မျှော်လင့်ချက်တစုံတရာမမြင်ရဘဲ ဇွဲရှိရှိနဲ့စောင့်ဆိုင်းခြင်းကိုအဖော်လုပ်နေသောကျွန်တော့်ကို သနားသောလူတွေရှိသလို အပိုတွေဟုမြင်ပြင်းကပ်သောလူတွေလဲရှိသည် ရူးလိုက်တာ အဓိပ္ပာယ်မရှိလိုက်တာလို့ နှာခေါင်းရှုံ့ကာအပြစ်မြင်ကြသည့်လူတွေလဲရှိသလို မျက်နှာပြောင်တိုက်တယ်ဟုဆိုကာ မုန်းနေကြသောလူတွေလဲရှိပြန်သည်
သို့သော် ထိုအမြင်တွေအကုန်လုံးကကွဲထွက်ကာ တခါတရံနိုင်ထက်စီးနင်းပြုမူတတ်သော တခါတရံသူမတူအောင် ဂရုစိုက်ကောင်းပြတတ်သော သူ~~
အချိန်တော်တော်များများမှာတော့ ကျွန်တော့်ကိုဥပေက္ခာပြုထားတတ်သော လိုအပ်သည့်အချိန်မှသာ အနားရောက်လာကာ ရင်ဖွင့်ပြတတ်ပြန်သော သူ~~
ကျွန်တော့်အတွက် အများအမြင်အပြောတွေကိုဂရုမစိုက်နိုင်လောက်အောင် ကျွန်တော့်အကြည့် ကျွန်တော့်အတွေး ကျွန်တော့်ရင်ခုန်သံတို့ကို ချိတ်ပိတ်ကာ တယောက်ထဲအပိုင်ယူထားသော သူ~~
"Han ဒီနေ့မျက်နှာမကောင်းပါလား ဘယ်သူနဲ့ဘာဖြစ်ခဲ့လို့လဲ"
စာသင်ခန်းထဲဝင်လာသော သူ့မျက်နှာကိုစေ့စေ့ကြည့်ကာ အကဲဖြတ်ခန့်မှန်းရင်း သူထိုင်နေရာအခန်းရဲ့အပြင်ဘက်အလယ်ကျကျသို့ အပြေးသွားမေးမိပြန်တော့ ပြန်ရလိုက်တာ ကျွတ်ခနဲစုတ်သတ်လိုက်သံရယ် မျက်စောင်းတချက်ရယ်
ဟုတ်သည် သူစိတ်ညစ်နေချိန်ဆို ကျွန်တော်ကအမြဲအလိုက်မသိတဲ့ အရှုပ်ထုပ်တခု စိတ်ပူတတ်လွန်းလို့ ဒီလောက်ဂရုစိုက်ပေးနေတာကိုသူသိသော်လည်း တမင်အရွဲ့တိုက်ခြင်း
အရည်ထူနေပြီဖြစ်သော ကျွန်တော့်အတွက်တော့ ဒီအပြုအမူကပါးပါးလေးပါ
"ဘာဖြစ်လာလို့လဲ Han"
အနူးညံ့ဆုံးအသံနဲ့ လျော့နေကျစိတ်ကိုလျော့ချရင်းမေးမိတော့
"မင်းကြောင့် Sehun အဲဒါ မင်းကြောင့်"
"ကိုယ် ဘာလုပ်မိလို့လဲ ဟင်"
အပြစ်အကြီးကြီးတခုကျွန်တော်ကျူးလွန်မိပြန်ပြီလား
"ငါ့ကို Hyejeen စိတ်ဆိုးနေတယ် အဲဒါမင်းမနေ့ကငါ့ကိုအိမ်ပြန်ပို့လို့"
အဟက် သူ့ကောင်မလေး မနေ့ကကျောင်းမလာလို့ အပြန်သူအဖော်ရအောင်ရယ် တယောက်ထဲလွှတ်လိုက်ရမှာ စိတ်မချတာရယ်ကြောင့် ခခယယလိုက်ပို့ပါရစေဟုတောင်းဆိုရင်း လိုက်ပို့မိတာ အပြစ်တခုဖြစ်သွားပြန်ပြီလား
"ကိုယ် Hyejeen ကိုသွားရှင်းပြပေးရမလား"
နာကျင်ရလွန်းလို့စူးအောင့်နေတဲ့ နှလုံးသားလေးကိုလျစ်လျူပြုကာပြောမိတော့
"မလိုဘူး ငါသူနဲ့ဖြတ်လိုက်ပြီ"
"ပြတ်သွားပြန်ပြီလား Han"
အလန့်တကြားမေးမိတော့
"ဒီမှာ Sehun မင်းငါ့အကြောင်းမသိသေးတာလား ဘယ်သူကငါ့ကိုကျောလို့ရလို့လဲ သူတို့စိတ်ဆိုးတော့ရော ငါဆိုတာချော့မယ့်လူလား အေး စိတ်ဆိုးတဲ့အတွက်ကိုအပြစ်ပေးတဲ့အနေနဲ့ ဖြတ်လိုက်တာ"
Han ဆိုတာ ထိုသို့သောလူ ရည်းစားတွေထားသည် သူ့မာနကိုထိခိုက်လာလျှင် ဘာအကြောင်းကြောင့်မှမထောက် သူ့ကိုဘယ်လောက်ချစ်သည်ကိုပင်မထောက် လမ်းခွဲတတ်သည် သို့သော်သူ့အနားမှာမိန်းကလေးမပြတ်ပါလေ
ကျွန်တော်တခုတော့ကံကောင်းသည် ကျွန်တော့်အချစ်ကို Han သိသော်လည်း လက်လွတ်စပယ်တွဲပြီးအဖြတ်မခံရတာတခုပေါ့ သို့သော်လဲ သူခနခနပြောသောစကားတခွန်းကရှိပြန်သည်
"ကိုယ်အားနာလိုက်တာ"
တကယ့်တကယ်စိတ်ရင်းနဲ့ အားနာကြောင်းပြောမိပြန်တော့လဲ
"မလိုပါဘူး တခုတော့ထပ်သတိပေးလိုက်မယ် ငါအခုချစ်သူမရှိတော့လို့ မင်းကိုလက်ခံလာမယ်လို့မတွေးနဲ့ ငါဘယ်တော့မှယောက်ျားလေးတယောက်နဲ့မတွဲဘူးဆိုတာမင်းသိတယ်မှတ်လား"
ထိုစကား သူခနခနပြောတတ်သောထိုစကား
မျှော်လင့်ချက်မရှိဘူးဆိုတာ သက်သေပြနေတတ်သောထိုစကား ရင်နင့်အောင်ခံစားရပါသည် နှလုံးသားတခုလုံး ချောက်အနက်ကြီးထဲပြုတ်ကျသွားသလို လှိုက်ခနဲတုန်နေအောင်ခံစားရသည် ဒါကို Han တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်သည်ပဲလားမပြောတတ် သူခနခနကျွန်တော့်ရင်ကိုဓားနဲ့မွှန်းသလိုထိုသို့ပြောတတ်ပါသည်
အမှတ်မရှိဝဲချင်လာသော မျက်ရည်တို့ကိုမကျစေအောင် မျက်တောင်တဖျက်ဖျက်ခက်ရင်း
"ကိုယ်သိပါတယ် Han ရယ်"
အသံတို့မတုန်အောင်သတိထားပြောရပြန်တယ်
"မင်းသွားတော့ရင်ကောင်းမယ် ငါလောလောဆယ် မင်းမျက်နှာမမြင်ချင်ဘူး"
ကျွန်တော့်ကိုတချက်မှမကြည့်ဘဲ သူနှင်ထုတ်ကာ စားပွဲပေါ်ခေါင်းမှောက်အိပ်နေတဲ့ Han
၂ ရက် ၃ ရက်လောက်တော့ ကျွန်တော် Han နဲ့ဝေးဝေးမှာနေသင့်နေသည်ကို အချက်ပြနေတယ်
"ကိုယ်သွားပြီ Han စိတ်မညစ်နဲ့တော့နော်"
Han စိတ်တိုင်းကျ သူ့ဘေးကထကာ အတန်းထဲထောင့်အကျဆုံး နောက်အကျဆုံးက ကျွန်တော့်နေရာမှာပြန်ထိုင်လိုက်တယ်
"Sehun မင်းစိတ်မကုန်သေးဘူးလားကွာ"
ကျွန်တော့်အရှေ့မှာထိုင်တဲ့ ကျွန်တော့်သူငယ်ချင်း ကျွန်တော်နဲ့ရင်ဘက်ချင်းအနီးဆုံးလူလို့ပြောလို့ရတဲ့ Kai ကသနားသလိုမျက်လုံးတွေနဲ့မေးနေတော့ အတတ်နိုင်ဆုံးဟန်ဆောင်ပြုံးလိုက်ရင်း
"ဒါမျိုးတွေကထူးဆန်းလို့လား Kai yah ငါနေသားကျနေပြီ"
"ငါအရင်တုန်းက Oh Sehun ကိုပြန်လိုချင်မိတယ်သိလား အခုလိုပုံစံနဲ့မင်းနဲ့လုံးဝမလိုက်ဖက်ဘူး Sehunnie"
Kai ရဲ့ စကားကို ခပ်ဖျော့ဖျော့သာပြုံးပြရင်း ခေါင်းမှောက်အိပ်နေတဲ့ Han ကိုသာစိုးရိမ်တကြီးနဲ့ကြည့်နေမိတော့တယ်
Kai ပြောတဲ့အရင်က Oh Sehun ဆိုတာ Han နဲ့အပြိုင်ဆိုးခဲ့ရှုပ်ခဲ့တဲ့ Sehun ကိုပြောတာထင်ပါရဲ့။
(အာညော်ရောယောဘွန်း အကယ်၍များလေ ဒီficပုံစံလေးက တခြား authornim တွေFicတခုခုနဲ့ဆင်နေတယ်ဆိုရင်အားမနာဘဲပြောကြပါနော် စိတ်ကူးရလို့ကောက်ရေးလိုက်ပေမယ့် တူနေတာရှိရင်မကောင်းလို့ပါ ကိုယ်ကတော့မဖတ်ဖူးဘူးလို့ထင်ပါတယ် ပြောသွားကြပါနော်)