အပိုင်း (၁၄၃) ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ် -2
ဖွင့်ပြောလိုက်တဲ့သူက ရှက်နေချိန်တွင် ဖွင့်ပြောခံလိုက်ရသည့် ကောင်လေးကတော့ ကြက်သေသေနေခဲ့လေသည်။
ရှောင်ဟန်က သူအခု ဘာကိုကြားလိုက်ရလဲဆိုတာကို မယုံကြည်နိုင်ဘူး။
ချစ်မြတ်နိုးမှုတဲ့လား...။
အချိန်သည် ရပ်တန့်သွားသကဲ့ပင် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေသည်။
နောက်မှ အံသြမှုထဲက ရုန်းထွက်လာနိုင်တဲ့ ရှောင်ဟန်က ရှက်ရွံ့စွာနဲ့ပြောလိုက်ပါတယ်။
"ဒါ.. ဒါပေမယ့် ကျွန်တော်တို့က လက်ထပ်ပြီးသားလေ"
သူတို့က လက်ထပ်ထားတဲ့ စုံတွဲတွေပဲလေ။ ဒါကို ဒီလိုမျိုး ချစ်စကားတွေပြောနေတာက ရှက်စရာကောင်းမနေဘူးလား။
ပိုင်လီက ရှောင်ဟန်ကို ဖက်ထားတုန်းပါပင်။
ဒီအတွက် ရှောင်ဟန်က အရမ်းကိုရှက်ရွံနေ၏။ သူတို့က အခု ငါးထပ်မြောက်မှာဆိုပေမယ့် အပြင်ဘက်ဖြစ်တဲ့ဝရံတာမှာဖြစ်နေ၍ ရှောင်ဟန်က မတော်တဆအနေနဲ့တောင် တစ်ယောက်ယောက်မြင်သွားမှာကိုစိုးရိမ်နေပြီး သူက ရှက်ရွံ့မှုကြောင့် အငွေ့ပျံသွားတော့မလိုပင် ခံစားနေရပေသည်။
ပိုင်လီကတော့ ရှောင်ဟန်စကားကြောင့် ပိုတိုးဖက်လိုက်ပြီး သူက ကလေးကြီးလိုပင် စတင်ပြောဆိုတော့၏။
"မတူဘူး.. အဲတာကမတူဘူးလေ"
နောက်ထပ် ပိုင်လီ ဆက်ပြောသေးတာက...
"ကိုယ်တို့လက်ထပ်ထားတာကို မေ့ထားလိုက်တော့ ကိုယ်တို့က ဘာကြောင့်လက်ထပ်ထားတာလဲ ကိုယ်တို့အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ အကုန်လုံးကို မေ့လိုက်ကျရအောင်လေ ဒီကရှေ့လျောက် ကိုယ်တို့က ချစ်မြတ်နိုးမှုတွေနဲ့ပဲ ရှေ့ဆက်ကျမယ် တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးတဲ့ စုံတွဲတွေအနေနဲ့ပဲလေ"
ဒါက ရှောင်ဟန်အတွက် မတရားမှန်း သူလည်းသိပါသည်။ အတိတ်က ရှောင်ဟန်အတွက် ကောင်းတာတွေမှ မဟုတ်ခဲ့တာ။ မေ့ဖို့ခက်ခဲမှာပဲ။
ဒါပေမယ့် ပိုင်လီက တကယ် ကတိပေးနိုင်ပါတယ်။ အဲလို နာကျင်စရာအတိတ်ဆိုးတွေကို မေ့လျော့သွားတဲ့ထိ သူရှောင်ဟန်ကို ဂရုစိုက်ပေးနိုင်တယ်၊ ချစ်ပေးနိုင်တယ်။ သူဒီကောင်လေးရဲ့ ဒဏ်ရာမှန်သမျှကို အမာရွတ်တွေကအစ မှေးမှန်ပျောက်ကွယ်သွားတဲ့ထိ ကုစားပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။
ပိုင်လီက သူ့ဖက်ထားတဲ့ ကောင်လေး၏ ခန္ဓာကိုယ်က တောင့်တင်းလာတာကို သတိထားမိတော့ သူက ဖက်ထားရာကနေ လွတ်ပေးလိုက်ပြီး ထိုကောင်လေး၏ မျက်ဝန်းတွေကိုကြည့်ကာ မေးလိုက်၏။
"အဲလိုမျိုး ကိုယ်တို့ကြားမှာ မရနိုင်လောက်ဘူးလား"
ရှောင်ဟန်က သူ့ရှေ့ကလူကို ပြန်ကြည့်မိလိုက်သော်လည်း သူက လျှင်မြန်စွာ အကြည့်လွဲလိုက်မိသည်ပင်။ သူက အခုချိန်မှာ ဒီလူနဲ့ မျက်လုံးချင်းဆုံဖို့ မဝံ့ရဲဘူးလေ။
သို့သော် သူ့ရှေ့ကလူကတော့ သူ့ကိုမျက်နှာလွှဲ မခံပါချေ။ ပိုင်လီက သူ့ရှေ့ကကောင်လေး၏ မျက်နှာကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး သူနဲ့မျက်လုံးချင်းဆုံစေခဲ့ကာ ထပ်မေးလိုက်ပါတယ်။
"တကယ်ပဲ မင်းကိုယ့်ကို ပြန်မချစ်နိုင်ဘူးလား"
အမှန်တိုင်းဝန်ခံရရင် ပိုင်လီက အနည်းငယ် စိုးရိမ်စိတ်ရှိနေသည်ပင်။ အတိတ်က မူလပိုင်လီ လုပ်ခဲ့တာတွေက လုံးဝမကောင်းဘူး။ ဒါက သူနဲ့မဆိုင်ပေမယ့်လည်း သူက အတိတ်ကလူက သူမဟုတ်ပါဘူးလို့ ဖွင့်မပြောနိုင်ဘူးလေ။ ဒီလိုရှေးခေတ်မှာ ဝိဉာဥ်တွေ၊ မကောင်းဆိုးဝါးတွေကို အရမ်းကြောက်ကျတာဆိုတော့ သူသာ ဒီခန္ဓာကိုယ်ထဲရောက်နေတဲ့ တခြားဝိဉာဥ်တစ်ခုဆိုတာကို သိသွားကျရင် ရှောင်ဟန်ရော၊ ပိုင်မိသားစုတွေရောက သူ့ကို မကောင်းဆိုးဝါးလို့ပဲ ထင်သွားကျမှာမလား။ ဒါကြောင့် ပိုင်လီက သူက မူလပိုင်လီ မဟုတ်ဘူးဆိုတာကိုတော့ ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ပါဘူး။
ကံကြမ္မာက သူ့ကို ဒီခန္ဓာကိုယ်မှာ ဆက်လက်ရှင်သန်ခိုင်းခဲ့မှတော့ သူက ဒီလူ(မူလပိုင်လီ)အဖြစ်နဲ့သာ ရှင်သန်သွားရမှာပဲလေ။ သူစိုးရိမ်တာက ရှောင်ဟန်က အတိတ်ကဖြစ်ရပ်တွေကို လုံးဝခွင့်မလွှတ်နိုင်မှာကိုပါပဲ။
ရှောင်ဟန်ကတော့ ပိုင်လီ၏ မျက်လုံးချင်းဆုံစေမှုကြောင့် တစ်ဖက်လူ၏ မျက်ဝန်းများကို ကြည့်လိုက်ရပြီး သူက ထိုမျက်ဝန်းတွေကို ခဏလောက် ငေးမောမိသွားခဲ့ပေသည်။ သူက တစ်ဖက်လူရဲ့ မျက်ဝန်းတွေထဲမှာ ချစ်မြတ်နိုးမှုတွေနဲ့အတူ စိုးရိမ်မှုအနည်းငယ်ကို သူတွေ့ခဲ့ရပြီး ဒါက သူ့ကို စိတ်မကောင်းဖြစ်စေပါတယ်။
ဒီနောက်ပိုင်းမှာ သူက ပိုင်လီရဲ့ အေးဆေးတည်ငြိမ်တတ်ပြီး ယုံကြည်မှုအမြဲရှိတဲ့ ပုံစံကိုပဲ မြင်တွေ့ခဲ့ရလို့ဖြစ်နိုင်တယ်။ အခုလိုမျိုး ပိုင်လီရဲ့ မရေမရာနဲ့ စိုးရိမ်နေတဲ့ပုံလေးက အရမ်းသနားစရာကောင်းနေသလိုပဲ။ အဲတာက ရှောင်ဟန်ကို ဂရုဏာသက်အောင်လို့ ဆွဲဆောင်နေသလိုပဲဆို ပိုမှန်ပါလိမ့်မယ်။
ပြီးတော့ ဒီမျက်ဝန်းတွေထဲကနေ သူ့(ပိုင်လီ)ရဲ့ခံစားချက်တွေက အစစ်မှန်ပဲဆိုတာကိုလည်း မြင်နိုင်ခဲ့တယ်။
ဒါကြောင့်ပဲ ရှောင်ဟန်က ထိုမျက်ဝန်းတွေကို ငေးရင်းနဲ့ တွေဝေစွာ မေးလိုက်မိတော့တယ်။
"ဒါက.. တကယ်ပဲလား ခင်ဗျား တကယ်ပြောနေတာလား ကျွန်တော့်ကို ချစ်မြတ်နိုးတယ်ဆိုတာကလေ"
ပိုင်လီက သူ့ကို တကယ်ပဲ ချစ်နိုင်တာလား။ ဒါပေမယ့် အခုချိန်မှာ ပိုင်လီက အရမ်းပြည့်စုံနေပြီလေ။ သူက ရှေ့လျောက် အထက်ကိုတတ်ဖို့ အချိန်မရွေးအဆင်သင့်ဖြစ်နေပြီး ရှောင်ဟန်ကတော့ သူနဲ့ကလေးတွေကို ပိုင်လီက မစွန့်ပစ်လိုက်တာနဲ့တင် ကျေနပ်နေရမယ့် လူမျိုးပဲမဟုတ်ဘူးလား။ သူက ဒီချစ်ခြင်းနဲ့ ထိုက်တန်မှာမလို့လား။
ပိုင်လီက သူ့ထက် ပိုကောင်းမွန်တဲ့သူတွေကို ရွေးလို့ရနေရဲ့သားနဲ့ သူ့လိုလူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာက အဓိပ္ပါယ်ရောရှိလို့လား။
ပိုင်လီက သူ့ရှေ့ကကောင်လေး၏ မေးခွန်းကိုကြားသလို ထိုကောင်လေး၏ မျက်ဝန်းတွေထဲက မေးခွန်းတွေကိုလည်း မြင်တွေ့နိုင်ခဲ့သည်ပင်။
ဒါကြောင့် သူက ပြုံးလိုက်ပြီး...
"ဘာလို့ တကယ်မဟုတ်ရမှာလဲ အရင်က ကိုယ်က ကန်းနေလို့သာ မမြင်ခဲ့တာ မင်းကဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ နားလည်မှုရှိတယ် နာခံတတ်တယ် စကားနည်းပေမယ့် ခေါင်းလေးနည်းနည်းမာတယ် ဒါပေမယ့် စိုးရိမ်ပေးတတ်တဲ့ အကျင့်လေးလည်းရှိတယ် မင်းက တကယ့်ကို အိမ်ထောင်ဘက်ကောင်းတစ်ယောက်ပဲ မဟုတ်ဘူးမင်းက ဘဝအတွက် အဖော်မွန်ကောင်းတစ်ယောက်ပါ ကိုယ်က မင်းတစ်ယောက်ထဲကိုချစ်ပြီး နေသွားနိူင်တယ် ကျန်တဲ့ ဘဝသက်တမ်းတစ်လျောက်လုံးကို မင်းကိုပဲ ဇနီးနေရာပေးနိုင်မယ်ထင်တယ် တခြားသူတွေက မင်းလို ကောင်းမှာမဟုတ်ဘူးလို့တောင် ထင်မိတယ်"
ဒီစကားတွေကိုကြားတော့ ရှောင်ဟန်က အနည်းငယ် မျက်မှောင်ကျုံ့သွားမိလေသည်။ နေပါဦး ပိုင်လီ ပြောသွားတဲ့ထဲမှာ သူ့ရဲ့ကောင်းတဲ့အချက်တွေလည်း တစ်ခုမှမပါဘဲနဲ့ ဘယ်လိုလုပ်ပြီးများ သူက ဘဝလက်တွဲဖော် ကောင်းတစ်ယောက်လို့ ပြောနေရသေးတာလဲ။
သို့သော်လည်း ဤသို့ ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေမဟုတ်တာကိုတောင် သဘောကျသည်ဆိုသောစကားများသည် သူ့ကို အလွန်အရှက်သည်းစေပါသည်။
သူက ဘဝလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးကိုလည်း သူ့ကိုသာ ဇနီးအဖြစ်ထားချင်ပါတယ်တဲ့။ ဘယ်လောက်တောင် ကြည်နူး၊အရှက်သည်းစေတဲ့ စကားတွေလဲ။
ရှောင်ဟန်က ထိုစကားတွေပြောပြီး သူ့ကို ခုထိစိုက်ကြည့်နေတဲ့လူကြောင့် သူ့မျက်နှာက ပေါက်ထွက်မတတ် နီရဲလာရလေသည်။
ဒီလူက အရှက်နည်းနည်းမှ မရှိဘူးပဲ။ သူ့ကို အခုချက်ခြင်း ပြန်ဖြေဖို့ ဖိအားပေးသလိုလုပ်နေတယ်။
ရှေင်ဟန်က ဒီရှက်ရွံဖွယ်အနေထားကြီး၌ မနေတတ်တော့ပေ။ သူက အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။
"ဒါ.. ဒါဆိုလည်း ကောင်းပါပြီ"
သူက ဒီလူကို မမုန်းပါဘူး။ နောက်ပိုင်း ဒီလူရဲ့ဂရုစိုက်မှုတွေ၊ သူ့အတွက်တွေးပေးမှုတွေအပေါ် သူစိတ်လှုပ်ရှားခြင်း မရှိခဲ့ပါဘူးဆိုပြီးလည်း မညာချင်ဘူး။
သူ(ပိုင်လီ)ကတောင် ပွင့်ပွင့်လင်းလင်းပြောပြီး ဝန်ခံလာသေးတာပဲ။ သူ(ရှောင်ဟန်)ကရော ဘာလို့လက်မခံဘဲ သူတို့တွေပိုဝေးကွာအောင် လုပ်နေရဦးမှာလဲ။
ပိုင်လီက အလွန်နားပါးလှသောကြောင့် ဒီတိုးလွန်းသော အသံလေးကို ရှင်းရှင်းလင်းလင်းလိုက်ရသော်လည်း သူကအံသြပျော်ရွှင်မှုကြောင့် သူ့လက်ဖဝါးများကြားက မျက်နှာလေးကို ပိုနီးကပ်အောင်ဆွဲယူလိုက်ကာ မေးလိုက်လေသည်။
"ဟမ်.. ဘာပြောလိုက်တာလဲ တိုးလွန်းတော့ ကိုယ်သေချာမကြားလိုက်ရဘူး"
ရှောင်ဟန်ကတော့ ဒီလူရဲ့ ပေါ်တင်လိမ်မှုကြီးကြောင့် ပြောစရာပင် ပျောက်သွားခဲ့ရ၏။ သူ(ပိုင်လီ)ကသေချာပေါက် ပျော်သွားတဲ့ပုံပေါက်သွားလို့ ရှင်းရှင်းလင်းလင်းကြားလိုက်ရမှန်း သိသာနေတာတောင် ဒီလိုကြီး လာလိမ်နေသေးတယ်ပေါ့လေ။
ဒါကြောင့် ရှောင်ဟန်က ပြန်ဖြေရမယ့်အစား အလွန်နီးကပ်နေသော ပိုင်လီ၏မျက်နှာကိုသာ အသာတွန်းထုတ်လိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်တော်ပြောပြီးပြီ ထပ်မပြောတော့ဘူး ပြီးတော့ အခုက မသင့်တော်ဘူး အရမ်းနီးနေပြီ"
ပိုင်လီက ဒီစကားများကြောင့် ရယ်မောလိုက်ပြီး ရှောင်ဟန်၏ မျက်နှာကို ကိုင်ထားချင်းက လွှတ်ပေးလိုက်သော်လည်း သူက သူ့မျက်နှာကိုလာတွန်းထားသည့် လက်လေးတွေကိုမူ ဆွဲယူလိုက်ကာ တစ်ချက်စီနမ်းလိုက်လေသည်။
ဒီအနမ်းတွေအတွက် ရှောင်ဟန်က ဘယ်လောက်တောင် ရှက်ရွံ့သွားရလဲဆိုရင် သူ့ရဲ့မျက်နှာတင်မကဘဲ နားရွက်ဖျားတွေကတောင် နီစွေးသွားခဲ့ပါတယ်။
ပြီးတော့ ပိုင်လီက သူ့လက်တွေပိုဆုပ်ကိုင်ထားရင်း ပြောလာခဲ့တယ်။
"မင်း လက်ခံတဲ့အတွက် ကိုယ်အရမ်းပျော်တယ် ဒီအတွက် မင်းကို နောင်တရစေမှာ မဟုတ်ဘူးလို့လည်း ကိုယ်ကတိပေးပါတယ်"
ရှောင်ဟန် ဒီစကားတွေကိုကြားတော့ သူကကြည်နူးမိတော့မလို့ပင်။ ဒါပေမယ့် နောက်ထပ် ပိုင်လီလုပ်လာတဲ့အရာကြောင့် သူက လန့်ပြီး အော်တောင်အော်လိုက်ရပါတယ်။
"အားးး ခင်ဗျား ဘာလုပ်တာလဲ!! "
ပိုင်လီက ဘာလုပ်လာတာဆိုရင် သူ့ကို ခါးကနေကိုင်မြှောက်ပြီး သုံးလေးပတ်လောက်လှည့်ပြီး ဝေ့ရမ်းလိုက်တာပါပဲ။ အဲတာက အသေးလေးတွေ ပိုင်လီလုပ်နေကျတဲ့ပုံစံအတိုင်းပဲ။ ဒါပေမယ့် ရှောင်ဟန်က လူကြီးဖြစ်နေတာတောင်မှ သူက ဒီလိုလုပ်ရဲသေးတယ်။
လှည့်နေရင်းနဲ့ ပိုင်လီက ရယ်မောပြီး ပြောလာသေးရဲ့။
"ဟားဟားဟား ကိုယ်အရမ်းပျော်တယ်! ကိုယ်တကယ်ပျော်တယ်! ကိုယ့်ရဲ့ဇနီးလေး မင်းကကိုယ့်အတွက်တော့ ကံကြမ္မာကဖန်ဆင်းပေးထားတဲ့လက်ဆောင်မွန်လေးပဲ!!"
ရှောင်ဟန်ကတော့ တကယ်ကို ထိတ်လန့်သွားတာပါပင်။ သူက ပိုင်လီရပ်လိုက်တာနဲ့ ဒေါသထွက်ပြီး ထိုလူကို ထုရိုက်လိုက်မိပါတယ်။
"ခင်ဗျား! ရူးနေပြီ! အခုက ငါးထပ်မြောက်ကြီးမှာလေ ပြုတ်ကျသွားလိမ့်ရင် ဘယ်လိုလုပ်မလဲ! ပြီးတော့ ကျွန်တော်က ကလေးလည်းမဟုတ်ဘူး!"
ပိုင်လီကတော့ သူ့အတွက် နှိပ်ပေးသလောက်တောင် မရှိတဲ့ ဒီလက်သီးဆုပ်လေးတွေကို စိတ်ထဲထားမနေပေ။ သူက သူ့ရဲ့ ချစ်လှစွာသောဇနီးလေးကို ဖက်လိုက်ပြီးတော့ပဲ ပြောလိုက်ပါတယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုယ်က မင်းကို ပြုတ်ကျခံလိမ့်မယ်လို့ ထင်နေတာလား မဖြစ်နိုင်ဘူး"
ရှောင်ဟန်ကတော့ ခဏလောက်နေတဲ့ထိကို နှလုံးခုန်မြန်နေသေးတာဖြစ်သည်။ အခုမှပဲသူတွေးမိတော့တယ်။ သူ့သားလေးတွေက ဘာကြောင့် ဒီလိုဝေ့ရမ်းတာကို သဘောကျကျတာလဲ။ ဒါက မကောင်းတာကြီးကို။
အိပ်ပျော်နေသော အသေးလေးတွေသည် နောက်ပိုင်း၌ သူတို့အဖေလုပ်ရပ်ကြောင့် သူတို့တွေ ထိုကစားနည်းကို မကစားနိုင်တော့မှန်းကို မသိကျဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ကျလေသည်။ သနားစရာကောင်းတဲ့ ကလေးလေးတွေပါပဲ။
ဒါတွေက နောက်မှဖြစ်လာမှာဖြစ်ပြီး အခုတော့ ရှောင်ဟန်က တဖြေးဖြေး စိတ်ငြိမ်သွားအပြီးမှာ သူ့ကို ဖက်ထားတဲ့လူရဲ့ ပုခုံးထက်ကနေ မြင်နေရတဲ့ မြင်ကွင်းများကို အာရုံစိုက်သွားမိခဲ့လေသည်။ ဒီနေ့ညမှာ ကောင်းကင်က ကြယ်ရောင်တွေနဲ့ လရောင်တွေရဲ့ အေးချမ်းတဲ့အလင်းရောင်က လင်းလက်နေခဲ့ပြီး မြေပြင်က မီးပုံးတွေရဲ့ နွေးထွေးရဲ့အလင်းရောင်နဲ့အပြိုင် တောက်ပနေခဲ့ပါတယ်။
ရှောင်ဟန်က သူ့ရဲ့စိတ်က ကြယ်ရောင်၊လရောင်တွေလိုအေးချမ်းနေပြီး သူ့ရဲ့နှလုံးသားကတော့ မီးပုံးတွေရဲအလင်းရောင်လိုမျိုး နွေးထွေးနေတယ်လို့ ခံစားခဲ့ရတယ်။
သူတို့တွေ ဘယ်ချိန်ထိ ဖက်ထားခဲ့မိကျလဲဆိုတာကိုမသိနိုင်ပေ။ နောက်တော့ တစ်ခုခုကို သတိရသွားပုံရတဲ့ပိုင်လီက ဖက်ထားတာကို ရပ်လိုက်ပြီး ရှောင်ဟန်ကို မေးလာခဲ့ပါတယ်။
"အာ.. ဟုတ်သားပဲ မင်းကိုယ့်ကို မမေးတော့ဘူးလား မင်းရဲ့ကြာပန်းမီးအိမ်ထဲက ဆုတောင်းစာမှာ ဘာရေးလိုက်တာလဲလို့လေ"
ဒီတော့မှ ရှောင်ဟန်လည်း သတိရသွားတော့တာပင်။ သူက အစကတော့ မမေးတော့ဘူးလို့ နေမလို့ပေမယ့် မသိချင်ဘူးဆိုရင် လိမ်တာပါပဲ။ အခုတော့ပိုင်လီကလည်း အစဖော်လာတာကြောင့် မေးလိုက်တော့ပြီး...
"အဲတာ.. ဘာရေးထားတာမလို့လဲ"
ဒါကိုကြားတော့ ပိုင်လီက ပြုံးပြုံးကြီးဖြင့်ပင် ပြန်ဖြေလာခဲ့လေသည်။
"ဟီးဟီး တကယ်တော့ မင်းနဲ့ကိုယ့်ရဲ့ဆုတောင်းစာက အတူတူပဲ ဆုတောင်းထားတဲ့ အကြောင်းရာက ကိုယ်တို့တွေ ရုပ်ရုပ်ဆိုးဆိုးနဲ့ သမီးလေးတစ်ယောက် အမြန်ဆုံးရပါစေလို့လေ"
ဒါကိုကြားတော့ ရှောင်ဟန်ရဲ့တုန့်ပြန်မှုက ပထမဆုံးရှက်ရွံ့သွားရတာပင်။
ဒီလူကတော့လေ..။
သို့သော် သူက ပိုင်လီ၏ ရှပ်ဆိုးဆိုးနှင့်ဆိုတဲ့ စကားလုံးကို သတိထားမိသွားခဲ့၏။ ဒါကြောင့်ပဲ သူက မျက်နှာပူတဲ့ကြားက သိချင်စိတ်ကြောင့် ပြန်မေးလိုက်မိလေသည်။
"ဘာ ဘာလို့ ရုပ်ဆိုးတဲ့သမီးလေးလဲ"
...........................................................
(AN/ ပိုင်လီဘာလို့ ရုပ်ဆိုးတဲ့သမီးလေးလိုချင်တာဖြစ်မလဲ😆
ပိုင်လီတို့ကို paid gpမှာ ဇာတ်သိမ်းထိကို 4500နဲ့ဖတ်လို့ရပါပြီ။
gpဝင်ချင်တဲ့သူတွေက fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ဆိုတဲ့အကောင့်ကိုလာနိုင်ပြီး tele မှာဆိုရင် username @PS12001100 ကိုလာရှာနိုင်ပါတယ်ရှင်။💖 )
###
အပိုင္း (၁၄၃) ဇနီးေလး ကိုယ္မင္းကို ခ်စ္ျမတ္နိုးတယ္ -2
ဖြင့္ေျပာလိုက္တဲ့သူက ရွက္ေနခ်ိန္တြင္ ဖြင့္ေျပာခံလိုက္ရသည့္ ေကာင္ေလးကေတာ့ ၾကက္ေသေသေနခဲ့ေလသည္။
ေရွာင္ဟန္က သူအခု ဘာကိုၾကားလိုက္ရလဲဆိုတာကို မယုံၾကည္နိုင္ဘူး။
ခ်စ္ျမတ္နိုးမႈတဲ့လား...။
အခ်ိန္သည္ ရပ္တန့္သြားသကဲ့ပင္ ခဏေလာက္ တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ေပသည္။
ေနာက္မွ အံၾသမႈထဲက ႐ုန္းထြက္လာနိုင္တဲ့ ေရွာင္ဟန္က ရွက္႐ြံ႕စြာနဲ႕ေျပာလိုက္ပါတယ္။
"ဒါ.. ဒါေပမယ့္ ကြၽန္ေတာ္တို႔က လက္ထပ္ၿပီးသားေလ"
သူတို႔က လက္ထပ္ထားတဲ့ စုံတြဲေတြပဲေလ။ ဒါကို ဒီလိုမ်ိဳး ခ်စ္စကားေတြေျပာေနတာက ရွက္စရာေကာင္းမေနဘူးလား။
ပိုင္လီက ေရွာင္ဟန္ကို ဖက္ထားတုန္းပါပင္။
ဒီအတြက္ ေရွာင္ဟန္က အရမ္းကိုရွက္႐ြံေန၏။ သူတို႔က အခု ငါးထပ္ေျမာက္မွာဆိုေပမယ့္ အျပင္ဘက္ျဖစ္တဲ့ဝရံတာမွာျဖစ္ေန၍ ေရွာင္ဟန္က မေတာ္တဆအေနနဲ႕ေတာင္ တစ္ေယာက္ေယာက္ျမင္သြားမွာကိုစိုးရိမ္ေနၿပီး သူက ရွက္႐ြံ႕မႈေၾကာင့္ အေငြ႕ပ်ံသြားေတာ့မလိုပင္ ခံစားေနရေပသည္။
ပိုင္လီကေတာ့ ေရွာင္ဟန္စကားေၾကာင့္ ပိုတိုးဖက္လိုက္ၿပီး သူက ကေလးႀကီးလိုပင္ စတင္ေျပာဆိုေတာ့၏။
"မတူဘူး.. အဲတာကမတူဘူးေလ"
ေနာက္ထပ္ ပိုင္လီ ဆက္ေျပာေသးတာက...
"ကိုယ္တို႔လက္ထပ္ထားတာကို ေမ့ထားလိုက္ေတာ့ ကိုယ္တို႔က ဘာေၾကာင့္လက္ထပ္ထားတာလဲ ကိုယ္တို႔အတိတ္မွာ ဘာေတြျဖစ္ခဲ့တာလဲ အကုန္လုံးကို ေမ့လိုက္က်ရေအာင္ေလ ဒီကေရွ႕ေလ်ာက္ ကိုယ္တို႔က ခ်စ္ျမတ္နိုးမႈေတြနဲ႕ပဲ ေရွ႕ဆက္က်မယ္ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျမတ္နိုးတဲ့ စုံတြဲေတြအေနနဲ႕ပဲေလ"
ဒါက ေရွာင္ဟန္အတြက္ မတရားမွန္း သူလည္းသိပါသည္။ အတိတ္က ေရွာင္ဟန္အတြက္ ေကာင္းတာေတြမွ မဟုတ္ခဲ့တာ။ ေမ့ဖို႔ခက္ခဲမွာပဲ။
ဒါေပမယ့္ ပိုင္လီက တကယ္ ကတိေပးနိုင္ပါတယ္။ အဲလို နာက်င္စရာအတိတ္ဆိုးေတြကို ေမ့ေလ်ာ့သြားတဲ့ထိ သူေရွာင္ဟန္ကို ဂ႐ုစိုက္ေပးနိုင္တယ္၊ ခ်စ္ေပးနိုင္တယ္။ သူဒီေကာင္ေလးရဲ႕ ဒဏ္ရာမွန္သမွ်ကို အမာ႐ြတ္ေတြကအစ ေမွးမွန္ေပ်ာက္ကြယ္သြားတဲ့ထိ ကုစားေပးနိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိပါတယ္။
ပိုင္လီက သူ႕ဖက္ထားတဲ့ ေကာင္ေလး၏ ခႏၶာကိုယ္က ေတာင့္တင္းလာတာကို သတိထားမိေတာ့ သူက ဖက္ထားရာကေန လြတ္ေပးလိုက္ၿပီး ထိုေကာင္ေလး၏ မ်က္ဝန္းေတြကိုၾကည့္ကာ ေမးလိုက္၏။
"အဲလိုမ်ိဳး ကိုယ္တို႔ၾကားမွာ မရနိုင္ေလာက္ဘူးလား"
ေရွာင္ဟန္က သူ႕ေရွ႕ကလူကို ျပန္ၾကည့္မိလိုက္ေသာ္လည္း သူက လွ်င္ျမန္စြာ အၾကည့္လြဲလိုက္မိသည္ပင္။ သူက အခုခ်ိန္မွာ ဒီလူနဲ႕ မ်က္လုံးခ်င္းဆုံဖို႔ မဝံ့ရဲဘူးေလ။
သို႔ေသာ္ သူ႕ေရွ႕ကလူကေတာ့ သူ႕ကိုမ်က္ႏွာလႊဲ မခံပါေခ်။ ပိုင္လီက သူ႕ေရွ႕ကေကာင္ေလး၏ မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ ဆုပ္ကိုင္လိုက္ၿပီး သူနဲ႕မ်က္လုံးခ်င္းဆုံေစခဲ့ကာ ထပ္ေမးလိုက္ပါတယ္။
"တကယ္ပဲ မင္းကိုယ့္ကို ျပန္မခ်စ္နိုင္ဘူးလား"
အမွန္တိုင္းဝန္ခံရရင္ ပိုင္လီက အနည္းငယ္ စိုးရိမ္စိတ္ရွိေနသည္ပင္။ အတိတ္က မူလပိုင္လီ လုပ္ခဲ့တာေတြက လုံးဝမေကာင္းဘူး။ ဒါက သူနဲ႕မဆိုင္ေပမယ့္လည္း သူက အတိတ္ကလူက သူမဟုတ္ပါဘူးလို႔ ဖြင့္မေျပာနိုင္ဘူးေလ။ ဒီလိုေရွးေခတ္မွာ ဝိဉာဥ္ေတြ၊ မေကာင္းဆိုးဝါးေတြကို အရမ္းေၾကာက္က်တာဆိုေတာ့ သူသာ ဒီခႏၶာကိုယ္ထဲေရာက္ေနတဲ့ တျခားဝိဉာဥ္တစ္ခုဆိုတာကို သိသြားက်ရင္ ေရွာင္ဟန္ေရာ၊ ပိုင္မိသားစုေတြေရာက သူ႕ကို မေကာင္းဆိုးဝါးလို႔ပဲ ထင္သြားက်မွာမလား။ ဒါေၾကာင့္ ပိုင္လီက သူက မူလပိုင္လီ မဟုတ္ဘူးဆိုတာကိုေတာ့ ဘယ္ေတာ့မွ ဖြင့္ေျပာမွာမဟုတ္ပါဘူး။
ကံၾကမၼာက သူ႕ကို ဒီခႏၶာကိုယ္မွာ ဆက္လက္ရွင္သန္ခိုင္းခဲ့မွေတာ့ သူက ဒီလူ(မူလပိုင္လီ)အျဖစ္နဲ႕သာ ရွင္သန္သြားရမွာပဲေလ။ သူစိုးရိမ္တာက ေရွာင္ဟန္က အတိတ္ကျဖစ္ရပ္ေတြကို လုံးဝခြင့္မလႊတ္နိုင္မွာကိုပါပဲ။
ေရွာင္ဟန္ကေတာ့ ပိုင္လီ၏ မ်က္လုံးခ်င္းဆုံေစမႈေၾကာင့္ တစ္ဖက္လူ၏ မ်က္ဝန္းမ်ားကို ၾကည့္လိုက္ရၿပီး သူက ထိုမ်က္ဝန္းေတြကို ခဏေလာက္ ေငးေမာမိသြားခဲ့ေပသည္။ သူက တစ္ဖက္လူရဲ႕ မ်က္ဝန္းေတြထဲမွာ ခ်စ္ျမတ္နိုးမႈေတြနဲ႕အတူ စိုးရိမ္မႈအနည္းငယ္ကို သူေတြ႕ခဲ့ရၿပီး ဒါက သူ႕ကို စိတ္မေကာင္းျဖစ္ေစပါတယ္။
ဒီေနာက္ပိုင္းမွာ သူက ပိုင္လီရဲ႕ ေအးေဆးတည္ၿငိမ္တတ္ၿပီး ယုံၾကည္မႈအၿမဲရွိတဲ့ ပုံစံကိုပဲ ျမင္ေတြ႕ခဲ့ရလို႔ျဖစ္နိုင္တယ္။ အခုလိုမ်ိဳး ပိုင္လီရဲ႕ မေရမရာနဲ႕ စိုးရိမ္ေနတဲ့ပုံေလးက အရမ္းသနားစရာေကာင္းေနသလိုပဲ။ အဲတာက ေရွာင္ဟန္ကို ဂ႐ုဏာသက္ေအာင္လို႔ ဆြဲေဆာင္ေနသလိုပဲဆို ပိုမွန္ပါလိမ့္မယ္။
ၿပီးေတာ့ ဒီမ်က္ဝန္းေတြထဲကေန သူ႕(ပိုင္လီ)ရဲ႕ခံစားခ်က္ေတြက အစစ္မွန္ပဲဆိုတာကိုလည္း ျမင္နိုင္ခဲ့တယ္။
ဒါေၾကာင့္ပဲ ေရွာင္ဟန္က ထိုမ်က္ဝန္းေတြကို ေငးရင္းနဲ႕ ေတြေဝစြာ ေမးလိုက္မိေတာ့တယ္။
"ဒါက.. တကယ္ပဲလား ခင္ဗ်ား တကယ္ေျပာေနတာလား ကြၽန္ေတာ့္ကို ခ်စ္ျမတ္နိုးတယ္ဆိုတာကေလ"
ပိုင္လီက သူ႕ကို တကယ္ပဲ ခ်စ္နိုင္တာလား။ ဒါေပမယ့္ အခုခ်ိန္မွာ ပိုင္လီက အရမ္းျပည့္စုံေနၿပီေလ။ သူက ေရွ႕ေလ်ာက္ အထက္ကိုတတ္ဖို႔ အခ်ိန္မေ႐ြးအဆင္သင့္ျဖစ္ေနၿပီး ေရွာင္ဟန္ကေတာ့ သူနဲ႕ကေလးေတြကို ပိုင္လီက မစြန့္ပစ္လိုက္တာနဲ႕တင္ ေက်နပ္ေနရမယ့္ လူမ်ိဳးပဲမဟုတ္ဘူးလား။ သူက ဒီခ်စ္ျခင္းနဲ႕ ထိုက္တန္မွာမလို႔လား။
ပိုင္လီက သူ႕ထက္ ပိုေကာင္းမြန္တဲ့သူေတြကို ေ႐ြးလို႔ရေနရဲ႕သားနဲ႕ သူ႕လိုလူတစ္ေယာက္ကို ခ်စ္မိသြားတယ္ဆိုတာက အဓိပ္ပါယ်ရောရှိလို့လား။
ပိုင္လီက သူ႕ေရွ႕ကေကာင္ေလး၏ ေမးခြန္းကိုၾကားသလို ထိုေကာင္ေလး၏ မ်က္ဝန္းေတြထဲက ေမးခြန္းေတြကိုလည္း ျမင္ေတြ႕နိုင္ခဲ့သည္ပင္။
ဒါေၾကာင့္ သူက ၿပဳံးလိုက္ၿပီး...
"ဘာလို႔ တကယ္မဟုတ္ရမွာလဲ အရင္က ကိုယ္က ကန္းေနလို႔သာ မျမင္ခဲ့တာ မင္းကဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္သလဲ နားလည္မႈရွိတယ္ နာခံတတ္တယ္ စကားနည္းေပမယ့္ ေခါင္းေလးနည္းနည္းမာတယ္ ဒါေပမယ့္ စိုးရိမ္ေပးတတ္တဲ့ အက်င့္ေလးလည္းရွိတယ္ မင္းက တကယ့္ကို အိမ္ေထာင္ဘက္ေကာင္းတစ္ေယာက္ပဲ မဟုတ္ဘူးမင္းက ဘဝအတြက္ အေဖာ္မြန္ေကာင္းတစ္ေယာက္ပါ ကိုယ္က မင္းတစ္ေယာက္ထဲကိုခ်စ္ၿပီး ေနသြားနိူင္တယ္ က်န္တဲ့ ဘဝသက္တမ္းတစ္ေလ်ာက္လုံးကို မင္းကိုပဲ ဇနီးေနရာေပးနိုင္မယ္ထင္တယ္ တျခားသူေတြက မင္းလို ေကာင္းမွာမဟုတ္ဘူးလို႔ေတာင္ ထင္မိတယ္"
ဒီစကားေတြကိုၾကားေတာ့ ေရွာင္ဟန္က အနည္းငယ္ မ်က္ေမွာင္က်ဳံ႕သြားမိေလသည္။ ေနပါဦး ပိုင္လီ ေျပာသြားတဲ့ထဲမွာ သူ႕ရဲ႕ေကာင္းတဲ့အခ်က္ေတြလည္း တစ္ခုမွမပါဘဲနဲ႕ ဘယ္လိုလုပ္ၿပီးမ်ား သူက ဘဝလက္တြဲေဖာ္ ေကာင္းတစ္ေယာက္လို႔ ေျပာေနရေသးတာလဲ။
သို႔ေသာ္လည္း ဤသို႔ ကိုယ့္ရဲ႕ေကာင္းတဲ့အခ်က္ေတြမဟုတ္တာကိုေတာင္ သေဘာက်သည္ဆိုေသာစကားမ်ားသည္ သူ႕ကို အလြန္အရွက္သည္းေစပါသည္။
သူက ဘဝလက္တြဲေဖာ္ေကာင္းတစ္ေယာက္ျဖစ္ၿပီး တစ္ဘဝလုံးကိုလည္း သူ႕ကိုသာ ဇနီးအျဖစ္ထားခ်င္ပါတယ္တဲ့။ ဘယ္ေလာက္ေတာင္ ၾကည္ႏူး၊အရွက္သည္းေစတဲ့ စကားေတြလဲ။
ေရွာင္ဟန္က ထိုစကားေတြေျပာၿပီး သူ႕ကို ခုထိစိုက္ၾကည့္ေနတဲ့လူေၾကာင့္ သူ႕မ်က္ႏွာက ေပါက္ထြက္မတတ္ နီရဲလာရေလသည္။
ဒီလူက အရွက္နည္းနည္းမွ မရွိဘူးပဲ။ သူ႕ကို အခုခ်က္ျခင္း ျပန္ေျဖဖို႔ ဖိအားေပးသလိုလုပ္ေနတယ္။
ေရွင္ဟန္က ဒီရွက္႐ြံဖြယ္အေနထားႀကီး၌ မေနတတ္ေတာ့ေပ။ သူက အၾကည့္လႊဲလိုက္ၿပီး ခပ္တိုးတိုးေလး ျပန္ေျပာလိုက္ပါတယ္။
"ဒါ.. ဒါဆိုလည္း ေကာင္းပါၿပီ"
သူက ဒီလူကို မမုန္းပါဘူး။ ေနာက္ပိုင္း ဒီလူရဲ႕ဂ႐ုစိုက္မႈေတြ၊ သူ႕အတြက္ေတြးေပးမႈေတြအေပၚ သူစိတ္လႈပ္ရွားျခင္း မရွိခဲ့ပါဘူးဆိုၿပီးလည္း မညာခ်င္ဘူး။
သူ(ပိုင္လီ)ကေတာင္ ပြင့္ပြင့္လင္းလင္းေျပာၿပီး ဝန္ခံလာေသးတာပဲ။ သူ(ေရွာင္ဟန္)ကေရာ ဘာလို႔လက္မခံဘဲ သူတို႔ေတြပိုေဝးကြာေအာင္ လုပ္ေနရဦးမွာလဲ။
ပိုင္လီက အလြန္နားပါးလွေသာေၾကာင့္ ဒီတိုးလြန္းေသာ အသံေလးကို ရွင္းရွင္းလင္းလင္းလိုက္ရေသာ္လည္း သူကအံၾသေပ်ာ္႐ႊင္မႈေၾကာင့္ သူ႕လက္ဖဝါးမ်ားၾကားက မ်က္ႏွာေလးကို ပိုနီးကပ္ေအာင္ဆြဲယူလိုက္ကာ ေမးလိုက္ေလသည္။
"ဟမ္.. ဘာေျပာလိုက္တာလဲ တိုးလြန္းေတာ့ ကိုယ္ေသခ်ာမၾကားလိုက္ရဘူး"
ေရွာင္ဟန္ကေတာ့ ဒီလူရဲ႕ ေပၚတင္လိမ္မႈႀကီးေၾကာင့္ ေျပာစရာပင္ ေပ်ာက္သြားခဲ့ရ၏။ သူ(ပိုင္လီ)ကေသခ်ာေပါက္ ေပ်ာ္သြားတဲ့ပုံေပါက္သြားလို႔ ရွင္းရွင္းလင္းလင္းၾကားလိုက္ရမွန္း သိသာေနတာေတာင္ ဒီလိုႀကီး လာလိမ္ေနေသးတယ္ေပါ့ေလ။
ဒါေၾကာင့္ ေရွာင္ဟန္က ျပန္ေျဖရမယ့္အစား အလြန္နီးကပ္ေနေသာ ပိုင္လီ၏မ်က္ႏွာကိုသာ အသာတြန္းထုတ္လိုက္ရင္း ေျပာလိုက္ေလသည္။
"ကြၽန္ေတာ္ေျပာၿပီးၿပီ ထပ္မေျပာေတာ့ဘူး ၿပီးေတာ့ အခုက မသင့္ေတာ္ဘူး အရမ္းနီးေနၿပီ"
ပိုင္လီက ဒီစကားမ်ားေၾကာင့္ ရယ္ေမာလိုက္ၿပီး ေရွာင္ဟန္၏ မ်က္ႏွာကို ကိုင္ထားခ်င္းက လႊတ္ေပးလိုက္ေသာ္လည္း သူက သူ႕မ်က္ႏွာကိုလာတြန္းထားသည့္ လက္ေလးေတြကိုမူ ဆြဲယူလိုက္ကာ တစ္ခ်က္စီနမ္းလိုက္ေလသည္။
ဒီအနမ္းေတြအတြက္ ေရွာင္ဟန္က ဘယ္ေလာက္ေတာင္ ရွက္႐ြံ႕သြားရလဲဆိုရင္ သူ႕ရဲ႕မ်က္ႏွာတင္မကဘဲ နား႐ြက္ဖ်ားေတြကေတာင္ နီေစြးသြားခဲ့ပါတယ္။
ၿပီးေတာ့ ပိုင္လီက သူ႕လက္ေတြပိုဆုပ္ကိုင္ထားရင္း ေျပာလာခဲ့တယ္။
"မင္း လက္ခံတဲ့အတြက္ ကိုယ္အရမ္းေပ်ာ္တယ္ ဒီအတြက္ မင္းကို ေနာင္တရေစမွာ မဟုတ္ဘူးလို႔လည္း ကိုယ္ကတိေပးပါတယ္"
ေရွာင္ဟန္ ဒီစကားေတြကိုၾကားေတာ့ သူကၾကည္ႏူးမိေတာ့မလို႔ပင္။ ဒါေပမယ့္ ေနာက္ထပ္ ပိုင္လီလုပ္လာတဲ့အရာေၾကာင့္ သူက လန့္ၿပီး ေအာ္ေတာင္ေအာ္လိုက္ရပါတယ္။
"အားးး ခင္ဗ်ား ဘာလုပ္တာလဲ!! "
ပိုင္လီက ဘာလုပ္လာတာဆိုရင္ သူ႕ကို ခါးကေနကိုင္ျမႇောက္ၿပီး သုံးေလးပတ္ေလာက္လွည့္ၿပီး ေဝ့ရမ္းလိုက္တာပါပဲ။ အဲတာက အေသးေလးေတြ ပိုင္လီလုပ္ေနက်တဲ့ပုံစံအတိုင္းပဲ။ ဒါေပမယ့္ ေရွာင္ဟန္က လူႀကီးျဖစ္ေနတာေတာင္မွ သူက ဒီလိုလုပ္ရဲေသးတယ္။
လွည့္ေနရင္းနဲ႕ ပိုင္လီက ရယ္ေမာၿပီး ေျပာလာေသးရဲ႕။
"ဟားဟားဟား ကိုယ္အရမ္းေပ်ာ္တယ္! ကိုယ္တကယ္ေပ်ာ္တယ္! ကိုယ့္ရဲ႕ဇနီးေလး မင္းကကိုယ့္အတြက္ေတာ့ ကံၾကမၼာကဖန္ဆင္းေပးထားတဲ့လက္ေဆာင္မြန္ေလးပဲ!!"
ေရွာင္ဟန္ကေတာ့ တကယ္ကို ထိတ္လန့္သြားတာပါပင္။ သူက ပိုင္လီရပ္လိုက္တာနဲ႕ ေဒါသထြက္ၿပီး ထိုလူကို ထုရိုက္လိုက္မိပါတယ္။
"ခင္ဗ်ား! ႐ူးေနၿပီ! အခုက ငါးထပ္ေျမာက္ႀကီးမွာေလ ျပဳတ္က်သြားလိမ့္ရင္ ဘယ္လိုလုပ္မလဲ! ၿပီးေတာ့ ကြၽန္ေတာ္က ကေလးလည္းမဟုတ္ဘူး!"
ပိုင္လီကေတာ့ သူ႕အတြက္ ႏွိပ္ေပးသေလာက္ေတာင္ မရွိတဲ့ ဒီလက္သီးဆုပ္ေလးေတြကို စိတ္ထဲထားမေနေပ။ သူက သူ႕ရဲ႕ ခ်စ္လွစြာေသာဇနီးေလးကို ဖက္လိုက္ၿပီးေတာ့ပဲ ေျပာလိုက္ပါတယ္။
"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ကိုယ္က မင္းကို ျပဳတ္က်ခံလိမ့္မယ္လို႔ ထင္ေနတာလား မျဖစ္နိုင္ဘူး"
ေရွာင္ဟန္ကေတာ့ ခဏေလာက္ေနတဲ့ထိကို ႏွလုံးခုန္ျမန္ေနေသးတာျဖစ္သည္။ အခုမွပဲသူေတြးမိေတာ့တယ္။ သူ႕သားေလးေတြက ဘာေၾကာင့္ ဒီလိုေဝ့ရမ္းတာကို သေဘာက်က်တာလဲ။ ဒါက မေကာင္းတာႀကီးကို။
အိပ္ေပ်ာ္ေနေသာ အေသးေလးေတြသည္ ေနာက္ပိုင္း၌ သူတို႔အေဖလုပ္ရပ္ေၾကာင့္ သူတို႔ေတြ ထိုကစားနည္းကို မကစားနိုင္ေတာ့မွန္းကို မသိက်ဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနခဲ့က်ေလသည္။ သနားစရာေကာင္းတဲ့ ကေလးေလးေတြပါပဲ။
ဒါေတြက ေနာက္မွျဖစ္လာမွာျဖစ္ၿပီး အခုေတာ့ ေရွာင္ဟန္က တေျဖးေျဖး စိတ္ၿငိမ္သြားအၿပီးမွာ သူ႕ကို ဖက္ထားတဲ့လူရဲ႕ ပုခုံးထက္ကေန ျမင္ေနရတဲ့ ျမင္ကြင္းမ်ားကို အာ႐ုံစိုက္သြားမိခဲ့ေလသည္။ ဒီေန႕ညမွာ ေကာင္းကင္က ၾကယ္ေရာင္ေတြနဲ႕ လေရာင္ေတြရဲ႕ ေအးခ်မ္းတဲ့အလင္းေရာင္က လင္းလက္ေနခဲ့ၿပီး ေျမျပင္က မီးပုံးေတြရဲ႕ ႏြေးေထြးရဲ႕အလင္းေရာင္နဲ႕အၿပိဳင္ ေတာက္ပေနခဲ့ပါတယ္။
ေရွာင္ဟန္က သူ႕ရဲ႕စိတ္က ၾကယ္ေရာင္၊လေရာင္ေတြလိုေအးခ်မ္းေနၿပီး သူ႕ရဲ႕ႏွလုံးသားကေတာ့ မီးပုံးေတြရဲအလင္းေရာင္လိုမ်ိဳး ႏြေးေထြးေနတယ္လို႔ ခံစားခဲ့ရတယ္။
သူတို႔ေတြ ဘယ္ခ်ိန္ထိ ဖက္ထားခဲ့မိက်လဲဆိုတာကိုမသိနိုင္ေပ။ ေနာက္ေတာ့ တစ္ခုခုကို သတိရသြားပုံရတဲ့ပိုင္လီက ဖက္ထားတာကို ရပ္လိုက္ၿပီး ေရွာင္ဟန္ကို ေမးလာခဲ့ပါတယ္။
"အာ.. ဟုတ္သားပဲ မင္းကိုယ့္ကို မေမးေတာ့ဘူးလား မင္းရဲ႕ၾကာပန္းမီးအိမ္ထဲက ဆုေတာင္းစာမွာ ဘာေရးလိုက္တာလဲလို႔ေလ"
ဒီေတာ့မွ ေရွာင္ဟန္လည္း သတိရသြားေတာ့တာပင္။ သူက အစကေတာ့ မေမးေတာ့ဘူးလို႔ ေနမလို႔ေပမယ့္ မသိခ်င္ဘူးဆိုရင္ လိမ္တာပါပဲ။ အခုေတာ့ပိုင္လီကလည္း အစေဖာ္လာတာေၾကာင့္ ေမးလိုက္ေတာ့ၿပီး...
"အဲတာ.. ဘာေရးထားတာမလို႔လဲ"
ဒါကိုၾကားေတာ့ ပိုင္လီက ၿပဳံးၿပဳံးႀကီးျဖင့္ပင္ ျပန္ေျဖလာခဲ့ေလသည္။
"ဟီးဟီး တကယ္ေတာ့ မင္းနဲ႕ကိုယ့္ရဲ႕ဆုေတာင္းစာက အတူတူပဲ ဆုေတာင္းထားတဲ့ အေၾကာင္းရာက ကိုယ္တို႔ေတြ ႐ုပ္႐ုပ္ဆိုးဆိုးနဲ႕ သမီးေလးတစ္ေယာက္ အျမန္ဆုံးရပါေစလို႔ေလ"
ဒါကိုၾကားေတာ့ ေရွာင္ဟန္ရဲ႕တုန့္ျပန္မႈက ပထမဆုံးရွက္႐ြံ႕သြားရတာပင္။
ဒီလူကေတာ့ေလ..။
သို႔ေသာ္ သူက ပိုင္လီ၏ ရွပ္ဆိုးဆိုးႏွင့္ဆိုတဲ့ စကားလုံးကို သတိထားမိသြားခဲ့၏။ ဒါေၾကာင့္ပဲ သူက မ်က္ႏွာပူတဲ့ၾကားက သိခ်င္စိတ္ေၾကာင့္ ျပန္ေမးလိုက္မိေလသည္။
"ဘာ ဘာလို႔ ႐ုပ္ဆိုးတဲ့သမီးေလးလဲ"
...........................................................
(AN/ ပိုင္လီဘာလို႔ ႐ုပ္ဆိုးတဲ့သမီးေလးလိုခ်င္တာျဖစ္မလဲ😆
ပိုင္လီတို႔ကို paid gpမွာ ဇာတ္သိမ္းထိကို 4500နဲ႕ဖတ္လို႔ရပါၿပီ။
gpဝင္ခ်င္တဲ့သူေတြက fb မွာဆို "ဒီအမ်ိဳးသမီးမွာ ေဒါသေတြမရွိေတာ့ပါ" ဆိုတဲ့အေကာင့္ကိုလာနိုင္ၿပီး tele မွာဆိုရင္ username @PS12001100 ကိုလာရွာနိုင္ပါတယ္ရွင္။ )