လွန်

By HunnieMon

61.4K 5.7K 568

Hunhan yaoi one-sided story just one person point of view More

{1}
{2}
{3}
{4}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
~လွန်~
AN
Hello
New

{5}

2.5K 300 29
By HunnieMon

အိမ်မက်ဆိုးကြောင့် ညသန်းခေါင်တရေးနိုးပြီးထဲကပြန်မအိပ်နိုင်တော့တဲ့ကျွန်တော် မနက်မိုးလင်းမှမှေးကနဲပြန်အိပ်ပျော်သွားသည် သို့သော်ကျောင်းသွားရမည် Han ကိုတွေ့ရဦးမည်ဟူသောအသိကြောင့်နေအလင်းရောင်စူးစူးအိပ်ရာပေါ်ထိုးလာချိန်မှာ မျက်လုံးတို့ကအလိုက်တသိပြန်ပွင့်လာပြန်သည်။

"၉နာရီတောင်ရှိပြီ Aish အကြာကြီးအိပ်ပျော်သွားတာပဲ"

အိပ်ချိန်ကိုးလို့ကန့်လန့်ဖြစ်မှုကြောင့် မျက်ခွံတွေလေးပြီးမျက်လုံးတွေအောင့်နေသလို စိတ်လဲသိပ်မကြည်ချင် Han မျက်နှာလေးတွေ့လိုက်ရပြီး Han အသံလေးတခွန်းလောက်ပဲဖြစ်ဖြစ်ကြားလိုက်ရရင်တော့ ကျွန်တော့်အရာအားလုံးအဆင်ပြေသွားနိုင်မည်ထင်ပါရဲ့

ကျောင်းချိန်နောက်ကျနေပြီလဲဖြစ်တာကြောင့် နေ့ခင်းနားချိန်ရောက်မှသွားတော့မည်တွေးကာ Han အတွက်နေ့လည်စာထမင်းဘူးလေးယူသွားဖို့မီးဖိုချောင်ထဲအလုပ်ရှုပ်နေမိတယ်

Han အတွက်ရည်စူးပြီးလုပ်ပေးနေလို့လားမသိ စေတနာတွေတစိမ့်စိမ့်ပျော်ဝင်နေသော ကြက်ဥလိပ်ကြော် အသားကင် ထမင်းလိပ် တို့ကကျွန်တော်နာမည်ကြီးဆိုင်တွေမှာစားဖူးတာထက်တောင် အရသာရှိနေသယောင်ယောင်

"Oh Sehun မင်းလဲစာဖိုမှုးလုံးလုံးကိုဖြစ်နေပါရောလား"

ကိုယ့်ကိုကိုယ်သဘောကျစွာ ခပ်ပြုံးပြုံးမှတ်ချက်ပေးမိပြန်တယ်

ထိုသို့ ကျွန်တော်ချစ်ရသူအတွက် လုပ်ပေးနေသောအချိန်တွင် ယခင်ရက်များက Han ကိုစိတ်ဆိုးအောင်လုပ်မိခြင်းများ Han ရဲ့တမင်တကာ အရွဲ့တိုက်မှုများ Han ဒေါသထွက်အောင်လုပ်မိခဲ့ခြင်းများ ကုန်ကုန်ပြောရင် နေ့စဉ်ရက်စက်မပြတ် ကျွန်တော့်ရဲ့နာကျင်မှု ဒဏ်ရာများ အားလုံး အားလုံးကို မေ့နေတတ်တဲ့ကျွန်တော်ပါလေ။

နေ့လယ် break နားချိန်ကွက်တိရောက်အောင်ထွက်လာပြီး Kai ကိုဖုန်းဆက်ကြည့်တော့ သူတယောက်ထဲ canteen မှာ Luhan လဲဒီမနက်အတန်းလာမတတ်ဘူးဟူသည့်စကားကြောင့် အတန်းထဲမသွားဘဲ Kai ရှိရာ canteen သို့သာအရင်သွားမိတယ်။
Han ကျောင်းအလာကို canteen ထဲကစောင့်နေလို့လဲရတယ်မှတ်လား။

"နောက်ကျလိုက်တာ Sehun ရာ ဟာလက်ထဲကထမင်းဘူးက ငါ့အတွက်လား"

သူ့ရှေ့ရှိနေသည့်ကြက်ကြော်ခြင်းကြီးကိုမှအားမနာ ကျွန်တော့်လက်ထဲက ထမင်းဘူးကိုဆွဲယူနေတဲ့ Kai

"Han အတွက်"

"ဟွန်းး ထင်သားပဲ"

ကလေးတယောက်လို နှုတ်ခမ်းဆူပြတဲ့ Kai ကိုကြည့်ရင်းသဘောကျစွာ ကျွန်တော်ရီမိတယ်

"ဒါနဲ့ မင်းမျက်လုံးတွေရဲနေတာပဲ နေမကောင်းဘူးလား"

ပါးစပ်ကလဲပြောရင်း လက်ကပါ ကျွန်တော့်နှဖူးလာစမ်းတော့

"အာ ကောင်းပါတယ် အရမ်းအိပ်ထားမိလို့ရဲနေတာနေမယ်"

ကျွန်တော်တောင်ရုတ်တရက် Kai အပြုအမူကိုကြောင်သွားကာ စကားပြောရတာတောင် ထစ်ငေါ့ချင်သွားသလို

ထိုအချိန် ရုတ်တရက်ကြီး ကျွန်တော်တို့ထိုင်နေရာ စားပွဲကို လက်ညှိုးလေးနဲ့ တဒေါက်ဒေါက်လာခေါက်သူက

"Han"

"ငါတို့ဒီဝိုင်းမှာထိုင်လို့ရမလား"

ငါတို့ ဆိုတဲ့အသုံးအနှုန်းကြောင့် Han ဘေးကိုကြည့်မိတော့ Hyejeen

အမှန်တိုင်းဝန်ခံရရင် ကျွန်တော် တဝိုင်းထဲမထိုင်ချင်ပါ Han တယောက်ထဲဆိုတမျိုးပေါ့ ဒါပေမယ့်လဲ

"ရတယ် Han ထိုင်လေ"

"ဟိုဘက်မှာဝိုင်းအလွတ်တွေရှိတယ်လေ Luhan မင်းတို့ဘာသာလွတ်လွတ်လပ်လပ်တခြားသွားထိုင်ပါလား"

"Kai yah"

ကျွန်တော့်အစားမခံနိုင်ကာ Kai ဝင်ပြောတော့ မငြင်းရက်နိုင်သူကျွန်တော်ကပဲ Kai ကိုဝင်တားမိတယ်

"Sehun မင်းကလေ"

ကျွန်တော့်ကိုအားမရသလို စိတ်မရှည်သလို Kai အော်တော့ အပြုံးတချက်နဲ့သာတုံ့ပြန်မိတယ် ဘာပဲဖြစ်ဖြစ်ကျွန်တော်အခု Han နဲ့တဝိုင်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်ခွင့်ရနေတယ်မဟုတ်လား

"ဗိုက်ဆာလိုက်တာ"

အရှေ့မှာဝင်ထိုင်ရင်း Han ဆီကထိုသို့ကြားတော့ ဘေးကသူ့ကောင်မလေးရှိနေရက်နဲ့ အရှက်မရှိ မျက်နှာပြောင်တိုက်တယ်ဆိုဆို ထမင်းဘူးလေးရှေ့တိုးပေးရင်း

"Han ဗိုက်ဆာရင် ဒါလေးစားလိုက်ပါလား"

လက်ခနဲအပြုံးတချက် Han နှုတ်ခမ်းလေးမှာတွေ့လိုက်ရ၍ ပျော်မည်ကြံကာရှိသေး

"Hyejeen ရောမဆာဘူးလား ကို တို့အတူတူစားမယ်လေ"

ဘေးကသူ့ချစ်သူကို ကျွန်တော်ကိုယ်တိုင်သူတယောက်ထဲအတွက်လုပ်လာပေးတဲ့ ထမင်းဘူးလေးဖွင့်ရင်း အတူတူစားဖို့ပြောနေတဲ့ ကျွန်တော့်ချစ်ရသူ Han

စိတ်ထဲကွပ်ခနဲဖြစ်သွားသော်လည်း ကျွန်တော်စိတ်မဆိုးပါ Han ကျွန်တော့်ကိုအသိအမှတ်ပြုတဲ့အနေနဲ့ သူကျွန်တော့်လက်ရာကိုစားမယ်မဟုတ်လား

"ကိုကလေ သိပ်ချစ်ဖို့ကောင်းတာပဲ"

Han စကားကြောင့်အပျော်လွန်သွားတဲ့သူမ Han ဘယ်ဘက်ပါးပြင်လေးကို လှစ်ခနဲနမ်းလိုက်ချိန်

မထင်မှတ်ထားတာကြောင့်ပဲလား Han မျက်ခုံးပါးပါးတန်းတန်းတွေ တချက်တွန့်ချိုးသွားသလို စိတ်ရှုပ်မှုတွေ Han မျက်နှာမှာအတိုင်းသား

သို့သော် ချက်ချင်းပင် Han သည် ထိုမိန်းကလေးကိုမျက်နှာချင်းဆိုင်လိုက်ရင်း အလှဆုံးပြုံးပြလိုက်ပြန်သည်

Han သိပ်ဟန်ဆောင်ကောင်းလွန်းပါသည်လေ။

မျက်စိရှေ့မှမြင်ကွင်းကို အစအဆုံးအနှေးပြကွက်လို မြင်နေရတဲ့ကျွန်တော် ဘာမှမစားဘဲ လည်ပင်းထဲတစ်စို့လာသလို အောင့်တတ်လာတယ် အသက်ကိုပြင်းပြင်းရှူ သွင်းရင်း စိတ်လျော့ဖို့ကြိုးစားပြန်တော့ ကျိန်းစပ်နေတဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေကနေရာယူပြီးသား မျက်တောင်တချက်ခက်မိလျှင်ပင် မျက်ရည်ကကျလာဦးမည်မို့

"Toilet ခန"

ဟုသာပြောကာ Han နဲ့ဝေးရာကို ထွက်ပြေးမိပြန်တယ်

Han သည် ကျွန်တော်နှင့်အနီးဆုံးသို့ သူကိုယ်တိုင်ရောက်လာတတ်သလို သူနဲ့အဝေးဆုံးသို့ထွက်ပြေးရန်လဲ ကျွန်တော့်ကိုတွန်းထုတ်တတ်သူပေ မချချင်ဆုံးသောကောက်ချက်တခု Han အပေါ်ချပြပေးပါဆိုလျှင် Han သည် သိပ်ကြောက်ဖို့ကောင်းသည်။

"Sehunnie"

အနောက်မှလှမ်းခေါ်ရင်းပြေးလိုက်လာသော Kai ကြောင့် toilet ဟုပြောပြီး ဦးတည်ချက်မရှိ အမြန်ထွက်လာသောခြေလှမ်းတို့ ရုတ်တရက်ရပ်တန့်မိသည် အခုချိန်ကျွန်တော့်အတွက်နှစ်သိမ့်မှုတစုံတရာလိုအပ်နေပြီလား?

"Sehun ဘယ်သွားမှာလဲ"

ကျွန်တော့်လက်ကောက်ဝတ်ရင်းကဖမ်းဆုပ်ရင်း Kai မေးတော့

"မသိဘူး Kai ငါဘယ်သွားရမလဲမသိဘူး ဒါပေမယ့် ဒါပေမယ့် လောလောဆယ်တော့ Han နဲ့ဝေးရာကိုငါထွက်ပြေးချင်တယ်"

စိတ်တွေအားလုံးကိုလွှင့်ပစ်ပြီး အပွင့်လင်းဆုံးဝန်ခံမှုတခုကြောင့်လား မငိုပါဘဲနှင့် မျက်ရည်ပူတို့ကိုအလိုအလျောက် ပါးပြင်ပေါ်ကျဆင်းလာတယ်

"ငါနဲ့လိုက်ခဲ့"

စကားထပ်မပြောဘဲ ရှေ့ကဦးဆောင်ပြီးခေါ်သွားတဲ့ Kai နောက် အသိစိတ်လွတ်နေသူတယောက်လို ကျွန်တော်လိုက်သွားမိတယ်

"ဆရာမ သူငယ်ချင်းနေသိပ်မကောင်းလို့ သူနားဖို့လိုတယ် ခနလောက်ကျွန်တော်တို့ဒီမှာနေလို့ရမလား"

ကျောင်းဆေးခန်းထဲဝင်လာပြီး သူနာပြုဆရာမ ကိုအတည်ပေါက်ပြောရင်းရှောင်ခိုင်းနေသော Kai

"Kai ငါဘာမှမဖြစ်ဘူး"

"မင်းပါးစပ်ပိတ်နေ မင်းနဲ့ငါအေးဆေးစကားပြောလို့ရတာဒီနေရာပဲရှိတယ်"

Kai လေသံမှာကျွန်တော့်ကိုစိတ်ဆိုးဟန်တွေပါနေတာကြောင့် ကျွန်တော်ထပ်ဆင်ခြေမတတ်ရဲ

ဆေးခန်းထဲက သူနာပြုဆရာမ ထွက်သွားပေးတော့ ကုတင်တခုပေါ်ကျွန်တော့်ကိုတွန်းရင်းအတင်းထိုင်ခိုင်းနေပြန်တယ်

"ငြိမ်ငြိမ်ထိုင် စိတ်ကိုလျော့ထား အခုဘယ်သူမှမရှိဘူး မင်းငိုချင်လား ငိုလိုက် တင်းထားစရာလဲမလိုဘူး ဟန်ဆောင်ပြီးပြုံးထားစရာလဲမလိုဘူး ငါပြောတာနားလည်လား"

ဟင့်အင်း ကျွန်တော်ဘယ်မှာဟန်ဆောင်နေလို့လဲ ဘာလို့ငိုရမှာလဲ ကျွန်တော့်ကိုဒီလောက်လေးနဲ့မျက်ရည်မကျနဲ့လို့ Han ပြောဖူးတယ်လေ

"Sehun ငါပြောတာကြားရဲ့လား"

ရဲရဲနီနေမယ့် မျက်စိကြောင်တွေနဲ့ အူတူတူထိုင်နေတဲ့ကျွန်တော့်ကို အားမရစွာ စိတ်ပူစွာ Kai ကပခုံးကလှုပ်ရင်းပြောတယ်

"ငါဘာမှမဖြစ်ဘူး Kai"

"အရူးကောင် မင်းသွက်သွက်ခါအောင်ရူးချင်နေတာလား ဟင် Sehunnie"

"အဟက် Han ကြောင့်ရူးသွားမယ်ဆိုရင် ငါရူးရတာတန်ပါတယ်"

"ဘာလဲ အရင်ကဖြစ်ရပ်တခုနဲ့ မင်းဘက်ကအလွန် Luhan သူလုပ်ချင်ရာလုပ်နေ မင်းခံစားပေးမယ်တွေးနေတာလား မင်းမမှားခဲ့ဘူး Sehun ရဲ့ အဲ့တုန်းကမင်းမမှားခဲ့ဘူး အချိန်အခါလွဲသွားတာ မင်းအပြစ်မဟုတ်ဘူး"

"အချိန်အခါကို မသိခဲ့တာငါပဲလေ Kai"

"တန်နေပြီ အရူးကောင်ရဲ့ အဲ့တမနက်မှာ Luhan ခံစားခဲ့ရတာနဲ့ အခုအကြိမ်ပေါင်းများစွာ ရက်ပေါင်းများစွာ မင်းခံစားရတာတွေနဲ့ ကြေနေပြီ တန်နေပြီ Sehunnie ရဲ့"

ကျွန်တော့်အစားမခံမရပ်နိုင်ဖြစ်နေတဲ့ Kai မျက်ဝန်းမှာလဲ ကျွန်တော့်အတွက်မျက်ရည်တွေလား

"Kai yah ဒါမယ့် Han ဘက်ကမကျေနပ်နိုင်သေးဘူးလေ သူကျေနပ်တဲ့အထိ သူဘာလုပ်လုပ်ငါခွင့်လွှတ်ပြီးလက်ခံပေးနေမှာပဲ ငါက ငါက သူ့ကိုချစ်ရတဲ့လူလေ"

ကျွန်တော့်စကားကိုထောက်ခံသလိုနှလုံးသားက လှိုက်ကနဲခုန်သွားပြန်ကာ မျက်ရည်တစက်ကလဲသက်သေဝင်ထူသွားလေတယ်။

Continue Reading

You'll Also Like

558K 64.2K 44
Love Story From Defulo (Series-2) Complete
58.8K 7.9K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
753 77 5
一期一会 • တစ်သက်မှာတစ်ခါ
69K 17.8K 61
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥