အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

200K 5.8K 318

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁
🥀Diary Of Mann🥀
🥀ေမာင့္မာန္တို္႔နဲ႔ ခဏတာ🥀(🥀မောင့်မာန်တို့်နဲ့ ခဏတာ🥀)
🌹Thank you all my readers🌹

🍁Part 61🍁

1.5K 49 2
By MoeKyalPhyu14

[Unicode]

ခွန်းဆက်၊ မာန်၊ သော်တာ၊ မိုးထက်၊ မင်းမြတ်နှင့် ကောင်းထက်တို့၆ယောက် ဆေးရုံ၏ အခန်းလေးအတွင်း မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ လင်းသာကတော့ အတွဲတွေကြားမှာ ငါတစ်ယောက်တည်း အထီးကျန်မနေနိုင်ဘူးဟု ဆိုကာ ပြန်သွားခဲ့သည်ကြောင့် သူတို့ ၆ယောက်သာ ကျန်ရှိနေခဲ့ခြင်းပင်။

မာန်ကတော့ ခွန်းဆက်ခါးကိုဖက်ထားပြီး ခွန်းဆက်ရင်ခွင်ထဲ မျက်နှာဖွက်ထားသည်။ တစ်စွန်းတစ်စမြင်နေရသော မာန့်မျက်နှာလေးသည် ငိုထားသည်ရော ရှက်နေသည်ရော ပေါင်းပြီး ပန်းရောင်ပြေးနေသည်။ ခွန်းဆက်ကိုဖက်ကာရင်ခွင်ထဲ အားရအောင် ငိုပြီးသွားခါမှ အသိစိတ်တို့ ပုံမှန်ဖြစ်သွားပြီးနောက် သော်တာတို့ပေါင်းပြီး သူ့အား စနောက်သည်ကို သိရှိခဲ့ရသည်။ သူကတော့ ထိုစကားများကို တကယ်ထင်မှတ်ကာ ခွန်းဆက်အတွက် စိုးရိမ်စိတ်တို့လွန်ကဲကာ အသိစိတ်တို့လွှတ်သည်အထိပင် ဖြစ်သွားခဲ့ရသည်။ အခုတော့  သူ့အား ပြုံးပြုံးကြီး စိုက်ကြည့်နေသော ထိုသူများအား မျက်နှာချင်း မဆိုင်ချင်သေးသည်ကြောင့် ခွန်းဆက်ရင်ထဲ မျက်နှာဝှက်ထားရခြင်းဖြစ်ပါသည်။ လွမ်းနေခဲ့သော ရင်ခွင်ကျယ်ကြီးကိုလည်း တိုးဝင်ချင်သည့်စိတ်ကလေးကလည်း အနည်းနဲ့အများတော့ ပါပါသည်။

ခွန်းဆက်မှာတော့ သူရင်ခွင်ထဲ မျက်နှာဝှက်ထားပါသော ပန်းသီးလေးအား သိုင်းဖက်ထားသည်မှာ လွှတ်သွားမည်ကိုစိုးရိမ်နေသည့်အလား တင်းကျပ်နေသည်။ သူ၏ မျက်နှာတွင်လည်း အပြုံးတို့က ဖောဖောသီသီ ဖြစ်ပေါ်နေသည်။ ကျန်၎ယောက်မှာလည်း မာန့်ကိုကြည့်ကာ ပြုံးစိစိဖြစ်နေသည်။

"မောင် ငါ့ကို ထားမသွားရဘူးနော်"

မိုးထက်က ရုတ်တရက်ဆိုသလို ကောင်းထက်၏ ခါးအား လှမ်းဖက်လိုက်ကာ ညုတုတုအသံနှင့် ပြောလိုက်သည်။ မမျှော်လင့်ထားသော မိုးထက်အပြုအမူကြောင့် ကောင်းထက် ကြက်သီးများထသွားကာ ခါးပင် မတ်မိသွားရသည်။ မိုးထက် စကားကြောင့် မာန်၏ မျက်နှာလေးကတော့ ပို၍ နီရဲလာသည်ကို ခွန်းဆက် အတိုင်းသားမြင်နေရသည်။ ကျန်သည့်နှစ်ယောက်မှာလည်း မိုးထက်နဲ့ ကောင်းထက်ကို ကြည့်ကာ မရယ်မိအောင် ထိန်းနေရသည်။ အထူးသဖြင့် မိုးထက်ကြောင့် ကြက်သီးများထသွားကာ နားရွက်ဖျားများ နီတက်လာသော ကောင်းထက်ကိုကြည့်ပြီး မင်းမြတ် စိတ်ထဲ အူလှိုက်သည်းလှိုက်ရယ်မောနေမိသည်။

"မောင်လို့ မောင်...ပြန်ထူးလေကွာ"

မိုးထက် ကောင်းထက်အားဖက်ထားသည်နှင့်ပင် ပခုံးပေါ်မေးတင်ကာ ချွဲ့နွဲ့စွာ ဆက်၍ပြောလာသည်။ ကောင်းထက်တစ်ယောက် ရင်ထဲတွင် ၀ုန်းဒိုင်းကြဲနေလေပြီ။ မိုးထက် အစ်ကို့အား စနောက်နေမှန်းသိသော်လည်း နေမထိထိုင်မသာ ဖြစ်ရသည်။ ဒါကို မသိသည့်မိုးထက်မှာတော့ ကောင်းထက်ကို ပိုတိုး၍ ဖက်တွယ်လာပြီး

"မောင်လို့...မောင် ငါ့ကိုမချစ်တော့ဘူးလား ဟင်"

ချွဲ့ချွဲ့နွဲ့နွဲ့ပြောသံအဆုံး ကောင်းထက် စိတ်မထိန်းနိုင်တော့စွာ ခါးမှ မိုးထက်လက်ကို ဖယ်ချလိုက်ပြီး မိုးထက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထိုသို့လုပ်လိုက်မှ ကောင်းထက် နောင်တကြီးကြီးရသွားတော့သည်။ မိုးထက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် သူ့အမြင်အာရုံထဲ ရှေးဦးစွာ ပေါ်လာသည်က နီဆွေးနေသော နှုတ်ခမ်းလေးတစ်စုံ။ နှုးညံ့အိစက်နေမည့် ထိုနှုတ်ခမ်းသားလေးကိုကြည့်ရင်း ကောင်းထက် စိတ်တို့လွတ်ချင်လာရသည်။ ဘေးတွင်အခြားသူများရှိနေသည်ကို သိသော်လည်း သူ့အားရုံတို့ကတော့ ထိုနှုတ်ခမ်းဆီ၌သာ ရှိနေသည်။

လိုချင်တယ်...နမ်းချင်တယ်...အဲ့ဒီနှုတ်ခမ်းတွေကို ဖူးယောင်သွားအောင် ကိုက်ဖောက်ပစ်ချင်တယ်...နူးညံနေတဲ့ နှုတ်ခမ်းသားလေးပေါ် သွေးတွေရွှဲသွားရင် ဘယ်လောက်များ လှလိုက်မလဲ.....

အတွေးနဲ့အတူ ကောင်းထက် တံတွေးတစ်ချက်မျိုချမိသွားရသည်။

သူ့အားကြည့်ကာ ငြိမ်သက်နေသော ကောင်းထက်ကြောင့် မိုးထက် ဘာလုပ်ရမှန်းမသိတော့။ ရုတ်တရက်မို့ သူလည်း ကြောင်သွားရပြီး ခွန်းဆက်တို့မှာလည်း အရယ်ချက်ချင်းရပ်သွားကြကာ ကောင်းထက်အား ပြူးကြည့်လာကြသည်။ မိုးထက်၏ နှုတ်ခမ်းအား မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေသော ကောင်းထက်ကြောင့် ခွန်းဆက်နဲ့ မင်းမြတ်၏ စိတ်ထဲက အတွေးတို့က တူညီနေသည်။

ဘာလဲ ဘာလဲ...ဒီကောင် အခုမိုးထက်ကို နမ်းတော့မလို့လား...ငါတို့အားလုံးအရှေ့မှာလေ.....

သူတို့ကြည့်နေတုန်းမှာပင် ကောင်းထက်မျက်နှာက တဖြည်းဖြည်းရှေ့တိုးလာနေသည်ကြောင့် ခွန်းဆက်နဲ့ မင်းမြတ်တို့ ဂဏာမငြိမ်ဖြစ်လာကြကာ စိတ်ထဲတွင်လည်း ဤသို့ဤနှယ် ဖြစ်နေကြသည်။

ထိတော့မယ်...နည်းနည်းလေးပဲ လိုတော့တယ်...နည်းနည်းလေးပဲ...နောက်နည်းနည်း...ထိ ထိ ထိ.....

Ringing.....

ဖုန်းဆက်တဲ့သူရေ ဘောပဲဟေ့.....

နင့်မေကြီးတော်ပဲ...တကယ့်အချိန်ကောင်းမှ ဖုန်းဆက်ရသလား.....

အလိုက်မသိစွာ ထမြည်လာသောဖုန်းကြောင့် ကောင်းထက်လည်း ကိုယ်ရှိန်သတ်သွားကာ နောက်သို့ပြန်ဆုတ်သွားသည်။ မိုးထက်လည်း ကောင်းထက်၏ လက်များမှ ရုန်းထွက်လိုက်ကာ ဖုန်းကိုင်လိုက်သည်။ ခွန်းဆက်နှင့် မင်းမြတ်တို့ နှစ်ယောက်မှာတော့ ပွဲကြီးပွဲကောင်း မကြည့်လိုက်ရသည်ကြောင့် ဖုန်းဆက်လာသူအား မေတ္တာများ ပို့ပြီးနေပြီဖြစ်သည်။

"Hello "

မိုးထက် အသံပေးလိုက်တော့ တစ်ဖက်မှ မိန်းကလေးအသံက ထွက်လို့လာသည်။

"Hello ကိုရဲ"

"အင်း နှင်း ဘာဖြစ်လို့လဲ"

နှင်းဆိုသည့်အသံကြောင့် ကောင်းထက် မျက်ခုံးတို့ စုကြုတ်သွားရသည်။ တကယ်ပါ သူ အဲ့နှင်းဆိုတဲ့ မိန်းကလေးကို လုံးဝသဘောမကျ။ မိုးထက်ကိုလည်း လိုတာထက်ပိုပြီး ကပ်တွယ်နေသည်ကြောင့်လည်း ပို၍ သဘောမကျဖြစ်ရသည်။ ထို့ပြင် မိုးထက်ကလည်း ထိုမိန်းကလေးအား အခြားအသိမိန်းကလေးများထက်ပင် ပို၍ အရေးပေးသည်ကြောင့် ကောင်းထက်မှာ ထိုမိန်းကလေးအား ပိုပို၍ပင် စိတ်ထဲချဉ်မိလာရတော့သည်။ တစ်ခါဆို သူတို့နှစ်ယောက်အတူရှိနေတုန်း မြနှင်းနွယ်က လှမ်းခေါ်သည်ကြောင့် မိုးထက်ချက်ချင်းပင် ထသွားခဲ့ဖူးသည်။

အတ္တကြီးတယ်ပဲဆိုဆို။ မိုးထက်၏ အရာအားလုံးကို သူပဲအပိုင်လိုချင်သည်။ မိုးထက်၏ အရေးပေးခံရသူမှာလည်း သူသာလျှင် ဖြစ်ချင်သည်။ အခြားသူများမပြောနဲ့ မင်းမြတ်တို့နဲ့ယှဉ်လာလျှင်တောင် သူ့အားပို၍သာ အရေးပေး အလေးထားစေချင်ပါသည်။ ထိုသည်ကိုလည်း မိုးထက်သိပါသည်။ သို့ပေမယ့် မသိချင်ယောင်ဆောင်ကာ အခြားသူများကို သူ့ထက် အရေးပေးသယောင်ပြုမူသည်မို့ သူစိတ်လည်းဆိုးမိသလို ၀မ်းလည်းနည်းမိသည်။

ကောင်းထက် သူရှေ့မှ ဖုန်းပြောနေသူကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။

"ဟိုဟာလေ နှင်း ကားပျက်သွားလို့ ကိုရဲ လာခေါ်ပေးပါလား"

"အင်း ရတယ်လေ... နေရာပြော ကိုယ်လာခေါ်မယ်"

"ဟုတ် နှင်း message ပို့လိုက်မယ်...ဒါပဲနော် ကိုရဲ"

"အင်း အင်း"

မိုးထက် ဖုန်းချလိုက်ပြီး ရှေ့မှလူများအားကြည့်မိတော့ သူ့ကိုပြူးကြည့်နေတာနဲ့ ဆုံသည်။ ဘေးမှ ကောင်းထက်အား ကြည့်မိတော့လည်း မျက်နှာပျက်နေသည်မို့ မိုးထက် အလျင်အမြန် ရှင်းပြဖို လုပ်ရသည်။

မဖြစ်...မဖြစ်...ကောင်းထက် သူနဲ့ နှင်းကို အထင်လွဲသွားလို့ မဖြစ်ပေ.....

"မဟုတ်ဘူး ကောင်းထက်...မင်းထင်သလို မဟုတ်ဘူးနော်... ငါနဲ့ နှင်းက တကယ့်ကို ရိုးရိုးသားသားမောင်နှမတွေလိုပါကွာ"

မိုးထက်၏ ရှင်းပြချက်ကြောင့် ခွန်းဆက်နဲ့ မင်းမြတ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်လုံးချင်းစကားပြောနေကြသည်။

"သူတို့နှစ်ယောက် ဘယ်တုန်းက တွဲသွားကြတာလဲ"

"မသိဘူးလေ"

"အခု ကောင်းထက်က သူ့ကိုသ၀န်တိုနေမှန်းသိလို့ မိုးထက်က ပြန်ရှင်းပြနေတာ မဟုတ်ဘူးလား"

"ငါလည်း အဲ့ဒီလို ထင်တာပဲ"

သူတို့နှစ်ယောက်၏ အသံတိတ်စကားဝိုင်းသည် မိုးထက် ထက်ပြောလာသော စကားကြောင့် ပြီးဆုံးသွားရသည်။ သူတို့၏ ထင်မြင်ချက်တွေလည်း မြောင်းထဲရောက်ကုန်ကာ နှစ်ယောက်သား၏ စိတ်ထဲတွင် မိုးထက်အား ဤသို့ မှတ်ချက်ပြုနေကြတော့သည်။

"ဒီသူတောင်းစား ဒီလောက်တုံးနေမှတော့ ဒီတစ်သက် လင်ရတော့မှာ မဟုတ်ဘူး"

မိုးထက် ပြောလာသည့် စကားကတော့

"ဒါကြောင့် မင်းဘာမှစိတ်မပူပဲ မြနှင်းနွယ်ကို အေးဆေးလိုက်လို့ရတယ်လို့...မင်း ငါ့ကိုမယုံဘူးလား"

ခွန်းဆက်နှင့် မင်းမြတ်တို့မှာတော့ ကောင်းထက်ကိုပင် သနားလာမိသည်။ ကောင်းထက်မှာလည်း ဒေါသကို ထိန်းနေသည့်ဟန် မျက်နှာက နီရဲလာတော့သည်။ ထိုသည်ကို မသိသည့် မိုးထက်မှာတော့

"ဒါမှမဟုတ် အခု မြနှင်းနွယ် ပို့လာတဲ့ နေရာကို မင်းသွားပြီးခေါ်လိုက်ပါလား ကောင်းထက်...တိုက်ဆိုင်သလိုမျိုးလေ...ကောင်မလေးတွေက သူတို့အကူအညီလိုတဲ့အချိန် ရောက်လာပေးတဲ့သူကို ပစ်ကြွေသွားကြတာများတယ်နော်...ငါပြောတာယုံလိုက်"

ထိုစကားများကြောင့် ကောင်းထက် စူးရဲသောမျက်လုံးများနှင့် မိုးထက်အား စိုက်ကြည့်လာသည်။ အခန်းအတွင်း အန္တာရယ်အငွေ့အသက်တို့က ပျံ့လွင့်လာသည်ကြောင့် မိုးထက်မှလွဲရင် ကျန်လူများမှာ ရင်တမမနဲ့ ထိုနှစ်ယောက်အား စောင့်ကြည့်နေရသည်။ ရန်ဖြစ်မည်ကို ကြောက်၍တော့မဟုတ်။ ကောင်းထက်၏ အခုပုံစံက မိုးထက်အား နမ်းချင်သည်ကို အတင်းထိန်းချုပ်ထားရသော ပုံစံဖြစ်သည်ကြောင့် ကောင်းထက်သာ သူ့စိတ်ထဲရှိတဲ့အတိုင်း လုပ်လာခဲ့ပါလျှင် သူတို့အလျင်အမြန်ရှောင်ပေးနိုင်ရန် အတွက်သာဖြစ်သည်။

"အခုလုိ ညပိုင်း အချိန်ဆိုတာ ဖွင့်ပြောလို့ အကောင်းဆုံးပဲ...မင်း ပန်းစည်းတစ်စည်းလောက်ပါ တစ်ခါတည်း ၀ယ်သွားလိုက်"

ရှေ့မှမထုံတတ်သေးလုပ်နေသော မိုးထက်အား ကြည့်ပြီး ခွန်းဆက် စိတ်ထဲ အကြိမ်ကြိမ်ပြောနေမိသည်က

"သူတောင်းစားရေ တော်တော့ဟ...ဟိုက မင်းကို အစိမ်းလိုက်ဝါးစားတော့မယ်"

အပြင်ကိုတော့ ထုတ်မပြောပဲ ဆိတ်ဆိတ်ငြိမ်၍သာ ထိုင်ကြည့်နေသည်။

"ပြောမဲ့ပြောတာ မဟုတ်ဘူး...မြနှင်းနွယ်က တကယ်လှတဲ့ မိန်းကလေးကွ...မင်းသာ သူ့ကိုကြိုက်မနေရင် ငါသူ့ကို လိုက်...ကောင်းထက် နေအုံးလေ...ဘယ်သွားမလို့လဲ"

ကောင်းထက် မိုးထက်အနားက ထထွက်လာမိသည်။ သူဆက်နေ၍ မဖြစ်တော့ပေ။ အကယ်၍သာ အဲ့နေရာတွင် သူဆက်ရှိနေလျှင် မိုးထက်အား လူကြားထဲမှာပင် သူကြမ်းရမ်းမိတော့မှာဖြစ်သည်။ ထို့ကြောင့် မိုးထက်စကားကို အဆုံးထိနားမထောင်တော့ပဲ စိတ်ထိန်းနိုင်တုန်းလေး ထိုနေရာမှ ထွက်လာခဲ့တော့သည်။

မိုးထက် သူ့စကားမဆုံးခင် ထထွက်သွားသူကြောင့် လှမ်းတားသော်လည်း ကောင်းထက်က သူ့စကားအား ဂရုမစိုက်စွာ အခန်းထဲက ထွက်သွားပြီ ဖြစ်သည်။ မိုးထက်မှာတော့ ကြောင်အနေသောမျက်နှာဖြင့် ခွန်းဆက်တို့အားကြည့်ကာ

"ငါပြောတာ ဘာမှားသွားလို့လဲ"

မေးလာသည့် မေးခွန်းကြောင့် ခွန်းဆက် မျက်ဖြူပင် လှန်ချင်သွားရသည်။ မင်းမြတ်မှာလည်း အခုထ်ိအရိပ်အကဲမသိသေးသေား မိုးထက်အား ဂုတ်မှကိုင်ကာ ထုရိုက်ချင်လာမိတော့သည်။

"ညီက ကောင်းထက်ကို မြနှင်းနွယ်နဲ့ တကယ်ပဲ ဖြစ်စေချင်တာလား"

သော်တာက မိုးထက်ကို ကြည့်ကာ မေးလာသည်။ မိုးထက်ကလည်း ခေါင်းညိတ်ပြလိုက်ကာ

"ဟုတ်တယ် အစ်ကို...နှင်းက တကယ့်မိန်းမကောင်းလေးမို့ ကောင်းထက်နဲ့ ဖြစ်စေချင်တာ"

"ဒါပေမယ့် ကောင်းထက်မှ မကြိုက်တာ"

သော်တာ့ စကားကို မိုးထက်က ခေါင်းခါပြကာ

"မဟုတ်ဘူး အစ်ကိုရ...မြနှင်းနွယ်နဲ့ ကျွန်တော်နဲ့အတူရှိနေရင် ကောင်းထက် သ၀န်တိုသွားတယ်"

"ဪ"

သော်တာ ဪတစ်လုံးသာ တနိုင်တော့သည်။ စိတ်ထဲတွင်လည်း မိုးထက် ဘယ်လိုကြောင့် ဆရာဝန်ဖြစ်လာလဲ သိချင်နေမိသည်။

အင်း ကောင်းထက် အတွက် စိတ်မကောင်းလိုက်တာ.....

"ဟိတ်ကောင် သူတောင်းစား"

ခွန်းဆက် မိုးထက်အား လှမ်းခေါ်လိုက်သည်။ တကယ်ပဲ ဘယ်လိုကောင်မို့ ဟိုကောင်က သူ့ကိုကြိုက်နေတာကို မသိရတာလဲ။  အလကား ငတုံးကောင်။

"ဘာလဲ ခွေးသား"

မိုးထက်ကလည်း မခံ ခွန်းဆက်အား ပြန်ဆဲသည်။

"ကောင်းထက်မှာ ချစ်ရမယ့်သူရှိတယ် နှမပေးရဲ့"

"မင်းက ငါ့နှမကို ပေးခိုင်းတော့ အစ်ကိုအလင်္ကာကို ဘယ်ချောင် သွားထိုးထားမလို့လဲ"

မိုးထက်၏ စကားကြောင့် ခွန်းဆက်လည်း နင်သွားကာ မာန်၏ မျက်စောင်းလှလှလေးကလည်း ရောက်ရှိလာသည်။ ခွန်းဆက် မာန့်အား သွား၃၂ချောင်းလုံးပေါ်အောင် ရယ်ပြလိုက်ပြီး မိုးထက်ကို အံ့ကြိတ်ပြသည်။ မိုးထက်ကတော့ မသိချင်ယောင်ဆောင်နေသည်။

"ခွေးသူတောင်းစား ကောင်းထက်ချစ်တဲ့သူက ဘယ်လိုကြောင့် မင်း... "

"ရောင်နီ!"

ခွန်းဆက် စကားမဆုံးသေး မင်းမြတ်က ခွန်းဆက်ကို ဟန့်တားသလို လှမ်းခေါ်လိုက်သည်။ ထိုအခါမှ ခွန်းဆက်လည်း ကိုယ့်ကိုကိုယ်ပြန်ထိန်းကာ စကားကိုရပ်လိုက်ရသည်။

"ကောင်းထက် ချစ်သူက ဘယ်သူလဲ"

"မင်းဟာမင်း စုံစမ်းပေါ့"

မင်းမြတ်က မိုးထက်အမေးကို ပြန်ဖြေသည်။ မိုးထက်က မျက်နှာကို မဲ့ရွဲ့ပြကာ

"မပြောလည်းနေ...ငါကောင်းထက်ကို ဖုန်းဆက်မေးကြည့်မယ်"

သို့သော် ဖုန်းခေါ်နေသည်မှာ ၅ခါလောက်သာ ဖြစ်သွားသည်။ တစ်ဖက်မှ ဖုန်းမကိုင်ပေ။မိုးထက်မျက်နှာကလည်း အလိုမကျတော့ဟန် မျက်မှောင်များ တွန့်ချိုးလာသည်။ ထိုသည်ကိုကြည့်ပြီး ခွန်းဆက်တို့မှာလည်း ပြုံးစိစိ။ မိုးထက် နေရာမှထကာ အပြင်သို့ ထွက်မည်အပြု မင်းမြတ်ကလှမ်းမေးသည်။

"ဘယ်သွားမလို့လဲ"

"ကောင်းထက်ဆီ"

"မြနှင်းနွယ်ကရော"

"မလာတော့ဘူး ပြောလိုက်မယ်"

မိုးထက် အပြင်သို့ ထွက်သွားကာမှ ခွန်းဆက်နဲ့ မင်းမြတ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ

"ဟိုက ဖုန်းမကိုင်ရင်တောင် မနေနိုင်တဲ့ကောင်က တစ်ခြားတစ်ယောက်နဲ့ အောင်သွယ်ပေးအုံးမယ်"

"ဟုတ်ပါ့ အခုဏကဆို ငါလန့်တောင်လန့်တယ်... ကောင်းထက် ဒေါသထွက်လာပြီး မိုးထက်ကို တစ်ခုခုလုပ်တော့မယ် ထင်တာ"

"ငါရောပဲ"

ပြောရင်း နှစ်ယောက်သား ရယ်လိုက်ကြသည်။

"ဒီလိုပုံစံနဲ့ သူတို့နှစ်ယောက် ဘယ်လိုလုပ်ကြမလဲမသိဘူး...ငါတော့ ကောင်းထက်ကိုတောင် သနားလာပြီ ဟားဟား"

"မဟုတ်ဘူး"

ခွန်းဆက်နဲ့ မင်းမြတ်ရယ်နေစဉ် ထွက်ပေါ်လာသော အသံကြောင့် မာန်ဆီသို့ အကြည့်တို့က ရောက်ရှိသွားကြသည်။ ခွန်းဆက်လည်း မာန့်ကိုကြည့်လိုက်ကာ

"ဘာမဟုတ်တာလဲ မာန်"

"ကောင်းထက် ဘယ်သူ့ကိုကြိုက်နေလဲဆိုတာ မိုးထက်သိတယ်"

အခိုင်အမာပြောလာသော စကားကြောင့် ခွန်းဆက်နဲ့ မင်းမြတ်တို့ ကြောင်အသွားရသည်။ သော်တာကတော့ မျက်ခုံးတစ်ချက်ပင့်သွားမိသည်။ စိတ်က ဘယ်လောက်ပဲ မကျန်းမာပါစေ မာန် ဥာဏ်ကောင်းသည်ဆိုသည့် အချက်ကိုတော့ ငြင်း၍မရ။ အပွေးမြင်အပင်သိဆိုသလို လူတစ်ယောက်နဲ့ စကားခဏပြောကြည့်လိုက်လျှင် ထိုလူ၏စိတ်အခြေအနေကို ဖတ်နိုင်သည်အထိ မာန်အရိပ်အကဲခတ်မြန်သည်။ အခုလည်း မာန် ဘာကို သတိထားမိ၍ ထိုသို့ပြောလာသည်လည်း မသိ။ မင်းမြတ်က မာန့်အားကြည့်လာကာ

"အစ်ကို ဘာလို့အဲ့လိုပြောနိုင်ရတာလဲ"

"အခုဏက ကောင်းထက် ရုတ်တရက် မိုးထက်ဘက်လှည့်လိုက်တော့ မိုးထက် မျက်လုံးထဲက အကြည့်ကို တွေ့လိုက်ရတယ်...သေချာပေါက်ကို ကောင်းထက်ဆီပျော်ဝင်နေတဲ့ အကြည့်မျိုး...နောက် နှင်းဆိုတဲ့ကောင်မလေး ဖုန်းဆက်လာတော့လည်း ကောင်းထက်မျက်နှာပေါ်က အရိပ်အယောင်တွေကိုကြည့်ပြီး မိုးထက် ကျေနပ်နေတာ..."

"ဒါဆို မြနှင်းနွယ်နဲ့ ကောင်းထက်ကို အောင်သွယ်ပေးနေတာကရော"

ထိုသည်ကိုတော့ ခွန်းဆက်က မေးလာခြင်းဖြစ်သည်။ မာန်လည်း ခွန်းဆက်ကို မော့ကြည့်လိုက်ပြီး

"ဖွင့်ဟလာစေချင်တာ"

"ဟမ်! ဘာကိုလဲ မာန်"

"ကောင်းထက် သူ့ကိုကြိုက်နေတာ မိုးထက်သိတယ်...ဒါပေမယ့် ကောင်းထက်က အခုချိန်ထိ ဖွင့်မပြောသေးတော့..."

မာန် စကားက ထိုမျှနဲ့သာ ရပ်သွားတော့သည်။ မာန်ဆက်မပြောတော့ပေမယ့်လည်း ခွန်းဆက်တို့ အကုန်လုံးနားလည်သွားပြီ ဖြစ်သည်။ ကောင်းထက် ဖွင့်ပြောလာစေရန် မိုးထက် ဇာတ်လမ်းဆင်ထားခြင်းဖြစ်သည်။ သို့ပေမယ့် ခွန်းဆက်နားမလည်သေးသည်က မိုးထက်က မြနှင်းနွယ်နဲ့ကောင်းထက်ကို အောင်သွယ်လုပ်ပေးမည့်အစား မြနှင်းနွယ်နဲ့သူနဲ့ကို ကောင်းထက် သဝန်တိုအောင်လုပ်ပြီး ဖွင့်ပြောလာစေရန် လုပ်လို့ရသည်လေ။ အခုတော့ ဘာလို့။

"မြနှင်းနွယ်နဲ့ ကောင်းထက်ကို  နီးစပ်အောင်လုပ်ခဲ့တာက သူ့အပေါ်ရှိနေတဲ့ ကောင်းထက်ရဲ့စိတ်ခံစားချက်ကို စမ်းသပ်ချင်တာလို့ ထင်တာပဲ"

သူအတွေးတွေကို သိနေသည့်အလား မာန်က ထပ်၍ ပြောလာသည်။ ထိုအခါမှ ခွန်းဆက်တို့လည်း ခေါင်းတညိတ်ညိတ်ဖြစ်သွားကြတော့သည်။

"wow! အစ်ကို အလင်္ကာ...ဉာဏ်ကောင်းချက်ကတော့ တကယ့်ကို လက်ဖျားခါလောက်တယ်...ဒါတွေ ကျွန်တော်တို့တောင် မတွေးမိဘူး"

မင်းမြတ်က လက်မတစ်ထောင်ထောင်ဖြင့် မာန့်အား ချီးကျူးလာသည်။

"ဒါက မာန့်အတွက် ပမွှားသာသာပဲရှိသေးတာနော်...မာန် ဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာ သိသွားရင် မင်းတို့ထိုင်ငိုသွားမယ်...ဆယ်တန်းတုန်းကတောင် မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယအမှတ်အများဆုံးလေ... ၂မှတ်ထဲနဲ့ကို ဒုတိယနေရာ ရောက်သွားတာ"

သော်တာကလည်း သူငယ်ချင်းဖြစ်သူအား ဂုဏ်ယူဟန်ဖြင့် ဝံ့ကြွားစွာပြောလာသည်။ ခွန်းဆက်မှာလည်း ဉာဏ်ကောင်းလွန်းသည့် သက်ဆိုင်သူလေးအား စိတ်ထဲမှ ချီးကျူးနေမိသည်။ ခွန်းဆက် သဘောတကျပြုံးနေမိရင်း ရင်ခွင်ထဲမှ ကောင်လေးအားကြည့်မိတော့ မျက်လုံးများ မှေးစင်းနေသည်ကို တွေ့လိုက်ရသည်ကြောင့်

"အိပ်ငိုက်နေပြီလား မာန်"

"အင်း အိမ်ပြန်ချင်တယ်"

"ဟုတ်ပြီ ပြန်ကြမယ်နော်"

ပြောရင်း နဖူးလေးကို မြတ်နိုးစွာ နမ်းလိုက်မိတော့ ရင်ခွင်ထဲမှ ကောင်လေး၏ မျက်နှာလေးက ပြုံးယောင်သန်းသွားတော့သည်။ ထို့နောက် သူတို့လည်း လူခွဲလိုက်ကြကာ သက်ဆိုင်ရာ နေရာဆီသို့ ခြေဦးတည်ကြတော့သည်။

**********

မိုးထက်တစ်ယောက် ကောင်းထက် အိမ်ရှေ့တွင် bell တီးနေသော်လည်း မည်သူမှ ထွက်မလာ။ ထို့ကြောင့် ကားပေါ်ပြန်တက်ကာ ဟွန်းအကြိမ်ကြိမ်တီးလိုက်တော့မှ ကောင်းထက်က ထွက်လာကာ ခြံတံခါးအား ဖွင့်ပေးလာသည်။ မိုးထက်လည်း ကားကို ခြံထဲသို့ မောင်းဝင်လာခဲ့သည်။ ကားပေါ်မှ ဆင်းပြီးနောက် ခြံတံခါးအား ပြန်ပိတ်နေသော ကောင်းထက်အား ရပ်စောင့်နေလိုက်သည်။ ကောင်းထက်က ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့် သူ့အနားလျှောက်လာကာ သူ့မျက်နှာအား စိုက်ကြည့်ပြီး

"ဘာလာလုပ်တာလဲ"

"မင်း သောက်ထားတာလား"

ကောင်းထက် မိုးထက်၏ အမေးကို လျစ်လျူရှုပြီး မိုးထက်ကို ချန်ခဲ့ကာ အိမ်ထဲသို့ ဝင်လာသည်။ မိုးထက်လည်း နောက်မှလိုက်လာကာ

"သာအေး မရှိဘူးလား"

"ရွာပြန်သွားတယ်"

"အန်တီရော"

"သူ့သူငယ်ချင်းတွေနဲ့ ဘုရားဖူးသွားတယ်"

"ဒါဆို မင်းတစ်ယောက်တည်းပေါ့"

"....."

"ဘာလို့ မီးတွေ ပိတ်ထားရတာလဲ"

မိုးထက်လည်း အိမ်ကိုဝေ့ကြည့်ကာ မေးသည်။ တစ်အိမ်လုံး မီးများပိတ်ထားကာ မီးအိမ်လေးနှစ်ခု၏ အလင်းရောင် မှိန်ပျပျသာ ရှိသည်။ ကောင်းထက် မီးမှိန်ပျပျအောက်တွင် မိုးထက်အားစိုက်ကြည့်နေမိသည်။ ဆံပင်များကို လှန်တင်ထားသည့်အတွက် မျက်နှာချောချောလေးက ရှင်းလင်းနေသည်။ မထူမပါးမျက်ခုံးများကလည်း ပုံဖော်ထားသည့်အတိုင်း သေသပ်စွာ။ မျက်ဝန်းလေးကလည်း ဟိုသည်ဝေ့၀ဲရွေ့လျားနေသည်။ နှာတံစင်းစင်းလေးအောက်က နှုတ်ခမ်းလေးဆီ အကြည့်ရောက်မိတော့ ကောင်းထက်၏ လည်တိုင်တစ်လျှောက် လည်စေ့ အထက်အောက်ရွေ့လျားသွားသည်။

ဆေးရုံမှ ပြန်လာခဲ့ပြီးနောက် သူ၏ ပူလောင်နေသော စိတ်တို့ကို ငြိမ်းသတ်ရန် အိမ်တွင်ရှိနေသော ဘီယာဘူးများကို ကောင်းထက် သောက်နေခဲ့ခြင်းဖြစ်သည်။ တစ်ဘူးပြီးတစ်ဘူးသောက်နေခဲ့ပြီး ၃ဘူးမြှောက်အထိကို သူ့ခန္ဓာကိုယ်က ပူလောင်နေဆဲဖြစ်သည်။ မိုးထက်အား အပိုင်သိမ်းပစ်ချင်စိတ်တို့က တဖွားဖွားသာ ဖြစ်ပေါ်နေခဲ့သည်။ အခုများတွင်တော့ ပူလောင်နေမှုကို ငြိမ်းသတ်နေသူအား လောင်စာထည့်ပေးရန်အတွက် ယုန်ဖြူလေးတစ်ကောင်က ကျားရဲတွင်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ တိုးဝင်လာခဲ့သည်။ အစကတည်းက အသွေးအသားကိုဆာလောင်နေသော ကျားမှာလည်း ထိုယုန်ဖြူလေးအားကြည့်ကာ ခဏခဏ တံတွေးမျိုချနေရသည်ကြောင့် Adam's apple လေးက လည်ချောင်းတစ်လျှောက် စုံချည်ဆန်ချည်။

မိုးထက် သူ့အားစူးစိုက်ကြည့်နေသော ကောင်းထက်ကြောင့် ကြက်သီးများပင် ထသွားရသည်။ မှိန်ပျပျအလင်းအောက် မျက်ဝန်းနက်များက စူးရှနေသည်။ မိုးထက် တံတွေးတစ်ချက် မျိုချလိုက်ရသည်။

"ကောင်း...ကောင်းထက်"

အသံတုန်တုန်ဖြင့် မိုးထက်အားတင်းကာ ခေါ်လိုက်တော့ ပြောဟူသော သဘောဖြင့် ခေါင်းညိတ်ပြလာသည်။

"မင်း နှင်းကို တကယ်ချစ်ရင် ငါကူညီပေးမှာပါ...ငါ့ကို ယုံနော်"

မိုးထက် စကားအဆုံး မိုးထက်၏ ခန္ဓာကိုယ်လေးက နံရံနှင့် တွန်းကပ်ခြင်းခံလိုက်ရသည်။ထိုသို့ပြုလုပ်လိုက်သူကတော့ နှစ်ယောက်မရှိသည့် ကောင်းထက်ပင်။ မိုးထက်လည်း ဘလိုင်းကြီးအတွန်းခံလိုက်ရသည်ကြောင့် ဆူပုတ်ပုတ်ဖြင့်

"ဘာလို့ တွန်းတာလဲကွာ"

သို့သော် ပြန်ဖြေသံမကြားလိုက်ရပဲ ပခုံးနှစ်ဖက်အား နံရံနှင့် ဖိကပ်ထားခြင်းကို ခံလိုက်ရသည်။ မိုးထက် ကြောင်အသွားကာ ကောင်းထက်ကို မော့အကြည့် သူ့အားငုံ့ကြည့်နေသော ရီဝေေ၀မျက်ဝန်းနက်များကြောင့်

"ယံ "

"အင်း"

"ယံ မင်းဘာလို့... "

စကားလေးသည် အဆုံးမသတ်လိုက်ရပါပဲ အသံတို့က ပျောက်ရှသွားရသည်။ နှုတ်ခမ်းနှစ်စုံကလည်း ဂဟေစပ်သလို ပူးကပ်သွားကြသည်။ ကောင်းထက် နှုးညံနေသော နှုတ်ခမ်းသားနှစ်ခုကို တစ်လှည့်စီ ငုံထွေးပြီနောက် နှုတ်ခမ်းတစ်စုံလုံးကို စုပ်ယူလိုက်သည်။ ထို့နောက် လျှာဖျားလေးအား တစ်ဖက်လူ၏ အာခံတွင်းဆီ တိုးဝင်ဟန်ပြင်တော့ စေ့စေ့ပိတ်ထားသူကြောင့် သွားဖြင့် ခက်ဆတ်ဆတ်လေးကိုက်လိုက်မိတော့ နှုတ်ခမ်းနှစ်လွှာပွင့်ဟသွားကာ နာကျင်မှု၏ ပြယုဒ်အဖြင့် ညည်းသံကလေးက ထွက်လို့လာသည်။ ကောင်းထက်လည်း ပွင့်ဟသွားသော ဝင်ပေါက်လေးမှတစ်ဆင့် အာခံတွင်းတစ်ခုလုံးအား မွေနှောက်ကာ နူးညံနေသော လျှာလေးတစ်ခုအား ရစ်ပတ်နေလိုက်တော့သည်။ နှစ်ယောက်လုံးသည် သက်လုံကောင်းသည့် ယောက်ကျားလေးများ ဖြစ်သည်မို့ အနမ်းရေယာဉ်သည်ကြာရှည်စွာ မောင်းနှင်နေသည်။

အချိန်အတော်ကြာလာသည့်အခါတွင်တော့ ကောင်းထက်၏ အနမ်းပြင်းပြင်းများအောက် မိုးထက် အသက်ရှုမဝတော့။ ဘယ်လောက်ပဲ သက်လုံကောင်းနေပါစေ နာရီဝက်နီးပါး အသက်မရှုစတမ်း နမ်းနေသည်မို့ မိုးထက် အောက်ဆီဂျင်လိုအပ်လာပြီ ဖြစ်သည်။ အခုထက်ထိ ဆက်နမ်းနေသူ ကောင်းထက်ရင်ဘက်အား ထုရိုက်သော်လည်း လွှတ်မပေး။ မိုးထက် အသက်ရှုကြပ်လာသည်ကြောင့် ကောင်းထက်အား အသားကုန်ထုရိုက်နေသော်လည်း ထူလူသားက ကျောက်ဆောင်ပမာ မယိုင်နဲ့ပါပဲ အနမ်းတို့ကိုသာ ရှေ့ဆက်နေသည်။ မိုးထက် အသက်ရှုမဝ၍ သတိလွတ်ချင်ချင်ဖြစ်လာသောအခါမှ ကောင်းထက်က လွှတ်ပေးလာသည်။ ထိုအချိန်မှပင် မိုးထက် နှာခေါင်းရော ပါးစပ်ရောသုံးကာ အသက်ကို ပြင်းပြင်းရှုရတော့သည်။ သူရှေ့မှလူသားကတော့ ပုံမှန်အတိုင်းပင်။မိုးထက် ကောင်းထက်၏ သက်လုံအား ဩချမိသွားရသည်။

ဟုတ်သည်လေ။ သူက သေတော့မလိုဖြစ်ခဲ့ပေမယ့် ထိုသူက ဘာမှမဖြစ်။ မောနေသည့်ဟန်လေးတောင် ကောင်းထက်ဆီတွင် မတွေ့ရပေ။

"ငါ မြနှင်းနွယ်ကို မကြိုက်ဘူး"

တစ်လုံးချင်း ပြောလာသော ကောင်းထက်။ မိုးထက်လည်း အသက်ကို လုရှုရင်း ခေါင်းညိတ်ပြရသည်။ သို့သော် စကားကတော့မပြောနိုင်သေး။ ကောင်းထက်က မိုးထက်မေးစေ့လေးအား ကိုင်ကာ မော့စေရင်း မျက်လုံးချင်းဆုံကြည့်လိုက်သည်။

"ချစ်တယ် မိုးထက်"

ထိုစကားကြောင့် မိုးထက် မျက်လုံးများက ပြူးကျယ်သွားရသည်။ ရင်ထဲတွင်လည်း ဆူနာမီလှိုင်းလုံးကြီးများပမာ ခံစားချက်တို့က ထုနဲ့ထည်နဲ့ ဖြစ်ပေါ်လာရသည်။

အခုကောင်းထက်ကာ သူ့အား ချစ်တယ်လို့ ပြောလိုက်တာလား။ ကောင်းထက်ကလေ။ သူ့ကိုချစ်တယ်တဲ့။ ကောင်းထက်ပြောတာ သူ့ကိုချစ်တယ်တဲ့လေ။ နားကြားမှားတာလည်း မဟုတ်ဘူး။ ကောင်းထက်က တကယ်ပြောခဲ့တာ။ ကောင်းထက် ကိုယ်တိုင်ပြောတာ။

"မင်း ဦးနှောက် သေးသေးလေးနဲ့ သိပ်မစဉ်းစားနဲ့"

သူအတွေးများနေသည်ကို သိသည့်အလား ကောင်းထက်က ပြောလာသည်။

"ငါ မင်းကို အရမ်းချစ်တယ် မိုးထက်...မင်းချစ်တာ မချစ်တာ ငါစိတ်မဝင်စားဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့အပိုင်ပဲ...ဒါကြောင့် တစ်ခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေနဲ့...ငါ့အပိုင်ကို တစ်ခြားလူထိတာ ငါမကြိုက်ဘူး..."

သူ့စကားများကြောင့် မျက်ဝန်းလေးတွေ ပြူးကျယ်ကာ ကြည့်နေသော  ကောင်လေးက တကယ့်ကို အသည်းယားဖွယ်ရာအတိပင်။

"သိပ်မမြူစွယ်နဲ့ မိုးထက်...ငါအခု စိတ်တွေရိုင်းနေတယ်... ဘီယာကို အကြောင်းပြပြီး မင်းကိုငါ ကြမ်းရမ်းပစ်မိလိမ့်မယ်...အပေါ်ထပ်က မင်းလာရင် အိပ်နေကျအခန်းထဲမှာပဲ အိပ်တော့...ဒီည အိမ်မပြန်နဲ့"

အခုချိန်ထိ သူ့အားကြောင်ကြည့်နေသော ကောင်လေးကြောင့် ကောင်းထက် စိတ်မရှည်တော့စွာ မိုးထက်အား ပွေ့ချီလိုက်သည်မှာ ငှက်မွေးလေးအလား။ မိုးထက်မှာတော့ ယောင်ယမ်းကာ ကောင်းထက်လည်တိုင်အား သိုင်းဖက်လိုက်မိသည်။ ကောင်းထက်က မိုးထက်အားချီကာ သူ့အခန်းဘေးက သူတို့အိမ်တွင် မိုးထက်ပိုင်စိုးပိုင်နင်း သိမ်းယူထားသော အခန်းဆီသို့ တက်လာခဲ့သည်။ ကောင်းထက် သူ့ရင်ခွင်ထဲတွင် မျက်နှာဝှက်ထားသော မိုးထက်ကိုကြည့်ကာ နှုတ်ခမ်းစွန်းတို့် ကော့တက်သွားသည်။

ဒီည ဒီကောင်လေးအား ပျော့ခွေသွားသည်အထိ အနမ်းတို့နဲ့ နှိပ်စက်ဖြစ်ပါအုံးမည်။

ဘယ်အချိန်ကတည်းက ပြောင်းလဲသွားခဲ့မှန်းမသိသော သံယောဉ်ဇဉ်တို့က သူသတိထားမိသည့်အချိန်တွင်တော့ ပြန်ပြင်လို့မရအောင်ကို သူ့ရင်ထဲနစ်ဝင်လို့နေခဲ့ပြီးဖြစ်သည်။ ထိုသည်ကို ကျန်နှစ်ယောက်က ရိပ်မိခဲ့ပါသော်လည်း အချစ်ရေးကလွဲလျှင် တစ်ခြားအကြောင်းအရာများတွင် ဉာဏ်ကောင်းလွန်းသော မိုးထက်ကတော့ မသိရှိခဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ။ အခုတွင်တော့ မိုးထက်အား သူ့အနားတွင် တစ်သက်လုံး ထားနိုင်တော့မည်မှာ သေချာသည်ထက် ပိုသေချာသွားခဲ့ပြီ ဖြစ်သည်။

ချစ်တယ် မိုးထက်ရယ်...သိပ်ချစ်တယ်...ဘာကြောင့် ဘယ်လိုကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေမရှိပါပဲ...မင်းဆိုတဲ့ ဖြစ်တည်မှုလေးကိုသာ ငါချစ်တာ...ဒါကြောင့် ငါ့နားက ထွက်သွားဖို့ မကြိုးစားပါနဲ့.....

အတွေးများနေသော ကောင်လေးကတော့ ရင်ခွင်အတွင်း မျက်နှာဝှက်ထားသူ၏ အပြုံးကိုတော့ မမြင်လိုက်ပေ။ မိုးထက် နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ တစ်ဖန် သူ၏ သရုပ်ဆောင်မှုအောက် ကျရှုံးသွားကြသော ခွန်းဆက်၊ မင်းမြတ်နဲ့ ကောင်းထက်တို့အား တွေးမိတော့ သဘောတကျရယ်မိရပြန်သည်။ သူ့အား တုံးရန်ကောဆိုသော အကြည့်နဲ့ကြည့်ကြသူတွေကို သူက စိတ်ထဲပျော်ပျော်ကြီး လှောင်ပြောင်နေခဲ့ရသည်။

ငါ့ကို တုံးတယ်လို့ပြောတဲ့ မင်းတို့တွေကမှ တကယ့်ငတုံးလေးတွေပါကွာ.....

မြနှင်းနွယ်က သူ့အမေသူငယ်ချင်းရဲ့ သမီးဖြစ်သလို သူ့အဖေရဲ့တစ်ယောက်တည်းရှိသောညီတစ်ဖြစ်လဲ သူ့ဦးလေးကမွေးထားသည့် နှစ်ယောက်မရှိသော တစ်ဝမ်းကွဲ ညီမလေးပင်ဖြစ်သည်။ ဦးလေးတို့မိသားစုက မိုးထက်ငယ်စဉ်ကတည်းကပင် နိုင်ငံခြားသို့ထွက်သွားခဲ့ပြီး ပြန်ရောက်လာတာ သိပ်မကြာသေးပေ။ ထို့ကြောင့် မြနှင်းနွယ်အား ကောင်းထက်နဲ့ခွန်းဆက်တို့ မသိကြခြင်းဖြစ်သည်။ မိုးထက်နဲ့ မြနှင်းနွယ် နှစ်ယောက်လုံးက တစ်ဦးကလေးတွေမို့ မောင်နှမအရင်းလို ချစ်ကြသည်။ ဆေးရုံတွင် ကောင်းထက်နဲ့ဆုံစဉ်ကလည်း အရိပ်ပြလျှင်အကောင်မြင်တတ်သည့် ညီမတော်က သူ့ဇာတ်လမ်းအတိုင်း ကူ၍ သရုပ်ဆောင်ပေးခဲ့သည်။ သူ့ဇာတ်ညွှန်းအတိုင်း ကောင်းထက်က သူ့အား သဝန်တိုသွားခဲ့သည်ကြောင့် သူကျိတ်ပျော်ခဲ့ရသေးသည်။ တစ်ဖန် ကောင်းထက်၏ သူအပေါ်ထားသော ခံစားကိုယုံကြည်သော်လည်း စမ်းသပ်ချင်သေးသည်ကြောင့် သူနဲ့ရုပ်ဆင်သော မြနှင်းနွယ်နဲ့ နီးစပ်စေရန် ကြံရွယ်ခဲ့သေးသည်။ ပြောင်းလဲမသွားသော ကောင်းထက်ကြောင့် စိတ်ထဲကြည်နူးရသည်ကလည်း အခါခါ။ အခုတွင်တော့ ထိုလူသားက သူ့အားဖွင့်ပြောခဲ့ပြီးဖြစ်သည်။ ဒီလိုတွေဖြစ်လာစေဖို့က သူ့အကြံပဲဆိုသည်ကိုတော့ ဒီတစ်သက်လုံး သူတစ်ယောက်ထဲသိရုံနဲ့တင် လုံလောက်ပါသည်။ သူသာဒီလိုမှ မလုပ်ရင် မျိုသိပ်နိုင်လွန်းသူက ဒီတစ်သက်ဖွင့်ဟလာမည်မထင်။

ကောင်းထက်ဆီက ချစ်တယ်ဆိုတဲ့ စကားကြားတဲ့အချိန်တုန်းကဆို သူတကယ် ပျော်လွန်းလို့ ငိုချင်မိသည်အထိ ဖြစ်သွားရသည်။ ဘယ်လောက်တောင် စောင့်မျှော်နေခဲ့ရတဲ့ စကားလေးမို့လို့လဲလေ။

ပျော်ပါသည်။ တကယ်ကို ပျော်ပါသည်။ ချစ်နေမှန်းသိပေမယ့် ထိုစကားပြောဖို့ တွန့်တိုနေသော ချစ်ရသူထံမှ ချစ်စကားလေးအား ကြားခွင့်ရသည့်အခါ သကြားလုံးအရမ်းစားချင်နေတဲ့ ကလေးတစ်ယောက်က သကြားလုံးလေးတစ်လုံး ကောက်ရလိုက်သလိုမျိုး ကမ္ဘာကြီးတစ်ခုလုံး အပိုင်စားရလိုက်သလိုမျိုး သူပျော်ခဲ့ရသည်။

ငါလည်း မင်းကိုချစ်တယ် ယံ...မင်းချစ်တာထက် ပိုပြီးတော့ကို ငါချစ်တယ်ဆိုတာတော့ မင်းသိအောင် ထုတ်မပြဘူး...ဒီတိုင်းလေး မင်းရဲ့အလိုလိုက်မှုတွေကြား ငါဆိုးသွမ်းရင်း မင်းချစ်တာကိုပဲ ငါခံစားမယ်...မင်းလိုတဲ့အချိန် ငါရှိနေပေးမယ်...ငါ့ရဲ့အရာရာက မင်းပဲမို့ အချိန်တိုင်းတော့ ပြုံးနေပေးပါ ယံ...အဲ့ဒါက ငါရဲ့ပျော်ရွှင်ခြင်းပဲမို့်.....

*********************************
#29.4.2024
#🍁Moe Kyal Phyu🍁

**********

ခွန်းဆက်တို့လိုမျိုး ကောင်းထက်ဆီ အညှာမိသွားတဲ့လူတွေရှိကြလား????

တကယ်တော့ ကိုယ့်အချစ်တော်မိုးထက်လေးက မတုံးပါဘူး...တုံးချင်ယောင်သာ ဟန်ဆောင်နေတာ.....


[Zawgyi]

ခြန္းဆက္၊ မာန္၊ ေသာ္တာ၊ မိုးထက္၊ မင္းျမတ္ႏွင့္ ေကာင္းထက္တို႔၆ေယာက္ ေဆး႐ံု၏ အခန္းေလးအတြင္း မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကသည္။ လင္းသာကေတာ့ အတြဲေတြၾကားမွာ ငါတစ္ေယာက္တည္း အထီးက်န္မေနႏိုင္ဘူးဟု ဆိုကာ ျပန္သြားခဲ့သည္ေၾကာင့္ သူတို႔ ၆ေယာက္သာ က်န္ရိွေနခဲ့ျခင္းပင္။

မာန္ကေတာ့ ခြန္းဆက္ခါးကိုဖက္ထားၿပီး ခြန္းဆက္ရင္ခြင္ထဲ မ်က္ႏွာဖြက္ထားသည္။ တစ္စြန္းတစ္စျမင္ေနရေသာ မာန္႔မ်က္ႏွာေလးသည္ ငိုထားသည္ေရာ ရွက္ေနသည္ေရာ ေပါင္းၿပီး ပန္းေရာင္ေျပးေနသည္။ ခြန္းဆက္ကိုဖက္ကာရင္ခြင္ထဲ အားရေအာင္ ငိုၿပီးသြားခါမွ အသိစိတ္တို႔ ပံုမွန္ျဖစ္သြားၿပီးေနာက္ ေသာ္တာတို႔ေပါင္းၿပီး သူ႕အား စေနာက္သည္ကို သိရိွခဲ့ရသည္။ သူကေတာ့ ထိုစကားမ်ားကို တကယ္ထင္မွတ္ကာ ခြန္းဆက္အတြက္ စိုးရိမ္စိတ္တို႔လြန္ကဲကာ အသိစိတ္တို႔လႊတ္သည္အထိပင္ ျဖစ္သြားခဲ့ရသည္။ အခုေတာ့  သူ႕အား ၿပံဳးၿပံဳးႀကီး စိုက္ၾကည့္ေနေသာ ထိုသူမ်ားအား မ်က္ႏွာခ်င္း မဆိုင္ခ်င္ေသးသည္ေၾကာင့္ ခြန္းဆက္ရင္ထဲ မ်က္ႏွာ၀ွက္ထားရျခင္းျဖစ္ပါသည္။ လြမ္းေနခဲ့ေသာ ရင္ခြင္က်ယ္ႀကီးကိုလည္း တိုး၀င္ခ်င္သည့္စိတ္ကေလးကလည္း အနည္းနဲ႔အမ်ားေတာ့ ပါပါသည္။

ခြန္းဆက္မွာေတာ့ သူရင္ခြင္ထဲ မ်က္ႏွာ၀ွက္ထားပါေသာ ပန္းသီးေလးအား သိုင္းဖက္ထားသည္မွာ လႊတ္သြားမည္ကိုစိုးရိမ္ေနသည့္အလား တင္းက်ပ္ေနသည္။ သူ၏ မ်က္ႏွာတြင္လည္း အၿပံဳးတို႔က ေဖာေဖာသီသီ ျဖစ္ေပၚေနသည္။ က်န္၄ေယာက္မွာလည္း မာန္႔ကိုၾကည့္ကာ ၿပံဳးစိစိျဖစ္ေနသည္။

"ေမာင္ ငါ့ကို ထားမသြားရဘူးေနာ္"

မိုးထက္က ႐ုတ္တရက္ဆိုသလို ေကာင္းထက္၏ ခါးအား လွမ္းဖက္လိုက္ကာ ညဳတုတုအသံႏွင့္ ေျပာလိုက္သည္။ မေမွ်ာ္လင့္ထားေသာ မိုးထက္အျပဳအမူေၾကာင့္ ေကာင္းထက္ ၾကက္သီးမ်ားထသြားကာ ခါးပင္ မတ္မိသြားရသည္။ မိုးထက္ စကားေၾကာင့္ မာန္၏ မ်က္ႏွာေလးကေတာ့ ပို၍ နီရဲလာသည္ကို ခြန္းဆက္ အတိုင္းသားျမင္ေနရသည္။ က်န္သည့္ႏွစ္ေယာက္မွာလည္း မိုးထက္နဲ႔ ေကာင္းထက္ကို ၾကည့္ကာ မရယ္မိေအာင္ ထိန္းေနရသည္။ အထူးသျဖင့္ မိုးထက္ေၾကာင့္ ၾကက္သီးမ်ားထသြားကာ နားရြက္ဖ်ားမ်ား နီတက္လာေသာ ေကာင္းထက္ကိုၾကည့္ၿပီး မင္းျမတ္ စိတ္ထဲ အူလိႈက္သည္းလိႈက္ရယ္ေမာေနမိသည္။

"ေမာင္လို႔ ေမာင္...ျပန္ထူးေလကြာ"

မိုးထက္ ေကာင္းထက္အားဖက္ထားသည္ႏွင့္ပင္ ပခံုးေပၚေမးတင္ကာ ခြၽဲ႕ႏြဲ႕စြာ ဆက္၍ေျပာလာသည္။ ေကာင္းထက္တစ္ေယာက္ ရင္ထဲတြင္ ၀ုန္းဒိုင္းႀကဲေနေလၿပီ။ မိုးထက္ အစ္ကို႔အား စေနာက္ေနမွန္းသိေသာ္လည္း ေနမထိထိုင္မသာ ျဖစ္ရသည္။ ဒါကို မသိသည့္မိုးထက္မွာေတာ့ ေကာင္းထက္ကို ပိုတိုး၍ ဖက္တြယ္လာၿပီး

"ေမာင္လို႔...ေမာင္ ငါ့ကိုမခ်စ္ေတာ့ဘူးလား ဟင္"

ခြၽဲ႕ခြၽဲ႕ႏြဲ႕ႏြဲ႕ေျပာသံအဆံုး ေကာင္းထက္ စိတ္မထိန္းႏိုင္ေတာ့စြာ ခါးမွ မိုးထက္လက္ကို ဖယ္ခ်လိုက္ၿပီး မိုးထက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ ထိုသို႔လုပ္လိုက္မွ ေကာင္းထက္ ေနာင္တႀကီးႀကီးရသြားေတာ့သည္။ မိုးထက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္ႏွင့္ သူ႕အျမင္အာ႐ံုထဲ ေရွးဦးစြာ ေပၚလာသည္က နီေဆြးေနေသာ ႏႈတ္ခမ္းေလးတစ္စံု။ ႏႈးညံ့အိစက္ေနမည့္ ထိုႏႈတ္ခမ္းသားေလးကိုၾကည့္ရင္း ေကာင္းထက္ စိတ္တို႔လြတ္ခ်င္လာရသည္။ ေဘးတြင္အျခားသူမ်ားရိွေနသည္ကို သိေသာ္လည္း သူ႕အား႐ံုတို႔ကေတာ့ ထိုႏႈတ္ခမ္းဆီ၌သာ ရိွေနသည္။

လိုခ်င္တယ္...နမ္းခ်င္တယ္...အဲ့ဒီႏႈတ္ခမ္းေတြကို ဖူးေယာင္သြားေအာင္ ကိုက္ေဖာက္ပစ္ခ်င္တယ္...ႏူးညံေနတဲ့ ႏႈတ္ခမ္းသားေလးေပၚ ေသြးေတြရႊဲသြားရင္ ဘယ္ေလာက္မ်ား လွလိုက္မလဲ.....

အေတြးနဲ႔အတူ ေကာင္းထက္ တံေတြးတစ္ခ်က္မ်ဳိခ်မိသြားရသည္။

သူ႕အားၾကည့္ကာ ၿငိမ္သက္ေနေသာ ေကာင္းထက္ေၾကာင့္ မိုးထက္ ဘာလုပ္ရမွန္းမသိေတာ့။ ႐ုတ္တရက္မို႔ သူလည္း ေၾကာင္သြားရၿပီး ခြန္းဆက္တို႔မွာလည္း အရယ္ခ်က္ခ်င္းရပ္သြားၾကကာ ေကာင္းထက္အား ျပဴးၾကည့္လာၾကသည္။ မိုးထက္၏ ႏႈတ္ခမ္းအား မ်က္လံုးကြၽတ္က်မတတ္ စိုက္ၾကည့္ေနေသာ ေကာင္းထက္ေၾကာင့္ ခြန္းဆက္နဲ႔ မင္းျမတ္၏ စိတ္ထဲက အေတြးတို႔က တူညီေနသည္။

ဘာလဲ ဘာလဲ...ဒီေကာင္ အခုမိုးထက္ကို နမ္းေတာ့မလို႔လား...ငါတို႔အားလံုးအေရွ႕မွာေလ.....

သူတို႔ၾကည့္ေနတုန္းမွာပင္ ေကာင္းထက္မ်က္ႏွာက တျဖည္းျဖည္းေရွ႕တိုးလာေနသည္ေၾကာင့္ ခြန္းဆက္နဲ႔ မင္းျမတ္တို႔ ဂဏာမၿငိမ္ျဖစ္လာၾကကာ စိတ္ထဲတြင္လည္း ဤသို႔ဤႏွယ္ ျဖစ္ေနၾကသည္။

ထိေတာ့မယ္...နည္းနည္းေလးပဲ လိုေတာ့တယ္...နည္းနည္းေလးပဲ...ေနာက္နည္းနည္း...ထိ ထိ ထိ.....

Ringing.....

ဖုန္းဆက္တဲ့သူေရ ေဘာပဲေဟ့.....

နင့္ေမႀကီးေတာ္ပဲ...တကယ့္အခ်ိန္ေကာင္းမွ ဖုန္းဆက္ရသလား.....

အလိုက္မသိစြာ ထျမည္လာေသာဖုန္းေၾကာင့္ ေကာင္းထက္လည္း ကိုယ္ရိွန္သတ္သြားကာ ေနာက္သို႔ျပန္ဆုတ္သြားသည္။ မိုးထက္လည္း ေကာင္းထက္၏ လက္မ်ားမွ ႐ုန္းထြက္လိုက္ကာ ဖုန္းကိုင္လိုက္သည္။ ခြန္းဆက္ႏွင့္ မင္းျမတ္တို႔ ႏွစ္ေယာက္မွာေတာ့ ပြဲႀကီးပြဲေကာင္း မၾကည့္လိုက္ရသည္ေၾကာင့္ ဖုန္းဆက္လာသူအား ေမတၱာမ်ား ပို႔ၿပီးေနၿပီျဖစ္သည္။

"Hello "

မိုးထက္ အသံေပးလိုက္ေတာ့ တစ္ဖက္မွ မိန္းကေလးအသံက ထြက္လို႔လာသည္။

"Hello ကိုရဲ"

"အင္း ႏွင္း ဘာျဖစ္လို႔လဲ"

ႏွင္းဆိုသည့္အသံေၾကာင့္ ေကာင္းထက္ မ်က္ခံုးတို႔ စုၾကဳတ္သြားရသည္။ တကယ္ပါ သူ အဲ့ႏွင္းဆိုတဲ့ မိန္းကေလးကို လံုး၀သေဘာမက်။ မိုးထက္ကိုလည္း လိုတာထက္ပိုၿပီး ကပ္တြယ္ေနသည္ေၾကာင့္လည္း ပို၍ သေဘာမက်ျဖစ္ရသည္။ ထို႔ျပင္ မိုးထက္ကလည္း ထိုမိန္းကေလးအား အျခားအသိမိန္းကေလးမ်ားထက္ပင္ ပို၍ အေရးေပးသည္ေၾကာင့္ ေကာင္းထက္မွာ ထိုမိန္းကေလးအား ပိုပို၍ပင္ စိတ္ထဲခ်ဥ္မိလာရေတာ့သည္။ တစ္ခါဆို သူတို႔ႏွစ္ေယာက္အတူရိွေနတုန္း ျမႏွင္းႏြယ္က လွမ္းေခၚသည္ေၾကာင့္ မိုးထက္ခ်က္ခ်င္းပင္ ထသြားခဲ့ဖူးသည္။

အတၱႀကီးတယ္ပဲဆိုဆို။ မိုးထက္၏ အရာအားလံုးကို သူပဲအပိုင္လိုခ်င္သည္။ မိုးထက္၏ အေရးေပးခံရသူမွာလည္း သူသာလွ်င္ ျဖစ္ခ်င္သည္။ အျခားသူမ်ားမေျပာနဲ႔ မင္းျမတ္တို႔နဲ႔ယွဥ္လာလွ်င္ေတာင္ သူ႕အားပို၍သာ အေရးေပး အေလးထားေစခ်င္ပါသည္။ ထိုသည္ကိုလည္း မိုးထက္သိပါသည္။ သို႔ေပမယ့္ မသိခ်င္ေယာင္ေဆာင္ကာ အျခားသူမ်ားကို သူ႕ထက္ အေရးေပးသေယာင္ျပဳမူသည္မို႔ သူစိတ္လည္းဆိုးမိသလို ၀မ္းလည္းနည္းမိသည္။

ေကာင္းထက္ သူေရွ႕မွ ဖုန္းေျပာေနသူကိုသာ မ်က္ေတာင္မခတ္စတမ္း ၾကည့္ေနမိသည္။

"ဟိုဟာေလ ႏွင္း ကားပ်က္သြားလို႔ ကိုရဲ လာေခၚေပးပါလား"

"အင္း ရတယ္ေလ... ေနရာေျပာ ကိုယ္လာေခၚမယ္"

"ဟုတ္ ႏွင္း message ပို႔လိုက္မယ္...ဒါပဲေနာ္ ကိုရဲ"

"အင္း အင္း"

မိုးထက္ ဖုန္းခ်လိုက္ၿပီး ေရွ႕မွလူမ်ားအားၾကည့္မိေတာ့ သူ႕ကိုျပဴးၾကည့္ေနတာနဲ႔ ဆံုသည္။ ေဘးမွ ေကာင္းထက္အား ၾကည့္မိေတာ့လည္း မ်က္ႏွာပ်က္ေနသည္မို႔ မိုးထက္ အလ်င္အျမန္ ရွင္းျပဖို လုပ္ရသည္။

မျဖစ္...မျဖစ္...ေကာင္းထက္ သူနဲ႔ ႏွင္းကို အထင္လြဲသြားလို႔ မျဖစ္ေပ.....

"မဟုတ္ဘူး ေကာင္းထက္...မင္းထင္သလို မဟုတ္ဘူးေနာ္... ငါနဲ႔ ႏွင္းက တကယ့္ကို ႐ိုး႐ိုးသားသားေမာင္ႏွမေတြလိုပါကြာ"

မိုးထက္၏ ရွင္းျပခ်က္ေၾကာင့္ ခြန္းဆက္နဲ႔ မင္းျမတ္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ မ်က္လံုးခ်င္းစကားေျပာေနၾကသည္။

"သူတို႔ႏွစ္ေယာက္ ဘယ္တုန္းက တြဲသြားၾကတာလဲ"

"မသိဘူးေလ"

"အခု ေကာင္းထက္က သူ႕ကိုသ၀န္တိုေနမွန္းသိလို႔ မိုးထက္က ျပန္ရွင္းျပေနတာ မဟုတ္ဘူးလား"

"ငါလည္း အဲ့ဒီလို ထင္တာပဲ"

သူတို႔ႏွစ္ေယာက္၏ အသံတိတ္စကား၀ိုင္းသည္ မိုးထက္ ထက္ေျပာလာေသာ စကားေၾကာင့္ ၿပီးဆံုးသြားရသည္။ သူတို႔၏ ထင္ျမင္ခ်က္ေတြလည္း ေျမာင္းထဲေရာက္ကုန္ကာ ႏွစ္ေယာက္သား၏ စိတ္ထဲတြင္ မိုးထက္အား ဤသို႔ မွတ္ခ်က္ျပဳေနၾကေတာ့သည္။

"ဒီသူေတာင္းစား ဒီေလာက္တံုးေနမွေတာ့ ဒီတစ္သက္ လင္ရေတာ့မွာ မဟုတ္ဘူး"

မိုးထက္ ေျပာလာသည့္ စကားကေတာ့

"ဒါေၾကာင့္ မင္းဘာမွစိတ္မပူပဲ ျမႏွင္းႏြယ္ကို ေအးေဆးလိုက္လို႔ရတယ္လို႔...မင္း ငါ့ကိုမယံုဘူးလား"

ခြန္းဆက္ႏွင့္ မင္းျမတ္တို႔မွာေတာ့ ေကာင္းထက္ကိုပင္ သနားလာမိသည္။ ေကာင္းထက္မွာလည္း ေဒါသကို ထိန္းေနသည့္ဟန္ မ်က္ႏွာက နီရဲလာေတာ့သည္။ ထိုသည္ကို မသိသည့္ မိုးထက္မွာေတာ့

"ဒါမွမဟုတ္ အခု ျမႏွင္းႏြယ္ ပို႔လာတဲ့ ေနရာကို မင္းသြားၿပီးေခၚလိုက္ပါလား ေကာင္းထက္...တိုက္ဆိုင္သလိုမ်ဳိးေလ...ေကာင္မေလးေတြက သူတို႔အကူအညီလိုတဲ့အခ်ိန္ ေရာက္လာေပးတဲ့သူကို ပစ္ေႂကြသြားၾကတာမ်ားတယ္ေနာ္...ငါေျပာတာယံုလိုက္"

ထိုစကားမ်ားေၾကာင့္ ေကာင္းထက္ စူးရဲေသာမ်က္လံုးမ်ားႏွင့္ မိုးထက္အား စိုက္ၾကည့္လာသည္။ အခန္းအတြင္း အႏၲာရယ္အေငြ႕အသက္တို႔က ပ်ံ႕လြင့္လာသည္ေၾကာင့္ မိုးထက္မွလြဲရင္ က်န္လူမ်ားမွာ ရင္တမမနဲ႔ ထိုႏွစ္ေယာက္အား ေစာင့္ၾကည့္ေနရသည္။ ရန္ျဖစ္မည္ကို ေၾကာက္၍ေတာ့မဟုတ္။ ေကာင္းထက္၏ အခုပံုစံက မိုးထက္အား နမ္းခ်င္သည္ကို အတင္းထိန္းခ်ဳပ္ထားရေသာ ပံုစံျဖစ္သည္ေၾကာင့္ ေကာင္းထက္သာ သူ႕စိတ္ထဲရိွတဲ့အတိုင္း လုပ္လာခဲ့ပါလွ်င္ သူတို႔အလ်င္အျမန္ေရွာင္ေပးႏိုင္ရန္ အတြက္သာျဖစ္သည္။

"အခုလု္ိ ညပိုင္း အခ်ိန္ဆိုတာ ဖြင့္ေျပာလို႔ အေကာင္းဆံုးပဲ...မင္း ပန္းစည္းတစ္စည္းေလာက္ပါ တစ္ခါတည္း ၀ယ္သြားလိုက္"

ေရွ႕မွမထံုတတ္ေသးလုပ္ေနေသာ မိုးထက္အား ၾကည့္ၿပီး ခြန္းဆက္ စိတ္ထဲ အႀကိမ္ႀကိမ္ေျပာေနမိသည္က

"သူေတာင္းစားေရ ေတာ္ေတာ့ဟ...ဟိုက မင္းကို အစိမ္းလိုက္ဝါးစားေတာ့မယ္"

အျပင္ကိုေတာ့ ထုတ္မေျပာပဲ ဆိတ္ဆိတ္ၿငိမ္၍သာ ထိုင္ၾကည့္ေနသည္။

"ေျပာမဲ့ေျပာတာ မဟုတ္ဘူး...ျမႏွင္းႏြယ္က တကယ္လွတဲ့ မိန္းကေလးကြ...မင္းသာ သူ႕ကိုႀကိဳက္မေနရင္ ငါသူ႕ကို လိုက္...ေကာင္းထက္ ေနအံုးေလ...ဘယ္သြားမလို႔လဲ"

ေကာင္းထက္ မိုးထက္အနားက ထထြက္လာမိသည္။ သူဆက္ေန၍ မျဖစ္ေတာ့ေပ။ အကယ္၍သာ အဲ့ေနရာတြင္ သူဆက္ရိွေနလွ်င္ မိုးထက္အား လူၾကားထဲမွာပင္ သူၾကမ္းရမ္းမိေတာ့မွာျဖစ္သည္။ ထို႔ေၾကာင့္ မိုးထက္စကားကို အဆံုးထိနားမေထာင္ေတာ့ပဲ စိတ္ထိန္းႏိုင္တုန္းေလး ထိုေနရာမွ ထြက္လာခဲ့ေတာ့သည္။

မိုးထက္ သူ႕စကားမဆံုးခင္ ထထြက္သြားသူေၾကာင့္ လွမ္းတားေသာ္လည္း ေကာင္းထက္က သူ႕စကားအား ဂ႐ုမစိုက္စြာ အခန္းထဲက ထြက္သြားၿပီ ျဖစ္သည္။ မိုးထက္မွာေတာ့ ေၾကာင္အေနေသာမ်က္ႏွာျဖင့္ ခြန္းဆက္တို႔အားၾကည့္ကာ

"ငါေျပာတာ ဘာမွားသြားလို႔လဲ"

ေမးလာသည့္ ေမးခြန္းေၾကာင့္ ခြန္းဆက္ မ်က္ျဖဴပင္ လွန္ခ်င္သြားရသည္။ မင္းျမတ္မွာလည္း အခုထိ္အရိပ္အကဲမသိေသးေသား မိုးထက္အား ဂုတ္မွကိုင္ကာ ထု႐ိုက္ခ်င္လာမိေတာ့သည္။

"ညီက ေကာင္းထက္ကို ျမႏွင္းႏြယ္နဲ႔ တကယ္ပဲ ျဖစ္ေစခ်င္တာလား"

ေသာ္တာက မိုးထက္ကို ၾကည့္ကာ ေမးလာသည္။ မိုးထက္ကလည္း ေခါင္းညိတ္ျပလိုက္ကာ

"ဟုတ္တယ္ အစ္ကို...ႏွင္းက တကယ့္မိန္းမေကာင္းေလးမို႔ ေကာင္းထက္နဲ႔ ျဖစ္ေစခ်င္တာ"

"ဒါေပမယ့္ ေကာင္းထက္မွ မႀကိဳက္တာ"

ေသာ္တာ့ စကားကို မိုးထက္က ေခါင္းခါျပကာ

"မဟုတ္ဘူး အစ္ကိုရ...ျမႏွင္းႏြယ္နဲ႔ ကြၽန္ေတာ္နဲ႔အတူရိွေနရင္ ေကာင္းထက္ သ၀န္တိုသြားတယ္"

"ဪ"

ေသာ္တာ ဪတစ္လံုးသာ တႏိုင္ေတာ့သည္။ စိတ္ထဲတြင္လည္း မိုးထက္ ဘယ္လိုေၾကာင့္ ဆရာ၀န္ျဖစ္လာလဲ သိခ်င္ေနမိသည္။

အင္း ေကာင္းထက္ အတြက္ စိတ္မေကာင္းလိုက္တာ.....

"ဟိတ္ေကာင္ သူေတာင္းစား"

ခြန္းဆက္ မိုးထက္အား လွမ္းေခၚလိုက္သည္။ တကယ္ပဲ ဘယ္လိုေကာင္မို့ ဟိုေကာင္က သူ႕ကိုႀကိဳက္ေနတာကို မသိရတာလဲ။  အလကား ငတံုးေကာင္။

"ဘာလဲ ေခြးသား"

မိုးထက္ကလည္း မခံ ခြန္းဆက္အား ျပန္ဆဲသည္။

"ေကာင္းထက္မွာ ခ်စ္ရမယ့္သူရိွတယ္ ႏွမေပးရဲ႕"

"မင္းက ငါ့ႏွမကို ေပးခိုင္းေတာ့ အစ္ကိုအလကၤာကို ဘယ္ေခ်ာင္ သြားထိုးထားမလို႔လဲ"

မိုးထက္၏ စကားေၾကာင့္ ခြန္းဆက္လည္း နင္သြားကာ မာန္၏ မ်က္ေစာင္းလွလွေလးကလည္း ေရာက္ရိွလာသည္။ ခြန္းဆက္ မာန္႔အား သြား၃၂ေခ်ာင္းလံုးေပၚေအာင္ ရယ္ျပလိုက္ၿပီး မိုးထက္ကို အံ့ႀကိတ္ျပသည္။ မိုးထက္ကေတာ့ မသိခ်င္ေယာင္ေဆာင္ေနသည္။

"ေခြးသူေတာင္းစား ေကာင္းထက္ခ်စ္တဲ့သူက ဘယ္လိုေၾကာင့္ မင္း... "

"ေရာင္နီ!"

ခြန္းဆက္ စကားမဆံုးေသး မင္းျမတ္က ခြန္းဆက္ကို ဟန္႔တားသလို လွမ္းေခၚလိုက္သည္။ ထိုအခါမွ ခြန္းဆက္လည္း ကိုယ့္ကိုကိုယ္ျပန္ထိန္းကာ စကားကိုရပ္လိုက္ရသည္။

"ေကာင္းထက္ ခ်စ္သူက ဘယ္သူလဲ"

"မင္းဟာမင္း စံုစမ္းေပါ့"

မင္းျမတ္က မိုးထက္အေမးကို ျပန္ေျဖသည္။ မိုးထက္က မ်က္ႏွာကို မဲ့ရြဲ႕ျပကာ

"မေျပာလည္းေန...ငါေကာင္းထက္ကို ဖုန္းဆက္ေမးၾကည့္မယ္"

သို႔ေသာ္ ဖုန္းေခၚေနသည္မွာ ၅ခါေလာက္သာ ျဖစ္သြားသည္။ တစ္ဖက္မွ ဖုန္းမကိုင္ေပ။မိုးထက္မ်က္ႏွာကလည္း အလိုမက်ေတာ့ဟန္ မ်က္ေမွာင္မ်ား တြန္႔ခ်ဳိးလာသည္။ ထိုသည္ကိုၾကည့္ၿပီး ခြန္းဆက္တို႔မွာလည္း ၿပံဳးစိစိ။ မိုးထက္ ေနရာမွထကာ အျပင္သို့ ထြက္မည္အျပဳ မင္းျမတ္ကလွမ္းေမးသည္။

"ဘယ္သြားမလို႔လဲ"

"ေကာင္းထက္ဆီ"

"ျမႏွင္းႏြယ္ကေရာ"

"မလာေတာ့ဘူး ေျပာလိုက္မယ္"

မိုးထက္ အျပင္သို့ ထြက္သြားကာမွ ခြန္းဆက္နဲ႔ မင္းျမတ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ

"ဟိုက ဖုန္းမကိုင္ရင္ေတာင္ မေနႏိုင္တဲ့ေကာင္က တစ္ျခားတစ္ေယာက္နဲ႔ ေအာင္သြယ္ေပးအံုးမယ္"

"ဟုတ္ပါ့ အခုဏကဆို ငါလန္႔ေတာင္လန္႔တယ္... ေကာင္းထက္ ေဒါသထြက္လာၿပီး မိုးထက္ကို တစ္ခုခုလုပ္ေတာ့မယ္ ထင္တာ"

"ငါေရာပဲ"

ေျပာရင္း ႏွစ္ေယာက္သား ရယ္လိုက္ၾကသည္။

"ဒီလိုပံုစံနဲ႔ သူတို႔ႏွစ္ေယာက္ ဘယ္လိုလုပ္ၾကမလဲမသိဘူး...ငါေတာ့ ေကာင္းထက္ကိုေတာင္ သနားလာၿပီ ဟားဟား"

"မဟုတ္ဘူး"

ခြန္းဆက္နဲ႔ မင္းျမတ္ရယ္ေနစဥ္ ထြက္ေပၚလာေသာ အသံေၾကာင့္ မာန္ဆီသို႔ အၾကည့္တို႔က ေရာက္ရိွသြားၾကသည္။ ခြန္းဆက္လည္း မာန္႔ကိုၾကည့္လိုက္ကာ

"ဘာမဟုတ္တာလဲ မာန္"

"ေကာင္းထက္ ဘယ္သူ႕ကိုႀကိဳက္ေနလဲဆိုတာ မိုးထက္သိတယ္"

အခိုင္အမာေျပာလာေသာ စကားေၾကာင့္ ခြန္းဆက္နဲ႔ မင္းျမတ္တို႔ ေၾကာင္အသြားရသည္။ ေသာ္တာကေတာ့ မ်က္ခံုးတစ္ခ်က္ပင့္သြားမိသည္။ စိတ္က ဘယ္ေလာက္ပဲ မက်န္းမာပါေစ မာန္ ဥာဏ္ေကာင္းသည္ဆိုသည့္ အခ်က္ကိုေတာ့ ျငင္း၍မရ။ အေပြးျမင္အပင္သိဆိုသလို လူတစ္ေယာက္နဲ႔ စကားခဏေျပာၾကည့္လိုက္လွ်င္ ထိုလူ၏စိတ္အေျခအေနကို ဖတ္ႏိုင္သည္အထိ မာန္အရိပ္အကဲခတ္ျမန္သည္။ အခုလည္း မာန္ ဘာကို သတိထားမိ၍ ထိုသို႔ေျပာလာသည္လည္း မသိ။ မင္းျမတ္က မာန္႔အားၾကည့္လာကာ

"အစ္ကို ဘာလို႔အဲ့လိုေျပာႏိုင္ရတာလဲ"

"အခုဏက ေကာင္းထက္ ႐ုတ္တရက္ မိုးထက္ဘက္လွည့္လိုက္ေတာ့ မိုးထက္ မ်က္လံုးထဲက အၾကည့္ကို ေတြ႕လိုက္ရတယ္...ေသခ်ာေပါက္ကို ေကာင္းထက္ဆီေပ်ာ္၀င္ေနတဲ့ အၾကည့္မ်ဳိး...ေနာက္ ႏွင္းဆိုတဲ့ေကာင္မေလး ဖုန္းဆက္လာေတာ့လည္း ေကာင္းထက္မ်က္ႏွာေပၚက အရိပ္အေယာင္ေတြကိုၾကည့္ၿပီး မိုးထက္ ေက်နပ္ေနတာ..."

"ဒါဆို ျမႏွင္းႏြယ္နဲ႔ ေကာင္းထက္ကို ေအာင္သြယ္ေပးေနတာကေရာ"

ထိုသည္ကိုေတာ့ ခြန္းဆက္က ေမးလာျခင္းျဖစ္သည္။ မာန္လည္း ခြန္းဆက္ကို ေမာ့ၾကည့္လိုက္ၿပီး

"ဖြင့္ဟလာေစခ်င္တာ"

"ဟမ္! ဘာကိုလဲ မာန္"

"ေကာင္းထက္ သူ႕ကိုႀကိဳက္ေနတာ မိုးထက္သိတယ္...ဒါေပမယ့္ ေကာင္းထက္က အခုခ်ိန္ထိ ဖြင့္မေျပာေသးေတာ့..."

မာန္ စကားက ထိုမွ်နဲ႔သာ ရပ္သြားေတာ့သည္။ မာန္ဆက္မေျပာေတာ့ေပမယ့္လည္း ခြန္းဆက္တို႔ အကုန္လံုးနားလည္သြားၿပီ ျဖစ္သည္။ ေကာင္းထက္ ဖြင့္ေျပာလာေစရန္ မိုးထက္ ဇာတ္လမ္းဆင္ထားျခင္းျဖစ္သည္။ သို႔ေပမယ့္ ခြန္းဆက္နားမလည္ေသးသည္က မိုးထက္က ျမႏွင္းႏြယ္နဲ႔ေကာင္းထက္ကို ေအာင္သြယ္လုပ္ေပးမည့္အစား ျမႏွင္းႏြယ္နဲ႔သူနဲ႔ကို ေကာင္းထက္ သ၀န္တိုေအာင္လုပ္ၿပီး ဖြင့္ေျပာလာေစရန္ လုပ္လို႔ရသည္ေလ။ အခုေတာ့ ဘာလို႔။

"ျမႏွင္းႏြယ္နဲ႔ ေကာင္းထက္ကို  နီးစပ္ေအာင္လုပ္ခဲ့တာက သူ႕အေပၚရိွေနတဲ့ ေကာင္းထက္ရဲ႕စိတ္ခံစားခ်က္ကို စမ္းသပ္ခ်င္တာလို႔ ထင္တာပဲ"

သူအေတြးေတြကို သိေနသည့္အလား မာန္က ထပ္၍ ေျပာလာသည္။ ထိုအခါမွ ခြန္းဆက္တို႔လည္း ေခါင္းတညိတ္ညိတ္ျဖစ္သြားၾကေတာ့သည္။

"wow! အစ္ကို အလကၤာ...ဥာဏ္ေကာင္းခ်က္ကေတာ့ တကယ့္ကို လက္ဖ်ားခါေလာက္တယ္...ဒါေတြ ကြၽန္ေတာ္တို႔ေတာင္ မေတြးမိဘူး"

မင္းျမတ္က လက္မတစ္ေထာင္ေထာင္ျဖင့္ မာန္႔အား ခ်ီးက်ဴးလာသည္။

"ဒါက မာန္႔အတြက္ ပမႊားသာသာပဲရိွေသးတာေနာ္...မာန္ ဥာဏ္ဘယ္ေလာက္ေကာင္းလဲဆိုတာ သိသြားရင္ မင္းတို႔ထိုင္ငိုသြားမယ္...ဆယ္တန္းတုန္းကေတာင္ ျမန္မာတစ္ႏိုင္ငံလံုးမွာ ဒုတိယအမွတ္အမ်ားဆံုးေလ... ၂မွတ္ထဲနဲ႔ကို ဒုတိယေနရာ ေရာက္သြားတာ"

ေသာ္တာကလည္း သူငယ္ခ်င္းျဖစ္သူအား ဂုဏ္ယူဟန္ျဖင့္ ၀ံ့ႂကြားစြာေျပာလာသည္။ ခြန္းဆက္မွာလည္း ဥာဏ္ေကာင္းလြန္းသည့္ သက္ဆိုင္သူေလးအား စိတ္ထဲမွ ခ်ီးက်ဴးေနမိသည္။ ခြန္းဆက္ သေဘာတက်ၿပံဳးေနမိရင္း ရင္ခြင္ထဲမွ ေကာင္ေလးအားၾကည့္မိေတာ့ မ်က္လံုးမ်ား ေမွးစင္းေနသည္ကို ေတြ႕လိုက္ရသည္ေၾကာင့္

"အိပ္ငိုက္ေနၿပီလား မာန္"

"အင္း အိမ္ျပန္ခ်င္တယ္"

"ဟုတ္ၿပီ ျပန္ၾကမယ္ေနာ္"

ေျပာရင္း နဖူးေလးကို ျမတ္ႏိုးစြာ နမ္းလိုက္မိေတာ့ ရင္ခြင္ထဲမွ ေကာင္ေလး၏ မ်က္ႏွာေလးက ၿပံဳးေယာင္သန္းသြားေတာ့သည္။ ထို႔ေနာက္ သူတို႔လည္း လူခြဲလိုက္ၾကကာ သက္ဆိုင္ရာ ေနရာဆီသို႔ ေျခဦးတည္ၾကေတာ့သည္။

**********

မိုးထက္တစ္ေယာက္ ေကာင္းထက္ အိမ္ေရွ႕တြင္ bell တီးေနေသာ္လည္း မည္သူမွ ထြက္မလာ။ ထို႔ေၾကာင့္ ကားေပၚျပန္တက္ကာ ဟြန္းအႀကိမ္ႀကိမ္တီးလိုက္ေတာ့မွ ေကာင္းထက္က ထြက္လာကာ ၿခံတံခါးအား ဖြင့္ေပးလာသည္။ မိုးထက္လည္း ကားကို ၿခံထဲသို႔ ေမာင္း၀င္လာခဲ့သည္။ ကားေပၚမွ ဆင္းၿပီးေနာက္ ၿခံတံခါးအား ျပန္ပိတ္ေနေသာ ေကာင္းထက္အား ရပ္ေစာင့္ေနလိုက္သည္။ ေကာင္းထက္က ယိုင္တိုင္တိုင္ေျခလွမ္းမ်ားျဖင့္ သူ႕အနားေလွ်ာက္လာကာ သူ႕မ်က္ႏွာအား စိုက္ၾကည့္ၿပီး

"ဘာလာလုပ္တာလဲ"

"မင္း ေသာက္ထားတာလား"

ေကာင္းထက္ မိုးထက္၏ အေမးကို လ်စ္လ်ဴ႐ႈျပီး မိုးထက္ကို ခ်န္ခဲ့ကာ အိမ္ထဲသို႔ ၀င္လာသည္။ မိုးထက္လည္း ေနာက္မွလိုက္လာကာ

"သာေအး မရိွဘူးလား"

"ရြာျပန္သြားတယ္"

"အန္တီေရာ"

"သူ႕သူငယ္ခ်င္းေတြနဲ့ ဘုရားဖူးသြားတယ္"

"ဒါဆို မင္းတစ္ေယာက္တည္းေပါ့"

"....."

"ဘာလို႔ မီးေတြ ပိတ္ထားရတာလဲ"

မိုးထက္လည္း အိမ္ကိုေ၀့ၾကည့္ကာ ေမးသည္။ တစ္အိမ္လုံး မီးမ်ားပိတ္ထားကာ မီးအိမ္ေလးႏွစ္ခု၏ အလင္းေရာင္ မိွန္ပ်ပ်သာ ရိွသည္။ ေကာင္းထက္ မီးမိွန္ပ်ပ်ေအာက္တြင္ မိုးထက္အားစိုက္ၾကည့္ေနမိသည္။ ဆံပင္မ်ားကို လွန္တင္ထားသည့္အတြက္ မ်က္ႏွာေခ်ာေခ်ာေလးက ရွင္းလင္းေနသည္။ မထူမပါးမ်က္ခံုးမ်ားကလည္း ပံုေဖာ္ထားသည့္အတိုင္း ေသသပ္စြာ။ မ်က္၀န္းေလးကလည္း ဟိုသည္ေ၀့၀ဲေရြ႕လ်ားေနသည္။ ႏွာတံစင္းစင္းေလးေအာက္က ႏႈတ္ခမ္းေလးဆီ အၾကည့္ေရာက္မိေတာ့ ေကာင္းထက္၏ လည္တိုင္တစ္ေလွ်ာက္ လည္ေစ့ အထက္ေအာက္ေရြ႕လ်ားသြားသည္။

ေဆး႐ံုမွ ျပန္လာခဲ့ၿပီးေနာက္ သူ၏ ပူေလာင္ေနေသာ စိတ္တို႔ကို ၿငိမ္းသတ္ရန္ အိမ္တြင္ရိွေနေသာ ဘီယာဘူးမ်ားကို ေကာင္းထက္ ေသာက္ေနခဲ့ျခင္းျဖစ္သည္။ တစ္ဘူးၿပီးတစ္ဘူးေသာက္ေနခဲ့ၿပီး ၃ဘူးေျမႇာက္အထိကို သူ႕ခႏၶာကိုယ္က ပူေလာင္ေနဆဲျဖစ္သည္။ မိုးထက္အား အပိုင္သိမ္းပစ္ခ်င္စိတ္တို႔က တဖြားဖြားသာ ျဖစ္ေပၚေနခဲ့သည္။ အခုမ်ားတြင္ေတာ့ ပူေလာင္ေနမႈကို ၿငိမ္းသတ္ေနသူအား ေလာင္စာထည့္ေပးရန္အတြက္ ယုန္ျဖဴေလးတစ္ေကာင္က က်ားရဲတြင္းထဲသို႔ ကိုယ္တိုင္ကိုယ္က် တိုး၀င္လာခဲ့သည္။ အစကတည္းက အေသြးအသားကိုဆာေလာင္ေနေသာ က်ားမွာလည္း ထိုယုန္ျဖဴေလးအားၾကည့္ကာ ခဏခဏ တံေတြးမ်ဳိခ်ေနရသည္ေၾကာင့္ Adam's apple ေလးက လည္ေခ်ာင္းတစ္ေလွ်ာက္ စံုခ်ည္ဆန္ခ်ည္။

မိုးထက္ သူ႕အားစူးစိုက္ၾကည့္ေနေသာ ေကာင္းထက္ေၾကာင့္ ၾကက္သီးမ်ားပင္ ထသြားရသည္။ မိွန္ပ်ပ်အလင္းေအာက္ မ်က္၀န္းနက္မ်ားက စူးရွေနသည္။ မိုးထက္ တံေတြးတစ္ခ်က္ မ်ဳိခ်လိုက္ရသည္။

"ေကာင္း...ေကာင္းထက္"

အသံတုန္တုန္ျဖင့္ မိုးထက္အားတင္းကာ ေခၚလိုက္ေတာ့ ေျပာဟူေသာ သေဘာျဖင့္ ေခါင္းညိတ္ျပလာသည္။

"မင္း ႏွင္းကို တကယ္ခ်စ္ရင္ ငါကူညီေပးမွာပါ...ငါ့ကို ယံုေနာ္"

မိုးထက္ စကားအဆံုး မိုးထက္၏ ခႏၶာကိုယ္ေလးက နံရံႏွင့္ တြန္းကပ္ျခင္းခံလိုက္ရသည္။ထိုသို႔ျပဳလုပ္လိုက္သူကေတာ့ ႏွစ္ေယာက္မရိွသည့္ ေကာင္းထက္ပင္။ မိုးထက္လည္း ဘလိုင္းႀကီးအတြန္းခံလိုက္ရသည္ေၾကာင့္ ဆူပုတ္ပုတ္ျဖင့္

"ဘာလို႔ တြန္းတာလဲကြာ"

သို႔ေသာ္ ျပန္ေျဖသံမၾကားလိုက္ရပဲ ပခံုးႏွစ္ဖက္အား နံရံႏွင့္ ဖိကပ္ထားျခင္းကို ခံလိုက္ရသည္။ မိုးထက္ ေၾကာင္အသြားကာ ေကာင္းထက္ကို ေမာ့အၾကည့္ သူ႕အားငံု႔ၾကည့္ေနေသာ ရီေ၀ေ၀မ်က္၀န္းနက္မ်ားေၾကာင့္

"ယံ "

"အင္း"

"ယံ မင္းဘာလုိ့... "

စကားေလးသည္ အဆံုးမသတ္လိုက္ရပါပဲ အသံတို႔က ေပ်ာက္ရွသြားရသည္။ ႏႈတ္ခမ္းႏွစ္စံုကလည္း ဂေဟစပ္သလို ပူးကပ္သြားၾကသည္။ ေကာင္းထက္ ႏႈးညံေနေသာ ႏႈတ္ခမ္းသားႏွစ္ခုကို တစ္လွည့္စီ ငံုေထြးၿပီေနာက္ ႏႈတ္ခမ္းတစ္စံုလံုးကို စုပ္ယူလိုက္သည္။ ထို႔ေနာက္ လွ်ာဖ်ားေလးအား တစ္ဖက္လူ၏ အာခံတြင္းဆီ တိုး၀င္ဟန္ျပင္ေတာ့ ေစ့ေစ့ပိတ္ထားသူေၾကာင့္ သြားျဖင့္ ခက္ဆတ္ဆတ္ေလးကိုက္လိုက္မိေတာ့ ႏႈတ္ခမ္းႏွစ္လႊာပြင့္ဟသြားကာ နာက်င္မႈ၏ ျပယုဒ္အျဖင့္ ညည္းသံကေလးက ထြက္လို႔လာသည္။ ေကာင္းထက္လည္း ပြင့္ဟသြားေသာ ၀င္ေပါက္ေလးမွတစ္ဆင့္ အာခံတြင္းတစ္ခုလံုးအား ေမြေႏွာက္ကာ ႏူးညံေနေသာ လွ်ာေလးတစ္ခုအား ရစ္ပတ္ေနလိုက္ေတာ့သည္။ ႏွစ္ေယာက္လံုးသည္ သက္လံုေကာင္းသည့္ ေယာက္က်ားေလးမ်ား ျဖစ္သည္မို႔ အနမ္းေရယာဥ္သည္ၾကာရွည္စြာ ေမာင္းႏွင္ေနသည္။

အခ်ိန္အေတာ္ၾကာလာသည့္အခါတြင္ေတာ့ ေကာင္းထက္၏ အနမ္းျပင္းျပင္းမ်ားေအာက္ မိုးထက္ အသက္႐ႈမ၀ေတာ့။ ဘယ္ေလာက္ပဲ သက္လံုေကာင္းေနပါေစ နာရီ၀က္နီးပါး အသက္မ႐ႈစတမ္း နမ္းေနသည္မို႔ မိုးထက္ ေအာက္ဆီဂ်င္လိုအပ္လာၿပီ ျဖစ္သည္။ အခုထက္ထိ ဆက္နမ္းေနသူ ေကာင္းထက္ရင္ဘက္အား ထု႐ိုက္ေသာ္လည္း လႊတ္မေပး။ မိုးထက္ အသက္႐ႈၾကပ္လာသည္ေၾကာင့္ ေကာင္းထက္အား အသားကုန္ထု႐ိုက္ေနေသာ္လည္း ထူလူသားက ေက်ာက္ေဆာင္ပမာ မယိုင္နဲ႔ပါပဲ အနမ္းတို႔ကိုသာ ေရွ႕ဆက္ေနသည္။ မိုးထက္ အသက္႐ႈမ၀၍ သတိလြတ္ခ်င္ခ်င္ျဖစ္လာေသာအခါမွ ေကာင္းထက္က လႊတ္ေပးလာသည္။ ထိုအခ်ိန္မွပင္ မိုးထက္ ႏွာေခါင္းေရာ ပါးစပ္ေရာသံုးကာ အသက္ကို ျပင္းျပင္း႐ႈရေတာ့သည္။ သူေရွ႕မွလူသားကေတာ့ ပံုမွန္အတိုင္းပင္။မိုးထက္ ေကာင္းထက္၏ သက္လံုအား ဩခ်မိသြားရသည္။

ဟုတ္သည္ေလ။ သူက ေသေတာ့မလိုျဖစ္ခဲ့ေပမယ့္ ထိုသူက ဘာမွမျဖစ္။ ေမာေနသည့္ဟန္ေလးေတာင္ ေကာင္းထက္ဆီတြင္ မေတြ႕ရေပ။

"ငါ ျမႏွင္းႏြယ္ကို မႀကိဳက္ဘူး"

တစ္လံုးခ်င္း ေျပာလာေသာ ေကာင္းထက္။ မိုးထက္လည္း အသက္ကို လု႐ႈရင္း ေခါင္းညိတ္ျပရသည္။ သို႔ေသာ္ စကားကေတာ့မေျပာႏိုင္ေသး။ ေကာင္းထက္က မိုးထက္ေမးေစ့ေလးအား ကိုင္ကာ ေမာ့ေစရင္း မ်က္လံုးခ်င္းဆံုၾကည့္လိုက္သည္။

"ခ်စ္တယ္ မိုးထက္"

ထိုစကားေၾကာင့္ မိုးထက္ မ်က္လံုးမ်ားက ျပဴးက်ယ္သြားရသည္။ ရင္ထဲတြင္လည္း ဆူနာမီလိႈင္းလံုးႀကီးမ်ားပမာ ခံစားခ်က္တို႔က ထုနဲ႔ထည္နဲ႔ ျဖစ္ေပၚလာရသည္။

အခုေကာင္းထက္ကာ သူ႕အား ခ်စ္တယ္လို႔ ေျပာလိုက္တာလား။ ေကာင္းထက္ကေလ။ သူ႕ကိုခ်စ္တယ္တဲ့။ ေကာင္းထက္ေျပာတာ သူ႕ကို္ခ်စ္တယ္တဲ့ေလ။ နားၾကားမွားတာလည္း မဟုတ္ဘူး။ ေကာင္းထက္က တကယ္ေျပာခဲ့တာ။ ေကာင္းထက္ ကိုယ္တိုင္ေျပာတာ။

"မင္း ဦးေႏွာက္ ေသးေသးေလးနဲ့ သိပ္မစဥ္းစားနဲ႔"

သူအေတြးမ်ားေနသည္ကို သိသည့္အလား ေကာင္းထက္က ေျပာလာသည္။

"ငါ မင္းကို အရမ္းခ်စ္တယ္ မိုးထက္...မင္းခ်စ္တာ မခ်စ္တာ ငါစိတ္မ၀င္စားဘူး...ဘယ္လိုပဲျဖစ္ျဖစ္ မင္းက ငါ့အပိုင္ပဲ...ဒါေၾကာင့္ တစ္ျခားသူေတြနဲ႔ နီးနီးကပ္ကပ္မေနနဲ႔...ငါ့အပိုင္ကို တစ္ျခားလူထိတာ ငါမႀကိဳက္ဘူး..."

သူ႕စကားမ်ားေၾကာင့္ မ်က္၀န္းေလးေတြ ျပဴးက်ယ္ကာ ၾကည့္ေနေသာ  ေကာင္ေလးက တကယ့္ကို အသည္းယားဖြယ္ရာအတိပင္။

"သိပ္မျမဴစြယ္နဲ႔ မိုးထက္...ငါအခု စိတ္ေတြ႐ိုင္းေနတယ္... ဘီယာကို အေၾကာင္းျပၿပီး မင္းကိုငါ ၾကမ္းရမ္းပစ္မိလိမ့္မယ္...အေပၚထပ္က မင္းလာရင္ အိပ္ေနက်အခန္းထဲမွာပဲ အိပ္ေတာ့...ဒီည အိမ္မျပန္နဲ႔"

အခုခ်ိန္ထိ သူ႕အားေၾကာင္ၾကည့္ေနေသာ ေကာင္ေလးေၾကာင့္ ေကာင္းထက္ စိတ္မရွည္ေတာ့စြာ မိုးထက္အား ေပြ႕ခ်ီလိုက္သည္မွာ ငွက္ေမြးေလးအလား။ မိုးထက္မွာေတာ့ ေယာင္ယမ္းကာ ေကာင္းထက္လည္တိုင္အား သိုင္းဖက္လိုက္မိသည္။ ေကာင္းထက္က မိုးထက္အားခ်ီကာ သူ႕အခန္းေဘးက သူတို႔အိမ္တြင္ မိုးထက္ပိုင္စိုးပိုင္နင္း သိမ္းယူထားေသာ အခန္းဆီသို႔ တက္လာခဲ့သည္။ ေကာင္းထက္ သူ႕ရင္ခြင္ထဲတြင္ မ်က္ႏွာ၀ွက္ထားေသာ မိုးထက္ကိုၾကည့္ကာ ႏႈတ္ခမ္းစြန္းတို္႔ ေကာ့တက္သြားသည္။

ဒီည ဒီေကာင္ေလးအား ေပ်ာ့ေခြသြားသည္အထိ အနမ္းတို႔နဲ႔ ႏိွပ္စက္ျဖစ္ပါအံုးမည္။

ဘယ္အခ်ိန္ကတည္းက ေျပာင္းလဲသြားခဲ့မွန္းမသိေသာ သံေယာဥ္ဇဥ္တို႔က သူသတိထားမိသည့္အခ်ိန္တြင္ေတာ့ ျပန္ျပင္လို႔မရေအာင္ကို သူ႕ရင္ထဲနစ္၀င္လို႔ေနခဲ့ၿပီးျဖစ္သည္။ ထိုသည္ကို က်န္ႏွစ္ေယာက္က ရိပ္မိခဲ့ပါေသာ္လည္း အခ်စ္ေရးကလြဲလွ်င္ တစ္ျခားအေၾကာင္းအရာမ်ားတြင္ ဥာဏ္ေကာင္းလြန္းေသာ မိုးထက္ကေတာ့ မသိရိွခဲ့။ ဘာပဲျဖစ္ျဖစ္ပါေလ။ အခုတြင္ေတာ့ မိုးထက္အား သူ႕အနားတြင္ တစ္သက္လံုး ထားႏိုင္ေတာ့မည္မွာ ေသခ်ာသည္ထက္ ပိုေသခ်ာသြားခဲ့ၿပီ ျဖစ္သည္။

ခ်စ္တယ္ မိုးထက္ရယ္...သိပ္ခ်စ္တယ္...ဘာေၾကာင့္ ဘယ္လိုေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြမရိွပါပဲ...မင္းဆိုတဲ့ ျဖစ္တည္မႈေလးကိုသာ ငါခ်စ္တာ...ဒါေၾကာင့္ ငါ့နားက ထြက္သြားဖို႔ မႀကိဳးစားပါနဲ႔.....

အေတြးမ်ားေနေသာ ေကာင္ေလးကေတာ့ ရင္ခြင္အတြင္း မ်က္ႏွာ၀ွက္ထားသူ၏ အၿပံဳးကိုေတာ့ မျမင္လိုက္ေပ။ မိုးထက္ ႏွစ္ၿခိဳက္စြာ ၿပံဳးလိုက္မိသည္။ တစ္ဖန္ သူ၏ သ႐ုပ္ေဆာင္မႈေအာက္ က်႐ံႈးသြားၾကေသာ ခြန္းဆက္၊ မင္းျမတ္နဲ႔ ေကာင္းထက္တို႔အား ေတြးမိေတာ့ သေဘာတက်ရယ္မိရျပန္သည္။ သူ႕အား တံုးရန္ေကာဆိုေသာ အၾကည့္နဲ႔ၾကည့္ၾကသူေတြကို သူက စိတ္ထဲေပ်ာ္ေပ်ာ္ႀကီး ေလွာင္ေျပာင္ေနခဲ့ရသည္။

ငါ့ကို တံုးတယ္လို႔ေျပာတဲ့ မင္းတို႔ေတြကမွ တကယ့္ငတံုးေလးေတြပါကြာ.....

ျမႏွင္းႏြယ္က သူ႕အေမသူငယ္ခ်င္းရဲ႕ သမီးျဖစ္သလို သူ႕အေဖရဲ႕တစ္ေယာက္တည္းရိွေသာညီတစ္ျဖစ္လဲ သူ့ဦးေလးကေမြးထားသည့္ ႏွစ္ေယာက္မရိွေသာ တစ္၀မ္းကြဲ ညီမေလးပင္ျဖစ္သည္။ ဦးေလးတို႔မိသားစုက မိုးထက္ငယ္စဥ္ကတည္းကပင္ ႏိုင္ငံျခားသို႔ထြက္သြားခဲ့ၿပီး ျပန္ေရာက္လာတာ သိပ္မၾကာေသးေပ။ ထို႔ေၾကာင့္ ျမႏွင္းႏြယ္အား ေကာင္းထက္နဲ႔ခြန္းဆက္တို႔ မသိၾကျခင္းျဖစ္သည္။ မိုးထက္နဲ႔ ျမႏွင္းႏြယ္ ႏွစ္ေယာက္လံုးက တစ္ဦးကေလးေတြမို႔ ေမာင္ႏွမအရင္းလို ခ်စ္ၾကသည္။ ေဆး႐ံုတြင္ ေကာင္းထက္နဲ႔ဆံုစဥ္ကလည္း အရိပ္ျပလွ်င္အေကာင္ျမင္တတ္သည့္ ညီမေတာ္က သူ႕ဇာတ္လမ္းအတိုင္း ကူ၍ သ႐ုပ္ေဆာင္ေပးခဲ့သည္။ သူ႕ဇာတ္ၫႊန္းအတိုင္း ေကာင္းထက္က သူ႕အား သ၀န္တိုသြားခဲ့သည္ေၾကာင့္ သူက်ိတ္ေပ်ာ္ခဲ့ရေသးသည္။ တစ္ဖန္ ေကာင္းထက္၏ သူအေပၚထားေသာ ခံစားကိုယံုၾကည္ေသာ္လည္း စမ္းသပ္ခ်င္ေသးသည္ေၾကာင့္ သူနဲ႔႐ုပ္ဆင္ေသာ ျမႏွင္းႏြယ္နဲ႔ နီးစပ္ေစရန္ ႀကံရြယ္ခဲ့ေသးသည္။ ေျပာင္းလဲမသြားေသာ ေကာင္းထက္ေၾကာင့္ စိတ္ထဲၾကည္ႏူးရသည္ကလည္း အခါခါ။ အခုတြင္ေတာ့ ထိုလူသားက သူ႕အားဖြင့္ေျပာခဲ့ၿပီးျဖစ္သည္။ ဒီလိုေတြျဖစ္လာေစဖို႔က သူ႕အႀကံပဲဆိုသည္ကိုေတာ့ ဒီတစ္သက္လံုး သူတစ္ေယာက္ထဲသိ႐ံုနဲ႔တင္ လံုေလာက္ပါသည္။ သူသာဒီလိုမွ မလုပ္ရင္ မ်ဳိသိပ္ႏိုင္လြန္းသူက ဒီတစ္သက္ဖြင့္ဟလာမည္မထင္။

ေကာင္းထက္ဆီက ခ်စ္တယ္ဆိုတဲ့ စကားၾကားတဲ့အခ်ိန္တုန္းကဆို သူတကယ္ ေပ်ာ္လြန္းလို႔ ငိုခ်င္မိသည္အထိ ျဖစ္သြားရသည္။ ဘယ္ေလာက္ေတာင္ ေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ စကားေလးမို႔လို႔လဲေလ။

ေပ်ာ္ပါသည္။ တကယ္ကို ေပ်ာ္ပါသည္။ ခ်စ္ေနမွန္းသိေပမယ့္ ထိုစကားေျပာဖို႔ တြန္႔တိုေနေသာ ခ်စ္ရသူထံမွ ခ်စ္စကားေလးအား ၾကားခြင့္ရသည့္အခါ သၾကားလံုးအရမ္းစားခ်င္ေနတဲ့ ကေလးတစ္ေယာက္က သၾကားလံုးေလးတစ္လံုး ေကာက္ရလိုက္သလိုမ်ဳိး ကမာၻႀကီးတစ္ခုလံုး အပိုင္စားရလိုက္သလိုမ်ဳိး သူေပ်ာ္ခဲ့ရသည္။

ငါလည္း မင္းကိုခ်စ္တယ္ ယံ...မင္းခ်စ္တာထက္ ပိုၿပီးေတာ့ကို ငါခ်စ္တယ္ဆိုတာေတာ့ မင္းသိေအာင္ ထုတ္မျပဘူး...ဒီတိုင္းေလး မင္းရဲ႕အလိုလိုက္မႈေတြၾကား ငါဆိုးသြမ္းရင္း မင္းခ်စ္တာကိုပဲ ငါခံစားမယ္...မင္းလိုတဲ့အခ်ိန္ ငါရိွေနေပးမယ္...ငါ့ရဲ႕အရာရာက မင္းပဲမို႔ အခ်ိန္တိုင္းေတာ့ ၿပံဳးေနေပးပါ ယံ...အဲ့ဒါက ငါရဲ႕ေပ်ာ္ရႊင္ျခင္းပဲမို္႔.....

*********************************
#29.4.2024
#🍁Moe Kyal Phyu🍁

**********

ခြန္းဆက္တို႔လိုမ်ဳိး ေကာင္းထက္ဆီ အညႇာမိသြားတဲ့လူေတြရိွၾကလား????

တကယ္ေတာ့ ကိုယ့္အခ်စ္ေတာ္မိုးထက္ေလးက မတံုးပါဘူး...တံုးခ်င္ေယာင္သာ ဟန္ေဆာင္ေနတာ.....


Continue Reading

You'll Also Like

4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
13.3K 396 53
" ကိုယ်မင်းရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရလို့ ပျော်တယ် " " အရူး ဒဏ်ရာရတာကိုပျော်နေတဲ့သူ အခုမှဘဲတွေ့ဖူးတော့တယ် "
1.5M 135K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...