အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

146K 4.3K 268

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 60🍁

987 35 2
By MoeKyalPhyu14

[Unicode]

ခွန်းဆက်၊ သော်တာ၊ လင်းသာနဲ့ ကောင်းထက်တို့ ၄ယောက် တရားရုံးရှေ့တွင် ရှိသော အအေးဆိုင်တစ်ဆိုင်တွင် ဒုရဲအုပ်ထက်ပိုင်နဲ့ အတူရှိနေကြသည်။

"သူတို့တွေ ထောင်ဒဏ် ဘယ်နှနှစ်လောက် ကျနိုင်လောက်လဲ ဆရာ"

သော်တာက မေးလိုက်ခြင်းဖြစ်သည်။ ခွန်းဆက်တို့ကလည်း သိချင်နေသော မေးခွန်းဖြစ်သည်ကြောင့် ဆိတ်ဆိတ်ငြိမ်သက်လျှက် နားစွင့်နေသည်။

"သေဒဏ်မဟုတ်ရင်တော့ တစ်သက်တစ်ကျွန်းပဲ"

ဒုရဲအုက်ထက်ပိုင်က သော်တာ့အမေးကို ပြတ်သားစွာ ပြန်ဖြေသည်။ သူ့စကားကြောင့် သော်တာတို့လည်း ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။ ရာဇ၀တ်ဘေး ပြေးမလွတ်ဆိုသည့်အတိုင်း ပြစ်မှုကျူးလွန်သူများက ထိုက်တန်သည့် အပြစ်ကို ခံစားရတော့မည် ဖြစ်သည်။

ဒုရဲအုပ်ထက်ပိုင်၏ အတွေးတို့သည်လည်း တရားခံများအား စစ်မေးနေသည့်အချိန်ကို ပြန်လည်ရောက်ရှိသွားကာ နှုတ်ခမ်းစွန်းတို့က ကော့တက်သွားတော့သည်။ ဌေးသစ္စာတို့အားစစ်ဆေးခဲ့ရာတွင် တစ်ယောက်ကိုတစ်ခန်းစီထားကာ တူညီသောမေးခွန်းများကို မေးခဲ့သည်။ တူညီသောမေးခွန်းများ ဖြစ်သော်လည်း ပြန်ဖြေလာသည့်အဖြေများက ကွဲပြားနေကြကာ ဖုံးသူကဖုံး ဖော်သူကဖော်ရင်းနှင့် နောက်ဆုံးတွင် အဖြစ်မှန်များက ဘူးပေါ်သလိုပေါ်လာကာ အမှုကိုဝန်ခံလိုက်သလို ဖြစ်သွားခဲ့ကြသည်ကြောင့်ပင်။

ဒုရဲအုပ်ထက်ပိုင်လည်း သူ့စိတ်ထဲ အရင်ကမတင်မကျဖြစ်ခဲ့သော အမှုအား တရားမျှတအောင် ဖော်ထုတ်နိုင်ပြီ ဖြစ်သည့်အတွက် ရဲအရာရှိတစ်ယောက် အနေနှင့် စိတ်ထဲလန်းဆန်းလို့နေသည်။သို့နှင့် အမှုကိစ္စနဲ့ပတ်သတ်ပြီး အချိန်အတော်ကြာ စကားများပြောပြီးနောက် လူစုခွဲကာ တရားရုံးထဲသို့ ၀င်သွားခဲ့ကြသည်။

တရားခံများ၏ ကိုယ်တိုင်ထွက်ဆိုချက်များ၊ အမှုဖြစ်စဉ်ရှိခဲ့သည့် အဓိက မျက်မြင်သက်သေ မျိုးနိုင်၏ တိကျသော ထွက်ဆိုချက်များကြောင့် ဦးဟိန်းလင်းလျာ၊ ဦးဌေးသစ္စာနဲ့ ဒေါ်ရွှေအိနြေ္ဒတို့က ထောင်ဒဏ်တစ်သတ်တစ်ကျွန်း၊ အမှုတွင် ကြံရာပါဖြစ်ကာ ဖုံးကွယ်ပေးခဲ့သော မျိုးနိုင်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်၂၀ ကိုယ်စီ ဒဏ်ချခံရသည်။

ခွန်းဆက်လည်း မိခင်ဖြစ်သူနှင့် ချစ်ရသူ၏ မိဘများအတွက်ပါ အမှန်တရားပေါ်ပေါက်အောင် ပြုလုပ်ပေးနိုင်ခဲ့ပြီး အပြစ်သားများအား အပြစ်ပေးနိုင်ခဲ့သည်ကြောင့် ရင်ထဲဝမ်းသာမိသော်လည်း နှစ်ရှည်လများ မိခင်အဖြစ်သိရှိထားကာ သံယောဇဉ်တွယ်ခဲ့သော ဒေါ်အိနြေ္ဒအတွက် ၀မ်းနည်းမိသည်။ သော်တာနှင့် လင်းသာတို့လည်း သူငယ်ချင်းဖြစ်သူအတွက် အမှန်တရားကို ယူပေးနိုင်ခဲ့သည်ကြောင့် အတိုင်းမသိဝမ်းသာနေမိသည်။

တရားခံမျာအားး မခေါ်ဆောင်သွားမှီ အချိန်တွင် ခွန်းဆက် ဒေါ်အိနြေ္ဒအနားသို့ သွားလိုက်သည်။ ဒေါ်အိနြေ္ဒ၏ရှေ့တွင် ခြေစုံရပ်လိုက်တော့ သူ့အားမော့ကြည့်လာသော မျက်နှာက စိတ်ပင်ပန်းမှုကြောင့် မျက်တွင်းများချောင်ကျကာ နွမ်းနယ်လို့နေသည်။

"Mommy "

ခွန်းဆက်၏ ခေါ်သံကိုကြားလိုက်ရသော ဒေါ်အိနြေ္ဒက ထင်မှတ်မထားသည်ကြောင့် အံ့ဩသွားကာ မျက်ဝန်းများပြူးကျယ်လို့သွားပြီး နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်ရီလာသည်။ ထို့အပြင် မျက်ဝန်းတို့တွင်လည်း မျက်ရည်တို့ ရစ်သိုင်းလာသည်။ ခွန်းဆက် ထိုသည်ကိုကြည့်ပြီး ရင်ဘက်ထဲကနာကျင်ရသည်။ သူသိတာပေါ့။ mommy လည်း သူ့ကိုချစ်ခဲ့သည်ဆိုတာ။

"ကျေးဇူးတင်ပါတယ်...သားရဲ့အမေ ဖြစ်ပေးခဲ့လို့... "

ခွန်းဆက် ပြောလိုက်သော စကားကြောင့် အိနြေ္ဒတစ်ယောက် မျက်ရည်တို့ ပြိုကျရတော့သည်။ ရွှေစင့်သားမှန်းသိပေမယ့် ဒီကလေးကို သူမ မမုန်းခဲ့။ ငယ်စဉ်က ချစ်စဖွယ်အမှုအရာလေးနဲ့ကလေးကြောင့် သံယောဇဉ်တွယ်မိမည်စိုးကာ ခပ်ခွာခွာနေခဲ့ပြီး ဆူပူကြိမ်းမောင်းခဲ့သော်လည်း ထိုကလေးက သူမကို ကပ်တွယ်ခဲ့သည်။ ခွန်းဆက်ကိုမြင်တိုင်း ရွှေစင်ကို မြင်ယောင်မိလာသည်ကြောင့် ကလေးနဲ့ဝေးနိုင်သမျှဝေးအောင် နေခဲ့သည်။ သို့ပေမယ့် ခွန်းဆက်က သူ့အား မစိမ်းသွားခဲ့။ မာယာ့ကိုမွေးပြီးနောက်ပိုင်း ခွန်းဆက်ကိုကြည့်ကာ သားသမီးချင်းကိုယ်ချင်းစာမိလာသည်ကြောင့် ခွန်းဆက်အပေါ် မေတ္တာစစ်တို့ပေးကာ သားအရင်းပမာ ဆက်ဆံခဲ့သည်။

သို့သော်လည်း သူခွန်းဆက်ကို သားကဲ့သို့ချစ်လာပြီးမှ မဟာနဲ့ ခဏခဏ ရန်ဖြစ်ရတော့သည်။ အရင်က မဟာနဲ့အတူနေရင် ပျော်ရွှင်လိမ့်မည်ဟုတွေးထားခဲ့သော်လည်း ရွှေစင်ကလွဲရင် အခြားသူတစ်ယောက်ကို ထပ်မချစ်နိုင်တော့ပုံရသည့်မဟာက သူ့အားလက်ဖျားနဲ့တောင် မထိခဲ့။ အိမ်ထောင်ရေးတွင်လည်း သူငယ်ချင်းသံယောဇဉ်သာရှိပြီး အချစ်နဲ့နွေးထွေးမှုတို့ မရှိသည်ကြောင့် အမြဲပင် ကတောက်ကဆဖြစ်ရသည်။ ထိုအချိန်များတွင် ခွန်းဆက်က သူ့ရဲ့  စိတ်တုိ့ အေးငြိမ်ရာလေး ဖြစ်ခဲ့သည်။

အိနြေ္ဒသူ့ရှေ့မှ ခွန်းဆက်ကိုကြည့်ကာ ခွန်းဆက်မျက်နှာဆီ လက်လှမ်းလိုက်ရင်း ငိုကြွေးလာသည်။

"သား...mommy သားလေး..."

ခွန်းဆက်လည်း ဒေါ်အိနြေ္ဒ၏ လက်ကိုယူကာ သူ့မျက်နှာဆီနေရာ ချပေးလိုက်ကာ မျက်ရည်တို့စီးကျလာသည်။ သားအမိနှစ်ယောက်ကိုကြည့်နေသော ကျန်လူများကလည်း မျက်ရည်တို့လည်လာကြသည်။

"mommy တောင်းပန်ပါတယ် သား"

"Mommy နောင်တရလား...လုပ်ခဲ့တာတွေအတွက် နောင်တရခဲ့လား mommy "

ခွန်းဆက် အမေးကြောင့် ဒေါ်ရွှေအိနြေ္ဒ ခွန်းဆက်မျက်နှာကို စိုက်ကြည့်လာပြီး

"မှားခဲ့တယ်ဆိုတာ သိပေမယ့် နောင်တမရဘူး...mommy သာ အဲ့လိုမလုပ်ခဲ့ရင် မင်းအဖေကို ပိုင်ဆိုင်ခွင့်ရခဲ့မှာ မဟုတ်ဘူး"

"ဒါပေမယ့် mommy မပျော်ရွှင်ခဲ့ရဘူးမလား"

သူ့စကားကြောင့် mommy က ပြုံးကာ သူ့အားစိုက်ကြည့်နေပြီး ဘာမှထပ်မပြောတော့ပေ။ ခွန်းဆက်လည်း ဘာစကားမှမပြောပဲ ဒေါ်ရွှေအိနြေ္ဒကိုသာ စိုက်ကြည့်နေတော့သည်။ ရဲများက ဒေါ်ရွှေအိနြေ္ဒအား သူ့ရှေ့မှ ခေါ်ထုတ်သွားသည်အထိ ခွန်းဆက် ရပ်ကြည့်နေမိသည်။ ခဏအကြာမှ သော်တာက ခွန်းဆက် ပုခုံးကို ပုတ်လာပြီး

"ပြန်ရအောင်...မာန် နိုးနေရင် မင်းကိုရှာနေလိမ့်မယ်"

ခွန်းဆက်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်ရည်တို့ကို သုတ်ဖယ်လိုက်ကာ သော်တာတို့နဲ့အတူ တရားရုံးထဲမှ ထွက်ခဲ့တော့သည်။

အမှန်တရားသည် တစ်နေ့မုချ ပေါ်ပေါက်လာမည်ဆိုသည့်အတိုင်း အမှန်တရားနှင့် လောက၏ဒဏ်ခက်မှုကြောင့် ရာဇ၀တ်သားတို့မှ ထောင်ထဲတွင် အရိုးဆွေးသည်အထိ ဘ၀ကိုကုန်ဆုံးရတော့မည်ပင် ဖြစ်သည်။

**********

သုံးလခန့်ကြာပြီးနောက်။

မာယာနှင်းဆီ ဖခင်ဖြစ်သူအား ထောင်ဝင်စာလာတွေ့နေခြင်းဖြစ်သည်။ ရုတ်ခြည်းပြောင်းလဲသွားသော အဖြစ်အပျက်များကို သူမ နားလည်အောင် ကြားထဲတွင် အချိန်အတော်ကြာယူခဲ့ရသည်ကြောင့် အခုမှလာတွေ့ရခြင်းဖြစ်သည်။

ဖြစ်ခဲ့သမျှတို့အား သုံးသပ်ပြီးနောက် အဆုံးသတ်တွင် သူသိလိုက်သည်က အလင်္ကာမုန်းမာန်သည် သူဘ၀၏ နတ်ဆိုးဖြစ်သည်ကိုပင်။ သာယာနေသော သူမဘ၀အား ကံဆိုးမှုများစွာ ကျရောက်စေခဲ့သည့် နတ်ဆိုး။ ကိုကိုနဲ့ daddyအား သူ့ဘ၀ထဲမှ ဆွဲထုတ်သွားခဲ့သည့် နတ်ဆိုး။ အလင်္ကာမုန်းမာန်ကို အသည်းထဲကနေကို သူသေလောက်အောင် မုန်းပါသည်။

"သမီးလေး"

မာယာအတွေးများနေစဉ် ထွက်ပေါ်လာသော အသံကြောင့် မော့ကြည့်လိုက်သည်။ မှန်တစ်ဖက်ခြမ်းမှ မြင်လိုက်ရသည့် မြင်ကွင်းက သူ့အား မျက်ရည်ဖြိုင်ဖြိုင်ကျစေသည်။ သူမ မမှတ်မိလောက်အောင်ပင် ဖခင်ဖြစ်သူက ပြောင်းလဲသွားခဲ့သည်။ မျက်တွင်းဟောက်ပတ်၊ ချောင်ကျနေသော မျက်နှာ၊ ပိန်လှီနေသော ကိုယ်ခန္ဓာ။ယခင်က ချောမောမှုတို့က သုံးလအတွင်း အစရှာမရအောင် ပျောက်ဆုံးသွားခဲ့သည်။ ဖခင်တစ်ယောက်အား ထိုပုံစံကို မြင်ရသည်က သမီးဖြစ်သူ သူမအတွက် နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင်ကျသလို နာကျင်လွန်းလှသည်။

"သမီးလေး နေကောင်းလား"

မာယာ ခေါင်းညိတ်ပြမိလားမသိ။ ပြောင်းလဲသွားသော ဖခင်ဖြစ်သူကိုသာ ငေးစိုက်ကြည့်နေမိသည်။

"သမီးလေး ထမင်းပုံမှန်မစားဘူးလား...ပိန်သွားလိုက်တာကွယ်"

သူမအားကြည့်ကာ ပြုံးရင်းပြောနေသော ဖခင်ဖြစ်သူက သူကိုယ်တိုင်ကရော ပိန်သွားသည်ကို သတိမထားမိဘူးလားမသိ သူမအား တစ်ဖန်ပြန်၍ စိုးရိမ်းပေးနေသည်။ မာယာ ဘာမှမပြောပဲ ဖခင်ကို ကြည့်နေမိသည်။ ဖြစ်နိုင်လျှင် အခုချက်ချင်းပင် ဖခင်အား ထိုအခန်းထဲက ခေါ်ထုတ်သွားချင်မိသည်။

"သမီးကို daddy ပြောစရာရှိတယ်"

"....."

"သမီးငယ်ငယ်က မေးဖူးတယ်မလား...သမီး အမေက ဘယ်သူလဲဆိုတာ"

မာယာခေါင်းညိတ်ပြလိုက်သည်။ ထိုစကားကိုတော့ သူစိတ်ဝင်စားပါသည်။ မိခင်မရှိ၍ သူငယ်ချင်းများကြားတွင် အမြဲအလှောင်အပြောင်ခံနေခဲ့ရသည်ကြောင့် မိခင်ဖြစ်သူဘယ်သူလည်းဆိုတာကို သူမသိပ်သိချင်ပါသည်။ ဟိန်းလင်းလျာ သမီးဖြစ်သူမျက်နှာအား ကြည့်ကာ ပြုံးလိုက်ရင်း

"သမီးကလေ သူနဲ့သိပ်တူတာ...မျက်လုံး မျက်ခုံး..."

"သမီး အမေက ဘယ်သူလဲ daddy "

"သမီး စိတ်ကို အေးအေးထားနော်"

မာယာ နောက်ထပ်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

"အင်း သမီးအမေက သမီးရဲ့အန်တီ ရွှေအိနြေ္ဒပဲ"

"ရှင်"

မာယာ ဆွံ့အသွားရသည်။

အန်တီက ဘယ်လိုလုပ်ပြီး သူ့အမေ ဖြစ်ရမှာလဲ...မဖြစ်နိုင်တာ.....

သူ့အတွေးကို သိနေသည့်အလား daddy ကထပ်ပြောလာသည်။

"ဟုတ်တယ် သမီး...သမီးကို မွေးခဲ့တဲ့သူက ရွှေအိနြေ္ဒ"

"ဟင့်အင်း မဟုတ်ဘူး"

မာယာ ထိုအခန်းထဲမှ ပြေးထွက်လာမိသည်။ အထဲတွင် ဖခင်ဖြစ်သူ ဘယ်လိုကျန်ခဲ့လဲ မသိတော့။ သူ့စိတ်တွေ များစွာ ရှုပ်ထွေးနေသည်။ယခုလေးတင် သိလိုက်ရသောအသိတို့က သူ့အားတုန်လှုပ်သွားစေခဲ့သည်။ မာယာ့စိတ်ထဲ မည်သို့လုပ်ရမည်ကို မသိအောင်ပင် ရှုပ်ထွေးနောက်ကျိနေခဲ့သည်။

**********

တစ်ဖက်တွင်လည်း မာန်တစ်ယောက် ကုတင်ထက်ထိုင်ကာ တွေတွေလေးငေးမောနေသည်။ မာန့် စိတ်ကျန်းမာရေးက အလုံးစုံပြန်မကောင်းသေးသော်လည်း အသိစိတ်တို့က အတော်အသင့်ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။ တစ်ခါတစ်ခါ ကလေးတစ်ယောက်လိုစိတ်လွတ်သွားတတ်သည်မှလွဲရင် ကျန်တာအားလုံးပုံမှန်အတိုင်းပင်။

မာန် အရင်ကအကြောင်းများကိုလည်း အတော်အသင့်ပြန်မှတ်မိလာသည့်နေ့မှစ၍ ခွန်းဆက်အား သူ့နား အကပ်မခံတော့။ ခွန်းဆက်အပေါ်တွင် အပြစ်ရှိစိတ်နှင့် ချစ်ရသောအန်တီ်ဖြစ်သူ၏ သားကိုမှအသုံးချခဲ့မိခြင်းအပေါ်နောင်တတို့ရနေသည့်စိတ်ကြောင့် သူခွန်းဆက်နှင့် မျက်နှာချင်းပင်မဆိုင်တော့။ ဆေးရုံသို့ ခွန်းဆက်လာလျှင် မာန်မသိချင်ယောင် ဆောင်နေတတ်သည်။ သူထိုသို့ပြုမူတိုင်းတွင်လည်း ခွန်းဆက်မျက်နှာပျက်သွားတတ်သည်။ မျက်ဝန်းနက်တို့တွင်လည်း မျက်ရည်များ ဝေ့လာတတ်သည်။ ထိုသို့မြင်ရတိုင်းလည်း မာန်ရင်နာလှသည်။

ခွန်းဆက်အား သူ့ဆီမလာစေချင်သော်လည်း အချိန်တိုင်း မျှော်နေတတ်သူက သူပင်ဖြစ်သည်။ မာန် အခန်းတံခါးလေးကိုကြည့်နေရင်း သူ့စိတ်တို့က အတိတ်ကနေ့ရက်တစ်ရက်ဆီသို့ ပျံ့လွင့်သွားတော့သည်။ ထိုနေ့က သူတို့ဂေဟာ၏ ဆရာမကြီးက စာမေးပွဲပြီးသွား၍ စိတ်အပန်းပြေစေရန်အတွက် သူတို့အား ကစားကွင်းလိုက်ပို့ခဲ့သောကြောင့် သူတိူ့အားလုံး ကစားကွင်းထဲ၌ ကစားနေခဲ့ကြသည်။

Flashback start,

(A/N ဒီနေရာမှာ အလင်းဆည်းဆာကို မာန်လို့ပဲ သုံးနှုန်းသွားပါမယ်နော်...)

မာန် သူငယ်ချင်းများနဲ့အတူမကစားပဲ ကစားကွင်းထဲရှိ စမ်းချောင်းလေးဘေးနားတွင် ထိုင်နေရင်း စမ်းချောင်းထဲမှ ငါးလေးတွေကို သူ့လက်ထဲမှ ပေါင်မုန့်ခြောက်လေးအား ဖဲ့ကာ ကျွေးနေသည်။ သူကျွေးနေသော အစာများကို ငါးများက အလုအယက်စားသောက်နေသည်ကိုကြည့်ရင်း မာန် ပျော်နေမိသည်။ ထိုစဉ် သူနှင့် မလှမ်းမကမ်းက မြက်ခင်းပြင်တွင် ငြိမ်သက်စွာ လာထိုင်နေသော ကလေးလေးတစ်ယောက်ကို မာန် သတိပြုမိလိုက်သည်။ အခြားကလေးများ ပျော်ရွှင်စွာ ကစားနေသည်ကို ငေးစိုက်ကြည့်နေသည့် ထိုကလေးအား မာန်ကြည့်ရသည်မှာ အထီးကျန်လွန်းလှသည်။ ထို့ကြောင့် မသိစိတ်၏ လှုံ့ဆော်မှုဖြင့် ထိုကလေးအနားသို့ သွားလိုက်ကာ

"ကလေးလေး မင်း မကစားဘူးလား...မင်းသူငယ်ချင်းတွေလည်း ဆော့နေကြတယ်...မင်းရော မဆော့ချင်ဘူးလား"

မာန် ထိုသို့ပြောတော့ ထိုကလေးလေး၏ မျက်ဝန်းနက်လေးများက သူ့အားကြည့်လာသည်။ အချိန်အတော်ကြာအောင် ထိုကလေးက ဘာစကားမှမပြောပဲ မာန့်ကို ငေးစိုက်ကြည့်နေသည်ကြောင့်

"ဟိတ် ကလေးလေး ဘာတွေ ဒီလောက်ကြည့်နေတာလဲ...ကိုကို့ မျက်နှာမှာ တစ်ခုခုပေနေလို့လားဟင်"

မာန့်စကားကြောင့် ထိုကလေး မျက်နှာလေးက အလိုမကျသလို စူပုတ်သွားကာ

"ကျွန်တော် ကလေး မဟုတ်ဘူး"

ဘောက်ဆတ်ဆတ်နဲ့ ပြောလာသည့်အသံလေးကြောင့် မာန်ရယ်ချင်သွားရသည်။ နှုတ်ခမ်းလေးဆူက ကလေးမဟုတ်ကြောင်း ပြောလာသည့်ကလေးလေးက တကယ့်ကိုချစ်စရာကောင်းလွန်းနေခဲ့သည်။ အထူးသဖြင့် သူ့အားစိုက်ကြည့်နေသော မျက်ဝန်းနက်ကလေးများ။ မဟူရောင်ကဲ့သို့ နက်မှောင်နေကာ ရွှန်းစိုတောက်ပလို့နေသည်။ မာန်လည်း တစ်ချက်ပြုံးလိုက်ရင်း

"ဪ လူကြီးလေးပေါ့...ဒါဆို လာ ကိုကိုနဲ့ အတူတူသွားဆော့ရအောင်"

မာန် ထိုကလေးလက်ကိုဆွဲကာ ခေါ်သွားတော့သည်။ သူခေါ်သည်ကို ထိုကလေးက အငြင်းစကားမဆိုပဲလိုက်ပါလာခဲ့သည်။ နှစ်ယောက်သား အတူတူကစားကြရင်း ထိုကလေးက ညောင်းသွား၍ထင်သည် မြေပြင်ပေါ် ထိုင်ချကာ မာန့်ကိုကြည့်ရင်း ပြောလာသည်။

"ကိုကို ကျွန်တော် မောနေပြီ"

"အဲ့ဆိုလာ ကိုကို ရေခဲမုန့်ဝယ်ကျွေးမယ်"

မာန်လည်း ကလေးလက်အား ဆွဲကိုင်လိုက်ရင်း ရေခဲမုန့်သည်ရှိရာဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။ ကျောင်းမှ ဆုရထားသော ပိုက်ဆံဖြင့် မာန်ရေခဲမုန့်နှစ်ခုကို ဝယ်ကာ တစ်ခုအား ထိုကလေးဆီ ပေးလိုက်သည်။ ထိုကလေးအား တွေ့တွေ့ချင်းပင် စိတ်ထဲခင်တွယ်သွားခဲ့သည်မှာ ဘာကြောင့်လည်း မာန်စဉ်းစားမရခဲ့။ သို့နှင့် နှစ်ယောက်အတူ ရေခဲမုန့်စားနေစဉ် ကြယ်စင်က သူတို့အနား လျှောက်လာသည်။

"အလင်းဆည်းဆာ...ဆရာမကြီး ခေါ်နေပြီ ပြန်တော့မယ်တဲ့"

" ပြန်တော့မလို့လား"

မာန်လည်း  ထိုကလေးလေးဘက်လှည့်ကာ ကလေး၏ ဆံပင်များကို တစ်ချက်ဖွလိုက်ပြီးနောက်

"ကလေးလေး ကိုကိုပြန်ရတော့မယ်...သူငယ်ချင်းတွေနဲ့ ကောင်းကောင်းကစားနေနော်...တာတာ့ ကိုကို့ကလေးလေး"

မာန်လည်း ကလေးအား နှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်။ အိမ်ပြန်မည့် ကားပေါ်ရောက်မှ သူ့နဖူးကိုသူထုရင်း စကားတစ်ချို့ပြောမိတော့သည်။

"သေစမ်း ကလေးလေး နာမည်ကို မမေးခဲ့မိဘူး"

Flashback end,

မာန် ထိုအကြောင်းလေးကို ပြန်တွေးရင်း နှုတ်ခမ်းစွန်းလေးတို့ ကော့တက်နေသည်။ သို့သော် မျက်ဝန်းပြာလေးဆီမှ မျက်ရည်တို့ကကျဆင်းနေသည်။

"ကိုကို့ကလေးလေးက ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ...ကျေးဇူးတင်ပါတယ် အခုလိုလေး ကြီးပြင်းလာခဲ့ပေးလို့...ပြီးတော့ တောင်းပန်ပါတယ် ကလေးလေး အင့်..."

မာန် ပါးစပ်ကို လက်ဖြင့် အုပ်ကာ ငိုကြွေးနေမိရသည်။ ရင်ထဲတွင်လည်း တဆစ်ဆစ်နာကျင်ရသည်။ ထိုသို့ဖြူစင်လွန်းသော ကလေးကိုမှ အသုံးချခဲ့မိပြီး သူ့ပြဿနာများထဲ ဆွဲထည့်ခဲ့မိခြင်းအပေါ် နောင်တတရားတို့က သူ့အား အလူးအလဲနှိပ်စက်လို့နေသည်။

အခန်းအပြင်ဘက်တွင်တော့ သော်တာနဲ့လင်းသာမှာ သူငယ်ချင်းဖြစ်သူ၏ ပုံစံကြောင့် စိတ်မချမ်းသာဖြစ်ရသည်။ အမြဲတွေတွေလေးငေးကာ အစားကိုလည်း သိပ်မစားသည်ကြောင့် မာန့်ကိုယ်ခန္ဓာမှာ သေးသေးလေးသာ ရှိတော့သည်။ ဘာကြောင်ထို့သို့ဖြစ်ရလဲ ဆိုသည်ကိုတော့ နှစ်ယောက်လုံးသိပါသည်။ ခွန်းဆက်အား ချစ်နေသော်လည်း အပြစ်ရှိစိတ်ကြောင့် လျစ်လျူရှုနေခြင်း။ သို့သော်လည်း စိတ်ချမ်းသာရသည်လားဆိုတော့ ယခုဖြစ်နေသည့်ပုံစံက သက်သေပင်ဖြစ်သည်။ ထိုအချိန် ခွန်းဆက်နှင့် သူ့သူငယ်ချင်းတို့ရောက်လာသည်ကြောင့် သော်တာ လှမ်းနှုတ်ဆက်လိုက်သည်။

"လာပြီလား"

"ဟုတ်ကဲ့"

ခွန်းဆက်လည်း ခေါင်းတစ်ချက်ညိတ်ပြရင်း ယူလာသည့် စားစရာများအား သော်တာ့ထံကမ်းပေးသည်။ သော်တာလည်း ထိုအထုပ်များကို လက်လွှဲယူလိုက်ရင်း ခွန်းဆက်ကိုကြည့်ကာ

"မဝင်တော့ဘူးလား"

"သူကျွန်တော့်ကိုမြင်ရင် စိတ်ချမ်းသာမှာမဟုတ်ဘူး"

"အဲ့လို မဟုတ်မှန်း မင်းသိရက်နဲ့"

"ထားပါ ဒါလေးတွေ ဝင်အောင်ကျွေးလိုက်နော် အစ်ကို...အရှေ့မှာ နှင်းဆီပန်းတွေ တွေ့ခဲ့တယ်...ကျွန်တော် သွားဝယ်လိုက်အုံးမယ်"

ပြောကာ လှည့်ထွက်သွားသော ခွန်းဆက်ကျောပြင်ကိုကြည့်ရင်း ၅ယောက်လုံး သက်ပြင်းချမိသည်။

"ကြည့်ရတာ ငါတို့တစ်ခုခုလုပ်မှ ဖြစ်တော့မယ်"

လင်းသာက ခပ်တိုးတိုးဆိုလာသည်။ ထိုစဉ်တစ်ခုခုကိုအတွေးပေါက်သွားသော မိုးထက်က ညစ်ကျယ်ကျယ်ပြုံးကာ

"ကျွန်တော် အကြံရပြီ"

"ဘာအကြံလဲ...ပေါက်ကရတော့မလုပ်နဲ့နော်..."

မင်းမြတ်က မိုးထက်ကိုကြည့်ကာ မယုံသလိုပြောလာသည်။ မိုးထက်ကလည်း မျက်နှာကိုမော့ချီလိုက်ကာ

"ငါပါကွ...မိုးထက်ရဲရင့်လေ...ယုံလိုက်စမ်းပါ"

ဆိုကာ သူ၏အကြံအစည်ကို ကျန်လေးယောက်ကို ပြောပြလာတော့သည်။ မိုးထက်ပြောလာသော အကြံအစည်ကိုကြားပြီးနောက် ၅ယောက်လုံး မျက်နှာထက် အပြုံးတို့ ဖြစ်တည်သွားကြသည်။ မင်းမြတ်က စိုးရိမ်နေသေးသည့်ဟန်ဖြင့်

"ဖြစ်ပါ့မလား...အစ်ကို့ စိတ်အခြေအနေက အရှင်းနေပြန်ကောင်းသေးတာ မဟုတ်ဘူးနော်...တော်ကြာ ပိုဆိုးသွားအုံးမယ်...နောက်ပြီး အစ်ကို့မှာ နှလုံးရောဂါရှိတာကိုလည်း မမေ့နဲ့အုံး"

မင်းမြတ်စကားကြောင့် သော်တာတို့လည်း တွေဝေသွားကြသည်။ တကယ်လည်း မာန်က အရှင်းပြန်ကောင်းသေးတာမဟုတ်သည်ကြောင့် ထိုအကြံအစည်ကို အကောင်အထည်ဖော်ဖို့ရန် ချင့်ချိန်နေရသည်။ ထိုစဉ် မိုးထက်က တွေဝေနေသော လူများအားကြည့်ကာ

"လာပါကွာ...သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ...နောက်ပြဿနာ နောက်ရှင်း"

"ဟေ့ကောင် အဲ့လိုလုပ်လို့ရမလားကွ...အလျော်အစားက အစ်ကိုကိုယ်တိုင်ဖြစ်နေတာလေ...ကြေးကြီးလွန်းတယ်"

မင်းမြတ်က အမှန်တကယ်ကို စိုးရိမ်နေသည့်ပုံဖြင့် ပြောနေတော့သည်။ လင်းသာက မင်းမြတ်ပုခုံးကို ပုတ်လိုက်ရင်း

"ကံစီမံရာအတိုင်းပဲပေါ့ ညီ...မလုပ်ရသေးပဲနဲ့တော့ ကြိုမသိနိုင်ဘူးလေ...မပြောနိုင်ဘူးလေ...ကိုယ်တို့ အခုလိုလုပ်လို့ သူတို့နှစ်ယောက်လည်း ပြန်အဆင်ပြေသွားနိုင်တာပဲလေ"

လင်းသာက လေပြေအေးဖြင့် ပြောပြလာသည် မင်းမြတ်ငြိမ်ကျသွားတော့သည်။ သော်တာက မိုးထက်ကိုကြည့်လိုက်ကာ

"ဘယ်တော့ စမလဲ"

"အခုပဲ"

ထို့နောက် မိုးထက် အကြံအစည်အတိုင်း လူခွဲလိုက်ကြသည်။ သော်တာနှင့် လင်းသာတို့ မျက်နှာကို စိုးရိမ်နေသည့်ပုံလုပ်ကာ အခန်းထဲဝင်ပြီး

"မာန် မာန်"

သော်တာက အလောတကြီး ခေါ်လာသည်ကြောင့် မာန် ငြိမ်သက်နေရာမှ မျက်လုံးများ ပြူးကျယ်လာကာ

"ဘာ...ဘာဖြစ်တာလဲ"

"ခွန်းဆက်...ခွန်းဆက်"

သော်တာဆက်မပြောပဲ အသက်ကိုလုရှူနေရသည့် ပုံစံလုပ်ပြသည်။ ထိုသည်ကိုကြည့်ရင်း မာန်စိတ်တို့ ပို၍ပူလာရတော့သည်။ လင်းသာမှာတော့ သရုပ်ဆောင်ပီပြင်လွန်းသော သော်တာ့အားကြည့်ကာ ရယ်ချင်သည်ကို အတင်းအောင့်ထားရသည်။

"ခွန်းဆက် ဘာဖြစ်လို့်လဲ"

မာန် စိတ်ပူစွာမေးမိသည်။

ခွန်းဆက် တစ်ခုခုများ ဖြစ်နေလို့လား...

"ငါ့ကို မင်းမြတ် ဖုန်းဆက်တယ်...ခွန်းဆက် ဆေးရုံကိုလာနေတဲ့လမ်းမှာ ကား accident ဖြစ်ပြီး အခုအရေးပေါ်အခန်းထဲရောက်နေတယ်တဲ့...ထိခိုက်သွားတာကလည်း တော်တော်များတယ်... အခြေအနေကလည်း တော်တော်ပြင်းတယ်တဲ့...သေမလား ရှင်မလားတောင် မသိရဘူးတဲ့"

ပြောလာသော သော်တာ့စကားကို ကြားရပြီးနောက် မာန် အသိအာရုံ အလုံးစုံတို့ လွတ်သွားရသည်။ လင်းသာတစ်ယောက် သော်တာ့အား ပါးစပ်အဟောင်းသားဖြင့် ကြည့်မိသည်။ accident ဖြစ်တယ်ဆိုရင်ရပြီပေါ့။ ဘယ်နှယ့် အခြေအနေက ပြင်းသွားရတာတုန်း။ တော်ကြာ နှလုံးရောဂါနဲ့ မာန်တစ်ယောက် သတိလစ်သွားမှ  အခြေအနေက အိုကေမှာစိုပြေသွားတော့မယ်။ သော်တာကတော့ လင်းသာအတွေးကိုမသိ သူ့စကားကိုယုံသွားသော မာန့်ကိုသာ ကျေကျေနပ်နပ်ကြီး ကြည့်နေတော့သည်။

အရေးပေါ်အခန်း။ ခွန်းဆက်က အရေးပေါ် အခန်းထဲရောက်နေသည်တဲ့။ ခွန်းဆက်က အရေးပေါ်အခန်းထဲမှာတဲ့။ အခြေအနေကလည်း ပြင်းတယ်တဲ့။သေမလားရှင်မလားတောင် မသိရဘူးတဲ့။ ခွန်းဆက်က အခုအရေးပေါ်ခန်းထဲမှာ။ ခွန်းဆက် အရေးပေါ်အခန်းထဲမှာ...။

တွေးရင်းတွေးရင်း မာန်မျက်ရည်မိုးတို့ ရွာသွန်းလာတော့သည်။ ထို့နောက် သော်တာ့ကိုကြည့်လိုက်ပြီး

"သော်တာ ငါ့ကို ခေါ်သွားပေးကွာ...ခွန်းဆက်ဆီ ငါ့ကို ခေါ်သွားပေးပါကွာ"

မာန် မျက်ရည်များနှင့် တောင်းဆိုလာသည်။ သော်တာလည်း ခေါင်းညိတ်လိုက်ကာ မာန့်ကို ထိုဆေးရုံမှ ခေါ်လာခဲ့ပြီး ခွန်းဆက်တို့ရှိနေမည့် ဆေးရုံသို့ ခေါ်ဆောင် သွားတော့သည်။ lover set တွင်ထိုင်ကာ ခွန်းဆက်အား စိုးရိမ်နေသော မာန့်ကိုကြည့်ပြီးနောက် နောက်ကြည့်မှန်မှတစ်ဆင့် အနောက်တွင်ထိုင်နေသော လင်းသာကို သော်တာ မျက်စိတ်တစ်ဖက်မှိတ်ပြလိုက်သည်။ လင်းသာကလည်း လက်မနှစ်ချောင်း ပြန်ထောင်ပြသည်။ ထိုအဖြစ်အပျက်များကို အစိုးရိမ်လွန်နေသော မာန်တစ်ယောက်ကတော့ မသိရှိလိုက်ပေ။

တစ်ဖက်တွင်လည်း မိုးထက်တို့၃ယောက် ခွန်းဆက်ကို ကားပေါ်အတင်း ဆွဲတင်ကာ ဆေးရုံသို့ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီးနေရတော့သည်။ ခွန်းဆက်မှာတော့ မင်းမြတ်နဲ့ မိုးထက်တို့၏ ဖမ်းခေါ်လာမှုကြောင့် အကြောင်သားလိုက်ပါလာခဲ့ရသည်။

"ဟေ့ကောင်တွေ ဘာလုပ်တာလဲကွာ...အခုချိန်က စရမယ့်အချိန်မဟုတ်ဘူးနော်...နောက်ပြီး စနောက်ဖို့အတွက်လည်း ငါစိတ်မပါဘူး...လွှတ်ကြစမ်းပါကွာ...ငါ မာန့်အတွက် နှင်းဆီပန်းဝယ်မလို့ပါဆိုကွာ"

ခွန်းဆက်က ငြီးငြီးငြူငြူပြောလာသည်ကြောင့် မိုးထက် ခွန်းဆက်အား ဖမ်းချုပ်ထားရင်း ပြန်ပြောသည်။

"ငြိမ်ငြိမ်လေးနေပြီး လိုက်ခဲ့စမ်းပါ ဖေ့သားရာ"

ဆေးရုံကိုရောက်တော့လည်း သုံးယောက်သား ခွန်းဆက်အား VIP အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားတော့သည်။ ထို့်နောက် ကောင်းထက်နှင့် ခွန်းဆက်ကို bathroom ထဲသို့ ထည့်လိုက်ပြီး မိုးထက်က ကုတင်ပေါ်ဝင်လှဲကာ သူ့အပေါ်မှ အဖြူရောင်ပိတ်စကို မင်းမြတ်က ခေါင်းလုံသည်အထိ လွှားတင်ပေးလိုက်သည်။ အားလုံးပြင်ဆင်ပြီးသည့်အချိန်မှာတော့ မင်းမြတ် သော်တာ့ဆီ အခန်းနံပါတ်ကို message လှမ်းပို့လိုက်တော့သည်။

အခန်းထဲတွင် နေနေသည်မှာ ၁၅ မိနစ်မျှပင်ကြာလာသည်ကြောင့် ခွန်းဆက် မနေနိုင်တော့၍ အခန်းထဲမှ ထွက်ရန် တံခါးဖွင့်လိုက်စဉ် အခန်းထဲပြေးဝင်လာသော ပုံရိပ်လေးကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားရသည်။ ကုတင်ထက်က ကိုယ်ကိုလှုပ်ခါကာ ရှိုက်ကြီးတငင်ငိုကြွေးနေသော မာန့်ကြောင့် သူ့ရင်ဘက်တစ်နေရာက စူးအောင့်လာရသည်။ ကောင်းထက်ကို ကြည့်လိုက်တော့ သူ့အားခေါင်းညိတ်ပြကာ ပုခုံးကိုပုတ်လာသည်။

တစ်ဖက်တွင်လည်း မာန်တစ်ယောက် အခန်းထဲ ဝင်ဝင်လာခြင်း မြင်ရလိုက်သည်ြ့မင်ကွင်းက သူ့ရင်ဝကို စုံကန်လိုက်သလိုပင်။ကုထင်ထက်က လူကိုအုပ်မိုးထားသော ပိတ်ဖြူစကိုကြည့်ရင်း မာန်အသက်ရှုမဝတော့သလို မောဟိုက်လာရသည်။ ရင်ထဲတွင်တစ်ဆို့သွားကာ ခြေထောက်များပင် ခွေကျတော့မယောင်ဖြစ်သွားရသည်။ မာန်မယုံကြည်နိုင်စွာ ကုတင်ဘေးက မင်းမြတ်ကို မော့ကြည့်မိတော့ မျက်လုံးထောင့်များက နီရဲနေသည်ကို မြင်လိုရတာကြောင့် သူ့ရင်ထဲပို၍ တင်းကျပ်လာရသည်။ မာန် အခြေအနေကို လက်မခံနိုင်စွာ ခေါင်းခါကာဖြင့်

"ဟင့်အင်း မဖြစ်ရဘူး...မဖြစ်ရဘူး"

ဆိုရင်း ကြမ်းပြင်ထက် ယိုင်ကျသွားသည်ကြောင့် သော်တာ လှန်းထိန်းလိုက်ရသည်။ မာန် သော်တာ့ လက်ထဲမှ ရုန်းထွက်လိုက်ရင်း ကုတင်ဘေးသို့ အပြေးသွားလိုက်သည်။ ထို့နောက် ကုတင်ထက်မှ ကိုယ်အား လှုပ်ခါကာ

"မောင် ထလေကွာ...ငါလာပြီလေ...မင်း ငါ့ကို ဒီလိုထားသွားလို့မရဘူး...မောင် ထတော့...မင်း ငါ့ကိုထားသွားလို့မရဘူးနော်"

မာန်၏ အမှန်တကယ်ကို နာကျင်ခံစားနေရသည့် ပုံစံလေးကြောင့် စနောက်ရန်ကြံရွယ်ခဲ့သည့် မင်းမြတ်တို့မှာပင် မျက်ရည်များက ဝဲတက်လာတော့သည်။  ခွန်းဆက်မှာတော့ မာန့်ကိုကြည့်ရင်း မျက်ရည်က ကျနှင့်ပြီး ဖြစ်သည်။

"မောင် ထတော့လို့ ငါပြောနေတယ်နော် မင်းကိုငါ ပြောစရာတွေရှိသေးတယ်...မင်း ငါ့ကို ဒီလိုထားသွားလို့ မရဘူးလို့"

မာန် မျက်နှာတွင် မျက်ရည်များက သွင်သွင်စီးကျနေပြီဖြစ်သည်။ မိုးထက် ကိုယ်အား လှုပ်ကာ ထလာစေရန် အဆက်မပြတ်ခေါ်နေသည်။

"မောင် ငါတောင်းပန်ပါတယ်...ငါ့ကို ထားမသွားပါနဲ့...ငါမင်းနဲ့အတူတူ လုပ်ချင်တာတွေရှိသေးတယ်လေ...ထလာပါတော့ကွာ...ငါ့ကို တစ်ယောက်ထဲ မထားသွားပါနဲ့...နောက်အနာဂတ်နေ့ရက်တွေမှာ ငါ့အတွက် မင်းရှိဖို့လိုတယ်လေ...ငါ့ကိုမထားခဲ့ပါနဲ့...ငါ မင်းမရှိပဲ မနေနိုင်လို့ပါ...ကျေးဇူးပြုပြီး ငါ့ကိုမထားခဲ့ပါနဲ့... ငါဒီလို ဒူးထောက်ပြီး တောင်းပန်ပါတယ်... မောင် ငါ့ကို ထားမသွားပါနဲ့"

ပြောရင်း ဆေးရုံကြမ်းပြင်ထက် ဒူးထောက်ချလိုက်သော မာန်။ ခွန်းဆက် မာန့်ပုံစံအား မကြည့်ရက်နိုင်တော့စွာ မာန့်ဆီသို့ အပြေးသွားလိုက်ပြီး မာန့်ကိုယ်လေးအား ဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။ ထို့နောက် မာန့်ကျောပြင်လေး ပွတ်ပေးရင်း

"မငိုနဲ့တော့နော်... မောင် မင်းကို ထားမသွားဘူး...မောင်ရှိတယ်နော်"

"မောင်"

ရုတ်တရက် သူ့အားဖက်ကာ ပြောလာသူကြောင့် မာန် မော့ကြည့်လိုက်တော့ မြင်လိုက်ရသောသူကြောင့် မျက်ဝန်းပြာလေးတို့က ပြူးကျယ်သွားပြီး မျက်နှာတွင်လည်း ဝမ်းနည်းရိပ်တို့မှ ထိတ်လန့်ခြင်းသို့ အသွင်ပြောင်းသွားကာ ထအော်ပါတော့သည်။

"အားးးးး"

မာန်က ထအော်လာသည်ကြောင့် ခွန်းဆက်က အယောင်ယောင်အမှားမှားဖြင့် မာန့်ကိုလွှတ်လိုက်ကာ

"ဘာ...ဘာဖြစ်လို့လဲ မာန်"

မာန်က ခွန်းဆက်အား လက်ညိုးထိုးလာပြီးနောက် ပြောလာသည့်စကားကြောင့် ခွန်းဆက် ဆွံ့အသွားရတော့သည်။

"သ သ သရဲ...ခွန်းဆက် သရဲ..."

ထို့နောက် မျက်လုံးများမှိတ်လိုက်ပြီးနောက် လက်အုပ်ချီလာကာ

" ခွန်းဆက်သရဲရေ အမျှ အမျှ အမျှ"

ခွန်းဆက်ကို မျက်နှာမူထားရင်း လက်အုပ်လေးချီကာ တစ်အမျှထဲ မျှနေသော မာန့်ကြောင့် အခန်းထဲက လူအကုန် ကြောင်အသွားရတော့သည်။ သော်တာတို့မှာလည်း အခုဏက မာန့်ကြောင့် ကျမလိုဖြစ်နေခဲ့သော မျက်ရည်တို့က ပြန်ဝင်သွားရတော့သည်။ကြည့်ရတာ မာန်၏ ကလေးဆန်ခြင်းအမှုတို့ စတင်လာဟန်တူပါသည်။ မာန်က ရှိုက်သံလေးများနှင့် ဆက်၍ဆိုလာပြန်သည်။

"ခွန်းဆက် အင့်...မင်းလည်း မင်းဘဝနဲ့ မင်းဖြစ်နေပြီမို့ မင်းသွားမယ့်လမ်းကိုသာ ဖြောင့်ဖြောင့်သာသွားပါတော့ အင့်...အီးဟီးးး...ငါ့ကို စိတ်မချလည်း သွားပါတော့နော်...ငါတို့နှစ်ယောက်က ဘဝခြားသွားပြီလေ အီးဟီးးးးငါ့အနား မင်းကိုရှိစေချင်တယ်ဆိုပေမယ့် အင့် ဒီလိုမျိုးတော့ မဟုတ်ဘူးလေ အင့်...ဒါကြောင့် သွားပါတော့နော်...ငါပြုခဲ့သမျှ ကောင်းမှုတွေကို မင်းအတွက်ရည်စူးပြီး အမျှဝေပါတယ်...ခွန်းဆက်ရေ အမျှ အမျှ အမျှ"

မျက်လုံးလေးမှိတ်ကာ ပြောချင်ရာပြောနေသော မာန်ကြောင့် ခွန်းဆက်မှာ ရယ်ရခက်ငိုရခက် ဖြစ်နေတော့သည်။ ရင်ထဲတွင်လည်း ဝမ်းနည်းစိတ်တို့က တိမ်တွေလိုလွှင့်ပါးသွားပြီး မာန့်ကိုကြည့်ကာ အသဲယားလာရတော့သည်။ သူ့ရှေ့မှ မာန်၏ပုံစံလေးက ဆွဲဖက်ဖြစ်ညှစ်ချစ်စရာလေး ဖြစ်နေသည်။

အခုလေးတင်ပဲ ထားမသွားပါနဲ့ဆိုပြီး ငိုယိုနေခဲ့သူက ချက်ချင်းပင် သွားပါတော့ဟု နှင်ထုတ်နေပြန်သည်။

မာန်ရယ်...ဘာလို့ ဒီလောက်ထိ ချစ်ဖို့ကောင်းနေရတာလဲဗျာ.....

ခွန်းဆက်စိတ်ထဲ ကူကယ်ရာမဲ့စွာ တွေးမိရင်း မင်းမြတ်တို့ကိုကြည့်မိတော့ ထိုသူတွေကလည်း မာန့်ကိုကြည့်ရင်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာ အသံမထွက်အောင် ရယ်နေတော့သည်။

"မာန် "

ခွန်းဆက် ခေါ်သံကြောင့် မာန်က မျက်လုံးတစ်ဖက် ဖွင့်ကာကြည့်လာသည်။ ထို့နောက် သူ့ရှေ့မှ ခွန်းဆက်ကို တစ်လှည့် ကုတင်ပေါ်မှအဝတ်ဖြူအုပ်ထားသော ကိုယ်ကိုတစ်လှည့်ကြည့်ပြီးနောက် မျက်လုံးများ ပြန်မှိတ်သွားကာ နှုတ်ကလည်း တတွတ်တွတ်ဆိုလာပြန်သည်။

"ခွန်းဆက်ရေ အမျှ အမျှ အမျှ..."

"မာန်...မျက်လုံးဖွင့်ပြီးကြည့်လို့"

ခွန်းဆက် မာန့်အနားကပ်ကာ မာန့်လက်တစ်ဖက်ကို ဆွဲလိုက်ချိန်မှာပင် မာန်က လက်နှစ်ဖက်ဖြင့် ခွန်းဆက်အား တစ်ဖုံးဖုံးထုလာတော့သည်။

"အားးးး သရဲ ခွန်းဆက်...ခွန်းဆက် သရဲ...ရှုး ရှုး ရှူး...ဝေးဝေးသွား...ငါ သရဲကြောက်တယ်လို့ အီးဟီးးးး"

ခွန်းဆက်မှာတော့ မျက်လုံးများမှိတ်လျှက် သူ့အား တရစပ်ထုနေသော မာန့်လက်များကို ရှောင်နေရသည်။ မာန်နဲ့ခွန်းဆက်၏ ဖြစ်ပျက်နေသောပုံစံကြောင့် မင်းမြတ်တို့မှာ အူတက်နေကြတော့သည်။ ခွန်းဆက်လည်း မာန့်ကိုကြည့်ရင်း ရယ်မိတော့သည်။ မာန်ကတော့ ထိုသည်ကိုမသိသေးပဲ မျက်လုံးကြီး အတင်းမှိတ်ထားကာ သူအော်ချင်ရာအော်လို့နေသည်။ ခွန်းဆက် မာန့်ကိုဆွဲကာ ဖက်ထားလိုက်ပြီး

"မာန်...မောင် သရဲမဟုတ်ပါဘူးကွာ"

"ဟင့်အင်း မင်းလိမ်တာ...ဘယ်သရဲက သူကသရဲပါလို့ ပြောလို့လဲ"

"ကဲ ကြည့်လေ...မာန်က မောင့်ကိုထိလို့ရတယ်မလား...သရဲတွေကို ထိလို့ရလို့လား"

ထိုစကားကြောင့် မာန်က ခွန်းဆက်ကို သေချာကြည့်လာပြီးနောက် မျက်နှာလေးက ပို၍မဲ့ကျသွားကာ ထပ်၍အော်ငိုပါတော့သည်။

"ငါ မောင့်ကို ထိလို့ရတယ်ဆိုတော့ ငါသရဲဖြစ်သွားပြီပေါ့ အီးဟီးးးး"

ပို၍ ငိုလာသောမာန့်ကြောင့် ခွန်းဆက်လက်တကာကာဖြင့် အသည်းအသန်ငြင်းရတော့သည်။

"မဟုတ်ဘူး မာန်...မာန်လည်း သရဲမဖြစ်ဘူး...မောင်လည်း သရဲမဟုတ်ဘူး...မောင်တို့က လူတွေပဲရှိသေးတယ်"

"အင့် တကယ်လား"

"တကယ် တကယ်...မယုံရင် မာန့်ကြောင့် ခုန်နေတဲ့ မောင့်ရင်ခုန်သံကို နားထောင်ကြည့်... "

ပြောရင်း ခွန်းဆက် မာန့်ခေါင်းလေးကို သူ့ရင်ဘက်နား ကပ်ပေးလိုက်သည်။ ထိုအခါမှ မာန်တစ်ယောက် ငြိမ်သက်သွားတော့သည်။  ပြီးနောက် မာန်က ခွန်းဆက်ခါးအား တင်းတင်းကျပ်ကျပ် ဖက်တွယ်လာပြီး

"မောင်"

မာန် ခေါင်းလေးမော့ကာ ကြည့်ပြီး ခေါ်လိုက်သည်။ တစ်ဖန် ခွန်းဆက် ရင်ခွင်ထဲ ပြန်ဝင်သွားကာ

"မောင် ငါ့ကို ထားမသွားပါနဲ့"

"အင်း မောင် ထားမသွားဘူးနော်"

တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ်ဖက်ကာ ငြိမ်သက်နေသော နှစ်ယောက်အားကြည့်ရင်း ကောင်းထက် ကုတင်အနားသွားလိုက်ကာ ပုဝါအဖြူစကိုဖယ်ခွာလိုက်ပြီး

"ထတော့ မင်းကို ဒီလိုပုံကြည့်ရတာ ငါ့အတွက် အဆင်မပြေဘူး"

မိုးထက်အား ပခုံးမှဆွဲကိုင်ကာ ထစေလိုက်သည်။ မင်းမြတ်လည်း ခွန်းဆက်တို့ကိုကြည့်ရင်း နှာတရံ့ှုရံ့ှုဖြစ်နေသော သော်တာဆီ လက်ကိုင်ပုဝါ ကမ်းပေးလိုက်သည်။ သော်တာက ထိုလက်ကိုင်ပုဝါကိုယူကာ

"ကျေးဇူးပဲ"

လင်းသာမှာတော့ အခန်းထဲမှ အတွဲကိုယ်စီကြောင့် အထီးကျန်လာရတော့သည်။ ထို့အတူ အဝေးမှ ချစ်ရသူလေးကိုလည်း တမ်းတမိသွားတော့သည်။

"လွမ်းလိုက်တာ ကြယ်စင်ရယ်"

*********************************
#25.4.2024
#🍁Moe Kyal Phyu🍁

**********
မာန် be like : ချစ်တာကချစ်တာပဲ...သရဲဆိုရင်တော့ မောင်းထုတ်ရမှာပဲ...

[Zawgyi]

ခြန္းဆက္၊ ေသာ္တာ၊ လင္းသာနဲ႔ ေကာင္းထက္တို႔ ၄ေယာက္ တရား႐ံုးေရွ႕တြင္ ရိွေသာ အေအးဆိုင္တစ္ဆိုင္တြင္ ဒုရဲအုပ္ထက္ပိုင္နဲ႔ အတူရိွေနၾကသည္။

"သူတို႔ေတြ ေထာင္ဒဏ္ ဘယ္ႏွႏွစ္ေလာက္ က်ႏိုင္ေလာက္လဲ ဆရာ"

ေသာ္တာက ေမးလိုက္ျခင္းျဖစ္သည္။ ခြန္းဆက္တို႔ကလည္း သိခ်င္ေနေသာ ေမးခြန္းျဖစ္သည္ေၾကာင့္ ဆိတ္ဆိတ္ၿငိမ္သက္လွ်က္ နားစြင့္ေနသည္။

"ေသဒဏ္မဟုတ္ရင္ေတာ့ တစ္သက္တစ္ကြၽန္းပဲ"

ဒုရဲအုက္ထက္ပိုင္က ေသာ္တာ့အေမးကို ျပတ္သားစြာ ျပန္ေျဖသည္။ သူ႕စကားေၾကာင့္ ေသာ္တာတို႔လည္း ေခါင္းတညိတ္ညိတ္ျဖစ္သြားၾကသည္။ ရာဇ၀တ္ေဘး ေျပးမလြတ္ဆိုသည့္အတိုင္း ျပစ္မႈက်ဴးလြန္သူမ်ားက ထိုက္တန္သည့္ အျပစ္ကို ခံစားရေတာ့မည္ ျဖစ္သည္။

ဒုရဲအုပ္ထက္ပိုင္၏ အေတြးတို႔သည္လည္း တရားခံမ်ားအား စစ္ေမးေနသည့္အခ်ိန္ကို ျပန္လည္ေရာက္ရိွသြားကာ ႏႈတ္ခမ္းစြန္းတို႔က ေကာ့တက္သြားေတာ့သည္။ ေဌးသစၥာတို႔အားစစ္ေဆးခဲ့ရာတြင္ တစ္ေယာက္ကိုတစ္ခန္းစီထားကာ တူညီေသာေမးခြန္းမ်ားကို ေမးခဲ့သည္။ တူညီေသာေမးခြန္းမ်ား ျဖစ္ေသာ္လည္း ျပန္ေျဖလာသည့္အေျဖမ်ားက ကြဲျပားေနၾကကာ ဖံုးသူကဖံုး ေဖာ္သူကေဖာ္ရင္းႏွင့္ ေနာက္ဆံုးတြင္ အျဖစ္မွန္မ်ားက ဘူးေပၚသလိုေပၚလာကာ အမႈကို၀န္ခံလိုက္သလို ျဖစ္သြားခဲ့ၾကသည္ေၾကာင့္ပင္။

ဒုရဲအုပ္ထက္ပိုင္လည္း သူ႕စိတ္ထဲ အရင္ကမတင္မက်ျဖစ္ခဲ့ေသာ အမႈအား တရားမွ်တေအာင္ ေဖာ္ထုတ္ႏိုင္ၿပီ ျဖစ္သည့္အတြက္ ရဲအရာရိွတစ္ေယာက္ အေနႏွင့္ စိတ္ထဲလန္းဆန္းလို႔ေနသည္။သို႔ႏွင့္ အမႈကိစၥနဲ႔ပတ္သတ္ၿပီး အခ်ိန္အေတာ္ၾကာ စကားမ်ားေျပာၿပီးေနာက္ လူစုခြဲကာ တရား႐ံုးထဲသို႔ ၀င္သြားခဲ့ၾကသည္။

တရားခံမ်ား၏ ကိုယ္တိုင္ထြက္ဆိုခ်က္မ်ား၊ အမႈျဖစ္စဥ္ရိွခဲ့သည့္ အဓိက မ်က္ျမင္သက္ေသ မ်ဳိးႏိုင္၏ တိက်ေသာ ထြက္ဆိုခ်က္မ်ားေၾကာင့္ ဦးဟိန္းလင္းလ်ာ၊ ဦးေဌးသစၥာနဲ႔ ေဒၚေရႊအိေႁႏၵတို႔က ေထာင္ဒဏ္တစ္သတ္တစ္ကြၽန္း၊ အမႈတြင္ ႀကံရာပါျဖစ္ကာ ဖံုးကြယ္ေပးခဲ့ေသာ မ်ဳိးႏိုင္က အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ အႏွစ္၂၀ ကိုယ္စီ ဒဏ္ခ်ခံရသည္။

ခြန္းဆက္လည္း မိခင္ျဖစ္သူႏွင့္ ခ်စ္ရသူ၏ မိဘမ်ားအတြက္ပါ အမွန္တရားေပၚေပါက္ေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး အျပစ္သားမ်ားအား အျပစ္ေပးႏိုင္ခဲ့သည္ေၾကာင့္ ရင္ထဲ၀မ္းသာမိေသာ္လည္း ႏွစ္ရွည္လမ်ား မိခင္အျဖစ္သိရိွထားကာ သံေယာဇဥ္တြယ္ခဲ့ေသာ ေဒၚအိေႁႏၵအတြက္ ၀မ္းနည္းမိသည္။ ေသာ္တာႏွင့္ လင္းသာတို႔လည္း သူငယ္ခ်င္းျဖစ္သူအတြက္ အမွန္တရားကို ယူေပးႏိုင္ခဲ့သည္ေၾကာင့္ အတိုင္းမသိ၀မ္းသာေနမိသည္။

တရားခံမ်ာအားး မေခၚေဆာင္သြားမီွ အခ်ိန္တြင္ ခြန္းဆက္ ေဒၚအိေႁႏၵအနားသို႔ သြားလိုက္သည္။ ေဒၚအိေႁႏၵ၏ေရွ႕တြင္ ေျခစံုရပ္လိုက္ေတာ့ သူ႕အားေမာ့ၾကည့္လာေသာ မ်က္ႏွာက စိတ္ပင္ပန္းမႈေၾကာင့္ မ်က္တြင္းမ်ားေခ်ာင္က်ကာ ႏြမ္းနယ္လို႔ေနသည္။

"Mommy "

ခြန္းဆက္၏ ေခၚသံကိုၾကားလိုက္ရေသာ ေဒၚအိေႁႏၵက ထင္မွတ္မထားသည္ေၾကာင့္ အံ့ဩသြားကာ မ်က္၀န္းမ်ားျပဴးက်ယ္လို႔သြားၿပီး ႏႈတ္ခမ္းတို႔ တဆတ္ဆတ္တုန္ရီလာသည္။ ထို႔အျပင္ မ်က္၀န္းတို႔တြင္လည္း မ်က္ရည္တို႔ ရစ္သိုင္းလာသည္။ ခြန္းဆက္ ထိုသည္ကိုၾကည့္ၿပီး ရင္ဘက္ထဲကနာက်င္ရသည္။ သူသိတာေပါ့။ mommy လည္း သူ႕ကိုခ်စ္ခဲ့သည္ဆိုတာ။

"ေက်းဇူးတင္ပါတယ္...သားရဲ႕အေမ ျဖစ္ေပးခဲ့လို႔... "

ခြန္းဆက္ ေျပာလိုက္ေသာ စကားေၾကာင့္ အိေႁႏၵတစ္ေယာက္ မ်က္ရည္တို႔ ၿပိဳက်ရေတာ့သည္။ ေရႊစင့္သားမွန္းသိေပမယ့္ ဒီကေလးကို သူမ မမုန္းခဲ့။ ငယ္စဥ္က ခ်စ္စဖြယ္အမႈအရာေလးနဲ႔ကေလးေၾကာင့္ သံေယာဇဥ္တြယ္မိမည္စိုးကာ ခပ္ခြာခြာေနခဲ့ၿပီး ဆူပူႀကိမ္းေမာင္းခဲ့ေသာ္လည္း ထိုကေလးက သူမကို ကပ္တြယ္ခဲ့သည္။ ခြန္းဆက္ကိုျမင္တိုင္း ေရႊစင္ကို ျမင္ေယာင္မိလာသည္ေၾကာင့္ ကေလးနဲ႔ေ၀းႏိုင္သမွ်ေ၀းေအာင္ ေနခဲ့သည္။ သို႔ေပမယ့္ ခြန္းဆက္က သူ႕အား မစိမ္းသြားခဲ့။ မာယာ့ကိုေမြးၿပီးေနာက္ပိုင္း ခြန္းဆက္ကိုၾကည့္ကာ သားသမီးခ်င္းကိုယ္ခ်င္းစာမိလာသည္ေၾကာင့္ ခြန္းဆက္အေပၚ ေမတၱာစစ္တို႔ေပးကာ သားအရင္းပမာ ဆက္ဆံခဲ့သည္။

သို႔ေသာ္လည္း သူခြန္းဆက္ကို သားကဲ့သို႔ခ်စ္လာၿပီးမွ မဟာနဲ႔ ခဏခဏ ရန္ျဖစ္ရေတာ့သည္။ အရင္က မဟာနဲ႔အတူေနရင္ ေပ်ာ္ရႊင္လိမ့္မည္ဟုေတြးထားခဲ့ေသာ္လည္း ေရႊစင္ကလြဲရင္ အျခားသူတစ္ေယာက္ကို ထပ္မခ်စ္ႏိုင္ေတာ့ပံုရသည့္မဟာက သူ႕အားလက္ဖ်ားနဲ႔ေတာင္ မထိခဲ့။ အိမ္ေထာင္ေရးတြင္လည္း သူငယ္ခ်င္းသံေယာဇဥ္သာရိွၿပီး အခ်စ္နဲ႔ေႏြးေထြးမႈတို႔ မရိွသည္ေၾကာင့္ အၿမဲပင္ ကေတာက္ကဆျဖစ္ရသည္။ ထိုအခ်ိန္မ်ားတြင္ ခြန္းဆက္က သူ႕ရဲ႕  စိတ္တု္ိ့ ေအးၿငိမ္ရာေလး ျဖစ္ခဲ့သည္။

အိေႁႏၵသူ႕ေရွ႕မွ ခြန္းဆက္ကိုၾကည့္ကာ ခြန္းဆက္မ်က္ႏွာဆီ လက္လွမ္းလိုက္ရင္း ငိုေႂကြးလာသည္။

"သား...mommy သားေလး..."

ခြန္းဆက္လည္း ေဒၚအိေႁႏၵ၏ လက္ကိုယူကာ သူ႕မ်က္ႏွာဆီေနရာ ခ်ေပးလိုက္ကာ မ်က္ရည္တို႔စီးက်လာသည္။ သားအမိႏွစ္ေယာက္ကိုၾကည့္ေနေသာ က်န္လူမ်ားကလည္း မ်က္ရည္တို႔လည္လာၾကသည္။

"mommy ေတာင္းပန္ပါတယ္ သား"

"Mommy ေနာင္တရလား...လုပ္ခဲ့တာေတြအတြက္ ေနာင္တရခဲ့လား mommy "

ခြန္းဆက္ အေမးေၾကာင့္ ေဒၚေရႊအိေႁႏၵ ခြန္းဆက္မ်က္ႏွာကို စိုက္ၾကည္႕လာၿပီး

"မွားခဲ့တယ္ဆိုတာ သိေပမယ့္ ေနာင္တမရဘူး...mommy သာ အဲ့လိုမလုပ္ခဲ့ရင္ မင္းအေဖကို ပိုင္ဆိုင္ခြင့္ရခဲ့မွာ မဟုတ္ဘူး"

"ဒါေပမယ့္ mommy မေပ်ာ္ရႊင္ခဲ့ရဘူးမလား"

သူ႕စကားေၾကာင့္ mommy က ၿပံဳးကာ သူ႕အားစိုက္ၾကည့္ေနၿပီး ဘာမွထပ္မေျပာေတာ့ေပ။ ခြန္းဆက္လည္း ဘာစကားမွမေျပာပဲ ေဒၚေရႊအိေႁႏၵကိုသာ စိုက္ၾကည့္ေနေတာ့သည္။ ရဲမ်ားက ေဒၚေရႊအိေႁႏၵအား သူ႕ေရွ႕မွ ေခၚထုတ္သြားသည္အထိ ခြန္းဆက္ ရပ္ၾကည့္ေနမိသည္။ ခဏအၾကာမွ ေသာ္တာက ခြန္းဆက္ ပုခံုးကို ပုတ္လာၿပီး

"ျပန္ရေအာင္...မာန္ ႏိုးေနရင္ မင္းကိုရွာေနလိမ့္မယ္"

ခြန္းဆက္လည္း ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ မ်က္ရည္တို႔ကို သုတ္ဖယ္လိုက္ကာ ေသာ္တာတို႔နဲ႔အတူ တရား႐ံုးထဲမွ ထြက္ခဲ့ေတာ့သည္။

အမွန္တရားသည္ တစ္ေန႔မုခ် ေပၚေပါက္လာမည္ဆိုသည့္အတိုင္း အမွန္တရားႏွင့္ ေလာက၏ဒဏ္ခက္မႈေၾကာင့္ ရာဇ၀တ္သားတို႔မွ ေထာင္ထဲတြင္ အ႐ိုးေဆြးသည္အထိ ဘ၀ကိုကုန္ဆံုးရေတာ့မည္ပင္ ျဖစ္သည္။

**********

သံုးလခန္႔ၾကာၿပီးေနာက္။

မာယာႏွင္းဆီ ဖခင္ျဖစ္သူအား ေထာင္၀င္စာလာေတြ႕ေနျခင္းျဖစ္သည္။ ႐ုတ္ျခည္းေျပာင္းလဲသြားေသာ အျဖစ္အပ်က္မ်ားကို သူမ နားလည္ေအာင္ ၾကားထဲတြင္ အခ်ိန္အေတာ္ၾကာယူခဲ့ရသည္ေၾကာင့္ အခုမွလာေတြ႕ရျခင္းျဖစ္သည္။

ျဖစ္ခဲ့သမွ်တို့အား သံုးသပ္ၿပီးေနာက္ အဆံုးသတ္တြင္ သူသိလိုက္သည္က အလကၤာမုန္းမာန္သည္ သူဘ၀၏ နတ္ဆိုးျဖစ္သည္ကိုပင္။ သာယာေနေသာ သူမဘ၀အား ကံဆိုးမႈမ်ားစြာ က်ေရာက္ေစခဲ့သည့္ နတ္ဆိုး။ ကိုကိုနဲ႔ daddyအား သူ႕ဘ၀ထဲမွ ဆြဲထုတ္သြားခဲ့သည့္ နတ္ဆိုး။ အလကၤာမုန္းမာန္ကို အသည္းထဲကေနကို သူေသေလာက္ေအာင္ မုန္းပါသည္။

"သမီးေလး"

မာယာအေတြးမ်ားေနစဥ္ ထြက္ေပၚလာေသာ အသံေၾကာင့္ ေမာ့ၾကည့္လိုက္သည္။ မွန္တစ္ဖက္ျခမ္းမွ ျမင္လိုက္ရသည့္ ျမင္ကြင္းက သူ႕အား မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ေစသည္။ သူမ မမွတ္မိေလာက္ေအာင္ပင္ ဖခင္ျဖစ္သူက ေျပာင္းလဲသြားခဲ့သည္။ မ်က္တြင္းေဟာက္ပတ္၊ ေခ်ာင္က်ေနေသာ မ်က္နွာ၊ ပိန္လီွေနေသာ ကိုယ္ခႏၶာ။ယခင္က ေခ်ာေမာမႈတို႔က သံုးလအတြင္း အစရွာမရေအာင္ ေပ်ာက္ဆံုးသြားခဲ့သည္။ ဖခင္တစ္ေယာက္အား ထိုပံုစံကို ျမင္ရသည္က သမီးျဖစ္သူ သူမအတြက္ ႏွလံုးသားတစ္ခုလံုး ေသြးစိမ္းရွင္ရွင္က်သလို နာက်င္လြန္းလွသည္။

"သမီးေလး ေနေကာင္းလား"

မာယာ ေခါင္းညိတ္ျပမိလားမသိ။ ေျပာင္းလဲသြားေသာ ဖခင္ျဖစ္သူကိုသာ ေငးစိုက္ၾကည့္ေနမိသည္။

"သမီးေလး ထမင္းပံုမွန္မစားဘူးလား...ပိန္သြားလိုက္တာကြယ္"

သူမအားၾကည့္ကာ ၿပံဳးရင္းေျပာေနေသာ ဖခင္ျဖစ္သူက သူကိုယ္တိုင္ကေရာ ပိန္သြားသည္ကို သတိမထားမိဘူးလားမသိ သူမအား တစ္ဖန္ျပန္၍ စိုးရိမ္းေပးေနသည္။ မာယာ ဘာမွမေျပာပဲ ဖခင္ကို ၾကည့္ေနမိသည္။ ျဖစ္ႏိုင္လွ်င္ အခုခ်က္ခ်င္းပင္ ဖခင္အား ထိုအခန္းထဲက ေခၚထုတ္သြားခ်င္မိသည္။

"သမီးကို daddy ေျပာစရာရိွတယ္"

"....."

"သမီးငယ္ငယ္က ေမးဖူးတယ္မလား...သမီး အေမက ဘယ္သူလဲဆိုတာ"

မာယာေခါင္းညိတ္ျပလိုက္သည္။ ထိုစကားကိုေတာ့ သူစိတ္၀င္စားပါသည္။ မိခင္မရိွ၍ သူငယ္ခ်င္းမ်ားၾကားတြင္ အၿမဲအေလွာင္အေျပာင္ခံေနခဲ့ရသည္ေၾကာင့္ မိခင္ျဖစ္သူဘယ္သူလည္းဆိုတာကို သူမသိပ္သိခ်င္ပါသည္။ ဟိန္းလင္းလ်ာ သမီးျဖစ္သူမ်က္ႏွာအား ၾကည့္ကာ ၿပံဳးလိုက္ရင္း

"သမီးကေလ သူနဲ႔သိပ္တူတာ...မ်က္လံုး မ်က္ခံုး..."

"သမီး အေမက ဘယ္သူလဲ daddy "

"သမီး စိတ္ကို ေအးေအးထားေနာ္"

မာယာ ေနာက္ထပ္တစ္ႀကိမ္ ေခါင္းညိတ္ျပလိုက္သည္။

"အင္း သမီးအေမက သမီးရဲ႕အန္တီ ေရႊအိေႁႏၵပဲ"

"ရွင္"

မာယာ ဆြံ႕အသြားရသည္။

အန္တီက ဘယ္လိုလုပ္ၿပီး သူ႕အေမ ျဖစ္ရမွာလဲ...မျဖစ္ႏိုင္တာ.....

သူ႕အေတြးကို သိေနသည့္အလား daddy ကထပ္ေျပာလာသည္။

"ဟုတ္တယ္ သမီး...သမီးကို ေမြးခဲ့တဲ့သူက ေရႊအိေႁႏၵ"

"ဟင့္အင္း မဟုတ္ဘူး"

မာယာ ထိုအခန္းထဲမွ ေျပးထြက္လာမိသည္။ အထဲတြင္ ဖခင္ျဖစ္သူ ဘယ္လိုက်န္ခဲ့လဲ မသိေတာ့။ သူ႕စိတ္ေတြ မ်ားစြာ ႐ႈပ္ေထြးေနသည္။ယခုေလးတင္ သိလိုက္ရေသာအသိတို႔က သူ႕အားတုန္လႈပ္သြားေစခဲ့သည္။ မာယာ့စိတ္ထဲ မည္သို႔လုပ္ရမည္ကို မသိေအာင္ပင္ ႐ႈပ္ေထြးေနာက္က်ိေနခဲ့သည္။

**********

တစ္ဖက္တြင္လည္း မာန္တစ္ေယာက္ ကုတင္ထက္ထိုင္ကာ ေတြေတြေလးေငးေမာေနသည္။ မာန့္ စိတ္က်န္းမာေရးက အလံုးစံုျပန္မေကာင္းေသးေသာ္လည္း အသိစိတ္တို႔က အေတာ္အသင့္ပံုမွန္အတိုင္း ျပန္ျဖစ္ေနၿပီျဖစ္သည္။ တစ္ခါတစ္ခါ ကေလးတစ္ေယာက္လိုစိတ္လြတ္သြားတတ္သည္မွလြဲရင္ က်န္တာအားလံုးပံုမွန္အတိုင္းပင္။

မာန္ အရင္ကအေၾကာင္းမ်ားကိုလည္း အေတာ္အသင့္ျပန္မွတ္မိလာသည့္ေန႔မွစ၍ ခြန္းဆက္အား သူ႕နား အကပ္မခံေတာ့။ ခြန္းဆက္အေပၚတြင္ အျပစ္ရိွစိတ္ႏွင့္ ခ်စ္ရေသာအန္တီ္ျဖစ္သူ၏ သားကိုမွအသံုးခ်ခဲ့မိျခင္းအေပၚေနာင္တတို႔ရေနသည့္စိတ္ေၾကာင့္ သူခြန္းဆက္ႏွင့္ မ်က္ႏွာခ်င္းပင္မဆိုင္ေတာ့။ ေဆး႐ံုသို႔ ခြန္းဆက္လာလွ်င္ မာန္မသိခ်င္ေယာင္ ေဆာင္ေနတတ္သည္။ သူထိုသို႔ျပဳမူတိုင္းတြင္လည္း ခြန္းဆက္မ်က္ႏွာပ်က္သြားတတ္သည္။ မ်က္၀န္းနက္တို႔တြင္လည္း မ်က္ရည္မ်ား ေ၀့လာတတ္သည္။ ထိုသို႔ျမင္ရတိုင္းလည္း မာန္ရင္နာလွသည္။

ခြန္းဆက္အား သူ႕ဆီမလာေစခ်င္ေသာ္လည္း အခ်ိန္တိုင္း ေမွ်ာ္ေနတတ္သူက သူပင္ျဖစ္သည္။ မာန္ အခန္းတံခါးေလးကိုၾကည့္ေနရင္း သူ႕စိတ္တို႔က အတိတ္ကေန႔ရက္တစ္ရက္ဆီသို႔ ပ်ံ႕လြင့္သြားေတာ့သည္။ ထိုေန႔က သူတို႔ေဂဟာ၏ ဆရာမႀကီးက စာေမးပြဲၿပီးသြား၍ စိတ္အပန္းေျပေစရန္အတြက္ သူတို႔အား ကစားကြင္းလိုက္ပို႔ခဲ့ေသာေၾကာင့္ သူတိူ႕အားလံုး ကစားကြင္းထဲ၌ ကစားေနခဲ့ၾကသည္။

Flashback start,

(A/N ဒီေနရာမွာ အလင္းဆည္းဆာကို မာန္လို႔ပဲ သံုးႏႈန္းသြားပါမယ္ေနာ္...)

မာန္ သူငယ္ခ်င္းမ်ားနဲ႔အတူမကစားပဲ ကစားကြင္းထဲရိွ စမ္းေခ်ာင္းေလးေဘးနားတြင္ ထိုင္ေနရင္း စမ္းေခ်ာင္းထဲမွ ငါးေလးေတြကို သူ႕လက္ထဲမွ ေပါင္မုန္႔ေျခာက္ေလးအား ဖဲ့ကာ ေကြၽးေနသည္။ သူေကြၽးေနေသာ အစာမ်ားကို ငါးမ်ားက အလုအယက္စားေသာက္ေနသည္ကိုၾကည့္ရင္း မာန္ ေပ်ာ္ေနမိသည္။ ထိုစဥ္ သူႏွင့္ မလွမ္းမကမ္းက ျမက္ခင္းျပင္တြင္ ၿငိမ္သက္စြာ လာထိုင္ေနေသာ ကေလးေလးတစ္ေယာက္ကို မာန္ သတိျပဳမိလိုက္သည္။ အျခားကေလးမ်ား ေပ်ာ္ရႊင္စြာ ကစားေနသည္ကို ေငးစိုက္ၾကည့္ေနသည့္ ထိုကေလးအား မာန္ၾကည့္ရသည္မွာ အထီးက်န္လြန္းလွသည္။ ထို႔ေၾကာင့္ မသိစိတ္၏ လံႈ႕ေဆာ္မႈျဖင့္ ထိုကေလးအနားသို႔ သြားလိုက္ကာ

"ကေလးေလး မင္း မကစားဘူးလား...မင္းသူငယ္ခ်င္းေတြလည္း ေဆာ့ေနၾကတယ္...မင္းေရာ မေဆာ့ခ်င္ဘူးလား"

မာန္ ထိုသို႔ေျပာေတာ့ ထိုကေလးေလး၏ မ်က္၀န္းနက္ေလးမ်ားက သူ႕အားၾကည့္လာသည္။ အခ်ိန္အေတာ္ၾကာေအာင္ ထိုကေလးက ဘာစကားမွမေျပာပဲ မာန္႔ကို ေငးစိုက္ၾကည့္ေနသည္ေၾကာင့္

"ဟိတ္ ကေလးေလး ဘာေတြ ဒီေလာက္ၾကည့္ေနတာလဲ...ကိုကို့ မ်က္ႏွာမွာ တစ္ခုခုေပေနလို႔လားဟင္"

မာန္႔စကားေၾကာင့္ ထိုကေလး မ်က္ႏွာေလးက အလိုမက်သလို စူပုတ္သြားကာ

"ကြၽန္ေတာ္ ကေလး မဟုတ္ဘူး"

ေဘာက္ဆတ္ဆတ္နဲ႔ ေျပာလာသည့္အသံေလးေၾကာင့္ မာန္ရယ္ခ်င္သြားရသည္။ ႏႈတ္ခမ္းေလးဆူက ကေလးမဟုတ္ေၾကာင္း ေျပာလာသည့္ကေလးေလးက တကယ့္ကိုခ်စ္စရာေကာင္းလြန္းေနခဲ့သည္။ အထူးသျဖင့္ သူ႕အားစိုက္ၾကည့္ေနေသာ မ်က္၀န္းနက္ကေလးမ်ား။ မဟူေရာင္ကဲ့သို့ နက္ေမွာင္ေနကာ ရႊန္းစိုေတာက္ပလို႔ေနသည္။ မာန္လည္း တစ္ခ်က္ၿပံဳးလိုက္ရင္း

"ဪ လူႀကီးေလးေပါ့...ဒါဆို လာ ကိုကိုနဲ႔ အတူတူသြားေဆာ့ရေအာင္"

မာန္ ထိုကေလးလက္ကိုဆြဲကာ ေခၚသြားေတာ့သည္။ သူေခၚသည္ကို ထိုကေလးက အျငင္းစကားမဆိုပဲလိုက္ပါလာခဲ့သည္။ ႏွစ္ေယာက္သား အတူတူကစားၾကရင္း ထိုကေလးက ေညာင္းသြား၍ထင္သည္ ေျမျပင္ေပၚ ထိုင္ခ်ကာ မာန္႔ကိုၾကည့္ရင္း ေျပာလာသည္။

"ကိုကို ကြၽန္ေတာ္ ေမာေနၿပီ"

"အဲ့ဆိုလာ ကိုကို ေရခဲမုန္႔၀ယ္ေကြၽးမယ္"

မာန္လည္း ကေလးလက္အား ဆြဲကိုင္လိုက္ရင္း ေရခဲမုန္႔သည္ရိွရာဆီသို႔ ဦးေဆာင္ေခၚသြားေတာ့သည္။ ေက်ာင္းမွ ဆုရထားေသာ ပိုက္ဆံျဖင့္ မာန္ေရခဲမုန္႔ႏွစ္ခုကို ၀ယ္ကာ တစ္ခုအား ထိုကေလးဆီ ေပးလိုက္သည္။ ထိုကေလးအား ေတြ႕ေတြ႕ခ်င္းပင္ စိတ္ထဲခင္တြယ္သြားခဲ့သည္မွာ ဘာေၾကာင့္လည္း မာန္စဥ္းစားမရခဲ့။ သို႔ႏွင့္ ႏွစ္ေယာက္အတူ ေရခဲမုန္႔စားေနစဥ္ ၾကယ္စင္က သူတို႔အနား ေလွ်ာက္လာသည္။

"အလင္းဆည္းဆာ...ဆရာမႀကီး ေခၚေနၿပီ ျပန္ေတာ့မယ္တဲ့"

" ျပန္ေတာ့မလို႔လား"

မာန္လည္း  ထိုကေလးေလးဘက္လွည့္ကာ ကေလး၏ ဆံပင္မ်ားကို တစ္ခ်က္ဖြလိုက္ၿပီးေနာက္

"ကေလးေလး ကိုကိုျပန္ရေတာ့မယ္...သူငယ္ခ်င္းေတြနဲ႔ ေကာင္းေကာင္းကစားေနေနာ္...တာတာ့ ကိုကို႔ကေလးေလး"

မာန္လည္း ကေလးအား ႏႈတ္ဆက္ၿပီးထြက္လာခဲ့လိုက္သည္။ အိမ္ျပန္မည့္ ကားေပၚေရာက္မွ သူ႕နဖူးကိုသူထုရင္း စကားတစ္ခ်ဳိ႕ေျပာမိေတာ့သည္။

"ေသစမ္း ကေလးေလး နာမည္ကို မေမးခဲ့မိဘူး"

Flashback end,

မာန္ ထိုအေၾကာင္းေလးကို ျပန္ေတြးရင္း ႏႈတ္ခမ္းစြန္းေလးတို႔ ေကာ့တက္ေနသည္။ သို႔ေသာ္ မ်က္၀န္းျပာေလးဆီမွ မ်က္ရည္တို႔ကက်ဆင္းေနသည္။

"ကိုကို႔ကေလးေလးက ေကာင္းေကာင္းၿကီးျပင္းလာခဲ့တာပဲ...ေက်းဇူးတင္ပါတယ္ အခုလိုေလး ႀကီးျပင္းလာခဲ့ေပးလို႔...ၿပီးေတာ့ ေတာင္းပန္ပါတယ္ ကေလးေလး အင့္..."

မာန္ ပါးစပ္ကို လက္ျဖင့္ အုပ္ကာ ငိုေႂကြးေနမိရသည္။ ရင္ထဲတြင္လည္း တဆစ္ဆစ္နာက်င္ရသည္။ ထိုသို႔ျဖဴစင္လြန္းေသာ ကေလးကိုမွ အသံုးခ်ခဲ့မိၿပီး သူ႕ျပႆနာမ်ားထဲ ဆြဲထည့္ခဲ့မိျခင္းအေပၚ ေနာင္တတရားတို႔က သူ႕အား အလူးအလဲႏိွပ္စက္လို႔ေနသည္။

အခန္းအျပင္ဘက္တြင္ေတာ့ ေသာ္တာနဲ႔လင္းသာမွာ သူငယ္ခ်င္းျဖစ္သူ၏ ပံုစံေၾကာင့္ စိတ္မခ်မ္းသာျဖစ္ရသည္။ အၿမဲေတြေတြေလးေငးကာ အစားကိုလည္း သိပ္မစားသည္ေၾကာင့္ မာန္႔ကိုယ္ခႏၶာမွာ ေသးေသးေလးသာ ရိွေတာ့သည္။ ဘာေၾကာင္ထို႔သို႔ျဖစ္ရလဲ ဆိုသည္ကိုေတာ့ ႏွစ္ေယာက္လံုးသိပါသည္။ ခြန္းဆက္အား ခ်စ္ေနေသာ္လည္း အျပစ္ရိွစိတ္ေၾကာင့္ လ်စ္လ်ဴ႐ႈေနျခင္း။ သို႔ေသာ္လည္း စိတ္ခ်မ္းသာရသည္လားဆိုေတာ့ ယခုျဖစ္ေနသည့္ပံုစံက သက္ေသပင္ျဖစ္သည္။ ထိုအခ်္ိန္ ခြန္းဆက္ႏွင့္ သူ႕သူငယ္ခ်င္းတို႔ေရာက္လာသည္ေၾကာင့္ ေသာ္တာ လွမ္းႏႈတ္ဆက္လိုက္သည္။

"လာၿပီလား"

"ဟုတ္ကဲ့"

ခြန္းဆက္လည္း ေခါင္းတစ္ခ်က္ညိတ္ျပရင္း ယူလာသည့္ စားစရာမ်ားအား ေသာ္တာ့ထံကမ္းေပးသည္။ ေသာ္တာလည္း ထိုအထုပ္မ်ားကို လက္လႊဲယူလိုက္ရင္း ခြန္းဆက္ကိုၾကည့္ကာ

"မ၀င္ေတာ့ဘူးလား"

"သူကြၽန္ေတာ့္ကိုျမင္ရင္ စိတ္ခ်မ္းသာမွာမဟုတ္ဘူး"

"အဲ့လို မဟုတ္မွန္း မင္းသိရက္နဲ႔"

"ထားပါ ဒါေလးေတြ ၀င္ေအာင္ေကြၽးလိုက္ေနာ္ အစ္ကို...အေရွ႕မွာ ႏွင္းဆီပန္းေတြ ေတြ႕ခဲ့တယ္...ကြၽန္ေတာ္ သြား၀ယ္လိုက္အံုးမယ္"

ေျပာကာ လွည့္ထြက္သြားေသာ ခြန္းဆက္ေက်ာျပင္ကိုၾကည့္ရင္း ၅ေယာက္လံုး သက္ျပင္းခ်မိသည္။

"ၾကည့္ရတာ ငါတို႔တစ္ခုခုလုပ္မွ ျဖစ္ေတာ့မယ္"

လင္းသာက ခပ္တိုးတိုးဆိုလာသည္။ ထိုစဥ္တစ္ခုခုကိုအေတြးေပါက္သြားေသာ မိုးထက္က ညစ္က်ယ္က်ယ္ၿပံဳးကာ

"ကြၽန္ေတာ္ အႀကံရၿပီ"

"ဘာအႀကံလဲ...ေပါက္ကရေတာ့မလုပ္နဲ႔ေနာ္..."

မင္းျမတ္က မိုးထက္ကိုၾကည့္ကာ မယံုသလိုေျပာလာသည္။ မိုးထက္ကလည္း မ်က္ႏွာကိုေမာ့ခ်ီလိုက္ကာ

"ငါပါကြ...မိုးထက္ရဲရင့္ေလ...ယံုလိုက္စမ္းပါ"

ဆိုကာ သူ၏အႀကံအစည္ကို က်န္ေလးေယာက္ကို ေျပာျပလာေတာ့သည္။ မိုးထက္ေျပာလာေသာ အႀကံအစည္ကိုၾကားၿပီးေနာက္ ၅ေယာက္လံုး မ်က္ႏွာထက္ အၿပံဳးတို႔ ျဖစ္တည္သြားၾကသည္။ မင္းျမတ္က စိုးရိမ္ေနေသးသည့္ဟန္ျဖင့္

"ျဖစ္ပါ့မလား...အစ္ကို႔ စိတ္အေျခအေနက အရွင္းေနျပန္ေကာင္းေသးတာ မဟုတ္ဘူးေနာ္...ေတာ္ၾကာ ပိုဆိုးသြားအံုးမယ္...ေနာက္ၿပီး အစ္ကို႔မွာ ႏွလံုးေရာဂါရိွတာကိုလည္း မေမ့နဲ႔အံုး"

မင္းျမတ္စကားေၾကာင့္ ေသာ္တာတို႔လည္း ေတြေ၀သြားၾကသည္။ တကယ္လည္း မာန္က အရွင္းျပန္ေကာင္းေသးတာမဟုတ္သည္ေၾကာင့္ ထိုအႀကံအစည္ကို အေကာင္အထည္ေဖာ္ဖို႔ရန္ ခ်င့္ခ်ိန္ေနရသည္။ ထိုစဥ္ မိုးထက္က ေတြေ၀ေနေသာ လူမ်ားအားၾကည့္ကာ

"လာပါကြာ...ေသရင္ေျမႀကီး ရွင္ရင္ေရႊထီးပဲ...ေနာက္ျပႆနာ ေနာက္ရွင္း"

"ေဟ့ေကာင္ အဲ့လိုလုပ္လို႔ရမလားကြ...အေလ်ာ္အစားက အစ္ကိုကိုယ္တိုင္ျဖစ္ေနတာေလ...ေၾကးႀကီးလြန္းတယ္"

မင္းျမတ္က အမွန္တကယ္ကို စိုးရိမ္ေနသည့္ပံုျဖင့္ ေျပာေနေတာ့သည္။ လင္းသာက မင္းျမတ္ပုခံုးကို ပုတ္လိုက္ရင္း

"ကံစီမံရာအတိုင္းပဲေပါ့ ညီ...မလုပ္ရေသးပဲနဲ႔ေတာ့ ႀကိဳမသိႏိုင္ဘူးေလ...မေျပာႏိုင္ဘူးေလ...ကိုယ္တို႔ အခုလိုလုပ္လို႔ သူတို႔ႏွစ္ေယာက္လည္း ျပန္အဆင္ေျပသြားႏိုင္တာပဲေလ"

လင္းသာက ေလေျပေအးျဖင့္ ေျပာျပလာသည္ မင္းျမတ္ၿငိမ္က်သြားေတာ့သည္။ ေသာ္တာက မိုးထက္ကိုၾကည့္လိုက္ကာ

"ဘယ္ေတာ့ စမလဲ"

"အခုပဲ"

ထို႔ေနာက္ မိုးထက္ အႀကံအစည္အတိုင္း လူခြဲလိုက္ၾကသည္။ ေသာ္တာႏွင့္ လင္းသာတို႔ မ်က္ႏွာကို စိုးရိမ္ေနသည့္ပံုလုပ္ကာ အခန္းထဲ၀င္ၿပီး

"မာန္ မာန္"

ေသာ္တာက အေလာတႀကီး ေခၚလာသည္ေၾကာင့္ မာန္ ၿငိမ္သက္ေနရာမွ မ်က္လံုးမ်ား ျပဴးက်ယ္လာကာ

"ဘာ...ဘာျဖစ္တာလဲ"

"ခြန္းဆက္...ခြန္းဆက္"

ေသာ္တာဆက္မေျပာပဲ အသက္ကိုလု႐ႉေနရသည့္ ပံုစံလုပ္ျပသည္။ ထိုသည္ကိုၾကည့္ရင္း မာန္စိတ္တို႔ ပို၍ပူလာရေတာ့သည္။ လင္းသာမွာေတာ့ သ႐ုပ္ေဆာင္ပီျပင္လြန္းေသာ ေသာ္တာ့အားၾကည့္ကာ ရယ္ခ်င္သည္ကို အတင္းေအာင့္ထားရသည္။

"ခြန္းဆက္ ဘာျဖစ္လို္႔လဲ"

မာန္ စိတ္ပူစြာေမးမိသည္။

ခြန္းဆက္ တစ္ခုခုမ်ား ျဖစ္ေနလို႔လား...

"ငါ့ကို မင္းျမတ္ ဖုန္းဆက္တယ္...ခြန္းဆက္ ေဆး႐ံုကိုလာေနတဲ့လမ္းမွာ ကား accident ျဖစ္ၿပီး အခုအေရးေပၚအခန္းထဲေရာက္ေနတယ္တဲ့...ထိခိုက္သြားတာကလည္း ေတာ္ေတာ္မ်ားတယ္... အေျခအေနကလည္း ေတာ္ေတာ္ျပင္းတယ္တဲ့...ေသမလား ရွင္မလားေတာင္ မသိရဘူးတဲ့"

ေျပာလာေသာ ေသာ္တာ့စကားကို ၾကားရၿပီးေနာက္ မာန္ အသိအာ႐ံု အလံုးစံုတို႔ လြတ္သြားရသည္။ လင္းသာတစ္ေယာက္ ေသာ္တာ့အား ပါးစပ္အေဟာင္းသားျဖင့္ ၾကည့္မိသည္။ accident ျဖစ္တယ္ဆိုရင္ရၿပီေပါ့။ ဘယ္ႏွယ့္ အေျခအေနက ျပင္းသြားရတာတုန္း။ ေတာ္ၾကာ ႏွလံုးေရာဂါနဲ႔ မာန္တစ္ေယာက္ သတိလစ္သြားမွ  အေျခအေနက အိုေကမွာစိုေျပသြားေတာ့မယ္။ ေသာ္တာကေတာ့ လင္းသာအေတြးကိုမသိ သူ႕စကားကိုယံုသြားေသာ မာန္႔ကိုသာ ေက်ေက်နပ္နပ္ႀကီး ၾကည့္ေနေတာ့သည္။

အေရးေပၚအခန္း။ ခြန္းဆက္က အေရးေပၚ အခန္းထဲေရာက္ေနသည္တဲ့။ ခြန္းဆက္က အေရးေပၚအခန္းထဲမွာတဲ့။ အေျခအေနကလည္း ျပင္းတယ္တဲ့။ေသမလားရွင္မလားေတာင္ မသိရဘူးတဲ့။ ခြန္းဆက္က အခုအေရးေပၚခန္းထဲမွာ။ ခြန္းဆက္ အေရးေပၚအခန္းထဲမွာ...။

ေတြးရင္းေတြးရင္း မာန္မ်က္ရည္မိုးတို႔ ရြာသြန္းလာေတာ့သည္။ ထို႔ေနာက္ ေသာ္တာ့ကိုၾကည့္လိုက္ၿပီး

"ေသာ္တာ ငါ့ကို ေခၚသြားေပးကြာ...ခြန္းဆက္ဆီ ငါ့ကို ေခၚသြားေပးပါကြာ"

မာန္ မ်က္ရည္မ်ားႏွင့္ ေတာင္းဆိုလာသည္။ ေသာ္တာလည္း ေခါင္းညိတ္လိုက္ကာ မာန္႔ကို ထိုေဆး႐ံုမွ ေခၚလာခဲ့ၿပီး ခြန္းဆက္တို႔ရိွေနမည့္ ေဆး႐ံုသို႔ ေခၚေဆာင္ သြားေတာ့သည္။ lover set တြင္ထိုင္ကာ ခြန္းဆက္အား စိုးရိမ္ေနေသာ မာန္႔ကိုၾကည့္ၿပီးေနာက္ ေနာက္ၾကည့္မွန္မွတစ္ဆင့္ အေနာက္တြင္ထိုင္ေနေသာ လင္းသာကို ေသာ္တာ မ်က္စိတ္တစ္ဖက္မိွတ္ျပလိုက္သည္။ လင္းသာကလည္း လက္မႏွစ္ေခ်ာင္း ျပန္ေထာင္ျပသည္။ ထိုအျဖစ္အပ်က္မ်ားကို အစိုးရိမ္လြန္ေနေသာ မာန္တစ္ေယာက္ကေတာ့ မသိရိွလိုက္ေပ။

တစ္ဖက္တြင္လည္း မိုးထက္တို႔၃ေယာက္ ခြန္းဆက္ကို ကားေပၚအတင္း ဆြဲတင္ကာ ေဆး႐ံုသို႔ အျမန္ဆံုးနည္းႏွင့္ ပန္းကန္လံုးစီးေနရေတာ့သည္။ ခြန္းဆက္မွာေတာ့ မင္းျမတ္နဲ႔ မိုးထက္တို႔၏ ဖမ္းေခၚလာမႈေၾကာင့္ အေၾကာင္သားလိုက္ပါလာခဲ့ရသည္။

"ေဟ့ေကာင္ေတြ ဘာလုပ္တာလဲကြာ...အခုခ်ိန္က စရမယ့္အခ်ိန္မဟုတ္ဘူးေနာ္...ေနာက္ၿပီး စေနာက္ဖို႔အတြက္လည္း ငါစိတ္မပါဘူး...လႊတ္ၾကစမ္းပါကြာ...ငါ မာန္႔အတြက္ ႏွင္းဆီပန္း၀ယ္မလို႔ပါဆိုကြာ"

ခြန္းဆက္က ၿငီးၿငီးျငဴျငဴေျပာလာသည္ေၾကာင့္ မိုးထက္ ခြန္းဆက္အား ဖမ္းခ်ဳပ္ထားရင္း ျပန္ေျပာသည္။

"ၿငိမ္ၿငိမ္ေလးေနၿပီး လိုက္ခဲ့စမ္းပါ ေဖ့သားရာ"

ေဆး႐ံုကိုေရာက္ေတာ့လည္း သံုးေယာက္သား ခြန္းဆက္အား VIP အခန္းတစ္ခုထဲသို့ ဆြဲေခၚသြားေတာ့သည္။ ထို္႔ေနာက္ ေကာင္းထက္ႏွင့္ ခြန္းဆက္ကို bathroom ထဲသို႔ ထည့္လိုက္ၿပီး မိုးထက္က ကုတင္ေပၚ၀င္လွဲကာ သူ႕အေပၚမွ အျဖဴေရာင္ပိတ္စကို မင္းျမတ္က ေခါင္းလံုသည္အထိ လႊားတင္ေပးလိုက္သည္။ အားလံုးျပင္ဆင္ၿပီးသည့္အခ်ိန္မွာေတာ့ မင္းျမတ္ ေသာ္တာ့ဆီ အခန္းနံပါတ္ကို message လွမ္းပို႔လိုက္ေတာ့သည္။

အခန္းထဲတြင္ ေနေနသည္မွာ ၁၅ မိနစ္မွ်ပင္ၾကာလာသည္ေၾကာင့္ ခြန္းဆက္ မေနႏိုင္ေတာ့၍ အခန္းထဲမွ ထြက္ရန္ တံခါးဖြင့္လိုက္စဥ္ အခန္းထဲေျပး၀င္လာေသာ ပံုရိပ္ေလးေၾကာင့္ ေျခလွမ္းတို႔ ရပ္တန္႔သြားရသည္။ ကုတင္ထက္က ကိုယ္ကိုလႈပ္ခါကာ ႐ိႈက္ႀကီးတငင္ငိုေႂကြးေနေသာ မာန္႔ေၾကာင့္ သူ႕ရင္ဘက္တစ္ေနရာက စူးေအာင့္လာရသည္။ ေကာင္းထက္ကို ၾကည့္လိုက္ေတာ့ သူ႕အားေခါင္းညိတ္ျပကာ ပုခံုးကိုပုတ္လာသည္။

တစ္ဖက္တြင္လည္း မာန္တစ္ေယာက္ အခန္းထဲ ၀င္၀င္လာျခင္း ျမင္ရလိုက္သည္ျ့မင္ကြင္းက သူ႕ရင္၀ကို စံုကန္လိုက္သလိုပင္။ကုထင္ထက္က လူကိုအုပ္မိုးထားေသာ ပိတ္ျဖဴစကိုၾကည့္ရင္း မာန္အသက္႐ႈမ၀ေတာ့သလို ေမာဟိုက္လာရသည္။ ရင္ထဲတြင္တစ္ဆို႔သြားကာ ေျခေထာက္မ်ားပင္ ေခြက်ေတာ့မေယာင္ျဖစ္သြားရသည္။ မာန္မယံုၾကည္ႏိုင္စြာ ကုတင္ေဘးက မင္းျမတ္ကို ေမာ့ၾကည့္မိေတာ့ မ်က္လံုးေထာင့္မ်ားက နီရဲေနသည္ကို ျမင္လိုရတာေၾကာင့္ သူ႕ရင္ထဲပို၍ တင္းက်ပ္လာရသည္။ မာန္ အေျခအေနကို လက္မခံႏိုင္စြာ ေခါင္းခါကာျဖင့္

"ဟင့္အင္း မျဖစ္ရဘူး...မျဖစ္ရဘူး"

ဆိုရင္း ၾကမ္းျပင္ထက္ ယိုင္က်သြားသည္ေၾကာင့္ ေသာ္တာ လွန္းထိန္းလိုက္ရသည္။ မာန္ ေသာ္တာ့ လက္ထဲမွ ႐ုန္းထြက္လိုက္ရင္း ကုတင္ေဘးသို့ အေျပးသြားလိုက္သည္။ ထို႔ေနာက္ ကုတင္ထက္မွ ကိုယ္အား လႈပ္ခါကာ

"ေမာင္ ထေလကြာ...ငါလာၿပီေလ...မင္း ငါ့ကို ဒီလိုထားသြားလို႔မရဘူး...ေမာင္ ထေတာ့...မင္း ငါ့ကိုထားသြားလို႔မရဘူးေနာ္"

မာန္၏ အမွန္တကယ္ကို နာက်င္ခံစားေနရသည့္ ပံုစံေလးေၾကာင့္ စေနာက္ရန္ႀကံရြယ္ခဲ့သည့္ မင္းျမတ္တို႔မွာပင္ မ်က္ရည္မ်ားက ၀ဲတက္လာေတာ့သည္။  ခြန္းဆက္မွာေတာ့ မာန္႔ကိုၾကည့္ရင္း မ်က္ရည္က က်ႏွင့္ၿပီး ျဖစ္သည္။

"ေမာင္ ထေတာ့လို႔ ငါေျပာေနတယ္ေနာ္ မင္းကိုငါ ေျပာစရာေတြရိွေသးတယ္...မင္း ငါ့ကို ဒီလိုထားသြားလို႔ မရဘူးလို႔"

မာန္ မ်က္ႏွာတြင္ မ်က္ရည္မ်ားက သြင္သြင္စီးက်ေနၿပီျဖစ္သည္။ မိုးထက္ ကိုယ္အား လႈပ္ကာ ထလာေစရန္ အဆက္မျပတ္ေခၚေနသည္။

"ေမာင္ ငါေတာင္းပန္ပါတယ္...ငါ့ကို ထားမသြားပါနဲ႔...ငါမင္းနဲ႔အတူတူ လုပ္ခ်င္တာေတြရိွေသးတယ္ေလ...ထလာပါေတာ့ကြာ...ငါ့ကို တစ္ေယာက္ထဲ မထားသြားပါနဲ႔...ေနာက္အနာဂတ္ေန႔ရက္ေတြမွာ ငါ့အတြက္ မင္းရိွဖို႔လိုတယ္ေလ...ငါ့ကိုမထားခဲ့ပါနဲ႔...ငါ မင္းမရိွပဲ မေနႏိုင္လို႔ပါ...ေက်းဇူးျပဳၿပီး ငါ့ကိုမထားခဲ့ပါနဲ႔... ငါဒီလို ဒူးေထာက္ၿပီး ေတာင္းပန္ပါတယ္... ေမာင္ ငါ့ကို ထားမသြားပါနဲ႔"

ေျပာရင္း ေဆး႐ံုၾကမ္းျပင္ထက္ ဒူးေထာက္ခ်လိုက္ေသာ မာန္။ ခြန္းဆက္ မာန္႔ပံုစံအား မၾကည့္ရက္ႏိုင္ေတာ့စြာ မာန္႔ဆီသို႔ အေျပးသြားလိုက္ၿပီး မာန္႔ကိုယ္ေလးအား ဖက္ကာ ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့သည္။ ထို႔ေနာက္ မာန္႔ေက်ာျပင္ေလး ပြတ္ေပးရင္း

"မငိုနဲ႔ေတာ့ေနာ္... ေမာင္ မင္းကို ထားမသြားဘူး...ေမာင္ရိွတယ္ေနာ္"

"ေမာင္"

႐ုတ္တရက္ သူ႕အားဖက္ကာ ေျပာလာသူေၾကာင့္ မာန္ ေမာ့ၾကည့္လိုက္ေတာ့ ျမင္လိုက္ရေသာသူေၾကာင့္ မ်က္၀န္းျပာေလးတို႔က ျပဴးက်ယ္သြားၿပီး မ်က္ႏွာတြင္လည္း ၀မ္းနည္းရိပ္တို႔မွ ထိတ္လန္႔ျခင္းသို႔ အသြင္ေျပာင္းသြားကာ ထေအာ္ပါေတာ့သည္။

"အားးးးး"

မာန္က ထေအာ္လာသည္ေၾကာင့္ ခြန္းဆက္က အေယာင္ေယာင္အမွားမွားျဖင့္ မာန္႔ကိုလႊတ္လိုက္ကာ

"ဘာ...ဘာျဖစ္လို႔လဲ မာန္"

မာန္က ခြန္းဆက္အား လက္ညိဳးထိုးလာၿပီးေနာက္ ေျပာလာသည့္စကားေၾကာင့္ ခြန္းဆက္ ဆြံ႕အသြားရေတာ့သည္။

"သ သ သရဲ...ခြန္းဆက္ သရဲ..."

ထို႔ေနာက္ မ်က္လံုးမ်ားမိွတ္လိုက္ၿပီးေနာက္ လက္အုပ္ခ်ီလာကာ

" ခြန္းဆက္သရဲေရ အမွ် အမွ် အမွ်"

ခြန္းဆက္ကို မ်က္ႏွာမူထားရင္း လက္အုပ္ေလးခ်ီကာ တစ္အမွ်ထဲ မွ်ေနေသာ မာန္႔ေၾကာင့္ အခန္းထဲက လူအကုန္ ေၾကာင္အသြားရေတာ့သည္။ ေသာ္တာတို႔မွာလည္း အခုဏက မာန္႔ေၾကာင့္ က်မလိုျဖစ္ေနခဲ့ေသာ မ်က္ရည္တို႔က ျပန္၀င္သြားရေတာ့သည္။ၾကည့္ရတာ မာန္၏ ကေလးဆန္ျခင္းအမႈတို႔ စတင္လာဟန္တူပါသည္။ မာန္က ႐ိႈက္သံေလးမ်ားႏွင့္ ဆက္၍ဆိုလာျပန္သည္။

"ခြန္းဆက္ အင့္...မင္းလည္း မင္းဘ၀နဲ႔ မင္းျဖစ္ေနၿပီမို႔ မင္းသြားမယ့္လမ္းကိုသာ ေျဖာင့္ေျဖာင့္သာသြားပါေတာ့ အင့္...အီးဟီးးး...ငါ့ကို စိတ္မခ်လည္း သြားပါေတာ့ေနာ္...ငါတို႔ႏွစ္ေယာက္က ဘ၀ျခားသြားၿပီေလ အီးဟီးးးးငါ့အနား မင္းကိုရိွေစခ်င္တယ္ဆိုေပမယ့္ အင့္ ဒီလိုမ်ဳိးေတာ့ မဟုတ္ဘူးေလ အင့္...ဒါေၾကာင့္ သြားပါေတာ့ေနာ္...ငါျပဳခဲ့သမ်ွ ေကာင္းမႈေတြကို မင္းအတြက္ရည္စူးၿပီး အမွ်ေ၀ပါတယ္...ခြန္းဆက္ေရ အမွ် အမွ် အမွ်"

မ်က္လံုးေလးမိွတ္ကာ ေျပာခ်င္ရာေျပာေနေသာ မာန္ေၾကာင့္ ခြန္းဆက္မွာ ရယ္ရခက္ငိုရခက္ ျဖစ္ေနေတာ့သည္။ ရင္ထဲတြင္လည္း ၀မ္းနည္းစိတ္တို႔က တိမ္ေတြလိုလႊင့္ပါးသြားၿပီး မာန္႔ကိုၾကည့္ကာ အသဲယားလာရေတာ့သည္။ သူ႕ေရွ႕မွ မာန္၏ပံုစံေလးက ဆြဲဖက္ျဖစ္ညႇစ္ခ်စ္စရာေလး ျဖစ္ေနသည္။

အခုေလးတင္ပဲ ထားမသြားပါနဲ႔ဆိုၿပီး ငိုယိုေနခဲ့သူက ခ်က္ခ်င္းပင္ သြားပါေတာ့ဟု ႏွင္ထုတ္ေနျပန္သည္။

မာန္ရယ္...ဘာလု္ိ့ ဒီေလာက္ထိ ခ်စ္ဖို႔ေကာင္းေနရတာလဲဗ်ာ.....

ခြန္းဆက္စိတ္ထဲ ကူကယ္ရာမဲ့စြာ ေတြးမိရင္း မင္းျမတ္တို႔ကိုၾကည့္မိေတာ့ ထိုသူေတြကလည္း မာန္႔ကိုၾကည့္ရင္း ပါးစပ္ကိုလက္ျဖင့္အုပ္ကာ အသံမထြက္ေအာင္ ရယ္ေနေတာ့သည္။

"မာန္ "

ခြန္းဆက္ ေခၚသံေၾကာင့္ မာန္က မ်က္လံုးတစ္ဖက္ ဖြင့္ကာၾကည့္လာသည္။ ထို႔ေနာက္ သူ႕ေရွ႕မွ ခြန္းဆက္ကို တစ္လွည့္ ကုတင္ေပၚမွအ၀တ္ျဖဴအုပ္ထားေသာ ကိုယ္ကိုတစ္လွည့္ၾကည့္ၿပီးေနာက္ မ်က္လံုးမ်ား ျပန္မိွတ္သြားကာ ႏႈတ္ကလည္း တတြတ္တြတ္ဆိုလာျပန္သည္။

"ခြန္းဆက္ေရ အမွ် အမွ် အမွ်..."

"မာန္...မ်က္လံုးဖြင့္ၿပီးၾကည့္လို႔"

ခြန္းဆက္ မာန္႔အနားကပ္ကာ မာန္႔လက္တစ္ဖက္ကို ဆြဲလိုက္ခ်ိန္မွာပင္ မာန္က လက္ႏွစ္ဖက္ျဖင့္ ခြန္းဆက္အား တစ္ဖံုးဖံုးထုလာေတာ့သည္။

"အားးးး သရဲ ခြန္းဆက္...ခြန္းဆက္ သရဲ...႐ႈး ႐ႈး ႐ႉး...ေ၀းေ၀းသြား...ငါ သရဲေၾကာက္တယ္လို႔ အီးဟီးးးး"

ခြန္းဆက္မွာေတာ့ မ်က္လံုးမ်ားမိွတ္လွ်က္ သူ႕အား တရစပ္ထုေနေသာ မာန္႔လက္မ်ားကို ေရွာင္ေနရသည္။ မာန္နဲ႔ခြန္းဆက္၏ ျဖစ္ပ်က္ေနေသာပံုစံေၾကာင့္ မင္းျမတ္တို႔မွာ အူတက္ေနၾကေတာ့သည္။ ခြန္းဆက္လည္း မာန္႔ကိုၾကည့္ရင္း ရယ္မိေတာ့သည္။ မာန္ကေတာ့ ထိုသည္ကိုမသိေသးပဲ မ်က္လံုးႀကီး အတင္းမိွတ္ထားကာ သူေအာ္ခ်င္ရာေအာ္လို႔ေနသည္။ ခြန္းဆက္ မာန္႔ကိုဆြဲကာ ဖက္ထားလိုက္ၿပီး

"မာန္...ေမာင္ သရဲမဟုတ္ပါဘူးကြာ"

"ဟင့္အင္း မင္းလိမ္တာ...ဘယ္သရဲက သူကသရဲပါလို႔ ေျပာလို႔လဲ"

"ကဲ ၾကည့္ေလ...မာန္က ေမာင့္ကိုထိလို႔ရတယ္မလား...သရဲေတြကို ထိလို႔ရလို႔လား"

ထိုစကားေၾကာင့္ မာန္က ခြန္းဆက္ကုိ ေသခ်ာၾကည့္လာၿပီးေနာက္ မ်က္ႏွာေလးက ပို၍မဲ့က်သြားကာ ထပ္၍ေအာ္ငိုပါေတာ့သည္။

"ငါ ေမာင့္ကို ထိလို႔ရတယ္ဆိုေတာ့ ငါသရဲျဖစ္သြားၿပီေပါ့ အီးဟီးးးး"

ပို၍ ငိုလာေသာမာန္႔ေၾကာင့္ ခြန္းဆက္လက္တကာကာျဖင့္ အသည္းအသန္ျငင္းရေတာ့သည္။

"မဟုတ္ဘူး မာန္...မာန္လည္း သရဲမျဖစ္ဘူး...ေမာင္လည္း သရဲမဟုတ္ဘူး...ေမာင္တို႔က လူေတြပဲရိွေသးတယ္"

"အင့္ တကယ္လား"

"တကယ္ တကယ္...မယံုရင္ မာန္႔ေၾကာင့္ ခုန္ေနတဲ့ ေမာင့္ရင္ခုန္သံကို နားေထာင္ၾကည့္... "

ေျပာရင္း ခြန္းဆက္ မာန္႔ေခါင္းေလးကို သူ႕ရင္ဘက္နား ကပ္ေပးလိုက္သည္။ ထိုအခါမွ မာန္တစ္ေယာက္ ၿငိမ္သက္သြားေတာ့သည္။  ၿပီးေနာက္ မာန္က ခြန္းဆက္ခါးအား တင္းတင္းက်ပ္က်ပ္ ဖက္တြယ္လာၿပီး

"ေမာင္"

မာန္ ေခါင္းေလးေမာ့ကာ ၾကည့္ၿပီး ေခၚလိုက္သည္။ တစ္ဖန္ ခြန္းဆက္ ရင္ခြင္ထဲ ျပန္၀င္သြားကာ

"ေမာင္ ငါ့ကို ထားမသြားပါနဲ႔"

"အင္း ေမာင္ ထားမသြားဘူးေနာ္"

တစ္ေယာက္ကိုတစ္ေယာက္ တင္းတင္းက်ပ္က်ပ္ဖက္ကာ ၿငိမ္သက္ေနေသာ ႏွစ္ေယာက္အားၾကည့္ရင္း ေကာင္းထက္ ကုတင္အနားသြားလိုက္ကာ ပုဝါအျဖဴစကိုဖယ္ခြာလိုက္ၿပီး

"ထေတာ့ မင္းကို ဒီလိုပံုၾကည့္ရတာ ငါ့အတြက္ အဆင္မေျပဘူး"

မိုးထက္အား ပခံုးမွဆြဲကိုင္ကာ ထေစလိုက္သည္။ မင္းျမတ္လည္း ခြန္းဆက္တို႔ကိုၾကည့္ရင္း ႏွာတ႐ံ့ႈ႐ံ့ႈျဖစ္ေနေသာ ေသာ္တာဆီ လက္ကိုင္ပုဝါ ကမ္းေပးလိုက္သည္။ ေသာ္တာက ထိုလက္ကိုင္ပုဝါကိုယူကာ

"ေက်းဇူးပဲ"

လင္းသာမွာေတာ့ အခန္းထဲမွ အတြဲကိုယ္စီေၾကာင့္ အထီးက်န္လာရေတာ့သည္။ ထို႔အတူ အေ၀းမွ ခ်စ္ရသူေလးကိုလည္း တမ္းတမိသြားေတာ့သည္။

"လြမ္းလိုက္တာ ၾကယ္စင္ရယ္"

*********************************
#25.4.2024
#🍁Moe Kyal Phyu🍁

**********
မာန္ be like : ခ်စ္တာကခ်စ္တာပဲ...သရဲဆိုရင္ေတာ့ ေမာင္းထုတ္ရမွာပဲ...

Continue Reading

You'll Also Like

5.2K 111 3
ခေါင်းမာလွန်းလှသူအင်ဂျင်နီယာမလေးနှင့် စီးပွားရေးလောကတွင် သူဋ္ဌေးမလေးအတွင်းရေးမှူး မမ နှင့်တွေ့သောအခါ........ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ၊၊ (Mya...
876K 62.3K 48
He is mine ?muu paing?
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။