လွန်

By HunnieMon

61.4K 5.7K 568

Hunhan yaoi one-sided story just one person point of view More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{10}
{11}
{12}
{13}
{14}
{15}
{16}
~လွန်~
AN
Hello
New

{9}

2.4K 297 25
By HunnieMon

ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ ကျွန်တော့်ကိုယ်ကျွန်တော်သေချာပြန်ကြည့်မိတော့ နေမကောင်းဖြစ်လိုက်တဲ့ ၃ ရက်၎ ရက်အတွင်းမှာ နဂိုမပြည့်တဲ့မျက်နှာတွေသိသိသာသာကျသွားကာ မေးရိုးချွန်ချွန်တွေကပိုထင်ရှားလာတယ် ကျောင်းမတတ်ဖြစ်တာလဲ ဒီတပတ်လုံးနီးနီးဖြစ်နေပြီ နေပြန်ကောင်းပေမယ့်ကျွန်တော်တမင်မသွားဘဲနေမိခြင်း။

မသိစိတ်ထဲကနေ Han ကိုမျက်နှာချင်းဆိုင်ဖို့ရှုက်ရွံ့ခက်ခဲနေမိတာရယ် သိစိတ်ထဲကနေ ကျွန်တော်ဘက်ကအမြဲလုပ်ဆောင်နေကြအတိုင်းတောင်းပန်ချင်မိနေပေမယ့် Han လက်မခံဘဲ ခါးခါးသီးသီးတွေထပ်ပြောလာပြန်ရင် ကျွန်တော့်ခံနိုင်ရည်တွေအကုန်ကျဆုံးသွားမှာရယ်ကို စိုးထိတ်နေမိတာ
ဒါပေမယ့်လဲလေ ကျွန်တော် Han ကိုရူးလောက်အောင်လွမ်းနေမိတယ်။

စာသင်ခန်းထဲခြေချမိပြီဆိုတာနဲ့ မျက်လုံးတွေကအကျင့်ပါစွာ Han နေရာလေးဆီကြည့်တော့ Han ရောက်သေးပုံမပေါ် အင်းလေ Han ကအမြဲနောက်ကျတတ်တဲ့လူပဲ

"Sehunnie နေကောင်းသွားပြီလား"

အရင်ရောက်နှင့်နေတဲ့ Kai ကကျွန်တော့်ဘေးထိုင်ခုံမှာပြောင်းထိုင်ရင်းနှုတ်ဆက်စကားဆိုတော့ အသက်မပါလောက်တဲ့အပြုံးတခုနဲ့သာခေါင်းညိတ်ပြမိတယ်

အတန်းချိန်တွေတခုပြီးတခုသာကုန်ဆုံးသွားတယ် Han ရောက်မလာသေး Tutorial တခုရှိတာကြောင့်အခုချိန်တော့ Han ရောက်သင့်နေပြီ
အတန်းတွေပျက်တတ်တာ Han အကျင့်တခုပေမယ့် Tutorial တော့မှန်မှန်လာဖြေတတ်တာကြောင့် အခုထိရောက်မလာသေးတာကို ကျွန်တော်စိတ်ပူမိလာတယ်

"Luhan မလာသေးလို့လား"

မျက်လုံးတွေလဲဂနာမငြိမ်သလို စိတ်ပူနေတာကြောင့် ဖုန်းဆက်ရကောင်းမလား မဆက်ရကောင်းမလားဟူ၍ လက်တွေကလဲဖုန်းကိုကိုင်လိုက် ပြန်ချထားလိုက်လုပ်နေတဲ့ကျွန်တော့်ကို Kai ကသဘောပေါက်သလိုမေးတယ်

"အင်း"

"မင်းမလာတဲ့ရက်တွေအတွင်း Luhan လဲပေါ်လဲပျောက်လိုက်ပဲ"

"ဘယ်လို Han ဒီရက်ပိုင်းကျောင်းမမှန်ဘူးလား"

"Luhan ပုံမှန်မဟုတ်ဘူး Sehun"

ပြောရကောင်းမလားမပြောရကောင်းမလားချိန်နေတဲ့ပုံနဲ့ Kai ကတုံ့ဆိုင်းဆိုင်းပြောတယ်

"ဘာဖြစ်လို့လဲ Han ဘာဖြစ်နေတာလဲ ဟင် Kai"

ချက်ချင်းပျာယာခက်သွားတဲ့ကျွန်တော့်ကို စိတ်ပျက်တဲ့ပုံနဲ့ Kai ကသက်ပြင်းချရင်း

"အဲလိုဖြစ်မှာစိုးလို့ ငါမင်းကိုမပြောချင်တာ"

"ဟာ ပြောစမ်းပါ Kai ရာ Han ဘာတွေလုပ်နေလို့လဲ ဟင်"

ကျွန်တော့်ကိုပြောမနိုင်လို့လွှတ်ထားရတဲ့ဟန်နဲ့ Kai ကဖြေးဖြေးချင်းပြောပြတယ်

"ရှေ့တရက်ကသူ နေ့ခင်းပိုင်းtuto လာဖြေတယ် ဝတ်ထားစားထားလဲမသပ်မရပ်နဲ့ အိပ်မှုန်စုန်ဖွားနဲ့ ကျောင်းပြန်တော့သူ့ကိုမိန်းကလေးတယောက်လာစောင့်နေတယ် အဲ့မိန်းကလေးနဲ့သူပါသွားတယ် ငါပြောလို့တော့မကောင်းဘူးကွာ အဲ့မိန်းကလေးကဆေးဆိုးပန်းရိုက်ပုံနဲ့"

"Yoon ဆိုတဲ့တယောက်များလား"

ကျွန်တော်နဲ့ Han နောက်ဆုံးတွေ့တဲ့အခေါက်က Han မျက်စိကျနေသောမိန်းကလေး Han နှုတ်ခမ်းဖျားကတောင် ထိုနာမည်ထွက်ခဲ့သေးတာ ဘာတွေလုပ်နေတာလဲ Han ရာ ကိုယ်စိတ်မချအောင် ဘာတွေလျှောက်လုပ်နေပြန်ပြီလဲ
ညစ်ညမ်းလာတဲ့စိတ်တို့နဲ့ ကျွတ်ခနဲစုတ်သတ်မိတယ်

"မင်းသိလို့လား Sehun အဲ့တယောက်ကို"

"အင်း"

အရှည်ကြီးမရှင်းပြချင်မှန်းသိသာအောင် အင်းတခွန်းသာဆိုမိတော့ အရိပ်အကဲသိတဲ့ Kai ကလဲ ကျွန်တော်စိတ်ရှုပ်သွားတာသိနေတာကြောင့် ဘာမှထပ်မပြော

"ဝင်ခွင့်ပြုပါ ဆရာ"

Tuto တဝက်လောက်နေမှ ရောက်လာသော Han
ကျွန်တော့်နေရာဆီ Han တချက်လှမ်းကြည့်တော့ စူးစိုက်ငေးကြည့်နေတဲ့ကျွန်တော့်မျက်ဝန်းတွေနဲ့အကြည့်ချင်းဆုံသွားတယ်
အခုကျွန်တော့်ကို Han ကသတိတရလှမ်းရှာတယ်ပေါ့ ကျွန်တော်ကျေနပ်သင့်တာလား

"နောက်ကျပြန်ပြီလား Luhan"

"တောင်းပန်ပါတယ်"

"သွားသွား နောက်တခါဆိုမရတော့ဘူး"

"nae"

ခပ်သုတ်သုတ်အတန်းထဲဝင်လာပြီးအမြန်ဖြေနေတဲ့ Han ကိုကျွန်တော်သတိထားကြည့်တော့ အရင်တောက်ပစွာလင်းလက်နေတတ်သော Han မျက်လုံးများက ယခုတော့သိသိသာသာမှိုင်းဝေနေသလို ကြည်လင်နေတတ်တဲ့ Han မျက်နှာနုနုကလဲ နဲနဲညို နေတယ် Han နေမကောင်းဘူးလား?

Tuto ပြီးတာနဲ့လှစ်ကနဲပြန်ထွက်သွားတဲ့ Han နောက်လိုက်ရင်း လှမ်းခေါ်မိတယ်

"Han ခန"

ကျွန်တော့်အသံကိုကြားမှ ခြေလှမ်းတွေပိုမြန်သွားတဲ့ Han ကိုစိတ်မရှည်နိုင်စွာ အမြန်ပြေးလိုက်ပြီး ရှေ့ကပိတ်ရပ်လိုက်တယ်

"Han ဘာဖြစ်နေတာလဲ နေမကောင်းလို့လား တခြားဘာကိစ္စရှိလို့လဲ ဟင်"

ကျွန်တော့်ရှေ့ကထွက်ပြေးသွားမှာစိုးတာကြောင့် Han လက်ကောက်ဝတ်လေးကနေဖမ်းကိုင်ထားရင်းမေးမိတော့

"လက်ကိုလွှတ် Sehun"

"လွှတ်မယ် ကိုယ်နဲ့စကားပြောဖို့လိုက်ခဲ့ပေးမှာလား"

မျက်လုံးချင်းအတင်းစုံအောင်ကြည့်မိရင်း လမ်းလယ်ခေါင်မေးမိတော့ မလွှဲမရှောင်နိုင်သလို Han ကခေါင်းညိတ်ပြတယ်

"ကိုယ့်နောက်လိုက်ခဲ့"

စာသင်ဆောင်ထဲကနေထွက်ရင်း အပြင်ဘက်လူရှင်းရာ ခေါ်လာတော့ Han တယောက်အံ့သြစရာကောင်းအောင် ငြိမ်ပြီးလိုက်လာတယ်
Han တခုခုဖြစ်နေပါတယ်လေ။

"မြန်မြန်ပြော Sehun ငါမအားဘူး"

"Han ဘာတွေဖြစ်နေလဲ"

Han မျက်နှာလေးကိုမေးကကိုင်ကာမော့ရင်းမေးတော့ ကျွန်တော့်အကြည့်တွေကိုသိသိသာသာရှောင်ရင်း လက်တွေကိုဖယ်ချဖို့ကြိုးစားနေတယ်

"မင်းဒီနေ့ဘယ်လိုဖြစ်နေတာလဲ အဲ့လက်တွေဖယ်ထား"

"ok Han ပြောသလိုကိုယ်လုပ်ပေးမယ် ကိုယ်မေးတာလဲ Han ဖြေပေး ပြီးတော့ ဘာမှမမေးခင် ကိုယ် Han ကိုတောင်းပန်တယ် ဟိုနေ့ကကိုယ်လွန်သွားတယ်"

တကယ်တော့ကျွန်တော်အဲ့နေ့ကအမှားလုပ်မိတယ်လို့မထင်ပါ Han ဘက်ကသာအလွန် သို့သော်လဲကျွန်တော်ကမှမတောင်းပန်ရင် ဆက်ဆံရေးတွေကနီးစပ်လာဖို့ထက် ဝေးကွာသွားဖို့တွေချည်း မဟုတ်လား။

"Han ပုံစံကဘယ်လိုဖြစ်နေရတာလဲ ဘာတွေလုပ်နေပြန်တာလဲဟင်"

လက်မပါဖို့ Han ပြောတာကြောင့် စိတ်ထဲရှိသလို ပခုံးနှစ်ဖက်ကကိုင်လှုပ်ရင်းအားမလိုအားမရမေးချင်ပေမယ့် လောလောဆယ်တော့ ကျွန်တော့်ခါးကိုအနဲငယ်ကိုင်းကာ Han မျက်နှာရိပ်မျက်နှာကဲကိုငုံ့ကြည့်ရင်းသာမေးမိတယ်

"ငါဘာဖြစ်နေလို့လဲ မင်းအနေသာကြီးပါ Oh Sehun ရာ"

"Han! ကိုယ်အေးဆေးစကားပြောချင်တယ်"

အရင်က Han ဘာပြောပြော Han ဘာလုပ်လုပ် အမြဲငုံ့ခံပြီး သူ့အလိုကျနေတတ်ခဲ့ပေမယ့် အခုတော့ကျွန်တော် Han ကိုစိတ်မချနိုင်မှုများစွာနဲ့အုပ်ထိန်းသူတယောက်လို စိုးမိုးနေချင်မိတယ် ပိုင်စိုးပိုင်နင်းနိုင်တယ်လို့ Han တွေးပြီးပိုစိတ်ပျက်မည်လား

"မင်းအဲ့လေသံပြင်လိုက်ရင်ကောင်းမယ်"

စကားတခွန်းနဲ့တခွန်းအပြောမှာ Han လေသံထဲဒေါသတွေပျော်ဝင်လာတယ်

"ဒါဆိုကိုယ်မေးတာကိုကောင်းကောင်းဖြေလေ အခုစိတ်တိုရမှာ Han မဟုတ်ဘူး ကိုယ် ကိုယ်မင်းကိုစိတ်တိုသင့်တာ ဘာတွေလုပ်နေရတာလဲ Han ရာ"

"အမှန်တိုင်းပြောရမလား"

မျက်ခုံးကိုပင့်ရင်းထီမထင်မျက်နှာဘေးနဲ့ Han ပြောပြန်တော့ ကျွန်တော်အလိုမကျစွာမျက်မှောင်ကြုတ်မိတယ် မင်းကိုယ့်ကိုဘာတွေအရွဲ့တိုက်ပြီး ဒဏ်ရာတွေပေးဦးမှာလဲ Han ရယ်

"တော်ပြီ Han မပြောနဲ့တော့ ကိုယ်မသိချင်တော့ဘူး မဟုတ်တာတွေတော့လျှောက်မလုပ်ပါနဲ့ Han ကိုယ်မင်းကိုလုံးဝစိတ်မချဘူး"

Han ပါးစပ်ဖျားကထွက်လာမည့် အမှန်တရားဆိုတာကြီးကို ကျွန်တော့်ရင်ဘက်ထဲက နှလုံးသားလေးကထိတ်လန့်စွာနားမထောင်နိုင်ပြန်

"ဟ မေးတုန်းကမေးပြီးမှ အခုဘာဖြစ်ရပြန်တာလဲ"

Han စကားသံတွေက ကျွန်တော့်သည်းခံနိုင်စွမ်းကိုလာလာဖြို လှဲနေတယ်

မေးမိတာကျွန်တော့်အမှား ဥပေက္ခာလဲပြုမထားနိုင် လျစ်လျူ လဲမရှုနိုင် မသိချင်ယောင်လဲဆောင်မနေနိုင်တာကြောင့် လျှာရှည်မိပြန်တာ တကယ်တမ်းသူ့အတွက်ဘယ်လောက်စိတ်ပူပေးနေလဲသူမသိခြင်းလား

"ဒီလို Oh Sehun ရဲ့ "

"မပြောနဲ့ Han ကိုယ်ဘာမှမမေးမိဘူးထားလိုက်"

"ငါနဲ့ Yoon အခုတွဲမိသွားတော့ သူက evening နဲ့ night ပဲအဲ့ဆိုင်မှာ duty ကျတယ် သူရှိတဲ့အချိန်လေးပဲငါတို့တွေ့ရတော့ အင်းး ငါညဘက်တွေလဲသူ့ဆီသွားဖြစ်တယ် ဒီလောက်ပါပဲ"

သွေးအေးအေးနဲ့ရှင်းပြနေတဲ့ Han ကျွန်တော့်ကိုရင်နာလွန်ပြီးသေအောင်သတ်နေတာလား သူ့စကားကဘယ်အဓိပ္ပာယ်ရောက်နေပြီလဲ

"Han မင်း ဘာလို့"

"ညဘက်တွေသွားစရာလား မသွားရဘူး Han မင်းလုံးဝမသွားရဘူး အဲဒါဘယ်လိုနေရာမှန်းမင်းမသိဘူးလား အဲ့လိုမိန်းမနဲ့မင်းဇာတ်လမ်းကိုမရှုပ်သင့်တာ တောက်!!"

ဝုန်းဒိုင်းကြဲပြီးထွက်လာတဲ့ဒေါသမီးတွေကိုမထိန်းနိုင်စွာ Han ကိုကျွန်တော်ပခုံးကဆွဲကိုင်ရင်းအော်မိတယ်

"Han ရယ် အဲ့ကိုမသွားနဲ့တော့နော် ကိုယ်စိတ်မချလွန်းလို့ပါ နော်"

အော်ဟစ်၍တုပ်တုပ်မလှုပ်တဲ့ Han ကြောင့် စိတ်တွေပြန်လျော့ကာ လေပြေထိုးတော့ Han ကကျေကျေနပ်နပ်ကြီးပြုံးတယ်

"မင်းပြောတိုင်းငါလက်ခံဖူးလို့လား Sehun"

Continue Reading

You'll Also Like

276K 48.2K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
81.8K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
2.2M 162K 79
ကလဲ့စားချေချင်တဲ့ စိတ်နဲ့ ရည်းစားဟောင်းတူဖြစ်သူကို လက်ထပ်ခဲ့တဲ့ "ဇွဲထည်ယံရှင်း" ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်ရသူက ထင်သလိုမဟုတ်တော့ အရာအားလုံးစွန့်လွှတ်ခ...
300K 40.1K 47
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]