အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

283K 50.9K 3.6K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

86 - Out of Control Photobook (5)

1.8K 380 20
By Melinoe_Megami

Unicode

အခန်း - (၈၆) : အထိန်းအချုပ်မဲ့ Photobook (၅)

နမ်းဖို့လိုတဲ့ စွမ်းရည်တစ်မျိုးလား..?

System ၏စကားကို ကြားလိုက်ရချိန် ချန်ကျစ်ချူး၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဆန်ခြင်းပင် ဖြစ်၏။

ပိုင်ရိလည်း ရှိနေတာကို သူ့ရဲ့အရှေ့မှာ တခြားလူတွေနဲ့ ဘယ်လိုနမ်းရမလဲ။ ‘တခြားလူ’တွေလည်း ပိုင်ရိဆိုပေမယ့် တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ဆိုတော့ သူ့စိတ်သူ ဘယ်လိုမှဖျောင်းဖျလို့မရဘူး..!

[ ဒီလိုတွေးနေရင် လုပ်နိုင်မှာမဟုတ်ဘူး.. ] System က ပြောသည်။ [ မင်းကိုယ်တိုင်တောင် သူတို့က တစ်ယောက်တည်းဆိုတာ လက်မခံနိုင်ရင် သူတို့တွေကိုရော၊ ဘယ်လိုမျိုး လက်ခံလာအောင် လုပ်မှာလဲ..? ]

System ပြောတာ အဓိပ္ပါယ်ရှိသားပဲ..!

ချန်ကျစ်ချူးက နောက်ဆုံးတော့ သဘောပေါက်သွားသည့် အမူအရာမျိုး ဖော်ပြလာသည်။ သို့သော် ဘေးမှာရပ်နေသည့် ပိုင်ရိနှင့် မကောင်းဆိုးဝါးဝိညာဉ်များထံ အကြည့်ရောက်သွားသည့်အခိုက် ခြေတစ်လှမ်းပင် မရွေ့နိုင်ခဲ့ချေ။

[ ဒီစွမ်းရည်အတွက် နှုတ်ခမ်းကိုပဲ နမ်းရမယ်လို့ သတ်မှတ်ထားတာမျိုး မရှိဘူး.. မင်း အဆင်ပြေတဲ့နေရာ နမ်းလို့ရတယ်.. ] System က နှာခေါင်းရှုံ့ပြီး.. [ လောလောဆယ်တော့ အိမ်အရင်ပြန်ပြီး ချင်ကျိကို သွားရှာလိုက်ဦး.. ]

ချန်ကျစ်ချူးခမျာ ရင်တုန်လာသည်။ ထိုအခိုက် ပိုင်ရှီရှင်းက ဗီလာတံခါးရှေ့သို့ ကားမောင်းလာပြီး သူ့ကို လက်ယမ်းပြကာ.. : “ဂျူနီယာလေး.. အထဲဝင်.. လိုက်ပို့ပေးမယ်..”

ပိုင်ရှီရှင်းသည် ဗီလာထဲတွင် တစ်ယောက်တည်းနေရသည်ကို နှစ်သက်သဖြင့် ယာဉ်မောင်းမခေါ်လာပေ။ အမြဲတမ်း သူကိုယ်တိုင် ကားမောင်းပြီး အသွားအပြန်လုပ်သည်။

“သွားရအောင် ကျစ်ချူး..”

ပိုင်ရိက လက်ဆန့်ပြီး ချန်ကျစ်ချူးကို ခေါင်းပွတ်ပေး၏။ ပြီးနောက် တခြားသရဲများကို ဝေ့ကြည့်ပြီး ဘာမှထပ်မပြောဘဲ ချန်ကျစ်ချူးကို ကားထဲ ဆွဲသွင်းလိုက်သည်။

ချန်ကျစ်ချူးသည် အထပ်ထပ်အခါခါ စဉ်းစားပြီးနောက် တခြားဝိညာဉ်ခွဲများကိုပါ ကိုယ်ယောင်ဖျောက်ပေးရန် သတို့သားအား တောင်းဆိုလိုက်သည်။

ကံကောင်းစွာဖြင့် သူတို့က သရဲအနေဖြင့်သာ ရှိနေသေးပြီး နယ်မြေကန့်သတ်ခံရခြင်း မရှိပေ။ အကုန်လုံး ကိုယ်ဖျောက်ပြီးနောက် ဘယ်ရောက်သွားမှန်း မသိပါသော်လည်း သူ့နောက်ကို အမီလိုက်လာမယ်ဆိုတာ ချန်ကျစ်ချူး သိနေသည်။ မဟုတ်လျှင်လည်း ကားတစ်စီးတည်းဖြင့် သူတို့အားလုံးကို တင်ခေါ်သွားနိုင်မည်မဟုတ်ပေ။

ပိုင်ရှီရှင်းသည် အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းနှင်လာပြီး ချန်ကျစ်ချူး၏ အိမ်သို့ လျင်မြန်စွာ ရောက်သွား၏။

ချန်ကျစ်ချူးခမျာ အတော်လေး စိုးရိမ်နေရှာသည်။ ပိုင်ရိနှင့် ပိုင်ရှီရှင်းကိုပင် မစောင့်တော့ဘဲ သူ၏တိုက်ခန်းသို့ အမြန်တက်သွားသည်။ ကားစီးလာရင်း သူ၏မိသားစုအတွက် ကံကောင်းစေရန် ငွေဒင်္ဂါးမြှောက်ခဲ့သေးသည်။ သို့တိုင် စိုးရိမ်နေဆဲ။ တိုက်ခန်းတံခါးကို အမြန်ခေါက်လိုက်သည်။

တံခါးက ကလစ်ခနဲ ပွင့်ဟလာသည်။ တံခါးဖွင့်ပေးသူက သူ၏ညီမလေး ချန်လင်းလင်းပင်။ သူမ၏အစ်ကို အိမ်ပြန်လာတာကို မြင်တော့ ပျော်မြူးသွားဟန်ဖြင့် ပြောလာသည်။ : “ကိုကြီး အိမ်ပြန်လာတာပဲ..!”

“ဟူး…”

သူ၏ညီမလေးကို ပုံမှန်အတိုင်း မြင်လိုက်ရမှ ချန်ကျစ်ချူးလည်း သက်ပြင်းချနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အိမ်ထဲမှ ဟင်းနံ့များ ပျံ့လွင့်လာပြီး သူ့မိဘများ၏ ရယ်ရယ်မောမော စကားပြောနေသံကို ကြားနေရသည်။ အခြေအနေအားလုံး တည်ငြိမ်နေလေသည်။

ချန်ကျစ်ချူး၏ ပူပန်သောကများနေသော နှလုံးသားလေးလည်း နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။ သူ့ညီမလေး၏ ခြေထောက်ကို ကြည့်ပြီး အသာခေါင်းပွတ်ပေးရင်း မေးသည်။ : “ခြေထောက်သက်သာသွားပြီလား..?”

“အခု ပြန်ကောင်းသွားပြီ..” ချန်လင်းလင်းက လျှာထုတ်ပြပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် သူ၏အင်္ကျီလက်ကို ဆွဲကာ.. : “ကိုကြီး.. ရှောင်ရှောင်နဲ့ စင်ပေါ်မှာ နီးနီးကပ်ကပ်နေခဲ့ရတဲ့ အကြောင်းကို ဘာလို့ မပြောပြတာလဲ..? အရမ်းကံကောင်းတာပဲ..! ရှောင်ရှောင့်အနားရောက်တော့ ဘယ်လိုခံစားရလဲဟင်..? မြန်မြန်ပြောပြလို့…”

ကောင်မလေးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွနေ၏။ သူမ၏အစ်ကိုကို ဆွဲထားပြီး တတွတ်တွတ် ပြောနေတော့သည်။

ချန်ကျစ်ချူးက အသာချောင်းဟန့်ကာ.. : “လင်းလင်း.. အရှုပ်ထုတ်လုပ်မနေနဲ့.. ငါ့သူငယ်ချင်းတွေလည်း ပါလာတယ်.. သူတို့ကို အရင်ဆုံး ပေးဝင်လိုက်ပါဦး..”

“အာ.. ဆောရီး..”

ချန်လင်းလင်းလည်း ထိုအခါမှ သူ့အစ်ကိုနောက်တွင် မတ်တပ်ရပ်နေသော လူနှစ်ဦးကို မြင်သွားသည်။ ကပျာကယာ တောင်းပန်စကားဆိုရင်း ပိုင်ရိနှင့် ပိုင်ရှီရှင်းကို မော့ကြည့်လိုက်သည့်အခိုက် တစ်ခဏမျှ ငေးငိုင်မှင်သက်သွားသလို အတန်ငယ် ရှက်ရွံ့သွားရှာသည်။ သူမက သူမ၏ အစ်ကိုနောက်တွင် ဝင်ပုန်းကာ ခပ်တိုးတိုးလေး ပြောသည်။

“ဟယ်လို..”

“ဟယ်လို..” ပိုင်ရှီရှင်းက တောက်ပစွာ ပြုံးလိုက်ရင်း.. : “မင်းက လင်းလင်းမဟုတ်လား..? အစ်ကိုတို့က မင်းအစ်ကိုရဲ့ သူငယ်ချင်းနဲ့ စီနီယာပါ.. မင်းအကြောင်း အများကြီး ကြားဖူးတယ်.. ဒီနေ့ တွေ့လိုက်ရတော့မှ တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ..”

“အိမ်ထဲဝင်လေ..”

ရုပ်ချောချောအစ်ကိုကြီးနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ ရွှင်မြူးတက်ကြွနေသည့် ချန်လင်းလင်းလည်း ငြိမ်ကုပ်သွားသည်။ ဧည့်သည်နှစ်ဦးကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်ပြီးနောက် သူမအစ်ကို၏ အင်္ကျီစကို အသာဆောင့်ဆွဲကာ ဆူပုပ်ပုပ်မျက်နှာလေးဖြင့် ခပ်တိုးတိုးလေး ဆိုသည်။

“ကိုကြီး.. ဒီလောက်ရုပ်ချောတဲ့ အစ်ကိုကြီးတွေနဲ့ ဘယ်လိုခင်သွားတာလဲ..? ညီမလေးကို တစ်ခါမှ မပြောပြဖူးဘူးနော်..?”

ချန်ကျစ်ချူးက ချောင်းဟန့်ပြီး နေရခက်စွာ ရှင်းပြသည်။ : “နင့်ကို ပြောဖူးပါတယ်.. ခုနကတစ်ယောက်က ငါ့ရဲ့ စီနီယာလေ.. နောက်တစ်ယောက်က သူ့အစ်ကို.. ပြီးတော့ ငါ့ရဲ့……….”

သူက တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ထွက်လုဆဲဆဲစကားကို ပြန်မြိုချပြီး စကားလုံးပြောင်းလိုက်သည်။ : “ငါ့ရဲ့ သူငယ်ချင်းကောင်း…”

ချန်ကျစ်ချူးက သေချာစဉ်းစားပြီးနောက် အမှန်အတိုင်း မပြောပြခဲ့ပေ။ သူနှင့်ပိုင်ရိ၏ ဆက်ဆံရေးက အတည်ပြုထားတာ မကြာသေးသလို သိပ်မတည်ငြိမ်သေးပေ။ ထို့အပြင် ပိုင်ရိက သူ၏အိမ်ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၏။ အကယ်၍ ပိုင်ရိဟာ သူ၏ချစ်သူကောင်လေးဖြစ်ကြောင်း တစ်ခါတည်း တန်းပြောပြလိုက်လျှင် သူ့အဖေရောအမေပါ နေရာမှာတင် သတိလစ်သွားလိမ့်မည်။ တချို့ကိစ္စများက ဖြည်းဖြည်းချင်း အချိန်ယူတာ ပိုကောင်းသည်။

“ပြီးတော့ မစ္စတာချင်ကျိရောပဲ.. သူလည်း အရမ်းချောတာနော်..”

ချန်လင်းလင်းက မကျေမနပ်ဖြစ်နေသည့် မျက်နှာလေးဖြင့်.. : “မတရားဘူး.. ကိုကြီးက ဘာလို့ အကိုချောလေးတွေအများကြီးနဲ့ ရင်းနှီးနေရတာလဲ..? ညီမလေးသိတဲ့လူတွေထဲမှာ ဒီလိုချောချောလေးတွေ တစ်ယောက်မှမရှိဘူး..”

သို့သော် သူမ၏အစ်ကိုကို သူမအတွက် ချစ်သူကောင်လေးရှာပေးရန် ပြောချင်နေခြင်းမဟုတ်။ ပထမအချက်အနေဖြင့် သူမအစ်ကို၏ သူငယ်ချင်းများက သူမထက် အသက်ကြီးပြီး ဒုတိယအချက်အနေဖြင့် သူမက သူတို့ကို စိတ်ဝင်စားလျှင်ပင် ထိုအစ်ကိုကြီးများက သူမကို ပြန်ကြိုက်မည်မဟုတ်ပေ။ ဘာကြောင့်ရယ်မသိ အလိုလို ခံစားမိနေသည်။

ဒါနဲ့ မစ္စတာချင်ကျိပါးစပ်ကနေ ထွက်လာသမျှက သူ့အစ်ကိုအကြောင်းချည်းပဲ။ ပြီးတော့ သူ့အစ်ကိုအကြောင်းပြောတိုင်း အဲ့အစ်ကိုကြီးရဲ့ မျက်လုံးတွေက သိသိသာသာ နူးညံ့သွားရော။ ကြည့်ရတာ သူလည်း မစ္စတာကုကျန်းလိုပဲ၊ သူ့(မ)အစ်ကိုကို ကြိုက်နေတာထင်တယ်..?

ကောင်မလေးက အသံတိတ် အတွေးများနေလေသည်။ ချင်ကျိ၏နာမည်ကို ကြားသည်နှင့် ချန်ကျစ်ချူး၏ရင်ထဲ စိမ့်ခနဲ ဖြစ်သွားသည်။ ဧည့်ခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားသောအခါ သူ၏ဖခင်နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသော ကိုလူချောကို မြင်လိုက်ရသည်။

“မင်းရောက်လာပြီပဲ ကျစ်ချူး..”

သူရောက်လာတာကို မြင်သည်နှင့် ချင်ကျိက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် သူ့ကို ပြုံးပြပြီး အလွန်ရင်းနှီးဟန်ဖြင့် သူ့အနားလျှောက်လာကာ လက်ကိုကိုင်သည်။ : “မင်းနဲ့ထပ်တွေ့ရတာ တကယ်ဝမ်းသာတယ်..”

“ခင်ဗျား..”

ချန်ကျစ်ချူး၏ မျက်နှာအမူအရာက ပျက်ယွင်းနေပြီး လက်ကိုင်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ပြီးနောက် အံတင်းတင်းကြိတ်ကာ ချင်ကျိအား သူ၏အိပ်ခန်းထဲ ဆွဲခေါ်သွားလိုက်သည်။

“ငါ့နောက်လိုက်ခဲ့..”

“ကျစ်ချူးက ပြောစရာစကားရှိလို့ထင်တယ်..” ချင်ကျိက ချန်ကျစ်ချူး၏ အပြုအမူကို စိတ်ထဲမထားသည့်အပြင် ချန်ကျစ်ချူး၏ အဖေကို အပြုံးလေးဖြင့် လှမ်းပြောလိုက်သေးသည်။ : “ဆောရီး အန်ကယ်ရေ.. ကျွန်တော် ခဏလောက် လိုက်သွားဦးမယ်နော်..”

“ရပါတယ်ကွာ..” ချန်ကျစ်ချူး၏အဖေက ထိုသို့ပြောပြီးနောက် ပိုင်ရိနှင့် ပိုင်ရှီရှင်းကို လှည့်ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင် မေးသည်။ : “မင်းတို့က..?”

ပိုင်ရှီရှင်းက ချန်ကျစ်ချူး၏အဖေကို တက်တက်ကြွကြွ ပြန်ဖြေပေးသည်။ သို့သော် ပိုင်ရိကတော့ ချင်ကျိကို အေးတိအေးစက် စိုက်ကြည့်နေလေ၏။ ချင်ကျိကလည်း ပိုင်ရိကို ပြန်ကြည့်သည်။ အကြည့်ချင်းစုံသည်နှင့် အချိန်တစ်ခဏမျှ ရပ်တန့်သွားသယောင်။ ထို့နောက်တွင်မူ ချင်ကျိက အကြည့်လွှဲပြီး ချန်ကျစ်ချူးနောက်သို့ အပြုံးလေးဖြင့် လိုက်ပါသွားသည်။

“ကလစ်..”

ချန်ကျစ်ချူးက အခန်းတံခါးကိုပိတ်ပြီး သူ၏မိသားစုဝင်များ ဝင်မလာနိုင်အောင် လော့ခ်ချလိုက်သည်။

ချင်ကျိက ချန်ကျစ်ချူး၏ အိပ်ရာပေါ်ထိုင်ပြီး အိပ်ခန်းအပြင်အဆင်ကို အသေးစိတ် အကဲခတ်သည်။ ပြီးနောက် အပြုံးလေးဖြင့်.. : “သန့်ရှင်းနေတာပဲ.. မင်းလည်း ဒီဂိမ်းဆော့ရတာကြိုက်လား..? တိုက်ဆိုင်လိုက်တာ.. ကိုယ်လည်း အဲ့ဂိမ်းဆော့ဖြစ်တယ်..”

သူက နံရံပေါ်ကပ်ထားသည့်ပိုစတာမှ ဂိမ်းဇာတ်ကောင်တစ်ခုကို လက်ညှိုးညွှန်ကာ ပြောသည်။

“အရေးမပါတာတွေ လျှောက်ပြောမနေနဲ့..” ချန်ကျစ်ချူး၏ မျက်နှာအမူအရာက သိပ်မကောင်းတော့ချေ။ ချင်ကျိအား ကြောက်သလို စိတ်လည်းဆိုးသည်။ : “ဘာလို့ ငါ့အိမ်ကို ရောက်လာတာလဲ..? ဘာလိုချင်လို့လဲ..?”

“အတွေးမများပါနဲ့.. ဒီအတိုင်း အလည်လာရုံပါ..”

ချင်ကျိက နူးညံ့စွာ ပြုံးလိုက်ရင်း.. : “ကိုယ်က မင်းကို သဘောကျတယ်လေ.. အဲတာကြောင့် မင်းရဲ့မိသားစုနဲ့ ခင်မင်ရင်းနှီးချင်တယ်.. ဘာဖြစ်လို့လဲဟင်..?”

“ဒါပေမဲ့ ငါမှ ခင်ဗျားကို မကြိုက်တာ..”

ချန်ကျစ်ချူးက ‘မုန်းတယ်’ဟူ၍ ပြောပစ်ချင်သော်လည်း တစ်ဖက်လူ၏ ဒေါသကို ဆွမိမည်စိုး၍ ရက်ရက်စက်စက် မပြောလိုက်ချေ။ ထို့အပြင် ချင်ကျိဟာ ပိုင်ရိ၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေသေးသည်။

“မင်းရဲ့ ခံစားချက်အမှန်ကို ကိုယ်သိပြီးသားပါ..” ချင်ကျိက ပြောသည်။ : “မင်း ကိုယ့်ကိုနမ်းတုန်းက မင်းလည်း ကိုယ့်ကို သဘောကျတယ်.. ကိုယ့်ရဲ့အချစ်က အသွားအပြန်ရှိခဲ့ပြီလို့ ထင်ထားခဲ့တာ..”

ထိုသို့ပြောပြီးနောက် ချန်ကျစ်ချူးအား ရုတ်တရက် ပြုံးပြလာသည်။ ပြီးနောက် တိုးသဲ့စွာ ဆက်ပြောသည်။ : “ဒါပေမဲ့ Photobook ထဲ ရောက်သွားပြီးနောက်မှာ နားလည်လိုက်တယ်.. မင်းက ကိုယ့်အပေါ် ခံစားချက်မရှိပါဘူး.. Photobook ထဲ ချိပ်ပိတ်ချင်ရုံသပ်သပ် နမ်းခဲ့တာပဲ..”

“မင်း ကိုယ့်ကိုနမ်းတုန်းက ကိုယ် ဘယ်လောက်ပျော်သွားလဲဆိုတာ မင်းသိမှာမဟုတ်ဘူး..”

ချန်ကျစ်ချူးက ဘာမှပြန်မပြောဘဲ သူပြောသမျှကိုသာ နားထောင်နေသည်။ ချင်ကျိအား ပြန်မပြောချင်သလို ဘာပြန်ပြောရမှန်းလည်း မသိတော့ချေ။

ထိုအချိန် ချင်ကျိသည် အတိတ်ကို ပြန်သတိရသွားဟန်ဖြင့် ငေးငိုင်သွားသည်။ ပြီးမှ ကပျာကယာ ပြန်ပြုံးပြီး.. : “ကိုယ်က မင်းရဲ့မိသားစုကို လာတွေ့တာ.. ဘာလို့လဲဆိုတော့ ဝိညာဉ်အစိတ်အပိုင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်း လူသားရှိတာလေ.. ဒီအခြေအနေကို ကောင်းကောင်းအသုံးချရမှာပေါ့ မဟုတ်ဘူးလား..?”

“မင်းရဲ့မိဘတွေဆီက ခွင့်ပြုချက်တောင်းနိုင်မယ်ဆိုရင် မင်းလည်း ကိုယ့်အပေါ် နူးညံ့လာမှာပဲ.. ပြီးတော့ ကိုယ့်ကို ပြန်ကြိုက်လာမှာ……….”

“မဖြစ်နိုင်ဘူး..” ချန်ကျစ်ချူးက ဖြတ်ပြောသည်။ : “ခင်ဗျားက သိပ်မကြာခင် Photobook ထဲ ပြန်သွားရမှာ..”

“မကြိုးစားကြည့်ဘဲ မဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုသိလဲ..?” ချင်ကျိက ခပ်သောသောရယ်ပြီး.. : “အဲတာကြောင့် မစိုးရိမ်ပါနဲ့.. ကိုယ် မင်းရဲ့မိသားစုကို ထိခိုက်အောင်မလုပ်ပါဘူး..”

သူက ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ဖြူဖျော့လှပသည့် လက်ချောင်းသွယ်သွယ်တို့ဖြင့် ချန်ကျစ်ချူး၏ မျက်ဝန်းထောင့်ကို ပွတ်ဆွဲပြီးနောက် နားရွက်နားကပ်ကာ ခပ်တိုးတိုး ပြောလာသည်။ : “ကိုယ်ကလေ.. မင်းကလွဲရင် တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး..”

“……….” ချန်ကျစ်ချူးက နောက်တစ်လှမ်းဆုတ်ပြီး နားရွက်ကို ကာလိုက်သည်။ မြတ်နိုးတွယ်တာမှုတို့ဖြင့် ပြည့်နှက်နေသော ချင်ကျိ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

ချင်ကျိက အသာရယ်ရင်း သူ၏အနောက်မှ လိုက်လာသည်။ ထိုအချိန် ချန်လင်းလင်းကလည်း သူတို့နှစ်ဦးကို လာခေါ်သည်။

ချန်ကျစ်ချူးက ဧည့်ခန်းထဲသို့ ပြန်သွားလိုက်သည်။ ထမင်းစားပွဲပေါ်တွင် ဟင်းလျာများဖြင့် ပြည့်နှက်နေပြီး ကျန်လူများလည်း ရောက်နှင့်ချေပြီ။ ပိုင်ရိက ချန်ကျစ်ချူးကို မြင်သောအခါ အသာပြုံးပြရင်း သူ၏ဘေးမှ ထိုင်ခုံအလွတ်ကို လက်ညှိုးညွှန်ကာ..

“ကျစ်ချူး.. ဒီမှာလာထိုင်..”

“အင်း..” ချန်ကျစ်ချူးက ခေါင်းညိတ်ပြီး ပိုင်ရိ၏ ညာဘက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ၏ဘေးတွင် ထိုင်ခုံအလွတ်တစ်ခု ရှိနေသေးသည်။ ချင်ကျိက ခြေတံရှည်များကို အသုံးချပြီး ထိုထိုင်ခုံတွင် အမြန်ဝင်ထိုင်လိုက်သည်။ ပြီးနောက် ပိုင်ရိနှင့် ချန်ကျစ်ချူးအား ပြုံးပြလေသည်။

“………” ပိုင်ရှီရှင်းလည်း အသာချောင်းဟန့်ပြီး တခြားထိုင်ခုံမှာသာ သွားထိုင်ရတော့သည်။ အစကတော့ ဂျူနီယာချန်ဘေးတွင် ဝင်ထိုင်ရန် စဉ်းစားထားသော်လည်း သူ၏အစီအစဉ်က ကံဆိုးစွာဖြင့် ကျရှုံးသွားသည်။

လူတိုင်း ထမင်းစားပွဲတွင် နေရာယူလိုက်ကြသည်။ ချန်ကျစ်ချူး၏အမေက ကောင်လေးချောချောလေးများ လာလည်သဖြင့် ပြုံးရွှင်နေပြီး များများစားရန် တတွတ်တွတ် ပြောနေတော့သည်။

“သောက်နိုင်လား..?”

ပါးပါးချန်က ဝိုင်ဖြူတစ်ပုလင်းနှင့် ဖန်ခွက်များ ယူချလာသည်။ ပြီးနောက် စားပွဲတွင်ထိုင်နေသည့် ကောင်လေးများကို မေးလိုက်သည်။ : “ငါနဲ့အတူ နည်းနည်းပါးပါး သောက်မလား..?”

“ရှင်ကတော့လေ.. ဘယ်သူက အခုမှတွေ့ဖူးတဲ့ ကလေးတွေကို သောက်ခိုင်းလို့လဲ..?” မားမားချန်က ဆူငေါက်လိုက်သည်။ ပြီးနောက် ပြုံးလိုက်ရင်း.. : “သူ့ကို စိတ်ထဲမထားနဲ့.. သားတို့ မသောက်နိုင်ရင် သောက်စရာမလိုဘူး.. အန်တီတို့မိသားစုက သူတစ်ပါးကို အတင်းသောက်ခိုင်းတာမျိုး မလုပ်ပါဘူး.. ထမင်းကောင်းကောင်းစားရင် ရပြီ..”

“အန်တီ အားမနာပါနဲ့..” ပိုင်ရှီရှင်းက ပြုံးလိုက်ပြီး ဝိုင်ခွက်တစ်ခွက်ကို အရင်ယူလိုက်သည်။ ပြီးနောက် ပါးပါးချန်နှင့် သူကိုယ်တိုင်အတွက် ငှဲ့လိုက်ပြီး.. : “ကျွန်တော် အန်ကယ့်ကို အဖော်ပြုပေးပါမယ်.. ကျွန်တော်က သောက်ရတာ ကြိုက်တယ်လေ.. ဒါပေမဲ့ ကျွန်တော့်ဝမ်းကွဲကတော့ သောက်နိုင်မှာမဟုတ်ဘူး.. သူက အရက်နဲ့မတည့်လို့..”

“တောင်းပန်ပါတယ် အန်ကယ်.. ကျွန်တော် တကယ် မသောက်နိုင်လို့ပါ..”

ပိုင်ရိက မျက်လွှာချလိုက်သည်။ သူ၏အပြုအမူက ယဉ်ကျေးသိမ်မွေ့နေတော့သည်။ ပါးပါးချန်ကလည်း သူတို့ကို အပြစ်တင်ရန် စိတ်ကူးမရှိ။ သူက အပြုံးမပျက်ဘဲ ချင်ကျိကို လှမ်းမေးသည်။ : “မင်းရော..?”

“မတိုက်ဆိုင်လိုက်တာ အန်ကယ်ရယ်..” ချင်ကျိက အားနာနေသည့် အပြုံးဖြင့်.. : “ကျွန်တော်လည်း အရက်နဲ့ မတည့်ဘူး..”

ချန်ကျစ်ချူး၏ လှုပ်ရှားမှုက ရပ်တန့်သွားပြီး ဘေးမှာရှိနေသည့် လူနှစ်ယောက်ကို မနေနိုင်စွာ လှည့်ကြည့်လိုက်မိ၏။

ပိုင်ရိရော၊ ချင်ကျိရော အရက်နဲ့မတည့်ဘူး။ ဒါက တိုက်ဆိုင်ရုံသပ်သပ်လား၊ ဒါမှမဟုတ် လူတစ်ယောက်တည်း ဖြစ်နေလို့လား..?‌

အရက်နှင့်မတည့်သည့် အချက်ကို အများကြီး မစဉ်းစားနေသော်လည်း ထူးဆန်းသလို ခံစားနေရသည်။ နောက်ဆုံးတော့ ဝိညာဉ်အစိတ်အပိုင်းများကြားမှ တူညီချက်တစ်ခုကို ရှာတွေ့ခဲ့လေပြီ။

“အဲတာဆို ရှီရှင်းကပဲ ငါနဲ့အတူ သောက်ပေးပါဦး..” ပါးပါးချန်က ပြုံးလိုက်ရင်း.. : “ငါ့သားလည်း မသောက်နိုင်လို့  ပုံမှန်ဆို တစ်ယောက်တည်း သောက်နေရတယ်လေ.. တကယ်ပျင်းဖို့‌ကောင်းတယ်.. နည်းနည်းလောက် ပိုသောက်ပေးပေါ့ကွာ..”

“ကိစ္စမရှိပါဘူး..” ပိုင်ရှီရှင်းက ပြုံးလိုက်သည်။

“လူငယ်လေးတွေ အရက်၊ ဆေးလိပ်စွဲမနေတာ ကောင်းတဲ့ကိစ္စပဲ..” မားမားချန်က အပြုံးလေးဖြင့် ဝင်ပြောသည်။ : “သားတို့ များများထည့်စားနော်..”

ပိုင်ရိရော၊ ချင်ကျိပါ အပြုံးဖြင့် ပြန်လည်တုံ့ပြန်၏။ ချန်ကျစ်ချူးက ထမင်းပန်းကန်လုံးကို ကိုင်ပြီး ပုံမှန်အတိုင်း လည်ပတ်နေသည့် သူ၏အိမ်လေးကို ကြည့်မိသည်။ ပိုင်ရိက သူ့ကို အဖော်ပြုပေးနေပြီး သူ၏ မိသားစုနှင့်အတူ ထမင်းစားနေသဖြင့် လေထုအခြေအနေက အလွန်နွေးထွေးနေတော့သည်။ မသိလျှင် အစောပိုင်းဖြစ်ပျက်ခဲ့သမျှက စိတ်ကူးပုံရိပ်ပမာ…

ချန်ကျစ်ချူးက ပိုင်ရိကို တိတ်တိတ်လေး ခိုးကြည့်၏။ ပိုင်ရိကလည်း သူ့ကို လှည့်ကြည့်လာသဖြင့် နှစ်ယောက်သား အကြည့်ချင်းစုံပြီး ချန်ကျစ်ချူးမှာ ရင်ခုန်သံမြန်လာတော့သည်။ ထို့နောက် ရှက်အမ်းအမ်းဖြင့် အကြည့်လွှဲလိုက်သည်။

ပိုင်ရိက တည်တည်ငြိမ်ငြိမ်ပင်။ သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်မျိုး လုံးဝမရှိ။ သို့သော် ဟင်းယူရန် လက်ဆန့်လိုက်သည့်အချိန် သူ၏လက်ဖမိုးက ချန်ကျစ်ချူး၏ လက်ကို မတော်တဆလိုလို ပွတ်တိုက်သွားသည်။ ထိုအပြုအမူလေးမှ ချစ်ကြည်နူးတစ်တီတူးသည့် အရိပ်အမြွက်တချို့ ဆောင်ယူလာလေသည်။

ချန်ကျစ်ချူးတစ်ယောက် ရှက်သွေးဖြာသွားသည်။ တူကိုင်ထားသည့်လက်ပင် တုန်ယင်လာပြီး လွတ်ကျလုမတတ်….

“မင်း ပုစွန်ကြိုက်တာ ကိုယ် မှတ်မိပါသေးတယ်.. ဟုတ်တယ်မလား..?” ဘေးမှာထိုင်နေသည့် ချင်ကျိက ရုတ်တရက် ပြုံးပြုံးရယ်ရယ်ဖြင့် ဟင်းခပ်တူကို သုံးပြီး ချန်ကျစ်ချူးအတွက် ပုစွန်တချို့ယူကာ ထမင်းပန်းကန်ထဲ ထည့်ပေးသည်။ : “ဒီမှာ.. များများစား..”

“ဘယ်လိုသိတာလဲ..?” ချန်ကျစ်ချူးက မျက်လုံးအပြူးသားဖြင့် ချင်ကျိကို မော့ကြည့်လိုက်သည်။

“မင်းအကြောင်း အကုန်သိပြီးသား..” ချင်ကျိက အေးအေးဆေးဆေး ပြန်ဖြေသည်။ သို့သော် သူ၏ စကားလုံးများက ဟိုလိုလိုသည်လိုလို အဓိပ္ပါယ်မျိုး သက်ရောက်နေသဖြင့် ခပ်မြန်မြန် ဆက်ပြောသည်။ : “သူငယ်ချင်းအချင်းချင်းပဲ.. မင်းအကြိုက်ကို သိတာပေါ့..”

“ကျစ်ချူး.. ဟင်းရည်ယူမလား..?”

ချန်ကျစ်ချူး၏ ဘယ်ဘက်တွင် ထိုင်နေသည့် ပိုင်ရိက အပြုံးလေးဖြင့် မေးသည်။ သို့သော် သူ၏အကြည့်က ချင်ကျိထံသို့ ရောက်နေပြီး အလွန်တရာ အေးစက်နေတော့သည်။

ချင်ကျိက ဘာမှဝင်မပြောပေ။ ပုစွန်အခွံခွာပြီး ချန်ကျစ်ချူး၏ ပန်းကန်ထဲ ထည့်ပေးနေသည်။ ပြီးမှ ပြောလာသည်။

“ထပ်လိုချင်သေးရင် ကိုယ့်ကိုပြောနော်.. ထပ်ခွာပေးမယ်..”

“…………”

ချန်ကျစ်ချူးခမျာ ထိုနှစ်ယောက်ကြားတွင် ညပ်နေပြီး နဖူးပေါ်၌ ချွေးစေးများပင် စီးကျနေချေပြီ။ လေထုအခြေအနေက တစ်ခုခုထူးဆန်းနေသလို ခံစားနေရသည်။

“ဒီကလေးတွေ ယဉ်ကျေးလိုက်တာ.. ကျစ်ချူးကိုချည်းပဲ ထည့်ပေးမနေနဲ့.. မင်းတို့လည်း စားကြဦး..”

မားမားချန်က အပြုံးလေးဖြင့် ဝင်ပြော၏။ ကံကောင်းထောက်မစွာဖြင့် လူကြီးနှစ်ယောက်က များများစားစား လျှောက်မတွေးဘဲ ‘ဒီကလေးတွေ အရမ်းခင်ကြတာပဲ..’ ဟူ၍သာ တွေးထင်နေကြလေသည်။

သူမက လိမ္မော်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်ပြီးနောက် ပေါ့ပေါ့ပါးပါး မေးလာသည်။ : “သားတို့နှစ်ယောက်လုံး ရုပ်ချောပြီး စိတ်ထားလေးတွေ ကောင်းလိုက်ကြတာ.. ချစ်သူရှိနေပြီလား..?”

“အဟွတ်.. အဟွတ်.. အဟွတ်..”

ဟင်းရည်သောက်နေသည့် ချန်ကျစ်ချူးပင် အံ့ဩလွန်း၍ သီးသွားရသည်။ သူ၏အမေကို မျက်လုံးအပြူးသားဖြင့် မော့ကြည့်ရင်း သူ၏ရင်ထဲ သတိကပ်သွားသည်။

သူ့အမေက ဘာပြောချင်နေတာလဲ..?!

“မရှိသေးပါဘူး..” ချင်ကျိက ပြုံးလိုက်ရင်း.. : “ဒါပေမဲ့ ကြိုက်နေတဲ့လူတော့ ရှိတယ်.. ကျွန်တော့်ကို အခုထိ အဖြေပြန်မပေးသေးဘူးလေ..”

“အို.. မင်းကိုမလိုချင်တဲ့ မိန်းကလေးက ရှိသေးတယ်လား..?” မားမားချန်က အံ့ဩသွားဟန်ဖြင့်.. : “ဒီလောက်ကောင်းတဲ့ ကလေးကို ဘယ်လိုလုပ်ပြီ..”

“ချီးမွမ်းလွန်းနေပါပြီ.. ကျွန်တော်က အဲ့လောက်မကောင်းပါဘူး..” ချင်ကျိက မျက်လွှာချပြီး ချန်ကျစ်ချူးကို တစ်ချက်ကြည့်သည်။ ပြီးနောက် သက်ပြင်းချကာ.. : “သူလည်း အန်တီ့လိုတွေးရင် သိပ်ကောင်းမှာပဲ.. တစ်ဘဝလုံး သူ့တစ်ယောက်တည်းကိုပဲ ချစ်တော့မယ်.. သူ ပြန်မကြိုက်ရင် တစ်သက်လုံး လူပျိုကြီးဖြစ်ရတော့မယ် ထင်ပါရဲ့..”

ချန်ကျစ်ချူးလည်း ချင်ကျိ၏အကြည့်ကို ရှောင်နေရုံသာ တတ်နိုင်ခဲ့သည်။

“ဘယ်လောက်လိမ္မာလိုက်တဲ့ ကလေးလဲ..” မားမားချန်က ဝမ်းနည်းဖွယ်ဇာတ်လမ်းတချို့ကို ပြန်တွေးရင်း ပိုင်ရိကို ဆက်မေးသည်။ “သားကရော..?”

“ချစ်သူဆီက အဖြေရထားတာ သိပ်မကြာသေးပါဘူး..” ပိုင်ရိ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး နူးညံ့စွာ ပြုံးလိုက်သည်။ သူ၏အသံက နွေးထွေးနေပြီး.. : “ကျွန်တော် အရမ်းပျော်နေတာ.. ဒါက စိတ်ကူးယဉ်မျှော်လင့်ခဲ့ရတဲ့ အိပ်မက်တစ်ခုပဲလေ.. သူ့ကို တိတ်တိတ်လေး ခိုးချစ်ခဲ့ရတာ ၁၀ နှစ်မကဘူး..”

“……….”

ချင်ကျိ၏ မျက်နှာပေါ်မှအပြုံးသည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး ပိုင်ရိအား စိန်းစိန်းဝါးဝါး လှည့်ကြည့်လာသည်။ အခန်း၏ လေထုအခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။

“အာ… အန်တီ.. ကျွန်တော်ကတော့ စင်ဂယ်ပဲရှိသေးတယ်.. ချစ်ရတဲ့လူလည်း မရှိဘူး..”

လေထုအခြေအနေ သိပ်မကောင်းတော့တာကြောင့် ပိုင်ရှီရှင်းက ကမန်းကတန်း ဝင်ပြောသည်။ : “ကျွန်တော်လိုချင်တဲ့အချက်က သိပ်မများဘူး.. စကားပြောရအဆင်ပြေပြီး လိုက်လျောညီထွေနေတတ်ရင် ရပါပြီ.. အန်တီ အဆင်ပြေတဲ့လူတွေ့ရင် ကျွန်တော်နဲ့ မိတ်ဆက်ပေးပါနော်.. သေသေချာချာ သွားတွေ့ကြည့်ပါ့မယ်..”

“အာ… အင်း.. အဲ့လိုလား.. ဟုတ်ပါပြီ.. အန်တီ သားအတွက် ရှာကြည့်ပေးမယ်..”

မားမားချန်လည်း တစ်ခုခုမူမမှန်တာကို သတိထားမိသဖြင့် ကပျာကယာ ပြုံးရင်း ဆက်ပြောသည်။ : “ဟုတ်ပါပြီ.. များများစားကြနော်. အန်တီချက်ထားတဲ့ ငါးဟင်းက ဘယ်လိုနေလဲ……..”

ချန်လင်းလင်းက ထမင်းစားရင်း စကားမပြောဘဲ သူမ၏အစ်ကိုနှင့် ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်နေသည့် လူနှစ်ဦးကို အကဲခတ်နေသည်။

ကြည့်လေ ကြည့်လေ၊ ဒီသုံးယောက်ရဲ့ ဆက်ဆံရေးက သူငယ်ချင်းဆက်ဆံရေးမျိုး မဟုတ်လောက်ဘူးလို့ ခံစားလာရလေပဲ။ မစ္စတာပိုင်ရိက ချစ်သူရှိကြောင်း ပြောလိုက်တဲ့အချိန် မစ္စတာချင်ကျိရဲ့ မျက်နှာအမူအရာက သိပ်မကောင်းတော့ဘူး။ ဧကန္တ…. မစ္စတာပိုင်ရိက မစ္စတာချင်ကျိ ကြိုက်နေတဲ့လူကို ဖြတ်ခုတ်သွားတာလား..?

ပြီးတော့ သူ့(မ)အစ်ကိုရောပဲ။ အမူအရာက ပုံမှန်မဟုတ်ဘူး။ ဘာတွေဖြစ်နေတာပါလိမ့်… ဒီအစ်ကိုကြီးနှစ်ယောက်က သူ့(မ)အစ်ကိုကို ကြိုက်နေတာများလား..?

သူတစ်ပါးအကြောင်း လျှောက်ပြီးခန့်မှန်းတာ မကောင်းမှန်းသိသော်လည်း မိန်းမငယ်လေးမှာ မရပ်တန့်နိုင်ခဲ့ပေ။ သို့နှင့် သူမ၏ စပ်စုချင်စိတ်က အထွတ်အထိပ်ရောက်လာချိန် တိုက်ခန်းအပြင်မှ တံခါးခေါက်သံတချို့ ထွက်ပေါ်လာသည်။ နောက်ထပ်ဧည့်သည်တချို့ ထပ်ရောက်လာပုံပင်။

“လာပြီ..”

တံခါးနှင့် အနီးဆုံးဖြစ်သည့် ချန်လင်းလင်းက ကပျာကယာ ပြေးသွားပြီး တံခါးဖွင့်ကြည့်လိုက်သည်။ သို့သော် မည်သူမျှမရှိ။ လေအေးတစ်ချက် ဝေ့တိုက်လာပြီး စိမ့်ခနဲ ခံစားလိုက်ရသဖြင့် တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။

“ဘယ်သူလဲ..? ရေခွန်မီးခွန် လာကောက်တာလား..?” ပါးပါးချန်က မေးသည်။

“အပြင်မှာ ဘယ်သူမှမရှိဘူး.. အခန်းမှားတာထင်တယ်..” ကောင်မလေးက ခေါင်းယမ်းပြီး သူမ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

သို့သော် ချန်ကျစ်ချူးကတော့ တစ်ခုခုဝင်လာတာကို မြင်လိုက်ရလေသည်။ သူတစ်ဦးတည်းမဟုတ်၊ ပိုင်ရိ၊ ပိုင်ရှီရှင်းနှင့် ချင်ကျိလည်း သတိပြုမိခဲ့သည်။

သတို့သားနှင့် ကျန်ဝိညာဉ်ခွဲများ ရောက်လာချေပြီ။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 86)

ကျစ်ချူးရဲ့အိမ်ကို သွားလည်ဖို့ စိတ်ကူးယဉ်ဖူးတယ်။ ဒါပေမဲ့ သိပ်မကြာခင် ရောက်သွားရလိမ့်မယ်လို့ မထင်ထားဘူး။

….. ပြီးတော့ ဒေါသလည်း ထွက်ခဲ့ရတယ်။

……………………………..

TN : ဒီအခန်းဖတ်ပြီးတော့ သတိထားမိတာလေးရှိတယ်။ ပိုင်ရိကလေ ပင်ကိုဗီဇအရ အေးစက်စက်ဆိုပေမယ့် သူ့ညီလေးပိုင်ရှီရှင်းကိုတော့ မသိမသာ အလေးထားတယ်နော်။ ပြန်တွေ့တုန်းကလည်း 'မင်းငိုတာ နားဝင်ဆိုးတယ်.. မငိုနဲ့'တဲ့။ သူ့ညီလေးကို မငိုစေချင်ဘူး။ သတို့သားကလည်း ကိုယ်ယောင်ဖျောက်ထားပေမယ့် မြင်ရတဲ့လူတွေထဲ သူ့ညီလေးကို ချန်မထားဘူး။ အရမ်းချစ်ဖို့ကောင်းတယ်နော်။

……………………………..

Zawgyi

အခန္း - (၈၆) : အထိန္းအခ်ဳပ္မဲ့ Photobook (၅)

နမ္းဖို႔လိုတဲ့ စြမ္းရည္တစ္မ်ိဳးလား..?

System ၏စကားကို ၾကားလိုက္ရခ်ိန္ ခ်န္က်စ္ခ်ဴး၏ ပထမဆုံးတုံ႔ျပန္မႈက ျငင္းဆန္ျခင္းပင္ ျဖစ္၏။

ပိုင္ရိလည္း ရွိေနတာကို သူ႔ရဲ႕အေရွ႕မွာ တျခားလူေတြနဲ႔ ဘယ္လိုနမ္းရမလဲ။ ‘တျခားလူ’ေတြလည္း ပိုင္ရိဆိုေပမယ့္ တစ္ေယာက္ကို ပုံစံတစ္မ်ိဳးစီနဲ႔ဆိုေတာ့ သူ႔စိတ္သူ ဘယ္လိုမွေဖ်ာင္းဖ်လို႔မရဘူး..!

[ ဒီလိုေတြးေနရင္ လုပ္ႏိုင္မွာမဟုတ္ဘူး.. ] System က ေျပာသည္။ [ မင္းကိုယ္တိုင္ေတာင္ သူတို႔က တစ္ေယာက္တည္းဆိုတာ လက္မခံႏိုင္ရင္ သူတို႔ေတြကိုေရာ၊ ဘယ္လိုမ်ိဳး လက္ခံလာေအာင္ လုပ္မွာလဲ..? ]

System ေျပာတာ အဓိပၸါယ္ရွိသားပဲ..!

ခ်န္က်စ္ခ်ဴးက ေနာက္ဆုံးေတာ့ သေဘာေပါက္သြားသည့္ အမူအရာမ်ိဳး ေဖာ္ျပလာသည္။ သို႔ေသာ္ ေဘးမွာရပ္ေနသည့္ ပိုင္ရိႏွင့္ မေကာင္းဆိုးဝါးဝိညာဥ္မ်ားထံ အၾကည့္ေရာက္သြားသည့္အခိုက္ ေျခတစ္လွမ္းပင္ မေ႐ြ႕ႏိုင္ခဲ့ေခ်။

[ ဒီစြမ္းရည္အတြက္ ႏႈတ္ခမ္းကိုပဲ နမ္းရမယ္လို႔ သတ္မွတ္ထားတာမ်ိဳး မရွိဘူး.. မင္း အဆင္ေျပတဲ့ေနရာ နမ္းလို႔ရတယ္.. ] System က ႏွာေခါင္းရႈံ႕ၿပီး.. [ ေလာေလာဆယ္ေတာ့ အိမ္အရင္ျပန္ၿပီး ခ်င္က်ိကို သြားရွာလိုက္ဦး.. ]

ခ်န္က်စ္ခ်ဴးခမ်ာ ရင္တုန္လာသည္။ ထိုအခိုက္ ပိုင္ရွီရွင္းက ဗီလာတံခါးေရွ႕သို႔ ကားေမာင္းလာၿပီး သူ႔ကို လက္ယမ္းျပကာ.. : “ဂ်ဴနီယာေလး.. အထဲဝင္.. လိုက္ပို႔ေပးမယ္..”

ပိုင္ရွီရွင္းသည္ ဗီလာထဲတြင္ တစ္ေယာက္တည္းေနရသည္ကို ႏွစ္သက္သျဖင့္ ယာဥ္ေမာင္းမေခၚလာေပ။ အၿမဲတမ္း သူကိုယ္တိုင္ ကားေမာင္းၿပီး အသြားအျပန္လုပ္သည္။

“သြားရေအာင္ က်စ္ခ်ဴး..”

ပိုင္ရိက လက္ဆန႔္ၿပီး ခ်န္က်စ္ခ်ဴးကို ေခါင္းပြတ္ေပး၏။ ၿပီးေနာက္ တျခားသရဲမ်ားကို ေဝ့ၾကည့္ၿပီး ဘာမွထပ္မေျပာဘဲ ခ်န္က်စ္ခ်ဴးကို ကားထဲ ဆြဲသြင္းလိုက္သည္။

ခ်န္က်စ္ခ်ဴးသည္ အထပ္ထပ္အခါခါ စဥ္းစားၿပီးေနာက္ တျခားဝိညာဥ္ခြဲမ်ားကိုပါ ကိုယ္ေယာင္ေဖ်ာက္ေပးရန္ သတို႔သားအား ေတာင္းဆိုလိုက္သည္။

ကံေကာင္းစြာျဖင့္ သူတို႔က သရဲအေနျဖင့္သာ ရွိေနေသးၿပီး နယ္ေျမကန႔္သတ္ခံရျခင္း မရွိေပ။ အကုန္လုံး ကိုယ္ေဖ်ာက္ၿပီးေနာက္ ဘယ္ေရာက္သြားမွန္း မသိပါေသာ္လည္း သူ႔ေနာက္ကို အမီလိုက္လာမယ္ဆိုတာ ခ်န္က်စ္ခ်ဴး သိေနသည္။ မဟုတ္လွ်င္လည္း ကားတစ္စီးတည္းျဖင့္ သူတို႔အားလုံးကို တင္ေခၚသြားႏိုင္မည္မဟုတ္ေပ။

ပိုင္ရွီရွင္းသည္ အေဝးေျပးလမ္းမႀကီးတစ္ေလွ်ာက္ ေမာင္းႏွင္လာၿပီး ခ်န္က်စ္ခ်ဴး၏ အိမ္သို႔ လ်င္ျမန္စြာ ေရာက္သြား၏။

ခ်န္က်စ္ခ်ဴးခမ်ာ အေတာ္ေလး စိုးရိမ္ေနရွာသည္။ ပိုင္ရိႏွင့္ ပိုင္ရွီရွင္းကိုပင္ မေစာင့္ေတာ့ဘဲ သူ၏တိုက္ခန္းသို႔ အျမန္တက္သြားသည္။ ကားစီးလာရင္း သူ၏မိသားစုအတြက္ ကံေကာင္းေစရန္ ေငြဒဂၤါးေျမႇာက္ခဲ့ေသးသည္။ သို႔တိုင္ စိုးရိမ္ေနဆဲ။ တိုက္ခန္းတံခါးကို အျမန္ေခါက္လိုက္သည္။

တံခါးက ကလစ္ခနဲ ပြင့္ဟလာသည္။ တံခါးဖြင့္ေပးသူက သူ၏ညီမေလး ခ်န္လင္းလင္းပင္။ သူမ၏အစ္ကို အိမ္ျပန္လာတာကို ျမင္ေတာ့ ေပ်ာ္ျမဴးသြားဟန္ျဖင့္ ေျပာလာသည္။ : “ကိုႀကီး အိမ္ျပန္လာတာပဲ..!”

“ဟူး…”

သူ၏ညီမေလးကို ပုံမွန္အတိုင္း ျမင္လိုက္ရမွ ခ်န္က်စ္ခ်ဴးလည္း သက္ျပင္းခ်ႏိုင္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ အိမ္ထဲမွ ဟင္းနံ႔မ်ား ပ်ံ႕လြင့္လာၿပီး သူ႔မိဘမ်ား၏ ရယ္ရယ္ေမာေမာ စကားေျပာေနသံကို ၾကားေနရသည္။ အေျခအေနအားလုံး တည္ၿငိမ္ေနေလသည္။

ခ်န္က်စ္ခ်ဴး၏ ပူပန္ေသာကမ်ားေနေသာ ႏွလုံးသားေလးလည္း ေနာက္ဆုံးေတာ့ စိတ္သက္သာရာရသြားသည္။ သူ႔ညီမေလး၏ ေျခေထာက္ကို ၾကည့္ၿပီး အသာေခါင္းပြတ္ေပးရင္း ေမးသည္။ : “ေျခေထာက္သက္သာသြားၿပီလား..?”

“အခု ျပန္ေကာင္းသြားၿပီ..” ခ်န္လင္းလင္းက လွ်ာထုတ္ျပၿပီး စိတ္လႈပ္ရွားေနဟန္ျဖင့္ သူ၏အက်ႌလက္ကို ဆြဲကာ.. : “ကိုႀကီး.. ေရွာင္ေရွာင္နဲ႔ စင္ေပၚမွာ နီးနီးကပ္ကပ္ေနခဲ့ရတဲ့ အေၾကာင္းကို ဘာလို႔ မေျပာျပတာလဲ..? အရမ္းကံေကာင္းတာပဲ..! ေရွာင္ေရွာင့္အနားေရာက္ေတာ့ ဘယ္လိုခံစားရလဲဟင္..? ျမန္ျမန္ေျပာျပလို႔…”

ေကာင္မေလးက စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ တက္ႂကြေန၏။ သူမ၏အစ္ကိုကို ဆြဲထားၿပီး တတြတ္တြတ္ ေျပာေနေတာ့သည္။

ခ်န္က်စ္ခ်ဴးက အသာေခ်ာင္းဟန႔္ကာ.. : “လင္းလင္း.. အရႈပ္ထုတ္လုပ္မေနနဲ႔.. ငါ့သူငယ္ခ်င္းေတြလည္း ပါလာတယ္.. သူတို႔ကို အရင္ဆုံး ေပးဝင္လိုက္ပါဦး..”

“အာ.. ေဆာရီး..”

ခ်န္လင္းလင္းလည္း ထိုအခါမွ သူ႔အစ္ကိုေနာက္တြင္ မတ္တပ္ရပ္ေနေသာ လူႏွစ္ဦးကို ျမင္သြားသည္။ ကပ်ာကယာ ေတာင္းပန္စကားဆိုရင္း ပိုင္ရိႏွင့္ ပိုင္ရွီရွင္းကို ေမာ့ၾကည့္လိုက္သည့္အခိုက္ တစ္ခဏမွ် ေငးငိုင္မွင္သက္သြားသလို အတန္ငယ္ ရွက္႐ြံ႕သြားရွာသည္။ သူမက သူမ၏ အစ္ကိုေနာက္တြင္ ဝင္ပုန္းကာ ခပ္တိုးတိုးေလး ေျပာသည္။

“ဟယ္လို..”

“ဟယ္လို..” ပိုင္ရွီရွင္းက ေတာက္ပစြာ ၿပဳံးလိုက္ရင္း.. : “မင္းက လင္းလင္းမဟုတ္လား..? အစ္ကိုတို႔က မင္းအစ္ကိုရဲ႕ သူငယ္ခ်င္းနဲ႔ စီနီယာပါ.. မင္းအေၾကာင္း အမ်ားႀကီး ၾကားဖူးတယ္.. ဒီေန႔ ေတြ႕လိုက္ရေတာ့မွ တကယ့္ကို ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးပဲ..”

“အိမ္ထဲဝင္ေလ..”

႐ုပ္ေခ်ာေခ်ာအစ္ကိုႀကီးႏွစ္ေယာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရေသာအခါ ႐ႊင္ျမဴးတက္ႂကြေနသည့္ ခ်န္လင္းလင္းလည္း ၿငိမ္ကုပ္သြားသည္။ ဧည့္သည္ႏွစ္ဦးကို အိမ္ထဲဝင္ရန္ ဖိတ္ေခၚၿပီးေနာက္ သူမအစ္ကို၏ အက်ႌစကို အသာေဆာင့္ဆြဲကာ ဆူပုပ္ပုပ္မ်က္ႏွာေလးျဖင့္ ခပ္တိုးတိုးေလး ဆိုသည္။

“ကိုႀကီး.. ဒီေလာက္႐ုပ္ေခ်ာတဲ့ အစ္ကိုႀကီးေတြနဲ႔ ဘယ္လိုခင္သြားတာလဲ..? ညီမေလးကို တစ္ခါမွ မေျပာျပဖူးဘူးေနာ္..?”

ခ်န္က်စ္ခ်ဴးက ေခ်ာင္းဟန္႔ၿပီး ေနရခက္စြာ ရွင္းျပသည္။ : “နင့္ကို ေျပာဖူးပါတယ္.. ခုနကတစ္ေယာက္က ငါ့ရဲ႕ စီနီယာေလ.. ေနာက္တစ္ေယာက္က သူ႔အစ္ကို.. ၿပီးေတာ့ ငါ့ရဲ႕……….”

သူက တစ္ခဏတုံ႔ဆိုင္းသြားၿပီးေနာက္ ထြက္လုဆဲဆဲစကားကို ျပန္ၿမိဳခ်ၿပီး စကားလုံးေျပာင္းလိုက္သည္။ : “ငါ့ရဲ႕ သူငယ္ခ်င္းေကာင္း…”

ခ်န္က်စ္ခ်ဴးက ေသခ်ာစဥ္းစားၿပီးေနာက္ အမွန္အတိုင္း မေျပာျပခဲ့ေပ။ သူႏွင့္ပိုင္ရိ၏ ဆက္ဆံေရးက အတည္ျပဳထားတာ မၾကာေသးသလို သိပ္မတည္ၿငိမ္ေသးေပ။ ထို႔အျပင္ ပိုင္ရိက သူ၏အိမ္ကို ပထမဦးဆုံးအႀကိမ္ ေရာက္ဖူးျခင္းျဖစ္၏။ အကယ္၍ ပိုင္ရိဟာ သူ၏ခ်စ္သူေကာင္ေလးျဖစ္ေၾကာင္း တစ္ခါတည္း တန္းေျပာျပလိုက္လွ်င္ သူ႔အေဖေရာအေမပါ ေနရာမွာတင္ သတိလစ္သြားလိမ့္မည္။ တခ်ိဳ႕ကိစၥမ်ားက ျဖည္းျဖည္းခ်င္း အခ်ိန္ယူတာ ပိုေကာင္းသည္။

“ၿပီးေတာ့ မစၥတာခ်င္က်ိေရာပဲ.. သူလည္း အရမ္းေခ်ာတာေနာ္..”

ခ်န္လင္းလင္းက မေက်မနပ္ျဖစ္ေနသည့္ မ်က္ႏွာေလးျဖင့္.. : “မတရားဘူး.. ကိုႀကီးက ဘာလို႔ အကိုေခ်ာေလးေတြအမ်ားႀကီးနဲ႔ ရင္းႏွီးေနရတာလဲ..? ညီမေလးသိတဲ့လူေတြထဲမွာ ဒီလိုေခ်ာေခ်ာေလးေတြ တစ္ေယာက္မွမရွိဘူး..”

သို႔ေသာ္ သူမ၏အစ္ကိုကို သူမအတြက္ ခ်စ္သူေကာင္ေလးရွာေပးရန္ ေျပာခ်င္ေနျခင္းမဟုတ္။ ပထမအခ်က္အေနျဖင့္ သူမအစ္ကို၏ သူငယ္ခ်င္းမ်ားက သူမထက္ အသက္ႀကီးၿပီး ဒုတိယအခ်က္အေနျဖင့္ သူမက သူတို႔ကို စိတ္ဝင္စားလွ်င္ပင္ ထိုအစ္ကိုႀကီးမ်ားက သူမကို ျပန္ႀကိဳက္မည္မဟုတ္ေပ။ ဘာေၾကာင့္ရယ္မသိ အလိုလို ခံစားမိေနသည္။

ဒါနဲ႔ မစၥတာခ်င္က်ိပါးစပ္ကေန ထြက္လာသမွ်က သူ႔အစ္ကိုအေၾကာင္းခ်ည္းပဲ။ ၿပီးေတာ့ သူ႔အစ္ကိုအေၾကာင္းေျပာတိုင္း အဲ့အစ္ကိုႀကီးရဲ႕ မ်က္လုံးေတြက သိသိသာသာ ႏူးညံ့သြားေရာ။ ၾကည့္ရတာ သူလည္း မစၥတာကုက်န္းလိုပဲ၊ သူ႔(မ)အစ္ကိုကို ႀကိဳက္ေနတာထင္တယ္..?

ေကာင္မေလးက အသံတိတ္ အေတြးမ်ားေနေလသည္။ ခ်င္က်ိ၏နာမည္ကို ၾကားသည္ႏွင့္ ခ်န္က်စ္ခ်ဴး၏ရင္ထဲ စိမ့္ခနဲ ျဖစ္သြားသည္။ ဧည့္ခန္းထဲသို႔ ခ်က္ခ်င္း ေျပးဝင္သြားေသာအခါ သူ၏ဖခင္ႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားေျပာေနေသာ ကိုလူေခ်ာကို ျမင္လိုက္ရသည္။

“မင္းေရာက္လာၿပီပဲ က်စ္ခ်ဴး..”

သူေရာက္လာတာကို ျမင္သည္ႏွင့္ ခ်င္က်ိက ခ်က္ခ်င္း မတ္တပ္ရပ္လိုက္သည္။ ၿပီးေနာက္ သူ႔ကို ၿပဳံးျပၿပီး အလြန္ရင္းႏွီးဟန္ျဖင့္ သူ႔အနားေလွ်ာက္လာကာ လက္ကိုကိုင္သည္။ : “မင္းနဲ႔ထပ္ေတြ႕ရတာ တကယ္ဝမ္းသာတယ္..”

“ခင္ဗ်ား..”

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာအမူအရာက ပ်က္ယြင္းေနၿပီး လက္ကိုင္ခံလိုက္ရသျဖင့္ တစ္ကိုယ္လုံး ေတာင့္တင္းသြားသည္။ ၿပီးေနာက္ အံတင္းတင္းႀကိတ္ကာ ခ်င္က်ိအား သူ၏အိပ္ခန္းထဲ ဆြဲေခၚသြားလိုက္သည္။

“ငါ့ေနာက္လိုက္ခဲ့..”

“က်စ္ခ်ဴးက ေျပာစရာစကားရွိလို႔ထင္တယ္..” ခ်င္က်ိက ခ်န္က်စ္ခ်ဴး၏ အျပဳအမူကို စိတ္ထဲမထားသည့္အျပင္ ခ်န္က်စ္ခ်ဴး၏ အေဖကို အၿပဳံးေလးျဖင့္ လွမ္းေျပာလိုက္ေသးသည္။ : “ေဆာရီး အန္ကယ္ေရ.. ကြၽန္ေတာ္ ခဏေလာက္ လိုက္သြားဦးမယ္ေနာ္..”

“ရပါတယ္ကြာ..” ခ်န္က်စ္ခ်ဴး၏အေဖက ထိုသို႔ေျပာၿပီးေနာက္ ပိုင္ရိႏွင့္ ပိုင္ရွီရွင္းကို လွည့္ၾကည့္ၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေမးသည္။ : “မင္းတို႔က..?”

ပိုင္ရွီရွင္းက ခ်န္က်စ္ခ်ဴး၏အေဖကို တက္တက္ႂကြႂကြ ျပန္ေျဖေပးသည္။ သို႔ေသာ္ ပိုင္ရိကေတာ့ ခ်င္က်ိကို ေအးတိေအးစက္ စိုက္ၾကည့္ေနေလ၏။ ခ်င္က်ိကလည္း ပိုင္ရိကို ျပန္ၾကည့္သည္။ အၾကည့္ခ်င္းစုံသည္ႏွင့္ အခ်ိန္တစ္ခဏမွ် ရပ္တန႔္သြားသေယာင္။ ထို႔ေနာက္တြင္မူ ခ်င္က်ိက အၾကည့္လႊဲၿပီး ခ်န္က်စ္ခ်ဴးေနာက္သို႔ အၿပဳံးေလးျဖင့္ လိုက္ပါသြားသည္။

“ကလစ္..”

ခ်န္က်စ္ခ်ဴးက အခန္းတံခါးကိုပိတ္ၿပီး သူ၏မိသားစုဝင္မ်ား ဝင္မလာႏိုင္ေအာင္ ေလာ့ခ္ခ်လိုက္သည္။

ခ်င္က်ိက ခ်န္က်စ္ခ်ဴး၏ အိပ္ရာေပၚထိုင္ၿပီး အိပ္ခန္းအျပင္အဆင္ကို အေသးစိတ္ အကဲခတ္သည္။ ၿပီးေနာက္ အၿပဳံးေလးျဖင့္.. : “သန႔္ရွင္းေနတာပဲ.. မင္းလည္း ဒီဂိမ္းေဆာ့ရတာႀကိဳက္လား..? တိုက္ဆိုင္လိုက္တာ.. ကိုယ္လည္း အဲ့ဂိမ္းေဆာ့ျဖစ္တယ္..”

သူက နံရံေပၚကပ္ထားသည့္ပိုစတာမွ ဂိမ္းဇာတ္ေကာင္တစ္ခုကို လက္ညႇိဳးၫႊန္ကာ ေျပာသည္။

“အေရးမပါတာေတြ ေလွ်ာက္ေျပာမေနနဲ႔..” ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာအမူအရာက သိပ္မေကာင္းေတာ့ေခ်။ ခ်င္က်ိအား ေၾကာက္သလို စိတ္လည္းဆိုးသည္။ : “ဘာလို႔ ငါ့အိမ္ကို ေရာက္လာတာလဲ..? ဘာလိုခ်င္လို႔လဲ..?”

“အေတြးမမ်ားပါနဲ႔.. ဒီအတိုင္း အလည္လာ႐ုံပါ..”

ခ်င္က်ိက ႏူးညံ့စြာ ၿပဳံးလိုက္ရင္း.. : “ကိုယ္က မင္းကို သေဘာက်တယ္ေလ.. အဲတာေၾကာင့္ မင္းရဲ႕မိသားစုနဲ႔ ခင္မင္ရင္းႏွီးခ်င္တယ္.. ဘာျဖစ္လို႔လဲဟင္..?”

“ဒါေပမဲ့ ငါမွ ခင္ဗ်ားကို မႀကိဳက္တာ..”

ခ်န္က်စ္ခ်ဴးက ‘မုန္းတယ္’ဟူ၍ ေျပာပစ္ခ်င္ေသာ္လည္း တစ္ဖက္လူ၏ ေဒါသကို ဆြမိမည္စိုး၍ ရက္ရက္စက္စက္ မေျပာလိုက္ေခ်။ ထို႔အျပင္ ခ်င္က်ိဟာ ပိုင္ရိ၏ ဝိညာဥ္အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ေနေသးသည္။

“မင္းရဲ႕ ခံစားခ်က္အမွန္ကို ကိုယ္သိၿပီးသားပါ..” ခ်င္က်ိက ေျပာသည္။ : “မင္း ကိုယ့္ကိုနမ္းတုန္းက မင္းလည္း ကိုယ့္ကို သေဘာက်တယ္.. ကိုယ့္ရဲ႕အခ်စ္က အသြားအျပန္ရွိခဲ့ၿပီလို႔ ထင္ထားခဲ့တာ..”

ထိုသို႔ေျပာၿပီးေနာက္ ခ်န္က်စ္ခ်ဴးအား ႐ုတ္တရက္ ၿပဳံးျပလာသည္။ ၿပီးေနာက္ တိုးသဲ့စြာ ဆက္ေျပာသည္။ : “ဒါေပမဲ့ Photobook ထဲ ေရာက္သြားၿပီးေနာက္မွာ နားလည္လိုက္တယ္.. မင္းက ကိုယ့္အေပၚ ခံစားခ်က္မရွိပါဘူး.. Photobook ထဲ ခ်ိပ္ပိတ္ခ်င္႐ုံသပ္သပ္ နမ္းခဲ့တာပဲ..”

“မင္း ကိုယ့္ကိုနမ္းတုန္းက ကိုယ္ ဘယ္ေလာက္ေပ်ာ္သြားလဲဆိုတာ မင္းသိမွာမဟုတ္ဘူး..”

ခ်န္က်စ္ခ်ဴးက ဘာမွျပန္မေျပာဘဲ သူေျပာသမွ်ကိုသာ နားေထာင္ေနသည္။ ခ်င္က်ိအား ျပန္မေျပာခ်င္သလို ဘာျပန္ေျပာရမွန္းလည္း မသိေတာ့ေခ်။

ထိုအခ်ိန္ ခ်င္က်ိသည္ အတိတ္ကို ျပန္သတိရသြားဟန္ျဖင့္ ေငးငိုင္သြားသည္။ ၿပီးမွ ကပ်ာကယာ ျပန္ၿပဳံးၿပီး.. : “ကိုယ္က မင္းရဲ႕မိသားစုကို လာေတြ႕တာ.. ဘာလို႔လဲဆိုေတာ့ ဝိညာဥ္အစိတ္အပိုင္းေတြထဲမွာ ကိုယ္တစ္ေယာက္တည္း လူသားရွိတာေလ.. ဒီအေျခအေနကို ေကာင္းေကာင္းအသုံးခ်ရမွာေပါ့ မဟုတ္ဘူးလား..?”

“မင္းရဲ႕မိဘေတြဆီက ခြင့္ျပဳခ်က္ေတာင္းႏိုင္မယ္ဆိုရင္ မင္းလည္း ကိုယ့္အေပၚ ႏူးညံ့လာမွာပဲ.. ၿပီးေတာ့ ကိုယ့္ကို ျပန္ႀကိဳက္လာမွာ……….”

“မျဖစ္ႏိုင္ဘူး..” ခ်န္က်စ္ခ်ဴးက ျဖတ္ေျပာသည္။ : “ခင္ဗ်ားက သိပ္မၾကာခင္ Photobook ထဲ ျပန္သြားရမွာ..”

“မႀကိဳးစားၾကည့္ဘဲ မျဖစ္ႏိုင္ဘူးဆိုတာ ဘယ္လိုသိလဲ..?” ခ်င္က်ိက ခပ္ေသာေသာရယ္ၿပီး.. : “အဲတာေၾကာင့္ မစိုးရိမ္ပါနဲ႔.. ကိုယ္ မင္းရဲ႕မိသားစုကို ထိခိုက္ေအာင္မလုပ္ပါဘူး..”

သူက ႐ုတ္တရက္ မတ္တပ္ရပ္လိုက္သည္။ ျဖဴေဖ်ာ့လွပသည့္ လက္ေခ်ာင္းသြယ္သြယ္တို႔ျဖင့္ ခ်န္က်စ္ခ်ဴး၏ မ်က္ဝန္းေထာင့္ကို ပြတ္ဆြဲၿပီးေနာက္ နား႐ြက္နားကပ္ကာ ခပ္တိုးတိုး ေျပာလာသည္။ : “ကိုယ္ကေလ.. မင္းကလြဲရင္ တျခားဘယ္သူ႔ကိုမွ စိတ္မဝင္စားဘူး..”

“……….” ခ်န္က်စ္ခ်ဴးက ေနာက္တစ္လွမ္းဆုတ္ၿပီး နား႐ြက္ကို ကာလိုက္သည္။ ျမတ္ႏိုးတြယ္တာမႈတို႔ျဖင့္ ျပည့္ႏွက္ေနေသာ ခ်င္က်ိ၏ မ်က္ဝန္းမ်ားကို စိုက္ၾကည့္ကာ အခန္းထဲမွ ထြက္သြားေတာ့သည္။

ခ်င္က်ိက အသာရယ္ရင္း သူ၏အေနာက္မွ လိုက္လာသည္။ ထိုအခ်ိန္ ခ်န္လင္းလင္းကလည္း သူတို႔ႏွစ္ဦးကို လာေခၚသည္။

ခ်န္က်စ္ခ်ဴးက ဧည့္ခန္းထဲသို႔ ျပန္သြားလိုက္သည္။ ထမင္းစားပြဲေပၚတြင္ ဟင္းလ်ာမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး က်န္လူမ်ားလည္း ေရာက္ႏွင့္ေခ်ၿပီ။ ပိုင္ရိက ခ်န္က်စ္ခ်ဴးကို ျမင္ေသာအခါ အသာၿပဳံးျပရင္း သူ၏ေဘးမွ ထိုင္ခုံအလြတ္ကို လက္ညႇိဳးၫႊန္ကာ..

“က်စ္ခ်ဴး.. ဒီမွာလာထိုင္..”

“အင္း..” ခ်န္က်စ္ခ်ဴးက ေခါင္းညိတ္ၿပီး ပိုင္ရိ၏ ညာဘက္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။ သူ၏ေဘးတြင္ ထိုင္ခုံအလြတ္တစ္ခု ရွိေနေသးသည္။ ခ်င္က်ိက ေျခတံရွည္မ်ားကို အသုံးခ်ၿပီး ထိုထိုင္ခုံတြင္ အျမန္ဝင္ထိုင္လိုက္သည္။ ၿပီးေနာက္ ပိုင္ရိႏွင့္ ခ်န္က်စ္ခ်ဴးအား ၿပဳံးျပေလသည္။

“………” ပိုင္ရွီရွင္းလည္း အသာေခ်ာင္းဟန႔္ၿပီး တျခားထိုင္ခုံမွာသာ သြားထိုင္ရေတာ့သည္။ အစကေတာ့ ဂ်ဴနီယာခ်န္ေဘးတြင္ ဝင္ထိုင္ရန္ စဥ္းစားထားေသာ္လည္း သူ၏အစီအစဥ္က ကံဆိုးစြာျဖင့္ က်ရႈံးသြားသည္။

လူတိုင္း ထမင္းစားပြဲတြင္ ေနရာယူလိုက္ၾကသည္။ ခ်န္က်စ္ခ်ဴး၏အေမက ေကာင္ေလးေခ်ာေခ်ာေလးမ်ား လာလည္သျဖင့္ ၿပဳံး႐ႊင္ေနၿပီး မ်ားမ်ားစားရန္ တတြတ္တြတ္ ေျပာေနေတာ့သည္။

“ေသာက္ႏိုင္လား..?”

ပါးပါးခ်န္က ဝိုင္ျဖဴတစ္ပုလင္းႏွင့္ ဖန္ခြက္မ်ား ယူခ်လာသည္။ ၿပီးေနာက္ စားပြဲတြင္ထိုင္ေနသည့္ ေကာင္ေလးမ်ားကို ေမးလိုက္သည္။ : “ငါနဲ႔အတူ နည္းနည္းပါးပါး ေသာက္မလား..?”

“ရွင္ကေတာ့ေလ.. ဘယ္သူက အခုမွေတြ႕ဖူးတဲ့ ကေလးေတြကို ေသာက္ခိုင္းလို႔လဲ..?” မားမားခ်န္က ဆူေငါက္လိုက္သည္။ ၿပီးေနာက္ ၿပဳံးလိုက္ရင္း.. : “သူ႔ကို စိတ္ထဲမထားနဲ႔.. သားတို႔ မေသာက္ႏိုင္ရင္ ေသာက္စရာမလိုဘူး.. အန္တီတို႔မိသားစုက သူတစ္ပါးကို အတင္းေသာက္ခိုင္းတာမ်ိဳး မလုပ္ပါဘူး.. ထမင္းေကာင္းေကာင္းစားရင္ ရၿပီ..”

“အန္တီ အားမနာပါနဲ႔..” ပိုင္ရွီရွင္းက ၿပဳံးလိုက္ၿပီး ဝိုင္ခြက္တစ္ခြက္ကို အရင္ယူလိုက္သည္။ ၿပီးေနာက္ ပါးပါးခ်န္ႏွင့္ သူကိုယ္တိုင္အတြက္ ငွဲ႔လိုက္ၿပီး.. : “ကြၽန္ေတာ္ အန္ကယ့္ကို အေဖာ္ျပဳေပးပါမယ္.. ကြၽန္ေတာ္က ေသာက္ရတာ ႀကိဳက္တယ္ေလ.. ဒါေပမဲ့ ကြၽန္ေတာ့္ဝမ္းကြဲကေတာ့ ေသာက္ႏိုင္မွာမဟုတ္ဘူး.. သူက အရက္နဲ႔မတည့္လို႔..”

“ေတာင္းပန္ပါတယ္ အန္ကယ္.. ကြၽန္ေတာ္ တကယ္ မေသာက္ႏိုင္လို႔ပါ..”

ပိုင္ရိက မ်က္လႊာခ်လိုက္သည္။ သူ၏အျပဳအမူက ယဥ္ေက်းသိမ္ေမြ႕ေနေတာ့သည္။ ပါးပါးခ်န္ကလည္း သူတို႔ကို အျပစ္တင္ရန္ စိတ္ကူးမရွိ။ သူက အၿပဳံးမပ်က္ဘဲ ခ်င္က်ိကို လွမ္းေမးသည္။ : “မင္းေရာ..?”

“မတိုက္ဆိုင္လိုက္တာ အန္ကယ္ရယ္..” ခ်င္က်ိက အားနာေနသည့္ အၿပဳံးျဖင့္.. : “ကြၽန္ေတာ္လည္း အရက္နဲ႔ မတည့္ဘူး..”

ခ်န္က်စ္ခ်ဴး၏ လႈပ္ရွားမႈက ရပ္တန႔္သြားၿပီး ေဘးမွာရွိေနသည့္ လူႏွစ္ေယာက္ကို မေနႏိုင္စြာ လွည့္ၾကည့္လိုက္မိ၏။

ပိုင္ရိေရာ၊ ခ်င္က်ိေရာ အရက္နဲ႔မတည့္ဘူး။ ဒါက တိုက္ဆိုင္႐ုံသပ္သပ္လား၊ ဒါမွမဟုတ္ လူတစ္ေယာက္တည္း ျဖစ္ေနလို႔လား..?‌

အရက္ႏွင့္မတည့္သည့္ အခ်က္ကို အမ်ားႀကီး မစဥ္းစားေနေသာ္လည္း ထူးဆန္းသလို ခံစားေနရသည္။ ေနာက္ဆုံးေတာ့ ဝိညာဥ္အစိတ္အပိုင္းမ်ားၾကားမွ တူညီခ်က္တစ္ခုကို ရွာေတြ႕ခဲ့ေလၿပီ။

“အဲတာဆို ရွီရွင္းကပဲ ငါနဲ႔အတူ ေသာက္ေပးပါဦး..” ပါးပါးခ်န္က ၿပဳံးလိုက္ရင္း.. : “ငါ့သားလည္း မေသာက္ႏိုင္လို႔  ပုံမွန္ဆို တစ္ေယာက္တည္း ေသာက္ေနရတယ္ေလ.. တကယ္ပ်င္းဖို႔‌ေကာင္းတယ္.. နည္းနည္းေလာက္ ပိုေသာက္ေပးေပါ့ကြာ..”

“ကိစၥမရွိပါဘူး..” ပိုင္ရွီရွင္းက ၿပဳံးလိုက္သည္။

“လူငယ္ေလးေတြ အရက္၊ ေဆးလိပ္စြဲမေနတာ ေကာင္းတဲ့ကိစၥပဲ..” မားမားခ်န္က အၿပဳံးေလးျဖင့္ ဝင္ေျပာသည္။ : “သားတို႔ မ်ားမ်ားထည့္စားေနာ္..”

ပိုင္ရိေရာ၊ ခ်င္က်ိပါ အၿပဳံးျဖင့္ ျပန္လည္တုံ႔ျပန္၏။ ခ်န္က်စ္ခ်ဴးက ထမင္းပန္းကန္လုံးကို ကိုင္ၿပီး ပုံမွန္အတိုင္း လည္ပတ္ေနသည့္ သူ၏အိမ္ေလးကို ၾကည့္မိသည္။ ပိုင္ရိက သူ႔ကို အေဖာ္ျပဳေပးေနၿပီး သူ၏ မိသားစုႏွင့္အတူ ထမင္းစားေနသျဖင့္ ေလထုအေျခအေနက အလြန္ေႏြးေထြးေနေတာ့သည္။ မသိလွ်င္ အေစာပိုင္းျဖစ္ပ်က္ခဲ့သမွ်က စိတ္ကူးပုံရိပ္ပမာ…

ခ်န္က်စ္ခ်ဴးက ပိုင္ရိကို တိတ္တိတ္ေလး ခိုးၾကည့္၏။ ပိုင္ရိကလည္း သူ႔ကို လွည့္ၾကည့္လာသျဖင့္ ႏွစ္ေယာက္သား အၾကည့္ခ်င္းစုံၿပီး ခ်န္က်စ္ခ်ဴးမွာ ရင္ခုန္သံျမန္လာေတာ့သည္။ ထို႔ေနာက္ ရွက္အမ္းအမ္းျဖင့္ အၾကည့္လႊဲလိုက္သည္။

ပိုင္ရိက တည္တည္ၿငိမ္ၿငိမ္ပင္။ သူ၏ မ်က္ဝန္းထဲတြင္ စိတ္လႈပ္ရွားေနသည့္ အရိပ္အေယာင္မ်ိဳး လုံးဝမရွိ။ သို႔ေသာ္ ဟင္းယူရန္ လက္ဆန႔္လိုက္သည့္အခ်ိန္ သူ၏လက္ဖမိုးက ခ်န္က်စ္ခ်ဴး၏ လက္ကို မေတာ္တဆလိုလို ပြတ္တိုက္သြားသည္။ ထိုအျပဳအမူေလးမွ ခ်စ္ၾကည္ႏူးတစ္တီတူးသည့္ အရိပ္အႁမြက္တခ်ိဳ႕ ေဆာင္ယူလာေလသည္။

ခ်န္က်စ္ခ်ဴးတစ္ေယာက္ ရွက္ေသြးျဖာသြားသည္။ တူကိုင္ထားသည့္လက္ပင္ တုန္ယင္လာၿပီး လြတ္က်လုမတတ္….

“မင္း ပုစြန္ႀကိဳက္တာ ကိုယ္ မွတ္မိပါေသးတယ္.. ဟုတ္တယ္မလား..?” ေဘးမွာထိုင္ေနသည့္ ခ်င္က်ိက ႐ုတ္တရက္ ၿပဳံးၿပဳံးရယ္ရယ္ျဖင့္ ဟင္းခပ္တူကို သုံးၿပီး ခ်န္က်စ္ခ်ဴးအတြက္ ပုစြန္တခ်ိဳ႕ယူကာ ထမင္းပန္းကန္ထဲ ထည့္ေပးသည္။ : “ဒီမွာ.. မ်ားမ်ားစား..”

“ဘယ္လိုသိတာလဲ..?” ခ်န္က်စ္ခ်ဴးက မ်က္လုံးအျပဴးသားျဖင့္ ခ်င္က်ိကို ေမာ့ၾကည့္လိုက္သည္။

“မင္းအေၾကာင္း အကုန္သိၿပီးသား..” ခ်င္က်ိက ေအးေအးေဆးေဆး ျပန္ေျဖသည္။ သို႔ေသာ္ သူ၏ စကားလုံးမ်ားက ဟိုလိုလိုသည္လိုလို အဓိပၸါယ္မ်ိဳး သက္ေရာက္ေနသျဖင့္ ခပ္ျမန္ျမန္ ဆက္ေျပာသည္။ : “သူငယ္ခ်င္းအခ်င္းခ်င္းပဲ.. မင္းအႀကိဳက္ကို သိတာေပါ့..”

“က်စ္ခ်ဴး.. ဟင္းရည္ယူမလား..?”

ခ်န္က်စ္ခ်ဴး၏ ဘယ္ဘက္တြင္ ထိုင္ေနသည့္ ပိုင္ရိက အၿပဳံးေလးျဖင့္ ေမးသည္။ သို႔ေသာ္ သူ၏အၾကည့္က ခ်င္က်ိထံသို႔ ေရာက္ေနၿပီး အလြန္တရာ ေအးစက္ေနေတာ့သည္။

ခ်င္က်ိက ဘာမွဝင္မေျပာေပ။ ပုစြန္အခြံခြာၿပီး ခ်န္က်စ္ခ်ဴး၏ ပန္းကန္ထဲ ထည့္ေပးေနသည္။ ၿပီးမွ ေျပာလာသည္။

“ထပ္လိုခ်င္ေသးရင္ ကိုယ့္ကိုေျပာေနာ္.. ထပ္ခြာေပးမယ္..”

“…………”

ခ်န္က်စ္ခ်ဴးခမ်ာ ထိုႏွစ္ေယာက္ၾကားတြင္ ညပ္ေနၿပီး နဖူးေပၚ၌ ေခြၽးေစးမ်ားပင္ စီးက်ေနေခ်ၿပီ။ ေလထုအေျခအေနက တစ္ခုခုထူးဆန္းေနသလို ခံစားေနရသည္။

“ဒီကေလးေတြ ယဥ္ေက်းလိုက္တာ.. က်စ္ခ်ဴးကိုခ်ည္းပဲ ထည့္ေပးမေနနဲ႔.. မင္းတို႔လည္း စားၾကဦး..”

မားမားခ်န္က အၿပဳံးေလးျဖင့္ ဝင္ေျပာ၏။ ကံေကာင္းေထာက္မစြာျဖင့္ လူႀကီးႏွစ္ေယာက္က မ်ားမ်ားစားစား ေလွ်ာက္မေတြးဘဲ ‘ဒီကေလးေတြ အရမ္းခင္ၾကတာပဲ..’ ဟူ၍သာ ေတြးထင္ေနၾကေလသည္။

သူမက လိေမၼာ္ရည္ခြက္ကို ကိုင္ကာ တစ္ငုံေသာက္ၿပီးေနာက္ ေပါ့ေပါ့ပါးပါး ေမးလာသည္။ : “သားတို႔ႏွစ္ေယာက္လုံး ႐ုပ္ေခ်ာၿပီး စိတ္ထားေလးေတြ ေကာင္းလိုက္ၾကတာ.. ခ်စ္သူရွိေနၿပီလား..?”

“အဟြတ္.. အဟြတ္.. အဟြတ္..”

ဟင္းရည္ေသာက္ေနသည့္ ခ်န္က်စ္ခ်ဴးပင္ အံ့ဩလြန္း၍ သီးသြားရသည္။ သူ၏အေမကို မ်က္လုံးအျပဴးသားျဖင့္ ေမာ့ၾကည့္ရင္း သူ၏ရင္ထဲ သတိကပ္သြားသည္။

သူ႔အေမက ဘာေျပာခ်င္ေနတာလဲ..?!

“မရွိေသးပါဘူး..” ခ်င္က်ိက ၿပဳံးလိုက္ရင္း.. : “ဒါေပမဲ့ ႀကိဳက္ေနတဲ့လူေတာ့ ရွိတယ္.. ကြၽန္ေတာ့္ကို အခုထိ အေျဖျပန္မေပးေသးဘူးေလ..”

“အို.. မင္းကိုမလိုခ်င္တဲ့ မိန္းကေလးက ရွိေသးတယ္လား..?” မားမားခ်န္က အံ့ဩသြားဟန္ျဖင့္.. : “ဒီေလာက္ေကာင္းတဲ့ ကေလးကို ဘယ္လိုလုပ္ၿပီ..”

“ခ်ီးမြမ္းလြန္းေနပါၿပီ.. ကြၽန္ေတာ္က အဲ့ေလာက္မေကာင္းပါဘူး..” ခ်င္က်ိက မ်က္လႊာခ်ၿပီး ခ်န္က်စ္ခ်ဴးကို တစ္ခ်က္ၾကည့္သည္။ ၿပီးေနာက္ သက္ျပင္းခ်ကာ.. : “သူလည္း အန္တီ့လိုေတြးရင္ သိပ္ေကာင္းမွာပဲ.. တစ္ဘဝလုံး သူ႔တစ္ေယာက္တည္းကိုပဲ ခ်စ္ေတာ့မယ္.. သူ ျပန္မႀကိဳက္ရင္ တစ္သက္လုံး လူပ်ိဳႀကီးျဖစ္ရေတာ့မယ္ ထင္ပါရဲ႕..”

ခ်န္က်စ္ခ်ဴးလည္း ခ်င္က်ိ၏အၾကည့္ကို ေရွာင္ေန႐ုံသာ တတ္ႏိုင္ခဲ့သည္။

“ဘယ္ေလာက္လိမၼာလိုက္တဲ့ ကေလးလဲ..” မားမားခ်န္က ဝမ္းနည္းဖြယ္ဇာတ္လမ္းတခ်ိဳ႕ကို ျပန္ေတြးရင္း ပိုင္ရိကို ဆက္ေမးသည္။ “သားကေရာ..?”

“ခ်စ္သူဆီက အေျဖရထားတာ သိပ္မၾကာေသးပါဘူး..” ပိုင္ရိ၏ ႏႈတ္ခမ္းေထာင့္က တြန႔္ေကြးသြားၿပီး ႏူးညံ့စြာ ၿပဳံးလိုက္သည္။ သူ၏အသံက ေႏြးေထြးေနၿပီး.. : “ကြၽန္ေတာ္ အရမ္းေပ်ာ္ေနတာ.. ဒါက စိတ္ကူးယဥ္ေမွ်ာ္လင့္ခဲ့ရတဲ့ အိပ္မက္တစ္ခုပဲေလ.. သူ႔ကို တိတ္တိတ္ေလး ခိုးခ်စ္ခဲ့ရတာ ၁၀ ႏွစ္မကဘူး..”

“……….”

ခ်င္က်ိ၏ မ်က္ႏွာေပၚမွအၿပဳံးသည္ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားၿပီး ပိုင္ရိအား စိန္းစိန္းဝါးဝါး လွည့္ၾကည့္လာသည္။ အခန္း၏ ေလထုအေျခအေနက ခ်က္ခ်င္း ေျပာင္းလဲသြားသည္။

“အာ… အန္တီ.. ကြၽန္ေတာ္ကေတာ့ စင္ဂယ္ပဲရွိေသးတယ္.. ခ်စ္ရတဲ့လူလည္း မရွိဘူး..”

ေလထုအေျခအေန သိပ္မေကာင္းေတာ့တာေၾကာင့္ ပိုင္ရွီရွင္းက ကမန္းကတန္း ဝင္ေျပာသည္။ : “ကြၽန္ေတာ္လိုခ်င္တဲ့အခ်က္က သိပ္မမ်ားဘူး.. စကားေျပာရအဆင္ေျပၿပီး လိုက္ေလ်ာညီေထြေနတတ္ရင္ ရပါၿပီ.. အန္တီ အဆင္ေျပတဲ့လူေတြ႕ရင္ ကြၽန္ေတာ္နဲ႔ မိတ္ဆက္ေပးပါေနာ္.. ေသေသခ်ာခ်ာ သြားေတြ႕ၾကည့္ပါ့မယ္..”

“အာ… အင္း.. အဲ့လိုလား.. ဟုတ္ပါၿပီ.. အန္တီ သားအတြက္ ရွာၾကည့္ေပးမယ္..”

မားမားခ်န္လည္း တစ္ခုခုမူမမွန္တာကို သတိထားမိသျဖင့္ ကပ်ာကယာ ၿပဳံးရင္း ဆက္ေျပာသည္။ : “ဟုတ္ပါၿပီ.. မ်ားမ်ားစားၾကေနာ္. အန္တီခ်က္ထားတဲ့ ငါးဟင္းက ဘယ္လိုေနလဲ……..”

ခ်န္လင္းလင္းက ထမင္းစားရင္း စကားမေျပာဘဲ သူမ၏အစ္ကိုႏွင့္ ေဘးတစ္ဖက္တစ္ခ်က္စီမွာ ထိုင္ေနသည့္ လူႏွစ္ဦးကို အကဲခတ္ေနသည္။

ၾကည့္ေလ ၾကည့္ေလ၊ ဒီသုံးေယာက္ရဲ႕ ဆက္ဆံေရးက သူငယ္ခ်င္းဆက္ဆံေရးမ်ိဳး မဟုတ္ေလာက္ဘူးလို႔ ခံစားလာရေလပဲ။ မစၥတာပိုင္ရိက ခ်စ္သူရွိေၾကာင္း ေျပာလိုက္တဲ့အခ်ိန္ မစၥတာခ်င္က်ိရဲ႕ မ်က္ႏွာအမူအရာက သိပ္မေကာင္းေတာ့ဘူး။ ဧကႏၲ…. မစၥတာပိုင္ရိက မစၥတာခ်င္က်ိ ႀကိဳက္ေနတဲ့လူကို ျဖတ္ခုတ္သြားတာလား..?

ၿပီးေတာ့ သူ႔(မ)အစ္ကိုေရာပဲ။ အမူအရာက ပုံမွန္မဟုတ္ဘူး။ ဘာေတြျဖစ္ေနတာပါလိမ့္… ဒီအစ္ကိုႀကီးႏွစ္ေယာက္က သူ႔(မ)အစ္ကိုကို ႀကိဳက္ေနတာမ်ားလား..?

သူတစ္ပါးအေၾကာင္း ေလွ်ာက္ၿပီးခန႔္မွန္းတာ မေကာင္းမွန္းသိေသာ္လည္း မိန္းမငယ္ေလးမွာ မရပ္တန႔္ႏိုင္ခဲ့ေပ။ သို႔ႏွင့္ သူမ၏ စပ္စုခ်င္စိတ္က အထြတ္အထိပ္ေရာက္လာခ်ိန္ တိုက္ခန္းအျပင္မွ တံခါးေခါက္သံတခ်ိဳ႕ ထြက္ေပၚလာသည္။ ေနာက္ထပ္ဧည့္သည္တခ်ိဳ႕ ထပ္ေရာက္လာပုံပင္။

“လာၿပီ..”

တံခါးႏွင့္ အနီးဆုံးျဖစ္သည့္ ခ်န္လင္းလင္းက ကပ်ာကယာ ေျပးသြားၿပီး တံခါးဖြင့္ၾကည့္လိုက္သည္။ သို႔ေသာ္ မည္သူမွ်မရွိ။ ေလေအးတစ္ခ်က္ ေဝ့တိုက္လာၿပီး စိမ့္ခနဲ ခံစားလိုက္ရသျဖင့္ တံခါးကို အျမန္ျပန္ပိတ္လိုက္သည္။

“ဘယ္သူလဲ..? ေရခြန္မီးခြန္ လာေကာက္တာလား..?” ပါးပါးခ်န္က ေမးသည္။

“အျပင္မွာ ဘယ္သူမွမရွိဘူး.. အခန္းမွားတာထင္တယ္..” ေကာင္မေလးက ေခါင္းယမ္းၿပီး သူမ၏ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္။

သို႔ေသာ္ ခ်န္က်စ္ခ်ဴးကေတာ့ တစ္ခုခုဝင္လာတာကို ျမင္လိုက္ရေလသည္။ သူတစ္ဦးတည္းမဟုတ္၊ ပိုင္ရိ၊ ပိုင္ရွီရွင္းႏွင့္ ခ်င္က်ိလည္း သတိျပဳမိခဲ့သည္။

သတို႔သားႏွင့္ က်န္ဝိညာဥ္ခြဲမ်ား ေရာက္လာေခ်ၿပီ။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 86)

က်စ္ခ်ဴးရဲ႕အိမ္ကို သြားလည္ဖို႔ စိတ္ကူးယဥ္ဖူးတယ္။ ဒါေပမဲ့ သိပ္မၾကာခင္ ေရာက္သြားရလိမ့္မယ္လို႔ မထင္ထားဘူး။

….. ၿပီးေတာ့ ေဒါသလည္း ထြက္ခဲ့ရတယ္။

……………………………..

TN : ဒီအခန္းဖတ္ၿပီးေတာ့ သတိထားမိတာေလးရွိတယ္။ ပိုင္ရိကေလ ပင္ကိုဗီဇအရ ေအးစက္စက္ဆိုေပမယ့္ သူ႔ညီေလးပိုင္ရွီရွင္းကိုေတာ့ မသိမသာ အေလးထားတယ္ေနာ္။ ျပန္ေတြ႕တုန္းကလည္း 'မင္းငိုတာ နားဝင္ဆိုးတယ္.. မငိုနဲ႔'တဲ့။ သူ႔ညီေလးကို မငိုေစခ်င္ဘူး။ သတို႔သားကလည္း ကိုယ္ေယာင္ေဖ်ာက္ထားေပမယ့္ ျမင္ရတဲ့လူေတြထဲ သူ႔ညီေလးကို ခ်န္မထားဘူး။ အရမ္းခ်စ္ဖို႔ေကာင္းတယ္ေနာ္။

……………………………..

Continue Reading

You'll Also Like

116K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...
88.9K 8.1K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...