အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၇)
စုလင်း ဒေါသတကြီး ထွက်သွားပြီးနောက် မူရိက ကုယွင်၏တဲကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ခဏအကြာတွင် ကုယွင်က တဲထဲမှ ထွက်လာပြီး သူမမျက်နှာက အထိန်းအကွပ်မဲ့ နီမြန်းနေသည်။ သို့သော်လည်း သူမ၏ကြည်လင်နေလေ့ရှိသော မျက်လုံးများထဲမှ ဒေါသအငွေ့များ တဟုန်းဟုန်း ထွက်ပေါ်နေသည်။ သူမက ဒေါသကြောင့် မျက်နှာနီနေတာလား? ရှက်ကိုးရှက်ကန်းဖြစ်နေလို့ မျက်နှာနီနေတာလား? ထိုအခိုက်အတန့်တွင် မူရိက နောက်အခါ နောင်တရစေနိုင်မည့် မိုက်မဲပြီး ကြေကွဲဖွယ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး သူမနားသို့ ချဥ်းကပ်သွားခဲ့သည်။
ကုယွင်က ခါးထောက်ထားပြီး ခေါင်းကို အနည်းငယ်မော့ကာ ကောင်းကင်ပြင်မှ အပြစ်ကင်းစင်ပြီး တောက်ပနေသောလမင်းကြီးကို ငေးကြည့်ရင်း ညဘက်လေနုအေးကို အသုံးပြုကာ သူမနှလုံးသားထဲမှ ဒေါသတွေကို ပြေလျော့သွားအောင် ကြိုးစားဖြေဖျောက်နေခဲ့သည်။ ထိုအချိန်တွင် သူမ နောက်မှ ရယ်မောသံ ကြားလိုက်ရပြီး "ဒီညရဲ့ လမင်းကြီးက အရမ်းကြည့်ကောင်းတယ်၊ ချင်းသခင်မလေးလည်း လရောင်ကို ခံစားဖို့ ထွက်လာခဲ့တာလား?"
ကုယွင်က နောက်ပြန်လှည့်မကြည့်ဘဲ လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။ " အခု နင် နဲ့ပေါက်ကရစကားတွေ ပြောဖို့ စိတ်မ၀င်စားဘူး၊ နင် ငါ့နဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ် "
သူမပတ်ဝန်းကျင်မှာ ပြည့်နှက်နေတဲ့ ဒေါသအရိပ်အယောင်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပေမယ့် မူရိက မကြောက်မရွံ့ ပြုံးလိုက်ပြီး "တကယ်လား? တိုက်ဆိုင်လိုက်လိုက်တာ... စုလင်းကလည်း အဲ့ဒီလို ပြောသွားတယ်။ မင်းတို့တွေ တကယ်ကို တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် နားလည်မှု ရှိနေတာပဲ"
သူ့စကားမဆုံးမီတွင် သစ်ကြားသီးအရွယ်ခန့် အလွန်ချွန်ထက်သော ကျောက်ခဲတစ်လုံး ထွက်ပေါ်လာသည်။ မူရိက မျက်ခုံးပင့်ကာ သွက်သွက်လက်လက်ဖြင့် ဘေးသို့ ခုန်ရှောင်လိုက်သည်။ ကျောက်ခဲက သူ့နောက်မှ သစ်ပင်ကြီးတစ်ပင်ကို အလျှင်အမြန် ထိမိသွားသည်။
မူရိက ရယ်ချင်နေခဲ့သည်။ ချင်းသခင်မလေး ဒေါသတွေ ဒီလောက်ကြမ်းကြမ်းတမ်းတမ်း ထွက်လာစေဖို့ စုလင်းတစ်ယောက် ဘာတွေများ လုပ်ခဲ့တာတုန်း??
သူ့မျက်လုံးများက ကုယွင်၏ညာဘက်ရင်အုံဆီသို့ အမှတ်တမဲ့ လွင့်ပျံသွားသည်။ စုလင်း၏ မျက်နှာမှ ထူးဆန်းစွာ နီရဲနေသည့် အနီကွက်များကို တွေးတောရင်း သူတို့ နှစ်ယောက် အရေပြားချင်း ထိတွေ့မှု ဖြစ်ခဲ့သည်ဟု သူ ခန့်မှန်းလိုက်သည်။
မူရိ လျှို့ဝှက်စွာ ခန့်မှန်းနေချိန်တွင် ကုယွင်က ရုတ်တရက် အော်ပြောလာသည်။ "အဲ့ဒါက နင်ပဲ!"
"ဘာလဲ" မူယိက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ကုယွင်က မူရိဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ဘီလူးသရဲမျက်နှာဖြင့် မူရိကို အေးစက်စွာ စိုက်ကြည့်နေရင်း "ငါ့ရင်ဘတ်မှာ တစ်ခုခုရှိနေတယ်လို့ စုလင်းကို နင် ပြောလိုက်တာပဲ"
မူရိက အနည်းငယ် ထိတ်လန့်သွားပြီး ငြင်းလည်းမငြင်း ဝန်လည်းမခံဘဲ ပြုံးလိုက်ပြီးမှ "မင်းက ဘာလို့ အဲ့လိုထင်တာလဲ"
"နင် ငါ့ဘဝအတွေ့အကြုံကို စုံစမ်းဖို့ ရက်အနည်းငယ်ကြာအောင် ပျောက်ကွယ်သွားပြီး နင် ပြန်လာတာနဲ့ နင်အပျော်ကြည့်ချင်လို့ စုလင်းကို ပြဿနာရှာဖို့ လှုံ့ဆော်ပေးခဲ့တယ်ပေါ့" သူတို့နှစ်ယောက် အလွန်နီးကပ်စွာ ရပ်နေပြီး ကုယွင်၏ လေသံက ပို ပိုပြီး နူးညံပျော့ပျောင်းလာသည်။ စူးစူးရဲရဲ မျက်ဝန်းတစ်စုံကြောင့်သာ မဟုတ်ရင် မူရိက သူမ သူ့ကို ဖြားယောင်းသွေးဆောင်ချင်နေတာလို့တောင် ထင်မိတော့မယ်...
ကုယွင်ကို သူ့ကို အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတာကို ခန့်မှန်းမိတာကြောင့် မူရိက ပြုံးပြီး ပြန်ဖြေလိုက်သည်။ "မင်း မှန်းဆတာ မှန်သင့်သလောက် မှန်ပေမယ့် မင်း ဘယ်လို သိတာလဲ"
သူ အရမ်းကို သိချင်နေတယ်၊ ကျောက်တုံးထက် ပိုမာကျောတဲ့ စုလင်းကို ပြောခဲ့တာကလွဲရင် သူ ဘယ်သူ့ကိုမှ မပြောမိဘူး။ စုလင်းကလည်း သူမကို ပြန်ပြောမှာ မဟုတ်ဘူး၊ အဲ့တာဆိုရင် စုလင်းကို သွေးထိုးလှုံ့ဆော်ပေးတဲ့သူက ဘာလို့ သူလို့ ခန့်မှန်းနိုင်ရတာလဲ??
အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၈)
တကယ်တော့ သူ့မျက်နှာမှာ ရှင်းရှင်းလင်းလင်း ရေးထားတာကိုတော့ သူ မသိဘူး။
သူ့မျက်လုံးတွေက ဘယ်ကိုမှ မကြည့်ဘဲ သူမရဲ့ညာဖက်ရင်အုံပေါ်ကို တည့်တည့် စိုက်ကြည့်ခဲ့တယ်။ အရင်က သူ အဲ့လို မကြည့်ဖူးဘူး၊ ပြီးတော့ ကြည့်လိုက်တဲ့ အကြည့်မှာလဲ တပ်မက်မှုတွေ မပါနေဘူး။ သူ ရုတ်တရက် ရက်အနည်းငယ်ကြာ ပျောက်သွားတယ်။ သူ ပြန်လာတာနဲ့ စုလင်းက သူမကို ဒုက္ခလာပေးတယ်။ သူသာ မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ?? သူက တခြားလူတွေကို အရူးလို့ ထင်နေတာလား??!
ကုယွင်က သူ့ကို ပြန်မဖြေဘဲ သူမဒေါသတွေကို ဖြေဖျောက်ဖို့ သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာလိမ့်မယ်လို့ မူရိက မှန်းဆခဲ့ပေမယ့် ထူးဆန်းတာက သူမက သူ့ကို အေးစက်စွာ ကြည့်နေပြီး ခနအကြာတွင် လှည့်ထွက်ပြီး တဲထဲသို့ ပြေးဝင်သွားခဲ့သည်။ သူ့ကြွက်သားတွေ မလှုပ်ရှားလိုက်ရတာကြောင့် မူရိက နည်းနည်းလေး စိတ်ပျက်သွားသလို ခံစားလိုက်ရတယ်။
နောက်တစ်နေ့ ကောင်းကင်ကြီး မှောင်နေသေးတဲ့အချိန်မှာ မူရိက အနားယူဖို့ တဲထဲမှာ လဲလျောင်းနေခဲ့ပြီး ထိုအချိန်တွင် ပေါ့ပါးသော ခြေသံများက တဲဘေးနားမှ ကျော်ဖြတ်သွားခဲ့သည်။ စခန်းထဲက သာမန်စစ်သည်တွေက အဲ့တာကို သတိထားမိမှာ မဟုတ်ပါဘူး။ အဲ့ဒါ ဘယ်သူဖြစ်နိုင်မလဲ?? မူရိက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထရပ်ကာ ကန့်လန့်ကာကို ညင်သာစွာ ဖွင့်ကြည့်လိုက်ချိန်တွင် ချင်းမော့၏ပိန်ပိန်ပါးပါးသွင်ပြင်လေးက အလွန်လျင်မြန်သောအရှိန်ဖြင့် စခန်းအနောက်ဘက် မိုးသစ်တောဆီသို့ ပြေးသွားနေသည်ကို တွေ့လိုက်ရသည်။
သူမ ဘယ်ကိုသွားနေတာလဲ? သူမ ဘာလုပ်ချင်လို့လဲ? သူမနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိနေပဲပြီး သူမရဲ့အစွမ်းအစက ဘယ်ကနေလာမှန်းတောင် သူ မသိနိုင်သေးပါဘူး။ မူရိမှာ သူမနဲ့ပတ်သက်တဲ့ စူးစမ်းချင်တဲ့စိတ်တွေ အပြည့်ရှိနေဆဲပါ။ သူက တခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ မိုက်မဲပြီး ကြေကွဲဖွယ် ဆုံးဖြတ်ချက်ကို ဒုတိယချလိုက်မိကာ သူမနောက်ကို လိုက်သွားခဲ့သည်။
ကုယွင်၏ အရှိန်က အလွန်မြန်သည်။ သူမက သစ်တောထဲကို ဖြတ်ဝင်နေပြီး သူမ ရွေးချယ်သော လမ်းကြောင်းများအားလုံးက ချုံပင်များနှင့် ပေါင်းပင်များ ပေါများသော နေရာများဖြစ်သည်။ သူမ၏ညာဘက်ရှိ လမ်းကြောင်းက သွားလာရပိုမိုလွယ်ကူသည်မှာ သိသာထင်ရှားနေသည်။ သန့်ရှင်းမှုကို ကြိုက်သော မူရိက တွန့်ဆုတ်မနေဘဲ သင့်တော်သော လမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်လိုက်သည်။
"ဗွက်--" သူမနောက်သို့ အချိန်အတော်ကြာ အလိုက်ခံနေရပြီးနောက်တွင် ဆူညံသံတစ်ခုကြောင့် ကုယွင်က ချက်ခြင်း ရပ်တန့်လိုက်သည်။
သူမ၏ နှုတ်ခမ်းပေါ်တွင် အလွန်နူးညံ့သော အပြုံးပေါ်လာပြီး ကုယွင်က ဖြည်းညှင်းစွာ ပြန်လှည့်လာသည်။ သူမ၏ သားကောင်က သူမ ညက ပြင်ဆင်ထားခဲ့သည့် ရွှံ့တွင်းထဲသို့ နာခံစွာ ကျရောက်နေခဲ့သည်။
ကုယွင်က ပေါ့ပါးသောခြေလှမ်းများဖြင့် နောက်သို့ ပြန်လျှောက်လာရင်း သူမ၏အရိုးများနှင့် အရေပြားများကို ကိုက်ဖြတ်ချင်နေသော တင်းမာသောအကြည့်ကို ရင်ဆိုင်လိုက်သည်။ ကုယွင်က အံ့သြနေသော အမူအရာဖြင့် ပြုံးနေပြီး "တိုက်ဆိုင်လိုက်တာ၊ နင်လည်း မနက်စောစော လေ့ကျင့်ခန်းလုပ်နေတာလား?! ဆိုတော့.... အဲဒါက...နင် ဘယ်လို ထူးဆန်းတဲ့ ကိုယ်ခံပညာမျိုးကို လေ့ကျင့်နေတာလဲ?"
စကားပြောနေရင်း ရွှံ့နွံထဲတွင် နစ်မြုပ်နေသော မူရိ၏ခြေထောက်များကို ငုံ့ကြည့်ကာ မျက်စပစ်ပြနေသော ကုယွင်၏ အမူအရာက ဤအခိုက်အတန့်တွင် တစ်ယောက်ယောက် ဒေါသထွက်ပြီး လူသတ်ချင်စိတ်ပေါက်နေစေသည်။
ရံဖန်ရံခါ အနံ့ဆိုးများထွက်နေသော အနက်ရောင်နှင့် အဝါရောင်ရွှံ့နွံထဲတွင် သူ့ခြေထောက်များကို မြှုပ်ထားရဗသာကြောင့် မူရီ၏ဆံပင်နှင့်ခန္ဓာကိုယ်ရှိအမွေးတိုင်း ထောင်ထနေလေသည်။ သူ၏ခပ်တင်းတင်းဆုပ်ထားသော လက်သီးများပေါ်မှ သွေးကြောများက ပေါက်ထွက်လုနီးပါးဖြစ်နေကာ နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။
ကုယွင်က သူမ၏ သေစေနိုင်လောက်သော ထုတ်ဖော်ပြောဆိုမှုကို အလွန်ကျေနပ်နေခဲ့ပြီး သူ့၏ဒဏ်ရာကိုပင် ဖိကာ စော်ကားပြောဆိုလိုက်သေးသည်။ "ဒီမှာက နေအရမ်းပူနေတယ်၊ အေးအေးဆေးဆေး ရေပြန်ချိုးတာက ပိုကောင်းမယ် ထင်တယ်၊ ငါ နင့်ကို မနှောင့်ယှက်တော့ဘူးနော်၊ နင် ဖြည်းဖြည်းချင်း လေ့ကျင့်လို့ရတယ်"
သူမက "အေးအေးဆေးဆေး" နှင့် "ရေပြန်ချိုး" ဟူသော စကားလုံးများကို ကျေနပ်စွာ ပြောဆိုနေချိန်တွင် မူရီ၏မျက်နှာက ဖြူရာမှနီကာ နောက်ဆုံးတွင် အနက်ရောင်သို့ ပြောင်းသွားခဲ့သည်။
ကုယွင်က ပြန်လှည့်ထွက်သွားတော့မည်ဖြစ်သော်လည်း နောက်ဆုံးတွင် တောင့်တင်းစွာရပ်နေသောလူက လှမ်းအော်လိုက်သည်။ "ရပ်စမ်း!"
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜
အခန္း ၁၅ သူပုန္ေခါင္းေဆာင္ (အပိုင္း ၇)
စုလင္း ေဒါသတႀကီး ထြက္သြားၿပီးေနာက္ မူရိက ကုယြင္၏တဲကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့သည္။ ခဏအၾကာတြင္ ကုယြင္က တဲထဲမွ ထြက္လာၿပီး သူမမ်က္ႏွာက အထိန္းအကြပ္မဲ့ နီျမန္းေနသည္။ သို႔ေသာ္လည္း သူမ၏ၾကည္လင္ေနေလ့ရွိေသာ မ်က္လုံးမ်ားထဲမွ ေဒါသအေငြ႕မ်ား တဟုန္းဟုန္း ထြက္ေပၚေနသည္။ သူမက ေဒါသေၾကာင့္ မ်က္ႏွာနီေနတာလား? ရွက္ကိုးရွက္ကန္းျဖစ္ေနလို႔ မ်က္ႏွာနီေနတာလား? ထိုအခိုက္အတန႔္တြင္ မူရိက ေနာက္အခါ ေနာင္တရေစႏိုင္မည့္ မိုက္မဲၿပီး ေၾကကြဲဖြယ္ေကာင္းေသာ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ၿပီး သူမနားသို႔ ခ်ဥ္းကပ္သြားခဲ့သည္။
ကုယြင္က ခါးေထာက္ထားၿပီး ေခါင္းကို အနည္းငယ္ေမာ့ကာ ေကာင္းကင္ျပင္မွ အျပစ္ကင္းစင္ၿပီး ေတာက္ပေနေသာလမင္းႀကီးကို ေငးၾကည့္ရင္း ညဘက္ေလႏုေအးကို အသုံးျပဳကာ သူမႏွလုံးသားထဲမွ ေဒါသေတြကို ေျပေလ်ာ့သြားေအာင္ ႀကိဳးစားေျဖေဖ်ာက္ေနခဲ့သည္။ ထိုအခ်ိန္တြင္ သူမ ေနာက္မွ ရယ္ေမာသံ ၾကားလိုက္ရၿပီး "ဒီညရဲ႕ လမင္းႀကီးက အရမ္းၾကည့္ေကာင္းတယ္၊ ခ်င္းသခင္မေလးလည္း လေရာင္ကို ခံစားဖို႔ ထြက္လာခဲ့တာလား?"
ကုယြင္က ေနာက္ျပန္လွည့္မၾကည့္ဘဲ လက္သီးေတြကို တင္းတင္းဆုပ္ထားၿပီး ေအးစက္စြာ ျပန္ေျပာလိုက္သည္။ " အခု နင္ နဲ႔ေပါက္ကရစကားေတြ ေျပာဖို႔ စိတ္မ၀င္စားဘူး၊ နင္ ငါ့နဲ႔ ေဝးေဝးေနတာ ပိုေကာင္းလိမ့္မယ္ "
သူမပတ္ဝန္းက်င္မွာ ျပည့္ႏွက္ေနတဲ့ ေဒါသအရိပ္အေယာင္ေတြကို ရွင္းရွင္းလင္းလင္း ျမင္ေနရေပမယ့္ မူရိက မေၾကာက္မ႐ြံ႕ ၿပဳံးလိုက္ၿပီး "တကယ္လား? တိုက္ဆိုင္လိုက္လိုက္တာ... စုလင္းကလည္း အဲ့ဒီလို ေျပာသြားတယ္။ မင္းတို႔ေတြ တကယ္ကို တစ္ေယာက္နဲ႔တစ္ေယာက္ တိတ္တဆိတ္ နားလည္မႈ ရွိေနတာပဲ"
သူ႔စကားမဆုံးမီတြင္ သစ္ၾကားသီးအ႐ြယ္ခန႔္ အလြန္ခြၽန္ထက္ေသာ ေက်ာက္ခဲတစ္လုံး ထြက္ေပၚလာသည္။ မူရိက မ်က္ခုံးပင့္ကာ သြက္သြက္လက္လက္ျဖင့္ ေဘးသို႔ ခုန္ေရွာင္လိုက္သည္။ ေက်ာက္ခဲက သူ႔ေနာက္မွ သစ္ပင္ႀကီးတစ္ပင္ကို အလွ်င္အျမန္ ထိမိသြားသည္။
မူရိက ရယ္ခ်င္ေနခဲ့သည္။ ခ်င္းသခင္မေလး ေဒါသေတြ ဒီေလာက္ၾကမ္းၾကမ္းတမ္းတမ္း ထြက္လာေစဖို႔ စုလင္းတစ္ေယာက္ ဘာေတြမ်ား လုပ္ခဲ့တာတုန္း??
သူ႔မ်က္လုံးမ်ားက ကုယြင္၏ညာဘက္ရင္အုံဆီသို႔ အမွတ္တမဲ့ လြင့္ပ်ံသြားသည္။ စုလင္း၏ မ်က္ႏွာမွ ထူးဆန္းစြာ နီရဲေနသည့္ အနီကြက္မ်ားကို ေတြးေတာရင္း သူတို႔ ႏွစ္ေယာက္ အေရျပားခ်င္း ထိေတြ႕မႈ ျဖစ္ခဲ့သည္ဟု သူ ခန႔္မွန္းလိုက္သည္။
မူရိ လွ်ိဳ႕ဝွက္စြာ ခန႔္မွန္းေနခ်ိန္တြင္ ကုယြင္က ႐ုတ္တရက္ ေအာ္ေျပာလာသည္။ "အဲ့ဒါက နင္ပဲ!"
"ဘာလဲ" မူယိက စိတ္ရႈပ္ေထြးစြာ ေမးလိုက္သည္။
ကုယြင္က မူရိဆီသို႔ တစ္လွမ္းခ်င္း ခ်ဥ္းကပ္လာၿပီး ဘီလူးသရဲမ်က္ႏွာျဖင့္ မူရိကို ေအးစက္စြာ စိုက္ၾကည့္ေနရင္း "ငါ့ရင္ဘတ္မွာ တစ္ခုခုရွိေနတယ္လို႔ စုလင္းကို နင္ ေျပာလိုက္တာပဲ"
မူရိက အနည္းငယ္ ထိတ္လန႔္သြားၿပီး ျငင္းလည္းမျငင္း ဝန္လည္းမခံဘဲ ၿပဳံးလိုက္ၿပီးမွ "မင္းက ဘာလို႔ အဲ့လိုထင္တာလဲ"
"နင္ ငါ့ဘဝအေတြ႕အႀကဳံကို စုံစမ္းဖို႔ ရက္အနည္းငယ္ၾကာေအာင္ ေပ်ာက္ကြယ္သြားၿပီး နင္ ျပန္လာတာနဲ႔ နင္အေပ်ာ္ၾကည့္ခ်င္လို႔ စုလင္းကို ျပႆနာရွာဖို႔ လႈံ႕ေဆာ္ေပးခဲ့တယ္ေပါ့" သူတို႔ႏွစ္ေယာက္ အလြန္နီးကပ္စြာ ရပ္ေနၿပီး ကုယြင္၏ ေလသံက ပို ပိုၿပီး ႏူးညံေပ်ာ့ေပ်ာင္းလာသည္။ စူးစူးရဲရဲ မ်က္ဝန္းတစ္စုံေၾကာင့္သာ မဟုတ္ရင္ မူရိက သူမ သူ႔ကို ျဖားေယာင္းေသြးေဆာင္ခ်င္ေနတာလို႔ေတာင္ ထင္မိေတာ့မယ္...
ကုယြင္ကို သူ႔ကို အခ်ိန္မေ႐ြး တိုက္ခိုက္ဖို႔ အဆင္သင့္ျဖစ္ေနတာကို ခန႔္မွန္းမိတာေၾကာင့္ မူရိက ၿပဳံးၿပီး ျပန္ေျဖလိုက္သည္။ "မင္း မွန္းဆတာ မွန္သင့္သေလာက္ မွန္ေပမယ့္ မင္း ဘယ္လို သိတာလဲ"
သူ အရမ္းကို သိခ်င္ေနတယ္၊ ေက်ာက္တုံးထက္ ပိုမာေက်ာတဲ့ စုလင္းကို ေျပာခဲ့တာကလြဲရင္ သူ ဘယ္သူ႔ကိုမွ မေျပာမိဘူး။ စုလင္းကလည္း သူမကို ျပန္ေျပာမွာ မဟုတ္ဘူး၊ အဲ့တာဆိုရင္ စုလင္းကို ေသြးထိုးလႈံ႕ေဆာ္ေပးတဲ့သူက ဘာလို႔ သူလို႔ ခန႔္မွန္းႏိုင္ရတာလဲ??
အခန္း ၁၅ သူပုန္ေခါင္းေဆာင္ (အပိုင္း ၈)
တကယ္ေတာ့ သူ႔မ်က္ႏွာမွာ ရွင္းရွင္းလင္းလင္း ေရးထားတာကိုေတာ့ သူ မသိဘူး။
သူ႔မ်က္လုံးေတြက ဘယ္ကိုမွ မၾကည့္ဘဲ သူမရဲ႕ညာဖက္ရင္အုံေပၚကို တည့္တည့္ စိုက္ၾကည့္ခဲ့တယ္။ အရင္က သူ အဲ့လို မၾကည့္ဖူးဘူး၊ ၿပီးေတာ့ ၾကည့္လိုက္တဲ့ အၾကည့္မွာလဲ တပ္မက္မႈေတြ မပါေနဘူး။ သူ ႐ုတ္တရက္ ရက္အနည္းငယ္ၾကာ ေပ်ာက္သြားတယ္။ သူ ျပန္လာတာနဲ႔ စုလင္းက သူမကို ဒုကၡလာေပးတယ္။ သူသာ မဟုတ္ရင္ ဘယ္သူျဖစ္မွာလဲ?? သူက တျခားလူေတြကို အ႐ူးလို႔ ထင္ေနတာလား??!
ကုယြင္က သူ႔ကို ျပန္မေျဖဘဲ သူမေဒါသေတြကို ေျဖေဖ်ာက္ဖို႔ သူ႔ကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္လာလိမ့္မယ္လို႔ မူရိက မွန္းဆခဲ့ေပမယ့္ ထူးဆန္းတာက သူမက သူ႔ကို ေအးစက္စြာ ၾကည့္ေနၿပီး ခနအၾကာတြင္ လွည့္ထြက္ၿပီး တဲထဲသို႔ ေျပးဝင္သြားခဲ့သည္။ သူ႔ႂကြက္သားေတြ မလႈပ္ရွားလိုက္ရတာေၾကာင့္ မူရိက နည္းနည္းေလး စိတ္ပ်က္သြားသလို ခံစားလိုက္ရတယ္။
ေနာက္တစ္ေန႔ ေကာင္းကင္ႀကီး ေမွာင္ေနေသးတဲ့အခ်ိန္မွာ မူရိက အနားယူဖို႔ တဲထဲမွာ လဲေလ်ာင္းေနခဲ့ၿပီး ထိုအခ်ိန္တြင္ ေပါ့ပါးေသာ ေျခသံမ်ားက တဲေဘးနားမွ ေက်ာ္ျဖတ္သြားခဲ့သည္။ စခန္းထဲက သာမန္စစ္သည္ေတြက အဲ့တာကို သတိထားမိမွာ မဟုတ္ပါဘူး။ အဲ့ဒါ ဘယ္သူျဖစ္ႏိုင္မလဲ?? မူရိက ႐ုတ္တရက္ မ်က္လုံးဖြင့္လိုက္ၿပီး ထရပ္ကာ ကန႔္လန႔္ကာကို ညင္သာစြာ ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ ခ်င္းေမာ့၏ပိန္ပိန္ပါးပါးသြင္ျပင္ေလးက အလြန္လ်င္ျမန္ေသာအရွိန္ျဖင့္ စခန္းအေနာက္ဘက္ မိုးသစ္ေတာဆီသို႔ ေျပးသြားေနသည္ကို ေတြ႕လိုက္ရသည္။
သူမ ဘယ္ကိုသြားေနတာလဲ? သူမ ဘာလုပ္ခ်င္လို႔လဲ? သူမနဲ႔ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြ အမ်ားႀကီးရွိေနပဲၿပီး သူမရဲ႕အစြမ္းအစက ဘယ္ကေနလာမွန္းေတာင္ သူ မသိႏိုင္ေသးပါဘူး။ မူရိမွာ သူမနဲ႔ပတ္သက္တဲ့ စူးစမ္းခ်င္တဲ့စိတ္ေတြ အျပည့္ရွိေနဆဲပါ။ သူက တခဏမွ် တုံ႔ဆိုင္းေနၿပီးေနာက္ သူ၏ မိုက္မဲၿပီး ေၾကကြဲဖြယ္ ဆုံးျဖတ္ခ်က္ကို ဒုတိယခ်လိုက္မိကာ သူမေနာက္ကို လိုက္သြားခဲ့သည္။
ကုယြင္၏ အရွိန္က အလြန္ျမန္သည္။ သူမက သစ္ေတာထဲကို ျဖတ္ဝင္ေနၿပီး သူမ ေ႐ြးခ်ယ္ေသာ လမ္းေၾကာင္းမ်ားအားလုံးက ခ်ဳံပင္မ်ားႏွင့္ ေပါင္းပင္မ်ား ေပါမ်ားေသာ ေနရာမ်ားျဖစ္သည္။ သူမ၏ညာဘက္ရွိ လမ္းေၾကာင္းက သြားလာရပိုမိုလြယ္ကူသည္မွာ သိသာထင္ရွားေနသည္။ သန႔္ရွင္းမႈကို ႀကိဳက္ေသာ မူရိက တြန႔္ဆုတ္မေနဘဲ သင့္ေတာ္ေသာ လမ္းေၾကာင္းကို မွန္ကန္စြာ ေ႐ြးခ်ယ္လိုက္သည္။
"ဗြက္--" သူမေနာက္သို႔ အခ်ိန္အေတာ္ၾကာ အလိုက္ခံေနရၿပီးေနာက္တြင္ ဆူညံသံတစ္ခုေၾကာင့္ ကုယြင္က ခ်က္ျခင္း ရပ္တန႔္လိုက္သည္။
သူမ၏ ႏႈတ္ခမ္းေပၚတြင္ အလြန္ႏူးညံ့ေသာ အၿပဳံးေပၚလာၿပီး ကုယြင္က ျဖည္းညႇင္းစြာ ျပန္လွည့္လာသည္။ သူမ၏ သားေကာင္က သူမ ညက ျပင္ဆင္ထားခဲ့သည့္ ႐ႊံ႕တြင္းထဲသို႔ နာခံစြာ က်ေရာက္ေနခဲ့သည္။
ကုယြင္က ေပါ့ပါးေသာေျခလွမ္းမ်ားျဖင့္ ေနာက္သို႔ ျပန္ေလွ်ာက္လာရင္း သူမ၏အ႐ိုးမ်ားႏွင့္ အေရျပားမ်ားကို ကိုက္ျဖတ္ခ်င္ေနေသာ တင္းမာေသာအၾကည့္ကို ရင္ဆိုင္လိုက္သည္။ ကုယြင္က အံ့ၾသေနေသာ အမူအရာျဖင့္ ၿပဳံးေနၿပီး "တိုက္ဆိုင္လိုက္တာ၊ နင္လည္း မနက္ေစာေစာ ေလ့က်င့္ခန္းလုပ္ေနတာလား?! ဆိုေတာ့.... အဲဒါက...နင္ ဘယ္လို ထူးဆန္းတဲ့ ကိုယ္ခံပညာမ်ိဳးကို ေလ့က်င့္ေနတာလဲ?"
စကားေျပာေနရင္း ႐ႊံ႕ႏြံထဲတြင္ နစ္ျမဳပ္ေနေသာ မူရိ၏ေျခေထာက္မ်ားကို ငုံ႔ၾကည့္ကာ မ်က္စပစ္ျပေနေသာ ကုယြင္၏ အမူအရာက ဤအခိုက္အတန႔္တြင္ တစ္ေယာက္ေယာက္ ေဒါသထြက္ၿပီး လူသတ္ခ်င္စိတ္ေပါက္ေနေစသည္။
ရံဖန္ရံခါ အနံ႔ဆိုးမ်ားထြက္ေနေသာ အနက္ေရာင္ႏွင့္ အဝါေရာင္႐ႊံ႕ႏြံထဲတြင္ သူ႔ေျခေထာက္မ်ားကို ျမႇဳပ္ထားရဗသာေၾကာင့္ မူရီ၏ဆံပင္ႏွင့္ခႏၶာကိုယ္ရွိအေမြးတိုင္း ေထာင္ထေနေလသည္။ သူ၏ခပ္တင္းတင္းဆုပ္ထားေသာ လက္သီးမ်ားေပၚမွ ေသြးေၾကာမ်ားက ေပါက္ထြက္လုနီးပါးျဖစ္ေနကာ နဖူးေပၚမွ ေခြၽးေအးမ်ား စီးက်လာသည္။
ကုယြင္က သူမ၏ ေသေစႏိုင္ေလာက္ေသာ ထုတ္ေဖာ္ေျပာဆိုမႈကို အလြန္ေက်နပ္ေနခဲ့ၿပီး သူ႔၏ဒဏ္ရာကိုပင္ ဖိကာ ေစာ္ကားေျပာဆိုလိုက္ေသးသည္။ "ဒီမွာက ေနအရမ္းပူေနတယ္၊ ေအးေအးေဆးေဆး ေရျပန္ခ်ိဳးတာက ပိုေကာင္းမယ္ ထင္တယ္၊ ငါ နင့္ကို မေႏွာင့္ယွက္ေတာ့ဘူးေနာ္၊ နင္ ျဖည္းျဖည္းခ်င္း ေလ့က်င့္လို႔ရတယ္"
သူမက "ေအးေအးေဆးေဆး" ႏွင့္ "ေရျပန္ခ်ိဳး" ဟူေသာ စကားလုံးမ်ားကို ေက်နပ္စြာ ေျပာဆိုေနခ်ိန္တြင္ မူရီ၏မ်က္ႏွာက ျဖဴရာမွနီကာ ေနာက္ဆုံးတြင္ အနက္ေရာင္သို႔ ေျပာင္းသြားခဲ့သည္။
ကုယြင္က ျပန္လွည့္ထြက္သြားေတာ့မည္ျဖစ္ေသာ္လည္း ေနာက္ဆုံးတြင္ ေတာင့္တင္းစြာရပ္ေနေသာလူက လွမ္းေအာ္လိုက္သည္။ "ရပ္စမ္း!"
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜