အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

125K 10.8K 88

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)
အပိုင်း (၁၆၆+၁၆၇)
အပိုင်း (၁၆၈ + ၁၆၉)
အပိုင်း (၁၇၀+၁၇၁)
အပိုင်း (၁၇၂+၁၇၃)
အပိုင်း (၁၇၄+၁၇၅)

အပိုင်း (၁၅၂+၁၅၃)

537 42 0
By ChihiroLily7


အပိုင်း (၁၅၂)

ထိုသို့စဥ်းစားလိုက်ပြီးနောက် ရှန်ယွဲ့သည် နှုတ်ခမ်းမဲ့လိုက်ပြီး ကျိုးရွှမ်းကို ပိုမတောင်းလိုက်မိသည့်အတွက် နောင်တရသွားတော့သည်။ ရှန်ယွဲ့၏စိတ်ထဲတွင် ရုတ်တရက်စိတ်ကူးတစ်ခု ပေါ်ပေါက်လာလေသည်။ သူမက အဓိပ္ပါယ်ပါပါ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးနောက် ခြေလှမ်းကျဲများနှင့် အိမ်ပြန်လာခဲ့တော့သည်။ သူမ၏အခန်းထဲသို့ အလောတကြီး ပြေးဝင်သွားလိုက်ပြီး အချိန်တော်တော်ကြာအောင်ပစ်ထားခဲ့သည့် ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်လေသည်။ ယဲ့ရင်းထံမှ စကားကို မဖတ်သေးဘဲ လိုရင်းကို အရင်ပြောလိုက်တော့သည်။

[ယဲ့ရင်း ကျိုးရွှမ်းအကြောင်း တတ်နိုင်သလောက် မြန်မြန်ကူစုံစမ်းပေးအုံး၊ ပိုအသေးစိတ်ကျလေ ပိုကောင်းလေပဲ]

ရှန်ယွဲ့က ကွန်ပျူတာရှေ့တွင်ထိုင်ရင်း သည်သိက္ခာမဲ့လှသည့် ယဲ့ရင်းက တစ်နေကုန် မည်သို့များ အမျိုးသမီးများနှင့် တွဲခုတ်နေနိုင်သည့်အကြောင်းကိုအရင်းကို စဥ်းစားနေမိလေသည်။ ဘယ်အချိန်မှ သူက သူမကို စာပြန်မည်ကိုတော့ မသိပါချေ။

မျှော်လင့်မထားဘဲ နောက်တစ်စက္ကန့်တွင် ကွန်ပျူတာစခရင်က လင်းလာလေသည်။

!!

[ပြဿနာမရှိဘူး။ ငါ စုံစမ်းပြီးတာနဲ့ ချက်ချင်းပို့ပေးလိုက်မယ်။ ပြီးတော့ ငါ စာပြန်တာ အရမ်းမြန်တယ်ဆိုပြီး အံ့ဩမနေနဲ့၊ ဘာလို့လဲဆိုတော့ ငါက နင့်သတင်းကို နေ့တိုင်းမျှော်နေရတာလေ]

ရှန်ယွဲ့မှာ ထိုစကားကို ဖတ်ပြီးနောက် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမ၏အတွေးများက အတိတ်ဆီသို့ ပြန်ရောက်သွားတော့သည်။ ယဲ့ရင်းသာမရှိလျှင် သည်လိုအချိန်မျိုးတွင် သူမသည် ဘယ်သူ့ကိုသွားရှာမည်မှန်း တကယ်ပင် မသိတော့ပေ။

ချက်ချင်းဆိုသလို သူမက စာပြန်လိုက်လေသည်။

[နောက်တစ်ခုရှိသေးတယ်၊ ငါ့ ကတ်နံပါတ်နင့်ကို ပို့လိုက်မယ်၊ ငါ့ကို အရင်ဆုံး အရေးပေါ်ငွေထည့်ပေးအုံး၊ လာမယ့်ရက်ပိုင်းအတွင်းမှာ စျေးကြီးပေးရမယ့် ပြိုင်ပွဲတွေရှိလား]

ခဏကြာပြီးနောက် ရှန်ယွဲ့၏ဖုန်းသည် ယွန်၁၀သန်း လက်ခံရရှိခဲ့လေသည်. ချင်ချင်းပင် စခရင်က ထပ်လင်းလာသည်။

[ငါ နင့်ကိုအရင်ဆုံး ယွမ်၁၀သန်း လွဲပေးလိုက်မယ်၊ မလောက်သေးရင် နောက်မှဆက်ပြောကြတာပေါ့၊ ငါသိသလောက်တော့ သဘက်ခါကျရင် ဗဟိုမြို့တော်မှာ ကွန်ပျူတာပြိုင်ပွဲတစ်ခု ရှိတယ်၊ သူ့ code nameက " လင်းယုန်နက်"တဲ့၊ ရှင်းရှင်းပြောရရင်တော့ သူဌေးမိသားစုတွေအသုံးချဖို့အတွင် ပါရမီရှိတဲ့ဟက်ကာတွေကို ရွေးတာပဲ၊ ငါ သိသလောက်တော့ ဆုကြေးငွေက ယွမ် ၂သန်းတဲ့၊ ဘာလို့လဲ၊ နင် အမည်မသိအနေနဲ့ ဝင်ပြိုင်မလို့တော့ မဟုတ်ပါဘူးနော်၊ ဒါက ပွဲတစ်ခုဖြစ်သွားလိမ့်မယ်နော်၊ နင် တကယ်ကြီးလား ]

" ဟက်ကာပြိုင်ပွဲတဲ့လား၊ စိတ်ဝင်စားစရာပဲ" ရှန်ယွဲ့က တစ်ယောက်တည်း ရေရွတ်လိုက်သည်။

" ဒါဆိုရင်တော့ ဒီလူငယ်ဟက်ကာလေးတွေက ဘယ်အဆင့်အထိရောက်နေပြီလဲဆိုတာ ကြည့်ပါအုံးမယ်"

[ကျေးဇူး၊ ငွေရမယ့် ဒီလောက်တဲ့အခွင့်အရေးကို ဝင်ပြိုင်ရမှာပေါ့ဟယ်၊ ငါ နင့်ကို ယွမ်၁၀သန်း ပြန်မပေးတော့ဘူးနော်၊ နင် ငါ့ဆီမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ မှတ်လိုက်၊ တစ်ခုခုဆိုရင် ငါနင့်ကို ဆက်သွယ်လိုက်မယ်] ရှန်ယွဲ့ သည်စာကြောင်းကို သေသေသပ်သပ် ရိုက်လိုက်လေသည်။

သည့်အခိုက်တွင် Hနိုင်ငံ အဆောက်အဦးတစ်ခု၏ ခေါင်းမိုးထပ် ခမ်းနားလှသည့် ရုံးခန်းတစ်ခုထဲတွင် ယဲ့ရင်းသည် ခပ်မှိုင်းမှိုင်းအကြည့်တစ်ခုဖြင့် တဖြည်းဖြည်းမှိန်သွားသည့် ကွန်ပျူတာစခရင်ကို ကြည့်နေလေသည်။ ယွမ်၁၀သန်းမပြောနဲ့ ရှန်ယွဲ့အတွက်ဆိုရင် သူဘာမလိုလုပ်ပေးနိုင်တယ်။ သူမအတွက် သူ့အသက်ကိုတောင် စွန့်လွှတ်နိုင်တယ်။ သူမ အန္တရာယ်ကင်းဖို့ပဲ သူမျှော်လင့်တာပါ။

ထို့နောက်တွင် ရှန်ယွဲ့က လိုင်းပေါ်တက်လာပြီး နည်းနည်းပါးပါး ရှာကြည့်လိုက်သည်။ ဟုတ်ပါသည်။ သူမသည် 'လင်းယုန်နက်' code nameပေးထားသည့် ပြိုင်ပွဲကို ရှာတွေ့သွားခဲ့သည်။ ပြိုင်ပွဲဝက်ဘ်ဆိုက်ကိုပင် ကုဒ်ဖြင့်ရေးထားသည်။ ဘာအရည်အချင်းမှမရှိသူများက ဝင်ပြိုင်ဖို့ရန် အရည်အချင်းမမီတော့သယောင်။

သို့သော် ဒီလိုကိစ္စလေးက ရှန်ယွဲ့ကို မည်သို့အခက်တွေ့စေနိုင်ပါမည်နည်း။ သူမ၏နှုတ်ခမ်းထောင့်မှာ မသိမသာကွေးတက်သွားလေသည်။ သူမက လက်ပိုက်ထားရင်းကာ လက်ချောင်းများကို အကွေးအဆန့်လုပ်လိုက်လေသည်။ ကီးဘုတ်ပေါ်တွင် အကြိမ်အနည်းငယ်လောက် ရိုက်လိုက်ပြီးနောက်တွင် သူမသည် ပြိုင်ပွဲဝက်ဘ်ဆိုက်ထဲသို့ ဝင်သွားတော့သည်။

သဘက်ခါတွင် စတင်မည့် ပြိုင်ပွဲကို ကြည့်လိုက်ပြီး သူမက ပြိုင်ပွဲဝင်စာရင်းတွင် အမည်မသိIDတစ်ခုနှင့် ဝင်လိုက်ပြီး အခြေအနေအချက်အလက်များကို ဖြည့်လိုက်သည်။ ပြီးသွားပြီ။

သည်ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ရှန်ယွဲ့က ကွန်ပျူတာကို ပိတ်လိုက်သည်။ သူမသည် တရားဝင်ပြိုင်ပွဲတစ်ခုကို ဝင်မပြိုင်သည်မှာ အလွန်ကြာနေပြီးဖြစ်ကြောင်း စဥ်းစားမိလိုက်ပြီး သူမသည် နည်းနည်းတော့ လိုအပ်ချက်ရှိလောက်သည်ဟု တွေးမိလိုက်သည်။ ထို့အပြင် ကွန်ပျူတာပစ္စည်းများကလည်း ပြီးပြည့်စုံမှုမရှိချေ။ နောက်ဆုံးအခေါက်က သူမသည် motherboard နဲ့ chipများကို သာ ဝယ်ခဲ့ရသည်။ သူတို့သည် နေ့စဥ်သုံးအတွက် အဆင်ပြေသော်လည်း သည်လိုဟက်ကာ ပြိုင်ပွဲတစ်ခုတွင် ဝင်ပြိုင်ဖို့ရန်တော့ လုံးဝမလုံလောက်ပေ။

ထို့ကြောင့် ရှန်ယွဲ့က ကွန်ပျူတာမြို့တော်က မှောင်ခိုစျေးသည် ကောဟူ ကိုစဥ်းစားမိလိုက်လေသည်။ သူ့မှာ လတ်တလော ပစ္စည်းကောင်းများ ရှိနေလောက်သည်။ သူမသည် ကံစမ်းကြည့်ရန် မနက်ဖြန် ကွန်ပျူတာမြို့တော်သို့ သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ရှန်ယွဲ့သည် အခန်းထဲက ထွက်လာပြီး တံခါးကို အသာအယာတွန်းဖွင့်လိုက်သည်။ သူမက ခေါင်းလေးကို ပြူကြည့်လုက်ပြီး ရှန်ချန်၏အခန်းထဲသို့ ကြည့်လိုက်သည်။

"ရှန်ချန် စာလုပ်နေတာလား၊ ငါ နင့်ကို နှောင့်ယှက်မိသွားလား"

"ရပါတယ်၊ ဝင်လာလေ အစ်မ၊ ငါ မနက်က အိမ်စာတွေ လုပ်ပြီးသွားပြီ၊ နင် သင်ပေးထားတဲ့ ကွန်ပျူတာပရိုဂရမ်ကို လေ့ကျင့်နေတာ"

ရှန်ယွဲ့သည် ရှန်ချန်က သည်ကိစ္စကို ထိုမျှလောက် အလေးထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက သူ့ဘေးတွင် ထိုင်ချလိုက်ကာ ပြောလိုက်သည်။

"ဒါဆို ငါ သင်ပေးထားတာနဲ့ ရေးပြီး နင် ဘယ်လောက်အထိ ကောင်းကောင်းကျွမ်းကျင်လာပြီလဲဆိုတာ ငါ့ကို ပြကြည့်လေ"

"ပြမှာပေါ့"

ရှန်ချန်က ခေါင်းညိတ်သဘောတူလိုက်သည်။ သူသည် စိတ်လှုပ်ရှားသွားပြီး မနေနိုင်တော့ဘဲ သူ့ကြွက်သားများကို အကြောဆန့်လိုက်လေသည်။ သူက မောက်ကို ကိုင်လိုက်ပြီး ကွန်ပျူတာကို မြန်မြန်နှိပ်လိုက်သည်။ တစ်ချိန်ထဲတွင် သူ့တခြားလက်က ကီးဘုတ်ပေါ်တွင် မြန်မြန်ဆန်ဆန် ရိုက်နှိပ်လိုက်လေတော့သည်။

...

အပိုင်း (၁၅၃) ရှန်ချန်၏အရည်အချင်း

ရှန်ချန်က အရင်ဆုံး Trojan horse ဗိုင်းရက်စ်တစ်ခုကို ကွန်ပျူတာထဲထည့်လိုက်လေသည်။ ထို့နောက် သူသည် port တစ်ခုကို ပုံမှန်အတိုင်းရွေးလိုက်ပြီး ကွန်ပျူတာ systemထဲဝင်ရန် သုံးလိုက်သည်။ သူ့ကိုယ်ရေးအချက်အလက်အားလုံးနှင့် ကွန်ပျူတာအချက်အလက်အားကို ဘာအတားအဆီးမှ မရှိဘဲ ဖတ်ခံလိုက်ရတော့သည်။

Trojan horseကို ရှာမတွေ့စေရန် သူက ဗိုင်းရက်စ်ကို ကွန်ပျူတာ၏ ပင်မဆော့ဖ်ဝဲနှင့်ပင် တွဲထားကာ သည်နည်းဖြင့် ဖုံးကွယ်ထားလိုက်သည်။ သူသည် လုပ်ငန်းစဥ်တစ်ခုလုံးနှင့် အလွန်မှရင်းနှီးနေပြီး လုံးဝ တုံ့ဆိုင်းသွားခြင်းမရှိချေ။

ဗိုင်းရက်စ်ကို အောင်အောင်မြင်မြင် ထည့်သွင်းလိုက်ပြီးနောက် ရှန်ချန်က ကွန်ပျူတာထဲက Trojan horseကို ချက်ချင်းသ-တ်ပြီး ဖယ်ရှားလိုက်လေသည်. သူထည့်လိုက်သည့် ကွန်ပျူးတာဗိုင်းရက်စ်နှင့် တိုက်ခိုက်လိုက်ပြီးနောက် သူက အရင်ဆုံး ကွန်ပျူတာကို သန့်ရှင်းရေးလုပ်လိုက်ကာ တခြားအမှိုက်များကိုလည်း ရှင်းလင်းလိုက်လေသည်။

ရှန်ယွဲ့က ရှန်ချန်ကို ကြည့်လိုက်ပြီး ကျေနပ်ကာပြုံးလိုက်တော့သည်။ နှစ်ရက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ဒါတွေကို အရမ်းကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်နိုင်ခဲ့တာပဲ။ ရှန်ချန်ရဲလုပ်ဆောင်ရည်က သူမ မျှော်လင့်ထားတာထက် အများကြီး သာလွန်နေတယ်။

သို့သော်ငြား ဒါက အဆုံးသတ်မဟုတ်သေးချေ။ ရှန်ချန်သည် သူလုပ်နေသည့်အရာကို မရပ်လိုက်ဘဲ မောက်စ်ကို မြန်မြန်ကို ရွှေ့လိုက်လေသည်။ သူက ကွန်ပျူတာ၏ firewallကို ပိတ်လိုက်ပြီး ကွန်ပျူတာ၏ မူလထည့်သွင်းထားသည့် firewallထပ် ပိုပြီးပြည့်စုံသည့် firewallအသစ်ကို ကိုယ်တိုင်ပရိုဂရမ်ရေးပြီး ထည့်လိုက်လေသည်။

လုပ်ငန်းစဥ်များက ရှန်ယွဲ့ကို အနည်းငယ် အံ့ဩသွားစေတော့သည်။

" အရမ်းမိုက်တယ်၊ နင့်တတ်မြောက်မှုစွမ်းရည်က ငါ ထင်ထားတာထက် အများကြီးပိုကောင်းတာပဲ၊ နင်က firewall အသစ်တစ်ခုကို ဆောက်ပြီး Trojan horseကိုတောင် ဝှက်ထားလိုက်သေးတယ်၊ ငါ နင့်ကို အဲဒါတောင် မသင်ပေးရသေးဘူးလေ၊ ဘယ်လို လုပ်လိုက်တာလဲ"

ရှန်ချန်က ပြုံးပြီး သူ့ခေါင်းကို သပ်လိုက်လေသည်။ သူသည်လည်း အစ်မဖြစ်သူ၏ချီးမွှမ်းခံလိုက်ရသဖြင့် အလွန်ပျော်သွားတော့သည်။

" နင်သင်ပေးထားတဲ့ဟာနဲ့ ငါ အွန်လိုင်းမှာ လေ့လာခဲ့တဲ့ဟာနဲ့ပေါင်းပြီး ကိုယ့်ဟာကို လုပ်ကြည့်လိုက်တာ"

ရှန်ယွဲ့က သူမကိုယ်သူမ စဥ်းစားလိုက်မိသည်။ ငါ့မောင်လေးက တော်တော် အတတ်မြန်တာပဲ။ လူတော်တော်များများက ဒါတွေကို ပရိုဂရမ်ရေးဖို့မပြောနဲ့ ဒီလိုအကြောင်းအရာတွေကို နားမလည်နိုင်ဘူး။ ဒါတွေကို သင်ယူဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူးလေ။ ဟက်ကာအဆင့် သတ်မှတ်ချက်ထဲ့က ထိပ်ဆုံးအယောက်တစ်ယောက်ထဲမှာတောင် ကိုယ်တိုင်လေ့လာ သင်ယူနိုင်စွမ်းရှိတဲ့သူက အများကြီးမရှိဘူး။

" ချန်ချန် တော်တယ်၊ နင် အရမ်းအရည်အချင်းရှိတာပဲ၊ ဒါပေမဲ့ ငါ နင့်အတွက်ချထားပေးတဲ့ ပန်းတိုင်နဲ့တော့ အဝေးကြီးလိုသေးတယ်၊ ဆက်ပြီးကြိုးစားအုံး"

ရှန်ယွဲ့က သူ့ကို အလွန်ရိုးရှင်းစွာ ချီးကျူးလိုက်လေသည်။ နောက်ဆုံး သူမက ရှန်ချန်ကို သည်ရလာဒ်သေးသေးလေးအား ဂုဏ်ယူစေချင်မိသည်။ ပန်းတိုင်နှင့် အဝေးကြီးလိုသေးသည်။ နောက်ပိုင်း သူရင်ဆိုင်ရမည့် ဟက်ကာများ အားလုံးက အစစ်အမှန်ချပြထားခြင်းမဟုတ်ချေ။ သည်လိုမထူးခြားလှသည့် အရည်အချင်းများနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်မည့် အရာအမျိုးမဟုတ်ပေ။

ရှန်ချန်က သည်အပိုင်းတွင် ကျွမ်းကျင်ပြီးဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ရှန်ယွဲ့က ရှန်ချန်အတွက် အရေးကြီးတာဝန်တစ်ခု သတ်မှတ်ပေးလိုက်ပြီးနောက် ထရပ်ကာ မှာလိုက်လေသည်။

"ရှန်ချန် နင် လေ့ကျင့်နေတဲ့ကာလအတွင်းမှာ အခြေခံကောင်းကို တည်ဆောက်ထားရမယ်၊ အရှိန်ကိုပဲ မက်မနေနဲ့နော်"

"အစ်မ စိတ်မပူပါနဲ့၊ ငါ နားလည်ပါတယ်"

" အင်း ဒါဆို ကောင်းတယ်"

ထိုသို့ပြောလိုက်ပြီးနောက် ရှန်ယွဲ့က ရှန်ချန်၏ခေါင်းကို သပ်ပေးလိုက်ပြီး အခန်းထဲမှ လှည့်ထွက်သွားတော့သည်။

သူမအခန်းဆီသို့ ပြန်ရောက်လာပြီးနောက် ရှန်ယွဲ့က သူမ အကြမ်းဆွဲထားသည့် အစီအစဥ်ကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့လိုက်သည်။ ဒါက အစပဲရှိသေးတယ်။ နောက်ပိုင်းကျရင် ရင်ဆိုင်ရမှာတွေ အများကြီးပဲ။ တတ်နိုင်သလောက် ပြင်ဆင်တာတွေလုပ်ထားမှ ဖြစ်မယ်။ ငွေအင်အား၊ နည်းပညာနဲ့ လူအင်အား တစ်ခုမှ လိုအပ်ချက်ရှိနေလို့ မဖြစ်ဘူး။ ပထမတစ်ခုတော့ တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ နောက်နှစ်ခုက.... လက်တွေ့ကျတော့ တကယ်မလွယ်တာပဲ။

နောက်တစ်နေ့ မနက်စောစောတွင် ရှန်ယွဲ့သည် ရှန်ချန်က သူ့အထူးအရည်အချင်းကို ထုတ်ပြပြီးဖြစ်သဖြင့် သူကို ကွန်ပျူတာမြို့တော်သို့ ခေါ်သွားပြီး သူ့အသိပညာကို ချဲ့ထွင်ပေးဖို့ စဥ်းစားလိုက်လေသည်။ ထို့ကြောင့် သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသေးသည့် ရှန်ချန်ကို နိုးလိုက်တော့သည်။ လမ်းတွင် မနက်စာ စားလိုက်ကြပြီးနောက် သူတို့နှစ်ယောက်သည် ကွန်ပျူးတာမြို့တော်သို့ အတူတူလာခဲ့လိုက်ကြသည်။

သူတို့သည် ဝင်ပေါက်သို့ရောက်လာချိန်တွင် ဆိုင်တော်တော်များများက မဖွင့်သေးသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အစောကြီးရောက်လာသဖြင့် စျေးဆိုင်များက သူတို့၏ပစ္စည်းများကို နေရာချနေသည့်အချိန် ဖြစ်နေသည်။

ရှန်ချန်က အစ်မဖြစ်သူရှေ့တွင် ကြွားချင်လာသဖြင့် သူက ရှန်ယွဲ့ကို ဖွင့်နေပြီဖြစ်သည့် ဆိုင်လေးတစ်ခုဆီ ဆွဲခေါ်သွားပြီး အထဲက ပင်မframe နှင့် chipတို့ကို မိတ်ဆက်ပေးလေသ်။ အားသာချက်များက ရှင်းလင်းနေပြီး သူတို့၏လုပ်ဆောင်ချက်များကိုပင် တစ်ခုချင်း ယှဥ်ပြလိုက်သေးသည်။

" ညီလေးက ကောင်းကောင်း သိထားတာပဲ၊ ကြည့်ရတာ မင်းက ကျွမ်းကျင်တစ်ယောက်နဲ့တူတယ်"

ဆိုင်ရှင်က အပြုံးနှင့် လျှောက်လာပြီး ရှန်ချန်ကို ပြောလိုက်လေသည်။

" ကြည့်ပါ၊ ဒီမှာရှိတာတွေအားလုံးက ပစ္စည်းကောင်းတွေပါ၊ မင်း တစ်ခုခုလိုအပ်တာရှိ စျေးက ညှိလို့ရပါတယ်"

" အားနာပါတယ်ဗျ ကျွန်တော်က အွန်လိုင်းပေါ်မှာ လေ့လာခဲ့တဲ့ ရလာဒ်တွေကို အစ်မဆီကို ထုတ်ပြနေတာပါ၊ ကျွန်တော ဘာပစ္စည်းမှမဝယ်ပါဘူး..."

ရှန်ချန်က ခါးသက်သက်အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။

" မင်းက ဘာမှမဝယ်ဘူးဟုတ်လား၊ မင်းက ဘာမှမဝယ်ဘူးဆိုရင် ဘာလို့ဝင်လာပြီး ပေါက်ကရတွေ ပြောနေတာလဲ၊ မင်းက ကြီးသာမကြီးသေးတာ တော်တော်ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ၊ ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးနဲ့၊ ငါ ဒါတွေအားလုံးကို စျေးကြီးပေးဝယ်ထားရတာ၊ မင်း တစ်ခုခု ဖျက်ဆီးမိရင် တတ်နိုင်လို့လားကွ"

...

Update Price List နဲ့ Promotionလေးပါ

Gp-1 (1 - 250) 1000 Ks.

Gp - 2 (251 - 500) 2500 Ks.

Gp - 3 (501 - 750) 2500 Ks

Gp - 4 Stay tuned...

...

Gp 1+2 (3000)Ks

Gp 2+3 (4500) Ks

Gp 1+2+3 (5500)Ks

Currently Promotion

GP - 3 (20% off) ( promotion time - 1week 1.5.2024 to 7.5.2024)

....

Zawgyi

အပိုင္း (၁၅၂)

ထိုသို႔စဥ္းစားလိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ ႏႈတ္ခမ္းမဲ့လိုက္ၿပီး က်ိဳး႐ႊမ္းကို ပိုမေတာင္းလိုက္မိသည့္အတြက္ ေနာင္တရသြားေတာ့သည္။ ရွန္ယြဲ႕၏စိတ္ထဲတြင္ ႐ုတ္တရက္စိတ္ကူးတစ္ခု ေပၚေပါက္လာေလသည္။ သူမက အဓိပၸါယ္ပါပါ ညစ္က်ယ္က်ယ္ ၿပဳံးလိုက္ၿပီးေနာက္ ေျခလွမ္းက်ဲမ်ားႏွင့္ အိမ္ျပန္လာခဲ့ေတာ့သည္။ သူမ၏အခန္းထဲသို႔ အေလာတႀကီး ေျပးဝင္သြားလိုက္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာေအာင္ပစ္ထားခဲ့သည့္ ဆက္သြယ္ေရးကိရိယာကို ဖြင့္လိုက္ေလသည္။ ယဲ့ရင္းထံမွ စကားကို မဖတ္ေသးဘဲ လိုရင္းကို အရင္ေျပာလိုက္ေတာ့သည္။

[ယဲ့ရင္း က်ိဳး႐ႊမ္းအေၾကာင္း တတ္ႏိုင္သေလာက္ ျမန္ျမန္ကူစုံစမ္းေပးအုံး၊ ပိုအေသးစိတ္က်ေလ ပိုေကာင္းေလပဲ]

ရွန္ယြဲ႕က ကြန္ပ်ဴတာေရွ႕တြင္ထိုင္ရင္း သည္သိကၡာမဲ့လွသည့္ ယဲ့ရင္းက တစ္ေနကုန္ မည္သို႔မ်ား အမ်ိဳးသမီးမ်ားႏွင့္ တြဲခုတ္ေနႏိုင္သည့္အေၾကာင္းကိုအရင္းကို စဥ္းစားေနမိေလသည္။ ဘယ္အခ်ိန္မွ သူက သူမကို စာျပန္မည္ကိုေတာ့ မသိပါေခ်။

ေမွ်ာ္လင့္မထားဘဲ ေနာက္တစ္စကၠန္႔တြင္ ကြန္ပ်ဴတာစခရင္က လင္းလာေလသည္။

!!

[ျပႆနာမရွိဘူး။ ငါ စုံစမ္းၿပီးတာနဲ႔ ခ်က္ခ်င္းပို႔ေပးလိုက္မယ္။ ၿပီးေတာ့ ငါ စာျပန္တာ အရမ္းျမန္တယ္ဆိုၿပီး အံ့ဩမေနနဲ႔၊ ဘာလို႔လဲဆိုေတာ့ ငါက နင့္သတင္းကို ေန႔တိုင္းေမွ်ာ္ေနရတာေလ]

ရွန္ယြဲ႕မွာ ထိုစကားကို ဖတ္ၿပီးေနာက္ မၿပဳံးဘဲ မေနႏိုင္ေအာင္ ျဖစ္သြားေတာ့သည္။ သူမ၏အေတြးမ်ားက အတိတ္ဆီသို႔ ျပန္ေရာက္သြားေတာ့သည္။ ယဲ့ရင္းသာမရွိလွ်င္ သည္လိုအခ်ိန္မ်ိဳးတြင္ သူမသည္ ဘယ္သူ႔ကိုသြားရွာမည္မွန္း တကယ္ပင္ မသိေတာ့ေပ။

ခ်က္ခ်င္းဆိုသလို သူမက စာျပန္လိုက္ေလသည္။

[ေနာက္တစ္ခုရွိေသးတယ္၊ ငါ့ ကတ္နံပါတ္နင့္ကို ပို႔လိုက္မယ္၊ ငါ့ကို အရင္ဆုံး အေရးေပၚေငြထည့္ေပးအုံး၊ လာမယ့္ရက္ပိုင္းအတြင္းမွာ ေစ်းႀကီးေပးရမယ့္ ၿပိဳင္ပြဲေတြရွိလား]

ခဏၾကာၿပီးေနာက္ ရွန္ယြဲ႕၏ဖုန္းသည္ ယြန္၁၀သန္း လက္ခံရရွိခဲ့ေလသည္. ခ်င္ခ်င္းပင္ စခရင္က ထပ္လင္းလာသည္။

[ငါ နင့္ကိုအရင္ဆုံး ယြမ္၁၀သန္း လြဲေပးလိုက္မယ္၊ မေလာက္ေသးရင္ ေနာက္မွဆက္ေျပာၾကတာေပါ့၊ ငါသိသေလာက္ေတာ့ သဘက္ခါက်ရင္ ဗဟိုၿမိဳ႕ေတာ္မွာ ကြန္ပ်ဴတာၿပိဳင္ပြဲတစ္ခု ရွိတယ္၊ သူ႔ code nameက " လင္းယုန္နက္"တဲ့၊ ရွင္းရွင္းေျပာရရင္ေတာ့ သူေဌးမိသားစုေတြအသုံးခ်ဖို႔အတြင္ ပါရမီရွိတဲ့ဟက္ကာေတြကို ေ႐ြးတာပဲ၊ ငါ သိသေလာက္ေတာ့ ဆုေၾကးေငြက ယြမ္ ၂သန္းတဲ့၊ ဘာလို႔လဲ၊ နင္ အမည္မသိအေနနဲ႔ ဝင္ၿပိဳင္မလို႔ေတာ့ မဟုတ္ပါဘူးေနာ္၊ ဒါက ပြဲတစ္ခုျဖစ္သြားလိမ့္မယ္ေနာ္၊ နင္ တကယ္ႀကီးလား ]

" ဟက္ကာၿပိဳင္ပြဲတဲ့လား၊ စိတ္ဝင္စားစရာပဲ" ရွန္ယြဲ႕က တစ္ေယာက္တည္း ေရ႐ြတ္လိုက္သည္။

" ဒါဆိုရင္ေတာ့ ဒီလူငယ္ဟက္ကာေလးေတြက ဘယ္အဆင့္အထိေရာက္ေနၿပီလဲဆိုတာ ၾကည့္ပါအုံးမယ္"

[ေက်းဇူး၊ ေငြရမယ့္ ဒီေလာက္တဲ့အခြင့္အေရးကို ဝင္ၿပိဳင္ရမွာေပါ့ဟယ္၊ ငါ နင့္ကို ယြမ္၁၀သန္း ျပန္မေပးေတာ့ဘူးေနာ္၊ နင္ ငါ့ဆီမွာ ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ မွတ္လိုက္၊ တစ္ခုခုဆိုရင္ ငါနင့္ကို ဆက္သြယ္လိုက္မယ္] ရွန္ယြဲ႕ သည္စာေၾကာင္းကို ေသေသသပ္သပ္ ႐ိုက္လိုက္ေလသည္။

သည့္အခိုက္တြင္ Hႏိုင္ငံ အေဆာက္အဦးတစ္ခု၏ ေခါင္းမိုးထပ္ ခမ္းနားလွသည့္ ႐ုံးခန္းတစ္ခုထဲတြင္ ယဲ့ရင္းသည္ ခပ္မႈိင္းမႈိင္းအၾကည့္တစ္ခုျဖင့္ တျဖည္းျဖည္းမွိန္သြားသည့္ ကြန္ပ်ဴတာစခရင္ကို ၾကည့္ေနေလသည္။ ယြမ္၁၀သန္းမေျပာနဲ႔ ရွန္ယြဲ႕အတြက္ဆိုရင္ သူဘာမလိုလုပ္ေပးႏိုင္တယ္။ သူမအတြက္ သူ႔အသက္ကိုေတာင္ စြန္႔လႊတ္ႏိုင္တယ္။ သူမ အႏၲရာယ္ကင္းဖို႔ပဲ သူေမွ်ာ္လင့္တာပါ။

ထို႔ေနာက္တြင္ ရွန္ယြဲ႕က လိုင္းေပၚတက္လာၿပီး နည္းနည္းပါးပါး ရွာၾကည့္လိုက္သည္။ ဟုတ္ပါသည္။ သူမသည္ 'လင္းယုန္နက္' code nameေပးထားသည့္ ၿပိဳင္ပြဲကို ရွာေတြ႕သြားခဲ့သည္။ ၿပိဳင္ပြဲဝက္ဘ္ဆိုက္ကိုပင္ ကုဒ္ျဖင့္ေရးထားသည္။ ဘာအရည္အခ်င္းမွမရွိသူမ်ားက ဝင္ၿပိဳင္ဖို႔ရန္ အရည္အခ်င္းမမီေတာ့သေယာင္။

သို႔ေသာ္ ဒီလိုကိစၥေလးက ရွန္ယြဲ႕ကို မည္သို႔အခက္ေတြ႕ေစႏိုင္ပါမည္နည္း။ သူမ၏ႏႈတ္ခမ္းေထာင့္မွာ မသိမသာေကြးတက္သြားေလသည္။ သူမက လက္ပိုက္ထားရင္းကာ လက္ေခ်ာင္းမ်ားကို အေကြးအဆန္႔လုပ္လိုက္ေလသည္။ ကီးဘုတ္ေပၚတြင္ အႀကိမ္အနည္းငယ္ေလာက္ ႐ိုက္လိုက္ၿပီးေနာက္တြင္ သူမသည္ ၿပိဳင္ပြဲဝက္ဘ္ဆိုက္ထဲသို႔ ဝင္သြားေတာ့သည္။

သဘက္ခါတြင္ စတင္မည့္ ၿပိဳင္ပြဲကို ၾကည့္လိုက္ၿပီး သူမက ၿပိဳင္ပြဲဝင္စာရင္းတြင္ အမည္မသိIDတစ္ခုႏွင့္ ဝင္လိုက္ၿပီး အေျခအေနအခ်က္အလက္မ်ားကို ျဖည့္လိုက္သည္။ ၿပီးသြားၿပီ။

သည္ကိစၥကို ေျဖရွင္းၿပီးေနာက္တြင္ ရွန္ယြဲ႕က ကြန္ပ်ဴတာကို ပိတ္လိုက္သည္။ သူမသည္ တရားဝင္ၿပိဳင္ပြဲတစ္ခုကို ဝင္မၿပိဳင္သည္မွာ အလြန္ၾကာေနၿပီးျဖစ္ေၾကာင္း စဥ္းစားမိလိုက္ၿပီး သူမသည္ နည္းနည္းေတာ့ လိုအပ္ခ်က္ရွိေလာက္သည္ဟု ေတြးမိလိုက္သည္။ ထို႔အျပင္ ကြန္ပ်ဴတာပစၥည္းမ်ားကလည္း ၿပီးျပည့္စုံမႈမရွိေခ်။ ေနာက္ဆုံးအေခါက္က သူမသည္ motherboard နဲ႔ chipမ်ားကို သာ ဝယ္ခဲ့ရသည္။ သူတို႔သည္ ေန႔စဥ္သုံးအတြက္ အဆင္ေျပေသာ္လည္း သည္လိုဟက္ကာ ၿပိဳင္ပြဲတစ္ခုတြင္ ဝင္ၿပိဳင္ဖို႔ရန္ေတာ့ လုံးဝမလုံေလာက္ေပ။

ထို႔ေၾကာင့္ ရွန္ယြဲ႕က ကြန္ပ်ဴတာၿမိဳ႕ေတာ္က ေမွာင္ခိုေစ်းသည္ ေကာဟူ ကိုစဥ္းစားမိလိုက္ေလသည္။ သူ႔မွာ လတ္တေလာ ပစၥည္းေကာင္းမ်ား ရွိေနေလာက္သည္။ သူမသည္ ကံစမ္းၾကည့္ရန္ မနက္ျဖန္ ကြန္ပ်ဴတာၿမိဳ႕ေတာ္သို႔ သြားဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

ရွန္ယြဲ႕သည္ အခန္းထဲက ထြက္လာၿပီး တံခါးကို အသာအယာတြန္းဖြင့္လိုက္သည္။ သူမက ေခါင္းေလးကို ျပဴၾကည့္လုက္ၿပီး ရွန္ခ်န္၏အခန္းထဲသို႔ ၾကည့္လိုက္သည္။

"ရွန္ခ်န္ စာလုပ္ေနတာလား၊ ငါ နင့္ကို ေႏွာင့္ယွက္မိသြားလား"

"ရပါတယ္၊ ဝင္လာေလ အစ္မ၊ ငါ မနက္က အိမ္စာေတြ လုပ္ၿပီးသြားၿပီ၊ နင္ သင္ေပးထားတဲ့ ကြန္ပ်ဴတာပ႐ိုဂရမ္ကို ေလ့က်င့္ေနတာ"

ရွန္ယြဲ႕သည္ ရွန္ခ်န္က သည္ကိစၥကို ထိုမွ်ေလာက္ အေလးထားလိမ့္မည္ဟု ထင္မထားခဲ့ေခ်။ သူမက သူ႔ေဘးတြင္ ထိုင္ခ်လိုက္ကာ ေျပာလိုက္သည္။

"ဒါဆို ငါ သင္ေပးထားတာနဲ႔ ေရးၿပီး နင္ ဘယ္ေလာက္အထိ ေကာင္းေကာင္းကြၽမ္းက်င္လာၿပီလဲဆိုတာ ငါ့ကို ျပၾကည့္ေလ"

"ျပမွာေပါ့"

ရွန္ခ်န္က ေခါင္းညိတ္သေဘာတူလိုက္သည္။ သူသည္ စိတ္လႈပ္ရွားသြားၿပီး မေနႏိုင္ေတာ့ဘဲ သူ႔ႂကြက္သားမ်ားကို အေၾကာဆန္႔လိုက္ေလသည္။ သူက ေမာက္ကို ကိုင္လိုက္ၿပီး ကြန္ပ်ဴတာကို ျမန္ျမန္ႏွိပ္လိုက္သည္။ တစ္ခ်ိန္ထဲတြင္ သူ႔တျခားလက္က ကီးဘုတ္ေပၚတြင္ ျမန္ျမန္ဆန္ဆန္ ႐ိုက္ႏွိပ္လိုက္ေလေတာ့သည္။

...

အပိုင္း (၁၅၃) ရွန္ခ်န္၏အရည္အခ်င္း

ရွန္ခ်န္က အရင္ဆုံး Trojan horse ဗိုင္းရက္စ္တစ္ခုကို ကြန္ပ်ဴတာထဲထည့္လိုက္ေလသည္။ ထို႔ေနာက္ သူသည္ port တစ္ခုကို ပုံမွန္အတိုင္းေ႐ြးလိုက္ၿပီး ကြန္ပ်ဴတာ systemထဲဝင္ရန္ သုံးလိုက္သည္။ သူ႔ကိုယ္ေရးအခ်က္အလက္အားလုံးႏွင့္ ကြန္ပ်ဴတာအခ်က္အလက္အားကို ဘာအတားအဆီးမွ မရွိဘဲ ဖတ္ခံလိုက္ရေတာ့သည္။

Trojan horseကို ရွာမေတြ႕ေစရန္ သူက ဗိုင္းရက္စ္ကို ကြန္ပ်ဴတာ၏ ပင္မေဆာ့ဖ္ဝဲႏွင့္ပင္ တြဲထားကာ သည္နည္းျဖင့္ ဖုံးကြယ္ထားလိုက္သည္။ သူသည္ လုပ္ငန္းစဥ္တစ္ခုလုံးႏွင့္ အလြန္မွရင္းႏွီးေနၿပီး လုံးဝ တုံ႔ဆိုင္းသြားျခင္းမရွိေခ်။

ဗိုင္းရက္စ္ကို ေအာင္ေအာင္ျမင္ျမင္ ထည့္သြင္းလိုက္ၿပီးေနာက္ ရွန္ခ်န္က ကြန္ပ်ဴတာထဲက Trojan horseကို ခ်က္ခ်င္းသ-တ္ၿပီး ဖယ္ရွားလိုက္ေလသည္. သူထည့္လိုက္သည့္ ကြန္ပ်ဴးတာဗိုင္းရက္စ္ႏွင့္ တိုက္ခိုက္လိုက္ၿပီးေနာက္ သူက အရင္ဆုံး ကြန္ပ်ဴတာကို သန္႔ရွင္းေရးလုပ္လိုက္ကာ တျခားအမႈိက္မ်ားကိုလည္း ရွင္းလင္းလိုက္ေလသည္။

ရွန္ယြဲ႕က ရွန္ခ်န္ကို ၾကည့္လိုက္ၿပီး ေက်နပ္ကာၿပဳံးလိုက္ေတာ့သည္။ ႏွစ္ရက္ပဲ ရွိေသးတယ္။ ဒါေပမဲ့ သူက ဒါေတြကို အရမ္းကို ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ လုပ္ႏိုင္ခဲ့တာပဲ။ ရွန္ခ်န္ရဲလုပ္ေဆာင္ရည္က သူမ ေမွ်ာ္လင့္ထားတာထက္ အမ်ားႀကီး သာလြန္ေနတယ္။

သို႔ေသာ္ျငား ဒါက အဆုံးသတ္မဟုတ္ေသးေခ်။ ရွန္ခ်န္သည္ သူလုပ္ေနသည့္အရာကို မရပ္လိုက္ဘဲ ေမာက္စ္ကို ျမန္ျမန္ကို ေ႐ႊ႕လိုက္ေလသည္။ သူက ကြန္ပ်ဴတာ၏ firewallကို ပိတ္လိုက္ၿပီး ကြန္ပ်ဴတာ၏ မူလထည့္သြင္းထားသည့္ firewallထပ္ ပိုၿပီးျပည့္စုံသည့္ firewallအသစ္ကို ကိုယ္တိုင္ပ႐ိုဂရမ္ေရးၿပီး ထည့္လိုက္ေလသည္။

လုပ္ငန္းစဥ္မ်ားက ရွန္ယြဲ႕ကို အနည္းငယ္ အံ့ဩသြားေစေတာ့သည္။

" အရမ္းမိုက္တယ္၊ နင့္တတ္ေျမာက္မႈစြမ္းရည္က ငါ ထင္ထားတာထက္ အမ်ားႀကီးပိုေကာင္းတာပဲ၊ နင္က firewall အသစ္တစ္ခုကို ေဆာက္ၿပီး Trojan horseကိုေတာင္ ဝွက္ထားလိုက္ေသးတယ္၊ ငါ နင့္ကို အဲဒါေတာင္ မသင္ေပးရေသးဘူးေလ၊ ဘယ္လို လုပ္လိုက္တာလဲ"

ရွန္ခ်န္က ၿပဳံးၿပီး သူ႔ေခါင္းကို သပ္လိုက္ေလသည္။ သူသည္လည္း အစ္မျဖစ္သူ၏ခ်ီးမႊမ္းခံလိုက္ရသျဖင့္ အလြန္ေပ်ာ္သြားေတာ့သည္။

" နင္သင္ေပးထားတဲ့ဟာနဲ႔ ငါ အြန္လိုင္းမွာ ေလ့လာခဲ့တဲ့ဟာနဲ႔ေပါင္းၿပီး ကိုယ့္ဟာကို လုပ္ၾကည့္လိုက္တာ"

ရွန္ယြဲ႕က သူမကိုယ္သူမ စဥ္းစားလိုက္မိသည္။ ငါ့ေမာင္ေလးက ေတာ္ေတာ္ အတတ္ျမန္တာပဲ။ လူေတာ္ေတာ္မ်ားမ်ားက ဒါေတြကို ပ႐ိုဂရမ္ေရးဖို႔မေျပာနဲ႔ ဒီလိုအေၾကာင္းအရာေတြကို နားမလည္ႏိုင္ဘူး။ ဒါေတြကို သင္ယူဖို႔ဆိုတာ ပိုၿပီးေတာ့ေတာင္ မျဖစ္ႏိုင္ဘူးေလ။ ဟက္ကာအဆင့္ သတ္မွတ္ခ်က္ထဲ့က ထိပ္ဆုံးအေယာက္တစ္ေယာက္ထဲမွာေတာင္ ကိုယ္တိုင္ေလ့လာ သင္ယူႏိုင္စြမ္းရွိတဲ့သူက အမ်ားႀကီးမရွိဘူး။

" ခ်န္ခ်န္ ေတာ္တယ္၊ နင္ အရမ္းအရည္အခ်င္းရွိတာပဲ၊ ဒါေပမဲ့ ငါ နင့္အတြက္ခ်ထားေပးတဲ့ ပန္းတိုင္နဲ႔ေတာ့ အေဝးႀကီးလိုေသးတယ္၊ ဆက္ၿပီးႀကိဳးစားအုံး"

ရွန္ယြဲ႕က သူ႔ကို အလြန္႐ိုးရွင္းစြာ ခ်ီးက်ဴးလိုက္ေလသည္။ ေနာက္ဆုံး သူမက ရွန္ခ်န္ကို သည္ရလာဒ္ေသးေသးေလးအား ဂုဏ္ယူေစခ်င္မိသည္။ ပန္းတိုင္ႏွင့္ အေဝးႀကီးလိုေသးသည္။ ေနာက္ပိုင္း သူရင္ဆိုင္ရမည့္ ဟက္ကာမ်ား အားလုံးက အစစ္အမွန္ခ်ျပထားျခင္းမဟုတ္ေခ်။ သည္လိုမထူးျခားလွသည့္ အရည္အခ်င္းမ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ႏိုင္မည့္ အရာအမ်ိဳးမဟုတ္ေပ။

ရွန္ခ်န္က သည္အပိုင္းတြင္ ကြၽမ္းက်င္ၿပီးျဖစ္သည္ကို ေတြ႕လိုက္ရသျဖင့္ ရွန္ယြဲ႕က ရွန္ခ်န္အတြက္ အေရးႀကီးတာဝန္တစ္ခု သတ္မွတ္ေပးလိုက္ၿပီးေနာက္ ထရပ္ကာ မွာလိုက္ေလသည္။

"ရွန္ခ်န္ နင္ ေလ့က်င့္ေနတဲ့ကာလအတြင္းမွာ အေျခခံေကာင္းကို တည္ေဆာက္ထားရမယ္၊ အရွိန္ကိုပဲ မက္မေနနဲ႔ေနာ္"

"အစ္မ စိတ္မပူပါနဲ႔၊ ငါ နားလည္ပါတယ္"

" အင္း ဒါဆို ေကာင္းတယ္"

ထိုသို႔ေျပာလိုက္ၿပီးေနာက္ ရွန္ယြဲ႕က ရွန္ခ်န္၏ေခါင္းကို သပ္ေပးလိုက္ၿပီး အခန္းထဲမွ လွည့္ထြက္သြားေတာ့သည္။

သူမအခန္းဆီသို႔ ျပန္ေရာက္လာၿပီးေနာက္ ရွန္ယြဲ႕က သူမ အၾကမ္းဆြဲထားသည့္ အစီအစဥ္ကို ၾကည့္လိုက္ၿပီး မသိမသာ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဒါက အစပဲရွိေသးတယ္။ ေနာက္ပိုင္းက်ရင္ ရင္ဆိုင္ရမွာေတြ အမ်ားႀကီးပဲ။ တတ္ႏိုင္သေလာက္ ျပင္ဆင္တာေတြလုပ္ထားမွ ျဖစ္မယ္။ ေငြအင္အား၊ နည္းပညာနဲ႔ လူအင္အား တစ္ခုမွ လိုအပ္ခ်က္ရွိေနလို႔ မျဖစ္ဘူး။ ပထမတစ္ခုေတာ့ ေတာ္ေတာ္႐ိုးရွင္းတယ္။ ဒါေပမဲ့ ေနာက္ႏွစ္ခုက.... လက္ေတြ႕က်ေတာ့ တကယ္မလြယ္တာပဲ။

ေနာက္တစ္ေန႔ မနက္ေစာေစာတြင္ ရွန္ယြဲ႕သည္ ရွန္ခ်န္က သူ႔အထူးအရည္အခ်င္းကို ထုတ္ျပၿပီးျဖစ္သျဖင့္ သူကို ကြန္ပ်ဴတာၿမိဳ႕ေတာ္သို႔ ေခၚသြားၿပီး သူ႔အသိပညာကို ခ်ဲ႕ထြင္ေပးဖို႔ စဥ္းစားလိုက္ေလသည္။ ထို႔ေၾကာင့္ သူမက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနေသးသည့္ ရွန္ခ်န္ကို ႏိုးလိုက္ေတာ့သည္။ လမ္းတြင္ မနက္စာ စားလိုက္ၾကၿပီးေနာက္ သူတို႔ႏွစ္ေယာက္သည္ ကြန္ပ်ဴးတာၿမိဳ႕ေတာ္သို႔ အတူတူလာခဲ့လိုက္ၾကသည္။

သူတို႔သည္ ဝင္ေပါက္သို႔ေရာက္လာခ်ိန္တြင္ ဆိုင္ေတာ္ေတာ္မ်ားမ်ားက မဖြင့္ေသးသည္ကို ေတြ႕လိုက္ရသည္။ သူတို႔သည္ အေစာႀကီးေရာက္လာသျဖင့္ ေစ်းဆိုင္မ်ားက သူတို႔၏ပစၥည္းမ်ားကို ေနရာခ်ေနသည့္အခ်ိန္ ျဖစ္ေနသည္။

ရွန္ခ်န္က အစ္မျဖစ္သူေရွ႕တြင္ ႂကြားခ်င္လာသျဖင့္ သူက ရွန္ယြဲ႕ကို ဖြင့္ေနၿပီျဖစ္သည့္ ဆိုင္ေလးတစ္ခုဆီ ဆြဲေခၚသြားၿပီး အထဲက ပင္မframe ႏွင့္ chipတို႔ကို မိတ္ဆက္ေပးေလသ္။ အားသာခ်က္မ်ားက ရွင္းလင္းေနၿပီး သူတို႔၏လုပ္ေဆာင္ခ်က္မ်ားကိုပင္ တစ္ခုခ်င္း ယွဥ္ျပလိုက္ေသးသည္။

" ညီေလးက ေကာင္းေကာင္း သိထားတာပဲ၊ ၾကည့္ရတာ မင္းက ကြၽမ္းက်င္တစ္ေယာက္နဲ႔တူတယ္"

ဆိုင္ရွင္က အၿပဳံးႏွင့္ ေလွ်ာက္လာၿပီး ရွန္ခ်န္ကို ေျပာလိုက္ေလသည္။

" ၾကည့္ပါ၊ ဒီမွာရွိတာေတြအားလုံးက ပစၥည္းေကာင္းေတြပါ၊ မင္း တစ္ခုခုလိုအပ္တာရွိ ေစ်းက ညႇိလို႔ရပါတယ္"

" အားနာပါတယ္ဗ် ကြၽန္ေတာ္က အြန္လိုင္းေပၚမွာ ေလ့လာခဲ့တဲ့ ရလာဒ္ေတြကို အစ္မဆီကို ထုတ္ျပေနတာပါ၊ ကြၽန္ေတာ ဘာပစၥည္းမွမဝယ္ပါဘူး..."

ရွန္ခ်န္က ခါးသက္သက္အၿပဳံးတစ္ခုႏွင့္ ရွင္းျပလိုက္ေလသည္။

" မင္းက ဘာမွမဝယ္ဘူးဟုတ္လား၊ မင္းက ဘာမွမဝယ္ဘူးဆိုရင္ ဘာလို႔ဝင္လာၿပီး ေပါက္ကရေတြ ေျပာေနတာလဲ၊ မင္းက ႀကီးသာမႀကီးေသးတာ ေတာ္ေတာ္ဟန္ေဆာင္ေကာင္းတဲ့ေကာင္ပဲ၊ ဟိုလက္ညိဳးထိုး ဒီလက္ညိဳးထိုးနဲ႔၊ ငါ ဒါေတြအားလုံးကို ေစ်းႀကီးေပးဝယ္ထားရတာ၊ မင္း တစ္ခုခု ဖ်က္ဆီးမိရင္ တတ္ႏိုင္လို႔လားကြ"

...

Update Price List နဲ႔ Promotionေလးပါ

Gp-1 (1 - 250) 1000 Ks.

Gp - 2 (251 - 500) 2500 Ks.

Gp - 3 (501 - 750) 2500 Ks

Gp - 4 Stay tuned...

...

Gp 1+2 (3000)Ks

Gp 2+3 (4500) Ks

Gp 1+2+3 (5500)Ks

Currently Promotion

GP - 3 (20% off) ( promotion time - 1week 1.5.2024 to 7.5.2024)

....

Continue Reading

You'll Also Like

7.8K 705 45
Myanmar Translation of Quick Transmigration: Final Boss Is No Joke Arc [16] Both Unicode & Zawgyi This story is not mine! I just translate it for fu...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest