You are My Bone

By NannPhan

2.5M 156K 18.3K

လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်း... More

🏍️Intro & Story Introduction🏍️
Part-1[Unicode]
Part-1[Zawgyi]
🏍️Character Introduction🏍️
Part-2[Unicode]
Part-2[Zawgyi]
Part-3[Unicode]
Part-3[Zawgyi]
Part-4[Uni&Zaw]
Part-5[Unicode]
Part-5[Zawgyi]
⚠️‼️Part-6[U&Z]‼️⚠️
Part-7[Uni&Zaw]
Part-8[Uni&Zaw]
Part-9[Uni&Zaw]
Part-10[Uni&Zaw]
Part-11[Uni&Zaw]
Part-12[Uni&Zaw]
Part-13[Uni&Zaw]
Part-14[Uni&Zaw]
Part-15[Uni & Zaw]
🏍️For Readers🏍️
Part-16[Uni & Zaw]
Part-17[Uni&Zaw]
Part-18[Uni&Zaw]
Part-19[Uni&Zaw]
Part-20[Uni & Zaw]
Part-21[Uni&Zaw]
Part-22[Uni&Zaw]
Part-23[Uni&Zaw]
Part-24[Uni&Zaw]
Part-25[Uni&Zaw]
Part_26[Uni&Zaw]
Part_27[Uni&Zaw]
Part_28[Uni&Zaw]
♣️Hello♣️
Part-29[Uni&Zaw]
Part-30[Uni&Zaw]
Part_31[Uni&Zaw]
Part_32[Uni&Zaw]
Part_33[Uni&Zaw]
Part-34[Uni&Zaw]
Part_35[Uni&Zaw]
Real Apirl
Part_36[Uni&Zaw]
Part_37[Uni&Zaw]
Part_38[Uni&Zaw]
Part-39[Uni&Zaw]
Part_40[Uni&Zaw]
Part_41[Uni&Zaw]
Part_42[Uni&Zaw]
Part_43[Uni&Zaw]
Part_44[Uni&Zaw]
Part _ 45[Uni&Zaw]
Part_46[Uni&Zaw]
Part_47[Uni&Zaw]
Part_48[Uni&Zaw]
Part_49[Uni&Zaw]
Part_50[Uni&Zaw]
အသိပေးချက်/အသိေပးခ်က္
ရှင်းလင်းချက်/ရွင္းလင္းခ်က္
Part - 51 [Uni&Zaw]
Part _ 52 [Uni & Zaw]
Part _ 53 [Uni&Zaw]
Part _ 54 [Uni & Zaw]
Part_55 [Uni&Zaw]
Part - 56 [Uni&Zaw]
Part - 57[Uni&Zaw]
Part _ 58 [Uni&Zaw]
Part - 59 [Uni&Zaw]
Part - 60[Uni&Zaw]
Part - 61 [Uni&Zaw]
Part - 62 [Uni&Zaw]
Part - 63 [Uni&Zaw]
Part - 64 [Uni&Zaw]
Part - 65 [Uni&Zaw]
Part - 66[Uni&Zaw]
Pat - 67 [Uni&Zaw]
Part - 68 [Uni&Zaw]
Part - 69 [Uni&Zaw]
Part - 70 [Uni&Zaw]
Part - 71[Uni&Zaw]
Part - 72 [Uni&Zaw]
Part - 73 [Uni&Zaw]
Part - 74 [Uni&Zaw]
Part - 75 [Uni&Zaw]
Part - 76 [Ubi&Zaw]
Part - 77 [Uni&Zaw]
Zann & Spoiler
Part - 78[Uni & Zaw]
Part - 80 [Uni&Zaw]
Part - 81 [Uni&Zaw]
Part - 82 [Uni&Zaw]
Part - 83 [Uni&Zaw]
Part - 84 [Uni&Zaw]
Part - 85 [Uni&Zaw]
Part - 86 [Uni&Zaw]
Part 87 [Uni & Zaw ]

Part - 79 [Uni&Zaw]

9.1K 604 75
By NannPhan

Unicode

"လူလေးတို့က ဧည့်သည်တွေဆိုတော့ ဒီမှာသာအိပ်လိုက်ကြပေါ့ကွာ....၊ကုတင်ကတော့ နည်းနည်းကြပ်နေမယ်ထင်တယ်"

ခပ်စွေစွေထက်ခြမ်း ခြမ်းခံထားရပုံရသည့် သစ်သားအနှစ်တုံးကုတင်ကြီးက လူနှစ်ယောက်အိပ်လျှင်တော့အနည်းငယ်ကြပ်နေနိုင်သည်။

"ကုတင်က နဂိုထဲက ဒီအတိုင်းပဲလားဟင် ဦးလေး"

ညွှန်းမေးလိုက်တော့ ဦးဆလိုင်းကခပ်ဖွဖွပြုံးကာ ကုတင်ကို လက်နဲ့ခပ်ဖွဖွတို့ထိ၏။ပြီးနောက် အခန်းပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီပတ်ကြည့်ရင်းသက်ပြင်းပါးပါးချသည်။

"ဦးလေးတို့ရွာမှာ ဓလေ့တစ်ခုရှိတယ်....၊အိမ်တစ်အိမ်ရဲ့မိဘနှစ်ပါးအတွက် ကျွန်းပင်ကိုအလယ်ကနေဖြတ် ထက်ခမ်းခွဲပြီးကုတင်လုပ်ကြတယ်....၊အကယ်၍များ လင်မယားနှစ်ယောက်ထဲက တစ်စုံတစ်ယောက် လောကကြီးမှာမရှိတော့ဘူးဆို သူတို့အတွက် လုပ်ပေးထားတဲ့ကုတင်ကိုလည်း အလယ်ကနေ ထက်ခြမ်းခွဲလိုက်ရတယ်....၊တကယ်လို့ ဧည့်သည်ဆောင်သည် တွေလာရင်တောင် အိမ်ရဲ့ကုတင်အခြေအနေကိုကြည့်ပြီး မိသားစုရဲ့ မိဘနှစ်ပါးအခြေအနေကိုသိနိုင်‌တာပေါ့"

ဆိုလိုသည်က ဒီကုတင်တစ်ခြမ်းခံထားရခြင်းသည် လင်မယားထဲမှ တစ်စုံတစ်ယောက်ကွယ်လွန်သွားခြင်းပေါ့။ထိုတစ်စုံတစ်ယောက်သည် ဦးဆလိုင်း၏ အမျိုးသမီးများဖြစ်နေမလား။

"အရင်ကတော့ ဒါက ဦးလေးနဲ့ဦးလေးဇနီးရဲ့ ကုတင်ပေါ့....၊ကျန်ခဲ့တဲ့နှစ်မှာ သူလည်းဆုံးသွားတယ်လေ"

ပြောနေရင်း ဦးဆလိုင်းရဲ့မျက်ဝန်းတို့က တစ်စုံတစ်ယောက်တမ်းတနေသလို မှိုင်းညှို့သွား၏။

"ကဲပါ...၊လူလေးတို့လည်း အိပ်ချင်ရောပေါ့....၊ကုတင်ကခြမ်းထားတာပေမယ့် မဆိုသလောက်ကလေးတော့ကျယ်ပါသေးတယ်.....၊သည်းခံပြီးတော့ ကြပ်ကြပ်တည်းတည်းလေး အိပ်ပေးပါအုန်းကွာ"

"ဟုတ်ကဲ့ ရပါတယ် ဦးလေး....၊အခုလို ကူညီပေးတာကိုပဲကျေးဇူးအများကြီးတင်နေပါပြီ"

ညွှန်းက လှိုက်လှိုက်လှဲလှဲပြုံးရင်းပြောတော့ ဇမ်းကပါ ပြုံးရင်းခေါင်းငြိမ့်သည်။ပြီးမှ.....၊

"ကျေးဇူးတင်ပါတယ် ဦးလေး....၊နောက်ထပ်ရက်နည်းနည်းလေးထပ်ကြာအုန်းမှာမို့ အဲ့အတွက်ပါ ကြိုကျေးဇူးတင်ပြီး အားနာပါရစေ"

"ဟား....ဟား....၊ရပါတယ်ကွာ...၊မင်းတို့သာနေချင်ရင် ၁လလည်းရတယ်၊၁နှစ်ဆိုလည်းဖြစ်တယ်....၊မင်းတို့နှစ်ယောက်လောက်ကတော့ အေးအေးဆေးဆေးနေနိုင်အောင်ထားနိုင်ပါတယ်ကွ"

"ကျေးဇူးပါ ဦးလေး"

ဇမ်း အပြုံးတွေလေးလေးနက်နက်ဖြစ်ထွန်းကာ ကျေးဇူးတင်စကားဆိုမိတော့ ဦးဆလိုင်းက ဇမ်းနဲ့ညွှန်းရဲ့ ပခုံးတို့ကို တစ်လှည့်စီတစ်ဖျတ်ဖျတ်ပုတ်ကာ ထွက်သွားလေသည်။

"အိပ်ချင်ပြီလား"

ဇမ်းက ညွှန်းကိုမေးရင်း ညွှန်းလက်လေးကိုဆွဲကာ ကုတင်ပေါ်မှာထိုင်စေသည်။ညွှန်းက ခေါင်းကိုခပ်ဖြေးဖြေးခါရင်း.....၊

"အိပ်ယာအပြောင်းအလဲဆိုတော့ တော်တော်နဲ့တောင်အိပ်ပျော်ပါ့မလားမသိဘူး....၊ဒီကအရမ်းအေးတယ်နော်"

ညွှန်းက အခန်းပတ်ပတ်လည်ကိုမျက်စိကစားရင်း ဇမ်းကိုပြန်လှည့်ကြည့်သည်။ဇမ်းက ကုတင်ပေါ်တောင်ကျောချပြီးသည်။

"အင်း....၊"

ဇမ်းက အင်းကို သံရှည်ဆွဲပြောရင်း လှဲနေလျက်သားနဲ့လက်တစ်ဖက်နဲ့ ညွှန်းလက်ကိုလှမ်းဆွဲကာ သူ့ဘေးမှာလှဲစေသည်။ထို့နောက်.....၊

"အဲ့ကြောင့် ခင်ဗျားလည်း ကျုပ်ရင်ခွင်ထဲမှာနေသင့်တယ်"

"ဇမ်း...၊သူများအိမ်မှာ"

"သူများအိမ်ဘာဖြစ်လို့လဲ....၊ကျုပ်တို့ကလင်မယားတွေပဲဟာ"

"ဇမ်း....မင်းနော်"

ညွှန်းက ပြောမရဘူးလားဆိုသည့် ပုံစံလေးနဲ့ ဇမ်းရက်ဘတ်ကိုခပ်နာနာထုပလိုက်တော့ ဇမ်းက အသံတိတ်မျက်နှာမော့ရယ်သည်။လှုပ်ခတ်သွားတဲ့လည်စလုတ်နဲ့အတူ ခပ်မော့မော့အနေအထားနဲ့မြက်ရသည့် ဇမ်းပုံစံ စွဲမက်ဖွယ်‌ကောင်းတဲ့ယောကျ်ားတစ်ယောက်၏ ဥပဓိရုပ်ရည်အပြည့်။

"နွေးလား"

ဇမ်းက ညွှန်းကိုယ်လေးကိုတိုးဖက်ထား နားသယ်စလေးကို ခပ်ဖွဖွနမ်းရင်းမေး၏။

"အွန်း"

"တောင်းပန်ပါတယ်....၊ခင်ဗျားကိုပါ ပင်ပန်းစေမိနေပြီ"

ဇမ်းလက်တစ်ဖက် ညွှန်းလေးကိုပွေ့ဖက်ထားရင်း ကျန်လက်တစ်ဖက်က ညွှန်းကျောပြင်နဲ့ဆံနွယ်ပျော့ပျော့တွေမှာ တစ်လှည့်စီပျော်ရွင်စွာကျင်လည်နေ၏။ဇမ်းစကားကြောင့် ညွှန်း ရင်ခွင်ထဲမှနေကာ ခပ်မော့မော့လေးကြည့်မိသည်။ဒီယောကျ်ားက သူ့အမျိုးသား။

ထို့နောက် ညွှန်းသူ့လက်လေးတွေနဲ့ ဇမ်းအင်္ကျီရင်ဘတ်စကိုဆွဲဆုပ်ဖိကိုင်မိလိုက်ရင်း.....၊

"မင်းနဲ့ပတ်သတ်သမျှဘယ်အရာကိုပဲဖြစ်ဖြစ် ငါဒုက္ခလို့မသတ်မှတ်ဘူး ဇမ်း"

"ဟား....၊ကျုပ်အမျိုးသားက စကားတတ်လိုက်တာဗျာ"

"ဇမ်း...၊မင်းနော် ငါ့ကို....အွန့်"

"ပြွတ်စ်!"

အဆုံးမသတ်လိုက်ရသည့်စကားများသည် ဇမ်းရဲ့ဖိကပ်ပစ်လိုက်သည့် နူတ်ခမ်းတစ်စုံအောက်မှာ ဝပ်ဆင်းကာပျောက်ကွယ်သွားရလေသည်။အညင်သာဆုံးဆိုသည့် ထိတွေ့မိလေးတို့က ညွှန်းရဲ့နူတ်ခမ်းကို အသည်းယားစဖွယ် လူးလူးလွန့်လွန့်ပွတ်တိုက်သွား၏။အောက်နူတ်ခမ်းနဲ့အပေါ်နူတ်ခမ်းသားများကို စိတ်ကြိုက်ကူးလူးချယ်လှယ်ပြီးနောက်မှတော့ သောက်လေ သောက်လေ ငတ်မပြေနိုင်သည့် ပင်လယ်ရေလိုအနမ်းတို့က လှိုင်းကြက်ခွပ်လေးတွေအဖြစ်အသွင်ပြောင်းရင်း ခပ်သော့သော့ပိုတိုးကာ ကျီဆယ်လာပြန်သည်။

လျှာဖျားချင်း ထိတွေ့လိုက်တိုင်း သူ့လူရဲ့ခန္ဓာကိုယ်လေးတုန်သွားတာကိုသိသည်။သူ့ရဲ့အနမ်းတွေကို လျှာခလုတ်တိုက်မတတ်တုန့်ပြန်ဖို့ကြိုးစားနေရင်း မောဟိုက်လာသည့် သူ့လူရဲ့ အသက်ရှုသံပြင်းပြင်းလေးကိုလည်း သိသည်။နောက်ဆုံး သူ့အင်္ကျီရင်ဘတ်စကို လက်ကလေးနဲ့ခပ်တင်းတင်းဆုပ်ကာ ရင်ခုန်သံတွေကို အတင်းပုန်းကွယ်နေသော သူ့လူရဲ့နှလုံးသားလေးကိုလည်း သူသိပါ၏။

ဤသို့ဖြင့်
တောင်ပေါ်ရွာလေးရဲ့ ဆောင်းညသည် ခပ်တိုးတိုးရင်ခုန်သံတွေနဲ့ အနမ်းတွေကြားမှာ နွေးဆဲ၊နွေးမြဲ၊ဆက်လက်နွေးထွေးနေဆဲဖြင့်.....။

______________________________

"ဦးစက်..."

"အာ...တုတု"

စာရင်းတွေစစ်နေရင်း ဘေးကနေရောက်လာသည့်တုတုကို မော့ကြည့်ရင် ပြန်ပြောလာသည်။ပြီးနောက် သူ့အလုပ်သူ အာရုံပြန်စိုက်နေ၏။

"ဦးစက်...၊ရုံးမဆင်းသေးဘူးလားဟင်"

"ခဏနေဆင်းတော့မှာ ချာတိတ်....၊တစ်ခုခုရှိလို့လား"

စက်ရှိန်ပြောတော့ တုတု သူ့လက်လေးတွေကိုလိမ်ယှက်ပစ်လိုက်ရင်း ခေါင်းလေးငုံ့ကာ

"ဟို....၊ရုံးဆင်းရင်လေ တုတုကို အိမ်လိုက်ပို့ပေးနိုင်မလားလို့"

ပြောပြီးတာနဲ့ တုတု ဦးစက်မျက်နှာကို အဆက်မပြတ်အကဲကတ်နေမိသည်။သို့သော် ဦးစက်မျက်နှာမှာ ထူးခြားသည့်အမူအရာသည်နည်းနည်းလေးတောင်ဖြစ်မလာခဲ့။ဒီရက်ပိုင်းမှာ ဦးစက် တုတုကိုရှောင်နေတယ်လို့ခံစားမိသည်။ခရီးကပြန်လာကတည်းက ဦးစက်က တုတုကို ခပ်တန်းတန်းသာဆက်ဆံတော့သလိုခံစားမိသည်။ခံစားမိတယ်ဆိုတာထက်စိတ်ကအတိအကျသိနေတာမျိုး။ဒီလိုတွေးမိတော့ တုတုရင်ဘတ်ထဲကနာရပြန်သည်။

"ရလားဟင် ဦးစက်"

"ဟင်....၊အော်....အိမ်ပြန်လိုက်ပို့ဖို့လား"

"ဟုတ်"

တုတုဖြေလိုက်တော့ ဦးစက်က သူ့လက်ကနာရီကိုတစ်ချက်ပင့်ကြည့်သည်။ပြီးမှ......၊

"Sorry ပါ ချာတိတ်ရယ်....၊ဒီညနွယ်ကအိမ်မှာ ညစာ စားမှာမို့လို့ ကိုယ်သူ့ကိုသွားကြိုပေးရမှာ....၊ချာတိတ်ကို အိမ်ပြန်ဖို့ ရိပ်ရိပ်ကိုပြောလိုက်မယ်လေနော်"

တုတု ရင်ထဲမျက်အောင့်သွားရ၏။သေချာစဥ်းစားကြည့်ရင် ဒီတစ်ဖက်သတ်ခံစားချက်နာကျင်မှု့များဟာတုတုတစ်ဖက်ထဲကထဲကပဲ ဖြစ်နေရသည့်အရာမျိုး။တစ်ဖက်ထဲက ပြုပြင်ပုံသွင်းနေရသည့် အရာများသည့် အဆုံးသတ်မှာ စိတ်ပင်ပန်းစရာပြယုရ်များသာဖြစ်ခဲ့ပုံပင်။

ဦးစက်စကားကို တုတု ခေါင်းသာခပ်ဖြေးဖြေးခါပြလိုက်ရင်း

"ရပါတယ် ဦးစက်....၊တုတု ကိုယ့်ဘာသာပြန်လိုက်ပါတော့မယ်"

"မဟုတ်တာ....၊တစ်ယောက်ထဲတော့ ဘယ်အဆင်ပြေမှာလဲ....၊ကိုယ် ရိပ်ရိပ်ကိုပြောထားလိုက်မယ်....၊ရုံးဆင်းရင်းသူလာခေါ်လိမ့်မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဦးစက်"

တုတုမှာ ဒီ့ထက်ပိုအထွန့်တက်စရာစကားလုံးတွေရှိမနေတော့သလို ရှိနေရင်တောင်ပြောနိုင်သည့်အခြေအနေမှာမဟုတ်တော့ပေ။ထို့ကြောင့် ခပ်မြန်မြန်ပင် ဦးစက်ရုံးခန်းထဲမှထွက်လာခဲ့လိုက်သည်။

___________________________

"ကျစ်!ဘယ်ကိုသွားတာလဲကွာ"

အကိုတော်ရဲ့ စနက်ကြောင့် ရတုဆစ် ကိုလိုက်ပို့မှ Luna ချစ်ရသူလေးရဲ့ Condoကို နောက်ကျမှပြန်ရောက်လာခဲ့သည်။နောက်ကျနေတာကြောင့် စိတ်ကောက်နေမှာသိတာမို့ ချော့ဖို့ပါ အားဖြည့်လာခဲ့ပြီးသား။သို့သော် Condoရောက်တော့ သူမကရှိမနေပါ။အခန်းတွေစေ့အောင်ရှာကြည့်ပြီးမတွေ့သလို ဒီအချိန်ကြီးလည်း သူ့အချစ်လေးကအပြင်သွားတတ်တဲ့သူမျိုးမဟုတ်။

"ကျစ်!ဖုန်းကိုင်စမ်းပါ"

ဖုန်းဆက်တော့လည်းဖုန်းမကိုင်သည့် ရိပ်ရိပ်ကြောင့် Lunaစိတ်တိုတာထက်စိုးရိမ်တဲ့ဘက်ကိုကူးလူးသွားရ၏။

"Hello!"

"ဘာလို့ အဲ့လောက်ခေါ်နေတာလဲ"

မလျော့သောဇွဲနဲ့ ‌အကြိမ်ကြိမ်ခေါ်တော့နောက်ဆုံးမှာဖုန်းကိုင်လာ၏။ကိုင်လာ,လာချင်းလဲ အသံလေးကမကြည်မလင်ခပ်ဆောင့်ဆောင့်နဲ့သူ့ကိုအော်ပြန်ပါသည်။

"မင်း ဘယ်တွေသွားနေတာလဲ"

စိတ်ပူတာရော၊စိတ်တိုတာရောပါပေါင်းပြီး Lunaအသံမာသွားသည်ထင် တစ်ဖက်က အသက်ကိုခပ်ပြင်းပြင်းရှိုက်နေတာ ကြားရ၏။

"ကျွန်မဘယ်သွားသွား ရှင်နဲ့မဆိုင်ဘူး"

ရင့်လိုက်တာ!
Luna စိတ်ထဲက ခပ်ကြိတ်ကြိတ်ရွတ်မိသွားသည်။သူဘာများစိတ်ဆိုးအောင်လုပ်မိထားလို့လဲ။အိမ်ပြန်နောက်ကျတယ်ဆိုရင်တောင် အခုလောက်ထိ သူမလေးစိတ်ဆိုးတာမရှိပါ။ဒါဆို သူဘာများစိတ်ကောက်ဖွယ်ရာတွေလုပ်ထားမိပါသလဲ။

"ရိပ် ဘာဖြစ်နေတာလဲကွာ....၊အခုဘယ်မှာလဲ....ကိုယ်လာခေါ်မယ်"

"လာခေါ်စရာလည်းမလိုဘူး....အခုကစနောက်ပြီး ဒီ့အပြင်နောက်လည်း ရှင်ကျွန်မကိုမဆက်သွယ်ပါနဲ့တော့"

တစ်ဖက်လေလှိုင်းထဲကထွက်ပေါ်လာသည့် ရိပ်ရိပ်အသံက ပြတ်သားနေသည်။Luna စိတ်ရှုပ်စွာ ဆံပင်ကြားကို လက်ချောင်းတွေထိုးသိပ်ပစ်လိုက်၏။

"ကိုယ် ရိပ်စိတ်ဆိုးစေမဲ့အရာလုပ်ထားမိလား"

"ရှင့်ဘာသာပဲသိမှာပေါ့"

"ကိုယ့်ကို အဖြေမရှာခိုင်းနဲ့ ရိပ်.....၊အခု မင်းဘာဖြစ်နေလဲ ကိုယ်တကယ်ကိုနားမလည်ဘူး"

"ရှင် ကျွန်မကိုဘယ်တုန်းကမှလည်းနားမလည်ခဲ့ဘူးလေ"

"..........."

"ကျွန်မအတွက် မမကဘယ်လောက်အထိအရေးပါတယ်ဆိုတာရှင်သိရဲ့နဲ့ ရှင်......."

"ရိပ်!!ကိုယ်...."

"ကျွန်မစကားမဆုံးသေးဘူး....၊ပြီးတော့ ရှင့်ဆီက ဘာအကြောင်းပြချက်ကိုမှလည်း လက်ခံဆွေးနွေးပေးမှာမဟုတ်ဘူး"

ဘယ်အကြောင်းအရာဆိုတာ Lunaရိပ်မိသွားတာနဲ့ ရှင်းပြဖို့ကြိုးစားမိလိုက်သည့်တိုင်အရာမထင်တော့ပါ။ထို့ကြောင့် သူ့မဟေသီလေးရဲ့ ပစ်ပေါက်လာမဲ့စကားတို့အား လက်ခံ‌ဖို့သာစောင့်နေလိုက်တော့သည်။

"ရှင့်ကိုကျွန်မယုံကြည်ခဲ့တယ်....၊မမနဲ့ပတ်သတ်တဲ့အရာတွေမှာ ချွင်းချက်မရှိရှင့်အပေါ် ပွင့်လင်းခဲ့တယ်....ရှင့်စကားကိုပဲနားထောင်ခဲ့တယ်....၊ရှင်ကျတော့ရော...."

"..........."

"ရှင်ဒီအတောအတွင်းမှာ မမနဲ့ပတ်သတ်တဲ့အကြောင်းတွေအများကြီးကိုရှင်သိထားတယ်....၊ဒါပေမယ့် ရှင်ကျွန်မကိုနည်းနည်းလေးတောင်မပြောခဲ့ဘူး....၊မမနဲ့တူတဲ့လူကိုတွေ့ထားတာတောင် ရှင်...."

"ရိပ်!ကိုယ်ရှင်းပြမယ်"

"ရှင့်အကြောင်းပြချက်တွေကို ကျွန်မလက်မခံဘူးလို့ပြောပြီးသား"

"ကျစ်!"

Luna စိတ်ရှုပ်ထွေးစွာ စုတ်တစ်ချက်သတ်ပစ်လိုက်၏။မသေချာသည့်သတင်းအရစ်အမြစ်မို့ သူကိုယ်တိုင်အရင်စုံစမ်းနေတဲ့အကြောင်း ဘယ်လိုရှင်းပြရမလဲ။ဒါ့အပြင် ကိစ္စတစ်ချို့က မသကႅာဖွယ်ဂာအရှုပ်အထွေးတွေနဲ့မို့ ပေါ်ပေါ်ထင်ထင်လုပ်မရသည့် အရာတွေရှိနေတာ သူမ မသိ‌။

"ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ရှင်ကျွန်မကို ဖုန်းလည်းထပ်မဆက်ပါနဲ့၊လိုက်လည်းမရှာပါနဲ့....၊ကျွန်မရှင့်ကို ခွင့်မလွှတ်ဘူး Luna"

ပြောချင်တာပြောပြီး ဖုန်းချသွားတာချက်ချင်း။Luna အခုထိ ဖုန်းကိုနားမှာကပ်ပြီးတောင့်တင်းနေတုန်း။ရုတ်တရပ်ကြီးဖြစ်သွားတာတွေကြောင့် သူ့မှာလည်း ဘာမှပြင်ဆင်ချိန်မရလိုက်။အချိန်ကလည်း အတော် ညနက်နေတာမို့ ဘာမှလှုပ်ရှားလို့မရပေ။အခုပုံစံကြည့်ရသလောက် ရိပ်ကသေသေချာချာအားလုံးကိုစီစဥ်ပြီးမှ ထွက်သွားပုံပင်။ဒီပုံအတိုင်းဆို ရန်ကုန်မှာလည်းရှိနေမှာမဟုတ်တော့။

"ဟူး....."

Luna သက်ပြင်းမောကြီးကို ခပ်ကြာကြာမှုတ်ထုတ်ပစ်လိုက်၏။ဆိုးလိုက်တဲ့ ကလေးမ။သူ့ကို အလုပ်တွေထပ်ပေးသွားပြန်ပြီ။ဒီပုံအတိုင်းဆို Lunaတော့ အလုပ်ကိုခွင့်ရက်ရှည်တင်ပြီး ခြေဆန့်ရမည့်အကွက်တွေဖြစ်လာပြီထင်၏။ထို့အပြင် လုပ်စရာရှိတာတွေပါပူးတွဲလုပ်ဆောင်ရမည့်အချိန်ဖြစ်လာပြီဖြစ်သည်။

ပြေးနိုင်သလောက်ပြေးထားအုန်းပေါ့ ကောက်တေးလေး....။

________________________________

ပေါက်ခွဲပစ်ခံလိုက်ရသည့် ချစ်စဖွယ်သကြားဗူးလေးထဲ သကြားခဲလေးတို့က စားပွဲပေါ်မှာသနားစဖွယ်ပြန့်ကျဲနေ၏။အချိုစားရင် စိတ်ပျော်တတ်သည့် သူ့အတွက်တော့ အခုအချိန်မှာ ဤသကြားခဲတို့သည်လည်းပျော်ရွင်မှု့ကိုမပေးစွမ်းနိုင်တော့။တစ်ရစ်ရစ်တက်လာသည့် ရင်တွင်းအပူတို့က အားကောင်းကောင်းနဲ့ နှလုံးသားအခြေမှစတင်က တောက်လောင်နေ၏။

လက်သန်းကြွယ်မှာဝတ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်လေးက ဖြူသွယ်သွယ်လက်ချောင်းလေးထက်မှာ တင့်တယ်လိုက်ဖက်စွာရှိနေ၏။သို့သော် ထိုကြည်စင်တင့်တယ်မှု့များနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မျက်ဝန်းနီရဲရဲများကတော့ ဝမ်းနည်းမှု့နှင့်နာကျင်မုန်းတီးမှု့များရောယှက်ဖြာနေသည်။

"ဦးစက်က ကျွန်တော့်အပိုင်ပဲဖြစ်ရမယ်!"

အံကြိတ်ရင်းတစ်လုံးချင်းပြောလိုက်သည့်အသံသည် အခန်းလေးအတွင်းမှာ အေးစက်ကျောချမ်းဖွယ်ခပ်တိုးတိုးထွက်ပေါ်လာ၏။

"ဦးစက်ကို ဘယ်သူမှမပိုင်ရဘူး....၊ကျွန်တော်က လွှဲလို့"

ရုံးမဆင်းခင်က မြင်လိုက်ရသည့် ဦးစက်နဲ့နွယ်ဆိုတဲ့အမျိုးသမီးရဲ့ ပုံစံတွေပြန်မြင်ယောင်လာမိတော့ စိတ္တဇဆန်ဆန် စိတ်ရိုင်းတို့က နှလုံးအိမ်အတွင်းကိုအလုအယက်တိုးဝင်လာ၏။ထို့နောက် တစ်ဆစ်ဆစ်တက်လာသည့် အတ္တအဆိပ်တို့က အရောင်ရင့်လာခဲ့လေသည်။

ထို့နောက် လက်သန်းကြွယ်မှာဝတ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်လေးကို ကြည့်ရင်း.....၊

"ဦးစက်က ကျွန်တော်အပိုင်ပဲဖြစ်သင့်တာ.....၊ကျွန်တော်ကလည်း ဦးစက်ရဲ့အပိုင်....၊ဦးစက်ကလည်း အစကတည်းက ကျွန်တော့်အပိုင်"

မျက်ဝန်းရဲရဲတို့က စိတ္တဇဆန်ဆန်လှုပ်ခတ်နေကာ နူတ်ခမ်းတို့က စိတ်လိုလက်ရပြုံးခြင်းမှာ ရပ်တန့်သွားခဲ့ရင်း.....၊

"ကျွန်တော်ဆိုးသွမ်းလာတဲ့အခါ ဦးစက် ကျွန်တော့်ကိုအပြစ်မမြင်နဲ့...."

ဘာလို့ဆို အဲ့တာ ဦးစက်ကိုချစ်လို့မို့...။

___________________________

နိုက်တူမီယူပါရှင့်။
ဖန်ဖန်လေးပါပဲရှင့်။ပျံလာပါပြီနော်။

ဒီတစ်လော ကိစ္စအများကြီးတွေကြုံနေရတာမို့ စိတ်ရော၊လူရော မအားလပ်ခဲ့ရတာလည်းပါတယ်ရယ်။ဇမ်းတို့ကိုအမြန်လက်စသတ်တော့မှာပါ။ခန့်မှန်းချေ နောက်လကုန်လောက်ဖြစ်မယ်ထင်။ပြီးရင် ဇမ်းတို့(YAMBနဲ့မပတ်သတ်ဘဲ)နဲ့ပတ်သတ်ပြီး လုပ်စရာအစီအစဥ်လေးတစ်ခုလည်းရှိနေလို့ပါ။အခုထိစောင့်နေပေးတဲ့လူတွေ အများကြီးချစ်ရပါတယ်ရှင့်။မှာနေကျအတိုင်းပါပဲ ကျန်းမာရေးဂရုစိုက်ကြပါနော်။

YAMB
Nann Phan
6.5.2024

_________________

Zawgyi

"လူေလးတို႔က ဧည့္သည္ေတြဆိုေတာ့ ဒီမွာသာအိပ္လိုက္ၾကေပါ့ကြာ....၊ကုတင္ကေတာ့ နည္းနည္းၾကပ္ေနမယ္ထင္တယ္"

ခပ္ေစြေစြထက္ျခမ္း ျခမ္းခံထားရပံုရသည့္ သစ္သားအႏွစ္တံုးကုတင္ႀကီးက လူႏွစ္ေယာက္အိပ္လ်ွင္ေတာ့အနည္းငယ္ၾကပ္ေနႏိုင္သည္။

"ကုတင္က နဂိုထဲက ဒီအတိုင္းပဲလားဟင္ ဦးေလး"

ၫႊန္းေမးလိုက္ေတာ့ ဦးဆလိုင္းကခပ္ဖြဖြၿပံဳးကာ ကုတင္ကို လက္နဲ႔ခပ္ဖြဖြတို႔ထိ၏။ၿပီးေနာက္ အခန္းပတ္ဝန္းက်င္ကို ဟိုဟိုဒီဒီပတ္ၾကည့္ရင္းသက္ျပင္းပါးပါးခ်သည္။

"ဦးေလးတို႔ရြာမွာ ဓေလ့တစ္ခုရိွတယ္....၊အိမ္တစ္အိမ္ရဲ့မိဘႏွစ္ပါးအတြက္ ကြၽန္းပင္ကိုအလယ္ကေနျဖတ္ ထက္ခမ္းခြဲၿပီးကုတင္လုပ္ၾကတယ္....၊အကယ္၍မ်ား လင္မယားႏွစ္ေယာက္ထဲက တစ္စံုတစ္ေယာက္ ေလာကႀကီးမွာမရိွေတာ့ဘူးဆို သူတို႔အတြက္ လုပ္ေပးထားတဲ့ကုတင္ကိုလည္း အလယ္ကေန ထက္ျခမ္းခြဲလိုက္ရတယ္....၊တကယ္လို႔ ဧည့္သည္ေဆာင္သည္ ေတြလာရင္ေတာင္ အိမ္ရဲ့ကုတင္အေျခအေနကိုၾကည့္ၿပီး မိသားစုရဲ့ မိဘႏွစ္ပါးအေျခအေနကိုသိႏိုင္‌တာေပါ့"

ဆိုလိုသည္က ဒီကုတင္တစ္ျခမ္းခံထားရျခင္းသည္ လင္မယားထဲမွ တစ္စံုတစ္ေယာက္ကြယ္လြန္သြားျခင္းေပါ့။ထိုတစ္စံုတစ္ေယာက္သည္ ဦးဆလိုင္း၏ အမ်ိဳးသမီးမ်ားျဖစ္ေနမလား။

"အရင္ကေတာ့ ဒါက ဦးေလးနဲ႔ဦးေလးဇနီးရဲ့ ကုတင္ေပါ့....၊က်န္ခဲ့တဲ့ႏွစ္မွာ သူလည္းဆံုးသြားတယ္ေလ"

ေျပာေနရင္း ဦးဆလိုင္းရဲ့မ်က္ဝန္းတို႔က တစ္စံုတစ္ေယာက္တမ္းတေနသလို မိႈင္းၫွို႔သြား၏။

"ကဲပါ...၊လူေလးတို႔လည္း အိပ္ခ်င္ေရာေပါ့....၊ကုတင္ကျခမ္းထားတာေပမယ့္ မဆိုသေလာက္ကေလးေတာ့က်ယ္ပါေသးတယ္.....၊သည္းခံၿပီးေတာ့ ၾကပ္ၾကပ္တည္းတည္းေလး အိပ္ေပးပါအုန္းကြာ"

"ဟုတ္ကဲ့ ရပါတယ္ ဦးေလး....၊အခုလို ကူညီေပးတာကိုပဲေက်းဇူးအမ်ားႀကီးတင္ေနပါၿပီ"

ၫႊန္းက လိႈက္လိႈက္လွဲလွဲၿပံဳးရင္းေျပာေတာ့ ဇမ္းကပါ ၿပံဳးရင္းေခါင္းၿငိမ့္သည္။ၿပီးမွ.....၊

"ေက်းဇူးတင္ပါတယ္ ဦးေလး....၊ေနာက္ထပ္ရက္နည္းနည္းေလးထပ္ၾကာအုန္းမွာမို႔ အဲ့အတြက္ပါ ႀကိဳေက်းဇူးတင္ၿပီး အားနာပါရေစ"

"ဟား....ဟား....၊ရပါတယ္ကြာ...၊မင္းတို႔သာေနခ်င္ရင္ ၁လလည္းရတယ္၊၁ႏွစ္ဆိုလည္းျဖစ္တယ္....၊မင္းတို႔ႏွစ္ေယာက္ေလာက္ကေတာ့ ေအးေအးေဆးေဆးေနႏိုင္ေအာင္ထားႏိုင္ပါတယ္ကြ"

"ေက်းဇူးပါ ဦးေလး"

ဇမ္း အၿပံဳးေတြေလးေလးနက္နက္ျဖစ္ထြန္းကာ ေက်းဇူးတင္စကားဆိုမိေတာ့ ဦးဆလိုင္းက ဇမ္းနဲ႔ၫႊန္းရဲ့ ပခံုးတို႔ကို တစ္လွည့္စီတစ္ဖ်တ္ဖ်တ္ပုတ္ကာ ထြက္သြားေလသည္။

"အိပ္ခ်င္ၿပီလား"

ဇမ္းက ၫႊန္းကိုေမးရင္း ၫႊန္းလက္ေလးကိုဆြဲကာ ကုတင္ေပၚမွာထိုင္ေစသည္။ၫႊန္းက ေခါင္းကိုခပ္ေျဖးေျဖးခါရင္း.....၊

"အိပ္ယာအေျပာင္းအလဲဆိုေတာ့ ေတာ္ေတာ္နဲ႔ေတာင္အိပ္ေပ်ာ္ပါ့မလားမသိဘူး....၊ဒီကအရမ္းေအးတယ္ေနာ္"

ၫႊန္းက အခန္းပတ္ပတ္လည္ကိုမ်က္စိကစားရင္း ဇမ္းကိုျပန္လွည့္ၾကည့္သည္။ဇမ္းက ကုတင္ေပၚေတာင္ေက်ာခ်ၿပီးသည္။

"အင္း....၊"

ဇမ္းက အင္းကို သံရွည္ဆြဲေျပာရင္း လွဲေနလ်က္သားနဲ႔လက္တစ္ဖက္နဲ႔ ၫႊန္းလက္ကိုလွမ္းဆြဲကာ သူ႔ေဘးမွာလွဲေစသည္။ထို႔ေနာက္.....၊

"အဲ့ေၾကာင့္ ခင္ဗ်ားလည္း က်ဳပ္ရင္ခြင္ထဲမွာေနသင့္တယ္"

"ဇမ္း...၊သူမ်ားအိမ္မွာ"

"သူမ်ားအိမ္ဘာျဖစ္လို႔လဲ....၊က်ဳပ္တို႔ကလင္မယားေတြပဲဟာ"

"ဇမ္း....မင္းေနာ္"

ၫႊန္းက ေျပာမရဘူးလားဆိုသည့္ ပံုစံေလးနဲ႔ ဇမ္းရက္ဘတ္ကိုခပ္နာနာထုပလိုက္ေတာ့ ဇမ္းက အသံတိတ္မ်က္ႏွာေမာ့ရယ္သည္။လႈပ္ခတ္သြားတဲ့လည္စလုတ္နဲ႔အတူ ခပ္ေမာ့ေမာ့အေနအထားနဲ႔ျမက္ရသည့္ ဇမ္းပံုစံ စြဲမက္ဖြယ္‌ေကာင္းတဲ့ေယာက်္ားတစ္ေယာက္၏ ဥပဓိရုပ္ရည္အျပည့္။

"ေနြးလား"

ဇမ္းက ၫႊန္းကိုယ္ေလးကိုတိုးဖက္ထား နားသယ္စေလးကို ခပ္ဖြဖြနမ္းရင္းေမး၏။

"အြန္း"

"ေတာင္းပန္ပါတယ္....၊ခင္ဗ်ားကိုပါ ပင္ပန္းေစမိေနၿပီ"

ဇမ္းလက္တစ္ဖက္ ၫႊန္းေလးကိုေပြ့ဖက္ထားရင္း က်န္လက္တစ္ဖက္က ၫႊန္းေက်ာျပင္နဲ႔ဆံႏြယ္ေပ်ာ့ေပ်ာ့ေတြမွာ တစ္လွည့္စီေပ်ာ္ရြင္စြာက်င္လည္ေန၏။ဇမ္းစကားေၾကာင့္ ၫႊန္း ရင္ခြင္ထဲမွေနကာ ခပ္ေမာ့ေမာ့ေလးၾကည့္မိသည္။ဒီေယာက်္ားက သူ႔အမ်ိဳးသား။

ထို႔ေနာက္ ၫႊန္းသူ႔လက္ေလးေတြနဲ႔ ဇမ္းအက်ႌရင္ဘတ္စကိုဆြဲဆုပ္ဖိကိုင္မိလိုက္ရင္း.....၊

"မင္းနဲ႔ပတ္သတ္သမ်ွဘယ္အရာကိုပဲျဖစ္ျဖစ္ ငါဒုကၡလို႔မသတ္မွတ္ဘူး ဇမ္း"

"ဟား....၊က်ဳပ္အမ်ိဳးသားက စကားတတ္လိုက္တာဗ်ာ"

"ဇမ္း...၊မင္းေနာ္ ငါ့ကို....အြန္႔"

"ႁပြတ္စ္!"

အဆံုးမသတ္လိုက္ရသည့္စကားမ်ားသည္ ဇမ္းရဲ့ဖိကပ္ပစ္လိုက္သည့္ ႏူတ္ခမ္းတစ္စံုေအာက္မွာ ဝပ္ဆင္းကာေပ်ာက္ကြယ္သြားရေလသည္။အညင္သာဆံုးဆိုသည့္ ထိေတြ့မိေလးတို႔က ၫႊန္းရဲ့ႏူတ္ခမ္းကို အသည္းယားစဖြယ္ လူးလူးလြန္႔လြန္႔ပြတ္တိုက္သြား၏။ေအာက္ႏူတ္ခမ္းနဲ႔အေပၚႏူတ္ခမ္းသားမ်ားကို စိတ္ႀကိဳက္ကူးလူးခ်ယ္လွယ္ၿပီးေနာက္မွေတာ့ ေသာက္ေလ ေသာက္ေလ ငတ္မေျပႏိုင္သည့္ ပင္လယ္ေရလိုအနမ္းတို႔က လိႈင္းၾကက္ခြပ္ေလးေတြအျဖစ္အသြင္ေျပာင္းရင္း ခပ္ေသာ့ေသာ့ပိုတိုးကာ က်ီဆယ္လာျပန္သည္။

လ်ွာဖ်ားခ်င္း ထိေတြ့လိုက္တိုင္း သူ႔လူရဲ့ခႏၶာကိုယ္ေလးတုန္သြားတာကိုသိသည္။သူ႔ရဲ့အနမ္းေတြကို လ်ွာခလုတ္တိုက္မတတ္တုန္႔ျပန္ဖို႔ႀကိဳးစားေနရင္း ေမာဟိုက္လာသည့္ သူ႔လူရဲ့ အသက္ရႈသံျပင္းျပင္းေလးကိုလည္း သိသည္။ေနာက္ဆံုး သူ႔အက်ႌရင္ဘတ္စကို လက္ကေလးနဲ႔ခပ္တင္းတင္းဆုပ္ကာ ရင္ခုန္သံေတြကို အတင္းပုန္းကြယ္ေနေသာ သူ႔လူရဲ့ႏွလံုးသားေလးကိုလည္း သူသိပါ၏။

ဤသို႔ျဖင့္
ေတာင္ေပၚရြာေလးရဲ့ ေဆာင္းညသည္ ခပ္တိုးတိုးရင္ခုန္သံေတြနဲ႔ အနမ္းေတြၾကားမွာ ေနြးဆဲ၊ေနြးၿမဲ၊ဆက္လက္ေနြးေထြးေနဆဲျဖင့္.....။

______________________________

"ဦးစက္..."

"အာ...တုတု"

စာရင္းေတြစစ္ေနရင္း ေဘးကေနေရာက္လာသည့္တုတုကို ေမာ့ၾကည့္ရင္ ျပန္ေျပာလာသည္။ၿပီးေနာက္ သူ႔အလုပ္သူ အာရံုျပန္စိုက္ေန၏။

"ဦးစက္...၊ရံုးမဆင္းေသးဘူးလားဟင္"

"ခဏေနဆင္းေတာ့မွာ ခ်ာတိတ္....၊တစ္ခုခုရိွလို႔လား"

စက္ရိွန္ေျပာေတာ့ တုတု သူ႔လက္ေလးေတြကိုလိမ္ယွက္ပစ္လိုက္ရင္း ေခါင္းေလးငံု႔ကာ

"ဟို....၊ရံုးဆင္းရင္ေလ တုတုကို အိမ္လိုက္ပို႔ေပးႏိုင္မလားလို႔"

ေျပာၿပီးတာနဲ႔ တုတု ဦးစက္မ်က္ႏွာကို အဆက္မျပတ္အကဲကတ္ေနမိသည္။သို႔ေသာ္ ဦးစက္မ်က္ႏွာမွာ ထူးျခားသည့္အမူအရာသည္နည္းနည္းေလးေတာင္ျဖစ္မလာခဲ့။ဒီရက္ပိုင္းမွာ ဦးစက္ တုတုကိုေရွာင္ေနတယ္လို႔ခံစားမိသည္။ခရီးကျပန္လာကတည္းက ဦးစက္က တုတုကို ခပ္တန္းတန္းသာဆက္ဆံေတာ့သလိုခံစားမိသည္။ခံစားမိတယ္ဆိုတာထက္စိတ္ကအတိအက်သိေနတာမ်ိဳး။ဒီလိုေတြးမိေတာ့ တုတုရင္ဘတ္ထဲကနာရျပန္သည္။

"ရလားဟင္ ဦးစက္"

"ဟင္....၊ေအာ္....အိမ္ျပန္လိုက္ပို႔ဖို႔လား"

"ဟုတ္"

တုတုေျဖလိုက္ေတာ့ ဦးစက္က သူ႔လက္ကနာရီကိုတစ္ခ်က္ပင့္ၾကည့္သည္။ၿပီးမွ......၊

"Sorry ပါ ခ်ာတိတ္ရယ္....၊ဒီညႏြယ္ကအိမ္မွာ ညစာ စားမွာမို႔လို႔ ကိုယ္သူ႔ကိုသြားႀကိဳေပးရမွာ....၊ခ်ာတိတ္ကို အိမ္ျပန္ဖို႔ ရိပ္ရိပ္ကိုေျပာလိုက္မယ္ေလေနာ္"

တုတု ရင္ထဲမ်က္ေအာင့္သြားရ၏။ေသခ်ာစဥ္းစားၾကည့္ရင္ ဒီတစ္ဖက္သတ္ခံစားခ်က္နာက်င္မႈ႔မ်ားဟာတုတုတစ္ဖက္ထဲကထဲကပဲ ျဖစ္ေနရသည့္အရာမ်ိဳး။တစ္ဖက္ထဲက ျပဳျပင္ပံုသြင္းေနရသည့္ အရာမ်ားသည့္ အဆံုးသတ္မွာ စိတ္ပင္ပန္းစရာျပယုရ္မ်ားသာျဖစ္ခဲ့ပံုပင္။

ဦးစက္စကားကို တုတု ေခါင္းသာခပ္ေျဖးေျဖးခါျပလိုက္ရင္း

"ရပါတယ္ ဦးစက္....၊တုတု ကိုယ့္ဘာသာျပန္လိုက္ပါေတာ့မယ္"

"မဟုတ္တာ....၊တစ္ေယာက္ထဲေတာ့ ဘယ္အဆင္ေျပမွာလဲ....၊ကိုယ္ ရိပ္ရိပ္ကိုေျပာထားလိုက္မယ္....၊ရံုးဆင္းရင္းသူလာေခၚလိမ့္မယ္ ဟုတ္ၿပီလား"

"ဟုတ္ကဲ့ ဦးစက္"

တုတုမွာ ဒီ့ထက္ပိုအထြန္႔တက္စရာစကားလံုးေတြရိွမေနေတာ့သလို ရိွေနရင္ေတာင္ေျပာႏိုင္သည့္အေျခအေနမွာမဟုတ္ေတာ့ေပ။ထို႔ေၾကာင့္ ခပ္ျမန္ျမန္ပင္ ဦးစက္ရံုးခန္းထဲမွထြက္လာခဲ့လိုက္သည္။

___________________________

"က်စ္!ဘယ္ကိုသြားတာလဲကြာ"

အကိုေတာ္ရဲ့ စနက္ေၾကာင့္ ရတုဆစ္ ကိုလိုက္ပို႔မွ Luna ခ်စ္ရသူေလးရဲ့ Condoကို ေနာက္က်မျွပန္ေရာက္လာခဲ့သည္။ေနာက္က်ေနတာေၾကာင့္ စိတ္ေကာက္ေနမွာသိတာမို႔ ေခ်ာ့ဖို႔ပါ အားျဖည့္လာခဲ့ၿပီးသား။သို႔ေသာ္ Condoေရာက္ေတာ့ သူမကရိွမေနပါ။အခန္းေတြေစ့ေအာင္ရွာၾကည့္ၿပီးမေတြ့သလို ဒီအခ်ိန္ႀကီးလည္း သူ႔အခ်စ္ေလးကအျပင္သြားတတ္တဲ့သူမ်ိဳးမဟုတ္။

"က်စ္!ဖုန္းကိုင္စမ္းပါ"

ဖုန္းဆက္ေတာ့လည္းဖုန္းမကိုင္သည့္ ရိပ္ရိပ္ေၾကာင့္ Lunaစိတ္တိုတာထက္စိုးရိမ္တဲ့ဘက္ကိုကူးလူးသြားရ၏။

"Hello!"

"ဘာလို႔ အဲ့ေလာက္ေခၚေနတာလဲ"

မေလ်ာ့ေသာဇြဲနဲ႔ ‌အႀကိမ္ႀကိမ္ေခၚေတာ့ေနာက္ဆံုးမွာဖုန္းကိုင္လာ၏။ကိုင္လာ,လာခ်င္းလဲ အသံေလးကမၾကည္မလင္ခပ္ေဆာင့္ေဆာင့္နဲ႔သူ႔ကိုေအာ္ျပန္ပါသည္။

"မင္း ဘယ္ေတြသြားေနတာလဲ"

စိတ္ပူတာေရာ၊စိတ္တိုတာေရာပါေပါင္းၿပီး Lunaအသံမာသြားသည္ထင္ တစ္ဖက္က အသက္ကိုခပ္ျပင္းျပင္းရိႈက္ေနတာ ၾကားရ၏။

"ကြၽန္မဘယ္သြားသြား ရွင္နဲ႔မဆိုင္ဘူး"

ရင့္လိုက္တာ!
Luna စိတ္ထဲက ခပ္ႀကိတ္ႀကိတ္ရြတ္မိသြားသည္။သူဘာမ်ားစိတ္ဆိုးေအာင္လုပ္မိထားလို႔လဲ။အိမ္ျပန္ေနာက္က်တယ္ဆိုရင္ေတာင္ အခုေလာက္ထိ သူမေလးစိတ္ဆိုးတာမရိွပါ။ဒါဆို သူဘာမ်ားစိတ္ေကာက္ဖြယ္ရာေတြလုပ္ထားမိပါသလဲ။

"ရိပ္ ဘာျဖစ္ေနတာလဲကြာ....၊အခုဘယ္မွာလဲ....ကိုယ္လာေခၚမယ္"

"လာေခၚစရာလည္းမလိုဘူး....အခုကစေနာက္ၿပီး ဒီ့အျပင္ေနာက္လည္း ရွင္ကြၽန္မကိုမဆက္သြယ္ပါနဲ႔ေတာ့"

တစ္ဖက္ေလလိႈင္းထဲကထြက္ေပၚလာသည့္ ရိပ္ရိပ္အသံက ျပတ္သားေနသည္။Luna စိတ္ရႈပ္စြာ ဆံပင္ၾကားကို လက္ေခ်ာင္းေတြထိုးသိပ္ပစ္လိုက္၏။

"ကိုယ္ ရိပ္စိတ္ဆိုးေစမဲ့အရာလုပ္ထားမိလား"

"ရွင့္ဘာသာပဲသိမွာေပါ့"

"ကိုယ့္ကို အေျဖမရွာခိုင္းနဲ႔ ရိပ္.....၊အခု မင္းဘာျဖစ္ေနလဲ ကိုယ္တကယ္ကိုနားမလည္ဘူး"

"ရွင္ ကြၽန္မကိုဘယ္တုန္းကမွလည္းနားမလည္ခဲ့ဘူးေလ"

"..........."

"ကြၽန္မအတြက္ မမကဘယ္ေလာက္အထိအေရးပါတယ္ဆိုတာရွင္သိရဲ့နဲ႔ ရွင္......."

"ရိပ္!!ကိုယ္...."

"ကြၽန္မစကားမဆံုးေသးဘူး....၊ၿပီးေတာ့ ရွင့္ဆီက ဘာအေၾကာင္းျပခ်က္ကိုမွလည္း လက္ခံေဆြးေနြးေပးမွာမဟုတ္ဘူး"

ဘယ္အေၾကာင္းအရာဆိုတာ Lunaရိပ္မိသြားတာနဲ႔ ရွင္းျပဖို႔ႀကိဳးစားမိလိုက္သည့္တိုင္အရာမထင္ေတာ့ပါ။ထို႔ေၾကာင့္ သူ႔မေဟသီေလးရဲ့ ပစ္ေပါက္လာမဲ့စကားတို႔အား လက္ခံ‌ဖို႔သာေစာင့္ေနလိုက္ေတာ့သည္။

"ရွင့္ကိုကြၽန္မယံုၾကည္ခဲ့တယ္....၊မမနဲ႔ပတ္သတ္တဲ့အရာေတြမွာ ခြၽင္းခ်က္မရိွရွင့္အေပၚ ပြင့္လင္းခဲ့တယ္....ရွင့္စကားကိုပဲနားေထာင္ခဲ့တယ္....၊ရွင္က်ေတာ့ေရာ...."

"..........."

"ရွင္ဒီအေတာအတြင္းမွာ မမနဲ႔ပတ္သတ္တဲ့အေၾကာင္းေတြအမ်ားႀကီးကိုရွင္သိထားတယ္....၊ဒါေပမယ့္ ရွင္ကြၽန္မကိုနည္းနည္းေလးေတာင္မေျပာခဲ့ဘူး....၊မမနဲ႔တူတဲ့လူကိုေတြ့ထားတာေတာင္ ရွင္...."

"ရိပ္!ကိုယ္ရွင္းျပမယ္"

"ရွင့္အေၾကာင္းျပခ်က္ေတြကို ကြၽန္မလက္မခံဘူးလို႔ေျပာၿပီးသား"

"က်စ္!"

Luna စိတ္ရႈပ္ေထြးစြာ စုတ္တစ္ခ်က္သတ္ပစ္လိုက္၏။မေသခ်ာသည့္သတင္းအရစ္အျမစ္မို႔ သူကိုယ္တိုင္အရင္စံုစမ္းေနတဲ့အေၾကာင္း ဘယ္လိုရွင္းျပရမလဲ။ဒါ့အျပင္ ကိစၥတစ္ခ်ိဳ႕က မသကႅာဖြယ္ဂာအရႈပ္အေထြးေတြနဲ႔မို႔ ေပၚေပၚထင္ထင္လုပ္မရသည့္ အရာေတြရိွေနတာ သူမ မသိ‌။

"ဘာအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ ရွင္ကြၽန္မကို ဖုန္းလည္းထပ္မဆက္ပါနဲ႔၊လိုက္လည္းမရွာပါနဲ႔....၊ကြၽန္မရွင့္ကို ခြင့္မလႊတ္ဘူး Luna"

ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားတာခ်က္ခ်င္း။Luna အခုထိ ဖုန္းကိုနားမွာကပ္ၿပီးေတာင့္တင္းေနတုန္း။ရုတ္တရပ္ႀကီးျဖစ္သြားတာေတြေၾကာင့္ သူ႔မွာလည္း ဘာမျွပင္ဆင္ခ်ိန္မရလိုက္။အခ်ိန္ကလည္း အေတာ္ ညနက္ေနတာမို႔ ဘာမွလႈပ္ရွားလို႔မရေပ။အခုပံုစံၾကည့္ရသေလာက္ ရိပ္ကေသေသခ်ာခ်ာအားလံုးကိုစီစဥ္ၿပီးမွ ထြက္သြားပံုပင္။ဒီပံုအတိုင္းဆို ရန္ကုန္မွာလည္းရိွေနမွာမဟုတ္ေတာ့။

"ဟူး....."

Luna သက္ျပင္းေမာႀကီးကို ခပ္ၾကာၾကာမႈတ္ထုတ္ပစ္လိုက္၏။ဆိုးလိုက္တဲ့ ကေလးမ။သူ႔ကို အလုပ္ေတြထပ္ေပးသြားျပန္ၿပီ။ဒီပံုအတိုင္းဆို Lunaေတာ့ အလုပ္ကိုခြင့္ရက္ရွည္တင္ၿပီး ေျခဆန္႔ရမည့္အကြက္ေတျြဖစ္လာၿပီထင္၏။ထို႔အျပင္ လုပ္စရာရိွတာေတြပါပူးတြဲလုပ္ေဆာင္ရမည့္အခ်ိန္ျဖစ္လာၿပီျဖစ္သည္။

ေျပးႏိုင္သေလာက္ေျပးထားအုန္းေပါ့ ေကာက္ေတးေလး....။

________________________________

ေပါက္ခြဲပစ္ခံလိုက္ရသည့္ ခ်စ္စဖြယ္သၾကားဗူးေလးထဲ သၾကားခဲေလးတို႔က စားပြဲေပၚမွာသနားစဖြယ္ျပန္႔က်ဲေန၏။အခ်ိဳစားရင္ စိတ္ေပ်ာ္တတ္သည့္ သူ႔အတြက္ေတာ့ အခုအခ်ိန္မွာ ဤသၾကားခဲတို႔သည္လည္းေပ်ာ္ရြင္မႈ႔ကိုမေပးစြမ္းႏိုင္ေတာ့။တစ္ရစ္ရစ္တက္လာသည့္ ရင္တြင္းအပူတို႔က အားေကာင္းေကာင္းနဲ႔ ႏွလံုးသားအေျခမွစတင္က ေတာက္ေလာင္ေန၏။

လက္သန္းႂကြယ္မွာဝတ္ဆင္ထားသည့္ ေက်ာက္စိမ္းလက္စြပ္ေလးက ျဖဴသြယ္သြယ္လက္ေခ်ာင္းေလးထက္မွာ တင့္တယ္လိုက္ဖက္စြာရိွေန၏။သို႔ေသာ္ ထိုၾကည္စင္တင့္တယ္မႈ႔မ်ားႏွင့္ ဆန္႔က်င္ဘက္ျဖစ္သည့္ မ်က္ဝန္းနီရဲရဲမ်ားကေတာ့ ဝမ္းနည္းမႈ႔ႏွင့္နာက်င္မုန္းတီးမႈ႔မ်ားေရာယွက္ျဖာေနသည္။

"ဦးစက္က ကြၽန္ေတာ့္အပိုင္ပဲျဖစ္ရမယ္!"

အံႀကိတ္ရင္းတစ္လံုးခ်င္းေျပာလိုက္သည့္အသံသည္ အခန္းေလးအတြင္းမွာ ေအးစက္ေက်ာခ်မ္းဖြယ္ခပ္တိုးတိုးထြက္ေပၚလာ၏။

"ဦးစက္ကို ဘယ္သူမွမပိုင္ရဘူး....၊ကြၽန္ေတာ္က လႊဲလို႔"

ရံုးမဆင္းခင္က ျမင္လိုက္ရသည့္ ဦးစက္နဲ႔ႏြယ္ဆိုတဲ့အမ်ိဳးသမီးရဲ့ ပံုစံေတျြပန္ျမင္ေယာင္လာမိေတာ့ စိတၲဇဆန္ဆန္ စိတ္ရိုင္းတို႔က ႏွလံုးအိမ္အတြင္းကိုအလုအယက္တိုးဝင္လာ၏။ထို႔ေနာက္ တစ္ဆစ္ဆစ္တက္လာသည့္ အတၲအဆိပ္တို႔က အေရာင္ရင့္လာခဲ့ေလသည္။

ထို႔ေနာက္ လက္သန္းႂကြယ္မွာဝတ္ဆင္ထားသည့္ ေက်ာက္စိမ္းလက္စြပ္ေလးကို ၾကည့္ရင္း.....၊

"ဦးစက္က ကြၽန္ေတာ္အပိုင္ပဲျဖစ္သင့္တာ.....၊ကြၽန္ေတာ္ကလည္း ဦးစက္ရဲ့အပိုင္....၊ဦးစက္ကလည္း အစကတည္းက ကြၽန္ေတာ့္အပိုင္"

မ်က္ဝန္းရဲရဲတို႔က စိတၲဇဆန္ဆန္လႈပ္ခတ္ေနကာ ႏူတ္ခမ္းတို႔က စိတ္လိုလက္ရၿပံဳးျခင္းမွာ ရပ္တန္႔သြားခဲ့ရင္း.....၊

"ကြၽန္ေတာ္ဆိုးသြမ္းလာတဲ့အခါ ဦးစက္ ကြၽန္ေတာ့္ကိုအျပစ္မျမင္နဲ႔...."

ဘာလို႔ဆို အဲ့တာ ဦးစက္ကိုခ်စ္လို႔မို႔...။

___________________________

ႏိုက္တူမီယူပါရွင့္။
ဖန္ဖန္ေလးပါပဲရွင့္။ပ်ံလာပါၿပီေနာ္။

ဒီတစ္ေလာ ကိစၥအမ်ားႀကီးေတြႀကံဳေနရတာမို႔ စိတ္ေရာ၊လူေရာ မအားလပ္ခဲ့ရတာလည္းပါတယ္ရယ္။ဇမ္းတို႔ကိုအျမန္လက္စသတ္ေတာ့မွာပါ။ခန္႔မွန္းေခ် ေနာက္လကုန္ေလာက္ျဖစ္မယ္ထင္။ၿပီးရင္ ဇမ္းတို႔(YAMBနဲ႔မပတ္သတ္ဘဲ)နဲ႔ပတ္သတ္ၿပီး လုပ္စရာအစီအစဥ္ေလးတစ္ခုလည္းရိွေနလို႔ပါ။အခုထိေစာင့္ေနေပးတဲ့လူေတြ အမ်ားႀကီးခ်စ္ရပါတယ္ရွင့္။မွာေနက်အတိုင္းပါပဲ က်န္းမာေရးဂရုစိုက္ၾကပါေနာ္။

YAMB
Nann Phan
6.5.2024

Continue Reading

You'll Also Like

55.8K 1.2K 27
Unicode နှုတ်ခမ်းတစုံရဲ့ဆန္ဒ BL Series ( Review) ကန်ရေပြင်ကြီး ရဲ့ အလှကို ငေးကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ... အေးချမ်းသလိုခံစားရတယ်... အရမ်းလဲ...
435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
990K 32.4K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်