"မင်းဘာလုပ်မှာလဲ Sehunnie"
"မသိဘူး Kai ရာ"
အတန်းထဲထိုင်နေရင်းက Han နဲ့ပတ်သတ်ပြီး ကျွန်တော်ဘာဆက်လုပ်ရမလဲတိုင်ပင်မိနေတယ်။
တကယ်ကိုကျွန်တော်ဘာဆက်လုပ်ရမလဲအခုထိအဖြေမထွက်သေးပါ။အရင်လို ကျွန်တော့်ဘက်က Han ကိုအရိပ်တကြည့်ကြည့် အရာရာလိုက်ဖြည့်စည်းပေးနိုင်တဲ့အခွင့်အရေး ယခုရှိသေးရဲ့လား?
Han ရဲ့စိတ်ကြည်နေရင်တမျိုး စိတ်မကြည်ရင်တမျိုး ဆက်ဆံတတ်တဲ့ ကျွန်တော့်ရင်ကို အမြဲတစေ ပူလိုက်အေးလိုက် နာကျင်လိုက် ပျော်ရွှင်လိုက် လှုပ်ရှားစေတဲ့အမူအယာလေးတွေရော ရှိပါဦးမလား?
Han ကကျွန်တော့်ကိုအခုဘယ်လိုသဘောထားနေမှာလဲ?
သူအရင်တွဲခဲ့ဖူးတဲ့ ရည်းစားတွေလို ချစ်တယ်ပြောလိုက် သာယာမှုတွေပေးလိုက် နောက်သူစိတ်မလိုရင် လမ်းခွဲလိုက် လုပ်မှာလား?
အခုရော ကျွန်တော်နဲ့ Han ကဘာလဲ?
"Sehun"
အတွေးနဲ့ငြိမ်နေတဲ့ ကျွန်တော့်နားရောက်လာသူကိုမော့ကြည့်တော့ Han
"Han "
"ငါတို့ကျောင်းပြေးရအောင် Hun"
"ဟင်"
ဘာမှန်းမသိပေမယ့် နောက်ဆုံး ကျွန်တော်နဲ့ Han ကျောင်းဝင်းထဲကခိုးထွက်ရင်း အတန်းပြေးဖြစ်ခဲ့ကြတယ်။
ဘယ်ကိုဦးတည်ပြီး Han သွားနေလဲမသိပေမယ့် သူဦးဆောင်ရာနောက်သာ ကျွန်တော်အသံတိတ်လိုက်နေမိတယ်
"မင်းငါ့ကိုဘာစကားမှမပြောတော့ဘူးလား Hun"
Hun? အခုနောက်ပိုင်း Han နှုတ်ဖျားကခနခနလိုထွက်လာတတ်တဲ့ ရင်နွေးချင်စရာ အခေါ်အဝေါ်လေး
Han ဆီကထိုသို့ခေါ်သံကြားလိုက်တိုင်း ကျွန်တော့်ရင်တွေ တသိမ့်သိမ့်ဖြစ်သွားတတ်တာလဲ အမှန်ပေ အမြဲတမ်း ကြားချင်မိတယ်ဆိုတာကိုလဲ ကျွန်တော်ဝန်ခံပါရစေ။
"ကိုယ်ဘာပြောသင့်လဲ Han"
"မနေ့က ငါ့ဘက်က စကားကုန်ဖွင့်ပြောထားတာတောင် မင်းမှာပြန်ပြောစရာ တခုခုမရှိဘူးလား"
ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြရင်း တယောက်မျက်နှာတယောက်မကြည့်ဘဲ စကားပြောနေမိကြတယ်
"ကိုယ်တကယ်မသိဘူး Han
Han ပြောတာတွေကိုဘယ်လိုနားလည်ပေးရမလဲမသိသလို ဘယ်လိုသဘောနဲ့လက်ခံပေးရမလဲလဲကိုယ်မသိဘူး"
"ကျွတ် မင်းကတကယ့်အရူးပဲ"
စိတ်ပျက်သလို စုတ်သတ်ပြောရင်း Han သက်ပြင်းချတယ်
ကိုယ်က Han ကိုအမြဲစိတ်ပျက်အောင်ပဲလုပ်နေမိတာလား?
"မင်းမှတ်မိသေးလား ငါတို့ပထမဆုံးစတွေ့တဲ့နေ့ကို"
"ရုပ်ရှင်ရုံမှာ"
စကားပြောရင်းလမ်းလျှောက်လာခဲ့ကြတာ အခု Han မြစ်ကမ်းနားရောက်နေပြီ နေမပူဘဲလေတဖြူးဖြူးတိုက်ခတ်နေတာကြောင့် ပတ်ဝန်းကျင်ကသာယာလှတယ်
"တကယ်တော့ အဲ့နေ့က ငါမင်းနောက်လိုက်လာတာ"
"Han က?"
မဟုတ်တမ်းတရားတွေ ဖန်တီးပြောနေလားလို့ Han မျက်နှာကိုအကဲခတ်ကြည့်တော့ ပြုံးစစ မျက်နှာဘေးက ဝန်ခံမိတာရှက်သွေးဖြာနေဟန်။
"ဟားဟား မင်းယုံလား မယုံလားတော့မသိဘူး ငါမင်းကိုသိနေခဲ့တာကြာလှပြီ Oh Sehun ရဲ့"
"---"
"ထိုင်လေ မညောင်းဘူးလား"
ဟန်မြစ်ကိုမျက်နှာမူထားတဲ့ ခုံတန်းလျားတခုမှာ ဝင်ထိုင်လိုက်တဲ့ Han
အခု Han ပုံစံက သိပ်ကိုလွတ်လပ်ပေါ့ပါးနေသလို ကျွန်တော်သာ ဘာကြောင့်မှန်းမသိ စိတ်ထဲတင်းကြပ်ကြပ်နဲ့
Han စကားအတိုင်းသူ့ဘေးနားကပ်ထိုင်လိုက်တော့ အလိုက်မသိတဲ့နှလုံးသားက ရင်ခုန်သံတလွင့်လွင့်
"ငါအရင်တုန်းကမင်းပုံစံကိုသိပ်သဘောကျခဲ့မိတာ"
မျက်နှာချင်းမဆိုင်ဘဲပြောနေတဲ့ Han ဘေးတိုက်မျက်နှာလှလှကိုသာ ကျွန်တော်စိုက်ကြည့်နေမိတယ်
"မင်းကိုငါစသိတုန်းက မင်းကအတန်းထဲမှာတခုခုကိုသိပ်တတ်ကြွတဲ့လူတယောက် အတန်းသားတွေကိုလဲဦးဆောင်နိုင်တဲ့လူတယောက် အမြဲတက်တက်ကြွကြွနဲ့ မင်းကိုကြည့်ရင်သိပ် fresh ဖြစ်နေတာ အဲ့ဒီ Oh Sehun ကိုငါအရမ်းသဘောကျခဲ့တာ"
တခါမှစကားများများမပြောတဲ့ Han ကအခုလိုပြောနေတော့ သူ့ကိုကြည့်နေမိတဲ့ကျွန်တော့်မှာတအံ့တသြ
"အဲ့နေ့က အမှတ်မထင်လမ်းမှာမင်းကိုလှမ်းတွေ့လိုက်တော့ ဘယ်သွားတာလဲဆိုပြီးလိုက်ခဲ့တာ မင်းက ကောင်မလေးနဲ့ရုပ်ရှင်လာကြည့်တာဖြစ်နေတယ်"
အရီတဝက်နဲ့ Han စကားဆုံးတော့ ကျွန်တော့်ကိုလှည့်ကြည့်တယ်
Han မျက်ဝန်းတွေက ဒီနေ့မှပဲပြုံးယောင်သမ်းပြီး ပုံမှန်နဲ့မတူပိုလင်းလက်နေတယ်
"အမှန်တိုင်းဝန်ခံရရင် မင်းငါ့ကိုမသိခင်ထဲက ငါကမင်းကိုစိတ်ဝင်စားနေခဲ့တာ Hun"
မျက်ခုံးလေးပင့်ရင်း ပြောလိုက်တဲ့ Han အမူအရာက လေ့ကျင့်ထားတဲ့ သရုပ်ဆောင်တယောက်လို ပီပြင်လှတယ်
"ဒါပေမယ့်လေ လူကြားထဲမှာမင်းဘက်ကရုတ်တရက်ကြီးဖွင့်ပြောလာတော့ ငါသိပ်အံ့သြခဲ့တာ ထင်လဲမထင်ခဲ့ဘူး"
"ကိုယ်မှားသွားတယ်"
"ဟုတ်တာပေါ့ မင်းအရမ်းမှားခဲ့တာ အဲဒါမျိုးက မင်းကောင်မလေးရှေ့ လူအများရှေ့ပြောရမယ့်စကားလား"
"ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့် Han~~"
"ရပြီ တော်တော့ ငါစိတ်ထဲကထုတ်လိုက်ပြီ"
Han ကသူ့လက်ညှိုးလေးနဲ့ ကျွန်တော့်နှုတ်ခမ်းကိုလာတားဆီးတယ်
Han ကျွန်တော့်ကိုခွင့်လွှတ်လိုက်ပြီလား
"မင်းသိလား Hun မင်းရဲ့ဟောဒီနှုတ်ခမ်းပိစိလေးက သိပ်ကိုချိုလွန်းတာ"
Han စကားလမ်းကြောင်းကဘယ်ကိုဦးတည်သွားရပြန်တာလဲ
အသက်ရှုတောင်ရပ်တန့်သွားသလို ကျွန်တော့်ခန္ဓာကိုယ်တခုလုံးတောင့်ကနဲ
"ဟားဟား ကြောက်တတ်ပြန်ပါရောလား Hun ရဲ့"
လှောင်နေတာလား Han ရယ်
"လူမြင်ကွင်းထဲငါမင်းကို မဟုတ်တာမလုပ်ပါဘူး Hun ရဲ့"
Han ရဲ့ချိုအီအီစကားသံတွေက သူရဲ့ play boy အထာတွေကိုချပြနေတုန်းပဲ ကိုယ့်ကိုလာကစားနေတာလား Han
"ကိုယ်ပြန်တော့မယ်"
"ဘာဖြစ်သွားတာလဲ"
မက်တပ်ထရပ်လိုက်တဲ့ ကျွန်တော့်လက်မောင်းကို Han လှမ်းဆွဲတယ်
"ဘာမှမဖြစ်ပါဘူး ဒီအတိုင်း ကိုယ်ပြန်ချင်လာလို့"
"ငါ့စကားတွေကို မင်းအလေးမထားတာလား Hun"
ချက်ချင်းမျက်နှာထားကိုပြန်တင်းကာ ခပ်မာမာပြောလိုက်တဲ့ Han
ဒါမှ ကျွန်တော်သိတဲ့ Han စစ်စစ် နူးနူးညံ့ညံ့တွေလုပ်ပြ ပြောပြနေတာ ကျွန်တော်ချစ်တဲ့ Han မှမဟုတ်ဘဲ
"ဘာလို့ပြုံးတာလဲ"
စိတ်ထဲကအတွေးနဲ့ပြုံးမိတော့ Han ကရန်ထောင်သလိုမေးတယ်
"ဟင့်အင်း"
"လာပြန်ထိုင် ငါပြောလို့မပြီးသေးဘူး"
အမိန့်နာခံတတ်တဲ့ ကျွန်တော်ပီသစွာ Han စကားအတိုင်းတသွေမတိမ်း
"ငါပြောတာတွေ မင်းသဘောရောပေါက်ရဲ့လားဟင် ငါဘာလို့ပြောပြနေလဲရောသိရဲ့လား"
"---"
"မင်း အ,သွားတာလား Oh Sehun"
"မဟုတ်ပါဘူး Han ပြောနေတာတွေကိုယ်သိပါတယ်"
"ဒါဆို အခုမင်းဘာဆက်လုပ်မှာလဲ"
"Han ကရော"
"ငါတို့အခြေအနေက ချစ်သူလို့နာမည်တပ်စရာတောင်မလိုတော့ဘူးမဟုတ်လား"
"ချစ်သူ ဟုတ်လား?? ဟက်"
Han ကချစ်သူတဲ့လား ဘာလဲ နောက်ကျရင်လမ်းခွဲတယ်လို့နာမည်တပ်လို့ရအောင် အခု ချစ်သူ ဆိုတဲ့ခေါင်းစဉ်အောက်ဆွဲသွင်းလိုက်တာလား
"Hun"
"Han သိလား ကိုယ်မင်းအပေါ်ဘယ်တုန်းကမှ မလိမ်ညာခဲ့ဖူးသလို ကိုယ့်စိတ်ရင်းနဲ့ပဲ မင်းအပေါ်ဆက်ဆံပေးခဲ့တာ"
"မင်းပြောတဲ့ သဘောကငါကမင်းကိုလိမ်နေတယ်ထင်နေတာလား မဟုတ်ဘူးနော် Hun ငါမင်းကိုအားလုံးအမှန်အတိုင်းပြောပြနေတာ"
အသဲအသန်ငြင်းဆန်နေတဲ့ Han မျက်နှာမှာ ကြေကွဲမှုတွေ မတည်ငြိမ်မှုတွေ အတိုင်းသား
ဒါပေမယ့် ကျွန်တော် Han ကိုမသနားမိဘူး
"Han ပြောတာကိုယ်လက်မခံလို့ စိတ်အနှောက်အယှက်ဖြစ်သွားတာလား Han"
"ဘာကိုပြောတာလဲ "
"Han သဘောပါလေ Han ကချစ်သူဆိုတော့လဲ ကိုယ်တို့ကချစ်သူတွေပေါ့ ဒါပဲမှတ်လား Han ကိုယ်သွားတော့မယ်"
ကျွန်တော့်စကားအဆုံး နားမလည်ခြင်းတွေနဲ့ထိတ်လန့်သွားပုံရတဲ့ Han ကို ကျွန်တော်ဖြစ်သလို ပစ်ထားခဲ့မိတယ်
Han စိတ်တိုင်းကျ Han သဘောအတိုင်း ကျွန်တော်တို့ချစ်သူဖြစ်ပြီလို့ပြောခဲ့မိတာ ကျွန်တော်မှားသွားလို့လား??