Love Blaze { အချစ်မီးလျှံ } [...

By nyintyan311223

212K 10.9K 4.3K

_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပ... More

Character Info
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
🙇‍♀️🙇‍♀️🙇‍♀️🙇‍♀️🙇‍♀️
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
🙇🙇🙇
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ
Part 43( End )
🚨🚨🚨

Part 28

4.1K 271 168
By nyintyan311223

"ဟော်မုန်းတွေလုံးဝမညီဘူးနော်။ ဘယ်လိုဖြစ်တာလဲ။ ကိုယ်က betaကနေ omega မျိုးစိတ်ပြောင်းသွားတာဆိုရင် ပိုဂရုစိုက်ရမှာလေ........"

ဒေါက်တာ့ရဲ့ စကားကြောင့် သုတ ဦးကိုသာ အားကိုးတကြီးကြည့်မိတယ်။ သူဒီရက်ပိုင်းနေရတာလုံးဝမကောင်းပဲ တစ်ကိုယ်လုံးနုံးနေတဲ့အပြင် pheromone ရနံ့တွေဟာလည်း လုံဝထိန်းမနိုင်ပဲ ဆက်တိုက်ထုတ်မိနေတာကြောင့် ဆေးရုံကိုလာပြခဲ့တာ။

"ဒီမှာ ဆေးစစ်ချက်တွေကလည်း ပုံမှန်မဟုတ်ဘူးနော်။ လူနာက တစ်နှစ်ကို heat ဘယ်နှစ်ကြိမ်ဝင်လဲ...."

"ဟို....အဲ့တာက...."

"ရှက်စရာမလိုဘူးနော်...ဒေါက်တာ့ကိုပြောမှရမှာ...."

ဦးသူရိန် ကြောက်လန့်နေပုံပေါ်နဲ့ ကလေးရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။ ကလေးက ဒီရက်ပိုင်း တော်တော်ကိုနုံးနေတာကြောင့် သူလည်း စိတ်ပူနေခဲ့ရတာ.....

သုတ ဘယ်လိုဖြေရမလဲမသိဘူး။ အမှန်တော့ သူomegaအဖြစ်သာပြောင်းလာတာ ဒီအနှစ်နှစ်ဆယ်ကျော်အတွင်း တစ်ခါမှ heat မဝင်ဖူးဘူး......

"ဟုတ်ကဲ့...ဟိုအမှန်က ကျွန်တော် heat မဝင်ဖူးဘူး...."

"ဟမ်! ဘယ်လို heat မဝင်ဖူးတာလဲ။ heat တားဆေးတွေသောက်တာလား....."

"ကျွန်တော် မသောက်ပါဘူး။အရင်ကသောက်ဖူးပေမယ့် နောက်ပိုင်း ကျွန်တော် မသောက်ဖြစ်တာ ကလေးတွေတစ်သက်ရှိနေပြီ....."

"ကလေးတွေက အသက်ဘယ်လောက်ရှိပြီလဲ"

"ဆယ့်ခြောက်နှစ်ကျော် ဆယ့်ခုနစ်နှစ်ထဲရောက်နေပါပြီ....."

"ဘယ်လို!"

ဒေါက်တာ ရှေ့ကတစ်ယောက်ပြောတဲ့ စကားကိုကြားပြီး တော်တော်အံ့ဩမိတယ်။ ဘယ်လိုတောင် ပေါ့လျော့တာလဲ။ omega တစ်ယောက်က heat မဝင်တာကို ဘာမှမဖြစ်သလိုနေနေတာ တော်တော်အံ့ဩဖို့ကောင်းတယ်........

"ဒီလောက်အကြာကြီး heat မဝင်တာကို ပျော့ပျက်ပျက်နေပြီး ခုမှလာပြတယ်ပေါ့လေ။ အေးအဲ့လိုတွေ ပေါ့ပျက်ပျက် များများလုပ်။ အဲ့မှာ တစ်ခါတည်း အသုဘပါချနေရမယ်။....."

"ဟို.....ကျွန်တော်....."

"ဒေါက်တာ...ကျွန်တော် ပြောပါရစေ...ဒေါက်တာ့ရဲ့ အလုပ်က နေမကောင်းတဲ့သူကို ကုပေးရမှာမဟုတ်ဘူးလား......."

"ကျွန်မက...."

"ခနလေးပါ။ ဒေါက်တာက စေတနာနဲ့ပြောတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကလေးကခုနေလို့မကောင်းဘူးလေ။
ကောင်းကောင်းမွန်မွန်ပြောလည်းရပါတယ်...."

"ဦး....."

"ဦးပြောနေရင် ဖြတ်မပြောနဲ့ သုတ...."

ဦးသူရိန် ဒေါက်တာမရဲ့စကားအပြောအဆိုကို နားထောင်နေရင်း တော်တော်ကို ဒေါသထွက်လာတယ်။ သူကစိတ်ပူလို့ပြောတာ ဟုတ်ပေမယ့် တစ်ဖက်သူရဲ့အခြေအနေကိုလည်း ဂရုစိုက်သင့်တယ်မလား.......

"ကျွန်မ....ကျွန်မတောင်းပန်ပါတယ်....."

ရုပ်တရက်ကြီး ထဟောက်တဲ့ လူနာရှင်ကြောင့် ဒေါက်တာမလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဟောက်တယ်လို့တော့မဆိုနိုင်ပေမယ့် အသံကိုက ဩဇာပြည့်တဲ့ အသံမျိုးဖြစ်တာကြောင့် ကြောက်တောင်ကြောက်မိသွားတယ်။

"ရပါတယ်။ ကျွန်တော့်ဘက်ကလည်း ရိုင်းသွားရင်တောင်းပန်ပါတယ်။"

"ဟုတ်ကဲ့...ရပါတယ်။ ဒါဆို ကျွန်မဆက်ပြောမယ်နော်။
‌လူနာရဲ့ ဟော်မုန်းကလုံးဝမတည်ငြိမ်ဘူး။
တကယ်က heat မဝင်တာ တစ်နှစ်လောက်ကြာရင်တောင် ဆေးရုံမှာ သေချာလာပြသင့်တာ။

ခုကျွန်မက လူနာကို ဆေးပေးလိုက်မယ်။ အဲ့တာက ဟော်မုန်းကိုပြန်ညှိပြီး heat ဝင်အောင်လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက ငုတ်နေသမျှ ဟော်မုန်းတွေက ချက်ချင်းဆိုသလို‌ပြန်ပေါ်လာမှာဆိုတော့ heat ဝင်ရင် တော်တော်ပြင်းလောက်တယ်။

နောက်တစ်ခုက heat ဝင်တာ ရက်ပိုင်းမဟုတ်ပဲ တစ်ပတ်ကနေ အများဆုံး သုံးလလောက်ထိ ဆက်တိုက်ဝင်နေတာလည်း ဖြစ်သွားနိုင်တယ်။ အဲ့တာကြောင့် လူကတော့ အနည်းနဲ့အများထိမှာပဲ။ ဒါပေမယ့် အဲ့လိုမှမလုပ်ရင် အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်တယ်။

အဲ့တာကြောင့် ဖြစ်နိုင်ရင် ဒီက သူ့ရဲ့ Enigma က သူ့ဘေးမှာ အချိန်ပြည့်ရှိစေချင်တယ်။ Omega တွေအတွက် heat ဝင်တဲ့အချိန်က အရမ်းအန္တရာယ်များတာသိတယ်မလား။ ခုကဆေးပါပါတော့ အသိစိတ်ရှိမှာမဟုတ်ဘူး။ သေချာ ဂရုစိုက်ပေးပါ......"

"ဟုတ်ကဲ့ စိတ်ချပါ ဒေါက်တာ။ ကျွန်တော့်ကလေးကို သေချာဂရုစိုက်မှာပါ....."

"ဟုတ်ကဲ့ အဲ့တာဆိုပြန်လို့ ရပြီနော်။ ဆေးက ဒီနေ့က စသောက်နော်....."

"ဟုတ်ကဲ့ ဒေါက်တာ...ကျွန်တော်တို့ကို ခွင့်ပြုပါဦး....."

"ဟုတ်ကဲ့....."

သုတ ဆေး‌‌ရုံက ပြန်ထွက်လာပေမယ့် စိတ်ထဲမှာတော့ ခုထိလေးနေတုန်းပဲ။ အိမ်မှာ ဒီလောက်ထိ ပြဿနာတွေနဲ့ ရှုပ်ရှက်ခတ်နေရတဲ့ထဲ သူကပါ ပြဿနာရှာနေမိတာမလား။ တကယ့်ကို လူပိုကြီးလို အမျိုးမျိုးကို ဖြစ်နေတော့တာပဲ။ ဦးလည်း ဘယ်လောက်တောင် စိတ်ရှုပ်နေလိုက်မလဲ.......

"ဟယ်! အကိုသူရိန်!"

ဦးသူရိန်သုတကိုတွဲပြီး ကားထဲဝင်ဖို့ လုပ်နေတုန်း သူ့နာမည်ကို လှမ်းခေါ်တဲ့သူရှိတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တယ်။ သူ့နာမည်ကို ခေါ်တာက အမျိုးသမီးတစ်ယောက်ပဲ ဘေးမှာလည်း အမျိုးသားတစ်ယောက်ပါသေးတယ်။ မြင်ဖူးသလိုရှိပေမယ့် ဘယ်သူလည်းဆိုတာ စဉ်းစားလို့ကို မရဘူး......

"ဘယ်သူလဲ မသိဘူးခင်မျ....."

"ဟယ် ယမင်းခင်လေ...မမှတ်မိဘူးလား...."

"အော်....မယမင်းခင်.....မတွေ့ဖြစ်တာ နှစ်တွေတော်တော်ကြာနေပြီနော်......"

ယမင်းခင်ဆိုတာက နွယ်နီ့ရဲ့ ဝမ်းကွဲညီမလေ။ နွယ်နီရှိတုန်းကတော့ တော်တော်လေးခင်ပေမယ့် နွယ်နီဆုံးကတည်းက အဆက်အသွယ်ပြတ်သွားတာ။ ကိုယ်ကရှောင်ခဲ့တာလည်းပါတာပေါ့။ စိတ်သဘောထား ဘယ်လိုနေလည်းဆိုတာသေချာမသိပေမယ့် အပြောအဆို စည်းမစောင့်တာ‌ကတော့ သူရဲ့ဆိုးရွားတဲ့အကျင့်တွေထဲက တစ်ခုပဲ.....

"‌ဟုတ်ဝာယ် နွယ်နီဆုံးပြီးထဲကလေ....
ဒါနဲ့ သူက...."

"အော်...ဒါက သုတတဲ့။ အကို့အမျိုးသား...."

"အော်....နောက်အိမ်ထောင်လား။ ကျွန်မက ‌အကို့ကို နောက်အိမ်ထောင်မပြုတော့ဘူးထင်နေတာ။ ကောင်လေးက ငယ်တယ်နော်။ လည်မယ့်ပုံလေး....."

"ခင်မျာ!"

သုတ နေလို့မကောင်းလို့သာ ဝင်မပြောပေမယ့် ဒီအန်တီရဲ့စကားကြီးက ဘယ်လိုကြီးလဲ။

"အော် အန်တီက ဒီတိုင်းပြောလိုက်တာပါ။ စိတ်ထဲမထားပါနဲ့။ ဒါနဲ့ အကိုသူရိန်ကို တွေ့တုန်းအကူအညီလေးတောင်းဦးမယ်။"

ဦးသူရိန် ထိုတစ်ယောက်ကို မကောင်းတက်လို့သာ စကားပြောနေတာ။ သိပ်တော့ သဘောမကျဘူး။ ခုမှပြန်တွေ့တာကို အကူအညီချက်ချင်းတောင်းတာကတော့ မလွန်လွန်းဘူးလား။ အဲ့လိုလူမျိုးကို သဘောမကျတာကြောင့် အကူညီလိုလည်း မြန်မြန်ပေးပြီးသာ အပြတ်ဖြတ်လိုက်မှ တော်ကာကြမှာ.....

"ပြောပါ ဘာကူညီပေးရမလဲ....."

"အော် ဒါနဲ့ အရင်မိတ်ဆက်ပေးဦးမယ်။ ဒါက ကျွန်မရဲ့ အမျိုးသား‌ဦးအောင်မျိုးနိုင်တဲ့။ "

"အော် တွေ့ရတာ ဝမ်းသာပါတယ်။"

"ဒါနဲ့ ကျွန်မတို့က ဟိုတစ်လောကမှ နယ်ဘက်ပြောင်းသွားတာ အကိုရဲ့။ အခု ဒီကို ကိစ္စရှိလို့ပြန်လာတော့ နေရထိုင်ရတာ ပြဿနာနည်းနည်းရှိနေလို့ အကိုတို့အိမ်မှာ လာတည်းလို့ရတယ်မလား။ အရင်က အမနွယ်နီရှိတုန်းကလည်း လာနေကြပဲလေ။ အဲ့တာကြောင့် တည်းချင်လို့ပါ။ ဘယ်လောက်မှ မကြာပါဘူး။ တစ်လ နှစ်လလောက်ပါပဲ။"

"အဲ့တာကကျ...."

"ဘာလဲ ‌အိမ်ထောင်ဘက် ငယ်ငယ်လေး ယူထားတာဆိုတော့ ကြောက်ရလို့ အကူအညီမပေးချင်ဘူးလား......"

သုတ ထိုမိန်းမကြီးကို အမြင်မကြည်ပါ။ သူချည်း ဆက်တိုက်ပြောနေပုံက အကူအညီတောင်းနေပုံနဲ့မှ မတူတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်နဲ့တော့ ဦးကိုမထိခိုက်စေချင်တာကြောင့် သူတို့ကိုလက်ခံလိုက်ဖို့ ဦးကို  ခေါင်းညိတ်ပြလိုက်တယ်။

"ရတယ်မလား အကိုသူရိန်...."

"ရပါတယ်....."

ဦးသူရိန် ဘေးက သုတကို ကြည့်လိုက်တော့ မျက်နှာပျက်နေတာ တွေ့ပေမယ့် ခေါင်းညိတ်ပြတာကြောင့် အိမ်မှာတည်းခွင့်ပြုဖို့သဘောတူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် နောက်ပတ်သတ်စရာအကြောင်းမှ မရှိတာပဲ။ လပိုင်းလောက်ကူညီလို့တော့ ပြဿနာမဖြစ်လောက်ပါဘူး......

"ဟယ်! ကျေးဇူးပါနော် အကိုသူရိန်။ အကိုတို့ကားနဲ့ပဲ လိုက်ခဲ့တော့မယ်နော်...."

"အာ ရပါတယ်....."

ဦးသူရိန်စိတ်ထဲမှာတော့ တော်တော်အထင်သေးမိတယ်။ တကယ်ကို ရလေယူလေပါလား.....

________________

"မတွေ့တာတောင်ကြာပြီနော်။ သုံး၊လေးရက်လောက်ရှိရောပေါ့......"

လပြည့် ရှိန်းရဲ့ ပန်းကန်ဆေးနေတုန်း အနောက်ဘက်ကကြားလိုက်ရတဲ့ ဟိုမိန်းမရဲ့ အသံကြောင့် ထိုနေရာကနေထွက်သွားဖို့ပဲ လုပ်လိုက်တယ်။

"ဟော....ဒီက နှုတ်ဆက်နေတာကို ဘယ်သွားမလို့လဲ။ ယဉ်ကျေးမှုကို မသိဘူးလား......"

"ယဉ်ကျေးမှု...ယဉ်ကျေးမှုတဲ့လား.....အံ့ဩစရာပဲနော်။ အကို့အထင်တော့ ယဉ်ကျေးတဲ့သူတွေက သူများအပိုင်ဆိုရှောင်ကြတယ်....."

"ဘာ!"

လပြည့် သူ့အရှေ့က မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ တစ်ယောက်ကိုကြည့်ပြီး တော်တော်စိတ်ကုန်မိတယ်။ သူ့ကိုအရေးမလုပ်တာတောင် မမောနိုင်မပန်းနိုင်နဲ့ ကိုယ့်ပဲလာလာပြီး ခလုတ်တိုက်နေတယ်။

"ခနနေဦး....ဒီမှာ ရှင်စကားပြောတဲ့အချိန်တိုင်း ကျွန်မက ရှင့်လူကိုလုတယ်၊ လုတယ်ဆိုပြီး ခနခန မပြောနဲ့။ ကျွန်မက သူတရားဝင်လက်ထပ်မဲ့သူ ရှင်ကရော....ရှင်ကသာ ကျွန်မဆီက လုနေတဲ့သူပါ....."

"ဟုတ်လား......ထားလိုက်ပါ‌တော့။ ငါ့မှာ ငါ့ဘဝအတွက်အရေးပါတဲ့ အရာတွေကိုလုပ်ဖို့အချိန်လိုတယ်။ အဲ့တာကြောင့် အမှိုက်သာသာလူတွေနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်လို့ ခွင့်ပြုပါဦး......"

"ခနနေဦးလို့ ကျွန်မရှင့်ကိုပြောနေတယ်လေ!"

ချွမ်!

"အာ့!....မင်း!"

လပြည့် စကားဆက်မပြောချင်တာကြောင့်ရှောင်ထွက်မလို့ရှိသေး ထိုမိန်းမက လက်ကို အတင်းဆောင့်ဆွဲလိုက်တာကြောင့် လပြည့်လက်ထဲက ပန်းကန်လုံးက ကျကွဲပြီး ခြေမကို ကြွေအကွဲစကမှန်သွားကာ သွေးတွေက ပန်းထွက်လာတယ်.......

"မင်းရူးနေလား! ငါ့ခြေထောက်ထိသွားပြီ။"

"ဒီလောက်လေးနဲ့ မသေ.....ဟင်! ထိပ်တန်းမဟာ!"

မေသွန်းဆက် သူ့ရှေ့ကအကဲပိုပြနေတဲ့တစ်ယောက်ကို ရန်ပြန်တွေ့ဖို့ လုပ်နေတုန်း လှေကားပေါ်ကဆင်းလာတာဲ့ ထိပ်တန်းမဟာကို တွေ့တာကြောင့် ပြာယာခတ်သွားတယ်။ ထိပ်တန်းမဟာသာ ကိုယ့်ကြောင့် ဒီ‌တစ်ယောက် အနာတရဖြစ်သွားတာကို သိရင်ကိုယ့်ကို ရန်ရှာမှာ အသေအချာပဲ။ အခြားသူတွေဆီက အမှတ်မရရင်တောင် ထိပ်တန်းမဟာဆီက အမှတ်မလျော့သွားဖို့ ‌အရေးကြီးတယ်။ တစ်ခုခုတော့လုပ်မှ ဖြစ်မယ်......

"အာ့! ကျွန်မကို လွှတ်ပါ အကိုရယ်!!!! မတော်တဆ ဖြစ်တာပါ။ ကျွန်မတောင်းပန်ပါတယ်ရှင်!......"

ရုတ်တရက်ကြီး လပြည့်ရဲ့ လက်နှစ်ဖက်လုံးကိုဆွဲယူကာ သူ့ခေါင်းပေါ်တင်ပြီး အော်နေတဲ့ မေသွန်းဆက်ကြောင့် လပြည့် ဘာလုပ်ရမှန်းမသိ‌ဖြစ်သွားတယ်။ ဒီတစ်ယောက် တကယ်ပဲ ဘာအရူးထပြန်တာလဲ.....

"ဘာဖြစ်နေကြတာလဲ!!!!!!ကိုကို!!!!"

ထိပ်တန်း အောက်ဆင်းလာတုန်း ရုတ်တရက် အော်သံကြားတာကြောင့် လှေကားကနေ မီးဖိုခန်းထဲ လှမ်းကြည့်လိုက်ချိန်မြင်လိုက်ရတဲ့ မြင်ကွင်းက တော်တော်လေးစိတ်ပူသွား‌စေတယ် ......

"ဘာလုပ်တာလဲ မေသွန်းဆက် ငါ့လက်ကိုလွှတ်!"

လပြည့် ထိပ်ထိပ်ရဲ့ အော်သံကြားလိုက်တာကြောင့် ‌ထိပ်လန့်သွားတယ်။ သူဘယ်လောက်ပဲ ထိပ်ထိပ်ကို စိတ်ဆိုးနေပါစေ။ သူ့ကို အထင်လွဲသွားတာမျိုးတော့ မဖြစ်စေချင်ဘူး။

ဝုန်း!!!

"အာ့!!!!"

"မင်း! မေသွန်းဆက်!!! မင်းဘာအရူးထတာလဲ...."

"ကိုကို!!!!အဲ့တာ ဘာလုပ်တာလဲ....."

ထိပ်တန်း ရန်ဖြစ်နေတဲ့ နှစ်ယောက်ဆီ အမြန်ပြေးလာနေချိန် မေသွန်းဆက်ကို တွန်းချလိုက်တဲ့ ကိုကိုကြောင့် တော်တော်ကို ဒေါသထွက်သွားတယ်။ အရှေ့ကိုကြည့်လိုက်ချိန် ဗိုက်ကို ကိုင်ကာ လဲကျနေတဲ့ မေသွန်းဆက်ကြောင့် ထိပ်တန်း မေသွန်းဆက်ဆီကိုသာ အရင်ပြေးသွားပြီးဆွဲထူကာ ရင်ခွင်ထဲပွေ့ထားလိုက်တယ်........

"အဲ့လို မဟုတ်ဘူး ထိပ်ထိပ်။ သူလိမ်နေတာပါ....."

"ကျွန်မ ကြောက်တယ်...ထိပ်တန်း...အဟင့်!
ကျွန်မက အကိုလပြည့်ကို ကူညီချင်လို့ ပန်းကန်လေး ယူမိတာပါ။ အဲ့တာကို သူက သူ့ဟာမှန်သမျှ အကုန်လုယူတယ်ဆိုပြီး အဲ့ပန်းကန်ကိုခွဲလိုက်ပြီး ကျွန်မဆံပင်တွေကို ဆောင့်ဆွဲတယ်။ ပြီးတော့ တွန်းလည်း တွန်းချတယ်....အဟင့်! ကျွန်မကြောက်တယ်။ ကျွန်မကလေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ရင်ကွဲပြီး သေမှာ........"

"ဘာမှမဖြစ်ဘူးနော်....ကျွန်တော်ရှိတယ်....."

ဒေလီယာ သနားဖို့ကောင်းအောင်သရုပ်ဆောင်ရင်း ထိပ်တန်းမဟာရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်လိုက်တယ်။ သူသရုပ်ဆောင်တာ တော်တော်ပီပြင်သွားပုံပဲ ထပ်တန်းမဟာတို့များ ကိုယ့်ကို ဖက်ထားတာ လွှတ်တောင်မလွှတ်တော့ဘူး။ လပြည့်သစ္စာဆိုတဲ့ တစ်ယောက်ကတော့ မျက်ရည်လေးတွေနဲ့ ငေးကြည့်နေရုံပေါ့.......

"မင်း ကလိမ်ကကျစ်လုပ်မနေနဲ့ မေသွန်းဆက်! အောက်တန်းစားမ!!!"

"တော်လိုက်ပါတော့ဗျာ!!! ခင်များ စောက်ရမ်းတွေ လွန်နေပြီလို့မထင်ဘူးလား!!!!ကျုပ်ပြောပြီးပြီလေ! ဒီလိုတွေဖြစ်လာရတာ ကျုပ်အမှား!!မေသွန်းဆက်က နစ်နာရတဲ့ သူပါ။
ခင်များက ဘာလို့ သူ့ကို မဖေးမတဲ့အပြင် ထိုးချနေတာလဲ!!!!!"

လပြည့် သူကြားနေရတာတွေကို မယုံနိုင်ပါ။ ထိပ်ထိပ်က ဒီမိန်းမအတွက် သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားပြောဆိုနေတာတဲ့လား။......

"ဟက်! ရီရသားပဲ...မင်းက အဲ့မိန်းမကြောင့် ငါ့ကိုခုလိုပြောတာပေါ့လေ ဟုတ်လား....ပြီးတော့ဘာ...ဖေးမရမယ်တဲ့လား....ဟုတ်လားလို့!!!!"

"ကျုပ်ကို လာအော်မနေနဲ့။ ကျုပ်ကိုမကျေနပ်ရင် ကျုပ်နဲ့ရှင်းလေ။ ဘာကိစ္စ အပြစ်မရှိတဲ့ သူကို ဆွဲထည့်ရတာလဲ!!!!!!"

"အပြစ်မရှိတဲ့သူ ဟုတ်လား....အဲ့တာဆိုသူကအပြစ်မရှိဘူးဆိုတော့ ငါက အပြစ်ရှိတာလား!! မင်းက ငါ့ယောကျာ်းပါ...ငါ့မှာလည်း....ငါ့မှာလည်း သဝန်တိုခွင့်ရှိပါတယ်။ ဘယ်သူမှ သူတို့ချစ်တဲ့သူကို အခြားသူဆီမျှဝေမပေးနိုင်ဘူးကွ........"

"ချစ်တဲ့သူကို မျှဝေမပေးနိုင်ဘူးပြောရအောင် ခင်များက ကျွန်တော့်ကို ချစ်ခဲ့လို့လား ...ကျွန်တော်ကသာ ခင်များကို နှလုံးသားတစ်ခုလုံးရင်းပြီး ချစ်ခဲ့ရတာပါ။ ခုခင်များက ကျွန်တော့်ကိုချစ်တာမဟုတ်ဘူး။ မေသွန်းဆက်နဲ့ ပြိုင်ပြီး အနိုင်လိုချင်နေတာ!!!"

"ဘာ....."

လပြည့် ထိပ်တန်းဆီက ကြားလိုက်ရတဲ့ ထိုစကားကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့သွားတဲ့ထိ စိတ်မကောင်းဖြစ်သွားတယ်။
သူက ထိပ်ထိပ်ကို မချစ်ပဲ မေသွန်းဆက်နဲ့ ပြိုင်ချင်တာတဲ့လား.......

"ပြောရက်လိုက်တာ ထိပ်ထိပ်ရယ်....."

ထိပ်တန်း မျက်ရည်တွေ စီးကျလာတဲ့ ကိုကို့ကိုမြင်လိုက်ရတော့ သူပြောလိုက်တဲ့ စကားတွေ အရမ်းလွန်သွားမှန်း သဘောပေါက်သွားတယ်။

အဲ့တာကြောင့် ထိပ်တန်း မေသွန်းဆက်နားက ချက်ချင်း ထကာ ကိုကို့နားကို အမြန်ပဲ သွားလိုက်တယ်။သူတကယ် အဲ့လိုပြောဖို့ မရည်ရွယ်ပါဘူး.....

"ကိုကို....ကျွန်တော်မရည်ရွယ်...."

"ငါ့ကို မထိနဲ့။ ထပ်တန်းမဟာ.....အဟင့်! ငါ....ငါ..."

"ကိုကို.....ကျွန်တော်က...."

"မင်းဘာမှ မပြောပါနဲ့တော့....မင်းပြောသမျှစကားတွေက ငါ့ကိုသတ်နေသလိုပဲ။ တော်ပါတော့....ပြီးတော့ မေသွန်းဆက်...မင်းနိုင်ပါတယ်... ဟုတ်ပြီလား။...မင်းမှာ အဲ့ကလေးရှိနေတာကိုက မင်းနိုင်တာပါ။ ငါကတော့....ငါကတော့ အရှုံးသမားပါ။ နှစ်ယောက်လုံး ကျေနပ်ကြပါတော့....."

"ကိုကို....အဲ့လိုမပြောပါနဲ့။ ကျွန်တော် ကိုကို့ကို အဲ့လိုပြောဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး။ အဲ့တာက ဒီတိုင်း သူ့ဘာသာသူ....."

"ရတယ်....ထပ်မရှင်းပြပါနဲ့တော့...မရည်ရွယ်ပဲ ပြောထွက်တယ်ဆိုထဲက မင်းရင်ဘက်ထဲမှာရှိတဲ့ စကားလုံးတွေမို့လေ....ငါက မင်းထက်အသက်အများကြီးပါတယ်။ ဘယ်စကားတွေက ဘယ်လို သက်ရောက်တယ်ဆိုတာ ငါကောင်းကောင်းသိပါတယ်...."

"ကိုကို....."

"ရတယ်.... ငါ့ကိုနှစ်သိမ့်တာမျိုး လုပ်စရာမလိုပါဘူး။ ဒါပေမယ့် ငါမင်းကို တစ်ခုတော့ သိစေချင်တယ် ထိပ်ထိပ်ရယ် .....

မင်းဘက်က မင်းနှလုံးသားကိုရင်းပြီး ငါ့ကို အရင်ချစ်ခဲ့ရတယ်ဆိုတာ မှန်ပေမယ့်
ငါကကြ မင်း‌ကို ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ချစ်မိသွားခဲ့တဲ့သူပါ။
ဒါပေမယ့်လေ ငါကမင်းကို ချစ်မိနေပါပြီဆိုတဲ့ အချိန်ကြတော့ မင်းရဲ့နှလုံးသားက ငါ့တစ်ယောက်ထဲအတွက် မဟုတ်တော့ဘူး.....

အဲ့တာကြောင့် တက်နိုင်ရင် ကျေးဇူးပြုပြီး ငါက မင်းကိုမချစ်ပဲ ပြိုင်လုချင်ရုံပဲလို့တော့ မပြောပါနဲ့။ ငါရင်ဘက်ထဲက ‌သေလောက်အောင် နာကျင်ရလို့ပါ။"

"ကိုကို...."

"ငါ ပင်ပန်းနေပြီ။ မင်းတို့လည်း ပင်ပန်းလောက်ရောပေါ့။ မင်းတို့လည်း သွားနားတော့လေ။ ငါလည်း နားတော့မယ်။ ငါရှိန်းအခန်းထဲမှာပဲ အိပ်မှာ။ ခွင့်ပြုပါဦး......."

ဒီတစ်ခါတော့ ကိုကို သူ့ရှေ့က ထွက်သွားပေမယ့် ထိပ်တန်းမှာ ကိုကို့လက်ကိုဆွဲထားနိုင်တဲ့ အားအင်မရှိတော့ဘူး။
ကိုကိုက ကျွန်တော့်ကို ချစ်တယ်တဲ့လား။
ဘာလို့လဲကိုကိုရယ်... ကိုကိုကကျွန်တော့်ကို ချစ်ပါပြီဆိုမှ ဘာလို့ခုလိုတွေဆက်ဖြစ်နေတာလဲ.......

ကဲ Part 28 upလိုက်ပါပြီနော်။ဖတ်ရှုပေးကြတဲ့  ကြယ်ရောင်လေးတွေတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ကြယ်ရောင်လေးတို့ရဲ့ like နဲ့ comment တစ်ခုစီက ယံယံ့အတွက်အားဆေးပါ။

______________________________________

Zawgyi

"ေဟာ္မုန္းေတြလုံးဝမညီဘူးေနာ္။ ဘယ္လိုျဖစ္တာလဲ။ ကိုယ္က betaကေန omega မ်ိဳးစိတ္ေျပာင္းသြားတာဆိုရင္ ပိုဂ႐ုစိုက္ရမွာေလ........"

ေဒါက္တာ့ရဲ႕ စကားေၾကာင့္ သုတ ဦးကိုသာ အားကိုးတႀကီးၾကည့္မိတယ္။ သူဒီရက္ပိုင္းေနရတာလုံးဝမေကာင္းပဲ တစ္ကိုယ္လုံးႏုံးေနတဲ့အျပင္ pheromone ရနံ႕ေတြဟာလည္း လုံဝထိန္းမနိုင္ပဲ ဆက္တိုက္ထုတ္မိေနတာေၾကာင့္ ေဆး႐ုံကိုလာျပခဲ့တာ။

"ဒီမွာ ေဆးစစ္ခ်က္ေတြကလည္း ပုံမွန္မဟုတ္ဘူးေနာ္။ လူနာက တစ္ႏွစ္ကို heat ဘယ္ႏွစ္ႀကိမ္ဝင္လဲ...."

"ဟို....အဲ့တာက...."

"ရွက္စရာမလိုဘူးေနာ္...ေဒါက္တာ့ကိုေျပာမွရမွာ...."

ဦးသူရိန္ ေၾကာက္လန႔္ေနပုံေပၚနဲ႕ ကေလးရဲ႕လက္ကို ဆုပ္ကိုင္ထားလိုက္တယ္။ ကေလးက ဒီရက္ပိုင္း ေတာ္ေတာ္ကိုႏုံးေနတာေၾကာင့္ သူလည္း စိတ္ပူေနခဲ့ရတာ.....

သုတ ဘယ္လိုေျဖရမလဲမသိဘူး။ အမွန္ေတာ့ သူomegaအျဖစ္သာေျပာင္းလာတာ ဒီအႏွစ္ႏွစ္ဆယ္ေက်ာ္အတြင္း တစ္ခါမွ heat မဝင္ဖူးဘူး......

"ဟုတ္ကဲ့...ဟိုအမွန္က ကြၽန္ေတာ္ heat မဝင္ဖူးဘူး...."

"ဟမ္! ဘယ္လို heat မဝင္ဖူးတာလဲ။ heat တားေဆးေတြေသာက္တာလား....."

"ကြၽန္ေတာ္ မေသာက္ပါဘူး။အရင္ကေသာက္ဖူးေပမယ့္ ေနာက္ပိုင္း ကြၽန္ေတာ္ မေသာက္ျဖစ္တာ ကေလးေတြတစ္သက္ရွိေနၿပီ....."

"ကေလးေတြက အသက္ဘယ္ေလာက္ရွိၿပီလဲ"

"ဆယ့္ေျခာက္ႏွစ္ေက်ာ္ ဆယ့္ခုနစ္ႏွစ္ထဲေရာက္ေနပါၿပီ....."

"ဘယ္လို!"

ေဒါက္တာ ေရွ႕ကတစ္ေယာက္ေျပာတဲ့ စကားကိုၾကားၿပီး ေတာ္ေတာ္အံ့ဩမိတယ္။ ဘယ္လိုေတာင္ ေပါ့ေလ်ာ့တာလဲ။ omega တစ္ေယာက္က heat မဝင္တာကို ဘာမွမျဖစ္သလိုေနေနတာ ေတာ္ေတာ္အံ့ဩဖို႔ေကာင္းတယ္........

"ဒီေလာက္အၾကာႀကီး heat မဝင္တာကို ေပ်ာ့ပ်က္ပ်က္ေနၿပီး ခုမွလာျပတယ္ေပါ့ေလ။ ေအးအဲ့လိုေတြ ေပါ့ပ်က္ပ်က္ မ်ားမ်ားလုပ္။ အဲ့မွာ တစ္ခါတည္း အသုဘပါခ်ေနရမယ္။....."

"ဟို.....ကြၽန္ေတာ္....."

"ေဒါက္တာ...ကြၽန္ေတာ္ ေျပာပါရေစ...ေဒါက္တာ့ရဲ႕ အလုပ္က ေနမေကာင္းတဲ့သူကို ကုေပးရမွာမဟုတ္ဘူးလား......."

"ကြၽန္မက...."

"ခနေလးပါ။ ေဒါက္တာက ေစတနာနဲ႕ေျပာတယ္ဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ ကေလးကခုေနလို႔မေကာင္းဘူးေလ။
ေကာင္းေကာင္းမြန္မြန္ေျပာလည္းရပါတယ္...."

"ဦး....."

"ဦးေျပာေနရင္ ျဖတ္မေျပာနဲ႕ သုတ...."

ဦးသူရိန္ ေဒါက္တာမရဲ႕စကားအေျပာအဆိုကို နားေထာင္ေနရင္း ေတာ္ေတာ္ကို ေဒါသထြက္လာတယ္။ သူကစိတ္ပူလို႔ေျပာတာ ဟုတ္ေပမယ့္ တစ္ဖက္သူရဲ႕အေျခအေနကိုလည္း ဂ႐ုစိုက္သင့္တယ္မလား.......

"ကြၽန္မ....ကြၽန္မေတာင္းပန္ပါတယ္....."

႐ုပ္တရက္ႀကီး ထေဟာက္တဲ့ လူနာရွင္ေၾကာင့္ ေဒါက္တာမလည္း ဘာေျပာရမွန္းမသိျဖစ္သြားတယ္။ ေဟာက္တယ္လို႔ေတာ့မဆိုနိုင္ေပမယ့္ အသံကိုက ဩဇာျပည့္တဲ့ အသံမ်ိဳးျဖစ္တာေၾကာင့္ ေၾကာက္ေတာင္ေၾကာက္မိသြားတယ္။

"ရပါတယ္။ ကြၽန္ေတာ့္ဘက္ကလည္း ရိုင္းသြားရင္ေတာင္းပန္ပါတယ္။"

"ဟုတ္ကဲ့...ရပါတယ္။ ဒါဆို ကြၽန္မဆက္ေျပာမယ္ေနာ္။
လူနာရဲ႕ ေဟာ္မုန္းကလုံးဝမတည္ၿငိမ္ဘူး။
တကယ္က heat မဝင္တာ တစ္ႏွစ္ေလာက္ၾကာရင္ေတာင္ ေဆး႐ုံမွာ ေသခ်ာလာျပသင့္တာ။

ခုကြၽန္မက လူနာကို ေဆးေပးလိုက္မယ္။ အဲ့တာက ေဟာ္မုန္းကိုျပန္ညွိၿပီး heat ဝင္ေအာင္လုပ္ေပးလိမ့္မယ္။ ဒါေပမယ့္ တစ္ခုရွိတာက ငုတ္ေနသမွ် ေဟာ္မုန္းေတြက ခ်က္ခ်င္းဆိုသလိုျပန္ေပၚလာမွာဆိုေတာ့ heat ဝင္ရင္ ေတာ္ေတာ္ျပင္းေလာက္တယ္။

ေနာက္တစ္ခုက heat ဝင္တာ ရက္ပိုင္းမဟုတ္ပဲ တစ္ပတ္ကေန အမ်ားဆုံး သုံးလေလာက္ထိ ဆက္တိုက္ဝင္ေနတာလည္း ျဖစ္သြားနိုင္တယ္။ အဲ့တာေၾကာင့္ လူကေတာ့ အနည္းနဲ႕အမ်ားထိမွာပဲ။ ဒါေပမယ့္ အဲ့လိုမွမလုပ္ရင္ အသက္အႏၱရာယ္ပါစိုးရိမ္ရနိုင္တယ္။

အဲ့တာေၾကာင့္ ျဖစ္နိုင္ရင္ ဒီက သူ႕ရဲ႕ Enigma က သူ႕ေဘးမွာ အခ်ိန္ျပည့္ရွိေစခ်င္တယ္။ Omega ေတြအတြက္ heat ဝင္တဲ့အခ်ိန္က အရမ္းအႏၱရာယ္မ်ားတာသိတယ္မလား။ ခုကေဆးပါပါေတာ့ အသိစိတ္ရွိမွာမဟုတ္ဘူး။ ေသခ်ာ ဂ႐ုစိုက္ေပးပါ......"

"ဟုတ္ကဲ့ စိတ္ခ်ပါ ေဒါက္တာ။ ကြၽန္ေတာ့္ကေလးကို ေသခ်ာဂ႐ုစိုက္မွာပါ....."

"ဟုတ္ကဲ့ အဲ့တာဆိုျပန္လို႔ ရၿပီေနာ္။ ေဆးက ဒီေန႕က စေသာက္ေနာ္....."

"ဟုတ္ကဲ့ ေဒါက္တာ...ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး....."

"ဟုတ္ကဲ့....."

သုတ ေဆး႐ုံက ျပန္ထြက္လာေပမယ့္ စိတ္ထဲမွာေတာ့ ခုထိေလးေနတုန္းပဲ။ အိမ္မွာ ဒီေလာက္ထိ ျပႆနာေတြနဲ႕ ရႈပ္ရွက္ခတ္ေနရတဲ့ထဲ သူကပါ ျပႆနာရွာေနမိတာမလား။ တကယ့္ကို လူပိုႀကီးလို အမ်ိဳးမ်ိဳးကို ျဖစ္ေနေတာ့တာပဲ။ ဦးလည္း ဘယ္ေလာက္ေတာင္ စိတ္ရႈပ္ေနလိုက္မလဲ.......

"ဟယ္! အကိုသူရိန္!"

ဦးသူရိန္သုတကိုတြဲၿပီး ကားထဲဝင္ဖို႔ လုပ္ေနတုန္း သူ႕နာမည္ကို လွမ္းေခၚတဲ့သူရွိတာေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္တယ္။ သူ႕နာမည္ကို ေခၚတာက အမ်ိဳးသမီးတစ္ေယာက္ပဲ ေဘးမွာလည္း အမ်ိဳးသားတစ္ေယာက္ပါေသးတယ္။ ျမင္ဖူးသလိုရွိေပမယ့္ ဘယ္သူလည္းဆိုတာ စဥ္းစားလို႔ကို မရဘူး......

"ဘယ္သူလဲ မသိဘူးခင္မ်....."

"ဟယ္ ယမင္းခင္ေလ...မမွတ္မိဘူးလား...."

"ေအာ္....မယမင္းခင္.....မေတြ႕ျဖစ္တာ ႏွစ္ေတြေတာ္ေတာ္ၾကာေနၿပီေနာ္......"

ယမင္းခင္ဆိုတာက ႏြယ္နီ႕ရဲ႕ ဝမ္းကြဲညီမေလ။ ႏြယ္နီရွိတုန္းကေတာ့ ေတာ္ေတာ္ေလးခင္ေပမယ့္ ႏြယ္နီဆုံးကတည္းက အဆက္အသြယ္ျပတ္သြားတာ။ ကိုယ္ကေရွာင္ခဲ့တာလည္းပါတာေပါ့။ စိတ္သေဘာထား ဘယ္လိုေနလည္းဆိုတာေသခ်ာမသိေပမယ့္ အေျပာအဆို စည္းမေစာင့္တာကေတာ့ သူရဲ႕ဆိုး႐ြားတဲ့အက်င့္ေတြထဲက တစ္ခုပဲ.....

"ဟုတ္ဝာယ္ ႏြယ္နီဆုံးၿပီးထဲကေလ....
ဒါနဲ႕ သူက...."

"ေအာ္...ဒါက သုတတဲ့။ အကို႔အမ်ိဳးသား...."

"ေအာ္....ေနာက္အိမ္ေထာင္လား။ ကြၽန္မက အကို႔ကို ေနာက္အိမ္ေထာင္မျပဳေတာ့ဘူးထင္ေနတာ။ ေကာင္ေလးက ငယ္တယ္ေနာ္။ လည္မယ့္ပုံေလး....."

"ခင္မ်ာ!"

သုတ ေနလို႔မေကာင္းလို႔သာ ဝင္မေျပာေပမယ့္ ဒီအန္တီရဲ႕စကားႀကီးက ဘယ္လိုႀကီးလဲ။

"ေအာ္ အန္တီက ဒီတိုင္းေျပာလိုက္တာပါ။ စိတ္ထဲမထားပါနဲ႕။ ဒါနဲ႕ အကိုသူရိန္ကို ေတြ႕တုန္းအကူအညီေလးေတာင္းဦးမယ္။"

ဦးသူရိန္ ထိုတစ္ေယာက္ကို မေကာင္းတက္လို႔သာ စကားေျပာေနတာ။ သိပ္ေတာ့ သေဘာမက်ဘဴး။ ခုမွျပန္ေတြ႕တာကို အကူအညီခ်က္ခ်င္းေတာင္းတာကေတာ့ မလြန္လြန္းဘူးလား။ အဲ့လိုလူမ်ိဳးကို သေဘာမက်တာေၾကာင့္ အကူညီလိုလည္း ျမန္ျမန္ေပးၿပီးသာ အျပတ္ျဖတ္လိုက္မွ ေတာ္ကာၾကမွာ.....

"ေျပာပါ ဘာကူညီေပးရမလဲ....."

"ေအာ္ ဒါနဲ႕ အရင္မိတ္ဆက္ေပးဦးမယ္။ ဒါက ကြၽန္မရဲ႕ အမ်ိဳးသားဦးေအာင္မ်ိဳးနိုင္တဲ့။ "

"ေအာ္ ေတြ႕ရတာ ဝမ္းသာပါတယ္။"

"ဒါနဲ႕ ကြၽန္မတို႔က ဟိုတစ္ေလာကမွ နယ္ဘက္ေျပာင္းသြားတာ အကိုရဲ႕။ အခု ဒီကို ကိစၥရွိလို႔ျပန္လာေတာ့ ေနရထိုင္ရတာ ျပႆနာနည္းနည္းရွိေနလို႔ အကိုတို႔အိမ္မွာ လာတည္းလို႔ရတယ္မလား။ အရင္က အမႏြယ္နီရွိတုန္းကလည္း လာေနၾကပဲေလ။ အဲ့တာေၾကာင့္ တည္းခ်င္လို႔ပါ။ ဘယ္ေလာက္မွ မၾကာပါဘူး။ တစ္လ ႏွစ္လေလာက္ပါပဲ။"

"အဲ့တာကက်...."

"ဘာလဲ အိမ္ေထာင္ဘက္ ငယ္ငယ္ေလး ယူထားတာဆိုေတာ့ ေၾကာက္ရလို႔ အကူအညီမေပးခ်င္ဘူးလား......"

သုတ ထိုမိန္းမႀကီးကို အျမင္မၾကည္ပါ။ သူခ်ည္း ဆက္တိုက္ေျပာေနပုံက အကူအညီေတာင္းေနပုံနဲ႕မွ မတူတာ။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ေၾကာင့္နဲ႕ေတာ့ ဦးကိုမထိခိုက္ေစခ်င္တာေၾကာင့္ သူတို႔ကိုလက္ခံလိုက္ဖို႔ ဦးကို  ေခါင္းညိတ္ျပလိုက္တယ္။

"ရတယ္မလား အကိုသူရိန္...."

"ရပါတယ္....."

ဦးသူရိန္ ေဘးက သုတကို ၾကည့္လိုက္ေတာ့ မ်က္ႏွာပ်က္ေနတာ ေတြ႕ေပမယ့္ ေခါင္းညိတ္ျပတာေၾကာင့္ အိမ္မွာတည္းခြင့္ျပဳဖို႔သေဘာတူလိုက္တယ္။ ဘာပဲျဖစ္ျဖစ္ ေနာက္ပတ္သတ္စရာအေၾကာင္းမွ မရွိတာပဲ။ လပိုင္းေလာက္ကူညီလို႔ေတာ့ ျပႆနာမျဖစ္ေလာက္ပါဘူး......

"ဟယ္! ေက်းဇူးပါေနာ္ အကိုသူရိန္။ အကိုတို႔ကားနဲ႕ပဲ လိုက္ခဲ့ေတာ့မယ္ေနာ္...."

"အာ ရပါတယ္....."

ဦးသူရိန္စိတ္ထဲမွာေတာ့ ေတာ္ေတာ္အထင္ေသးမိတယ္။ တကယ္ကို ရေလယူေလပါလား.....

________________

"မေတြ႕တာေတာင္ၾကာၿပီေနာ္။ သုံး၊ေလးရက္ေလာက္ရွိေရာေပါ့......"

လျပည့္ ရွိန္းရဲ႕ ပန္းကန္ေဆးေနတုန္း အေနာက္ဘက္ကၾကားလိုက္ရတဲ့ ဟိုမိန္းမရဲ႕ အသံေၾကာင့္ ထိုေနရာကေနထြက္သြားဖို႔ပဲ လုပ္လိုက္တယ္။

"ေဟာ....ဒီက ႏႈတ္ဆက္ေနတာကို ဘယ္သြားမလို႔လဲ။ ယဥ္ေက်းမႈကို မသိဘူးလား......"

"ယဥ္ေက်းမႈ...ယဥ္ေက်းမႈတဲ့လား.....အံ့ဩစရာပဲေနာ္။ အကို႔အထင္ေတာ့ ယဥ္ေက်းတဲ့သူေတြက သူမ်ားအပိုင္ဆိုေရွာင္ၾကတယ္....."

"ဘာ!"

လျပည့္ သူ႕အေရွ႕က မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ေနတဲ့ တစ္ေယာက္ကိုၾကည့္ၿပီး ေတာ္ေတာ္စိတ္ကုန္မိတယ္။ သူ႕ကိုအေရးမလုပ္တာေတာင္ မေမာနိုင္မပန္းနိုင္နဲ႕ ကိုယ့္ပဲလာလာၿပီး ခလုတ္တိုက္ေနတယ္။

"ခနေနဦး....ဒီမွာ ရွင္စကားေျပာတဲ့အခ်ိန္တိုင္း ကြၽန္မက ရွင့္လူကိုလုတယ္၊ လုတယ္ဆိုၿပီး ခနခန မေျပာနဲ႕။ ကြၽန္မက သူတရားဝင္လက္ထပ္မဲ့သူ ရွင္ကေရာ....ရွင္ကသာ ကြၽန္မဆီက လုေနတဲ့သူပါ....."

"ဟုတ္လား......ထားလိုက္ပါေတာ့။ ငါ့မွာ ငါ့ဘဝအတြက္အေရးပါတဲ့ အရာေတြကိုလုပ္ဖို႔အခ်ိန္လိုတယ္။ အဲ့တာေၾကာင့္ အမွိုက္သာသာလူေတြနဲ႕ စကားေျပာၿပီး အခ်ိန္မျဖဳန္းခ်င္လို႔ ခြင့္ျပဳပါဦး......"

"ခနေနဦးလို႔ ကြၽန္မရွင့္ကိုေျပာေနတယ္ေလ!"

ခြၽမ္!

"အာ့!....မင္း!"

လျပည့္ စကားဆက္မေျပာခ်င္တာေၾကာင့္ေရွာင္ထြက္မလို႔ရွိေသး ထိုမိန္းမက လက္ကို အတင္းေဆာင့္ဆြဲလိုက္တာေၾကာင့္ လျပည့္လက္ထဲက ပန္းကန္လုံးက က်ကြဲၿပီး ေျခမကို ေႂကြအကြဲစကမွန္သြားကာ ေသြးေတြက ပန္းထြက္လာတယ္.......

"မင္း႐ူးေနလား! ငါ့ေျခေထာက္ထိသြားၿပီ။"

"ဒီေလာက္ေလးနဲ႕ မေသ.....ဟင္! ထိပ္တန္းမဟာ!"

ေမသြန္းဆက္ သူ႕ေရွ႕ကအကဲပိုျပေနတဲ့တစ္ေယာက္ကို ရန္ျပန္ေတြ႕ဖို႔ လုပ္ေနတုန္း လှေကားပေါ်ကဆင်းလာတာဲ့ ထိပ္တန္းမဟာကို ေတြ႕တာေၾကာင့္ ျပာယာခတ္သြားတယ္။ ထိပ္တန္းမဟာသာ ကိုယ့္ေၾကာင့္ ဒီတစ္ေယာက္ အနာတရျဖစ္သြားတာကို သိရင္ကိုယ့္ကို ရန္ရွာမွာ အေသအခ်ာပဲ။ အျခားသူေတြဆီက အမွတ္မရရင္ေတာင္ ထိပ္တန္းမဟာဆီက အမွတ္မေလ်ာ့သြားဖို႔ အေရးႀကီးတယ္။ တစ္ခုခုေတာ့လုပ္မွ ျဖစ္မယ္......

"အာ့! ကြၽန္မကို လႊတ္ပါ အကိုရယ္!!!! မေတာ္တဆ ျဖစ္တာပါ။ ကြၽန္မေတာင္းပန္ပါတယ္ရွင္!......"

႐ုတ္တရက္ႀကီး လျပည့္ရဲ႕ လက္ႏွစ္ဖက္လုံးကိုဆြဲယူကာ သူ႕ေခါင္းေပၚတင္ၿပီး ေအာ္ေနတဲ့ ေမသြန္းဆက္ေၾကာင့္ လျပည့္ ဘာလုပ္ရမွန္းမသိျဖစ္သြားတယ္။ ဒီတစ္ေယာက္ တကယ္ပဲ ဘာအ႐ူးထျပန္တာလဲ.....

"ဘာျဖစ္ေနၾကတာလဲ!!!!!!ကိုကို!!!!"

ထိပ္တန္း ေအာက္ဆင္းလာတုန္း ႐ုတ္တရက္ ေအာ္သံၾကားတာေၾကာင့္ ေလွကားကေန မီးဖိုခန္းထဲ လွမ္းၾကည့္လိုက္ခ်ိန္ျမင္လိုက္ရတဲ့ ျမင္ကြင္းက ေတာ္ေတာ္ေလးစိတ္ပူသြားေစတယ္ ......

"ဘာလုပ္တာလဲ ေမသြန္းဆက္ ငါ့လက္ကိုလႊတ္!"

လျပည့္ ထိပ္ထိပ္ရဲ႕ ေအာ္သံၾကားလိုက္တာေၾကာင့္ ထိပ္လန႔္သြားတယ္။ သူဘယ္ေလာက္ပဲ ထိပ္ထိပ္ကို စိတ္ဆိုးေနပါေစ။ သူ႕ကို အထင္လြဲသြားတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး။

ဝုန္း!!!

"အာ့!!!!"

"မင္း! ေမသြန္းဆက္!!! မင္းဘာအ႐ူးထတာလဲ...."

"ကိုကို!!!!အဲ့တာ ဘာလုပ္တာလဲ....."

ထိပ္တန္း ရန္ျဖစ္ေနတဲ့ ႏွစ္ေယာက္ဆီ အျမန္ေျပးလာေနခ်ိန္ ေမသြန္းဆက္ကို တြန္းခ်လိဳက္တဲ့ ကိုကိုေၾကာင့္ ေတာ္ေတာ္ကို ေဒါသထြက္သြားတယ္။ အေရွ႕ကိုၾကည့္လိုက္ခ်ိန္ ဗိုက္ကို ကိုင္ကာ လဲက်ေနတဲ့ ေမသြန္းဆက္ေၾကာင့္ ထိပ္တန္း ေမသြန္းဆက္ဆီကိုသာ အရင္ေျပးသြားၿပီးဆြဲထူကာ ရင္ခြင္ထဲေပြ႕ထားလိုက္တယ္........

"အဲ့လို မဟုတ္ဘူး ထိပ္ထိပ္။ သူလိမ္ေနတာပါ....."

"ကြၽန္မ ေၾကာက္တယ္...ထိပ္တန္း...အဟင့္!
ကြၽန္မက အကိုလျပည့္ကို ကူညီခ်င္လို႔ ပန္းကန္ေလး ယူမိတာပါ။ အဲ့တာကို သူက သူ႕ဟာမွန္သမွ် အကုန္လုယူတယ္ဆိုၿပီး အဲ့ပန္းကန္ကိုခြဲလိုက္ၿပီး ကြၽန္မဆံပင္ေတြကို ေဆာင့္ဆြဲတယ္။ ၿပီးေတာ့ တြန္းလည္း တြန္းခ်တယ္....အဟင့္! ကြၽန္မေၾကာက္တယ္။ ကြၽန္မကေလးသာ တစ္ခုခုျဖစ္သြားရင္ ကြၽန္မ ရင္ကြဲၿပီး ေသမွာ........"

"ဘာမွမျဖစ္ဘူးေနာ္....ကြၽန္ေတာ္ရွိတယ္....."

ေဒလီယာ သနားဖို႔ေကာင္းေအာင္သ႐ုပ္ေဆာင္ရင္း ထိပ္တန္းမဟာရဲ႕ ရင္ခြင္ထဲကို အတင္းတိုးဝင္လိုက္တယ္။ သူသ႐ုပ္ေဆာင္တာ ေတာ္ေတာ္ပီျပင္သြားပုံပဲ ထပ္တန္းမဟာတို႔မ်ား ကိုယ့္ကို ဖက္ထားတာ လႊတ္ေတာင္မလႊတ္ေတာ့ဘူး။ လျပည့္သစၥာဆိုတဲ့ တစ္ေယာက္ကေတာ့ မ်က္ရည္ေလးေတြနဲ႕ ေငးၾကည့္ေန႐ုံေပါ့.......

"မင္း ကလိမ္ကက်စ္လုပ္မေနနဲ႕ ေမသြန္းဆက္! ေအာက္တန္းစားမ!!!"

"ေတာ္လိုက္ပါေတာ့ဗ်ာ!!! ခင္မ်ား ေစာက္ရမ္းေတြ လြန္ေနၿပီလို႔မထင္ဘူးလား!!!!က်ဳပ္ေျပာၿပီးၿပီေလ! ဒီလိုေတြျဖစ္လာရတာ က်ဳပ္အမွား!!ေမသြန္းဆက္က နစ္နာရတဲ့ သူပါ။
ခင္မ်ားက ဘာလို႔ သူ႕ကို မေဖးမတဲ့အျပင္ ထိုးခ်ေနတာလဲ!!!!!"

လျပည့္ သူၾကားေနရတာေတြကို မယုံနိုင္ပါ။ ထိပ္ထိပ္က ဒီမိန္းမအတြက္ သူ႕ကို ရိုင္းရိုင္းစိုင္းစိုင္း ေစာ္ကားေျပာဆိုေနတာတဲ့လား။......

"ဟက္! ရီရသားပဲ...မင္းက အဲ့မိန္းမေၾကာင့္ ငါ့ကိုခုလိုေျပာတာေပါ့ေလ ဟုတ္လား....ၿပီးေတာ့ဘာ...ေဖးမရမယ္တဲ့လား....ဟုတ္လားလို႔!!!!"

"က်ဳပ္ကို လာေအာ္မေနနဲ႕။ က်ဳပ္ကိုမေက်နပ္ရင္ က်ဳပ္နဲ႕ရွင္းေလ။ ဘာကိစၥ အျပစ္မရွိတဲ့ သူကို ဆြဲထည့္ရတာလဲ!!!!!!"

"အျပစ္မရွိတဲ့သူ ဟုတ္လား....အဲ့တာဆိုသူကအျပစ္မရွိဘူးဆိုေတာ့ ငါက အျပစ္ရွိတာလား!! မင္းက ငါ့ေယာက်ာ္းပါ...ငါ့မွာလည္း....ငါ့မွာလည္း သဝန္တိုခြင့္ရွိပါတယ္။ ဘယ္သူမွ သူတို႔ခ်စ္တဲ့သူကို အျခားသူဆီမွ်ေဝမေပးနိုင္ဘူးကြ........"

"ခ်စ္တဲ့သူကို မွ်ေဝမေပးနိုင္ဘူးေျပာရေအာင္ ခင္မ်ားက ကြၽန္ေတာ့္ကို ခ်စ္ခဲ့လို႔လား ...ကြၽန္ေတာ္ကသာ ခင္မ်ားကို ႏွလုံးသားတစ္ခုလုံးရင္းၿပီး ခ်စ္ခဲ့ရတာပါ။ ခုခင္မ်ားက ကြၽန္ေတာ့္ကိုခ်စ္တာမဟုတ္ဘူး။ ေမသြန္းဆက္နဲ႕ ၿပိဳင္ၿပီး အနိုင္လိုခ်င္ေနတာ!!!"

"ဘာ....."

လျပည့္ ထိပ္တန္းဆီက ၾကားလိုက္ရတဲ့ ထိုစကားေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံး ယိုင္နဲ႕သြားတဲ့ထိ စိတ္မေကာင္းျဖစ္သြားတယ္။
သူက ထိပ္ထိပ္ကို မခ်စ္ပဲ ေမသြန္းဆက္နဲ႕ ၿပိဳင္ခ်င္တာတဲ့လား.......

"ေျပာရက္လိုက္တာ ထိပ္ထိပ္ရယ္....."

ထိပ္တန္း မ်က္ရည္ေတြ စီးက်လာတဲ့ ကိုကို႔ကိုျမင္လိုက္ရေတာ့ သူေျပာလိုက္တဲ့ စကားေတြ အရမ္းလြန္သြားမွန္း သေဘာေပါက္သြားတယ္။

အဲ့တာေၾကာင့္ ထိပ္တန္း ေမသြန္းဆက္နားက ခ်က္ခ်င္း ထကာ ကိုကို႔နားကို အျမန္ပဲ သြားလိုက္တယ္။သူတကယ္ အဲ့လိုေျပာဖို႔ မရည္႐ြယ္ပါဘူး.....

"ကိုကို....ကြၽန္ေတာ္မရည္႐ြယ္...."

"ငါ့ကို မထိနဲ႕။ ထပ္တန္းမဟာ.....အဟင့္! ငါ....ငါ..."

"ကိုကို.....ကြၽန္ေတာ္က...."

"မင္းဘာမွ မေျပာပါနဲ႕ေတာ့....မင္းေျပာသမွ်စကားေတြက ငါ့ကိုသတ္ေနသလိုပဲ။ ေတာ္ပါေတာ့....ၿပီးေတာ့ ေမသြန္းဆက္...မင္းနိုင္ပါတယ္... ဟုတ္ၿပီလား။...မင္းမွာ အဲ့ကေလးရွိေနတာကိုက မင္းနိုင္တာပါ။ ငါကေတာ့....ငါကေတာ့ အရႈံးသမားပါ။ ႏွစ္ေယာက္လုံး ေက်နပ္ၾကပါေတာ့....."

"ကိုကို....အဲ့လိုမေျပာပါနဲ႕။ ကြၽန္ေတာ္ ကိုကို႔ကို အဲ့လိုေျပာဖို႔ တကယ္မရည္႐ြယ္ခဲ့ပါဘူး။ အဲ့တာက ဒီတိုင္း သူ႕ဘာသာသူ....."

"ရတယ္....ထပ္မရွင္းျပပါနဲ႕ေတာ့...မရည္႐ြယ္ပဲ ေျပာထြက္တယ္ဆိုထဲက မင္းရင္ဘက္ထဲမွာရွိတဲ့ စကားလုံးေတြမို႔ေလ....ငါက မင္းထက္အသက္အမ်ားႀကီးပါတယ္။ ဘယ္စကားေတြက ဘယ္လို သက္ေရာက္တယ္ဆိုတာ ငါေကာင္းေကာင္းသိပါတယ္...."

"ကိုကို....."

"ရတယ္.... ငါ့ကိုႏွစ္သိမ့္တာမ်ိဳး လုပ္စရာမလိုပါဘူး။ ဒါေပမယ့္ ငါမင္းကို တစ္ခုေတာ့ သိေစခ်င္တယ္ ထိပ္ထိပ္ရယ္ .....

မင္းဘက္က မင္းႏွလုံးသားကိုရင္းၿပီး ငါ့ကို အရင္ခ်စ္ခဲ့ရတယ္ဆိုတာ မွန္ေပမယ့္
ငါကၾက မင္းကို ငါ့ႏွလုံးသားရဲ႕ အနက္ရွိုင္းဆုံးေနရာကေန ခ်စ္မိသြားခဲ့တဲ့သူပါ။
ဒါေပမယ့္ေလ ငါကမင္းကို ခ်စ္မိေနပါၿပီဆိုတဲ့ အခ်ိန္ၾကေတာ့ မင္းရဲ႕ႏွလုံးသားက ငါ့တစ္ေယာက္ထဲအတြက္ မဟုတ္ေတာ့ဘူး.....

အဲ့တာေၾကာင့္ တက္နိုင္ရင္ ေက်းဇူးျပဳၿပီး ငါက မင္းကိုမခ်စ္ပဲ ၿပိဳင္လုခ်င္႐ုံပဲလို႔ေတာ့ မေျပာပါနဲ႕။ ငါရင္ဘက္ထဲက ေသေလာက္ေအာင္ နာက်င္ရလို႔ပါ။"

"ကိုကို...."

"ငါ ပင္ပန္းေနၿပီ။ မင္းတို႔လည္း ပင္ပန္းေလာက္ေရာေပါ့။ မင္းတို႔လည္း သြားနားေတာ့ေလ။ ငါလည္း နားေတာ့မယ္။ ငါရွိန္းအခန္းထဲမွာပဲ အိပ္မွာ။ ခြင့္ျပဳပါဦး......."

ဒီတစ္ခါေတာ့ ကိုကို သူ႕ေရွ႕က ထြက္သြားေပမယ့္ ထိပ္တန္းမွာ ကိုကို႔လက္ကိုဆြဲထားနိုင္တဲ့ အားအင္မရွိေတာ့ဘူး။
ကိုကိုက ကြၽန္ေတာ့္ကို ခ်စ္တယ္တဲ့လား။
ဘာလို႔လဲကိုကိုရယ္... ကိုကိုကကြၽန္ေတာ့္ကို ခ်စ္ပါၿပီဆိုမွ ဘာလို႔ခုလိုေတြဆက္ျဖစ္ေနတာလဲ.......

ကဲ Part 28 upလိုက္ပါၿပီေနာ္။ဖတ္ရႈေပးၾကတဲ့  ၾကယ္ေရာင္ေလးေတြတစ္ေယာက္ခ်င္းဆီကို အထူးေက်းဇူးတင္ပါတယ္ရွင္။ ၾကယ္ေရာင္ေလးတို႔ရဲ႕ like နဲ႕ comment တစ္ခုစီက ယံယံ့အတြက္အားေဆးပါ။

______________________________________

Continue Reading

You'll Also Like

11.2K 381 9
္႐ိုင္းစိုင္းေသာစကားလံုးမ်ားပါဝင္သည္။ credit by original artist ရိုင်းစိုင်းသောစကားလုံးများပါဝင်သည်။
David John By Shay

Non-Fiction

2.9K 189 3
ဒေးဗစ်ဂျွန် + နှောင်းလွန်းအိမ်
10.8M 250K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
997K 89.3K 39
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...