အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၁)
"အဲ့ဒါ သူ(မ)လား?!"
မိုးသစ်တောထဲမှာ ထူးထူးခြားခြား ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးလား?
သူမလည်း ရေစီးထဲမှာ မြောနေတယ်ဆိုတော့ သူမလည်း သူပုန်လို့ ပြောလို့ရနိုင်သည်။ ဒါမှမဟုတ် သူမက ဟန်ရှုပြောသလို သူပုန်ခေါင်းဆောင်လို့ ပြောရမလား? ကုယွင်၏ မျက်လုံးများက ထိုအမျိုးသမီးထံတွင်သာ ကျောက်ချနေပြီး သူမကလည်း သူမထံသို့ စူးစိုက်ရောက်ရှိနေသော အကြည့်များကို ခံစားမိနေပုံရသည်။ သူမက ကုယွင်ရှိရာနေရာဆီသို့ လှမ်းကြည့်လိုက်ပြီး နက်မှောင်သောအကြည့်နှင့် စူးရှသောအကြည့်တို့က လေထဲတွင် တွေ့ဆုံသွားသည်။
ထိုအမျိုးသမီး၏ လှပသောမျက်နှာက အေးစက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိတ်လန့်နေသည့် အရိပ်အယောင်များကို ပြသနေမည့်အစား တည်ငြိမ်ပြီး လေးနက်သော ရောင်ဝါကို ပေါ်လွင်စေသည်။ သူမက လှိုင်းလုံးများထဲတွင် သွက်သွက်လက်လက် သပ်သပ်ရပ်ရပ် ရွေ့လျားနေပြီး ပတ်ဝန်းကျင်မှ အရာအားလုံးက သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။ ထိုကဲ့သို့ ထူးခြားသော မိန်းမတစ်ယောက်အနေဖြင့် ကုယွင်က သူမက ရိုးရှင်းတဲသူ မဟုတ်ကြောင်း သူမ စိတ်ထဲကနေ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမကို ဒီလိုမျိုး လွတ်မြောက်ခွင့် မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်သည်။
သူမ ခေါင်းငုံ့ပြီး လက်ရှိ ရေအခြေအနေကို ကြည့်လိုက်ရာ မြစ်ရေက နည်းသွားပြီး ရေက နှစ်မီတာအောက်သာ နက်တော့တယ်။ ရေအရှိန်ကလည်း တဖြည်းဖြည်း နှေးကွေးလာသည်။
ငါ့ရဲ့ရေကူးကျွမ်းကျင်မှုက တော်တော်လေး ကောင်းမွန်တယ်၊ ပြီးတော့ တော်တော်လေး ရေကူးနိုင်တယ်လို့ ပြောလို့ရတယ်။ ရေစီးကြောင်းထဲ မိန်းမရဲ့ အရှိန်ကို ကြည့်ရတာ ငါ အဲ့မိန်းမကို တားနိုင်လောက်တယ်။
ကုယွင်က သူမ စိတ်ထဲတွင် အကဲဖြတ်ပြီးနောက် သူမအတွက် ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိသည်။ သူမက ပင်းလျန့်ကို ခါးတွင် ဆွဲကာ ရေထဲသို့ ခုန်ချရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမ၏ခြေထောက်များ ကမ်းပေါ်မှ မခွာနိုင်မီတွင် သူမ၏ပခုံးများကို ကျယ်ပြန့်ပြီး အားကြီးသောလက်ဖဝါးကြီးက ဖိလာပြီး စုလင်း၏ အသံက ကြားလိုက်ရသည်။ "မင်း ဘာလုပ်မလို့လဲ?"
"လွှတ်! ကျွန်မတို့ အဲဒီမိန်းမကို ပြေးခွင့်ပေးလို့ မဖြစ်ဘူး" ကုယွင်က စုလင်း၏လက်ကို တွန်းထုတ်ချင်ပေမယ့် သူ့လက်က သန်မာလွန်းတာကြောင့် သူမ မလှုပ်ရှားနိုင်လောက်အောင်ဖြစ်နေပြီး သေသေချာချာ ရှင်းပြဖို့လည်း အချိန်မရှိပါဘူး။ သူမ အခု မသွားဘူးဆိုရင် အဲ့မြစိမ်းရောင် အမျိုးသမီးကို တားဖို့ နောက်ကျသွားလိမ့်မယ်။
စုလင်းက ကုယွင်၏အကြည့်များအတိုင်း လိုက်ကြည့်လိုက်ပဲပြီး မြစိမ်းရောင် အသွင်သဏ္ဍန်ကို အလွယ်တကူ တွေ့လိုက်ရသည်။ သူမက အေးစက်ပြီး သီးခြားဆန်သော စိတ်ထားရှိသည့် သွယ်လျပြီး ထင်ပေါ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက အရင်က ချင်းမော့ ပြောပြခဲ့သော လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးပဲ ဖြစ်ရမယ်။
စုလင်း၏လင်းယုန်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ကုယွင် စိတ်မရှည်ဖြစ်နေချိန်တွင် သူမပုခုံးပေါ်သို့ ပေါ့ပေါပါးပါး အပုတ်ခံလိုက်ရပြီး စုလင်း၏ နက်ရှိုင်းသော အသံက သူမ၏ နားထဲသို့ ထပ်မံ ရောက်ရှိလာသည်။ "ငါ သွားမယ်"
ကုယွင် မတုံ့ပြန်နိုင်ခင်မှာ စုလင်းက ပြေးထွက်သွားပြီး အရပ်ရှည်ရှည်နှင့် အနီရောင် နက်မှောင်သော အသွင်အပြင်က သူမမျက်လုံးရှေ့တွင် ဖြတ်ခနဲ လင်းလက်သွားသည်။ ထို့နောက်တွင် ကုယွင်က အသိစိတ်ပြန်ဝင်လာသည်။
သူ့ပုခုံးပေါ်မှာ ဒဏ်ရာရှိတယ်... ရေထိလို့ မဖြစ်ဘူး...
ကုယွင်၏နှလုံးသားက တခဏအတွင်း မြင့်တက်လာသော်လည်း နောက်အခိုက်အတန့်တွင် မြေပြင်ပေါ်သို့ ချက်ချင်း ပြန်ဆင်းသက်လာသည်။ သူမကိုယ်သူမ မိုက်မဲလွန်းတယ်လို့ ခံစားလိုက်ရတယ်။
သူက ငါနဲ့ မတူဘူးလေ၊ သူက ချင်ကုန်းကို သိတယ်၊ သူက ရေထဲကို ဆင်းဖို့လိုပါ့မလား၊ ခုန်သွားရုံလေးပဲ လိုတာကို...
စုလင်းက ဖျပ်လပ်တက်ကြွပြီး တောအုပ်ကြီးထဲမှ သစ်ပင်နှင့် နွယ်များကို ခြေကုပ်အဖြစ် အသုံးပြုနိုင်သည်။ အခုန်အပျံ အတက်အဆင်း အနည်းငယ် လုပ်ပြီးနောက် စုလင်းက မြစိမ်းရောင် အမျိုးသမီး ဖြတ်သွားရမည့် သစ်ပင်၏ပင်စည်ပေါ်သို့ ရောက်သွားသည်။
သစ်ပင်၏ပင်စည်ပေါ်တွင် ဂုဏ်ယူစွာရပ်နေသော စုလင်းက အနီရင့်ရောင်စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူက အရပ်ရှည်ပြီး ချောမောလွန်းနေကာ သစ်တောမှ သစ်ရွက်များကို ဖြတ်ကျော်လာသော နေရောင်ခြည်က သူ့၏ပြတ်သားသော မျက်နှာပေါ်တွင် ထွန်းလင်းတောက်ပနေသည်။ သူ့မျက်နှာက ကျောက်တုံးကြီးကဲ့သို့ တင်းမာနေသော်လည်း စူးရှပြီး ပြတ်သားပုံရသော ကောက်ကြောင်းများက အပိုအလို မရှိထောင့်စေ့နေလေသည်။ သူ့မျက်နှာက ဘာအမူအရာမှမရှိပေမယ့် သူ့မျက်လုံးတွေက အေးစက်မည်းမှောင်နေသည်။ ထိုအမျိုးသမီး၏ နှလုံးသားက ရုတ်တရက် တင်းကျပ်လာသည်။
နောက်ဆုံးတော့ ငါးနှစ်အကြာမှ သူ့ကို ပြန်ဆုံတွေ့တိုင်ခဲ့ပြီ။
အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၂)
ထိုအမျိုးသမီးက စိတ်ရှုပ်နေပုံရသော်လည်း သူမ၏ရွှင်လန်းနေသောမျက်လုံးများက စုလင်းကို တိုက်ရိုက်ကြည့်နေကာ တွေဝေနေပုံရသည်။ ကုယွင်က သူမ အမြင်မှားနေတယ်လို့တောင် ထင်နေမိတယ်။ အဲ့အမျိုးသမီးက စုလင်းကို ရှောင်ဖို့ တခြားဘက်ကို ကူးမသွားဘဲ သူ့အနားကို ချဉ်းကပ်သွားတယ်၊ ဒါက တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီလို့ ဆိုလိုတာလား?
သူမ၏နှလုံးသား ငြိမ်သက်သွားပြီးနောက်တွင် ကုယွင်က သူမရင်ဘတ်ပေါ် လက်နှစ်ဖက်ပိုက်တင်ထားပြီး ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသလို သူတို့နှစ်ဦးကိုလည်း တိတ်တဆိတ် စိုက်ကြည့်နေသည်။
မကြာခင်မှာပဲ ထိုအမျိုးသမီးက ရေစီးကြောင်းနောက်ကို လိုက်လာပြီး စုလင်းအနားကို ရောက်လာသည်။ စုလင်းက သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ထိုအမျိုးသမီး၏ပခုံးကို သံနှင့်တူသော လက်များဖြင့် ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် သူမလက်မောင်းကို ရစ်ပတ်ထားသော အစိမ်းရောင် မြွေစိမ်းလေးက ပိုင်ရှင်၏မူမမှန်မှုကို ပြင်းပြင်းထန်ထန် ခံစားရပြီး သူ၏နီရဲနေသော မျက်လုံးလေးများက စုလင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကာ ထိတ်လန့်တကြား မြည်တွန်လိုက်သည်။ သူ့၏ရှည်လျားသွယ်လျစော အစွယ်နှစ်ချောင်းက အပြင်ဘက်သို့ ထွက်လာပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။ ထိုအစွယ်များက စုလင်း၏လက်ကို ကိုက်မိခါနီးတွင် အမျိုးသမီးက ခေါင်းကို အနည်းငယ်လှည့်ကာ မြွေလေးကို စိုက်ကြည့်လိုက်သည်။
မြွေစိမ်းလေးက နာကျည်းစွာ အော်မြည်လိုက်ပြီး အမှားမကျူးလွန်ဝံ့တဲ့ပုံစံနဲ့ ပါးစပ်ကို ပြန်ပိတ်ကာ ခေါင်းငုံ့လိုက်ပြီး အမျိုးသမီး၏လက်မောင်းတွင် ပြန်ရစ်ပတ်နေသည်။ သူက သူ့၏ခန္ဓာကိုယ်ကို လုံးဝ မလှုပ်တော့တာကြောင့် ဂရုတစိုက် မကြည့်မိလျှင် မြစိမ်းရောင်ဖဲကြိုးတစ်ခုကဲ့သို့ ဖြစ်နေသည်။
အမျိုးသမီးနှင့်မြွေစိမ်းလေးတို့ မျက်လုံးချင်း ဆက်သွယ်နေချိန်တွင် စုလင်းက သူမကို ရေထဲမှ ဆွဲယူပြီးဖြစ်နေသည်။ သူ၏ သန်မာသောလက်မောင်းများက ထိုအမျိုးသမီး၏ သွယ်လျသော ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ပေမယ့် စုလင်းက ထူးထူးခြားခြား ဘာမှမခံစားရဘဲ သူမကို တောထဲသို့ သယ်ဆောင်သွားခဲ့သည်။ ထိုအမျိုးသမီးက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး စုလင်း၏ အေးစက်ပြီး ပြတ်သားပုံရသော မျက်နှာက သူမမျက်လုံးများ၏ရှေ့တွင် နီးကပ်စွာပေါ်လာသည်။ နှစ်ပေါင်းများစွာ သူမ လွမ်းဆွတ်နေခဲ့ရသောမျက်နှာနှင့် နီးကပ်နေသော်လည်း ထိုအမျိုးသမီး၏မျက်နှာသည် ပိုအေးစက်လာကာ သူမ၏ မျက်ခုံးများက မသိလိုက်မသိဘာသာ ပင့်တက်သွားသည်။
သူမ ဘယ်သူလဲဆိုတာ သူ လုံးဝ မမှတ်မိတော့ဘူး၊ သူ သူမကို မေ့သွားပြီ။
ကုယွင်၏အေးစက်သော မျက်လုံးများက သူတို့ကို စောင့်ကြည့်နေပြီး ယခုအချိန်တွင် သူတို့နှစ်ယောက် အချင်းချင်း သိနေတယ်ဆိုတာ တစ်ရာ ရာခိုင်နူန်းသေချာနေပြီ ဖြစ်သည်။ အဲ့မြစိမ်းရောင် အမျိုးသမီးက စုလင်းကို သိနေတယ်။
ကုယွင်က သူမ၏မြွေပွေးနှင့် ကြာပွတ်က မည်မျှ ပြင်းထန်သည်၊ သူမ၏ တိုက်ခိုက်မှုက မည်မျှ ရက်စက် ကြမ်းကြုတ်သည်ကို မမေ့နိုင်ပေ။ ဒါပေမယ့် သူမ၏ပြိုင်ဖက်က စုလင်းဖြစ်သွားချိန်တွင် သူမက ပြောင်းလဲသွားပြီး ရုန်းကန်မူတောင် မလုပ်တော့ပေ။
ဒါက သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက ပေါ့ပေါ့ပါးပါး မဟုတ်ဘူးဆိုတာကို သက်သေပြနေတယ်။
ကုယွင်က သူမပတ်ဝန်းကျင်မှ လေထုက ခါတိုင်းထက် ပိုအေးစက်နေသည်ကို သတိမထားမိဘဲ သူမရင်ဘတ်တဝိုက်က လက်များကို မကြာခဏ ပွတ်သပ်နေလေသည်။
အတက်အဆင်း အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ဦးက ကုန်းမြင့်ပေါ်သို့ ခိုင်မြဲစွာ ဆင်းသက်လာကြသည်။ သေသေချာချာ ရပ်တန့်ပြီးနောက် စုလင်းက ထိုအမျိုးသမီး၏ခါးကို လက်လွှတ်လိုက်ကာ အညှာအတာမရှိ တွန်းထုတ်လိုက်ပြီး စစ်သည်တစ်စုကို အမိန့်ပေးလိုက်သည်။ "သူ(မ)ကို စခန်းထဲ ပြန်ခေါ်သွားပြီး ချုပ်ထားလိုက်"
"ဟုတ်ကဲ့"
ထိုစကားကို ပြောပြီးနောက် စုလင်းက နောက်ပြန်လှည့်ကာ လမ်ရှောင်းဆီသို့ လျှောက်သွားခဲ့သည်။ သူက သူ့ရှေ့မှ ရေစီးကြောင်းကိုသာ ကြည့်နေပြီး သူ့နောက်မှ အမျိုးသမီးကို လုံးဝ ဂရုမစိုက်တော့ပေ။
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜
အခန္း ၁၆ သူပုန္မ်ားကို ဝိုင္းရံျခင္းႏွင့္ ႏွိမ္နင္းျခင္း (အပိုင္း ၁)
"အဲ့ဒါ သူ(မ)လား?!"
မိုးသစ္ေတာထဲမွာ ထူးထူးျခားျခား ေပၚလာတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အမ်ိဳးသမီးလား?
သူမလည္း ေရစီးထဲမွာ ေျမာေနတယ္ဆိုေတာ့ သူမလည္း သူပုန္လို႔ ေျပာလို႔ရႏိုင္သည္။ ဒါမွမဟုတ္ သူမက ဟန္ရႈေျပာသလို သူပုန္ေခါင္းေဆာင္လို႔ ေျပာရမလား? ကုယြင္၏ မ်က္လုံးမ်ားက ထိုအမ်ိဳးသမီးထံတြင္သာ ေက်ာက္ခ်ေနၿပီး သူမကလည္း သူမထံသို႔ စူးစိုက္ေရာက္ရွိေနေသာ အၾကည့္မ်ားကို ခံစားမိေနပုံရသည္။ သူမက ကုယြင္ရွိရာေနရာဆီသို႔ လွမ္းၾကည့္လိုက္ၿပီး နက္ေမွာင္ေသာအၾကည့္ႏွင့္ စူးရွေသာအၾကည့္တို႔က ေလထဲတြင္ ေတြ႕ဆုံသြားသည္။
ထိုအမ်ိဳးသမီး၏ လွပေသာမ်က္ႏွာက ေအးစက္ျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ထိတ္လန႔္ေနသည့္ အရိပ္အေယာင္မ်ားကို ျပသေနမည့္အစား တည္ၿငိမ္ၿပီး ေလးနက္ေသာ ေရာင္ဝါကို ေပၚလြင္ေစသည္။ သူမက လႈိင္းလုံးမ်ားထဲတြင္ သြက္သြက္လက္လက္ သပ္သပ္ရပ္ရပ္ ေ႐ြ႕လ်ားေနၿပီး ပတ္ဝန္းက်င္မွ အရာအားလုံးက သူမ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနပုံရသည္။ ထိုကဲ့သို႔ ထူးျခားေသာ မိန္းမတစ္ေယာက္အေနျဖင့္ ကုယြင္က သူမက ႐ိုးရွင္းတဲသူ မဟုတ္ေၾကာင္း သူမ စိတ္ထဲကေန ဆုံးျဖတ္လိုက္သည္။ ထို႔ေၾကာင့္ သူမကို ဒီလိုမ်ိဳး လြတ္ေျမာက္ခြင့္ မေပးႏိုင္ဘူးလို႔ ဆုံးျဖတ္လိုက္သည္။
သူမ ေခါင္းငုံ႔ၿပီး လက္ရွိ ေရအေျခအေနကို ၾကည့္လိုက္ရာ ျမစ္ေရက နည္းသြားၿပီး ေရက ႏွစ္မီတာေအာက္သာ နက္ေတာ့တယ္။ ေရအရွိန္ကလည္း တျဖည္းျဖည္း ေႏွးေကြးလာသည္။
ငါ့ရဲ႕ေရကူးကြၽမ္းက်င္မႈက ေတာ္ေတာ္ေလး ေကာင္းမြန္တယ္၊ ၿပီးေတာ့ ေတာ္ေတာ္ေလး ေရကူးႏိုင္တယ္လို႔ ေျပာလို႔ရတယ္။ ေရစီးေၾကာင္းထဲ မိန္းမရဲ႕ အရွိန္ကို ၾကည့္ရတာ ငါ အဲ့မိန္းမကို တားႏိုင္ေလာက္တယ္။
ကုယြင္က သူမ စိတ္ထဲတြင္ အကဲျဖတ္ၿပီးေနာက္ သူမအတြက္ ျဖစ္ႏိုင္ေခ်ရွိသည္ဟု ခံစားမိသည္။ သူမက ပင္းလ်န႔္ကို ခါးတြင္ ဆြဲကာ ေရထဲသို႔ ခုန္ခ်ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။ သူမ၏ေျခေထာက္မ်ား ကမ္းေပၚမွ မခြာႏိုင္မီတြင္ သူမ၏ပခုံးမ်ားကို က်ယ္ျပန႔္ၿပီး အားႀကီးေသာလက္ဖဝါးႀကီးက ဖိလာၿပီး စုလင္း၏ အသံက ၾကားလိုက္ရသည္။ "မင္း ဘာလုပ္မလို႔လဲ?"
"လႊတ္! ကြၽန္မတို႔ အဲဒီမိန္းမကို ေျပးခြင့္ေပးလို႔ မျဖစ္ဘူး" ကုယြင္က စုလင္း၏လက္ကို တြန္းထုတ္ခ်င္ေပမယ့္ သူ႔လက္က သန္မာလြန္းတာေၾကာင့္ သူမ မလႈပ္ရွားႏိုင္ေလာက္ေအာင္ျဖစ္ေနၿပီး ေသေသခ်ာခ်ာ ရွင္းျပဖို႔လည္း အခ်ိန္မရွိပါဘူး။ သူမ အခု မသြားဘူးဆိုရင္ အဲ့ျမစိမ္းေရာင္ အမ်ိဳးသမီးကို တားဖို႔ ေနာက္က်သြားလိမ့္မယ္။
စုလင္းက ကုယြင္၏အၾကည့္မ်ားအတိုင္း လိုက္ၾကည့္လိုက္ပဲၿပီး ျမစိမ္းေရာင္ အသြင္သ႑န္ကို အလြယ္တကူ ေတြ႕လိုက္ရသည္။ သူမက ေအးစက္ၿပီး သီးျခားဆန္ေသာ စိတ္ထားရွိသည့္ သြယ္လ်ၿပီး ထင္ေပၚေသာ အမ်ိဳးသမီးတစ္ဦးျဖစ္သည္။ သူမက အရင္က ခ်င္းေမာ့ ေျပာျပခဲ့ေသာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အမ်ိဳးသမီးပဲ ျဖစ္ရမယ္။
စုလင္း၏လင္းယုန္မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းသြားသည္။ ကုယြင္ စိတ္မရွည္ျဖစ္ေနခ်ိန္တြင္ သူမပုခုံးေပၚသို႔ ေပါ့ေပါပါးပါး အပုတ္ခံလိုက္ရၿပီး စုလင္း၏ နက္ရႈိင္းေသာ အသံက သူမ၏ နားထဲသို႔ ထပ္မံ ေရာက္ရွိလာသည္။ "ငါ သြားမယ္"
ကုယြင္ မတုံ႔ျပန္ႏိုင္ခင္မွာ စုလင္းက ေျပးထြက္သြားၿပီး အရပ္ရွည္ရွည္ႏွင့္ အနီေရာင္ နက္ေမွာင္ေသာ အသြင္အျပင္က သူမမ်က္လုံးေရွ႕တြင္ ျဖတ္ခနဲ လင္းလက္သြားသည္။ ထို႔ေနာက္တြင္ ကုယြင္က အသိစိတ္ျပန္ဝင္လာသည္။
သူ႔ပုခုံးေပၚမွာ ဒဏ္ရာရွိတယ္... ေရထိလို႔ မျဖစ္ဘူး...
ကုယြင္၏ႏွလုံးသားက တခဏအတြင္း ျမင့္တက္လာေသာ္လည္း ေနာက္အခိုက္အတန႔္တြင္ ေျမျပင္ေပၚသို႔ ခ်က္ခ်င္း ျပန္ဆင္းသက္လာသည္။ သူမကိုယ္သူမ မိုက္မဲလြန္းတယ္လို႔ ခံစားလိုက္ရတယ္။
သူက ငါနဲ႔ မတူဘူးေလ၊ သူက ခ်င္ကုန္းကို သိတယ္၊ သူက ေရထဲကို ဆင္းဖို႔လိုပါ့မလား၊ ခုန္သြား႐ုံေလးပဲ လိုတာကို...
စုလင္းက ဖ်ပ္လပ္တက္ႂကြၿပီး ေတာအုပ္ႀကီးထဲမွ သစ္ပင္ႏွင့္ ႏြယ္မ်ားကို ေျခကုပ္အျဖစ္ အသုံးျပဳႏိုင္သည္။ အခုန္အပ်ံ အတက္အဆင္း အနည္းငယ္ လုပ္ၿပီးေနာက္ စုလင္းက ျမစိမ္းေရာင္ အမ်ိဳးသမီး ျဖတ္သြားရမည့္ သစ္ပင္၏ပင္စည္ေပၚသို႔ ေရာက္သြားသည္။
သစ္ပင္၏ပင္စည္ေပၚတြင္ ဂုဏ္ယူစြာရပ္ေနေသာ စုလင္းက အနီရင့္ေရာင္စစ္ဝတ္စုံကို ၀တ္ဆင္ထားသည္။ သူက အရပ္ရွည္ၿပီး ေခ်ာေမာလြန္းေနကာ သစ္ေတာမွ သစ္႐ြက္မ်ားကို ျဖတ္ေက်ာ္လာေသာ ေနေရာင္ျခည္က သူ႔၏ျပတ္သားေသာ မ်က္ႏွာေပၚတြင္ ထြန္းလင္းေတာက္ပေနသည္။ သူ႔မ်က္ႏွာက ေက်ာက္တုံးႀကီးကဲ့သို႔ တင္းမာေနေသာ္လည္း စူးရွၿပီး ျပတ္သားပုံရေသာ ေကာက္ေၾကာင္းမ်ားက အပိုအလို မရွိေထာင့္ေစ့ေနေလသည္။ သူ႔မ်က္ႏွာက ဘာအမူအရာမွမရွိေပမယ့္ သူ႔မ်က္လုံးေတြက ေအးစက္မည္းေမွာင္ေနသည္။ ထိုအမ်ိဳးသမီး၏ ႏွလုံးသားက ႐ုတ္တရက္ တင္းက်ပ္လာသည္။
ေနာက္ဆုံးေတာ့ ငါးႏွစ္အၾကာမွ သူ႔ကို ျပန္ဆုံေတြ႕တိုင္ခဲ့ၿပီ။
အခန္း ၁၆ သူပုန္မ်ားကို ဝိုင္းရံျခင္းႏွင့္ ႏွိမ္နင္းျခင္း (အပိုင္း ၂)
ထိုအမ်ိဳးသမီးက စိတ္ရႈပ္ေနပုံရေသာ္လည္း သူမ၏႐ႊင္လန္းေနေသာမ်က္လုံးမ်ားက စုလင္းကို တိုက္႐ိုက္ၾကည့္ေနကာ ေတြေဝေနပုံရသည္။ ကုယြင္က သူမ အျမင္မွားေနတယ္လို႔ေတာင္ ထင္ေနမိတယ္။ အဲ့အမ်ိဳးသမီးက စုလင္းကို ေရွာင္ဖို႔ တျခားဘက္ကို ကူးမသြားဘဲ သူ႔အနားကို ခ်ဥ္းကပ္သြားတယ္၊ ဒါက တစ္ေယာက္နဲ႔တစ္ေယာက္ သိေနတာၾကာၿပီလို႔ ဆိုလိုတာလား?
သူမ၏ႏွလုံးသား ၿငိမ္သက္သြားၿပီးေနာက္တြင္ ကုယြင္က သူမရင္ဘတ္ေပၚ လက္ႏွစ္ဖက္ပိုက္တင္ထားၿပီး ျဖစ္ပ်က္ေနသမွ်ကို ေစာင့္ၾကည့္ေနသလို သူတို႔ႏွစ္ဦးကိုလည္း တိတ္တဆိတ္ စိုက္ၾကည့္ေနသည္။
မၾကာခင္မွာပဲ ထိုအမ်ိဳးသမီးက ေရစီးေၾကာင္းေနာက္ကို လိုက္လာၿပီး စုလင္းအနားကို ေရာက္လာသည္။ စုလင္းက သစ္ပင္ေပၚမွ ခုန္ဆင္းကာ ထိုအမ်ိဳးသမီး၏ပခုံးကို သံႏွင့္တူေသာ လက္မ်ားျဖင့္ ဆုပ္ကိုင္လိုက္သည္။ ထိုအခ်ိန္တြင္ သူမလက္ေမာင္းကို ရစ္ပတ္ထားေသာ အစိမ္းေရာင္ ေႁမြစိမ္းေလးက ပိုင္ရွင္၏မူမမွန္မႈကို ျပင္းျပင္းထန္ထန္ ခံစားရၿပီး သူ၏နီရဲေနေသာ မ်က္လုံးေလးမ်ားက စုလင္းကို စူးစူးဝါးဝါး စိုက္ၾကည့္ေနကာ ထိတ္လန႔္တၾကား ျမည္တြန္လိုက္သည္။ သူ႔၏ရွည္လ်ားသြယ္လ်ေစာ အစြယ္ႏွစ္ေခ်ာင္းက အျပင္ဘက္သို႔ ထြက္လာၿပီး တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနသည္။ ထိုအစြယ္မ်ားက စုလင္း၏လက္ကို ကိုက္မိခါနီးတြင္ အမ်ိဳးသမီးက ေခါင္းကို အနည္းငယ္လွည့္ကာ ေႁမြေလးကို စိုက္ၾကည့္လိုက္သည္။
ေႁမြစိမ္းေလးက နာက်ည္းစြာ ေအာ္ျမည္လိုက္ၿပီး အမွားမက်ဴးလြန္ဝံ့တဲ့ပုံစံနဲ႔ ပါးစပ္ကို ျပန္ပိတ္ကာ ေခါင္းငုံ႔လိုက္ၿပီး အမ်ိဳးသမီး၏လက္ေမာင္းတြင္ ျပန္ရစ္ပတ္ေနသည္။ သူက သူ႔၏ခႏၶာကိုယ္ကို လုံးဝ မလႈပ္ေတာ့တာေၾကာင့္ ဂ႐ုတစိုက္ မၾကည့္မိလွ်င္ ျမစိမ္းေရာင္ဖဲႀကိဳးတစ္ခုကဲ့သို႔ ျဖစ္ေနသည္။
အမ်ိဳးသမီးႏွင့္ေႁမြစိမ္းေလးတို႔ မ်က္လုံးခ်င္း ဆက္သြယ္ေနခ်ိန္တြင္ စုလင္းက သူမကို ေရထဲမွ ဆြဲယူၿပီးျဖစ္ေနသည္။ သူ၏ သန္မာေသာလက္ေမာင္းမ်ားက ထိုအမ်ိဳးသမီး၏ သြယ္လ်ေသာ ခါးကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္။ ထိုအမ်ိဳးသမီး၏ ခႏၶာကိုယ္က ေတာင့္တင္းသြားခဲ့ေပမယ့္ စုလင္းက ထူးထူးျခားျခား ဘာမွမခံစားရဘဲ သူမကို ေတာထဲသို႔ သယ္ေဆာင္သြားခဲ့သည္။ ထိုအမ်ိဳးသမီးက ေခါင္းကို အနည္းငယ္ လွည့္လိုက္ၿပီး စုလင္း၏ ေအးစက္ၿပီး ျပတ္သားပုံရေသာ မ်က္ႏွာက သူမမ်က္လုံးမ်ား၏ေရွ႕တြင္ နီးကပ္စြာေပၚလာသည္။ ႏွစ္ေပါင္းမ်ားစြာ သူမ လြမ္းဆြတ္ေနခဲ့ရေသာမ်က္ႏွာႏွင့္ နီးကပ္ေနေသာ္လည္း ထိုအမ်ိဳးသမီး၏မ်က္ႏွာသည္ ပိုေအးစက္လာကာ သူမ၏ မ်က္ခုံးမ်ားက မသိလိုက္မသိဘာသာ ပင့္တက္သြားသည္။
သူမ ဘယ္သူလဲဆိုတာ သူ လုံးဝ မမွတ္မိေတာ့ဘူး၊ သူ သူမကို ေမ့သြားၿပီ။
ကုယြင္၏ေအးစက္ေသာ မ်က္လုံးမ်ားက သူတို႔ကို ေစာင့္ၾကည့္ေနၿပီး ယခုအခ်ိန္တြင္ သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္း သိေနတယ္ဆိုတာ တစ္ရာ ရာခိုင္ႏူန္းေသခ်ာေနၿပီ ျဖစ္သည္။ အဲ့ျမစိမ္းေရာင္ အမ်ိဳးသမီးက စုလင္းကို သိေနတယ္။
ကုယြင္က သူမ၏ေႁမြေပြးႏွင့္ ၾကာပြတ္က မည္မွ် ျပင္းထန္သည္၊ သူမ၏ တိုက္ခိုက္မႈက မည္မွ် ရက္စက္ ၾကမ္းၾကဳတ္သည္ကို မေမ့ႏိုင္ေပ။ ဒါေပမယ့္ သူမ၏ၿပိဳင္ဖက္က စုလင္းျဖစ္သြားခ်ိန္တြင္ သူမက ေျပာင္းလဲသြားၿပီး ႐ုန္းကန္မူေတာင္ မလုပ္ေတာ့ေပ။
ဒါက သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈက ေပါ့ေပါ့ပါးပါး မဟုတ္ဘူးဆိုတာကို သက္ေသျပေနတယ္။
ကုယြင္က သူမပတ္ဝန္းက်င္မွ ေလထုက ခါတိုင္းထက္ ပိုေအးစက္ေနသည္ကို သတိမထားမိဘဲ သူမရင္ဘတ္တဝိုက္က လက္မ်ားကို မၾကာခဏ ပြတ္သပ္ေနေလသည္။
အတက္အဆင္း အနည္းငယ္ၾကာၿပီးေနာက္ သူတို႔ႏွစ္ဦးက ကုန္းျမင့္ေပၚသို႔ ခိုင္ၿမဲစြာ ဆင္းသက္လာၾကသည္။ ေသေသခ်ာခ်ာ ရပ္တန႔္ၿပီးေနာက္ စုလင္းက ထိုအမ်ိဳးသမီး၏ခါးကို လက္လႊတ္လိုက္ကာ အညႇာအတာမရွိ တြန္းထုတ္လိုက္ၿပီး စစ္သည္တစ္စုကို အမိန႔္ေပးလိုက္သည္။ "သူ(မ)ကို စခန္းထဲ ျပန္ေခၚသြားၿပီး ခ်ဳပ္ထားလိုက္"
"ဟုတ္ကဲ့"
ထိုစကားကို ေျပာၿပီးေနာက္ စုလင္းက ေနာက္ျပန္လွည့္ကာ လမ္ေရွာင္းဆီသို႔ ေလွ်ာက္သြားခဲ့သည္။ သူက သူ႔ေရွ႕မွ ေရစီးေၾကာင္းကိုသာ ၾကည့္ေနၿပီး သူ႔ေနာက္မွ အမ်ိဳးသမီးကို လုံးဝ ဂ႐ုမစိုက္ေတာ့ေပ။
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜