အပိုင်း (၁၅၄) ရိုက်စားတဲ့ဆိုင်
ဆိုင်ရှင်က သူတို့သည် ပစ္စည်းဝယ်ရန် ရောက်လာသည်မဟုတ်ကြောင်း ကြားလိုက်ရသောအခါ သူ့သဘောထားက ရုတ်ချည်းပြောင်းလဲသွားတော့သည်။ သူက ယုတ်ညံ့သည့်စကားကို ပြောလိုက်ပြီး ရှန်ချန်ကို မျက်နှာသာပင်မပေးချေ။
" ငါ မင်းကိုပြောလိုက်မယ်၊ မြန်မြန် ထွက်သွား၊ ငါ့အလုပ်ကို မနှောင့်ယှက်နဲ့၊ ကလေးနှစ်ယောက်က ငွေမရှိတဲ့သူတွေကို သိသာနေတာပြ၊ မင်း ငါ့အရောင်းအဝယ်ထပ်ပြီး နှောင့်နှေးအောင်လုပ်နေရင် မင်းတို့ သူခိုးပါဆိုပြီး ရဲခေါ်ပြီး ဖမ်းခိုင်းရလိမ့်မယ်"
ရှန်ချန်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ့မျက်နှာမှ နားရွက်အထိ ရဲတက်သွားတော့သည်။ သူက ရှန်ယွဲ့ကို ဆွဲလိုက်ပြီး ထွက်သွားမည်ပြင်လိုက်လေသည်။
"အဟက် နောက်ထက်ဘဝင်မြင့်နေတဲ့လူကြီးပါပဲ"
ရှန်ယွဲ့က ရှန်ချန်ကို တားလိုက်ပြီး ဆိုင်ရှင်ကို ပြောလိုက်၏။
" လက်ညိုးထိုးတော့ ဘာဖြစ်လဲ၊ ငါတို့တွေကို နင်ရောင်းတဲ့ ပစ္စည်းကိုပေးမထိဘူး ဟုတ်လား၊ ဒါမှမဟုတ် နင့်ပစ္စည်းအရည်အသွေးက သိပ်မကောင်းလို့လား၊ ကလေးက ဘာမှားလို့လဲ၊ ဒီပစ္စည်းတွေ မပြောနဲ့ နင့်ဆိုင်ကိုတောင် ငါဝယ်နိုင်တယ်"
" ဒီအရူးနှစ်ကောင်က ဘယ်ကရောက်လာတာလဲကွာ၊ သူတို့တွေက ငါ့ဆိုင်ကို ဝယ်မယ်ဆိုပြီးတော့တောင် ခြိမ်းခြောက်လိုက်သေးတယ်၊ ငါ့ဆိုင်က စျေးဘယ်လောက်ကြီးလဲ မပြောနဲ့အုံး၊ ငါ့ပစ္စည်းတွေအားလုံးက နောက်ဆုံးပေါ်တွေချည်းပဲ၊ ဘယ်တစ်ခုကို နင်တို့နှစ်ယောက်လို အစုတ်ပလုတ်လေးတွေက တတ်နိုင်မှာလဲ၊ လူတွေကို ခေါင်းမဖော်နိုင်တဲ့အထိ ရယ်ရအောင်မလုပ်စမ်းပါနဲ့"
ဆိုင်ရှင်၏လေသံက လှောင်ပြောင်သံအပြည့်ပါနေပြီး ရှန်ယွဲ့ကို အရူးတစ်ယောက်လို ကြည့်နေလိုက်သည်။
!!
ဆိုင်ရှင်က အလွန်မှ ထောင်လွှားနေသည်ကိုတွေ့လိုက်ရသဖြင့် ရှန်ယွဲ့သည် သူ့ကို မျက်နှာသာပေးရန် အစီအစဥ်မရှိတော့ချေ။
သူမက ဘေးက စင်ကို လှည့်ကြည့်လိုက်ပြီး
" ဒီစင်ပေါ်က Auric Dragon S5ရဲ့ mainframe က ယွမ် ၂၀၀၀ပဲ တန်တာလေ၊ ဒါပေမဲ့ နင်က ယွမ်၆၀၀၀နဲ့ရောင်းနေတယ်၊ စျေးက သုံးဆတောင်၊ ပြီးတော့ နင်ပြောပြောနေတဲ့ ဆိုင်ရဲ့ရတနာဆိုတဲ့ graphic cardကလည်း မနှစ်က ထုတ်ထားတဲ့ဟာ၊ အခုချိန်ထိတောင် နင်က ဒါကို ရတနာတစ်ခုလို သတ်မှတ်နေသေးတယ်၊ နင်က ဒါကို ယွမ် ၁၀,၀၀၀နဲ့ရောင်းနေတယ်, တင်သွင်းတဲ့စျေးကဖြင့် ယွမ်၃၀၀၀ပဲ ရှိတာလေ၊ ဆိုင်ရဲ့ရတနာဆိုတာလည်း မဆန်းပါဘူး၊ အရမ်း စျေးပေါနေရင် ဘယ်ရောင်းရတော့မှာလဲ၊ နင် ဒါကို သိမ်းထားတာပဲ လုပ်နိုင်တော့မှာ"
ထိုအချင်းအရာကိုမြင်လိုက်ပြီးနောက် ရှန်ချန်က ရှန်ယွဲ့၏အင်္ကျီလက်ကို မြန်မြန်ဆွဲလိုက်ပြီး သူ့ကြောင့် အစ်မဖြစ်သူကို ရန်မဖြစ်စေချင်တော့ပေ။
ရှန်ယွဲ့က ရှန်ချန်ကို နောက်သို့ပြန်ဆွဲကာ ကွယ်ထားလိုက်ပြီး ဆိုင်ရှင်ဘက် လှည့်လိုက်သည်။
" ဒါကရိုက်စားတဲ့ဆိုင်တဲ့ဖြစ်တဲ့အပြင် ဆိုင်ရှင်ကလည်း စိတ်ပုတ်လိုက်တာ၊ နင့်ဆိုင်ထဲမှာ ဘယ်လိုပစ္စည်းတွေ ရောက်နေတယ်ဆို နင် မတွေ့ဘူးလား၊ ဒီလိုအမှိုက်တွေကို စျေးကြီးနဲ့ ရောင်းရဲရသလား၊ နင် အောက်ထပ်ဆင်းတဲ့အခါ နင့်ခါးကျိုးသွားမှာ မကြောက်ဘူးလား၊ နင်က အသက်ရှည်ရှည်နဲ့ နေရမယ်လို့ ထင်နေတာလား"
ဆိုင်ရှင်မှာ သည်ကလေးက ထိုမျှလောက်အများကြီး သိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထို့အပြင် သူမသည် စျေးမှန်ကိုလည်း ပြောနိုင်လေသည်။ သူ့အရောင်အဝါက ချက်ချင်း မှေးမှိန်သွားတော့သည်။
" နင့်ကို ကလေးကဘာသိလို့လဲ၊ နင်က ဂဏန်းလေးတစ်လုံး နှစ်လုံးလောက်ပြောလိုက်ရုံနဲ့ ငါ့ကို ချောက်ချနိုင်မယ်ထင်နေတာလား၊ နင့်မိဘတွေ ဘယ်မှာလဲ၊ နင့်မိဘတွေကို ခေါ်လိုက်စမ်းပါ၊ နင့်မိဘတွေက နင့်ကို ဘယ်လိုဆုံးမလဲ ကြည့်ရအောင်"
" ငါက ပေါက်ကရပြောမပြောဆိုတာ နင်က တခြားသူတွေထက် ပိုသိပါတယ်၊ ငါ ပြောတာမှန်နေလို့ နင် မလုံမလဲဖြစ်နေတာမလား"
ရှန်ယွဲ့သည် လုံးဝမယဥ်ကျေးတော့ပေ။ လူများကို အသွင်ပြင်ကြည့်ကြီး ဆုံးဖြတ်တတ်သည့် သည်လိုလူတစ်ယောက်ကို ရင်ဆိုင်ရာတွင် သူမသည် မတိုက်ခိုက်မိအောင် ထိန်းချုပ်ထားရသည်ကပဲ တော်သေးသည်။
"ဒါမှမဟုတ် ငါတို့တွေ ရဲခေါ်ပြီး ပစ္စည်းက ဖယ်ဒရယ်က သတ်မှတ်ထားတဲ့ စျေးထက် ကျော်နေလားဆိုတာကို ကြည့်ကြမယ်လေ၊ ဒါဆိုရင် နင် အရင်တုန်းက ဘာမှမသိတဲ့ စျေးဝယ်သူတွေကို ရိုက်စားခဲ့တာ စစ်ကြည့်နိုင်မှာပဲ"
သူတို့နှစ်ယောက်က အခြေအတင်ဖြစ်နေကြစဥ် ကောဟူက ပစ္စည်းများကို ချပြီးနောက် တံခါးမှ ဖြတ်သွားသည်နှင့် ကြုံသွားလေသည်။ သူက ရှန်ယွဲ့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ ပြီးခဲ့ကိစ္စဖြစ်သွားသည့်နောက်တွင် သူသည် သည်ချမ်းသာပြီး နက်နဲလွန်းကာ လျှို့ဝှက်ဆန်းကျယ်သည့် မိန်းကလေးကို အလွန်လေးစားသွားတော့သည်။
"အားလုံး လမ်းဖယ်ပေးကြပါ၊ လောင်ကျန့် ဘာမှ ထပ်မပြောနဲ့တော့၊ ဒီကလေးက ငါ့ဆီမှာ ပစ္စည်းတွေဝယ်သွားတယ်၊ သူက သာမန်ကလေးတစ်ယောက်မဟုတ်ဘူး"
ကောဟူက ချက်ချင်းဝင်လာပြီး ဖြန်ဖြေပေးလိုက်လေသည်။ ထိုပြောလိုက်ပြီးနောက် ကောဟူက ရှန်ယွဲ့ကို လှည့်ကြည့်လိုက်သည်။
" လောင်ကျန့်ကလည်း စားသောက်ဖို့ ငွေရှာနေတာလေ၊ ဝယ်သူတွေက စျေးဆစ်ပြီးရင် သူကလည်း ဒါကို စျေးကြီးကြီး ရောင်းလို့မရတော့ပါဘူး၊ အားလုံးအတွက် လွယ်တာမဟုတ်ဘူးလေ"
ရှန်ချန်ကလည်း ဆက်ပြီး ပြဿနာမဖြစ်ချင်တော့ပေ။ သူက ရှန်ယွဲ့၏အင်္ကျီအနားကို ဆွဲလိုက်ပြီး
" အစ်မ မြန်မြန် ရပ်လိုက်ပါတော့၊ ဒါတွေအားလုံးက ငါ့အမှားတွေပါ"
" ရပါတယ် ချန်ချန်ရယ်၊ နင့်အမှားမဟုတ်ပါဘူး၊ ငါတို့ကို အရင်ဆုံး အထင်သေးတဲ့သူက သူလေ၊ ဒါပေမဲ့ ကောဟူရဲ့မျက်နှာကြောင့် ငါတို့တွေ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
ရှန်ယွဲ့က စကားပြောပြီးသည်နှင့် ရှန်ချန်၏လက်ကို ဆွဲကာ ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
" ဆိုင်က ထွက်လာပြီးနောက် ကောဟူက မေးလိုက်သည်။
" နင်တို့တွေ ဘာလို့ ကွန်ပျူတာမြို့တော်ကို ရောက်နေတာလဲ၊ ကွန်ပျူတာဝယ်မလို့လား"
" ငါတို့က ဘာလို့ ကွန်ပျူတာမြို့တော်ကို ရောက်လာရမှာလဲ၊ ဒါပေမဲ့ နင့်ကို အခုတွေ့လိုက်တော့ ကောင်းပါတယ်လေ၊ နင့်ကိုရှာကို ဒုက္ခမများတော့ဘူးပေါ့"
ရှန်ယွဲ့က ကောဟူကို တခိခိ ရယ်လိုက်လေသည်။
" ငါ နင့်ကို ဘာလို့လာရှာတာလဲဆိုတာကိုတော့ နင် မသိဘူးလား"
သည်အခိုက်တွက် ကောဟူသည် နောက်ဆုံးတော့ သတိဝင်သွားတော့သည်။ သူက ကွန်ပျူတာမြို့တော်မှ မှောင်ခိုပစ္စည်းရောင်းတဲ့ တစ်ယောက်သောသူလေ။ သူမက သူ့ကို မဟုတ်ရင် ဘယ်သူကို ရှာနိုင်အုံးမှာလဲ။
ကောဟူက မြန်မြန်နောက်သို့ ခြေလှမ်းအနည်ငယ် ပြန်ဆုတ်လိုက်၏။ သူကအမူအရာက ချက်ချင်း ပျာယာခတ်သွားလေသည်။ သူက အမှတ်တမဲ့ ရင်ဘတ်ပေါ်လက်တင်ပြီး ခေါင်းခါပြလိုက်တော့သည်။
" မရှိဘူး၊ မရှိဘူး၊ မရှိဘူးနော်၊ ငါ့မှာ ဘာပစ္စည်းမှာ မရှိတော့ဘူး၊ ငါ့ကို ယုံပါ"
သူ့သဘောထားက အလွန်ဖြူစင်သော်လည်း တဒင်္ဂအတွင်းပြောင်းလဲသွားသည့် သူ့အမူအရာကတော့ ရှန်ယွဲ့၏မျက်လုံးမှ မလွှတ်မြောက်ပါချေ။ သူမက ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
" တကယ်ပဲ ဘာပစ္စည်းကောင်းမှ မရှိဘူးလား၊ ဒါမှမဟတု် နင် ငါ့ကို မပေးချင်တာ တစ်ခုခုရှိနေတာလား၊ နင်က ငါ့ကို ထပ်ပြီး စုံစမ်းစေချင်တာလား၊ ဒါမှမဟုတ် သက်သေက နင့်ရှေ့ရောက်လာမှ ကျေနပ်မှာလား"
ရှန်ယွဲ့၏လေသံက လုံးဝအလျှော့မပေးဟန်ဖြစ်နေပြီး ဖိနှိပ်သည့်ခံစားချက်တစ်ခုကို ထုတ်လွှတ်နေရာ ကောဟူမှာ အသက်မရှူနိုင်အောင် ဖြစ်သွားတော့သည်။
...
အပိုင်း (၁၅၅) နောက်ဆွဲလေးတစ်ယောက်
"ရှိတယ်.... တစ်ခု တော့ရှိတယ်၊ မနေ့ညမှ ရောက်လာတာ ဒါပေမဲ့ ငါ မင်းကို ပေးလို့မရဘူး၊ အဲဒါက ကြိုတင်မှာထားပြီးသား၊ ပြီးတော့ ငွေလည်းရှင်းထားပြီးသား၊ နောက်ပြီး ဝယ်တဲ့သူက မင်း သွားထိလို့ရတဲ့ကလေး မဟုတ်ဘူး"
ကောဟူမှာ ရှန်ယွဲ့ကို ဖိနှိပ်ထားချင်သဖြင့် မတတ်သာတော့ဘဲ ဝယ်ယူသူ၏ သရုပ်မှန်ကို အသုံးချကာ အမှန်အတိုင်း ပြောလိုက်ရတော့သည်။
"ဪ ဟုတ်လား၊ ငါ သွားထိလို့မရတဲ့သူဟုတ်လား၊ Sမြို့မှာ ငါ ထိလို့မရတဲ့သူ ဘယ်သူရှိလဲ သိချင်သေးတယ်"
ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်ပြီးနောက် ပိုပြီးစိတ်ဝင်စားသွားတော့သည်။
" ငါ့ကို ပြောစမ်းပါ၊ အဲဒီလူက ဘယ်သူလဲ၊ သူ့မှာ အင်အားရှိမရှိ ကြည့်ရအောင်ပါ"
ကောဟူသည် ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ သူက သူမကို နောက်ဆုတ်သွားအောင် လုပ်ချင်တာလေ။ ဒါပေမဲ့ သူမက ဒီလို တုန့်ပြန်လိမ့်မည်လို့ ထင်မထားဘူး။
!!
နောက်ဆုံးတွင် ပစ္စည်းကို ထိန်းသိမ်းထားရန် ကောဟူက ဝယ်ယူသူကို ပြောလိုက်ရတော့သည်။
"ဟန်ရဲ့ပါ၊ သူက မြို့တော်ဝန်ဟန်လင်းရဲ့သား၊ Sမြို့မှ သူမရနိုင်တာ ဘာမှမရှိဘူး"
" ဟန်ရဲ့ လား"
ရှန်ယွဲ့က ခပ်တိုးတိုး လိုက်ရွတ်လိုက်သည်။ ဒီနာမည်ကို အရင်က တစ်နေရာမှာ ကြားခဲ့ဖူးသလိုပဲ။ မှတ်မိပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က တုန်းယန်ရဲ့ ကားပြိုင်တုန်းက ငွေလွဲပေးခဲ့တဲ့တစ်ယောက်ပဲ။ သူမသည် မနေနိုင်တော့ဘဲ ပြုံးလိုက်တော့သည်။
" ဒီတော့ သူက နောက်ဆွဲလေးတစ်ယောက်ကိုး"
ကောဟူသည် ထိုစကားကို ကြားလိုက်ရပြီး ထိတ်လန့်သွားတော့သည်။ သူ့ဘေးက တစ်ယောက်ယောက်က သူမ၏စကားကို ကြားသွားပြီလားဟု ဘေးဘီကို မြန်မြန်ကြည့်လိုက်ပြီး ရှန်ယွဲ့ကို ဆက်မပြောရန် တားလိုက်လေသည်။
" မင်း ရူးနေလား၊ အဲဒါ မြို့တော်ဝန်သားနော်၊ ဘာနောက်ဆွဲလဲ၊ တခြားသူသာကြားသွားရင် ကျန်တဲ့ငါ့ဘဝသက်တမ်းကို Sမြို့မှာ နေနိုင်ပါတော့အုံးမလား"
မြို့တော်ဝန်သားဖြစ်တော့ရော ဘာဖြစ်လဲ။ ဟန်ရဲ့အမဖေ ဟန်လင်းကတောင် ငါ့ကို လေးစားရတဲ့ဧည့်သည်တစ်ယောက်လို ဆက်ဆံနေရတာကို။
ထိုအဖြစ်ကိုမြင်လိုက်ပြီး ရှန်ယွဲ့က အများကြီးရှင်းပြမနေတော့ဘဲ ပုံမှန်အတိုင်းပြောလိုက်လေသည်။
" ခဏစောင့်"
ထိုစကားက ကောဟူကို ပိုပြီး စိတ်ရှုပ်သွားရစေတော့သည်။ သူ့ရှေ့က ကောင်မလေးက Sမြို့တော်ဝန်ထက် ပိုပြီးအင်အားကြီးမည်ဟု မယုံနိုင်ခဲ့ပေ။
ထိုနောက်တွင် ရှန်ယွဲ့က သူမ၏ဖုန်းကိုထုတ်လိုက်ပြီး အချိန်တော်တော်ကြာပြီဖြစ်သည့် call historyကို ဆက်တိုက်ပြန်ဆွဲချလိုက်လေသည်။
" အဲလိုမှန်းသိရင် အဲဒီတုန်းက ဟန်လင်းရဲ့နာမည်ကတ်ကို သိမ်းထားလိုက်ပါတယ်၊ မဟုတ်ရင် အခုလို ဖုန်းနံပါတ်တစ်ခုကို ရှာဖို့ အဲလောက်ဒုက္ခရောက်နေမှာမဟုတ်ဘူး"
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏မျက်လုံးများက လင်းလက်သွားတော့သည်။
"တွေ့ပြီ"
တစ်ချိန်ထဲတွင် ဟန်လင်းသည် ရုံးခန်းထဲတွင်ရှိနေပြီး တုန်ခါနေသည့်ဖုန်းပေါ်က 'ရှန်ယွဲ့'ဟူသည့်စာလုံးနှစ်လုံးကို ကြည့်နေလေသည်။ သူက စိတ်လှုပ်ရှားကဖြင့် ဖုန်းကို မြန်မြန်ကောက်ကိုင်လိုက်ပြီး စိတ်ရင်းနှင့် ပြောလိုက်လေသည်။
"ဟယ်လို မိန်းကလေးရှန်ယွဲ့ ကျွန်တော် ဘာကူညီးပေးရမလဲ"
"အာ မြို့တော်ဝန်ဟန် အမှန်အတိုင်းပြောရရင် ကျွန်မက တကယ် အကူအညီလိုနေတယ်၊ မဟုတ်ရင် ဒီလောက်အစောကြီး ကျွန်မက ရှင့်ကို ဘယ်လိုနှောင့်ယှက်ရဲမှာလဲ" ရှန်ယွဲ့က ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။
" မိန်းကလေးရှန် ပြောပါ၊ မိန်းကလေးက ကျွန်တော့်ကို ပြောပြရင် ကျွန်တော်က သေချာပေါက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးမှာပါ"
"တကယ်တော့လေ အများကြီးတော့မဟုတ်ပါဘူး၊ ဒီလိုပါ ကျွန်မအခု မြို့ထဲက ကွန်ပျူတာမြို့တော်ကို လာပြီး ကုန်သည်တစ်ယောက်ရဲ့လက်ထဲက ကွန်ပျူတာ graphics cardတစ်ခုကို သဘောကျနေတာ၊ ဒါပေမဲ့ ဒီစျေးသည်က ပြောတယ် graphics cardက သခင်လေးဟန် အစောကြီးကတည်း ကြိုမှာထားတာမလို့ ကျွန်မကို ရောင်းပေးဖို့ ငြင်းနေတယ်"
ရှန်ယွဲ့၏စကားလုံးများသည် အလွန်မှ ပရိယာယ်ကြွယ်ဝသော်လည်း သူမ၏ရည်ရွယ်ချက်ကတော့ အလွန်ခိုင်မာလေသည်။
" ဒါကြောင့်...."
"ပြဿနာမရှိပါဘူး၊ မိန်းခလေးလိုချင်ကိုသာ ကျွန်တော့်ကိုပြောလိုက်ပါ"
ဟန်လင်းက ရှန်ယွဲ့အား တွေဝေမနေဘဲ သဘောတူလိုက်တော့သည်။
အမှန်တွင်လည်း ဟန်ရဲ့၏ ကွန်ပျူတာ graphics cardကို ရှန်ယွဲ့အား ကူညီပေးဖို့ အခွင့်အရေးအဖြစ် အလှဲအလှယ်အသုံးချလိုက်သာ အလွန်အကျိုးများသည့် ကိစ္စပင်။
"မိန်းကလေးရှန် ခဏလေးစောင့်နော်၊ ကျွန်တော် ဟန်ရဲ့ကို ချက်ချင်းဖုန်းခေါ်လိုက်ပါမယ်"
ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပြန်ပြောလိုက်တော့သည်။
" တကယ် အားနာပါတယ်၊ ကျွန်မ မြို့တော်ဝန်ဟန်ကို အရင်ဆုံး ကျေးဇူးတင်ပါတယ်"
ဖုန်းပြောပြီးသွားသည့်တိုင် ကောဟုသည် သူ့နားကို မယုံကြည်နိုင်ဖြစ်နေဆဲ။ သူ့ပါးစပ်က အဟောင်းသားဖြစ်နေပြီး သူ့မျက်လုံးများက ပြူးကျယ်သွားလေသည်။ ဖုန်းတစ်ဖက်က လူက အမှန်ပင် Sမြို့တော်ဝန်မှ ဟုတ်ပါလေစဟု သံသယဖြစ်သွားတော့သည်။
ဟန်လင်းသည် ဖုန်းချလိုက်ပြီးနောက် သူက ဟန်ရဲ့ကို ချက်ချင်းဖုန်းခေါ်လိုက်လေသည်။
သည်အခိုက်တွင် ဟန်ရဲ့က တုန်းယန်နှင့် ကားလဲနေလေသည်။ သူ့အဖေဖုန်းကို ဝင်လာချိန်တွင် သူ့အရောင်အဝါက ရုတ်ချည်း အားနည်းသွားတော့သည်။
"အဖေ ဘာကိစ္စလဲ၊ ကျွန်တော်အခု သခင်လေးတုန်းယန်နဲ့ အတူတူရှိနေတယ်၊ ကျွန်တော် လျှောက်သွားနေတာမဟုတ်ပါဘူး၊ ကျွန်တော့်ကို ထပ်မစွပ်စွဲပါနဲ့ဗျာ"
"အဲဒါ အရေးမကြီးဘူး"
ဟန်လင်းသည် ယခုအချိန်တွင် ဟန်ရဲ့က မည်သူနှင့်အတူရှိနေသည်ကို ဂရုစိုက်ချိန် မရှိပေ။
" ငါ မင်းကို မေးမလို့၊ မင်း ကွန်ပျူတာမြို့တော်မှ graphics cardမှာထားလား"
" အဖေ ဘယ်လိုသိတာလဲ၊ ကျွန်တော်ဝယ်ထားတဲ့ Snapdragon နောက်ဆုံးမော်ဒယ်လ်က အခု ကျွန်တော်သုံးနေတဲ့ဟာထက် အများကြီးပေါ်ကောင်းတယ်"
" ငါ ဘယ်လိုသိလဲဆိုတာ စိုးရိမ်မနေနဲ့၊ မင်း အဲဒီgraphics cardကို ယူလို့မရတော့ဘူး"
ဟန်လင်းသည် အတန်ပင် လေးလေးနက်နက်ပြောနေလေသည်။
" ရှန်ယွဲ့ အခုပဲ ငါ့ကိုဖုန်းဆက်တယ်၊ သူကလည်း အဲဒီgraphics cardကို စိတ်ဝင်စားနေတယ်တဲ့၊ ပြီးတော့ သူအခု ကွန်ပျူတာမြို့တော်မှာ ရောက်နေတယ်"
"ရှန်ယွဲ့ ဟုတ်လား၊ ကျိုးမိသားစု အထူးစောင့်ရှောက်ပေးထားတဲ့သူကို ပြောတာလား"
ဟန်ရဲ့သည် အံ့ဩသွားဟန်တူသည်။
" ကျွန်တော်မှတ်မိပြီ၊ အဲဒါ ရှန်ယွဲ့လို့ခေါ်လည်း ခေါ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က တုန်းယန်နဲ့ကားပြိုင်ပွဲမှာ နိုင်သွားတဲ့တစ်ယောက်ပဲ၊ တကယ်သာ သူဆိုရင် ကျွန်တော် ဒီgraphics cardကို မလိုချင်တော့ဘူး၊ ကျွန်တော် ဒါကို မိန်းကလေးရှန်ယွဲ့ကို ပေးလိုက်မယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ဟန်လင်းမှာ စိတ်အေးသွားတော့သည်။
" ဒါမှ ငါ့သားလိမ္မာလေး၊ မင်း နောက်ဆုံးတော့ တစ်ခါလောက် သိတတ်သွားပြီပဲ၊ မင်း ဒီတစ်ခါတော့ အဖေ့ကို တကယ်ကူညီပေးခဲ့တာပဲ၊ ဒါဆို ဒီကိစ္စကို မင်းနဲ့လွဲထားလိုက်ပြီ၊ ပြဿနာမဖြစ်စေနဲ့"
" စိတ်မပူပါနဲ့ အဖေရာ၊ အဖေ့သားကို အခုထိ စိတ်ပူနေတုန်းလား"
ထိုသို့ပြောလိုက်ပြီးနောက် ဟန်ရဲ့သည် ဖုန်းချလိုက်လေတော့သည်။
...
Update Price List
Gp-1 (1 - 250) 1000 Ks.
Gp - 2 (251 - 500) 2500 Ks.
Gp - 3 (501 - 750) 2500 Ks
Gp - 4 Stay tuned...
...
Gp 1+2 (3000)Ks
Gp 2+3 (4500) Ks
Gp 1+2+3 (5500)Ks
https://t.me/OrchidSarPay tele အကောင့်မှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင့်။
...
Zawgyi
အပိုင္း (၁၅၄) ႐ိုက္စားတဲ့ဆိုင္
ဆိုင္ရွင္က သူတို႔သည္ ပစၥည္းဝယ္ရန္ ေရာက္လာသည္မဟုတ္ေၾကာင္း ၾကားလိုက္ရေသာအခါ သူ႔သေဘာထားက ႐ုတ္ခ်ည္းေျပာင္းလဲသြားေတာ့သည္။ သူက ယုတ္ညံ့သည့္စကားကို ေျပာလိုက္ၿပီး ရွန္ခ်န္ကို မ်က္ႏွာသာပင္မေပးေခ်။
" ငါ မင္းကိုေျပာလိုက္မယ္၊ ျမန္ျမန္ ထြက္သြား၊ ငါ့အလုပ္ကို မေႏွာင့္ယွက္နဲ႔၊ ကေလးႏွစ္ေယာက္က ေငြမရွိတဲ့သူေတြကို သိသာေနတာျပ၊ မင္း ငါ့အေရာင္းအဝယ္ထပ္ၿပီး ေႏွာင့္ေႏွးေအာင္လုပ္ေနရင္ မင္းတို႔ သူခိုးပါဆိုၿပီး ရဲေခၚၿပီး ဖမ္းခိုင္းရလိမ့္မယ္"
ရွန္ခ်န္သည္ ထိုစကားကို ၾကားလိုက္ရေသာအခါ သူ႔မ်က္ႏွာမွ နား႐ြက္အထိ ရဲတက္သြားေတာ့သည္။ သူက ရွန္ယြဲ႕ကို ဆြဲလိုက္ၿပီး ထြက္သြားမည္ျပင္လိုက္ေလသည္။
"အဟက္ ေနာက္ထက္ဘဝင္ျမင့္ေနတဲ့လူႀကီးပါပဲ"
ရွန္ယြဲ႕က ရွန္ခ်န္ကို တားလိုက္ၿပီး ဆိုင္ရွင္ကို ေျပာလိုက္၏။
" လက္ညိဳးထိုးေတာ့ ဘာျဖစ္လဲ၊ ငါတို႔ေတြကို နင္ေရာင္းတဲ့ ပစၥည္းကိုေပးမထိဘူး ဟုတ္လား၊ ဒါမွမဟုတ္ နင့္ပစၥည္းအရည္အေသြးက သိပ္မေကာင္းလို႔လား၊ ကေလးက ဘာမွားလို႔လဲ၊ ဒီပစၥည္းေတြ မေျပာနဲ႔ နင့္ဆိုင္ကိုေတာင္ ငါဝယ္ႏိုင္တယ္"
" ဒီအ႐ူးႏွစ္ေကာင္က ဘယ္ကေရာက္လာတာလဲကြာ၊ သူတို႔ေတြက ငါ့ဆိုင္ကို ဝယ္မယ္ဆိုၿပီးေတာ့ေတာင္ ၿခိမ္းေျခာက္လိုက္ေသးတယ္၊ ငါ့ဆိုင္က ေစ်းဘယ္ေလာက္ႀကီးလဲ မေျပာနဲ႔အုံး၊ ငါ့ပစၥည္းေတြအားလုံးက ေနာက္ဆုံးေပၚေတြခ်ည္းပဲ၊ ဘယ္တစ္ခုကို နင္တို႔ႏွစ္ေယာက္လို အစုတ္ပလုတ္ေလးေတြက တတ္ႏိုင္မွာလဲ၊ လူေတြကို ေခါင္းမေဖာ္ႏိုင္တဲ့အထိ ရယ္ရေအာင္မလုပ္စမ္းပါနဲ႔"
ဆိုင္ရွင္၏ေလသံက ေလွာင္ေျပာင္သံအျပည့္ပါေနၿပီး ရွန္ယြဲ႕ကို အ႐ူးတစ္ေယာက္လို ၾကည့္ေနလိုက္သည္။
!!
ဆိုင္ရွင္က အလြန္မွ ေထာင္လႊားေနသည္ကိုေတြ႕လိုက္ရသျဖင့္ ရွန္ယြဲ႕သည္ သူ႔ကို မ်က္ႏွာသာေပးရန္ အစီအစဥ္မရွိေတာ့ေခ်။
သူမက ေဘးက စင္ကို လွည့္ၾကည့္လိုက္ၿပီး
" ဒီစင္ေပၚက Auric Dragon S5ရဲ႕ mainframe က ယြမ္ ၂၀၀၀ပဲ တန္တာေလ၊ ဒါေပမဲ့ နင္က ယြမ္၆၀၀၀နဲ႔ေရာင္းေနတယ္၊ ေစ်းက သုံးဆေတာင္၊ ၿပီးေတာ့ နင္ေျပာေျပာေနတဲ့ ဆိုင္ရဲ႕ရတနာဆိုတဲ့ graphic cardကလည္း မႏွစ္က ထုတ္ထားတဲ့ဟာ၊ အခုခ်ိန္ထိေတာင္ နင္က ဒါကို ရတနာတစ္ခုလို သတ္မွတ္ေနေသးတယ္၊ နင္က ဒါကို ယြမ္ ၁၀,၀၀၀နဲ႔ေရာင္းေနတယ္, တင္သြင္းတဲ့ေစ်းကျဖင့္ ယြမ္၃၀၀၀ပဲ ရွိတာေလ၊ ဆိုင္ရဲ႕ရတနာဆိုတာလည္း မဆန္းပါဘူး၊ အရမ္း ေစ်းေပါေနရင္ ဘယ္ေရာင္းရေတာ့မွာလဲ၊ နင္ ဒါကို သိမ္းထားတာပဲ လုပ္ႏိုင္ေတာ့မွာ"
ထိုအခ်င္းအရာကိုျမင္လိုက္ၿပီးေနာက္ ရွန္ခ်န္က ရွန္ယြဲ႕၏အက်ႌလက္ကို ျမန္ျမန္ဆြဲလိုက္ၿပီး သူ႔ေၾကာင့္ အစ္မျဖစ္သူကို ရန္မျဖစ္ေစခ်င္ေတာ့ေပ။
ရွန္ယြဲ႕က ရွန္ခ်န္ကို ေနာက္သို႔ျပန္ဆြဲကာ ကြယ္ထားလိုက္ၿပီး ဆိုင္ရွင္ဘက္ လွည့္လိုက္သည္။
" ဒါက႐ိုက္စားတဲ့ဆိုင္တဲ့ျဖစ္တဲ့အျပင္ ဆိုင္ရွင္ကလည္း စိတ္ပုတ္လိုက္တာ၊ နင့္ဆိုင္ထဲမွာ ဘယ္လိုပစၥည္းေတြ ေရာက္ေနတယ္ဆို နင္ မေတြ႕ဘူးလား၊ ဒီလိုအမႈိက္ေတြကို ေစ်းႀကီးနဲ႔ ေရာင္းရဲရသလား၊ နင္ ေအာက္ထပ္ဆင္းတဲ့အခါ နင့္ခါးက်ိဳးသြားမွာ မေၾကာက္ဘူးလား၊ နင္က အသက္ရွည္ရွည္နဲ႔ ေနရမယ္လို႔ ထင္ေနတာလား"
ဆိုင္ရွင္မွာ သည္ကေလးက ထိုမွ်ေလာက္အမ်ားႀကီး သိေနလိမ့္မည္ဟု ထင္မထားခဲ့ေခ်။ ထို႔အျပင္ သူမသည္ ေစ်းမွန္ကိုလည္း ေျပာႏိုင္ေလသည္။ သူ႔အေရာင္အဝါက ခ်က္ခ်င္း ေမွးမွိန္သြားေတာ့သည္။
" နင့္ကို ကေလးကဘာသိလို႔လဲ၊ နင္က ဂဏန္းေလးတစ္လုံး ႏွစ္လုံးေလာက္ေျပာလိုက္႐ုံနဲ႔ ငါ့ကို ေခ်ာက္ခ်ႏိုင္မယ္ထင္ေနတာလား၊ နင့္မိဘေတြ ဘယ္မွာလဲ၊ နင့္မိဘေတြကို ေခၚလိုက္စမ္းပါ၊ နင့္မိဘေတြက နင့္ကို ဘယ္လိုဆုံးမလဲ ၾကည့္ရေအာင္"
" ငါက ေပါက္ကရေျပာမေျပာဆိုတာ နင္က တျခားသူေတြထက္ ပိုသိပါတယ္၊ ငါ ေျပာတာမွန္ေနလို႔ နင္ မလုံမလဲျဖစ္ေနတာမလား"
ရွန္ယြဲ႕သည္ လုံးဝမယဥ္ေက်းေတာ့ေပ။ လူမ်ားကို အသြင္ျပင္ၾကည့္ႀကီး ဆုံးျဖတ္တတ္သည့္ သည္လိုလူတစ္ေယာက္ကို ရင္ဆိုင္ရာတြင္ သူမသည္ မတိုက္ခိုက္မိေအာင္ ထိန္းခ်ဳပ္ထားရသည္ကပဲ ေတာ္ေသးသည္။
"ဒါမွမဟုတ္ ငါတို႔ေတြ ရဲေခၚၿပီး ပစၥည္းက ဖယ္ဒရယ္က သတ္မွတ္ထားတဲ့ ေစ်းထက္ ေက်ာ္ေနလားဆိုတာကို ၾကည့္ၾကမယ္ေလ၊ ဒါဆိုရင္ နင္ အရင္တုန္းက ဘာမွမသိတဲ့ ေစ်းဝယ္သူေတြကို ႐ိုက္စားခဲ့တာ စစ္ၾကည့္ႏိုင္မွာပဲ"
သူတို႔ႏွစ္ေယာက္က အေျခအတင္ျဖစ္ေနၾကစဥ္ ေကာဟူက ပစၥည္းမ်ားကို ခ်ၿပီးေနာက္ တံခါးမွ ျဖတ္သြားသည္ႏွင့္ ႀကဳံသြားေလသည္။ သူက ရွန္ယြဲ႕ကို တစ္ခ်က္ၾကည့္႐ုံႏွင့္ မွတ္မိလိုက္သည္။ ၿပီးခဲ့ကိစၥျဖစ္သြားသည့္ေနာက္တြင္ သူသည္ သည္ခ်မ္းသာၿပီး နက္နဲလြန္းကာ လွ်ိဳ႕ဝွက္ဆန္းက်ယ္သည့္ မိန္းကေလးကို အလြန္ေလးစားသြားေတာ့သည္။
"အားလုံး လမ္းဖယ္ေပးၾကပါ၊ ေလာင္က်န္႔ ဘာမွ ထပ္မေျပာနဲ႔ေတာ့၊ ဒီကေလးက ငါ့ဆီမွာ ပစၥည္းေတြဝယ္သြားတယ္၊ သူက သာမန္ကေလးတစ္ေယာက္မဟုတ္ဘူး"
ေကာဟူက ခ်က္ခ်င္းဝင္လာၿပီး ျဖန္ေျဖေပးလိုက္ေလသည္။ ထိုေျပာလိုက္ၿပီးေနာက္ ေကာဟူက ရွန္ယြဲ႕ကို လွည့္ၾကည့္လိုက္သည္။
" ေလာင္က်န္႔ကလည္း စားေသာက္ဖို႔ ေငြရွာေနတာေလ၊ ဝယ္သူေတြက ေစ်းဆစ္ၿပီးရင္ သူကလည္း ဒါကို ေစ်းႀကီးႀကီး ေရာင္းလို႔မရေတာ့ပါဘူး၊ အားလုံးအတြက္ လြယ္တာမဟုတ္ဘူးေလ"
ရွန္ခ်န္ကလည္း ဆက္ၿပီး ျပႆနာမျဖစ္ခ်င္ေတာ့ေပ။ သူက ရွန္ယြဲ႕၏အက်ႌအနားကို ဆြဲလိုက္ၿပီး
" အစ္မ ျမန္ျမန္ ရပ္လိုက္ပါေတာ့၊ ဒါေတြအားလုံးက ငါ့အမွားေတြပါ"
" ရပါတယ္ ခ်န္ခ်န္ရယ္၊ နင့္အမွားမဟုတ္ပါဘူး၊ ငါတို႔ကို အရင္ဆုံး အထင္ေသးတဲ့သူက သူေလ၊ ဒါေပမဲ့ ေကာဟူရဲ႕မ်က္ႏွာေၾကာင့္ ငါတို႔ေတြ ဒီတစ္ႀကိမ္ေတာ့ ခြင့္လႊတ္ေပးလိုက္မယ္"
ရွန္ယြဲ႕က စကားေျပာၿပီးသည္ႏွင့္ ရွန္ခ်န္၏လက္ကို ဆြဲကာ ျပန္လွည့္မၾကည့္ဘဲ ထြက္သြားေတာ့သည္။
" ဆိုင္က ထြက္လာၿပီးေနာက္ ေကာဟူက ေမးလိုက္သည္။
" နင္တို႔ေတြ ဘာလို႔ ကြန္ပ်ဴတာၿမိဳ႕ေတာ္ကို ေရာက္ေနတာလဲ၊ ကြန္ပ်ဴတာဝယ္မလို႔လား"
" ငါတို႔က ဘာလို႔ ကြန္ပ်ဴတာၿမိဳ႕ေတာ္ကို ေရာက္လာရမွာလဲ၊ ဒါေပမဲ့ နင့္ကို အခုေတြ႕လိုက္ေတာ့ ေကာင္းပါတယ္ေလ၊ နင့္ကိုရွာကို ဒုကၡမမ်ားေတာ့ဘူးေပါ့"
ရွန္ယြဲ႕က ေကာဟူကို တခိခိ ရယ္လိုက္ေလသည္။
" ငါ နင့္ကို ဘာလို႔လာရွာတာလဲဆိုတာကိုေတာ့ နင္ မသိဘူးလား"
သည္အခိုက္တြက္ ေကာဟူသည္ ေနာက္ဆုံးေတာ့ သတိဝင္သြားေတာ့သည္။ သူက ကြန္ပ်ဴတာၿမိဳ႕ေတာ္မွ ေမွာင္ခိုပစၥည္းေရာင္းတဲ့ တစ္ေယာက္ေသာသူေလ။ သူမက သူ႔ကို မဟုတ္ရင္ ဘယ္သူကို ရွာႏိုင္အုံးမွာလဲ။
ေကာဟူက ျမန္ျမန္ေနာက္သို႔ ေျခလွမ္းအနည္ငယ္ ျပန္ဆုတ္လိုက္၏။ သူကအမူအရာက ခ်က္ခ်င္း ပ်ာယာခတ္သြားေလသည္။ သူက အမွတ္တမဲ့ ရင္ဘတ္ေပၚလက္တင္ၿပီး ေခါင္းခါျပလိုက္ေတာ့သည္။
" မရွိဘူး၊ မရွိဘူး၊ မရွိဘူးေနာ္၊ ငါ့မွာ ဘာပစၥည္းမွာ မရွိေတာ့ဘူး၊ ငါ့ကို ယုံပါ"
သူ႔သေဘာထားက အလြန္ျဖဴစင္ေသာ္လည္း တဒဂၤအတြင္းေျပာင္းလဲသြားသည့္ သူ႔အမူအရာကေတာ့ ရွန္ယြဲ႕၏မ်က္လုံးမွ မလႊတ္ေျမာက္ပါေခ်။ သူမက ဘာျဖစ္သြားသည္ကို ခ်က္ခ်င္း သေဘာေပါက္သြားေတာ့သည္။
" တကယ္ပဲ ဘာပစၥည္းေကာင္းမွ မရွိဘူးလား၊ ဒါမွမဟတု္ နင္ ငါ့ကို မေပးခ်င္တာ တစ္ခုခုရွိေနတာလား၊ နင္က ငါ့ကို ထပ္ၿပီး စုံစမ္းေစခ်င္တာလား၊ ဒါမွမဟုတ္ သက္ေသက နင့္ေရွ႕ေရာက္လာမွ ေက်နပ္မွာလား"
ရွန္ယြဲ႕၏ေလသံက လုံးဝအေလွ်ာ့မေပးဟန္ျဖစ္ေနၿပီး ဖိႏွိပ္သည့္ခံစားခ်က္တစ္ခုကို ထုတ္လႊတ္ေနရာ ေကာဟူမွာ အသက္မရႉႏိုင္ေအာင္ ျဖစ္သြားေတာ့သည္။
...
အပိုင္း (၁၅၅) ေနာက္ဆြဲေလးတစ္ေယာက္
"ရွိတယ္.... တစ္ခု ေတာ့ရွိတယ္၊ မေန႔ညမွ ေရာက္လာတာ ဒါေပမဲ့ ငါ မင္းကို ေပးလို႔မရဘူး၊ အဲဒါက ႀကိဳတင္မွာထားၿပီးသား၊ ၿပီးေတာ့ ေငြလည္းရွင္းထားၿပီးသား၊ ေနာက္ၿပီး ဝယ္တဲ့သူက မင္း သြားထိလို႔ရတဲ့ကေလး မဟုတ္ဘူး"
ေကာဟူမွာ ရွန္ယြဲ႕ကို ဖိႏွိပ္ထားခ်င္သျဖင့္ မတတ္သာေတာ့ဘဲ ဝယ္ယူသူ၏ သ႐ုပ္မွန္ကို အသုံးခ်ကာ အမွန္အတိုင္း ေျပာလိုက္ရေတာ့သည္။
"ဪ ဟုတ္လား၊ ငါ သြားထိလို႔မရတဲ့သူဟုတ္လား၊ Sၿမိဳ႕မွာ ငါ ထိလို႔မရတဲ့သူ ဘယ္သူရွိလဲ သိခ်င္ေသးတယ္"
ရွန္ယြဲ႕သည္ ထိုစကားကို ၾကားလိုက္ၿပီးေနာက္ ပိုၿပီးစိတ္ဝင္စားသြားေတာ့သည္။
" ငါ့ကို ေျပာစမ္းပါ၊ အဲဒီလူက ဘယ္သူလဲ၊ သူ႔မွာ အင္အားရွိမရွိ ၾကည့္ရေအာင္ပါ"
ေကာဟူသည္ ေၾကာင္အမ္းအမ္းျဖစ္သြားေတာ့သည္။ သူက သူမကို ေနာက္ဆုတ္သြားေအာင္ လုပ္ခ်င္တာေလ။ ဒါေပမဲ့ သူမက ဒီလို တုန္႔ျပန္လိမ့္မည္လို႔ ထင္မထားဘူး။
!!
ေနာက္ဆုံးတြင္ ပစၥည္းကို ထိန္းသိမ္းထားရန္ ေကာဟူက ဝယ္ယူသူကို ေျပာလိုက္ရေတာ့သည္။
"ဟန္ရဲ႕ပါ၊ သူက ၿမိဳ႕ေတာ္ဝန္ဟန္လင္းရဲ႕သား၊ Sၿမိဳ႕မွ သူမရႏိုင္တာ ဘာမွမရွိဘူး"
" ဟန္ရဲ႕ လား"
ရွန္ယြဲ႕က ခပ္တိုးတိုး လိုက္႐ြတ္လိုက္သည္။ ဒီနာမည္ကို အရင္က တစ္ေနရာမွာ ၾကားခဲ့ဖူးသလိုပဲ။ မွတ္မိၿပီ။ ၿပီးခဲ့တဲ့တစ္ေခါက္က တုန္းယန္ရဲ႕ ကားၿပိဳင္တုန္းက ေငြလြဲေပးခဲ့တဲ့တစ္ေယာက္ပဲ။ သူမသည္ မေနႏိုင္ေတာ့ဘဲ ၿပဳံးလိုက္ေတာ့သည္။
" ဒီေတာ့ သူက ေနာက္ဆြဲေလးတစ္ေယာက္ကိုး"
ေကာဟူသည္ ထိုစကားကို ၾကားလိုက္ရၿပီး ထိတ္လန္႔သြားေတာ့သည္။ သူ႔ေဘးက တစ္ေယာက္ေယာက္က သူမ၏စကားကို ၾကားသြားၿပီလားဟု ေဘးဘီကို ျမန္ျမန္ၾကည့္လိုက္ၿပီး ရွန္ယြဲ႕ကို ဆက္မေျပာရန္ တားလိုက္ေလသည္။
" မင္း ႐ူးေနလား၊ အဲဒါ ၿမိဳ႕ေတာ္ဝန္သားေနာ္၊ ဘာေနာက္ဆြဲလဲ၊ တျခားသူသာၾကားသြားရင္ က်န္တဲ့ငါ့ဘဝသက္တမ္းကို Sၿမိဳ႕မွာ ေနႏိုင္ပါေတာ့အုံးမလား"
ၿမိဳ႕ေတာ္ဝန္သားျဖစ္ေတာ့ေရာ ဘာျဖစ္လဲ။ ဟန္ရဲ႕အမေဖ ဟန္လင္းကေတာင္ ငါ့ကို ေလးစားရတဲ့ဧည့္သည္တစ္ေယာက္လို ဆက္ဆံေနရတာကို။
ထိုအျဖစ္ကိုျမင္လိုက္ၿပီး ရွန္ယြဲ႕က အမ်ားႀကီးရွင္းျပမေနေတာ့ဘဲ ပုံမွန္အတိုင္းေျပာလိုက္ေလသည္။
" ခဏေစာင့္"
ထိုစကားက ေကာဟူကို ပိုၿပီး စိတ္ရႈပ္သြားရေစေတာ့သည္။ သူ႔ေရွ႕က ေကာင္မေလးက Sၿမိဳ႕ေတာ္ဝန္ထက္ ပိုၿပီးအင္အားႀကီးမည္ဟု မယုံႏိုင္ခဲ့ေပ။
ထိုေနာက္တြင္ ရွန္ယြဲ႕က သူမ၏ဖုန္းကိုထုတ္လိုက္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာၿပီျဖစ္သည့္ call historyကို ဆက္တိုက္ျပန္ဆြဲခ်လိုက္ေလသည္။
" အဲလိုမွန္းသိရင္ အဲဒီတုန္းက ဟန္လင္းရဲ႕နာမည္ကတ္ကို သိမ္းထားလိုက္ပါတယ္၊ မဟုတ္ရင္ အခုလို ဖုန္းနံပါတ္တစ္ခုကို ရွာဖို႔ အဲေလာက္ဒုကၡေရာက္ေနမွာမဟုတ္ဘူး"
စကၠန္႔အနည္းငယ္ၾကာၿပီးေနာက္ သူမ၏မ်က္လုံးမ်ားက လင္းလက္သြားေတာ့သည္။
"ေတြ႕ၿပီ"
တစ္ခ်ိန္ထဲတြင္ ဟန္လင္းသည္ ႐ုံးခန္းထဲတြင္ရွိေနၿပီး တုန္ခါေနသည့္ဖုန္းေပၚက 'ရွန္ယြဲ႕'ဟူသည့္စာလုံးႏွစ္လုံးကို ၾကည့္ေနေလသည္။ သူက စိတ္လႈပ္ရွားကျဖင့္ ဖုန္းကို ျမန္ျမန္ေကာက္ကိုင္လိုက္ၿပီး စိတ္ရင္းႏွင့္ ေျပာလိုက္ေလသည္။
"ဟယ္လို မိန္းကေလးရွန္ယြဲ႕ ကြၽန္ေတာ္ ဘာကူညီးေပးရမလဲ"
"အာ ၿမိဳ႕ေတာ္ဝန္ဟန္ အမွန္အတိုင္းေျပာရရင္ ကြၽန္မက တကယ္ အကူအညီလိုေနတယ္၊ မဟုတ္ရင္ ဒီေလာက္အေစာႀကီး ကြၽန္မက ရွင့္ကို ဘယ္လိုေႏွာင့္ယွက္ရဲမွာလဲ" ရွန္ယြဲ႕က ယဥ္ယဥ္ေက်းေက်းေျပာလိုက္၏။
" မိန္းကေလးရွန္ ေျပာပါ၊ မိန္းကေလးက ကြၽန္ေတာ့္ကို ေျပာျပရင္ ကြၽန္ေတာ္က ေသခ်ာေပါက္ အေကာင္းဆုံးျဖစ္ေအာင္လုပ္ေပးမွာပါ"
"တကယ္ေတာ့ေလ အမ်ားႀကီးေတာ့မဟုတ္ပါဘူး၊ ဒီလိုပါ ကြၽန္မအခု ၿမိဳ႕ထဲက ကြန္ပ်ဴတာၿမိဳ႕ေတာ္ကို လာၿပီး ကုန္သည္တစ္ေယာက္ရဲ႕လက္ထဲက ကြန္ပ်ဴတာ graphics cardတစ္ခုကို သေဘာက်ေနတာ၊ ဒါေပမဲ့ ဒီေစ်းသည္က ေျပာတယ္ graphics cardက သခင္ေလးဟန္ အေစာႀကီးကတည္း ႀကိဳမွာထားတာမလို႔ ကြၽန္မကို ေရာင္းေပးဖို႔ ျငင္းေနတယ္"
ရွန္ယြဲ႕၏စကားလုံးမ်ားသည္ အလြန္မွ ပရိယာယ္ႂကြယ္ဝေသာ္လည္း သူမ၏ရည္႐ြယ္ခ်က္ကေတာ့ အလြန္ခိုင္မာေလသည္။
" ဒါေၾကာင့္...."
"ျပႆနာမရွိပါဘူး၊ မိန္းခေလးလိုခ်င္ကိုသာ ကြၽန္ေတာ့္ကိုေျပာလိုက္ပါ"
ဟန္လင္းက ရွန္ယြဲ႕အား ေတြေဝမေနဘဲ သေဘာတူလိုက္ေတာ့သည္။
အမွန္တြင္လည္း ဟန္ရဲ႕၏ ကြန္ပ်ဴတာ graphics cardကို ရွန္ယြဲ႕အား ကူညီေပးဖို႔ အခြင့္အေရးအျဖစ္ အလွဲအလွယ္အသုံးခ်လိုက္သာ အလြန္အက်ိဳးမ်ားသည့္ ကိစၥပင္။
"မိန္းကေလးရွန္ ခဏေလးေစာင့္ေနာ္၊ ကြၽန္ေတာ္ ဟန္ရဲ႕ကို ခ်က္ခ်င္းဖုန္းေခၚလိုက္ပါမယ္"
ရွန္ယြဲ႕သည္ ထိုစကားကို ၾကားလိုက္ရခ်ိန္တြင္ ခ်က္ခ်င္းျပန္ေျပာလိုက္ေတာ့သည္။
" တကယ္ အားနာပါတယ္၊ ကြၽန္မ ၿမိဳ႕ေတာ္ဝန္ဟန္ကို အရင္ဆုံး ေက်းဇူးတင္ပါတယ္"
ဖုန္းေျပာၿပီးသြားသည့္တိုင္ ေကာဟုသည္ သူ႔နားကို မယုံၾကည္ႏိုင္ျဖစ္ေနဆဲ။ သူ႔ပါးစပ္က အေဟာင္းသားျဖစ္ေနၿပီး သူ႔မ်က္လုံးမ်ားက ျပဴးက်ယ္သြားေလသည္။ ဖုန္းတစ္ဖက္က လူက အမွန္ပင္ Sၿမိဳ႕ေတာ္ဝန္မွ ဟုတ္ပါေလစဟု သံသယျဖစ္သြားေတာ့သည္။
ဟန္လင္းသည္ ဖုန္းခ်လိုက္ၿပီးေနာက္ သူက ဟန္ရဲ႕ကို ခ်က္ခ်င္းဖုန္းေခၚလိုက္ေလသည္။
သည္အခိုက္တြင္ ဟန္ရဲ႕က တုန္းယန္ႏွင့္ ကားလဲေနေလသည္။ သူ႔အေဖဖုန္းကို ဝင္လာခ်ိန္တြင္ သူ႔အေရာင္အဝါက ႐ုတ္ခ်ည္း အားနည္းသြားေတာ့သည္။
"အေဖ ဘာကိစၥလဲ၊ ကြၽန္ေတာ္အခု သခင္ေလးတုန္းယန္နဲ႔ အတူတူရွိေနတယ္၊ ကြၽန္ေတာ္ ေလွ်ာက္သြားေနတာမဟုတ္ပါဘူး၊ ကြၽန္ေတာ့္ကို ထပ္မစြပ္စြဲပါနဲ႔ဗ်ာ"
"အဲဒါ အေရးမႀကီးဘူး"
ဟန္လင္းသည္ ယခုအခ်ိန္တြင္ ဟန္ရဲ႕က မည္သူႏွင့္အတူရွိေနသည္ကို ဂ႐ုစိုက္ခ်ိန္ မရွိေပ။
" ငါ မင္းကို ေမးမလို႔၊ မင္း ကြန္ပ်ဴတာၿမိဳ႕ေတာ္မွ graphics cardမွာထားလား"
" အေဖ ဘယ္လိုသိတာလဲ၊ ကြၽန္ေတာ္ဝယ္ထားတဲ့ Snapdragon ေနာက္ဆုံးေမာ္ဒယ္လ္က အခု ကြၽန္ေတာ္သုံးေနတဲ့ဟာထက္ အမ်ားႀကီးေပၚေကာင္းတယ္"
" ငါ ဘယ္လိုသိလဲဆိုတာ စိုးရိမ္မေနနဲ႔၊ မင္း အဲဒီgraphics cardကို ယူလို႔မရေတာ့ဘူး"
ဟန္လင္းသည္ အတန္ပင္ ေလးေလးနက္နက္ေျပာေနေလသည္။
" ရွန္ယြဲ႕ အခုပဲ ငါ့ကိုဖုန္းဆက္တယ္၊ သူကလည္း အဲဒီgraphics cardကို စိတ္ဝင္စားေနတယ္တဲ့၊ ၿပီးေတာ့ သူအခု ကြန္ပ်ဴတာၿမိဳ႕ေတာ္မွာ ေရာက္ေနတယ္"
"ရွန္ယြဲ႕ ဟုတ္လား၊ က်ိဳးမိသားစု အထူးေစာင့္ေရွာက္ေပးထားတဲ့သူကို ေျပာတာလား"
ဟန္ရဲ႕သည္ အံ့ဩသြားဟန္တူသည္။
" ကြၽန္ေတာ္မွတ္မိၿပီ၊ အဲဒါ ရွန္ယြဲ႕လို႔ေခၚလည္း ေခၚတယ္၊ ၿပီးခဲ့တဲ့တစ္ေခါက္က တုန္းယန္နဲ႔ကားၿပိဳင္ပြဲမွာ ႏိုင္သြားတဲ့တစ္ေယာက္ပဲ၊ တကယ္သာ သူဆိုရင္ ကြၽန္ေတာ္ ဒီgraphics cardကို မလိုခ်င္ေတာ့ဘူး၊ ကြၽန္ေတာ္ ဒါကို မိန္းကေလးရွန္ယြဲ႕ကို ေပးလိုက္မယ္"
ထိုစကားကို ၾကားလိုက္ရသျဖင့္ ဟန္လင္းမွာ စိတ္ေအးသြားေတာ့သည္။
" ဒါမွ ငါ့သားလိမၼာေလး၊ မင္း ေနာက္ဆုံးေတာ့ တစ္ခါေလာက္ သိတတ္သြားၿပီပဲ၊ မင္း ဒီတစ္ခါေတာ့ အေဖ့ကို တကယ္ကူညီေပးခဲ့တာပဲ၊ ဒါဆို ဒီကိစၥကို မင္းနဲ႔လြဲထားလိုက္ၿပီ၊ ျပႆနာမျဖစ္ေစနဲ႔"
" စိတ္မပူပါနဲ႔ အေဖရာ၊ အေဖ့သားကို အခုထိ စိတ္ပူေနတုန္းလား"
ထိုသို႔ေျပာလိုက္ၿပီးေနာက္ ဟန္ရဲ႕သည္ ဖုန္းခ်လိုက္ေလေတာ့သည္။
...
Update Price List
Gp-1 (1 - 250) 1000 Ks.
Gp - 2 (251 - 500) 2500 Ks.
Gp - 3 (501 - 750) 2500 Ks
Gp - 4 Stay tuned...
...
Gp 1+2 (3000)Ks
Gp 2+3 (4500) Ks
Gp 1+2+3 (5500)Ks
https://t.me/OrchidSarPay tele အေကာင့္မွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင့္။
...