Unicode
သူ့ဝမ်းကွဲရဲ့ ဟန်ဆောင်အထီးကျန်မှုအောက်မှာ ဘာတည်ရှိနေတာလဲဆိုတာကို လော့ကျစ်ယွီသာလျှင် နားလည်နိုင်တယ်။
သူက အကြံသမားပဲ!
အကြံအစည်တွေ အပြည့်နဲ့။
ကံမကောင်းစွာပဲ၊ လော့ကျစ်ယွီ ဒီမှာ မရှိခဲ့ဘူးလေ။
လော့ချယ်ရဲ့အထီးကျန်နေတဲ့ ပုံသဏ္ဍာန်ကိုမြင်ပြီးနောက် ကုမျန် ပြောလိုက်မိတယ်။"ရှင်စားချင်ရင် ကျွန်မကိုပြောလို့ရတယ်"
ဘာပဲဖြစ်ဖြစ်၊ လော့ချယ်မှာ ပရောဂျက်တွေ အများကြီးရှိပြီး ဒီလိုအလုပ်များလွန်းလှတဲ့ အချိန်ဇယားကြောင့် အချိန်မရှိသလောက်ဖြစ်ပြီး သူမဆီ တကယ်ရောက်လာမှာ မဟုတ်ဘူးလို့ သူမခံစားရတယ်။
အမျိုးသားဇာတ်လိုက်က အစားအစာအနည်းငယ်အကြောင်းကို ဘယ်လိုဂရုစိုက်ရမှာလဲ?
EQ အနည်းငယ်ရှိသူတိုင်းက သူမရဲ့စကားတွေက ဒီတိုင်းအဖြစ်ပြောတာသာဖြစ်ကြောင်း သိကြမှာဖြစ်ပြီး အမှန်တကယ်တော့ လော့ချယ် သူမကိုလာရှာတာကို အမှန်တကယ်မလိုချင်ခဲ့ပေ။
နောက်ပိုင်းကျရင်တော့ သူမက သူနဲ့လမ်းခွဲမှာမို့ လမ်းခွဲပြီးတဲ့ နောက်မှာ သူမဆီ ထမင်းတစ်နပ်လာစားစရာအကြောင်း မရှိတော့ဘူးလေ။
ဒါကြောင့် ကုမျန်က ဝန်လေးခြင်းမရှိပဲ ပြောလိုက်တာပင်။
ဒါပေမယ့် လော့ချယ်က ဒီစကားကိုကြားတော့ သူက ပြုံးပြီး ဖော်ရွေစွာ တုံ့ပြန်ခဲ့တယ်။"ကောင်းပြီ၊ ကိုယ် မင်းကို နောက်ဆိုနှောင့်ယှက်ရတော့မှာပဲ"
လော့ချယ်ရဲ့အမြင်မှာတော့ သူနဲ့ကုမျန်တို့က အမည်ခံချစ်သူတွေဖြစ်ကြပေမယ့်လည်း၊ အမှန်တကယ်တော့ သူ ကုမျန်ကို ပထမဆုံးလက်ခံခဲ့တုန်းက ရိုးသားမှုကို မပြခဲ့ရပေ။ သူတို့နှစ်ယောက်ကို ချစ်သူကောင်လေးနဲ့ ချစ်သူကောင်မလေးလို့ ခေါင်းစဉ်တပ်ထားပေမယ့် ချစ်သူတွေနဲ့မတူနေဘူးလေ။
သူတို့က သာမန်သူငယ်ချင်းတွေထက် အနည်းငယ်ပိုကောင်းနေရုံပင်။
ဒါကြောင့် အကြံအစည်တွေ ကြံဆပြီး လုပ်ရသေးတယ်။ သူအဲ့လိုမလုပ်ရင် သူမကို ဆက်သွယ်ဖို့အခွင့်အရေး ပိုရှိလာပါ့မလား။
လော့ချယ်က သူမလို ဒီတိုင်းအဖြစ်ပြောတာပါလို့သာ ကုမျန်ထင်ခဲ့တယ်။ ဒါကြောင့် သူမက ဒီကိစ္စကို စိတ်ထဲ မထည့်ခဲ့ဘူး။
သူတို့က အလွန်အမင်းကိုကြွယ်ဝလှတဲ့ နေ့လယ်စာကို စားခဲ့ကြတယ်။ လင်ချန်အန်းရဲ့ နေ့လည်စာကတော့ နည်းနည်းအကြမ်းဖျင်းဆန်တယ်။ ဆိုရိုးစကားအတိုင်း နှိုင်းယှဥ်မှုမရှိရင် ထိခိုက်ခံစားရမှုလည်း မရှိဘူး။ ကုမျန်တို့ရဲ့ အစားအစာကြွယ်ဝမှုဘက်ခြမ်းက လင်ချန်အန်းတို့ရဲ့ ရိုးရှင်းတဲ့ဟင်းပွဲထက် ပိုပေါ်လွင်ထင်ရှားနေတယ်လေ။
ကံကောင်းထောက်မစွာနဲ့ လင်ချန်အန်းတို့ လူသုံးယောက်အုပ်စုကလည်း ဗိုက်ဖြည့်နိုင်ခဲ့တယ်။
ဧည့်သည်အားလုံး နေ့လည်စာစားပြီးတော့ တင်ဆက်သူက ပြန်ပေါ်လာတယ်။ ဒီတစ်ကြိမ်မှာ သူက ပေါ်လာရုံတင်မကဘဲ "ယွမ်သုံးသိန်း"တန် ချက်လက်မှတ်ကြီးလည်း ယူလာခဲ့တာပင်။
ဒီ ယွမ်300,000 က ရက်ရောတဲ့ ပရိုဂရမ်စပွန်ဆာဆီကနေ လာတာဖြစ်တယ်။
တင်ဆက်သူက လူတိုင်းကို နှုတ်ဆက်ပြီးနောက် သူက ဆိုလိုချင်တာကို တန်းတန်းမတ်မတ်ပြောလိုက်တယ်။"ပထမနေရာကို နှစ်ကြိမ်ရခဲ့တဲ့ အသင်းတစ်သင်းရှိတယ် မနေ့က လော့ချယ်ရဲ့အဖွဲ့က သကြားလုံးကို တစ်စုံတစ်ခုနဲ့ ဖလှယ်ရတဲ့တာ၀န်မှာ ပထမနေရာကိုရခဲ့တယ် ဒီနေ့တော့လည်း ငါးဖမ်းရတဲ့တာ၀န်မှာ ပထမရခဲ့ပါတယ် လော့ချယ်တို့အဖွဲ့ကို ဂုဏ်ပြုလိုက်ကြရအောင် သူတို့က Impossible Challengeဒုတိယရာသီရဲ့ တတိယအပိုင်းမှာ ပထမနေရာကို ရရှိခဲ့ရုံသာမက ပရိုဂရမ်အဖွဲ့က
နေပေးတဲ့ ဆုကြေးငွေ ယွမ်300,000 ကိုလည်း ရရှိခဲ့တယ်ဗျာ"
ဧည့်သည်တွေက လက်ခုပ်ဩဘာပေးလိုက်ကြတယ်။ လင်ချန်အန်းရဲ့မျက်နှာက တွန့်ဆုတ်နေပေမယ့်လည်း ကင်မရာရှေ့မှာတော့ သူက ဦးတည်ရာအတိုင်းလိုက်ပြီး ရိုက်ချက်အနည်းငယ်ကို ဖမ်းယူလိုက်ရတယ်။
အဖွဲ့ခေါင်းဆောင်ဖြစ်သူ လော့ချယ်က တင်ဆက်သူထံမှ ချက်လက်မှတ်ကိုယူကာ ကုမျန်ကိုပေးလိုက်တယ်။
ကုမျန် သူ့ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်တော့ လော့ချယ်က သူမကို ပြုံးပြလာတယ်။ "ဒီချက်လက်မှတ်ကို မင်း ကိုင်တွယ်လို့ရတယ်"
သူမ အဲ့ဒါကို လုပ်လို့ရတာလား။
ဒါက သုံးထောင်လည်းမဟုတ်၊ သုံးသောင်းလည်းမဟုတ်၊ သုံးသိန်းလေ!
ကုမျန်က မျက်တောင်ခတ်ပြီး ဘေးက လီရှောင်းဟယ်ကို ကြည့်လိုက်တယ်။
လီရှောင်းဟယ်က သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။"မျန်းမျန်၊ ငါတို့အဖွဲ့က နင့်ကြောင့် အောင်ပွဲခံနိုင်တာလေ ငါ အများကြီး အားမစိုက်လိုက်ရဘူး၊ ဒါကြောင့် နင်ဆုံးဖြတ်လိုက်ပါ"
လီရှောင်းဟယ်ကပါ ဒီလိုပြောလာပြီဆိုတော့ ကုမျန်က သူတော်ကောင်းယောင်ဆောင်တဲ့ပုံစံနဲ့ ချက်လက်မှတ်ကို ပြန်မတွန်းပေးလိုက်တော့ဘူး။
ရှောင်းဟူရဲ့အိမ်အခြေအနေကို တွေးပြီး သူမက ခေါင်းကိုလှည့်ကာ တင်ဆက်သူကို ပြောလိုက်တယ်။"ကျွန်မတို့အဖွဲ့ကိုယ်စား၊ ရွှမ်ချွင်းရွာကို ယွမ် 300,000 လှူပါ့မယ် အိမ်တိုင်းမှာ ရောင်စုံတီဗီရှိတဲ့ဘ၀မျိုး ရွှမ်ချွင်းရွာက နေထိုင်နိုင်မယ်လို့ မျှော်လင့်တယ်"
ပတ်ဝန်းကျင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် လက်ခုပ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတော့တယ်။
လျုလင်းက အံ့အားသင့်စွာပြောတယ်။"ကောင်းတဲ့အလုပ်ပဲ!"
ကျန်းကျစ်ကလည်း ပြုံးပြပြီး ကုမျန်ကို လက်မထောင်ပြတယ်။
တင်ဆက်သူက ကုမျန်ရဲ့စကားတွေကို အပြုံးတစ်ပွင့်နဲ့ ထပ်ခါတလဲလဲပြန်ပြောလာတယ်။ "ဒါဆို ရောင်စုံတီဗီတွေ သူတို့၀ယ်သုံးနိုင်အောင် ဒီယွမ် 300,000 ဆုကြေးငွေကို ရွှမ်ချွင်းရွာကို မင်းက လှူချင်တာပေါ့ ၊ ဟုတ်တယ်မလား"
ကုမျန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်"
"ကောင်းပြီ၊ လာ၊ လာ၊ ရွာလူကြီး၊ ဒီကိုလာခဲ့ပါဗျာ"
အသားမည်းမည်းနဲ့ လူလတ်ပိုင်းတစ်ဦး ရောက်လာတယ်။ သူ့မျက်နှာပေါ်က ရိုးရှင်းတဲ့ အပြုံးတစ်ပွင့်နဲ့အတူ သူက သစ္စာရှိပြီး ရိုးသားတဲ့ လူတစ်ယောက်နဲ့တူတယ်။
ကုမျန်က နှုတ်ခမ်းဟလိုက်ပြီး သူမလက်ထဲက ချက်လက်မှတ်ကို ရွှမ်ချွင်းရွာလူကြီးဆီ ပေးလိုက်တယ်။
ရိုးသားတဲ့ရွာလူကြီးက မျက်၀န်းတွေထဲကနေ မျက်ရည်တွေ စီးကျနေခဲ့တယ်။ ဒီလူလတ်ပိုင်းက ရင်ထဲထိသွားတယ်။ သူက မျက်ရည်တစ်စက်ကို သုတ်လိုက်ပြီး "ရွှမ်ချွင်းရွာကိုယ်စား ကျေးဇူးတင်ပါတယ် ကြင်နာတတ်တဲ့ မိန်းကလေး၊ ကျေးဇူးတင်ပါတယ်၊ မင်း ငါတို့အတွက် ယွမ်300,000 လှူမယ်လို့ မထင်ထားခဲ့ဘူး ငါတို့အားလုံးက မင်းနဲ့ ပရိုဂရမ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်၊ ငါတို့နဲ့ရွှမ်ချွင်းရွာကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တင်ဆက်သူက ရွာလူကြီးကို ပုခုံးပုတ်လိုက်ပြီး "ရွှမ်ချွင်းရွာက ပို,ပိုပြီးကောင်းမွန်လာမယ်လို့ ကျုပ်မျှော်လင့်ပါတယ်"
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်"
အဆင့်ကြေညာပြီး ဆုငွေတွေ လှူဒါန်းပြီးနောက်၊ "Impossible Challenge" ရဲ့ နှစ်ရက်နဲ့တစ်ညတာ ရိုက်ကူးမှု ပြီးဆုံးခဲ့တယ်။
နေ့လည်လေးနာရီမှာ ပရိုဂရမ်အဖွဲ့မှ လူတစ်စုက ပြန်ကြရတော့မယ်။
ကုမျန်က ပြန်ဖို့အချိန်မရောက်ခင်မှာ အရုပ်တွေအများကြီးလုပ်နေတယ်။ သူမအလုပ်ရှုပ်နေတာကိုမြင်တော့ လီရှောင်းဟယ်လည်း ပါဝင်လာတယ်။
လီရှောင်းဟယ်က သူမရဲ့လက်ထောက်ကို စာရွက်တွေ အရောင်ခြယ်ခိုင်းပြီး သူတို့ကို လေးထောင့်ပုံလေးတွေ ဖြတ်ကာ စက္ကူကြိုးကြာတွေ အများကြီးလုပ်တယ်။
Zawgyi
သူ႕ဝမ္းကြဲရဲ႕ ဟန္ေဆာင္အထီးက်န္မႈေအာက္မွာ ဘာတည္ရွိေနတာလဲဆိုတာကို ေလာ့က်စ္ယြီသာလွ်င္ နားလည္နိုင္တယ္။
သူက အႀကံသမားပဲ!
အႀကံအစည္ေတြ အျပည့္နဲ႕။
ကံမေကာင္းစြာပဲ၊ ေလာ့က်စ္ယြီ ဒီမွာ မရွိခဲ့ဘူးေလ။
ေလာ့ခ်ယ္ရဲ႕အထီးက်န္ေနတဲ့ ပုံသ႑ာန္ကိုျမင္ၿပီးေနာက္ ကုမ်န္ ေျပာလိုက္မိတယ္။"ရွင္စားခ်င္ရင္ ကြၽန္မကိုေျပာလို႔ရတယ္"
ဘာပဲျဖစ္ျဖစ္၊ ေလာ့ခ်ယ္မွာ ပေရာဂ်က္ေတြ အမ်ားႀကီးရွိၿပီး ဒီလိုအလုပ္မ်ားလြန္းလွတဲ့ အခ်ိန္ဇယားေၾကာင့္ အခ်ိန္မရွိသေလာက္ျဖစ္ၿပီး သူမဆီ တကယ္ေရာက္လာမွာ မဟုတ္ဘူးလို႔ သူမခံစားရတယ္။
အမ်ိဳးသားဇာတ္လိုက္က အစားအစာအနည္းငယ္အေၾကာင္းကို ဘယ္လိုဂ႐ုစိုက္ရမွာလဲ?
EQ အနည္းငယ္ရွိသူတိုင္းက သူမရဲ႕စကားေတြက ဒီတိုင္းအျဖစ္ေျပာတာသာျဖစ္ေၾကာင္း သိၾကမွာျဖစ္ၿပီး အမွန္တကယ္ေတာ့ ေလာ့ခ်ယ္ သူမကိုလာရွာတာကို အမွန္တကယ္မလိုခ်င္ခဲ့ေပ။
ေနာက္ပိုင္းက်ရင္ေတာ့ သူမက သူနဲ႕လမ္းခြဲမွာမို႔ လမ္းခြဲၿပီးတဲ့ ေနာက္မွာ သူမဆီ ထမင္းတစ္နပ္လာစားစရာအေၾကာင္း မရွိေတာ့ဘူးေလ။
ဒါေၾကာင့္ ကုမ်န္က ဝန္ေလးျခင္းမရွိပဲ ေျပာလိုက္တာပင္။
ဒါေပမယ့္ ေလာ့ခ်ယ္က ဒီစကားကိုၾကားေတာ့ သူက ၿပဳံးၿပီး ေဖာ္ေ႐ြစြာ တုံ႕ျပန္ခဲ့တယ္။"ေကာင္းၿပီ၊ ကိုယ္ မင္းကို ေနာက္ဆိုႏွောင့္ယွက္ရေတာ့မွာပဲ"
ေလာ့ခ်ယ္ရဲ႕အျမင္မွာေတာ့ သူနဲ႕ကုမ်န္တို႔က အမည္ခံခ်စ္သူေတြျဖစ္ၾကေပမယ့္လည္း၊ အမွန္တကယ္ေတာ့ သူ ကုမ်န္ကို ပထမဆုံးလက္ခံခဲ့တုန္းက ရိုးသားမႈကို မျပခဲ့ရေပ။ သူတို႔ႏွစ္ေယာက္ကို ခ်စ္သူေကာင္ေလးနဲ႕ ခ်စ္သူေကာင္မေလးလို႔ ေခါင္းစဥ္တပ္ထားေပမယ့္ ခ်စ္သူေတြနဲ႕မတူေနဘူးေလ။
သူတို႔က သာမန္သူငယ္ခ်င္းေတြထက္ အနည္းငယ္ပိုေကာင္းေန႐ုံပင္။
ဒါေၾကာင့္ အႀကံအစည္ေတြ ႀကံဆၿပီး လုပ္ရေသးတယ္။ သူအဲ့လိုမလုပ္ရင္ သူမကို ဆက္သြယ္ဖို႔အခြင့္အေရး ပိုရွိလာပါ့မလား။
ေလာ့ခ်ယ္က သူမလို ဒီတိုင္းအျဖစ္ေျပာတာပါလို႔သာ ကုမ်န္ထင္ခဲ့တယ္။ ဒါေၾကာင့္ သူမက ဒီကိစၥကို စိတ္ထဲ မထည့္ခဲ့ဘူး။
သူတို႔က အလြန္အမင္းကိုႂကြယ္ဝလွတဲ့ ေန႕လယ္စာကို စားခဲ့ၾကတယ္။ လင္ခ်န္အန္းရဲ႕ ေန႕လည္စာကေတာ့ နည္းနည္းအၾကမ္းဖ်င္းဆန္တယ္။ ဆိုရိုးစကားအတိုင္း ႏွိုင္းယွဥ္မႈမရွိရင္ ထိခိုက္ခံစားရမႈလည္း မရွိဘူး။ ကုမ်န္တို႔ရဲ႕ အစားအစာႂကြယ္ဝမႈဘက္ျခမ္းက လင္ခ်န္အန္းတို႔ရဲ႕ ရိုးရွင္းတဲ့ဟင္းပြဲထက္ ပိုေပၚလြင္ထင္ရွားေနတယ္ေလ။
ကံေကာင္းေထာက္မစြာနဲ႕ လင္ခ်န္အန္းတို႔ လူသုံးေယာက္အုပ္စုကလည္း ဗိုက္ျဖည့္နိုင္ခဲ့တယ္။
ဧည့္သည္အားလုံး ေန႕လည္စာစားၿပီးေတာ့ တင္ဆက္သူက ျပန္ေပၚလာတယ္။ ဒီတစ္ႀကိမ္မွာ သူက ေပၚလာ႐ုံတင္မကဘဲ "ယြမ္သုံးသိန္း"တန္ ခ်က္လက္မွတ္ႀကီးလည္း ယူလာခဲ့တာပင္။
ဒီ ယြမ္300,000 က ရက္ေရာတဲ့ ပရိုဂရမ္စပြန္ဆာဆီကေန လာတာျဖစ္တယ္။
တင္ဆက္သူက လူတိုင္းကို ႏႈတ္ဆက္ၿပီးေနာက္ သူက ဆိုလိုခ်င္တာကို တန္းတန္းမတ္မတ္ေျပာလိုက္တယ္။"ပထမေနရာကို ႏွစ္ႀကိမ္ရခဲ့တဲ့ အသင္းတစ္သင္းရွိတယ္ မေန႕က ေလာ့ခ်ယ္ရဲ႕အဖြဲ႕က သၾကားလုံးကို တစ္စုံတစ္ခုနဲ႕ ဖလွယ္ရတဲ့တာ၀န္မွာ ပထမေနရာကိုရခဲ့တယ္ ဒီေန႕ေတာ့လည္း ငါးဖမ္းရတဲ့တာ၀န္မွာ ပထမရခဲ့ပါတယ္ ေလာ့ခ်ယ္တို႔အဖြဲ႕ကို ဂုဏ္ျပဳလိုက္ၾကရေအာင္ သူတို႔က Impossible Challengeဒုတိယရာသီရဲ႕ တတိယအပိုင္းမွာ ပထမေနရာကို ရရွိခဲ့႐ုံသာမက ပရိုဂရမ္အဖြဲ႕က
ေနေပးတဲ့ ဆုေၾကးေငြ ယြမ္300,000 ကိုလည္း ရရွိခဲ့တယ္ဗ်ာ"
ဧည့္သည္ေတြက လက္ခုပ္ဩဘာေပးလိုက္ၾကတယ္။ လင္ခ်န္အန္းရဲ႕မ်က္ႏွာက တြန႔္ဆုတ္ေနေပမယ့္လည္း ကင္မရာေရွ႕မွာေတာ့ သူက ဦးတည္ရာအတိုင္းလိုက္ၿပီး ရိုက္ခ်က္အနည္းငယ္ကို ဖမ္းယူလိုက္ရတယ္။
အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ေလာ့ခ်ယ္က တင္ဆက္သူထံမွ ခ်က္လက္မွတ္ကိုယူကာ ကုမ်န္ကိုေပးလိုက္တယ္။
ကုမ်န္ သူ႕ကို ထူးဆန္းစြာ တစ္ခ်က္ၾကည့္လိုက္ေတာ့ ေလာ့ခ်ယ္က သူမကို ၿပဳံးျပလာတယ္။ "ဒီခ်က္လက္မွတ္ကို မင္း ကိုင္တြယ္လို႔ရတယ္"
သူမ အဲ့ဒါကို လုပ္လို႔ရတာလား။
ဒါက သုံးေထာင္လည္းမဟုတ္၊ သုံးေသာင္းလည္းမဟုတ္၊ သုံးသိန္းေလ!
ကုမ်န္က မ်က္ေတာင္ခတ္ၿပီး ေဘးက လီေရွာင္းဟယ္ကို ၾကည့္လိုက္တယ္။
လီေရွာင္းဟယ္က သူမလက္ကို ေဝွ႕ယမ္းလိုက္တယ္။"မ်န္းမ်န္၊ ငါတို႔အဖြဲ႕က နင့္ေၾကာင့္ ေအာင္ပြဲခံနိုင္တာေလ ငါ အမ်ားႀကီး အားမစိုက္လိုက္ရဘူး၊ ဒါေၾကာင့္ နင္ဆုံးျဖတ္လိုက္ပါ"
လီေရွာင္းဟယ္ကပါ ဒီလိုေျပာလာၿပီဆိုေတာ့ ကုမ်န္က သူေတာ္ေကာင္းေယာင္ေဆာင္တဲ့ပုံစံနဲ႕ ခ်က္လက္မွတ္ကို ျပန္မတြန္းေပးလိုက္ေတာ့ဘူး။
ေရွာင္းဟူရဲ႕အိမ္အေျခအေနကို ေတြးၿပီး သူမက ေခါင္းကိုလွည့္ကာ တင္ဆက္သူကို ေျပာလိုက္တယ္။"ကြၽန္မတို႔အဖြဲ႕ကိုယ္စား၊ ႐ႊမ္ခြၽင္း႐ြာကို ယြမ္ 300,000 လႉပါ့မယ္ အိမ္တိုင္းမွာ ေရာင္စုံတီဗီရွိတဲ့ဘ၀မ်ိဳး ႐ႊမ္ခြၽင္း႐ြာက ေနထိုင္နိုင္မယ္လို႔ ေမွ်ာ္လင့္တယ္"
ပတ္ဝန္းက်င္က ခဏတာ တိတ္ဆိတ္သြားၿပီးေနာက္ လက္ခုပ္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာေတာ့တယ္။
လ်ဳလင္းက အံ့အားသင့္စြာေျပာတယ္။"ေကာင္းတဲ့အလုပ္ပဲ!"
က်န္းက်စ္ကလည္း ၿပဳံးျပၿပီး ကုမ်န္ကို လက္မေထာင္ျပတယ္။
တင္ဆက္သူက ကုမ်န္ရဲ႕စကားေတြကို အၿပဳံးတစ္ပြင့္နဲ႕ ထပ္ခါတလဲလဲျပန္ေျပာလာတယ္။ "ဒါဆို ေရာင္စုံတီဗီေတြ သူတို႔၀ယ္သုံးနိုင္ေအာင္ ဒီယြမ္ 300,000 ဆုေၾကးေငြကို ႐ႊမ္ခြၽင္း႐ြာကို မင္းက လႉခ်င္တာေပါ့ ၊ ဟုတ္တယ္မလား"
ကုမ်န္က ေခါင္းညိတ္လိုက္ၿပီး "ဟုတ္တယ္"
"ေကာင္းၿပီ၊ လာ၊ လာ၊ ႐ြာလူႀကီး၊ ဒီကိုလာခဲ့ပါဗ်ာ"
အသားမည္းမည္းနဲ႕ လူလတ္ပိုင္းတစ္ဦး ေရာက္လာတယ္။ သူ႕မ်က္ႏွာေပၚက ရိုးရွင္းတဲ့ အၿပဳံးတစ္ပြင့္နဲ႕အတူ သူက သစၥာရွိၿပီး ရိုးသားတဲ့ လူတစ္ေယာက္နဲ႕တူတယ္။
ကုမ်န္က ႏႈတ္ခမ္းဟလိုက္ၿပီး သူမလက္ထဲက ခ်က္လက္မွတ္ကို ႐ႊမ္ခြၽင္း႐ြာလူႀကီးဆီ ေပးလိုက္တယ္။
ရိုးသားတဲ့႐ြာလူႀကီးက မ်က္၀န္းေတြထဲကေန မ်က္ရည္ေတြ စီးက်ေနခဲ့တယ္။ ဒီလူလတ္ပိုင္းက ရင္ထဲထိသြားတယ္။ သူက မ်က္ရည္တစ္စက္ကို သုတ္လိုက္ၿပီး "႐ႊမ္ခြၽင္း႐ြာကိုယ္စား ေက်းဇူးတင္ပါတယ္ ၾကင္နာတတ္တဲ့ မိန္းကေလး၊ ေက်းဇူးတင္ပါတယ္၊ မင္း ငါတို႔အတြက္ ယြမ္300,000 လႉမယ္လို႔ မထင္ထားခဲ့ဘူး ငါတို႔အားလုံးက မင္းနဲ႕ ပရိုဂရမ္အဖြဲ႕ကို ေက်းဇူးတင္ပါတယ္၊ ငါတို႔နဲ႕႐ႊမ္ခြၽင္း႐ြာကို ေ႐ြးခ်ယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
တင္ဆက္သူက ႐ြာလူႀကီးကို ပုခုံးပုတ္လိုက္ၿပီး "႐ႊမ္ခြၽင္း႐ြာက ပို,ပိုၿပီးေကာင္းမြန္လာမယ္လို႔ က်ဳပ္ေမွ်ာ္လင့္ပါတယ္"
"ေက်းဇူးတင္ပါတယ္၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
အဆင့္ေၾကညာၿပီး ဆုေငြေတြ လႉဒါန္းၿပီးေနာက္၊ "Impossible Challenge" ရဲ႕ ႏွစ္ရက္နဲ႕တစ္ညတာ ရိုက္ကူးမႈ ၿပီးဆုံးခဲ့တယ္။
ေန႕လည္ေလးနာရီမွာ ပရိုဂရမ္အဖြဲ႕မွ လူတစ္စုက ျပန္ၾကရေတာ့မယ္။
ကုမ်န္က ျပန္ဖို႔အခ်ိန္မေရာက္ခင္မွာ အ႐ုပ္ေတြအမ်ားႀကီးလုပ္ေနတယ္။ သူမအလုပ္ရႈပ္ေနတာကိုျမင္ေတာ့ လီေရွာင္းဟယ္လည္း ပါဝင္လာတယ္။
လီေရွာင္းဟယ္က သူမရဲ႕လက္ေထာက္ကို စာ႐ြက္ေတြ အေရာင္ျခယ္ခိုင္းၿပီး သူတို႔ကို ေလးေထာင့္ပုံေလးေတြ ျဖတ္ကာ စကၠဴႀကိဳးၾကာေတြ အမ်ားႀကီးလုပ္တယ္။