အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၁၁)
ကုယွင်က ခေါင်းယမ်းပြီး အေးအေးဆေးဆေး တိုတိုတုတ်တုတ် အစီအစဥ်တစ်ခု ပြောပြလိုက်သည်။ "နောက်ဆုတ်စရာတော့ မလိုပါဘူး။ ကျွန်မ အခု စုလင်းကို သေသေချာချာ ရှင်းပြဖို့ အဲ့နေရာကို သွားလိုက်မယ်။ ဒီမှာ ရှိနေတဲ့ မင်းရဲ့လောင်စာတွေထဲက တော်တော်များများကို စုလင်းရှိတဲ့ နေရာကို ပို့ဖို့ မင်းရဲ့လက်ရွေးစင် စစ်သည်ငါးထောင်ထဲက တစ်ထောင်ထည့်ပေးလိုက်၊ ကျွမတို့ စုလင်းရှိတဲ့ အရှေ့ဘက်ကုန်းမြင့်ကို သွားနေချိန်မှာ တခြားလူတွေက လောင်စာတွေ ဆက်ဖြန်းရမယ်၊ ဒါပေမယ့် မြေကြီးပေါ်ကို မဖြန်းနဲ့တော့။ သစ်ပင်ပေါ်ကို တက်ပြီး ထိပ်ဖျားနေရာတွေကိုပဲ ဖြန့်လိုက်၊ သစ်ပင်ထိပ်တွေကို မီးရှို့ပြီးတာနဲ့ သုံးလီအကွာအထိ ချက်ခြင်း ပြန်ဆုတ်ရမယ်၊ စစ်သည်တွေ ပုန်းအောင်းဖို့ အကြီးဆုံး အတောင့်ဆုံးသစ်ပင်တွေ ရှာပြီး အပေါ်ကို တက်နေလိုက်ကြ၊ ရေစီးကြောင်းကို စောင့်ဆိုင်းပြီးမှ ဒုတိယအကြိမ် ပြန်တိုက်ခိုက်ဖို့ ဆင်းလာရမယ်!"
"ဟုတ်ကဲ့!" လက်ထောက်ယုက စစ်သည်များ ချက်ချင်း တပ်ဖြန့်စေလွှတ်လိုက်သည်။ ကုယွင်က လမ်ရှောင်းကို လောင်စာဆီ သယ်ဆောင်ရန် တာဝန်လွှဲပေးလိုက်ပြီး စုလင်းရှိရာသို့ ပြေးသွားလိုက်သည်။
စစ်သည်ငယ်တစ်ဦးက ကုန်းမြင့်ပေါ်တွင်ရပ်နေပြီး စူးရှသောမျက်လုံးများဖြင့် အနီးပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို စူးစမ်း စောင့်ကြည့်နေသည်။ ထိုအချိန်တွင် အဝေးမှ နေပြီး သူတို့ရှိရာဘက်ဆီသို့ ဦးတည်လာနေသော လူတစ်စုကို မြင်လိုက်ရသောကြောင့် ချက်ခြင်း သတိဖြင့် ဂရုတစိုက် ထပ်ကြည့်လိုက်သည်။ သေသေချာချာ ကြည့်ရှုပြီးနောက် သူက စုလင်းရှိရာဘက်သို့ ပြေးသွားလိုက်ပြီး "စစ်သေနာပတိချုပ်ကို သတင်းပို့ပါတယ်၊ ရှေ့ပြေးတပ်သား တစ်ထောင်ကျော်က ဒီနေရာကို ရွေ့လျားလာပါတယ်"
စုလင်းက သူ့လက်ထဲက မြေပုံကြမ်းကို ပြန်ချလိုက်ပြီး ခေါင်းကို မော့လိုက်သည်။ သူက မျက်ခုံးများကို တင်းတင်းကျပ်ကျပ် စုကျုံလိုက်ပြီး သူ့အသံက ကြောက်ခမန်းလိလိ တင်းမာနေကာ "ခေါင်းဆောင်က ဘယ်သူလဲ"
လက်ထောက်ယုက မူလအစီအစဉ်အတိုင်း မလုပ်ဘူးလား?? သူက စစ်အမိန့်ကို မနာခံပဲ ပေါ့ပေါ့ဆဆ နေတက်တဲ့သူတော့ မဟုတ်ပါဘူး။
"အဲ့ဒါက...." စစ်သည်လေးက ခဏတာ တုံ့ဆိုင်းနေပြီးနောက် စုလင်း၏နက်မှောင်နေသော မျက်ဝန်းအကြည့်ကြောင့် ကျယ်လောင်စွာ ပြန်ဖြေလာသည်။ "အဲ့ဒါက... သခင်မပါ"
ချင်းမော့? စုလင်းက အနည်းငယ် အံ့သြသွားသည်။ သူမက စုရန်တို့အဖွဲ့နဲ့ လိုက်သွားတာ မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက် သူ့ကို ရှာဖွေဖို့ လက်ရွေးစင်စစ်သည်တွေကို ခေါ်ဆောင်လာရတာတုန်း!
စုလင်းက တစုံတရာကို ခန့်မှန်းမိလိုက်သည်။ ကိစ္စတွေက ပြောင်းလဲသွားပြီလား??
မကြာခင်မှာပဲ ကုယွင်က ကုန်းမြင့်ဆီကို ရောက်လာပြီး စုလင်းက သူမကို ကြိုဆိုလိုက်သည်။ "ဘာဖြစ်တာလဲ?"
စိုးရိမ်သောကရောက်နေသော ကုယွင်၏နှလုံးသားက တဖြည်းဖြည်း ပြေလျော့သွားသည်။ မူလက သူမ သူ့ရဲ့လက်ရွေးစင်စစ်သည်တွေကို ခေါ်လာတာကို သူ စိတ်ဆိုးမယ်လို့ ထင်နေခဲ့တာ၊ မနေ့ညက အဖြစ်အပျက်ကြောင့် သူမ သူ့ကို တမင်တကာ ဒုက္ခပေးနေတာ ဒါမှမဟုတ် လက်တုံ့ပြန်နေတာလို့ သူ သေချာပေါက် တွေးနေမယ်လို့ သူမ ထင်ခဲ့မိတယ်။ ပြီးတော့ သူမကို တွေ့ရရင် သူ စိတ်ဆိုးနေပြီး စကားကောင်းကောင်း ပြောမယ်လို့ မထင်ထားမိဘူး။ မထင်မှတ်ပဲ သူ့မျက်နှာက ငြိမ်သက်နေပြီး သူ့လေသံက အေးစက်နေပေမယ့် သူ အေးအေးဆေးဆေး ပြန်မေးလာမယ်လို့တော့ မထင်ထားခဲ့မိဘူး။ သူ အခုလို မေးလိုက်တော့ ကုယွင်ပြင်ဆင်ထားတဲ့ အဖြေက အသုံးမဝင်တော့ဘူး။ သူ့ရဲအေးဆေးတည်ငြိမ်မှုအတွက် သူမ သူ့ကို တိတ်တိတ်လေး သဘောကျသွားမိတယ်။
မနက်ခင်းတုန်းက အရမ်းပြန်းထန်နေတဲ့ ယမ်းမှုန့်နံ့တွေနဲ့ ယှဉ်ရင် ကုယွင်ရဲ့လေသံက ပိုပျော့ပျောင်းသွားသည်။ သူမက "တောင်ပိုင်းမြစ်လက်တက်က ရေတွေက ရုတ်တရက် လျော့သွားတယ်။ သူပုန်တွေက အထက်ရေစီးကြောင်းကို ဖြတ်ပြီး မီးကိုတုန့်ပြန်ဖို့ ရေကို သုံးမယ်လို့ သံသယရှိနေမိတယ်။ မီးကျောက်တွေနဲ့ ဆာလဖာတွေကို ရေစိုသွားရင် အဲဒါက လုံးဝ အသုံးမဝင်တော့ဘူး၊ ပြီးတော့ ရေလွှမ်းသွားပြီးရင် မြေပြင်က ပိုပျော့လာလိမ့်မယ်။ အဲဒီအချိန်မှာ အင်အားသုံးပြီး တိုက်ခိုက်မယ်ဆိုရင် ရှင်တို့ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရလိမ့်မယ်"
သူမက သူစိမ်းဆန်တဲ့ အသုံးအနူန်းနဲ့ ပြောနေတာလား? စုလင်းက အကြောင်းတစ်ခုခုကြောင့် မပျော်တော့သလို ခံစားရလိုက်ရတယ်။ အရင်က သူမက ရင်းရင်းနှီးနှီး ပြောတုန်းကလည်း သူ မပျော်ဘူး။ စုလင်းက သူ့အတွေးတွေကို ပြန်စုပြီး သူမအကြောင်း ဆက်မတွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ မနေ့ညကပဲ သူ ဒီအကြောင်းတွေကို တွေးနေမိပြီး ဘာအကြံမှ ထွက်မလာဘူး။
ကုန်းမြင့်ရဲ့နောက် မနီးမဝေး မှာ စမ်းချောင်းတစ်ခုရှိပြီး ရေစီးသံက ခါတိုင်းလိုပါပဲ။ နှစ်ယောက်သား သူတို့နောက်မှာ စီးဆင်းနေတဲ့ ရေစီးကြောင်းကို ကြည့်ပြီး တစ်ချိန်တည်းမှာ အတွေးထဲနှစ်ဝင်သွားမိပြီး သူပုန်ခေါင်းဆောင်ကို ပိုလို့တောင် စောင့်မျှော်နေမိတော့သည်။ စုလင်းနှင့်လို့မူဟိုင်တို့၏ လှုပ်ရှားမှုများက အနီးကပ် တိုက်ခိုက်မှုကို အာရုံစိုက်နေကြောင်း ထိုခေါင်းဆောင်က အမှန်တကယ် တွေးတောနိုင်ခဲ့သည်။ ထိုအပြင် ရေကို ကြားဖြတ် တားဆီးရန် စမ်းချေင်း၏အခြားမြစ်လက်တက်များကိုလည်း ကြားဖြတ်ဟန့်တာခဲ့သည်။ ထိုအရာက စုလင်းနှင့်အခြားသူများ သံသယမဝင်စေရန်ဖြစ်သည်။
အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၁၂)
ထိုကဲ့သို့သောလူမျိုးနဲ့ တိုက်ခိုက်ရတဲ့အချိန်မှာ နောက်အခိုက်အတန့်မှာ သူ ဘာ ဆက်လှုပ်ရှားမယ်ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူး။
လမ်ရှောင်းနှင့်အတူ လောင်စာ သယ်ဆောင်လာသော ထောင်နှင့်ချီသော စစ်သည်များက ထိုလောင်စာများကို ကုန်းမြင့်ပေါ်သို့ တွန်းတင်လိုက်ကြသည်။ တစ်ချက်ကြည့်ပြီးနောက် စုလင်းက ကုယွင်၏အစီအစဉ်ကို နားလည်ပြီးသား ဖြစ်နေသည်။ "မင်း သူတို့ကို လှည့်စားပြီး ပြန်တိုက်ခိုက်ချင်သလား"
"ဟုတ်တယ်" ကုယွင်က သိပ်ရှင်းပြမနေဘဲ ပေါ့ပေါ့လေးပဲ ခေါင်းညိတ်ပြလိုက်သည်။
"စစ်သေနာပတိချုပ်၊ ကျွန်တော်တို့ မီးရှို့ပြီပါပြီ"
စစ်သည်ငယ်တစ်ဦး၏ တင်ပြမှုအပြီးတွင် လူတိုင်းက စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြသည်။ အဝေးမှ ထူထဲသော အနက်ရောင်မီးခိုးလုံးကြီးများ လျှံထွက်လာသည်။ ကုယွင်က သစ်ပင်၏ထိပ်ဖျားများကို မီးရှို့ရန် ပြောခဲ့သည်။ ထို့ကြောင့် မီးက အလျှင်အမြန် အပေါ်သို့ ပြန့်နှံ့လာပြီး အဝေးတွင် အနက်ရောင် နဂါးကြီးများ တန်းစီပြီး လေထဲတွင် လွင့်နေသလို ဖြစ်နေသည်။
လက်ထောက်ယုနဲ့ တခြားစစ်သည်တွေ ပါမလာတာကို တွေ့လိုက်ရတာကြောင့် စုလင်းက စိုးရိမ်တကြီးနဲ့ "လက်ထောက်ယုနဲ့ တခြားသူတွေ ဘယ်မှာလဲ?"
ကုယွင်က ပြန်ပြောဖို့ မရည်ရွယ်ထားသလိုပုံစံနဲ့ မီးခိုးလုံးများပြည့်နေသော မိုးသစ်တောကို တိတ်တဆိတ် လှမ်းကြည့်နေသည်။ ကုယွင်ရဲ့နောက်မှ လမ်ရှောင်းကလည်း ဘာမှ မသိသလို ပုံစံနဲ့ မတ်မတ်ရပ်နေသည်။ ကုယွင်ရဲ့ အစီအစဉ်ကို နားလည်ထားပြီးဖြစ်သော လော့ရန်က ရှေ့ကို လှမ်းလာပြီး သူတို့စစ်သူကြီး၏သံသယများကို ဖြေရှင်းပေးလိုက်သည်။ "စစ်သေနာပတိချုပ်၊ စိတ်မပူပါနဲ့၊ အခုလောက်ဆိုရင် သူတို့က ချင်းသခင်မလေးရဲ့ အစီအစဉ်အတိုင်း သစ်ပင်ပေါ်ရောက်နေလောက်ပြီ၊ လက်ရှိအခြေအနေကြောင့် ဘာမှ မဖြစ်နိုင်လောက်ပါဘူး"
စုလင်း၏လင်းယုန်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့ကို လျစ်လျူရှုထားသော ကုယွင်၏မျက်နှာကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့နှလုံးသားထဲကနေ စိတ်ဓာတ်ကျနေပေမယ့်လည်း သူ ဘာမှ မလုပ်နိုင်ဘူး။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် မီးက လေနှင့်အတူ မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျား လောင်ကျွမ်းသွားသည်။ ရွေ့လျားသည့်အရှိန်က အလွန်နှေးကွေးသွားသော်လည်း အရှိန်က ပိုပြင်းထန်လာသည်။
ထိုအချိန်တွင် ရုတ်တရက် မြောက်ဘက်မှ ကြီးမားသော ပြိုကျသံတစ်ခု ထွက်ပေါ်လာပြီး အသံက အလွန်ကျယ်လောင်နေကာ ကုယွင်၏ခြေထောက်အောက်ရှိ မြေပြင်သည်ပင် တုန်ခါသွားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ရေစီးသံများ ထွက်ပေါ်လာပြီး ဆယ်လီကျော် မြင့်သော လှိုင်းလုံးကြီးက အထက်အရပ်မှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အဝေးမှ သစ်ပင်ကြီးတွေက ပြင်းပြင်းထန်ထန် လှုပ်ရမ်းနေတာကို မြင်နိုင်ပြီး ခါးလောက်ပတ်လတ်ရှိတဲ့ သစ်ပင်တွေတောင် ပြုတ်ကျလာပြီး လှိုင်းလုံးကြီးများနှင့်အတူ မျောပါသွားခဲသည်။ ရေ၏တဟုန်ထိုးအရှိန်ကြောင့် ကုန်းမြင့်ပေါ်တွင် ရပ်နေသူတိုင်း ချွေးအေးများထွက်လာသည်အထိ မှင်တက်သွားကြသည်။ ထိုကဲ့သို့ ကြီးမားသော ရေစီးကြောင်း၏ သက်ရောက်မှုနှင့် ယှဉ်လိုက်လျှင် လောင်ကျွမ်းနေသော မီးများက အားနည်းပုံပေါက်ကာ တခဏချင်း ငြိမ်းသွားတော့သည်။
တစ်ရှီးချန်ခန့်ကြာပြီးနောက်တွင် ရေအရှိန်က တဖြေးဖြေး နှေးကွေးလာသည်။ ရေအရှိန်က နှေးသွားသော်လည်း ရေက တစ်လီကျော်ကျော် နက်နေသေးသည်။ သူတို့က ဒုတိယလှိုင်း တိုက်ခိုက်မှု မစတင်မီ ရေစီးကြောင်းကို စောင့်ဆိုင်းနေကြပြီး ထိုအချိန်တွင် မရေမတွက်နိုင်သော အနက်ရောင်အစက်ငယ်များက ရေထဲတွင် ရုတ်တရက် ပေါ်လာပြီး လျင်မြန်စွာ မျောပါလာကြသည်။
"အဲဒါက ဘာလဲ?" ကုယွင်၏မျက်လုံးများက မှေးကျဥ်းသွားပြီး ထိုအရာများ သူမတို့ အနားသို့ ရောက်ခါနီးတွင် ရေထဲမှာ မျောနေတာက လူများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"သတင်းပို့ပါတယ်!" စစ်သည်လေး၏ အသံကလည်း အရေးတကြီး ထွက်ပေါ်လာပြီး "စစ်သေနာပတိချုပ်၊ သူပုန်တွေအများကြီးက ရေစီးနဲ့အတူ လိုက်ပါသွားပြီး စစ်တပ်ရဲ့ ဝန်းရံမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေပါတယ်!"
ရေနောက်သို့လိုက်ပါလာသော သူပုန် ၃၀၀၀ ကျော်ရှိနေသည်။ စုလင်းက သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ "မြှားပစ်"
"ဟုတ်ကဲ့" စစ်သည်များက ရေထဲမှ အကာအကွယ်မဲ့နေသော သူပုန်များကို မြှားရှည်များနဲ့ ပစ်ခတ်ကြသည်။ ကံမကောင်းစွာနဲ့ပဲ ရေစီးက အရမ်းမြန်ပြီး အကွာအဝေးက လှမ်းနေတာကြောင့် မြှားတွေက သူပုန်တွေဆီကို မရောက်နိုင်တော့ပေ။ သူတို့ ဝေးသွားတာကို လှမ်းကြည့်ရုံသာ ရှိတော့သည်။
"လော့ရန်၊ ရေစီးကြောင်းရဲ့ အောက်ပိုင်းကို ကြားဖြတ်ပြီး လွတ်မြောက်သွားတဲ့ သူပုန်တွေကို ဖမ်းဖို့ စစ်သည်သုံးထောင်ကို ခေါ်သွားလိုက်"
"ဟုတ်ကဲ့"
"လမ်ရှောင်း၊ မင်းက ရေကျပြီးရင် ကျန်စစ်သည်တွေနဲ့ တောကို မီးရှို့ဖို့ စီစဉ်ထားလိုက်"
"ဟုတ်ကဲ့"
စုလင်းက စည်းစနစ်တကျ စီစဉ်ပေးနေတာကြောင့် ကုယွင်က သူမဘာမှလုပ်စရာမလိုသည့်အတွက် အရမ်းပျော်နေကာ မျက်လုံးများကို လှည့်ပတ်ကြည့်ရှုနေသည်။ ထိုစဥ် ရုတ်တရက် ရေထဲမှ ကြည်လင်ပြတ်သားသော အစိမ်းရောင် အသွင်အပြင်က သူမမျက်လုံးထဲသို့ ဝင်ရောက်လာသည်။ အဲ့မြစိမ်းရင့်ရောင်က သူမမျက်လုံးတွေကို အရမ်းဖမ်းစားထားတာကြောင့် လုံးဝ မမှားနိုင်ဘူး။
ကုယွင်က ထိုစိမ်းမြရောင်အရိပ်ကို အလျင်အမြန် ကြည့်လိုက်ပြီး သူမ၏ အေးစက်သော မျက်လုံးများက အမှတ်တမဲ့ ကျဉ်းမြောင်းသွားသည်။
တကယ်ကို... သူမပဲ!!!
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜
အခန္း ၁၅ သူပုန္ေခါင္းေဆာင္ (အပိုင္း ၁၁)
ကုယြင္က ေခါင္းယမ္းၿပီး ေအးေအးေဆးေဆး တိုတိုတုတ္တုတ္ အစီအစဥ္တစ္ခု ေျပာျပလိုက္သည္။ "ေနာက္ဆုတ္စရာေတာ့ မလိုပါဘူး။ ကြၽန္မ အခု စုလင္းကို ေသေသခ်ာခ်ာ ရွင္းျပဖို႔ အဲ့ေနရာကို သြားလိုက္မယ္။ ဒီမွာ ရွိေနတဲ့ မင္းရဲ႕ေလာင္စာေတြထဲက ေတာ္ေတာ္မ်ားမ်ားကို စုလင္းရွိတဲ့ ေနရာကို ပို႔ဖို႔ မင္းရဲ႕လက္ေ႐ြးစင္ စစ္သည္ငါးေထာင္ထဲက တစ္ေထာင္ထည့္ေပးလိုက္၊ ကြၽမတို႔ စုလင္းရွိတဲ့ အေရွ႕ဘက္ကုန္းျမင့္ကို သြားေနခ်ိန္မွာ တျခားလူေတြက ေလာင္စာေတြ ဆက္ျဖန္းရမယ္၊ ဒါေပမယ့္ ေျမႀကီးေပၚကို မျဖန္းနဲ႔ေတာ့။ သစ္ပင္ေပၚကို တက္ၿပီး ထိပ္ဖ်ားေနရာေတြကိုပဲ ျဖန႔္လိုက္၊ သစ္ပင္ထိပ္ေတြကို မီးရႈိ႕ၿပီးတာနဲ႔ သုံးလီအကြာအထိ ခ်က္ျခင္း ျပန္ဆုတ္ရမယ္၊ စစ္သည္ေတြ ပုန္းေအာင္းဖို႔ အႀကီးဆုံး အေတာင့္ဆုံးသစ္ပင္ေတြ ရွာၿပီး အေပၚကို တက္ေနလိုက္ၾက၊ ေရစီးေၾကာင္းကို ေစာင့္ဆိုင္းၿပီးမွ ဒုတိယအႀကိမ္ ျပန္တိုက္ခိုက္ဖို႔ ဆင္းလာရမယ္!"
"ဟုတ္ကဲ့!" လက္ေထာက္ယုက စစ္သည္မ်ား ခ်က္ခ်င္း တပ္ျဖန႔္ေစလႊတ္လိုက္သည္။ ကုယြင္က လမ္ေရွာင္းကို ေလာင္စာဆီ သယ္ေဆာင္ရန္ တာဝန္လႊဲေပးလိုက္ၿပီး စုလင္းရွိရာသို႔ ေျပးသြားလိုက္သည္။
စစ္သည္ငယ္တစ္ဦးက ကုန္းျမင့္ေပၚတြင္ရပ္ေနၿပီး စူးရွေသာမ်က္လုံးမ်ားျဖင့္ အနီးပတ္ဝန္းက်င္မွ လႈပ္ရွားမႈမ်ားကို စူးစမ္း ေစာင့္ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ အေဝးမွ ေနၿပီး သူတို႔ရွိရာဘက္ဆီသို႔ ဦးတည္လာေနေသာ လူတစ္စုကို ျမင္လိုက္ရေသာေၾကာင့္ ခ်က္ျခင္း သတိျဖင့္ ဂ႐ုတစိုက္ ထပ္ၾကည့္လိုက္သည္။ ေသေသခ်ာခ်ာ ၾကည့္ရႈၿပီးေနာက္ သူက စုလင္းရွိရာဘက္သို႔ ေျပးသြားလိုက္ၿပီး "စစ္ေသနာပတိခ်ဳပ္ကို သတင္းပို႔ပါတယ္၊ ေရွ႕ေျပးတပ္သား တစ္ေထာင္ေက်ာ္က ဒီေနရာကို ေ႐ြ႕လ်ားလာပါတယ္"
စုလင္းက သူ႔လက္ထဲက ေျမပုံၾကမ္းကို ျပန္ခ်လိုက္ၿပီး ေခါင္းကို ေမာ့လိုက္သည္။ သူက မ်က္ခုံးမ်ားကို တင္းတင္းက်ပ္က်ပ္ စုက်ဳံလိုက္ၿပီး သူ႔အသံက ေၾကာက္ခမန္းလိလိ တင္းမာေနကာ "ေခါင္းေဆာင္က ဘယ္သူလဲ"
လက္ေထာက္ယုက မူလအစီအစဥ္အတိုင္း မလုပ္ဘူးလား?? သူက စစ္အမိန႔္ကို မနာခံပဲ ေပါ့ေပါ့ဆဆ ေနတက္တဲ့သူေတာ့ မဟုတ္ပါဘူး။
"အဲ့ဒါက...." စစ္သည္ေလးက ခဏတာ တုံ႔ဆိုင္းေနၿပီးေနာက္ စုလင္း၏နက္ေမွာင္ေနေသာ မ်က္ဝန္းအၾကည့္ေၾကာင့္ က်ယ္ေလာင္စြာ ျပန္ေျဖလာသည္။ "အဲ့ဒါက... သခင္မပါ"
ခ်င္းေမာ့? စုလင္းက အနည္းငယ္ အံ့ၾသသြားသည္။ သူမက စုရန္တို႔အဖြဲ႕နဲ႔ လိုက္သြားတာ မဟုတ္ဘူးလား? ဘာလို႔ ႐ုတ္တရက္ သူ႔ကို ရွာေဖြဖို႔ လက္ေ႐ြးစင္စစ္သည္ေတြကို ေခၚေဆာင္လာရတာတုန္း!
စုလင္းက တစုံတရာကို ခန႔္မွန္းမိလိုက္သည္။ ကိစၥေတြက ေျပာင္းလဲသြားၿပီလား??
မၾကာခင္မွာပဲ ကုယြင္က ကုန္းျမင့္ဆီကို ေရာက္လာၿပီး စုလင္းက သူမကို ႀကိဳဆိုလိုက္သည္။ "ဘာျဖစ္တာလဲ?"
စိုးရိမ္ေသာကေရာက္ေနေသာ ကုယြင္၏ႏွလုံးသားက တျဖည္းျဖည္း ေျပေလ်ာ့သြားသည္။ မူလက သူမ သူ႔ရဲ႕လက္ေ႐ြးစင္စစ္သည္ေတြကို ေခၚလာတာကို သူ စိတ္ဆိုးမယ္လို႔ ထင္ေနခဲ့တာ၊ မေန႔ညက အျဖစ္အပ်က္ေၾကာင့္ သူမ သူ႔ကို တမင္တကာ ဒုကၡေပးေနတာ ဒါမွမဟုတ္ လက္တုံ႔ျပန္ေနတာလို႔ သူ ေသခ်ာေပါက္ ေတြးေနမယ္လို႔ သူမ ထင္ခဲ့မိတယ္။ ၿပီးေတာ့ သူမကို ေတြ႕ရရင္ သူ စိတ္ဆိုးေနၿပီး စကားေကာင္းေကာင္း ေျပာမယ္လို႔ မထင္ထားမိဘူး။ မထင္မွတ္ပဲ သူ႔မ်က္ႏွာက ၿငိမ္သက္ေနၿပီး သူ႔ေလသံက ေအးစက္ေနေပမယ့္ သူ ေအးေအးေဆးေဆး ျပန္ေမးလာမယ္လို႔ေတာ့ မထင္ထားခဲ့မိဘူး။ သူ အခုလို ေမးလိုက္ေတာ့ ကုယြင္ျပင္ဆင္ထားတဲ့ အေျဖက အသုံးမဝင္ေတာ့ဘူး။ သူ႔ရဲေအးေဆးတည္ၿငိမ္မႈအတြက္ သူမ သူ႔ကို တိတ္တိတ္ေလး သေဘာက်သြားမိတယ္။
မနက္ခင္းတုန္းက အရမ္းျပန္းထန္ေနတဲ့ ယမ္းမႈန႔္နံ႔ေတြနဲ႔ ယွဥ္ရင္ ကုယြင္ရဲ႕ေလသံက ပိုေပ်ာ့ေပ်ာင္းသြားသည္။ သူမက "ေတာင္ပိုင္းျမစ္လက္တက္က ေရေတြက ႐ုတ္တရက္ ေလ်ာ့သြားတယ္။ သူပုန္ေတြက အထက္ေရစီးေၾကာင္းကို ျဖတ္ၿပီး မီးကိုတုန႔္ျပန္ဖို႔ ေရကို သုံးမယ္လို႔ သံသယရွိေနမိတယ္။ မီးေက်ာက္ေတြနဲ႔ ဆာလဖာေတြကို ေရစိုသြားရင္ အဲဒါက လုံးဝ အသုံးမဝင္ေတာ့ဘူး၊ ၿပီးေတာ့ ေရလႊမ္းသြားၿပီးရင္ ေျမျပင္က ပိုေပ်ာ့လာလိမ့္မယ္။ အဲဒီအခ်ိန္မွာ အင္အားသုံးၿပီး တိုက္ခိုက္မယ္ဆိုရင္ ရွင္တို႔ ဆုံးရႈံးမႈ ႀကီးႀကီးမားမား ခံစားရလိမ့္မယ္"
သူမက သူစိမ္းဆန္တဲ့ အသုံးအႏူန္းနဲ႔ ေျပာေနတာလား? စုလင္းက အေၾကာင္းတစ္ခုခုေၾကာင့္ မေပ်ာ္ေတာ့သလို ခံစားရလိုက္ရတယ္။ အရင္က သူမက ရင္းရင္းႏွီးႏွီး ေျပာတုန္းကလည္း သူ မေပ်ာ္ဘူး။ စုလင္းက သူ႔အေတြးေတြကို ျပန္စုၿပီး သူမအေၾကာင္း ဆက္မေတြးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တယ္။ မေန႔ညကပဲ သူ ဒီအေၾကာင္းေတြကို ေတြးေနမိၿပီး ဘာအႀကံမွ ထြက္မလာဘူး။
ကုန္းျမင့္ရဲ႕ေနာက္ မနီးမေဝး မွာ စမ္းေခ်ာင္းတစ္ခုရွိၿပီး ေရစီးသံက ခါတိုင္းလိုပါပဲ။ ႏွစ္ေယာက္သား သူတို႔ေနာက္မွာ စီးဆင္းေနတဲ့ ေရစီးေၾကာင္းကို ၾကည့္ၿပီး တစ္ခ်ိန္တည္းမွာ အေတြးထဲႏွစ္ဝင္သြားမိၿပီး သူပုန္ေခါင္းေဆာင္ကို ပိုလို႔ေတာင္ ေစာင့္ေမွ်ာ္ေနမိေတာ့သည္။ စုလင္းႏွင့္လို႔မူဟိုင္တို႔၏ လႈပ္ရွားမႈမ်ားက အနီးကပ္ တိုက္ခိုက္မႈကို အာ႐ုံစိုက္ေနေၾကာင္း ထိုေခါင္းေဆာင္က အမွန္တကယ္ ေတြးေတာႏိုင္ခဲ့သည္။ ထိုအျပင္ ေရကို ၾကားျဖတ္ တားဆီးရန္ စမ္းေခ်င္း၏အျခားျမစ္လက္တက္မ်ားကိုလည္း ၾကားျဖတ္ဟန႔္တာခဲ့သည္။ ထိုအရာက စုလင္းႏွင့္အျခားသူမ်ား သံသယမဝင္ေစရန္ျဖစ္သည္။
အခန္း ၁၅ သူပုန္ေခါင္းေဆာင္ (အပိုင္း ၁၂)
ထိုကဲ့သို႔ေသာလူမ်ိဳးနဲ႔ တိုက္ခိုက္ရတဲ့အခ်ိန္မွာ ေနာက္အခိုက္အတန႔္မွာ သူ ဘာ ဆက္လႈပ္ရွားမယ္ဆိုတာကို ဘယ္သူမွ ႀကိဳမသိႏိုင္ဘူး။
လမ္ေရွာင္းႏွင့္အတူ ေလာင္စာ သယ္ေဆာင္လာေသာ ေထာင္ႏွင့္ခ်ီေသာ စစ္သည္မ်ားက ထိုေလာင္စာမ်ားကို ကုန္းျမင့္ေပၚသို႔ တြန္းတင္လိုက္ၾကသည္။ တစ္ခ်က္ၾကည့္ၿပီးေနာက္ စုလင္းက ကုယြင္၏အစီအစဥ္ကို နားလည္ၿပီးသား ျဖစ္ေနသည္။ "မင္း သူတို႔ကို လွည့္စားၿပီး ျပန္တိုက္ခိုက္ခ်င္သလား"
"ဟုတ္တယ္" ကုယြင္က သိပ္ရွင္းျပမေနဘဲ ေပါ့ေပါ့ေလးပဲ ေခါင္းညိတ္ျပလိုက္သည္။
"စစ္ေသနာပတိခ်ဳပ္၊ ကြၽန္ေတာ္တို႔ မီးရႈိ႕ၿပီပါၿပီ"
စစ္သည္ငယ္တစ္ဦး၏ တင္ျပမႈအၿပီးတြင္ လူတိုင္းက စိတ္ဝင္တစား လွမ္းၾကည့္လိုက္ၾကသည္။ အေဝးမွ ထူထဲေသာ အနက္ေရာင္မီးခိုးလုံးႀကီးမ်ား လွ်ံထြက္လာသည္။ ကုယြင္က သစ္ပင္၏ထိပ္ဖ်ားမ်ားကို မီးရႈိ႕ရန္ ေျပာခဲ့သည္။ ထို႔ေၾကာင့္ မီးက အလွ်င္အျမန္ အေပၚသို႔ ျပန႔္ႏွံ႔လာၿပီး အေဝးတြင္ အနက္ေရာင္ နဂါးႀကီးမ်ား တန္းစီၿပီး ေလထဲတြင္ လြင့္ေနသလို ျဖစ္ေနသည္။
လက္ေထာက္ယုနဲ႔ တျခားစစ္သည္ေတြ ပါမလာတာကို ေတြ႕လိုက္ရတာေၾကာင့္ စုလင္းက စိုးရိမ္တႀကီးနဲ႔ "လက္ေထာက္ယုနဲ႔ တျခားသူေတြ ဘယ္မွာလဲ?"
ကုယြင္က ျပန္ေျပာဖို႔ မရည္႐ြယ္ထားသလိုပုံစံနဲ႔ မီးခိုးလုံးမ်ားျပည့္ေနေသာ မိုးသစ္ေတာကို တိတ္တဆိတ္ လွမ္းၾကည့္ေနသည္။ ကုယြင္ရဲ႕ေနာက္မွ လမ္ေရွာင္းကလည္း ဘာမွ မသိသလို ပုံစံနဲ႔ မတ္မတ္ရပ္ေနသည္။ ကုယြင္ရဲ႕ အစီအစဥ္ကို နားလည္ထားၿပီးျဖစ္ေသာ ေလာ့ရန္က ေရွ႕ကို လွမ္းလာၿပီး သူတို႔စစ္သူႀကီး၏သံသယမ်ားကို ေျဖရွင္းေပးလိုက္သည္။ "စစ္ေသနာပတိခ်ဳပ္၊ စိတ္မပူပါနဲ႔၊ အခုေလာက္ဆိုရင္ သူတို႔က ခ်င္းသခင္မေလးရဲ႕ အစီအစဥ္အတိုင္း သစ္ပင္ေပၚေရာက္ေနေလာက္ၿပီ၊ လက္ရွိအေျခအေနေၾကာင့္ ဘာမွ မျဖစ္ႏိုင္ေလာက္ပါဘူး"
စုလင္း၏လင္းယုန္မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းသြားၿပီး သူ႔ကို လ်စ္လ်ဴရႈထားေသာ ကုယြင္၏မ်က္ႏွာကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။ သူ႔ႏွလုံးသားထဲကေန စိတ္ဓာတ္က်ေနေပမယ့္လည္း သူ ဘာမွ မလုပ္ႏိုင္ဘူး။
အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ၿပီးေနာက္ မီးက ေလႏွင့္အတူ ေျမာက္ဘက္သို႔ တျဖည္းျဖည္း ေ႐ြ႕လ်ား ေလာင္ကြၽမ္းသြားသည္။ ေ႐ြ႕လ်ားသည့္အရွိန္က အလြန္ေႏွးေကြးသြားေသာ္လည္း အရွိန္က ပိုျပင္းထန္လာသည္။
ထိုအခ်ိန္တြင္ ႐ုတ္တရက္ ေျမာက္ဘက္မွ ႀကီးမားေသာ ၿပိဳက်သံတစ္ခု ထြက္ေပၚလာၿပီး အသံက အလြန္က်ယ္ေလာင္ေနကာ ကုယြင္၏ေျခေထာက္ေအာက္ရွိ ေျမျပင္သည္ပင္ တုန္ခါသြားသည္။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပင္ က်ယ္ေလာင္ေသာ ေရစီးသံမ်ား ထြက္ေပၚလာၿပီး ဆယ္လီေက်ာ္ ျမင့္ေသာ လႈိင္းလုံးႀကီးက အထက္အရပ္မွ ျပင္းထန္စြာ ထြက္ေပၚလာသည္။ အေဝးမွ သစ္ပင္ႀကီးေတြက ျပင္းျပင္းထန္ထန္ လႈပ္ရမ္းေနတာကို ျမင္ႏိုင္ၿပီး ခါးေလာက္ပတ္လတ္ရွိတဲ့ သစ္ပင္ေတြေတာင္ ျပဳတ္က်လာၿပီး လႈိင္းလုံးႀကီးမ်ားႏွင့္အတူ ေမ်ာပါသြားခဲသည္။ ေရ၏တဟုန္ထိုးအရွိန္ေၾကာင့္ ကုန္းျမင့္ေပၚတြင္ ရပ္ေနသူတိုင္း ေခြၽးေအးမ်ားထြက္လာသည္အထိ မွင္တက္သြားၾကသည္။ ထိုကဲ့သို႔ ႀကီးမားေသာ ေရစီးေၾကာင္း၏ သက္ေရာက္မႈႏွင့္ ယွဥ္လိုက္လွ်င္ ေလာင္ကြၽမ္းေနေသာ မီးမ်ားက အားနည္းပုံေပါက္ကာ တခဏခ်င္း ၿငိမ္းသြားေတာ့သည္။
တစ္ရွီးခ်န္ခန႔္ၾကာၿပီးေနာက္တြင္ ေရအရွိန္က တေျဖးေျဖး ေႏွးေကြးလာသည္။ ေရအရွိန္က ေႏွးသြားေသာ္လည္း ေရက တစ္လီေက်ာ္ေက်ာ္ နက္ေနေသးသည္။ သူတို႔က ဒုတိယလႈိင္း တိုက္ခိုက္မႈ မစတင္မီ ေရစီးေၾကာင္းကို ေစာင့္ဆိုင္းေနၾကၿပီး ထိုအခ်ိန္တြင္ မေရမတြက္ႏိုင္ေသာ အနက္ေရာင္အစက္ငယ္မ်ားက ေရထဲတြင္ ႐ုတ္တရက္ ေပၚလာၿပီး လ်င္ျမန္စြာ ေမ်ာပါလာၾကသည္။
"အဲဒါက ဘာလဲ?" ကုယြင္၏မ်က္လုံးမ်ားက ေမွးက်ဥ္းသြားၿပီး ထိုအရာမ်ား သူမတို႔ အနားသို႔ ေရာက္ခါနီးတြင္ ေရထဲမွာ ေမ်ာေနတာက လူမ်ားျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။
"သတင္းပို႔ပါတယ္!" စစ္သည္ေလး၏ အသံကလည္း အေရးတႀကီး ထြက္ေပၚလာၿပီး "စစ္ေသနာပတိခ်ဳပ္၊ သူပုန္ေတြအမ်ားႀကီးက ေရစီးနဲ႔အတူ လိုက္ပါသြားၿပီး စစ္တပ္ရဲ႕ ဝန္းရံမႈကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားေနပါတယ္!"
ေရေနာက္သို႔လိုက္ပါလာေသာ သူပုန္ ၃၀၀၀ ေက်ာ္ရွိေနသည္။ စုလင္းက သူ႔လက္ကို ျဖည္းညႇင္းစြာ ေျမႇာက္လိုက္ၿပီး ေအးစက္ေသာ ေလသံျဖင့္ အမိန႔္ေပးလိုက္သည္။ "ျမႇားပစ္"
"ဟုတ္ကဲ့" စစ္သည္မ်ားက ေရထဲမွ အကာအကြယ္မဲ့ေနေသာ သူပုန္မ်ားကို ျမႇားရွည္မ်ားနဲ႔ ပစ္ခတ္ၾကသည္။ ကံမေကာင္းစြာနဲ႔ပဲ ေရစီးက အရမ္းျမန္ၿပီး အကြာအေဝးက လွမ္းေနတာေၾကာင့္ ျမႇားေတြက သူပုန္ေတြဆီကို မေရာက္ႏိုင္ေတာ့ေပ။ သူတို႔ ေဝးသြားတာကို လွမ္းၾကည့္႐ုံသာ ရွိေတာ့သည္။
"ေလာ့ရန္၊ ေရစီးေၾကာင္းရဲ႕ ေအာက္ပိုင္းကို ၾကားျဖတ္ၿပီး လြတ္ေျမာက္သြားတဲ့ သူပုန္ေတြကို ဖမ္းဖို႔ စစ္သည္သုံးေထာင္ကို ေခၚသြားလိုက္"
"ဟုတ္ကဲ့"
"လမ္ေရွာင္း၊ မင္းက ေရက်ၿပီးရင္ က်န္စစ္သည္ေတြနဲ႔ ေတာကို မီးရႈိ႕ဖို႔ စီစဥ္ထားလိုက္"
"ဟုတ္ကဲ့"
စုလင္းက စည္းစနစ္တက် စီစဥ္ေပးေနတာေၾကာင့္ ကုယြင္က သူမဘာမွလုပ္စရာမလိုသည့္အတြက္ အရမ္းေပ်ာ္ေနကာ မ်က္လုံးမ်ားကို လွည့္ပတ္ၾကည့္ရႈေနသည္။ ထိုစဥ္ ႐ုတ္တရက္ ေရထဲမွ ၾကည္လင္ျပတ္သားေသာ အစိမ္းေရာင္ အသြင္အျပင္က သူမမ်က္လုံးထဲသို႔ ဝင္ေရာက္လာသည္။ အဲ့ျမစိမ္းရင့္ေရာင္က သူမမ်က္လုံးေတြကို အရမ္းဖမ္းစားထားတာေၾကာင့္ လုံးဝ မမွားႏိုင္ဘူး။
ကုယြင္က ထိုစိမ္းျမေရာင္အရိပ္ကို အလ်င္အျမန္ ၾကည့္လိုက္ၿပီး သူမ၏ ေအးစက္ေသာ မ်က္လုံးမ်ားက အမွတ္တမဲ့ က်ဥ္းေျမာင္းသြားသည္။
တကယ္ကို... သူမပဲ!!!
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜