လွန်
By HunnieMon
61.4K 5.7K 568
Hunhan yaoi one-sided story just one person point of view More
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{15}
{16}
~လွန်~
AN
Hello
New
{14}
2.4K 294 34
By HunnieMon
Ding dong ding dong
မနက်အစောကြီး မြည်နေတဲ့ အိမ်ရှေ့က bell တီးသံကြောင့် ညနောက်ကျမှအိပ်ပျော်သွားတဲ့ကျွန်တော် မဖွင့်ချင်ဖွင့်ချင်မျက်လုံးတွေကို အတင်းပွတ်ဖွင့်ကာ အိမ်တံခါးသွားဖွင့်တော့
"Morning Hun"
လက်ထဲမှာ ကြွပ်ကြွပ်အိတ်ပေါင်းများစွာ ကိုင်ထားတဲ့ Han က မျက်ဝန်းတွေမှေးသွားတဲ့အထိနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာနှုတ်ဆက်နေတယ်
မနေ့တနေ့ကဘာမှမဖြစ်ခဲ့သလို Han မျက်နှာလေးကြည်လင်နေတာ တကယ်ပဲစိတ်ထဲဘာမှမထားတာလား သူ့မူအတိုင်းမျက်နှာပြောင်တိုက်ပြတာလား မသေချာ
"Han အစောကြီးဘာကိစ္စရှိလို့လဲ"
"သူစိမ်းဆန်လိုက်တာမေးပုံက ဒီနေ့ကျောင်းပိတ်ရက်မို့မင်းဆီလာနေတာ ဖယ်ပေးဦး လေးလာပြီ"
နှုတ်ခမ်းပါးပါးကို မဲ့ရွဲ့သလိုပြောရင်းက ကျွန်တော်ကိုတိုက်ဖယ်ပြီးအိမ်ထဲအတင်းဝင်သွားပြန်တဲ့ Han
"မင်းအခုမှနိုးတာမှတ်လား မျက်နှာသွားသစ်လေ ငါဒီမှာ မနက်စာတခါထဲဝယ်လာတယ် ပြီးရင်စားရအောင်"
"Han ဘာတွေလုပ်--"
"ငါပြောတဲ့အတိုင်းလုပ်စမ်းပါ Hun ရာ သွားသွား"
ကျွန်တော့်ကိုမီးဖိုချောင်ထဲကအတင်းနှင်ထုတ်နေတဲ့ Han
မသိရင်သူ့အိမ်သူယာကျလို့
အာ ဟုတ်သားပဲ Han ကျွန်တော့်အိမ်ရောက်ဖူးတာ တခါနှစ်ခါမှမဟုတ်ဘဲ
Han စကားအတိုင်း မျက်နှာသစ်ပြီးပြန်ထွက်လာတော့ ထမင်းစားပွဲပေါ်မှာ ကော်ဖီနှစ်ခွက်ရယ် ဘာဂါနှစ်ခုရယ် အဆင်သင့်
"ငါကမင်းလိုမချက်တတ်တော့ fast food တွေပဲဝယ်ခဲ့တာ မင်းအဆင်ပြေပါ့မလားဘဲ"
အခု Han ကကျွန်တော့်အတွက် မနက်စောစောထ ပြင်ဆင်လာပေးတော့ အရင်က ကျွန်တော် Han အတွက် ကိုယ်တိုင်ကော်ဖီစေ့တွေကိုကြိတ် ကိုယ်တိုင်နှပ်ပြီး ဖျော်ခဲ့ပေးဖူးတာကိုသတိရတယ်
ဒါပေမယ့် အဲ့တုန်းက ကော်ဖီကို Han နဲနဲလေးတောင်မမြည်းစမ်းပဲ တခြားသူကိုပေးပစ်လိုက်တာပါ ပြန်တွေးမိတော့ နှုတ်ခမ်းပါးတို့က အကျင့်ပါစွာ နာနာကျင်ကျင်ပြုံးမိတယ်
"ဘာတွေပြုံးနေတာလဲ"
"ဒီအတိုင်းပဲ ကော်ဖီပူပူတဘူးကိုသတိရမိလို့"
Han မျက်လုံးတွေကိုစိုက်ကြည့်ရင်းပြောတော့ မျက်နှာပူသွားသလို Han ကအကြည့်လွှဲတယ်
"sorry Hun"
"sorry တခွန်းပြောလိုက်တာနဲ့ အကုန်မေ့ပစ်လို့ရသွားမယ်လို့ Han ထင်နေတာလား"
"မင်းငါ့ကို အဲ့လောက်တောင်မကျေမနပ်ဖြစ်နေတာလား Hun"
ဟင်? ကျွန်တော်က Han ကိုစိတ်နာနေခဲ့တာလား?
ကျွန်တော်ဘာလို့ အခုလို Han ကိုရန်စကားတွေပြောမိနေတာလဲ?
ကျွန်တော့်စိတ်တွေ ဘာဖြစ်နေရတာလဲ?
"မဟုတ်ဘူး Han မဟုတ်ဘူး ကိုယ်မှားသွားတယ်"
မသိစိတ်ထဲကကိုယ့်ကိုကိုယ်ထိတ်လန့်စွာ ကျွန်တော်ငြင်းဆန်မိတယ် မရူးနဲ့စမ်း Oh Sehun
"ဟင့်အင်း မင်းမမှားပါဘူး တကယ်လဲငါ့ဘက်ကလွန်ခဲ့တာပဲ"
"ကိုယ်ပြောချင်တာအဲ့သဘောမဟုတ်ပါဘူး Han ရယ် Han ဘာလုပ်လုပ်ကိုယ်ကအမြဲအရူးလိုလက်ခံခဲ့တဲ့လူပဲ Han မှာအပြစ်မရှိပါဘူး"
အချိန်အတော်ကြာအောင် နှစ်ယောက်သားတိတ်ဆိတ်နေမိပြန်တယ် ကျွန်တော်တို့ကြားမှာ ဘာတွေကလွဲမှားနေခဲ့တာလဲ
"မင်းတယောက်ထဲနေတာကြာပြီလား"
"အင်း အဖေနဲ့အမေ ကွဲပြီးနိုင်ငံခြားထွက်သွားကထဲက"
"အော် sorry"
"ကိုယ်ဘာမှမဖြစ်ပါဘူး Han"
မုန့်စားလို့ပြီးသွားပြန်တော့ ဧည့်ခန်းထဲမှာ ဘာတွေလွှင့်နေမှန်းမသိသော TV ကြီးဖွင့်ရင်း နှစ်ယောက်ထိုင်နေမိပြန်တယ်
"ငါ့မှာက အဖေမရှိတော့ဘူး အမေတယောက်ထဲဆိုတော့ မနိုင်ဘဲလွှတ်ထားတာ ဟားဟား အဲဒါကြောင့် ငါကဆိုးချင်တိုင်းဆိုးနေတာ"
"ဟုတ်တယ် Han တော်တော်ဆိုးတယ်"
ကျွန်တော့်ဘက်ကထောက်ခံပေးတော့ Han ကသဘောကျစွာရီတယ် ထိုအချိန်ခနတော့ ကျွန်တော်တို့နှစ်ယောက်လွတ်လပ်စွာရီမောမိကြတယ်
တခါမှမသိခဲ့ဖူးသော မမေးမြန်းမစုံစမ်းခဲ့ဖူးသော မိသားစုအကြောင်းများကို ဒီနေ့မှပြောဖြစ်ကြတာ မယ်မယ်ရရပြောစရာစကားမရှိ၍ဟုဆိုမလား
"Hun"
"ဟင်"
"date လုပ်ရအောင်"
ကျွန်တော့်ဘေးကိုဖျက်ကနဲတိုးကပ်ပြီး သူ့မျက်နှာလေးကို ကျွန်တော့်ပခုံးပေါ်မှေးတင်ရင်း ချွဲသလိုလာပြောတော့ ရင်ထဲရှိန်းတိန်းတိန်းနဲ့မျက်နှာတွေပူလာတယ်
"အင်း Han သဘောလေ"
"မင်းဘက်ကတော့ စိတ်မပါဘူးပေါ့ အဲ့လိုသဘောလား"
ကျွန်တော့်မေးစေ့အောက်နားမှ Han နှုတ်ဖျားကစကားတခွန်းပြောလိုက်တိုင်းထွက်လာတဲ့ လေငွေ့လေးတွေ Han အသက်ရှုလိုက်တိုင်း လာရောက်တိုက်ခတ်တဲ့ လေပြေလေးတွေကအစ ကျွန်တော့်ကိုဘာမှမပြောနိုင်မလှုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်တယ် Han မျက်နှာကိုသာငေးကြည့်မိရင် ကျွန်တော်ဆွံ့အသွားမှာအသေချာ
"ကိုယ် ကိုယ်လဲ Han နဲ့ date လုပ်ချင်ပါတယ်"
တခွန်းချင်းပြောလိုက်တဲ့ ကျွန်တော့်စကားသံတွေက ဝိုးတိုးဝါးတားနဲ့မပီမသ
"ok ဒါဆို မင်းအဝတ်အစားသွားလဲတော့ ဘယ်သွားရမလဲငါစဉ်းစားထားမယ်"
Han ဘေးကထထွက်ခဲ့တော့မှ အသက်ရှူ ဖို့မေ့နေတဲ့ကျွန်တော် အောက်စီဂျင်ပြတ်လတ်တဲ့လူလို အသက်ပြင်းပြင်းရှူ သွင်းရှူ ထုတ်လုပ်မိတယ်
ကြောက်ဖို့ကောင်းအောင်ပြုစားနိုင်လွန်းပါတယ် Han ရယ်
"အရင်ဆုံးငါတို့ နေ့လည်စာသွားစားရအောင်"
Han ဆွဲခေါ်ရာနောက်သို့ ကျွန်တော်တကောက်ကောက်လိုက်လာခဲ့ချိန်တလျောက် ရင်ထဲမှာလဲကြည်နူးသလို တသိမ့်သိမ့်နဲ့
သူ့သဘောနဲ့သူမှာချင်ရာတွေမှာနေတဲ့ Han ရဲ့မြူးတူးမေတဲ့ပုံစံလေးကိုကျွန်တော်ကြည့်မဝနိုင် ဒီလိုပုံလေးကို ကျွန်တော်အမြဲကြည့်ခွင့်ရပါ့မလား
"စားလေ Hun ဒီဆိုင်မှာ ဒါတွေအကောင်းဆုံးပဲ"
"Han စားနေကြဆိုင်လား"
"စားနေကြတော့မဟုတ်ဘူး ဟိုတလောက တခေါက်ရောက်ဖူးတာ"
သဘောရိုးနဲ့မေးလိုက်ခြင်းဖြစ်ပေမယ့် Han အဖြေက ကျွန်တော့်ကိုအတွေးများစေပြန်တယ်
Han ဘယ်မိန်းကလေးနဲ့ ဒီကိုရောက်ခဲ့ဖူးတာလဲ
"Han တယောက်ထဲလာဖူးတာတော့မဟုတ်ဘူးမှတ်လား"
ကျွန်တော့်အမေးကြောင့် Han မျက်လုံးအဝိုင်းသားနဲ့တအံ့တသြမော့ကြည့်တယ်
"ကိုယ်ဒီအတိုင်းမေးတာပါ ဘာမှမဖြစ်ဘူး Han ထားလိုက်"
ပုံမှန်ဆိုအရသာရှိမလားမသိတဲ့ အစားအသောက်တွေကလဲ ခံတွင်းမတွေ့တာ စိတ်မကြည်တော့လို့လား
စားချင်စိတ်လဲမရှိတော့တာကြောင့် သက်ပြင်းရှည်တခုဆွဲချကာ လက်စသတ်လိုက်တယ်
"စားမကောင်းဘူးလား ဒါဆို တခြားဘာစားချင်လဲ"
"တော်ပြီ Han ကိုယ်မဆာလို့ပါ"
"ဒါဆို ငါတို့တခြားပျော်စရာကောင်းမယ့်နေရာသွားကြမယ်"
Han တကယ်ပဲတက်ကြွနေတာလား တမင်ဟန်ဆောင်ပြနေတာလား ချစ်သူတွေဖြစ်သွားပြီဆိုပြီး တာဝန် ဝတ္တရားတွေကြောင့် အခုလိုတွေလုပ်ပြနေတာလား
"Hun nah ကစားကွင်းသွားကြမယ်"
ကစားကွင်းထဲ လျှောက်ဆော့နေချိန်မှာတော့ Han ကတကယ့်ကလေးတယောက်လို ဟိုဟာဆိုလဲသူစီးချင်သည် ဒီဟာဆိုလဲသူစီးချင်သည် သူလုပ်သမျှလိုက်လုပ်ပေးနေတဲ့ ကျွန်တော်လဲ လူပင်ပန်းပေမယ့် ပျော်သလိုလိုတော့ရှိသည်
ကျွန်တော်သိပ်ချစ်ရတဲ့ Han က အခုတနေ့လုံးကျွန်တော့်ဘေးမှာတတွဲတွဲရှိနေတယ်မဟုတ်လား
ကိုယ့်ဘေးမှာ ဘာမှမပြော မလုပ်ဘဲ ရှိနေပေးတယ်ဆိုတာနဲ့တင် ကိုယ်ကျေနပ်နေမိမှာ Han ရယ် ထွေထွေထူးထူးတွေလျှောက်လုပ်ပြနေစရာမလိုပါဘူး
"ညနေတောင်စောင်းနေပြီ Han အိမ်ပြန်နောက်ကျဦးမယ်"
ကစားကွင်းထဲကလမ်းလျှောက်ထွက်ရင်း Han ကိုစိတ်ပူစွာကျွန်တော်ပြောတော့
"ငါ့ကိုပြန်စေချင်ပြီလား"
ချက်ချင်းမျက်နှာငယ်လေးနဲ့ Han ပြောပြန်တော့လဲ ကျွန်တော်မနေနိုင်
"မဟုတ်ပါဘူး Han ပင်ပန်းနေမှာစိုးလို့ပါ"
"ငါ ဒီညမင်းအိမ်မှာပဲ အိပ်လို့မရဘူးလား Hun"
"ဘယ် ဘယ်လို?"
အထစ်ထစ်အငေါ့ငေါ့ ကျွန်တော့်စကားအဆုံးမှာ Han ကအသံထွက်အောင်ရယ်တယ်
"ကိုယ့်ကိုလှောင်နေတာလား Han"
"အာ မဟုတ်ပါဘူး မင်းအခုလိုပုံစံလေးက သိပ်ချစ်ဖို့ကောင်းလို့
ို့ အဲ့နှုတ်ခမ်းသေးသေးလေးက ငါ့စိတ်ကိုလာလာဆွနေတယ်"
စကားဆုံးတာနဲ့ ကျွန်တော့်နှုတ်ခမ်းပေါ်ရောက်လာတဲ့ ခပ်မြန်မြန်အနမ်းတပွင့်
"Han ကိုယ့်ကို ကစားနေတာတော့မဟုတ်ပါဘူးနော်"
တခြားလူတွေဆိုအခုလို ကိုယ်ချစ်ရသူက ပြန်ချစ်ပြပေး ယုယပေးနေတာတွေကို ပျော်ပျော်ကြီးလက်ခံနိုင်နေမလားမသိပေမယ့် Han လုပ်လိုက်သမျှအပြုအမူတိုင်းဟာတော့ ကျွန်တော့်စိတ်တွေကိုသံသယတွေနဲ့ခြောက်လှန့်စေတယ်
"Hun မင်းဘယ်လိုဖြစ်နေတာလဲ မင်းခေါင်းထဲမှာဘာမဟုတ်တာတွေပဲ စဉ်းစားနေတာလဲ"
ရီနေတာကိုရပ်လိုက်ပြီး Han ကစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့မေးတယ်
"ငါ ဒီအတိုင်းမင်းရှေ့မှာရီလို့တောင်မရဘူးလား"
မသိဘူး ကျွန်တော်မသိဘူး Han တချက်ရီလိုက်တိုင်း ကျွန်တော့်အချစ်ကို စောက်ကားတတ်ခဲ့တာတွေ Han တချက်ပြုံးလိုက်တိုင်း ကျွန်တော့်နာကျင်မှုတွေကို လှောင်ပြောင်တတ်ခဲ့တာတွေကို အမြဲအမှတ်ရနေစေတယ်
"ပြန်ကြမယ် Han ကိုယ်အိမ်ရှေ့ထိလိုက်ပို့ပေးမယ်"
ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကြောင့် Han ဘာမှထပ်မပြောတော့ပေမယ့် စူးစမ်းချင်တဲ့ တခုခုကိုမေးမြန်းပြီးအတည်ပြုချင်နေတဲ့ အရိပ်အယောင်တွေ Han မျက်နှာမှာအတိုင်းသားပေါ်လွင်နေတယ်
အခုတော့ ကိုယ်မသိအောင်ဘာမှကိုဟန်မဆောင်တော့ဘူးလား Han ရယ်~~~
*********************
(ဖြစ်နိုင်ရင် daily update ပေးပြီးမြန်မြန်ဇာတ်သိမ်းလိုက်ဖို့စဉ်းစားထားပါတယ်ရှင့် ကြိုတင်စဉ်းစားထားသလောက်မရှည်နိုင်လောက်တော့ပါဘူး ဖတ်ရင်းဖတ်ရင်း ပျင်းသွားရင် သဘောမကျတော့ရင် အရေးအသားမကောင်းတော့ဘူးလို့ခံစားမိစေရင် ကြိုတင်တောင်းပန်ထားပါမယ်နော် မည်သို့သောဇာတ်သိမ်းဖြစ်ပါစေနားလည်လက်ခံပေးပါလို့လဲကြိုတင်အသိပေးပါရစေရှင့်😁😁အားလုံးကိုကျေးဇူးတင်ပါတယ်)
Continue Reading
You'll Also Like
10.2M 598K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
2.7M 73.8K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
524K 70.4K 58
300K 40.1K 47
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]