တနင်္ဂနွေ ပိတ်ရက်တခုမှာ ကျွန်တော့်ရဲ့လက်ရှိရည်းစားဟုနာမည်တပ်ရမည့် Hara ဟူသောမိန်းကလေးပူဆာလွန်း၍ ရုပ်ရှင်ရုံတွင်ကျွန်တော် မုန့်ဝယ်နေမိသည်။မိန်းကလေးတွေလဲအလွန်ဇယားရှုပ်သည် ချစ်သူတွေဖြစ်ပြီဆိုသည်နှင့် ဟိုသွားချင်သည် ဒီသွားချင်သည်ပြောတတ်သလို ဟိုဟာလေးလုပ်ပေးပါ ဒီဟာလေးလုပ်ပေးပါဟူ၍လဲ ခိုင်းတတ်ကြသည်။လောလောလတ်လတ် ကျွန်တော်ပျင်းနေသည့်အချိန်မို့ သူမပြောသလိုအလိုလိုက်အကြိုက်ဆောင်ပေးနေမိခြင်း တွဲတာလဲရက်ပိုင်းပဲရှိသေးသည်မဟုတ်လား
"ဟိုတယောက်"
ရုပ်ရှင်ရုံထဲစားရန် ပေါက်ပေါက်ဆုပ်တွေ အအေးဘူးတွေလက်မဆံ့အောင်ကိုင်ပြီး သူမစောင့်နေရာသို့ပြန်သွားချိန် အနောက်ကလှမ်းခေါ်သံချိုချိုလေးတခု ကျွန်တော့်ကိုခေါ်တာလားတွေးမိပေမယ့် နာမည်တပ်မခေါ်တော့လှည့်မကြည့်မိ
"ဟိုဟာ Oh Sehun?"
မသေမချာထွက်လာတဲ့ အသံလေးက ကျွန်တော့်နာမည်တပ်ခေါ်တော့မှ အသံပိုင်ရှင်ကိုလှည့်ကြည့်မိတယ်
လက်ထဲမှာ ကျွန်တော့်ဖုန်းကိုရမ်းပြနေတာ ခပ်သေးသေးကောင်လေးတယောက် ထူးခြားလွန်းတာက သူ့ရဲ့ရွှန်းစိုနေတဲ့မျက်ဝန်းတွေ ထိုမျက်ဝန်းတွေကိုကာရံထားတဲ့ မဲနက်ရှည်လျားပြီး ထူပိန်းပိန်းမျက်တောင်ရှည်တွေ လှရက်လွန်းသောမျက်ဝန်းတို့ကို မျက်စိမလွှဲနိုင်စွာကျွန်တော် အသေကောင်လိုမက်တပ်ကြီးကြည့်မိနေတော့ ထိုကောင်လေးက ကျွန်တော့်ဆီလျောက်လာတယ်
"Oh Sehun မှတ်လား မုန့်ဆိုင်မှာမင်းဖုန်းကျန်ခဲ့လို့ ရော့"
ကျွန်တော့်ရှေ့တည့်တည့်လာရပ်ကာ ဖုန်းပေးနေတော့မှ ပြန်သတိကပ်ကာ သူ့ဆီကဖုန်းကိုလှမ်းယူမိတော့ အမှတ်မထင်ထိမိသွားတဲ့ သူ့လက်ချောင်းလေးတွေရဲ့နုနယ်မှုက ကျွန်တော့်ကိုတမျိုးစွဲဆောင်နေပြန်တယ်
"ကျေးဇူး ဒါနဲ့ မင်းက?"
"မင်းနဲ့အတန်းတူတူပဲလေ မသိဘူးလား ငါ့နာမည် Luhan ပါ"
"Luhan?"
သူ့နာမည်လေးကိုလိုက်ရွတ်မိရင်း ခေါင်းထဲအမြန်စဉ်းစားမိတော့
"အာ သိပြီ အတန်းထဲလူမရှိဘဲအမြဲ roll call ပြည့်နေတတ်တဲ့တယောက်"
ဟုတ်သည် နာမည်ကိုတော့ကျွန်တော် roll call စာရွက်တွေမှာမြင်ဖူးသည် လူကိုတော့ဒါပထမဆုံးတွေ့ဖူးခြင်း
ကျွန်တော့်အဖြေကြားတော့ သူကသဘောတကျရယ်တယ် သူရယ်လိုက်တဲ့အချိန် ဖျက်ကနဲဖျက်ကနဲ လင်းလက်သွားတဲ့ သူ့မျက်ဝန်းတွေထဲမှာ ကြယ်လေးတွေများရှိနေလား လှရက်လိုက်တဲ့မျက်ဝန်းတွေပါလား Han
"ဆိုပါတော့ ရုပ်ရှင်စတော့မယ် ငါသွားပြီ"
ချက်ချင်းပင် လက်ပြနှုတ်ဆက်ရင်း ကျွန်တော့်ရှေ့ကပျောက်သွားပြန်သော Han သူအရမ်းမြန်မြန်ပြေးထွက်သွားတော့ ကျွန်တော့်မှာနှုတ်ဆက်ချိန်တောင်မရလိုက် တကယ်အချိန်တခနလေးဆို တခနလေး မိနစ်ပိုင်းလေးနဲ့တင် ကျွန်တော့်စိတ်အစုံကိုသိမ်းပိုက်သွားသူလေး နားထဲကတဒိတ်ဒိတ်အသံကို ဦးနှောက်ကလိုက်တွေးမိတော့ မျက်ဝန်းအစုံက ရင်ဘတ်ထဲကနှလုံးသားလေးကိုညွှန်ပြတယ် အလို ကျွန်တော့်ရင်တွေခုန်နေပါရောလား
ရုပ်ရှင်ကြည့်နေချိန်လဲ ကျွန်တော့်မျက်ဝန်းထဲ Han မျက်နှာလေးသာမြင်ယောင်နေသည် ဘေးကတယောက်ကိုလဲမေ့ကိုမေ့သည် ကျွန်တော် Han နဲ့ထပ်ဆုံပြီးစကားတွေပြောချင်သည် Han မျက်နှာအစိတ်အပိုင်းတခုဆီကို တမေ့တမောငေးကြည့်နေချင်သည် အခုပဲတွေ့လိုက်ရပေမယ့် အခုပဲလွမ်းဆွတ်တမ်းတမိပြန်ပါလား Han ရယ်
ညဘက်လဲကျွန်တော့်မှာအိပ်မပျော်နိုင်ပြန် အတွေးတွေထဲ မျက်ဝန်းတွေထဲ နှလုံးသားထဲ Han ပုံရိပ်လေးကစိုးမိုးထားပြန်သည် အရင်ကကျွန်တော် မြင်မြင်ချင်းအချစ်ဆိုတာကို မဖြစ်နိုင်ဘူး မရှိနိုင်ဘူးတွေးခဲ့မိပေမယ့် ယခုတော့လက်တွေ့ကြုံရပြီ ကျွန်တော် Han ကိုချစ်မိသွားခဲ့ပြီလေ
ကျွန်တော့်ရဲ့ မနက်ခင်းအာရုဏ်ဦးလေး ကစ၍ Han နဲ့သာအတူရှိနေရမယ်ဆို ကျွန်တော့်ရဲ့နေ့ရက်တွေဟာ ထူးခြားလှပပျော်ရွှင်မိနေရမှာ အမှန်ပေ Han ကိုကျွန်တော်ပိုင်ဆိုင်ချင်မိလေသည်
"ငါတို့လမ်းခွဲရအောင် Hara"
မနက်ကျောင်းရောက်ရောက်ခြင်း Hara နဲ့လမ်းခွဲဖို့ပြန်မိတယ် ကျွန်တော်မှသူမကိုမချစ်ဘဲ
"ဘာ ဘာဖြစ်လို့လဲ မနေ့ကတောင်ငါတို့တွေ့ကြသေးတယ်လေ နောက်နေလား Sehun"
"တကယ်လမ်းခွဲရအောင် Hara"
"ဘာဖြစ်လို့လဲ အကြောင်းပြချက်ပေးကြည့်"
မယုံကြည် လက်မခံနိုင်သလို Hara ကမေးတယ်
"ငါ မင်းကိုမချစ်ဘူး Hara"
"ရတယ်လို့ပြောထားတယ်လေ နင်ငါ့ကိုမချစ်သေးရင် တနေ့ချစ်လာအောင်ငါကြိုးစားမယ်လို့ပြောထားတာပဲ ငါ့ကိုလမ်းမခွဲပါနဲ့နော်"
ကျွန်တော့်လက်မောင်းကိုတွဲခိုရင်း Hara ငိုပြောနေပေမယ့် ကျွန်တော်မသနားမိ သူမတွဲထားတဲ့လက်ကိုခါချရင်း အတန်းပြင်ထွက်မိတော့လဲ အနောက်ကလိုက်လာတဲ့ Hara
"Sehun မသွားနဲ့"
ပြေးလိုက်လာပြီး ကျွန်တော့်ရှေ့ပိတ်ရပ်လိုက်တဲ့ Hara
ကျောင်းတတ်ခါနီးမို့ ကော်ရစ်ဒါ မှာလူအများရှိနေသည်
"လူတွေကြည့်နေပြီ မရှက်ဘူးလား Hara ငါပြောတဲ့အတိုင်းလက်ခံလိုက်ပါ"
"မရဘူး ဒါဆိုနင်ပြောကြည့်လေ နင့်မှာချစ်နေတဲ့လူရှိလား ရှိရင်ငါနင့်လမ်းခွဲစကားကိုလက်ခံပေးမယ်"
သူမ စကားအဆုံးမှာ ကျွန်တော့်မြင်ကွင်းထဲရောက်လာတာ ကျောပိုးအိတ်ကို ပခုံးတဖက်ထဲကလွယ်ထားပြီး ear phone နဲ့ကျွန်တော်တို့ရှေ့ကိုလမ်းလျှောက်လာနေသော Han
"ရှိတယ် ငါချစ်ရတဲ့လူရှိတယ်"
သီချင်းနားထောင်နေပုံရတဲ့ Han ကကျွန်တော်တို့ပြောနေတာတွေကိုကြားပုံမရ သူ့ကိုလှမ်းကြည့်နေသော ကျွန်တော့်ကို နှုတ်ဆက်သလိုပြုံးပြတယ် နွေးထွေးလိုက်တဲ့အပြုံးလှလှတပွင့်ပါလား
"ဘယ်သူလဲ နင်ချစ်တယ်ဆိုတာဘယ်သူလဲ အခုပြ"
ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့ အခြေအနေတွေကို ပတ်ဝန်းကျင်ကစိတ်ဝင်တစားကြည့်ရှုနေကြပြီ Han သာဘာမှမသိသလို သူ့ခြေလှမ်းတွေကိုမရပ်ဘဲ ကျွန်တော့်အနားဖြတ်လျောက်လာချိန်
ဖျက်ကနဲ Han လက်ကို ကျွန်တော်လှမ်းဆွဲလိုက်ကာ Han မျက်ဝန်းတွေကိုစူးစိုက်ကြည့်ရင်း
"ကိုယ် Han ကိုချစ်တယ်"
နားကြပ်တပ်ထားတဲ့ Han ကအသံမကြားလိုက်ပေမယ့် ကျွန်တော့်နှုတ်ခမ်းလှုပ်ရှားပုံကို ရိပ်မိသလို အလန့်တကြား လက်တဖက်နဲ့ သူ့နားကြပ်တွေကိုဆွဲဖြုတ်တယ်
"ဟုတ်တယ် ကိုယ် Han ကိုချစ်တယ်"
Han လဲကြားပါစေဟူ၍ အတည်ပြုကာနောက်တခေါက်ပြောတော့ ကျွန်တော့်ကိုကြည့်နေတဲ့ Han မျက်ဝန်းတွေကချက်ချင်း ရဲရဲနီလာကာ ဒေါသမီးတွေတောက်လောင်လာသလို မကြည့်နဲ့ Han ကိုယ့်ကိုအဲ့လိုမုန်းတီးတဲ့မျက်ဝန်းမျိုးနဲ့မကြည့်ပါနဲ့
"အဟားး အဲ့ဒါ Luhanမှတ်လား"
Han လက်ကိုဆွဲထားမိလို့ မျက်နှာချင်းဆိုင်လိုရပ်နေမိတဲ့ ကျွန်တော်နဲ့ Han ကြား Hara ဝင်ရပ်လိုက်ရင်း
"မိန်းမရုပ်နဲ့ စနှိုက်ကြော်တဲ့ကောင်"
စကားအဆုံးမှာ Han မျက်နှာဖြူ နုနုပေါ်ကျရောက်လာတဲ့ Hara ရဲ့လက်ဖဝါးတခု
"မင်း ဘာလုပ်လိုက်တာလဲ Hara "
ကျွန်တော်မြတ်နိုးရတဲ့ Han မျက်နှာကိုမှထိရက်လေခြင်းကြောင့် စိတ်မထိန်းနိုင်စွာ Hara ကိုစောင့်တွန်းမိတယ် အခုချိန်ပတ်ဝန်းကျင် အများရဲ့အမြင်တွေကိုလဲကျွန်တော်ဂရုမစိုက်နိုင်တော့
"Han အရမ်းနာသွားလားဟင် ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်ကြောင့်"
ရဲခနဲဖြစ်သွားတဲ့ Han ပါးပြင်လေးကိုတယုတယ ဖွဖွကိုင်မိတော့ ကျွန်တော့်လက်ကိုအားနဲ့ပုတ်ချလိုက်တဲ့ Han
"တောက် စောက်ရှက်ကိုမရှိတဲ့ဟာတွေ"
Han နှုတ်ခမ်းလှလှနဲ့ မလိုက်ဖက်စွာ ထွက်လာတဲ့စကားလုံးတွေက အရိုင်းဆန်လှတယ်
"ဒီမှာ Oh Sehun မင်း gay လားဘာလားငါမသိဘူး ဒါပေမယ့် ငါကမင်းလိုယောကျာ်းချင်းစိတ်ဝင်စားတဲ့ကောင်မဟုတ်ဘူးကွ မင်းသေချာမှတ်ထား Luhan ဆိုတဲ့ငါက ယောကျာ်းတယောက်ကိုရည်းစားလုပ်ပြီးဘယ်တော့မှတွဲမှာမဟုတ်ဘူး ဒီနေ့မင်း ငါ့အရှက် ငါ့မာန ကိုဟိုးအောက်ဆုံးထိဆွဲချလိုက်သလို မင်းသိက္ခာ မင်းမာန အရာအားလုံးလဲရစရာမရှိအောင်ပျက်စီးသွားစေရမယ် တသက်လုံးမှတ်ထား"
တဖက်သပ်စွပ်စွပ်စွဲစွဲအပြောခံလိုက်ရတာရယ် လူကြားထဲယောကျာ်းချင်း ချစ်တယ်လို့အပြောခံလိုက်ရတာရယ်ကြောင့် ဒေါသအရှက် အားလုံးကပေါက်ကွဲထွက်ကာ Han မျက်နှာတခုလုံးရဲတတ်နေသလို မျက်ဝန်းလှလှမှာလဲ မျက်ရည်စက်အချို့
"Han ကိုယ် ကိုယ်တောင်းပန်ပါတယ်"
"မင်း သိပ်ရွံဖို့ကောင်းတယ်"
နှုတ်ခမ်းတဖက်ကိုမဲ့ကာ ပြောသွားတဲ့ Han ပုံစံက ကျွန်တော့်ကိုစက်ဆုပ်မုန်းတီးနေပုံအတိုင်းသား
အခုမှနားထဲပတ်ဝန်းကျင်ကအသံတွေဝင်လာတော့ Hara ဘက်ကနာနေတဲ့အသံတွေ Han ကိုတမျိုးပြောနေတဲ့အသံတွေ အဆိုးဆုံးကျွန်တော့်ကို အပြစ်တင်သံတွေ
ထားလိုက် ဒါတွေအားလုံးကိုကျွန်တော်စိတ်မဝင်စားဘူး အခုကျွန်တော်သိတာတခုထဲ Han ဘယ်ရောက်သွားပြီလဲ
"Han ကိုယ်တောင်းပန်ပါတယ် Han ဘယ်ရောက်သွားတာလဲ Han!!"
အလန့်တကြားအော်ပြီးမျက်လုံးတွေကိုဖွင့်ကြည့်မိတော့ မှောင်မဲနေတဲ့အခန်းတခု မောဟိုက်နေတာကြောင့် အသက်ကိုပြင်းပြင်းရှုထုတ်ရှုသွင်းလုပ်ရင်း ကုတင်ဘေးစားပွဲပေါ်က မီးအိမ်ငယ်ကိုလှမ်းဖွင့်မိတယ်
အတိတ်တွေက အိမ်မက်တွေလို ကျွန်တော့်ကိုအခုထိခြောက်လှန့်နေဆဲပဲ အချိန်အခါမကြည့်မိတဲ့ကျွန်တော့်အမှားကြောင့် အပြစ်မရှိတဲ့ Han ကိုသပ်သပ်လူမုန်းအောင် အထင်လွဲခံရအောင် ဆိုးဆိုးဝါးဝါးအပြောခံရအောင် ကျွန်တော်လုပ်ခဲ့မိတာ
ကျွန်တော်သိပ်ညံ့ခဲ့တယ် Han ကိုမြင်လိုက်ရတဲ့ တခန မှာ ခေါင်းထဲအရာအားလုံးမေ့ကာ ဆေးမိထားတဲ့လူလို Han တယောက်ပဲရှိတယ်ထင်ကာ အချိန်မစောင့်ဘဲစိတ်လွှတ်ပြောမိခဲ့တာ ကျွန်တော့်အပြစ်တွေ အားလုံးကျွန်တော့်အမှားတွေ
"ကိုယ် ထပ်ပြီးတောင်းပန်ပါတယ် Han"
အချိန်မတော်စွာ ညသန်းခေါင်ကြီးလဲ Han ဆီ ထိုသို့စာတစောင်ပို့မိပြန်လေတယ်။