်သတ်လိုက်ပေမယ့် အသာငြိမ်ပြီးဆက်နားထောင်ပေးတယ်

"မင်းတို့အခုမှ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေပဲရှိသေးတယ် အရမ်းငယ်သေးတယ် အခုချိန်မှာ အရာအားလုံးကို စိတ်လိုက်မာန်ပါဆုံးဖြတ်တတ်ကြတဲ့အရွယ် ဆရာတို့လဲအဲ့အရွယ်တွေကပဲကြီးပြင်းလာတာပဲသိတာပေါ့ အခုမင်းတို့ဖြစ်နေတဲ့ကိစ္စမှာ အတိုက်အခံတွေအများကြီးမရှိဘူးလား"

ရှိပါတယ်ဆိုတဲ့အဖြေကိုတော့ စိတ်ထဲကသာကျွန်တော်ဖြေမိတယ်

"ဘယ်လိုဖြေရှင်းရမလဲရော မင်းတို့ဆုံးဖြတ်နိုင်ကြလား"

မသိလို့ပေါ့ဆရာရယ်ဟု ညည်းတွားလိုက်ချင်ပေမယ့် နှုတ်ကဆိတ်လျက်သား

"အခုသာ ဆရာ မင်းတို့မိဘတွေကိုခေါ်လိုက်ရင် မင်းတို့အတွက်ကောင်းမလား ပြသနာတွေကပိုကြီးမလာနိုင်ဘူးလား ခေတ်ကြီးကပွင့်လင်းမြင်သာလာပြီဆိုတာ မင်းတို့လူငယ်တွေအတွက်ပဲ လူကြီးတွေကရှေးအယူတွေဆွဲကိုင်ထားတုန်းပဲ နောက်ဆုံးမင်းတို့ပဲစိတ်ထိခိုက်ရ မင်းတို့မိဘတွေပဲစိတ်မချမ်းမသာဖြစ်ရမှာမဟုတ်ဘူးလား"

"ဘာပြောချင်တာလဲဆရာ လိုရင်းပြောလို့မရဘူးလား"

"Sehun"

"ဗျာ"

ကန့်လန့်တိုက်ပြီးအထွန့်တက်နေတဲ့ Han ကိုဥပေက္ခာပြုကာ ဆရာက ကျွန်တော့်ကိုမျက်နှာချင်းဆိုင်တယ်

"မင်း record တွေက အရင်တုန်းက အဘက်ဘက်အရမ်းကောင်းခဲ့တာ ဆရာတွေ့ရတယ် မင်းကျောင်းမပြောင်းချင်ဘူးလား"

"ဗျာ ဆရာ ဆရာ ကျွန်တော့်ကိုကျောင်းထုတ်တာလား"

"မဟုတ်ဘူး မဟုတ်ဘူး မင်းကိုဆိုရင် ဆရာတို့ဘက်က ထောက်ခံချက်ခိုင်ခိုင်လုံလုံနဲ့ တခြားကျောင်းတခုကို ပြောင်းပေးလို့ရတယ် အခုဒီမှာ Oh Sehun ဆိုရင်လူတွေကအပြစ်ပဲမြင်ကြတယ်မဟုတ်လား မင်းကျောင်းအသစ်မှာဆိုရင်တော့ လူသစ်စိတ်သစ်ဖြစ်သွားမလားလို့ပါ"

နောက်ကျိလာတဲ့တွေးတွေက ဘာစကားမှပြန်မပြောနိုင်လောက်အောင် ကျွန်တော့်ရင်ကိုမောပန်းစေတယ်

"ဆရာက အလိမ်မာနည်းနဲ့ ကျွန်တော်တို့ကိုခွဲပစ်လိုက်တာပဲ Hun ကျောင်းပြောင်းရင် ကျွန်တော်လဲလိုက်ပြောင်းမှာ"

"မဖြစ်နိုင်ဘူး Luhan မင်းကဒီမှာတောင် ကျောင်းခေါ်ချိန်မပြည့် tuto မမှန်တဲ့ကျောင်းသားတယောက် ဆရာတို့ဘက်ကလဲမင်းကိုတာဝန်ယူပြီးမထောက်ခံပေးရဲဘူး နောက်ပြီး စာမေးပွဲလဲနီးနေပြီ မင်းဘယ်လိုမှထွက်လို့မရဘူး အေး ရရင်တောင် တဖက်ကျောင်းကမင်းကိုလက်ခံဖို့အတော်ခက်မှာ"

အနည်းငယ်တင်းမာလာတဲ့အခြေအနေကို ကျွန်တော်ဝင်ထိန်းမှရတော့မည် Han သိပ်ဆိုးတယ် ဆရာ့ကိုတောင်ပြန်ခံပြောရဲတာ

"ကျွန်တော် ကျွန်တော်စဉ်းစားကြည့်ပါမယ်"

"သေချာစဉ်းစားပါ Sehun မင်းတို့ကိုခွဲတာမဟုတ်ဘူးနော် ခနပဲ စာမေးပွဲနီးလို့ အချိန်ခနပဲ မင်းတွေစိတ်တွေ သွေးအေးအောင် စာထဲအာရုံစိုက်နိုင်အောင် အခုလိုမင်းတို့အမြဲအတူတူရှိနေရင် တခြားကျောင်းသားတွေလဲ မင်းတို့ကိုသတိထားမိပြီး မင်းတို့ပဲနေရခက်မှာ ပိုဆိုးလာလို့ ကျောင်းအုပ်ဆီသတင်းပျံ့သွားရင် အားလုံးသွားပြီ မင်းတို့ကျောင်းထုတ်မခံရဘူးလို့မပြောနိုင်ဘူး"

"ဟုတ်ကဲ့"

"Hun"

"ဒါဆိုသွားကြတော့လေ အော် Hyejeen ကမင်းတို့နှစ်ယောက်လုံးကိုတောင်းပန်တယ်လို့ပြောပေးပါတဲ့ သူကျောင်းထွက်သွားပြီ"

ဆရာ့ရုံးခန်းက ထွက်လာပြီး ဘေးက Han ကိုသတိမထားနိုင်အောင် ကျွန်တော့်စိတ်တွေလေးလံလာတယ်
ဟုတ်တယ် ဆရာပြောတာမှန်တယ် မတော်လို့များ ကျွန်တော်တို့အကြောင်း Han အမေသိသွားရင် အမေတခုသားတခု မို့ ရင်ကွဲလိမ့်မည် Han ပဲစိတ်ဆင်းရဲရမှာ

ကျောင်းထုတ်ခံရရင်ရော မဖြစ်နိုင်တာ ကျွန်တော့်အချစ်က Han ကိုပျက်စီးစေဖို့ရည်ရွယ်တာမှမဟုတ်တာ Han ကိုကျွန်တော်အရှုံးသမားတယောက်မဖြစ်စေချင်

"Hun မင်းဘာတွေတွေးနေလဲငါသိတယ် လျှောက်မစဉ်းစားနဲ့နော်"

"Hun ငါ့ကိုကြည့်ပါဦး"

"Oh Sehun"

"ကျောင်းသားတွေကြည့်ကုန်ကြပြီ တိုးတိုးပြော Han မင်းမြင်လား သူတို့အကြည့်တွေ ငါမင်းကို အဲ့လိုမျက်လုံးမျိုးတွေနဲ့အကြည့်မခံစေချင်ဘူး Han ရဲ့"

"အပိုတွေမပြောနဲ့ Sehun ဒါတွေအားလုံးမင်းကြောင့်ဖြစ်တာ မင်းစခဲ့တဲ့ဇာတ်လမ်းတွေလေ အခုမှမင်းကသူတော်ကောင်းလုပ်ချင်တာလား"

"ကိုယ်တို့အပြင်မှာသွားစကားပြောရအောင်"

ကွက်ကြည့်ကွက်ကြည့် ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကရှောင်ရှားရင်း Han ကိုလက်ဆွဲကာ အဆောင်ပြင်ခေါ်ထုတ်ခဲ့တယ်

"ငါလေ မင်းကိုဘယ်လိုနားလည်ပေးရမှန်းမသိတော့ဘူး Hun ရဲ့"

မတင်မကျဖြစ်နေတဲ့ စိတ်တွေကြောင့် Han အသံတွေတုန်ရင်နေတယ်

"မင်းကျောင်းမပြောင်းနဲ့နော် Hun ငါသိတယ် ဆရာက မင်းကိုငါနဲ့အဝေးဆုံးကျောင်းကိုပို့ပစ်မှာ ငါတို့အခုလိုနေ့တိုင်းမတွေ့ရဘဲနေရလိမ့်မယ် မပြောင်းနဲ့နော် Hun"

"---"

"ဒီအတိုင်းထားလိုက် သူများတွေအပြစ်ပြောလဲငါခံနိုင်တယ် ငါ့အမေသိသွားလဲ ငါအမေ့ကိုနားချပေးမယ် သူလက်မခံလဲရတယ် တချိန်ချိန်တော့ လူကြီးဆိုတာစိတ်လျော့သွားမှာပဲ
ကျောင်းထုတ်ခံရလဲဘာဖြစ်လဲ ငါတို့နောက်တနှစ်မှပြန်တက်လို့ရတာပဲ"

"တော်ပါတော့ Han ရယ်"

သေချာစဉ်းစားပုံမရဘဲ စိတ်ထဲရှိတာတွေကို အရူးတယောက်လိုတရစပ်ပြောနေတဲ့ မျက်ရည်ကျလုဆဲဆဲ Han ကိုမကြည့်ရက်စွာ ကျွန်တော်အော်မိတယ်
ကိုယ်လဲမသိတော့ဘူး Han ရယ်

"Hun မင်းပဲငါ့ကိုချစ်တယ်ဆို ဟင် မချစ်ဘူးလားဟင်"

ကျွန်တော့်မျက်နှာကိုမော့ကြည့်နေတဲ့ Han မျက်နှာမှာ စိုးတိတ်မှုတွေ ဝေခွဲမရမှုတွေ

"ချစ်လွန်းလို့ပေါ့ Han ရာ ချစ်လွန်းလို့ကိုယ်ရူးမတတ်ဖြစ်နေတာပေါ့"

"ငါလဲမင်းကိုချစ်တယ်လေ Hun ရဲ့ ငါတို့စိတ်ချမ်းသာသလိုဆုံးဖြတ်ကြမယ်လေ နော်"

"Han ပြောသလိုတွေလုပ်လိုက်ပြီးရင် ကိုယ်စိတ်ချမ်းသာနိုင်မယ်လို့ထင်လား မဟုတ်ဘူး Han ရဲ့ မဟုတ်ဘူး ကိုယ့်ကိုကိုယ်ပဲအပြစ်တွေတင်မိနေမှာ"

စို့နစ်လာတဲ့ရင်ဘတ်ကြီးကြောင့် အသက်ရှုရတာတောင်မဝတော့သလိုလို

"မဟုတ်ဘူး အခုမင်းပြောနေတာ မင်းကိုယ်လွတ်ရုန်းချင်နေတာ မင်းသူရဲဘောကြောင်တာ မင်းပဲငါ့ကို ချစ်အောင်ပြုစားခဲ့ပြီး အခုမှခေါင်းရှောင်ချင်တာ မင်းငါ့ကိုတကယ်ချစ်တယ်လို့မခေါ်ဘူး Hun"

စူးရဲလာတဲ့ Han မျက်ဝန်းတွေက ကျွန်တော့်ကိုအပြစ်ဖွဲ့သလို နောက်ဆုံးတော့ Han လဲကျွန်တော့်ကိုနားမလည်ပေးနိုင်ဘူး ကျွန်တော့်အမှားလို့ Han သတ်မှတ်နေတာ

"Han သိလား Han ကကိုယ့်ကိုအနာတွေပဲပေးပြီးတခါမှဆေးမပေးခဲ့ဘူးဆိုတာ အမြဲတမ်း Han ကိုယ့်အပေါ်အနိုင်ယူတယ် ပြီးရင် ချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့ဖြေသိမ့်ပေးလိုက်တာပဲ Han မှားခဲ့တယ်လို့ရောမတွေးမိဘူးလား Han ဘက်ကကိုယ့်ကိုတောင်းပန်ပါတယ်လို့ရောပြောခဲ့ဖူးလား ဟင် တကယ်တော့ Han လဲလွန်ခဲ့တာပဲလေ ကိုယ်မနာတတ်ဘူးထင်နေတာလား"

ချစ်ခဲ့မိတဲ့အချိန်တောက်လျှောက်မြိုသိပ်ခဲ့ရတာတွေကိုဖွင့်ထုတ်မိတော့ မျက်ရည်တွေကပါ ဒဏ်ရာတွေကိုအဖော်ပြုစီးဆင်းလာတယ်

"မင်းငါ့ကို နာကြည်းနေခဲ့တာပါလား Hun ရယ်"

စကားတခွန်းနဲ့အတူဖြိုင်ကနဲကျလာတဲ့ Han မျက်ရည်တွေက ကျွန်တော့်ရင်ကိုဆုတ်ပြတ်သတ်အောင် ပွန်းပဲ့စေတယ်

"ငါမင်းကို ဟိုးအရင်ထဲက ချစ်မိနေခဲ့မိတာတော့ ငါမလိမ်ဘူး Hun ငါ့ကိုယ်ငါလက်မခံရဲခဲ့တာပါ"

"အဲ့လိုချစ်ခဲ့တဲ့လူက ကိုယ့်ကိုအကွက်ချပြီး တမင်နာကျင်အောင်လုပ်ခဲ့တာပေါ့နော် ကိုယ့်ဘက်ကိုတချက်မတွေးဘဲနဲ့လေ Han ပေးတဲ့ဒဏ်ရာတွေက ကိုယ့်ကိုရူးလောက်အောင် စိတ္တဇဖြစ်စေတာ Han သိရဲ့လား"

"ဟုတ်တယ် အရင်ကငါ့ဘက်ကမှားခဲ့တယ် ဒါပေမယ့် Hun ရယ် ငါ့ကိုယုံကြည်ပေးပါနော်"

"ကိုယ့်ရင်ထဲမှာ Han ကိုချစ်တဲ့စိတ်ရယ် မုန်းတဲ့စိတ်ရယ် လွန်ဆွဲပြီး ကိုယ့်ကိုကိုယ်တောင်မယုံနိုင်တာ Han ကိုဘယ်လိုယုံပေးနိုင်မှာလဲ"

လက်မခံချင်ခဲ့လို့ခေါင်းထဲမထည့်ခဲ့တဲ့ အမှန်တရားတခုက ကျွန်တော်သည် Han ကိုချစ်ခြင်းနှင့်ယှဉ်၍မုန်းနေမိခြင်း။

"Han နားမှာရှိနေရင် ကိုယ်စိတ်သိပ်ပင်ပန်းတယ် ကိုယ့်အနားယူချင်ပြီ Han"

ဘာကိုမှစိတ်ထဲထားမနေဘဲ အရာအားလုံးလက်လွှတ်လိုက်တဲ့အချိန်မှာ ထွက်ကျလာတဲ့စကားတခွန်းက Han နဲ့ဝေးရာကျွန်တော်ထွက်သွားချင်မိသည်တဲ့လား

"ဟုတ်တာပေါ့ မင်းကအရင်ထဲက တခုခုကိုထွက်ပြေးရုံပဲလုပ်တတ်တဲ့လူစားမျိုးပဲ"

ခုနကအထိ ငိုကြွေးနေတဲ့ Han ဟာအခုတော့ ကျွန်တော့်ကို သူ့ပုံမှန် လက်နက်တွေနဲ့ ခနဲ့ပစ်ဖို့တည်ငြိမ်လျက်သား

"အဲ့တော့ ကျောင်းပြောင်းမယ်ပေါ့ ဟုတ်ပြီ မင်းသဘောပဲ
ထွက်သွားလေ မျက်ရည်လည်ရွှဲနဲ့ငိုယိုပြီး မသွားပါနဲ့လို့တားမဲ့လူစားမျိုးမဟုတ်တာ မင်းသိမှာပါ အေး တခုတော့မှတ်ထား Hun ငါ့ဆီကတခါထွက်သွားပြီးရင် တသက်လုံးပြန်မလာနဲ့"

ပြတ်ပြတ်သားသားပြောချလိုက်တဲ့ Han လေသံမှာ မာန်အပြည့်

"Han သိလား မင်းကသိပ်မာနကြီးတဲ့လူတယောက်ဆိုတာ"

ဘယ်သောအခါကမှ Han သည် သူ့ဘက်ကလိုလိုလားလား အရှုံးပေးခဲ့ခြင်းမျိုးမရှိပါ

"Oh Sehun ဆိုတဲ့မင်းကလဲ ကိုယ့်ဖြစ်ချင်တာပဲသိတဲ့ ကိုယ့်ဘက်ပဲကြည့်တဲ့ အတ္တသမားတယောက်ဆိုတာ မင်းသိလား"

အတ္တကြီးလက်စနဲ့ ကျွန်တော်ဆက်လက်အတ္တကြီးပါရစေ
မနှုတ်ဆက်ဘူး Han ကိုယ်ထားခဲ့တာမဟုတ်လို့
တားလိုက်စမ်းပါလို့လဲ မပြောဘူး Han ကိုယ့်ရဲ့လွန်ဆွဲနေတဲ့စိတ်ကို ကိုယ့်ဘာသာဆုံးဖြတ်ချင်လို့
ကိုယ့်အချစ်တွေရဲ့အလွန်မှာ မင်းအတွက် အမုန်းတွေရှိနေခဲ့တာ ကိုယ်တကယ်မသိခဲ့တာပါ Han ရယ်
အရူးတယောက်လို့သာ သတ်မှတ်ပြီးကိုယ့်ကို မုန်းလိုက်ပါတော့ Han
ဘယ်တုန်းကမှမင်းမလွန်ခဲ့ပါဘူး ငါ့ဘက်ကပဲလွန်လွန်ကြူးကြူးတွေချစ်ခဲ့ပြီး မင်းစိတ်ထိခိုက်အောင်လုပ်ခဲ့မိတာ
မေ့ပစ်လိုက် Han မုန်းပစ်လိုက်ပါတော့။

Kai yah မင်းပြောသလို ငါတို့နှစ်ယောက် သဟဇာတ မဖြစ်ခဲ့ဘူးပေါ့ သူငယ်ချင်းရယ်။

ကျွန်တော်ကျောပေးထွက်သွားခဲ့သည့်တိုင် Han သည်တချက်လှမ်းမခေါ်ခဲ့သလို ကျွန်တော်တို့နှစ်ယောက်အတွက် တွေ့ဆုံချိန်တွေလဲကုန်လွန်သွားခဲ့လေတော့သည်။

ပြီးပါပြီ။

Continue Reading

You'll Also Like

68.9K 17.8K 61
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
58.7K 7.9K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
97.8K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
1M 125K 35
ကိုယ်က ဧကရာဇ် ဆိုပေမယ့် မင်းက ကိုယ့်သခင်ပါ #Both Unicode & Zawgyi #စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်ပါရှငိ