အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

151K 4.5K 278

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 59🍁

1K 37 5
By MoeKyalPhyu14

[Unicode]

မာန် မျက်ဝန်းတို့ပွင့်လာချိန်တွင် ပထမဆုံးမြင်လိုက်ရသည်က ဟောင်းနွမ်းကာ အက်ကွဲနေသော အင်္ဂတေများနှင့် အခန်းပတ်ဝန်းကျင်။အခန်းထောင့်တို့တွင်လည်း ပင့်ကူမျှင်များဖြင့် ရှုပ်ယှက်ခက်နေသည်။ တစ်ခန်းလုံးတွင်လည်း ပြတင်းပေါက် တစ်ခုသာရှိနေကာ ထိုပြတင်းပေါက်မှ တစ်ဆင့် ဆည်းဆာရောင် ညနေခင်း၏အလှနဲ့အတူ အနောက်ဘက်သို့ ခိုဝင်မှေးစက်နေသော နေ၀န်းနီနီကြီးအား ထင်ရှားစွာ မြင်နေရသည်။

မာန် အခန်းအား ဝေ့၀ဲကြည့်နေရင်း မတ်တပ်ရပ်ရန် ကြိုးစားလိုက်စဉ်မှာပင် ကိုယ်ကို တုတ်နှောင်ထားသော အနှောင်အဖွဲ့များကို သတိထားမိသွားရတော့သည်။ သူအား ခုံတစ်ခုတွင် ထိုင်လျက်သားဖြင့် လက်များကို  အနောက်ဘက်သို့လှန်ကာ ကြိုးချည်ထားပြီး ခြေထောက်များကိုလည်း ခုံနဲ့တွဲရက်ချည်ထားသည်။ မာန် ကြုံနေရသော အခြေအနေများကို ထူးဆန်းနေပြီး ဤအခန်းထဲသို့ မည်သို့ရောက်လာခဲ့ကြောင်းကို မှတ်ဥာဏ်ပြန်ခေါ်နေရသည်။

ပထမဆုံး ကြယ်စင်ဆေးရုံကုိ လာနေသည်ကြောင့် လင်းသာက ကြယ်စင့်ကိုခေါ်ရန် ထွက်သွားချိန် မာန်တစ်ယောက်တည်း အခန်းထဲတွင် ကျန်ရှိခဲ့သည်။ အခန်းထဲ ကြယ်စင်တို့အား စောင့်နေစဉ် တံခါးဖွင့်သံကြားသည်ကြောင့် ကြယ်စင်တို့ ပြန်လာပြီအထင်နဲ့ မာန်ကြည့်လိုက်တော့ သူတစ်ခါမှမမြင်ဖူးသည့်လူကို တွေ့လိုက်ရသည်။မာန်လည်း သတိအနေအထားဖြင့် ထိုလူအား စိုက်ကြည့်လိုက်ပြီး

"ခင်ဗျားက ဘယ်သူလဲ"

မာန့်အမေးကို ပြန်မဖြေပဲ ထိုလူက မာန့်အနားလျှောက်လို့လာသည်။ ထို့နောက် ဘာစကားမှမပြောပဲ မာန့်အား ဖုန်းတစ်ခုကိုကမ်းပေးသည်။ မာန်လည်း ကြောင်အစွာနဲ့ပင် ထိုလူအားကြည့်နေတော့ ထိုလူကြီးက စိတ်မရှည်သည့်အလား မာန့်လက်ထဲ ဖုန်းကိုထိုးပေးကာ အခန်းထဲမှ ထွက်သွားခဲ့သည်။

ထိုလူက သူ့အား ဘာကြောင့် ဤဖုန်းအားပေးသွားခဲ့သည်ကို နားမလည်ပဲရှိရသည်။ ခဏအကြာမှာပဲ ထိုလူပေးသွားသော ဖုန်းထံမှ message ၀င်သံကြားရသည်ကြောင့် မာန်ယူကြည့်လိုက်မိတော့ လူနှစ်ယောက်အား အကွယ်တစ်နေရာကနေ ရိုက်ယူထားသည့် videoနှစ်ခုကို တွေ့လိုက်ရသည်။ ထိုvideoနှစ်ခုတွင် ပါဝင်နေသည့် လူများက ခွန်းဆက်နဲ့ ဦးခွန်းမြတ်မဟာတို့ပင်ဖြစ်သည်။ မာန် ထိုvideoများအား ကြည့်နေစဉ်မှာပင် message တစ်စောင်ထပ်ဝင်လာသည်။

'သူတို့နှစ်ယောက်လုံးကို အခုသေနတ်နဲ့ ချိန်ထားတယ်...ခွန်းဆက်ရောင်နီကို မင်းသွားကယ်ရင် ခွန်းမြတ်မဟာသေမယ်...ခွန်းမြတ်မဟာကို သွားကယ်ရင်တော့ ခွန်းဆက်ရောင်နီသေမယ်...နှစ်ယောက်လုံးကို အန္တရာယ်ကင်းစေချင်တယ်ဆိုရင်တော့ xxxx ကို ၁၀မိနစ်အတွင်း ရောက်အောင်လာခဲ့'

ထိုစာကို ဖတ်ပြီးသကာလ မာန့်အတွေးထဲ ဘာမှမရှိတော့ပေ။ ခွန်းဆက်နဲ့ daddy နှစ်ယောက်လုံးက သူ့အတွက် အရေးကြီးသည့် လူများမို့ မည်သူ့ကိုမျှ အထိခိုက်မခံနိုင်ပေ။ မာန် ပို့ပေးထားသော တည်နေရာကို သေချာကြည့်လိုက်ပြီးနောက် ဆေးရုံခန်းထဲကနေ ပြေးထွက်ခဲ့တော့သည်။

message ပို့ထားသော နေရာကို ရောက်ရောက်ခြင်းမှာပင် လူတစ်ယောက်က သူ့နှာခေါင်းအား အ၀တ်စတစ်ခုနှင့် လာအုပ်သည်ကြောင့် သူမေ့မျောသွားခဲ့ရသည်။ မာန် ထိုအကြောင်းများအား ပြန်တွေးနေစဉ်မှာပင် အခန်းတံခါးပွင့်လာကာ သူ့အားဖုန်းလာပေးသောလူနှင့် ဦးဟိန်းလင်းလျာတို့က ၀င်လာခဲ့သည်။ ဦးဟိန်းလင်းလျာက မာန်၏ ပုံစံကို တွေ့တွေ့ချင်းမှာပဲ သူ့ဘေးက လူ၏ ၀မ်းဗိုက်ကို လက်သီးနဲ့ ၃ချက်လောက် ဆင့်ထိုးလိုက်တော့သည်။

"မင်းကိုငါ ကလေးကို ငြင်ငြင်သာသာ ခေါ်လာခဲ့လို့ ပြောတာလေ အခုဘယ်လိုတောင် ကြိုးတွေတုပ်ထားရတာလဲ"

မာန် ထိုလူများအား ကြည့်နေတုန်းမှာပင် ဦးဟိန်းလင်းလျာက သူ့အနားလျှောက်လာကာ မာန့်ပါးတစ်ဖက်ကို အုပ်ကိုင်ပြီး

"သား အလင်းလေး ဦးဦးကို မှတ်မိလား"

မာန် ခေါင်းမညိတ် ခေါင်းမခါ ဦးဟိန်းလင်းလျာကိုသာ စိုက်ကြည့်နေသည်။ သူစိုက်ကြည့်နေသည်ကြောင့် ဦးဟိန်းလင်းလျာက ပြုံးသွားပြီး

"မင်းကလေ မင်းအမေနဲ့ သိပ်တူတာ...အလင်္ကာလိုမျိုး ကြီးလေလှလာလေပဲ...မျက်လုံးပြာပြာလေးတွေရယ်... ပါးဖောင်းဖောင်းလေးတွေရယ်... နှုတ်ခမ်းဖူးဖူးလေးရယ်...လုံးဝကို အမေတူသားလေး"

မာန့်မျက်နှာကိုကြည့်ပြီးပြောနေသော ဦးဟိန်းလင်းလျာ၏ မျက်လုံးထဲတွင် ရမ္မက်ရိပ်များ စွန်းထင်းနေသည်။ ဦးဟိန်းလင်းလျာက မာန့်နှုတ်ခမ်းဖူးဖူးလေးများကို ထပ်မံပွတ်သပ်ကာ ပြောလာပြန်သည်။

"မင်းရဲ့အမေ အလင်္ကာကိုတော့ မရခဲ့ပေမယ့် မင်းကိုမြည်းစမ်းကြည့်ချင်မ်ိတယ် ကလေးရဲ့"

ပြောပြီးပြီးချင်း မာန့်မေးစေ့မှ ကိုင်ကာ မျက်နှာကိုမော့စေ့ပြီးနောက် မျက်နှာတစ်ခုလုံးအနံ့ နမ်းရှိုက်လို့လာသည်။ မာန် ထိုလူ၏ အနမ်းကို ရွံရှာသည်ကြောင့် မျက်နှာကို တစ်ဖက်လွှဲလိုက်တော့ ထိုလူက မာန့်မျက်နှာကို ဆုပ်ကိုင်ကာ သူနဲ့မျက်နှာချင်း ပြန်ဆိုင်စေသည်။ မာန် ထိုလူ၏လက်မှ လွတ်အောင်ရုန်းသော်လည်း ကြိုးများတုပ်ခံထားရသည်ကြောင့် အရာမထင်ပေ။ ရွံ့ရှာမှုနဲ့သာ ထိုလူ၏ အနမ်းများကို ခံနေရသည်။ ထိုလူက မာန့်နဖူး၊ မျက်ဝန်းများနှင့် ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို တစ်ဆင့်ချင်း နမ်းရှိုက်လာသည်။ နှုတ်ခမ်းအနား အရောက်တွင် ထိုလူက ခဏရပ်တန့်သွားကာ မာန့်၏ နီရဲရဲနှုတ်ခမ်းသားလေးများကို သူ့လက်မဖြင့် ဖိပွတ်ကာ

"တကယ်တော့လေ ငါအလင်္ကာကို သိပ်ချစ်ခဲ့တာ...မင်းအဖေ မျိုးမာန်ထက်အရင် အလင်္ကာကို ငါသဘောကျခဲ့တာ...ဟက်! အလင်္ကာကတော့ ငါ့ကိုကျော်ပြီး မျိုးမာန်ကို ရွေးသွားခဲ့တယ်လေ..."

ဦးဟိန်းလင်းလျာက မာန့်ကို နင့်နင့်သည်းသည်းစိုက်ကြည့်ကာ ပြောလာသည်။ ထို့နောက် နှုတ်ခမ်းများက ပို၍ ကော့တက်သွားပြီးနောက် မာန် ရင်ဘက်နဲ့ ဗိုက်ကို အင်္ကျီအပေါ်မှနေကာ ပွတ်သပ်ရင်း ဆက်ပြောလာသည်။

"ဒါပေမယ့် ကိစ္စတော့မရှိတော့ပါဘူး...အလင်္ကာနဲ့သိပ်တူလွန်းတဲ့ အလင်္ကာ ကိုယ်ပွားလေးကို အခုငါရပြီလေ"

ထိုလူစကားများကြောင့် မာန်ဒေါသတို့နဲ့အတူ စိုးရိမ်စိတ်ကလေးက ကပ်ပါလာတော့သည်။

ခွန်းဆက် မင်းဘယ်မှာလဲ...ဒီလူ ငါခန္ဓာကိုယ်ကို ထိချင်တိုင်းထိနေတာကို ငါမကြိုက်ဘူး...ပြီးတော့ ငါကြောက်တယ် ခွန်းဆက်...မင်းဘယ်မှာများလဲ.....

တစ်ဖက်တွင်လည်း ခွန်းဆက်တစ်ယောက် ကားမောင်းနေရင်း ရင်ဘက်တစ်နေရာက စူးခနဲ အောင့်တက်လာတော့သည်။ ရင်ထဲတွင်လည်း လေးလံလာကာ မကောင်းသည့်ခံစားချက်တို့ကလည်း ၀င်ရောက်လာသည်။ ထို့အပြင် မာန့်အား ပြင်းပြင်းပြပြလွမ်းလာမှုနဲ့အတူ စိုးရိမ်မှုတို့က မုန်တိုင်းသဖွယ် တိုးဝင်လာခဲ့သည်။

မာန် မောင်လာနေပြီ...မောင်လာနေပြီမလို့ ဘာမှမဖြစ်ပဲ ရှိနေပေးပါအုံး.....

ကားမောင်းနေရင်း မျက်ရည်တို့ကျဆင်းနေသော ခွန်းဆက်ကိုကြည့်ကာ သော်တာမှာ စိတ်မကောင်း။ သူ့ရင်ထဲတွင်လည်း မာန့်အတွက် စိုးရိမ်ပူပန်မှုတို့က ကြီးစိုးနေသည်။

ဥာဏ်ကောင်းလွန်းသည်လား အကွက်ပဲကျော်မြင်တတ်သည်လား မပြောတတ်။ ခွန်းဆက် မာန့်ကို gps ပါသော လက်ပတ်လေးကို ပေးခဲ့သည်ကြောင့် ယခုလိုအချိန်တွင် မာန်တည်နေရာအား ချက်ချင်းသိနိုင်ခဲ့သည်။ အခုတွင်လည်း မာန့်ရှိနေသော မြို့အစွန်တစ်နေရာသို့ ခွန်းဆက်နဲ့အတူ သော်တာတို့ သွားနေခြင်းဖြစ်သည်။

သူတို့ကားနောက်တွင်တော့ ဦးခွန်းမြတ် မာန့်ဘေးနားတွင် လွှတ်ထားခဲ့သော သက်တော်စောင့်အဖွဲ၏ ကားကလိုက်ပါလာသည်။ ထိုလူများ၏ အဆိုအရ မာန့်ကိုဖမ်းခေါ်သွားသောကားက သူတို့အား လမ်းတစ်နေရာတွင် မျက်ခြေဖျက်ခဲ့သည်ကြောင့် သူတို့ဆက်မလိုက်နိုင်ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။

သော်တာလည်း အတွေးများကို ခါထုတ်လိုက်ပြီးနောက် မာန်ဘေးကင်းစေဖို့သာ ဆုတောင်းနေမိတော့သည်။

**********

"မင်းကို ဘယ်လိုသိလဲ သိချင်လား"

ဖြေစရာမလိုသည့်မေးခွန်းကို မေးလာသည်ကြောင့် မာန်မဖြေပဲ ထိုလူမျက်နှာအား စူးစူးရဲရဲ စိုက်ကြည့်နေသည်။ စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း မျက်နှာထက်တွင်မပေါ်အောင် မုန်းတီးရိပ်တို့ကို လွှမ်းခြုံနေစေသည်။

"တကယ်တော့လေ မင်းဘယ်သူလဲဆိုတာ အရင်ထဲက ငါသိတယ်...မင်းကြီးပြင်းလာတဲ့ဂေဟာ...မင်းကို ညီညီနိုင်မွေးစားခဲ့တာတွေ...နောက်ဆုံး မင်းကို မျိုးနိုင် မသတ်ခဲ့ဘူးဆိုတာကအစ ငါသိတယ်"

မာန် မျက်ခုံးများ တွန့်ချိုး၍ သွားရသည်။ သို့သော် ဘာစကားမှ မပြောပဲ ဆက်၍သာ နားထောင်နေသည်။

"မင်း အားလုံးသိထားပြီးသား ဆိုပေမယ့် မင်းမသိသေးတာတွေကို ငါပြောပြမယ်...ပထမဆုံး မင်းရဲ့အဖိုးအဖွားတွေ အလင်္ကာတို့ရဲ့ မိဘသေဆုံးခဲ့တာ အိနြေ္ဒ အဖေကြောင့် မဟုတ်ဘူး...ငါလုပ်ခဲ့တာ အိနြေ္ဒအဖေက ထိခိုက်ရုံလောက်ပဲဆိုပေမယ့် ငါကသေအောင်သတ်ခဲ့တာ.. ဘာလို့လဲ သိလား...မျိုးနိုင်ကို ငါမုန်းလို့လေ...ကိုယ်ချစ်တဲ့သူ တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ခံစားစေချင်လို့ ငါသူ့အမေကို သတ်ဖို့ကြံရွယ်ခဲ့တာ...ဒါပေမယ့် ကံဆိုးချင်တော့ အလင်္ကာတို့ရဲ့မိဘတွေက တွေ့သွားတယ်လေ...အဲ့တာနဲ့ ငါလည်း အကုန်လုံးကို အပြတ်ရှင်းလိုက်တာပေါ့ကွာ"

မာန် ဆွံ့အစွာ ငြိ်မ်နေမိသည်။ မိခင်၏ ဒိုင်ယာရီစာအုပ် ဖတ်ခဲ့သည့်အချိန်တုန်းကရော သူ့ရဲ့ငယ်ဘ၀ပုံရိပ်များတွင်ပါ ဦးဟိန်းလင်းလျာက ဒီလိုပုံစံမဟုတ်ခဲ့။ ဦးဟိန်းလင်းလျာက စကားဆက်သည်။

"နောက် ရွှေစင်ပျောက်သွားတဲ့ ကိစ္စ...အဲ့တာ ဌေးသစ္စာကို ငါအကြံပေးခဲ့တာလေ...တကယ်တော့ ငါအိနြေ္ဒကို ချစ်ခဲ့တာမဟုတ်ဘူး...မဟာ့ရဲ့ ပိုင်ဆိုင်မှုတွေက လောဘတက်စရာဆိုတော့ အိနြေ္ဒက ငါ့ရဲ့အသုံးချခံနယ်ရုပ်လေးဖြစ်သွားတာပေါ့...ရွှေစင်ကတော့ ဘာမှမသိပဲ ခံလိုက်ရတဲ့ ကြားထဲက မြေစာပင်လေးလေ...ဪ ဒါနဲ့ ပြောရအုံးမယ်...မင်းကလဲ့စားချေဖို့ ယူထားတဲ့သူက မင်းသိပ်ချစ်လှပါချည်ဆိုတဲ့ မင်းရဲ့တီသွန်းရဲ့သားနော်"

ဦးဟိန်းလင်းလျာ၏ နောက်ဆုံးစကားတွင် မာန်ရင်ထဲ ဆို့နစ်သွားခဲ့ရသည်။ သံသယရှိခဲ့ပေမယ့် မဟုတ်ပါစေနဲ့ဟု အကြိမ်ကြိမ်ဆုတောင်းခဲ့မိသည်။ သူ ခွန်းဆက်အား အသုံးချခဲ့သည့်အတွက်လည်း နောင်တရနေသည်မှာလည်း ကြာပြီပင်ဖြစ်သည်။ ဘာမှမဆိုင်သည့် ခွန်းဆက်အား ဆွဲထည့်ခဲ့မ်ိခြင်းအပေါ် မိမိကိုယ် မိမိ အပြစ်တင်လည်း မဆုံးခင် တွေးရင်းပင် မျက်ရည်များက ကျလာရသည်။

"ဟော ငိုနေပြီလား...အရေးကြီးဆုံး အပိုင်းတောင် မပြောရသေးဘူးလေ"

ဦးဟိန်းလင်းလျာက မာန့်မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ဖယ်ပေးရင်း ပြောလာသည်။

"တကယ်တော့လေ အဲ့နေ့ညက အလင်္ကာ သိပ်ချစ်ဖို့ကောင်းတာ...အင်္ကျီမပါတဲ့ သူ့ခန္ဓာကိုယ်လေးက... "

"ခင်ဗျားကြီး တော်တော့"

မာန် မကြားနိုင်တော့စွာ အော်ပြောလိုက်သည်။ မျက်ဝန်းပြာဘေး ၀န်းရံထားသော မျက်သားဖြူတို့က နီရဲတက်လာကာ နာကျည်းသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ ဦးဟိန်းလင်းလျာက  မာန်၏ ထိုပုံစံကိုကြည့်ပြီး ရယ်မောနေသည်။

"ငါက မင်းအဖေကို ချုပ်ထားရတာဆိုတော့ ဘာမှမလုပ်ခဲ့ရပေမယ့် ဌေးသစ္စာကတော့..... "

"ခင်ဗျားကို ပါးစပ်ပိတ်ထားလို့ပြောနေတယ်လေ"

"ဘာလို့လဲ ကလေးရယ်...ခဏနေ မင်းကိုလည်း အဲ့လိုလုပ်တော့မှာမလို့ အရင်ဆုံး နားထောင်ကြည့်ပါအုံး..."

"ခင်ဗျား ကျွန်တော့်အသားကို မထိနဲ့"

"မင်းကို ဒီအထိ ဖမ်းခေါ်လာတာ အလှကြည့်ဖို့သက်သက်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား...ဪ...တကယ်အရေးကြီးတာတစ်ခုကို မေ့တော့မလို"

ဦးဟိန်းလင်းလျာက တစ်ခုခုကို သတိရသွားဟန်ဖြင့် မာန့်ကိုကြည့်လာကာ

"အလင်္ကာ မဆုံးခင်မှာလေ သူ့ဗိုက်ထဲ မင်းရဲ့ညီလေးလား ညီမလေးလား မသိရတဲ့ ပိစိလေးရှိနေခဲ့တယ်"

ထိုစကားကြောင့် မာန်ရုန်းကန်မှုများ ရပ်တန့်ကာငြိမ်ကျသွားတော့သည်။သူ့ဦးနှောက်တို့တွင်လည်း ဗလာဖြစ်လို့သွားသည်။ သူ့ထက် အငယ်လေးလိုချင်တာ ဟိုးအရင်ကလေးဘ၀ထဲက သူ့ဆန္ဒပင်ဖြစ်သည်။ ငယ်ငယ်က သူ့မိခင်အား ပူဆာခဲ့ဖူးသည်။ ညီလေးတွေ ညီမလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားချင်သည့်အကြောင်း၊ ဘေးအိမ်က ကောင်လေးဆီမှ ညီမလေးရှိပြီး သူ့မှာဘာလို့မရှိတာလဲဆိုကာ မေမေတို့အား ခဏခဏ ဂျီကျခဲ့ဖူးသည်။ တွေးရင်း မာန့်မျက်ရည်တို့က ပိုတိုး၍ကျလာသည်။

မေမေ့ဗိုက်ထဲ ညီလေးလား ညီမလေးလား မသိရတဲ့ ကလေးလေးရှိနေခဲ့သည်တဲ့။မေမေက သူ့အတွက် အငယ်လေးတစ်ယောက် မွေးပေးဖို့ဖြစ်ခဲ့သည်တဲ့။သို့ပေမယ့် ကလေးလေးက လောကကြီးထဲမရောက်ရှိခဲ့ပဲ ထွက်ခွာခဲ့ရသည်တဲ့လေ။ ယူကြုံးမရသည့်စိတ်က မာန့်ကိုသေစေနိုင်လောက်သည်အထိ စွမ်းအားတို့ပြင်းလေသည်။

ဦးဟိန်းလင်းလျာက မာန်ငြိမ်ကျသွားသည်ကို အခွင့်ကောင်းယူကာ မာန်ဝတ်ထားသည့် လူနာဝတ်စုံ၏ ကြယ်သီးများကို ဆွဲဖြုတ်လိုက်တော့သည်။ ထို့နောက်ပေါ်လာသော ရင်ဘက်နှင့် ၀မ်းဗိုက်တို့အား ပွတ်သပ်ကိုင်တွယ်နေသည်။မာန် ထိုအထိအတွေ့များကို ရွံ့ရှာလာကာ ထိုလူထိတွေ့သွားသည့်နေရာတိုင်းအား ဓားဖြင့် လှီးပစ်ချင်လာမိသည်။

"မင်းကို မင်းရဲ့ယောက္ခမက သိပ်ချစ်တယ်ထင်တယ်...ငါ တစ်လျှောက်လုံး ငါ့လူတွေကိုလွှတ်ပြီး မင်းကိုဖမ်းခိုင်းခဲ့ပေမယ့် မင်းယောက္ခမ မင်းအနားမှာလွှတ်ထားတဲ့လူတွေကြောင့် မင်းကိုငါ ဖမ်းလို့မရခဲ့ဘူး...ဒီနေ့ မင်းကိုခေါ်လာတုန်းကလည်း အဲ့လူတွေတောက်လျှောက်လိုက်လာခဲ့သေးတာ...ဒါပေမယ့် ဒီတစ်ခါတော့ ငါ့လူတော်လို့ သူတို့ကို မျက်ခြေဖျက်လို့ရခဲ့တယ်လေ...ထားပါတော့ အဲ့ဒါက အတိတ်မှာကျန်ခဲ့ပြီး...အခုတော့ မင်းက ငါ့လက်ထဲရောက်နေပြီလေ"

မာန် ထိုလူပြောသမျှတို့ကို ကြားနေရသော်လည်း ဘာမှမတုန့်ပြန့်တော့ပေ။ သူတွင် တုန့်ပြန့်ရန် အားအင်လည်း မရှိတော့။ ရင်ထဲတွင်လည်း နာကျင်မှုတို့က အတောမသတ်နိုင်အောင် ပိုပိုများပြားလာသည်။ ရင်ထဲတွင် ဓားနဲ့အချက်ပေါင်းများစွာ ထိုးစိုက်ခံနေရသလို နာကျင်နေရပြီး မျက်ရည်တို့ကလည်း အတောမသတ်နိုင်အောင် ကျဆင်းနေရသည်။

သူအထင်လွှဲကာ မုန်းတီးနေခဲ့သောသူများက သူ့အားကာကွယ်ပေးနေခဲ့ကြပြီး သူ့ကလဲ့စားချေဖို့စာရင်းထဲတောင် မထည့်ခဲ့သည့်လူကတော့ အဓိက ဗီလိန်ဖြစ်နေခဲ့သည်။

တဖြည်းဖြည်း ထိုလူ့လက်များက သူ့ဘောင်းဘီအား ဆွဲချွတ်လာသည်ကြောင့် မာန်မျက်လုံးစုံပိတ်လိုက်တော့သည်။ ထိုစဉ် ကျယ်လောင်စွာ ထွက်ပေါ်လာသောအသံ။

၀ုန်း!!

ခွန်းဆက် gps မှပြသော မြို့အစွန်တစ်နေရာရှိ အိမ်သို့ရောက်တော့ ထိုအိမ်တွင် မသင်္ကာစရာပုံစံများနှင့် လူများကိုတွေ့လိုက်ရသည်။ခွန်းဆက်တို့လည်း ကားပေါ်မှဆင်းဆင်းချင်း ထိုအိမ်ထဲမှ လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ သူတို့အနားသို့ လှမ်းလာနေသည်ကို တွေ့ရသည်။ ထိုစဉ် daddyထည့်ပေးလိုက်သော လူများက ခွန်းဆက်တို့အနားလျှောက်လာကာ

"သခင်လေးတို့ အထဲဝင်သွားလိုက်ပါ...ကျွန်တော်တို့ ဒီလူတွေကို ရှင်းလိုက်မယ်"

ခွန်းဆက်လည်း ဘာမှထပ်ပြောမနေတော့ပဲ ခေါင်းညိတ်ပြကာ သော်တာနဲ့အတူ အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။

အိမ်အထဲရောက်တော့ လှေကားထောင့်တွင်ရှိနေသော လူနှစ်ယောက်က ခွန်းဆက်တို့အား တွေ့သည်နှင့် သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာခဲ့သည်။ ထိုနှစ်ယောက်ထဲမှ လူတစ်ယောက်က ခွန်းဆက်၏ မျက်နှာတည့်တည့်သို့ လက်သီးနဲ့ထိုးလာသည်ကြောင့် ခွန်းဆက်ဘေးသို့ ရှောင်လိုက်ရင်း ထိုလက်အားဆွဲကာ ထိုလူ၏မျက်နှာကို သူ့ဒူးနှင့်တိုက်ချလိုက်တော့သည်။ တစ်ဖန် ဆံပင်များကိုဆွဲကိုင်လိုက်ပြီးနောက် ကြမ်းပြင်ထက်အရှိန်ပြင်းပြင်းရိုက်ချလိုက်တော့သည်။ ခွန်းဆက်၏ လှုပ်ရှားမှုများမှာ မြန်ဆန်သည်ကြောင့် တစ်ဖက်လူက ဘာမှတုန့်ပြန့်ချိန်မရလိုက်ပါပဲ မှောက်ကျသွားသည်မှာ ထပင်မလာတော့ချေ။

တစ်ဖက်တွင်လည်း သော်တာတစ်ယောက် သူ့ထံပြေးဝင်လာသော လူအား အနားတွင်ရှိနေသော သံချောင်းတစ်ခုဖြင့် ရိုက်ချလိုက်တော့သည်။ သော်တာ၏ရိုက်ချက်ကြောင့် ထိုလူ၏ဦးခေါင်းမှ သွေးများစီးကျလာပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်မှေးစက်သွားတော့သည်။ ထို့နောက် နှစ်ယောက်သား ဘာစကားမှထပ်ပြောမနေတော့ပဲ အပေါ်ထပ်သို့ပြေးတက်ခဲ့တော့သည်။

အပေါ်ထပ်တွင်ရှိနေသော အခန်းများကို တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာခဲ့ပြီး နောက်ဆုံးအခန်းတစ်ခုအရှေ့အရောက် ခွန်းဆက်တံခါးအား ခြေထောက်ဖြင့်အားကုန်ကန်ကာ ဖွင့်လိုက်တော့သည်။ တံခါးပွင့်သွားစဉ်တွင် မြင်လိုက်ရသည့်မြင်ကွင်းက သူ့ဒေါကကို လောင်စာထည့်လိုက်သလိုပင်။ အပေါ်အင်္ကျီဖရိုဖရဲပုံစံနှင့် မျက်ရည်များကျကာ ငြိမ်သက်နေသော မာန်။ ထိုစဉ် မာန့်ဝတ်ထားသော ဘောင်းဘီအား ဆွဲချွတ်ရန်ပြင်နေသော လူကြောင့် ခွန်းဆက် ဒေါသတို့အစိုးမရတော့။ တံခါးဖွင့်သံကြောင့် အခန်းထဲရှိလူသုံးယောက်၏ အကြည့်တို့က ခွန်းဆက်တို့ဆီ ရောက်ရှိလာသည်။

"အိုဟိုးး ဒီလောက်မြန်မြန်ရောက်လာတာလား"

သူတို့အားကြည့်ကာ ရယ်နေသော ဦးဟိန်းလင်းလျာထံ ခွန်းဆက်ပြေးသွားလိုက်ပြီး မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တော့သည်။

ခွပ်!

ခွန်းဆက် ထိုးချက်ကြောင့် ဦးဟိန်းလင်းလျာ ယိုင်သွားစဉ် ထိုလူအား မြေပြင်ပေါ်လဲချကာ ခွန်းဆက် အပေါ်ကနေခွပြီး မျက်နှာကို တရစပ်ထိုးတော့သည်။

"ခင်ဗျားလို လူကများ မာန့်အသားကို ထိရဲတယ်ပေါ့လေ...ကျုပ်တောင် မထိရက်မကိုင်ရက်နဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ မာန့်ကို ခင်ဗျားက လာထိတယ်ပေါ့...ကျုပ်ခင်ဗျားကို သတ်ပစ်မယ်...ကျုပ်နှလုံးသားကို လာထိတဲ့ခင်ဗျားကို ကျုပ်ရအောင် သတ်ပစ်မယ်"

ခွန်းဆက် ပြောပြောပြီး ဦးဟိန်းလင်းလျာကို မရပ်မနားထိုးနေတော့သည်။ ဦးဟိန်းလင်း၏ မျက်နှာတွင် သွေးများထွက်လာပြီး ခွန်းဆက်လက်တို့ သွေးချင်းချင်းနီလာသည့်တိုင်အောင် ခွန်းဆက်မရပ်မနားဆက်ထိုးနေသည်။

ထိုအချိန်တွင် ဦးဟိန်းလင်းလျာ၏ တပည့်ဖြစ်သူက သူ့အနားတွင်ရှိသော တုတ်အားကိုင်ကာ ခွန်းဆက်အားရိုက်နက်ရန်လာနေခဲ့သည်။ သို့သော် ထိုလူခွန်းဆက်ဆီမရောက်ခင်မှာပဲ ကြမ်းပြင်ထက် လဲပြိုသွားရသည်။ အကြောင်းမှာ သော်တာက ထိုလူ၏ နောက်စေ့အား သံတုတ်ချောင်းဖြင့် ထုလိုက်သောကြောင့်ပင်။

ခွန်းဆက် သူ့ရှေ့မှလူ၏ အင်္ကျီစအားဆွဲကာ မျက်နှာကို တရစပ်ထိုးသည်။ သူ၏ ထိုးချက်များအောက် ဦးဟိန်းလင်းလျာ၏ မျက်နှာမှာ သွေးများနှင့် ရစရာပင်မရှိတော့။ ခွန်းဆက် မာန့်အားကြည့်လိုက်တော့ သွေးပျက်နေသော မာန်ပုံစံကြောင့် ထိုလူအား မရပ်မနား ထပ်ထိုးသည်။

ခွန်းဆက်သာ ဆက်ထိုးနေလျှင် ဦးဟိန်းလင်းလျာ သေသွားနိုင်သည်ကြောင့် သော်တာ ခွန်းဆက်အား အမြန်တားရတော့သည်။

"ညီတော်တော့ သူသေသွားလိမ့်မယ်"

သို့သော် ခွန်းဆက်က သူ့စကားအား မကြားသူလို ဆက်၍ ထိုးနေသည်။

"ညီ မာန့်ကိုကြည့်အုံး သူပင်ပန်းနေပြီ"

ထိုအခါမှ ခွန်းဆက်လက်များ ရပ်တန့်သွားတော့သည့်။ ထို့နောက် မာန့်ကိုယ်တွင် ရှိသော ကြိုးများအား ဖြည်ပေးလိုက်ပြီး သူ့ပေါ်အင်္ကျီအား ချွတ်ကာ မာန့်ကိုလွှမ်းခြုံပေးလိုက်သည်။ အားလုံးပြီးသွားချိန်တွင်တော့ ခွန်းဆက် မာန့်ကိုရင်ခွင်ထဲဆွဲကာ ဖက်ထားလိုက်တော့သည်။

"မောင်တောင်းပန်ပါတယ်...မောင် စောစောမရောက်လာခဲ့လို့တောင်းပန်ပါတယ်"

တောင်းပန်ပါတယ် တတွတ်တွတ်ဆိုရင်း ခွန်းဆက် မျက်ရည်တို့ စီးကျလာတော့သည်။  မာန်တစ်ယောက်မှာတော့ ဖြစ်သွားသည့် ကိစ္စများကြား အသက်မရှိသူ တစ်ယောက်ပမာငြိမ်သက်နေသည်။

သော်တာ ဖုန်းကို ထုတ်လိုက်ကာ ရဲများအား ဖုန်းလှမ်းဆက်လိုက်သည်။ ထို့နောက် ခွန်းဆက်ရင်ခွင်ထဲမှ မာန့်ကိုတစ်လှည့် မြေပြင်ပေါ်မှ သွေးအလိမ်းလိမ်းနဲ့လူအား တစ်လှည့်ကြည့်ကာ သက်ပြင်းဖွဖွချမိသည်။

စိတ်ထဲတွင် ကံတရားကြီးအား ပထမဆုံးအကြိမ်ဖြင့် ကျေးဇူးတင်မိသည်။ မာန့်ထံတွင် ခွန်းဆက်ပေးခဲ့သော လက်ပတ်ကြိုးလေး ပါသွား၍သာ သူတို့ဒီနေရာကို သိရှိခဲ့ရခြင်း။ အကယ်၍သာ လက်ပတ်ကြိုးသာ မာန်နဲ့အတူ ပါမသွားခဲ့လျှင် သော်တာ ဆက်မတွေးရဲတော့။ ခဏအကြာ ရဲများက ရောက်ရှိလာကြကာ တရားခံများအား ဖမ်းခေါ်သွားကြတော့သည်။

**********

ဆေးရုံအခန်းလေးတစ်ခုအတွင်း မာန်တစ်ယောက် အော်ဟစ်ကာသောင်းကျန်းနေသည်။ သူ့အနားတွင် သူနာပြုများ ဆရာဝန်များနှင့် လင်းသာရော သော်တာပါရှိနေသော်လည်း မာန့်အား ဘယ်သူမှထိန်း၍မရချေ။ ဦးဟိန်းလင်းလျာ ဖမ်းခေါ်သွားသည့်နေ့ နောက်ပိုင်းမှစ၍ မာန်တစ်ယောက် ခဏခဏ စိတ်လွှတ်လာခဲ့သည်။ 'ရွံတယ်ရွံတယ်' ဟုဆိုကာ သူ့အသားများကို သွေးချင်းချင်းနီသည်အထိ ကုတ်ခြစ်သည်။ ကုတ်ခြစ်လွန်း၍ မာန့်လက်များတွင် ဒဏ်ရာလေးများပင် ရှိနေသည်။ အခုလည်း စိတ်ဖောက်သွားကာ အနားသို့ ဘယ်သူမှ အကပ်မခံ။

ထိုအချိန် ခွန်းဆက် ရောက်လာကာ မာန့်ကိုကြည့်ပြီး

"မာန်"

"မလာနဲ့ လူယုတ်မာတွေ...အားးးးးရွံတယ်...မထိနဲ့ ငါ့ကိုမထိနဲ့...အီးဟီးးးးတောင်းပန်ပါတယ်...မထိပါနဲ့...ကျွန်တော့်အသားကို မထိပါနဲ့"

အော်ဟစ်နေရာမှ ဒူးထောက်လက်အုပ်ချီရင်း သူတို့ဘက်လှည့်ကာ တောင်းပန်စကားဆိုလာကာ ငိုနေသော မာန့်အား ခွန်းဆက်မကြည့်ရက်နိုင်တော့စွာ မာန့်အနားကပ်၍ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။ ရင်ခွင်ထဲမှ သူလေးကတော့ သူ့အားတွန်းထွန်းရုန်းကန်လာသည်။

"ဖယ် ငါ့ကိုလွှတ်...မထိနဲ့ ရွံတယ်...ငါ့ကိုလွှတ်လို့"

သူ့အားထုရိုက်ကာ တွန်းထိုးနေသော မာန်ကို အတင်းဆွဲဖက်ထားရင်း ခွန်းဆက် ကျောပြင်လေးကို ပွတ်သပ်ပေးကာ

"မာန် မောင်လေကွာ... မာန်ရဲ့ မောင်လေ...မာန်ရဲ့ ကလေးလေး မောင်လေ"

ထိုစကားကြောင့် မာန်၏ ရုန်းကန်မှုလေးရပ်တန့်သွားသည်။ ထို့နောက် မာန်က အသံတိုးတိုးလေးဖြင့်

"မောင်"

"အင်း...မောင်...မာန့်ရဲ့မောင်"

ခွန်းဆက် ခေါင်းညိတ်ကာ ပြောတော့ မာန်က ဟီးခနဲ ငိုချလာကာ သူ့အား တင်းတင်းကျပ်ကျပ် ဖက်တွယ်လာသည်။

"မောင် အဲ့လူကြီးကလေ ငါ့အသားကို ထိတယ်သိလား...ငါမကြိုက်ဘူး မောင် အီးဟီးးး...သူငါ့အသားကို ထိတာ ငါမကြိုက်ဘူးမောင်...ငါကြောက်တယ်...အဲ့လူကြီးက ငါ့ကိုဖမ်းခေါ်သွားတော့မှာ"

ခွန်းဆက်ကို ငိုကာပြောနေသော မာန်ကြောင့် အခန်းထဲရှိ လူအများအားလုံး မျက်ရည်လည်လာကြသည်။ သော်တာနဲ့လင်းသာမှာလည်း မကြည့်ရက်နိုင်တော့စွာ အခန်းထဲမှ ထွက်သွားကြတော့သည်။ ခွန်းဆက် မာန့် ကျောပြင်လေးအား ပွတ်ကာ

"မဖမ်းတော့ဘူးနော်...အခုမောင်ရှိနေပြီ မဖမ်းတော့ဘူး"

"မဟုတ်ဘူး သူငါ့ကို ဖမ်းခေါ်သွားတော့မှာ...အဲ့လူက မေမေတို့ကိုလည်း သတ်တာ...အခု ငါ့ကိုလည်း သတ်တော့မှာ...အားးးးးကြောက်တယ် မလာနဲ့...သွား...ငါ့အသားကိုလည်း မထိနဲ့"

ဆိုရင်း မာန်ခွန်းဆက်ကို တွန်းထုတ်ကာ အခန်းထောင့်သို့ ကပ်သွားပြီး ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်ကာ ငိုနေတော့သည်။ ခွန်းဆက် မာန့်ပုံစံကိုကြည့်ကာ ရင်တို့အစိတ်စိတ်အမွှာမွှာကွဲရသည်။

"မလာနဲ့...ငါ့အသားကို မထိနဲ့...မေမေ သားကြောက်တယ် အီးဟီးးးးး...မထိနဲ့လို့...အားးး"

ခန္ဓာကိုယ်လေး တဆက်ဆက်တုန်ရီနေကာ အလွန်အမင်းကြောက်ရွံနေဟန်ရသော မာန်။ခွန်းဆက် မာန့်ကို အတင်းပွေ့ဖက်လိုက်ပြီး

"တော်ပါတော့ဗျာ...မာန်ရာ တော်ပါတော့...မောင် တောင်းပန်ပါတယ်...မောင့် ရင်ကို ဒီလောက်ပဲ ခွဲပါတော့"

"မောင်..."

အသံတုန်တုန်လေးဖြင့် မာန့်ထံမှ ခေါ်သံထွက်လာသည်ကြောင့် ခွန်းဆက် သူ့မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး

"ဗျာ"

"မောင် ဘာလို့်အခုမှလာတာလဲ အီးဟီးးးး... ငါကြောက်နေတာ...ငါအရမ်းကြောက်နေတာ...ဘာလို့ အခုမှလာရတာလဲ...ငါကြောက်နေတာပါဆို...မောင် ငါ့ဆီမလာမှာ ငါအရမ်းကြောက်နေခဲ့တာပါဆို အီးဟီးးးး အဲ့ဒီလူကြီးက ငါ့အသားတွေကို ထိကိုင်တာ ငါမကြိုက်ပါဘူးဆို အီးဟီးးး"

"အင်း အင်း နောက်တစ်ခါ မဖြစ်ရအောင် မောင်ကာကွယ်ပေးမယ်နော်"

"အင်း မောင် ကာကွယ်ပေး ငါတကယ်မကြိုက်ဘူး အင့်"

"နောက်မဖြစ်စေရပါဘူး မောင့်အသက်ရယ်...မောင် ကတိပေးတယ်နော်"

ခွန်းဆက် မာန့်ကို ချော့ပြောရင်း ဆရာဝန်ကို အချက်ပြလိုက်သည်။ ဆရာဝန်လည်း ခေါင်းညိတ်ပြကာ ခွန်းဆက်တို့အနားသွားလိုက်ပြီး မာန့်အား စိတ်ငြိမ်ဆးထိုးပေးလိုက်တော့သည်။ထို့နောက် ခွန်းဆက် မာန့်အား ပွေ့ချီကာ ကုတင်ပေါ်တင်ပေးလိုက်ပြီး လှဲအိပ်စေလိုက်သည်။ ဆရာဝန်နဲ့ သူနာပြုတို့ကလည်း အလိုက်တသိဖြင့် အခန်းထဲက ထွက်သွားကြတော့သည်။

မာန်က ကုတင်ထက်လှဲနေရင်း ခွန်းဆက်ကို စိုက်ကြည့်နေသည်။ ခွန်းဆက်လက်ကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသေးသည်။ ခွန်းဆက်လည်း သူ့အားကြည့်နေသော မာန့်ကိုပြုံးပြလိုက်ပြီး နဖူးထက် အနမ်းတစ်ပွင့်ခြွေချလိုက်သည်။

"အိပ်တော့နော် မာန်"

"မောင် ဘယ်မှမသွားနဲ့နော်...မောင်မရှိရင် ငါကြောက်တယ်"

"အင်း မောင်ဘယ်မှမသွားဘူး...မာန့်အနားမှာ အချိန်တိုင်းရှိနေမယ်"

ထိုစကားကြောင့် မာန်၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားတော့သည်။ ခဏအကြာတွင်တော့ အခန်းလေးထဲ မာန်အိပ်မောကျသံလေးများက ကြီးစိုးလာတော့သည်။ ခွန်းဆက် မာန့်ကို စောင်သေချာခြုံပေးပြီး အခန်းအပြင်သို့ ထွက်လာသည်။ အခန်းအပြင်တွင်တော့ သော်တာ၊ လင်းသာတို့နဲ့အတူ မိုးထက်၊ ကောင်းထက်နဲ့ မင်းမြတ်တို့ပါ ရှိနေသည်။ မိုးထက်က ခွန်းဆက်ထွက်လာသည်ကို တွေ့တော့

"အိပ်သွားပြီလား"

"အင်း...အစ်ကို သွားရအောင်လေ...ငါစိတ်ချမယ်နော် မင်းမြတ် မိုးထက်"

ခွန်းဆက် သော်တာ့ကိုကြည့်ကာပြောရင်း မိုးထက်နဲ့မင်းမြတ်တို့ကိုပါ ပြောလိုက်သည်။ ယနေ့သည် ဦးဟိန်းလင်းလျာတို့အား စီရင်ချက်ချမည့်နေ့ဖြစ်သည်။ ထို့ကြောင့် မာန့်ကိုစောင့်ပေးရန် မင်းမြတ်နဲ့ မိုးထက်ကို ခွန်းဆက် ခေါ်ထားခြင်းဖြစ်သည်။

"အင်း စိတ်ချသာသွား"

ထို့နောက် ခွန်းဆက်တို့ ထွက်သွားသည်ကိုကြည့်ပြီး မိုးထက်သက်ပြင်းချကာ

"အစ်ကိုပြန်ကောင်းမလာခင် ရောင်နီ လဲသွားမယ် ထင်တယ်"

မျက်နှာချောင်ကျကာ အရင်ကထက် ပိုပိန်လာသော ခွန်းဆက်။ မင်းမြတ်ကလည်း မိုးထက်စကားကို ထောက်ခံသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလာသည်။ ထို့နောက် နှစ်ယောက်သား အခန်းထဲဝင်တော့ ကုတင်ထက်အိပ်မောကျနေသူကြောင့် သက်ပြင်းချမိရပြန်သည်။ မာန်သည် မည်သူ့ကိုမျှ မမှတ်မိ။ တစ်ခါတစ်လေ ခွန်းဆက်ကိုတောင် မမှတ်မိပေ။ နာရီပိုင်းခြားက ခဏခဏ စိတ်ဖောက်လာတတ်သည်။

ထို့ကြောင့် မာန့်အနားတွင် အမြဲတမ်းလူရှိနေမှ ရသည်။ မဟုတ်လျှင် ကိုယ့်အသားကိုယ် သွေးများထွက်သည်အထိ မာန်က ကုပ်ဆွဲနေတတ်သည်။ မိုးထက် မာန့်အားကြည့်ရင်း

"အစ်ကို အမြန်ဆုံး ပြန်ကောင်းလာမှာပါနော်"

"ငါလည်း အဲ့လိုပဲ မျှော်လင့်မိတယ်"

မင်းမြတ်လည်း မာန့်ကို ကြည့်ရင်းသာ ပြန်ဖြေသည်။ဆရာဝန်များ ဖြစ်သည်မို့ မာန့်၏ အခြေအနေကို အခြားလူများထက် သူတို့က ပိုနားလည်သည်။ စိတ်ကိုကြီးကြီးမားမား ထိခိုက်စေသည့် အခြေအနေမျိုးနဲ့ ကြုံလိုက်ရသည်ကြောင့် မာန်ထိုသို့ဖြစ်သွားခြင်းပင်။ သေချာအချိန်ပေးကာ ဂရုစိုက်မှုများစွာနှင့် မာန်၏စိတ်ကိုလုံခြုံမှုပေးနိုင်လျှင် အချိန်အတိုအတွင်း ပြန်ကောင်းလာနိုင်မည်ဖြစ်သည်။

မိုးထက်တို့ ကြားခဲ့ရသော အကြောင်းအရာများကြောင့် မာန့်အား သူတို့များစွာ သနားခဲ့ရသည်။  ငယ်စဉ်ကတည်းက နာကျင်မှုများစွာကို ရင်ဝယ်ပိုက်ရင်း ကြိုးစားရုန်းကန်ကာ CEO တစ်ယောက်ဖြစ်လာသည့် မာန့်ကို သူတို့လေးစားမိသည်။ ထို့ကြောင့် အခုလိုလဲနေသော မာန့်ကို သူတို့မမြင်ချင်ပေ။ နှစ်ယောက်သား၏ စိတ်ထဲတွင် ထပ်တူညီနေသော ဆုတောင်းလေးတစ်ခုက ပဲ့တင်ထပ်နေသည်။

အစ်ကို အမြန်ဆုံး သက်သာလာပါစေ.....

*********************************

#22.4.2023
#🍁Moe Kyal Phyu🍁

[Zawgyi]

မာန္ မ်က္၀န္းတို႔ပြင့္လာခ်ိန္တြင္ ပထမဆံုးျမင္လိုက္ရသည္က ေဟာင္းႏြမ္းကာ အက္ကြဲေနေသာ အဂၤေတမ်ားႏွင့္ အခန္းပတ္၀န္းက်င္။အခန္းေထာင့္တို႔တြင္လည္း ပင့္ကူမွ်င္မ်ားျဖင့္ ႐ႈပ္ယွက္ခက္ေနသည္။ တစ္ခန္းလံုးတြင္လည္း ျပတင္းေပါက္ တစ္ခုသာရိွေနကာ ထိုျပတင္းေပါက္မွ တစ္ဆင့္ ဆည္းဆာေရာင္ ညေနခင္း၏အလွနဲ႔အတူ အေနာက္ဘက္သို႔ ခို၀င္ေမွးစက္ေနေသာ ေန၀န္းနီနီႀကီးအား ထင္ရွားစြာ ျမင္ေနရသည္။

မာန္ အခန္းအား ေ၀့၀ဲၾကည့္ေနရင္း မတ္တပ္ရပ္ရန္ ႀကိဳးစားလိုက္စဥ္မွာပင္ ကိုယ္ကို တုတ္ေႏွာင္ထားေသာ အေႏွာင္အဖြဲ႕မ်ားကို သတိထားမိသြားရေတာ့သည္။ သူအား ခံုတစ္ခုတြင္ ထိုင္လ်က္သားျဖင့္ လက္မ်ားကို  အေနာက္ဘက္သို႔လွန္ကာ ႀကိဳးခ်ည္ထားၿပီး ေျခေထာက္မ်ားကိုလည္း ခံုနဲ႔တြဲရက္ခ်ည္ထားသည္။ မာန္ ႀကံဳေနရေသာ အေျခအေနမ်ားကို ထူးဆန္းေနၿပီး ဤအခန္းထဲသို႔ မည္သို႔ေရာက္လာခဲ့ေၾကာင္းကို မွတ္ဥာဏ္ျပန္ေခၚေနရသည္။

ပထမဆံုး ၾကယ္စင္ေဆး႐ံုကု္ိ လာေနသည္ေၾကာင့္ လင္းသာက ၾကယ္စင့္ကိုေခၚရန္ ထြက္သြားခ်ိန္ မာန္တစ္ေယာက္တည္း အခန္းထဲတြင္ က်န္ရိွခဲ့သည္။ အခန္းထဲ ၾကယ္စင္တို႔အား ေစာင့္ေနစဥ္ တံခါးဖြင့္သံၾကားသည္ေၾကာင့္ ၾကယ္စင္တို့ ျပန္လာၿပီအထင္နဲ့ မာန္ၾကည့္လိုက္ေတာ့ သူတစ္ခါမွမျမင္ဖူးသည့္လူကို ေတြ႕လိုက္ရသည္။မာန္လည္း သတိအေနအထားျဖင့္ ထိုလူအား စိုက္ၾကည့္လိုက္ၿပီး

"ခင္ဗ်ားက ဘယ္သူလဲ"

မာန္႔အေမးကို ျပန္မေျဖပဲ ထိုလူက မာန္႔အနားေလွ်ာက္လို႔လာသည္။ ထို႔ေနာက္ ဘာစကားမွမေျပာပဲ မာန္႔အား ဖုန္းတစ္ခုကိုကမ္းေပးသည္။ မာန္လည္း ေၾကာင္အစြာနဲ႔ပင္ ထိုလူအားၾကည့္ေနေတာ့ ထိုလူႀကီးက စိတ္မရွည္သည့္အလား မာန္႔လက္ထဲ ဖုန္းကိုထိုးေပးကာ အခန္းထဲမွ ထြက္သြားခဲ့သည္။

ထိုလူက သူ႕အား ဘာေၾကာင့္ ဤဖုန္းအားေပးသြားခဲ့သည္ကို နားမလည္ပဲရိွရသည္။ ခဏအၾကာမွာပဲ ထိုလူေပးသြားေသာ ဖုန္းထံမွ message ၀င္သံၾကားရသည္ေၾကာင့္ မာန္ယူၾကည့္လိုက္မိေတာ့ လူႏွစ္ေယာက္အား အကြယ္တစ္ေနရာကေန ႐ိုက္ယူထားသည့္ videoႏွစ္ခုကို ေတြ႕လိုက္ရသည္။ ထိုvideoႏွစ္ခုတြင္ ပါ၀င္ေနသည့္ လူမ်ားက ခြန္းဆက္နဲ႔ ဦးခြန္းျမတ္မဟာတို႔ပင္ျဖစ္သည္။ မာန္ ထိုvideoမ်ားအား ၾကည့္ေနစဥ္မွာပင္ message တစ္ေစာင္ထပ္၀င္လာသည္။

'သူတို႔ႏွစ္ေယာက္လံုးကို အခုေသနတ္နဲ႔ ခ်ိန္ထားတယ္...ခြန္းဆက္ေရာင္နီကို မင္းသြားကယ္ရင္ ခြန္းျမတ္မဟာေသမယ္...ခြန္းျမတ္မဟာကို သြားကယ္ရင္ေတာ့ ခြန္းဆက္ေရာင္နီေသမယ္...ႏွစ္ေယာက္လံုးကို အႏၲရာယ္ကင္းေစခ်င္တယ္ဆိုရင္ေတာ့ xxxx ကို ၁၀မိနစ္အတြင္း ေရာက္ေအာင္လာခဲ့'

ထိုစာကို ဖတ္ၿပီးသကာလ မာန္႔အေတြးထဲ ဘာမွမရိွေတာ့ေပ။ ခြန္းဆက္နဲ႔ daddy ႏွစ္ေယာက္လံုးက သူ႕အတြက္ အေရးႀကီးသည့္ လူမ်ားမို႔ မည္သူ႕ကိုမွ် အထိခိုက္မခံႏိုင္ေပ။ မာန္ ပို႔ေပးထားေသာ တည္ေနရာကို ေသခ်ာၾကည့္လိုက္ၿပီးေနာက္ ေဆး႐ံုခန္းထဲကေန ေျပးထြက္ခဲ့ေတာ့သည္။

message ပို႔ထားေသာ ေနရာကို ေရာက္ေရာက္ျခင္းမွာပင္ လူတစ္ေယာက္က သူ႕ႏွာေခါင္းအား အ၀တ္စတစ္ခုႏွင့္ လာအုပ္သည္ေၾကာင့္ သူေမ့ေမ်ာသြားခဲ့ရသည္။ မာန္ ထိုအေၾကာင္းမ်ားအား ျပန္ေတြးေနစဥ္မွာပင္ အခန္းတံခါးပြင့္လာကာ သူ႕အားဖုန္းလာေပးေသာလူႏွင့္ ဦးဟိန္းလင္းလ်ာတို႔က ၀င္လာခဲ့သည္။ ဦးဟိန္းလင္းလ်ာက မာန္၏ ပံုစံကို ေတြ႕ေတြ႕ခ်င္းမွာပဲ သူ႕ေဘးက လူ၏ ၀မ္းဗိုက္ကို လက္သီးနဲ႔ ၃ခ်က္ေလာက္ ဆင့္ထိုးလိုက္ေတာ့သည္။

"မင္းကိုငါ ကေလးကို ျငင္ျငင္သာသာ ေခၚလာခဲ့လို႔ ေျပာတာေလ အခုဘယ္လိုေတာင္ ႀကိဳးေတြတုပ္ထားရတာလဲ"

မာန္ ထိုလူမ်ားအား ၾကည့္ေနတုန္းမွာပင္ ဦးဟိန္းလင္းလ်ာက သူ႕အနားေလွ်ာက္လာကာ မာန္႔ပါးတစ္ဖက္ကို အုပ္ကိုင္ၿပီး

"သား အလင္းေလး ဦးဦးကို မွတ္မိလား"

မာန္ ေခါင္းမညိတ္ ေခါင္းမခါ ဦးဟိန္းလင္းလ်ာကိုသာ စိုက္ၾကည့္ေနသည္။ သူစိုက္ၾကည့္ေနသည္ေၾကာင့္ ဦးဟိန္းလင္းလ်ာက ၿပံဳးသြားၿပီး

"မင္းကေလ မင္းအေမနဲ႔ သိပ္တူတာ...အလကၤာလိုမ်ဳိး ႀကီးေလလွလာေလပဲ...မ်က္လံုးျပာျပာေလးေတြရယ္... ပါးေဖာင္းေဖာင္းေလးေတြရယ္... ႏႈတ္ခမ္းဖူးဖူးေလးရယ္...လံုး၀ကို အေမတူသားေလး"

မာန္႔မ်က္ႏွာကိုၾကည့္ၿပီးေျပာေနေသာ ဦးဟိန္းလင္းလ်ာ၏ မ်က္လံုးထဲတြင္ ရမၼက္ရိပ္မ်ား စြန္းထင္းေနသည္။ ဦးဟိန္းလင္းလ်ာက မာန္႔ႏႈတ္ခမ္းဖူးဖူးေလးမ်ားကို ထပ္မံပြတ္သပ္ကာ ေျပာလာျပန္သည္။

"မင္းရဲ႕အေမ အလကၤာကိုေတာ့ မရခဲ့ေပမယ့္ မင္းကိုျမည္းစမ္းၾကည့္ခ်င္မိ္တယ္ ကေလးရဲ႕"

ေျပာၿပီးၿပီးခ်င္း မာန္႔ေမးေစ့မွ ကိုင္ကာ မ်က္ႏွာကိုေမာ့ေစ့ၿပီးေနာက္ မ်က္ႏွာတစ္ခုလံုးအနံ႔ နမ္း႐ိႈက္လို႔လာသည္။ မာန္ ထိုလူ၏ အနမ္းကို ရြံရွာသည္ေၾကာင့္ မ်က္ႏွာကို တစ္ဖက္လႊဲလိုက္ေတာ့ ထိုလူက မာန္႔မ်က္ႏွာကို ဆုပ္ကိုင္ကာ သူနဲ႔မ်က္ႏွာခ်င္း ျပန္ဆိုင္ေစသည္။ မာန္ ထိုလူ၏လက္မွ လြတ္ေအာင္႐ုန္းေသာ္လည္း ႀကိဳးမ်ားတုပ္ခံထားရသည္ေၾကာင့္ အရာမထင္ေပ။ ရြံ႕ရွာမႈနဲ႔သာ ထိုလူ၏ အနမ္းမ်ားကို ခံေနရသည္။ ထိုလူက မာန္႔နဖူး၊ မ်က္၀န္းမ်ားႏွင့္ ပါးေဖာင္းေဖာင္းေလး ႏွစ္ဖက္ကို တစ္ဆင့္ခ်င္း နမ္း႐ိႈက္လာသည္။ ႏႈတ္ခမ္းအနား အေရာက္တြင္ ထိုလူက ခဏရပ္တန္႔သြားကာ မာန္႔၏ နီရဲရဲႏႈတ္ခမ္းသားေလးမ်ားကို သူ႕လက္မျဖင့္ ဖိပြတ္ကာ

"တကယ္ေတာ့ေလ ငါအလကၤာကို သိပ္ခ်စ္ခဲ့တာ...မင္းအေဖ မ်ဳိးမာန္ထက္အရင္ အလကၤာကို ငါသေဘာက်ခဲ့တာ...ဟက္! အလကၤာကေတာ့ ငါ့ကိုေက်ာ္ၿပီး မ်ဳိးမာန္ကို ေရြးသြားခဲ့တယ္ေလ..."

ဦးဟိန္းလင္းလ်ာက မာန္႔ကို နင့္နင့္သည္းသည္းစိုက္ၾကည့္ကာ ေျပာလာသည္။ ထို႔ေနာက္ ႏႈတ္ခမ္းမ်ားက ပို၍ ေကာ့တက္သြားၿပီးေနာက္ မာန္ ရင္ဘက္နဲ႔ ဗိုက္ကို အက်ႌအေပၚမွေနကာ ပြတ္သပ္ရင္း ဆက္ေျပာလာသည္။

"ဒါေပမယ့္ ကိစၥေတာ့မရိွေတာ့ပါဘူး...အလကၤာနဲ႔သိပ္တူလြန္းတဲ့ အလကၤာ ကိုယ္ပြားေလးကို အခုငါရၿပီေလ"

ထိုလူစကားမ်ားေၾကာင့္ မာန္ေဒါသတို႔နဲ႔အတူ စိုးရိမ္စိတ္ကေလးက ကပ္ပါလာေတာ့သည္။

ခြန္းဆက္ မင္းဘယ္မွာလဲ...ဒီလူ ငါခႏၶာကိုယ္ကို ထိခ်င္တိုင္းထိေနတာကို ငါမႀကိဳက္ဘူး...ၿပီးေတာ့ ငါေၾကာက္တယ္ ခြန္းဆက္...မင္းဘယ္မွာမ်ားလဲ.....

တစ္ဖက္တြင္လည္း ခြန္းဆက္တစ္ေယာက္ ကားေမာင္းေနရင္း ရင္ဘက္တစ္ေနရာက စူးခနဲ ေအာင့္တက္လာေတာ့သည္။ ရင္ထဲတြင္လည္း ေလးလံလာကာ မေကာင္းသည့္ခံစားခ်က္တို႔ကလည္း ၀င္ေရာက္လာသည္။ ထို႔အျပင္ မာန္႔အား ျပင္းျပင္းျပျပလြမ္းလာမႈနဲ႔အတူ စိုးရိမ္မႈတို႔က မုန္တိုင္းသဖြယ္ တိုး၀င္လာခဲ့သည္။

မာန္ ေမာင္လာေနၿပီ...ေမာင္လာေနၿပီမလို႔ ဘာမွမျဖစ္ပဲ ရိွေနေပးပါအံုး.....

ကားေမာင္းေနရင္း မ်က္ရည္တို႔က်ဆင္းေနေသာ ခြန္းဆက္ကိုၾကည့္ကာ ေသာ္တာမွာ စိတ္မေကာင္း။ သူ႕ရင္ထဲတြင္လည္း မာန္႔အတြက္ စိုးရိမ္ပူပန္မႈတို႔က ႀကီးစိုးေနသည္။

ဥာဏ္ေကာင္းလြန္းသည္လား အကြက္ပဲေက်ာ္ျမင္တတ္သည္လား မေျပာတတ္။ ခြန္းဆက္ မာန္႔ကို gps ပါေသာ လက္ပတ္ေလးကို ေပးခဲ့သည္ေၾကာင့္ ယခုလိုအခ်ိန္တြင္ မာန္တည္ေနရာအား ခ်က္ခ်င္းသိႏိုင္ခဲ့သည္။ အခုတြင္လည္း မာန္႔ရိွေနေသာ ၿမိဳ႕အစြန္တစ္ေနရာသို႔ ခြန္းဆက္နဲ႔အတူ ေသာ္တာတို႔ သြားေနျခင္းျဖစ္သည္။

သူတို႔ကားေနာက္တြင္ေတာ့ ဦးခြန္းျမတ္ မာန္႔ေဘးနားတြင္ လႊတ္ထားခဲ့ေသာ သက္ေတာ္ေစာင့္အဖြဲ၏ ကားကလိုက္ပါလာသည္။ ထိုလူမ်ား၏ အဆိုအရ မာန္႔ကိုဖမ္းေခၚသြားေသာကားက သူတို႔အား လမ္းတစ္ေနရာတြင္ မ်က္ေျခဖ်က္ခဲ့သည္ေၾကာင့္ သူတို႔ဆက္မလိုက္ႏိုင္ျဖစ္သြားခဲ့ရျခင္း ျဖစ္သည္။

ေသာ္တာလည္း အေတြးမ်ားကို ခါထုတ္လိုက္ၿပီးေနာက္ မာန္ေဘးကင္းေစဖို႔သာ ဆုေတာင္းေနမိေတာ့သည္။

**********

"မင္းကို ဘယ္လိုသိလဲ သိခ်င္လား"

ေျဖစရာမလိုသည့္ေမးခြန္းကို ေမးလာသည္ေၾကာင့္ မာန္မေျဖပဲ ထိုလူမ်က္ႏွာအား စူးစူးရဲရဲ စိုက္ၾကည့္ေနသည္။ စိတ္ထဲတြင္ ေၾကာက္ရြံ႕ေနေသာ္လည္း မ်က္ႏွာထက္တြင္မေပၚေအာင္ မုန္းတီးရိပ္တို႔ကို လႊမ္းၿခံဳေနေစသည္။

"တကယ္ေတာ့ေလ မင္းဘယ္သူလဲဆိုတာ အရင္ထဲက ငါသိတယ္...မင္းႀကီးျပင္းလာတဲ့ေဂဟာ...မင္းကို ညီညီႏိုင္ေမြးစားခဲ့တာေတြ...ေနာက္ဆံုး မင္းကို မ်ဳိးႏိုင္ မသတ္ခဲ့ဘူးဆိုတာကအစ ငါသိတယ္"

မာန္ မ်က္ခံုးမ်ား တြန္႔ခ်ဳိး၍ သြားရသည္။ သို႔ေသာ္ ဘာစကားမွ မေျပာပဲ ဆက္၍သာ နားေထာင္ေနသည္။

"မင္း အားလံုးသိထားၿပီးသား ဆိုေပမယ့္ မင္းမသိေသးတာေတြကို ငါေျပာျပမယ္...ပထမဆံုး မင္းရဲ႕အဖိုးအဖြားေတြ အလကၤာတို႔ရဲ႕ မိဘေသဆံုးခဲ့တာ အိေႁႏၵ အေဖေၾကာင့္ မဟုတ္ဘူး...ငါလုပ္ခဲ့တာ အိေႁႏၵအေဖက ထိခိုက္႐ံုေလာက္ပဲဆိုေပမယ့္ ငါကေသေအာင္သတ္ခဲ့တာ.. ဘာလို႔လဲ သိလား...မ်ဳိးႏိုင္ကို ငါမုန္းလို႔ေလ...ကို္ယ္ခ်စ္တဲ့သူ တစ္ေယာက္ကို ဆံုး႐ံႈးလိုက္ရတဲ့ ခံစားခ်က္ကို ခံစားေစခ်င္လို႔ ငါသူ႕အေမကို သတ္ဖို႔ႀကံရြယ္ခဲ့တာ...ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ အလကၤာတို႔ရဲ႕မိဘေတြက ေတြ႕သြားတယ္ေလ...အဲ့တာနဲ႔ ငါလည္း အကုန္လံုးကို အျပတ္ရွင္းလိုက္တာေပါ့ကြာ"

မာန္ ဆြံ႕အစြာ ၿငိ္မ္ေနမိသည္။ မိခင္၏ ဒိုင္ယာရီစာအုပ္ ဖတ္ခဲ့သည့္အခ်ိန္တုန္းကေရာ သူ႕ရဲ႕ငယ္ဘ၀ပံုရိပ္မ်ားတြင္ပါ ဦးဟိန္းလင္းလ်ာက ဒီလိုပံုစံမဟုတ္ခဲ့။ ဦးဟိန္းလင္းလ်ာက စကားဆက္သည္။

"ေနာက္ ေရႊစင္ေပ်ာက္သြားတဲ့ ကိစၥ...အဲ့တာ ေဌးသစၥာကို ငါအႀကံေပးခဲ့တာေလ...တကယ္ေတာ့ ငါအိေႁႏၵကို ခ်စ္ခဲ့တာမဟုတ္ဘူး...မဟာ့ရဲ႕ ပိုင္ဆိုင္မႈေတြက ေလာဘတက္စရာဆိုေတာ့ အိေႁႏၵက ငါ့ရဲ႕အသံုးခ်ခံနယ္႐ုပ္ေလးျဖစ္သြားတာေပါ့...ေရႊစင္ကေတာ့ ဘာမွမသိပဲ ခံလိုက္ရတဲ့ ၾကားထဲက ေျမစာပင္ေလးေလ...ဪ ဒါနဲ႔ ေျပာရအံုးမယ္...မင္းကလဲ့စားေခ်ဖို႔ ယူထားတဲ့သူက မင္းသိပ္ခ်စ္လွပါခ်ည္ဆိုတဲ့ မင္းရဲ႕တီသြန္းရဲ႕သားေနာ္"

ဦးဟိန္းလင္းလ်ာ၏ ေနာက္ဆံုးစကားတြင္ မာန္ရင္ထဲ ဆို႔နစ္သြားခဲ့ရသည္။ သံသယရိွခဲ့ေပမယ့္ မဟုတ္ပါေစနဲ႔ဟု အႀကိမ္ႀကိမ္ဆုေတာင္းခဲ့မိသည္။ သူ ခြန္းဆက္အား အသံုးခ်ခဲ့သည့္အတြက္လည္း ေနာင္တရေနသည္မွာလည္း ၾကာၿပီပင္ျဖစ္သည္။ ဘာမွမဆိုင္သည့္ ခြန္းဆက္အား ဆြဲထည့္ခဲ့မိ္ျခင္းအေပၚ မိမိကိုယ္ မိမိ အျပစ္တင္လည္း မဆံုးခင္ ေတြးရင္းပင္ မ်က္ရည္မ်ားက က်လာရသည္။

"ေဟာ ငိုေနၿပီလား...အေရးႀကီးဆံုး အပိုင္းေတာင္ မေျပာရေသးဘူးေလ"

ဦးဟိန္းလင္းလ်ာက မာန္႔မ်က္ႏွာေပၚမွ မ်က္ရည္မ်ားကို သုတ္ဖယ္ေပးရင္း ေျပာလာသည္။

"တကယ္ေတာ့ေလ အဲ့ေန႔ညက အလကၤာ သိပ္ခ်စ္ဖို႔ေကာင္းတာ...အက်ႌမပါတဲ့ သူ႕ခႏၶာကိုယ္ေလးက... "

"ခင္ဗ်ားႀကီး ေတာ္ေတာ့"

မာန္ မၾကားႏိုင္ေတာ့စြာ ေအာ္ေျပာလိုက္သည္။ မ်က္၀န္းျပာေဘး ၀န္းရံထားေသာ မ်က္သားျဖဴတို႔က နီရဲတက္လာကာ နာက်ည္းေသာ မ်က္၀န္းတို႔ျဖင့္ စိုက္ၾကည့္ေနလိုက္သည္။ ဦးဟိန္းလင္းလ်ာက  မာန္၏ ထိုပံုစံကိုၾကည့္ၿပီး ရယ္ေမာေနသည္။

"ငါက မင္းအေဖကို ခ်ဳပ္ထားရတာဆိုေတာ့ ဘာမွမလုပ္ခဲ့ရေပမယ့္ ေဌးသစၥာကေတာ့..... "

"ခင္ဗ်ားကို ပါးစပ္ပိတ္ထားလို႔ေျပာေနတယ္ေလ"

"ဘာလို႔လဲ ကေလးရယ္...ခဏေန မင္းကိုလည္း အဲ့လိုလုပ္ေတာ့မွာမလို့ အရင္ဆံုး နားေထာင္ၾကည့္ပါအံုး..."

"ခင္ဗ်ား ကြၽန္ေတာ့္အသားကို မထိနဲ႔"

"မင္းကို ဒီအထိ ဖမ္းေခၚလာတာ အလွၾကည့္ဖို႔သက္သက္လို႔ ထင္ေနတာေတာ့ မဟုတ္ဘူးမလား...ဪ...တကယ္အေရးႀကီးတာတစ္ခုကို ေမ့ေတာ့မလို"

ဦးဟိန္းလင္းလ်ာက တစ္ခုခုကို သတိရသြားဟန္ျဖင့္ မာန္႔ကိုၾကည့္လာကာ

"အလကၤာ မဆံုးခင္မွာေလ သူ႕ဗိုက္ထဲ မင္းရဲ႕ညီေလးလား ညီမေလးလား မသိရတဲ့ ပိစိေလးရိွေနခဲ့တယ္"

ထိုစကားေၾကာင့္ မာန္႐ုန္းကန္မႈမ်ား ရပ္တန္႔ကာၿငိမ္က်သြားေတာ့သည္။သူ႕ဦးေႏွာက္တို႔တြင္လည္း ဗလာျဖစ္လို႔သြားသည္။ သူ႕ထက္ အငယ္ေလးလိုခ်င္တာ ဟိုးအရင္ကေလးဘ၀ထဲက သူ႕ဆႏၵပင္ျဖစ္သည္။ ငယ္ငယ္က သူ႕မိခင္အား ပူဆာခဲ့ဖူးသည္။ ညီေလးေတြ ညီမေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားခ်င္သည့္အေၾကာင္း၊ ေဘးအိမ္က ေကာင္ေလးဆီမွ ညီမေလးရိွၿပီး သူ႕မွာဘာလို႔မရိွတာလဲဆိုကာ ေမေမတို႔အား ခဏခဏ ဂ်ီက်ခဲ့ဖူးသည္။ ေတြးရင္း မာန္႔မ်က္ရည္တို႔က ပိုတိုး၍က်လာသည္။

ေမေမ့ဗိုက္ထဲ ညီေလးလား ညီမေလးလား မသိရတဲ့ ကေလးေလးရိွေနခဲ့သည္တဲ့။ေမေမက သူ႕အတြက္ အငယ္ေလးတစ္ေယာက္ ေမြးေပးဖို႔ျဖစ္ခဲ့သည္တဲ့။သို႔ေပမယ့္ ကေလးေလးက ေလာကႀကီးထဲမေရာက္ရိွခဲ့ပဲ ထြက္ခြာခဲ့ရသည္တဲ့ေလ။ ယူႀကံဳးမရသည့္စိတ္က မာန္႔ကိုေသေစႏိုင္ေလာက္သည္အထိ စြမ္းအားတို႔ျပင္းေလသည္။

ဦးဟိန္းလင္းလ်ာက မာန္ၿငိမ္က်သြားသည္ကို အခြင့္ေကာင္းယူကာ မာန္၀တ္ထားသည့္ လူနာ၀တ္စံု၏ ၾကယ္သီးမ်ားကို ဆြဲျဖဳတ္လိုက္ေတာ့သည္။ ထို႔ေနာက္ေပၚလာေသာ ရင္ဘက္ႏွင့္ ၀မ္းဗိုက္တို႔အား ပြတ္သပ္ကိုင္တြယ္ေနသည္။မာန္ ထိုအထိအေတြ႕မ်ားကို ရြံ႕ရွာလာကာ ထိုလူထိေတြ႕သြားသည့္ေနရာတိုင္းအား ဓားျဖင့္ လီွးပစ္ခ်င္လာမိသည္။

"မင္းကို မင္းရဲ႕ေယာကၡမက သိပ္ခ်စ္တယ္ထင္တယ္...ငါ တစ္ေလွ်ာက္လံုး ငါ့လူေတြကိုလႊတ္ၿပီး မင္းကိုဖမ္းခိုင္းခဲ့ေပမယ့္ မင္းေယာကၡမ မင္းအနားမွာလႊတ္ထားတဲ့လူေတြေၾကာင့္ မင္းကိုငါ ဖမ္းလို႔မရခဲ့ဘူး...ဒီေန႔ မင္းကိုေခၚလာတုန္းကလည္း အဲ့လူေတြေတာက္ေလွ်ာက္လိုက္လာခဲ့ေသးတာ...ဒါေပမယ့္ ဒီတစ္ခါေတာ့ ငါ့လူေတာ္လို႔ သူတို႔ကို မ်က္ေျခဖ်က္လို႔ရခဲ့တယ္ေလ...ထားပါေတာ့ အဲ့ဒါက အတိတ္မွာက်န္ခဲ့ၿပီး...အခုေတာ့ မင္းက ငါ့လက္ထဲေရာက္ေနၿပီေလ"

မာန္ ထိုလူေျပာသမွ်တို႔ကို ၾကားေနရေသာ္လည္း ဘာမွမတုန္႔ျပန္႔ေတာ့ေပ။ သူတြင္ တုန္႔ျပန္႔ရန္ အားအင္လည္း မရိွေတာ့။ ရင္ထဲတြင္လည္း နာက်င္မႈတို႔က အေတာမသတ္ႏိုင္ေအာင္ ပိုပိုမ်ားျပားလာသည္။ ရင္ထဲတြင္ ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးစိုက္ခံေနရသလို နာက်င္ေနရၿပီး မ်က္ရည္တို႔ကလည္း အေတာမသတ္ႏိုင္ေအာင္ က်ဆင္းေနရသည္။

သူအထင္လႊဲကာ မုန္းတီးေနခဲ့ေသာသူမ်ားက သူ႕အားကာကြယ္ေပးေနခဲ့ၿကၿပီး သူ႕ကလဲ့စားေခ်ဖို႔စာရင္းထဲေတာင္ မထည့္ခဲ့သည့္လူကေတာ့ အဓိက ဗီလိန္ျဖစ္ေနခဲ့သည္။

တျဖည္းျဖည္း ထိုလူ႕လက္မ်ားက သူ႕ေဘာင္းဘီအား ဆြဲခြၽတ္လာသည္ေၾကာင့္ မာန္မ်က္လံုးစံုပိတ္လိုက္ေတာ့သည္။ ထိုစဥ္ က်ယ္ေလာင္စြာ ထြက္ေပၚလာေသာအသံ။

၀ုန္း!!

ခြန္းဆက္ gps မွျပေသာ ၿမိဳ႕အစြန္တစ္ေနရာရိွ အိမ္သို႔ေရာက္ေတာ့ ထိုအိမ္တြင္ မသကၤာစရာပံုစံမ်ားႏွင့္ လူမ်ားကိုေတြ႕လိုက္ရသည္။ခြန္းဆက္တို႔လည္း ကားေပၚမွဆင္းဆင္းခ်င္း ထိုအိမ္ထဲမွ လူမ်ားက လႈပ္လႈပ္ရွားရွား ျဖစ္သြားကာ သူတို႔အနားသို႔ လွမ္းလာေနသည္ကို ေတြ႕ရသည္။ ထိုစဥ္ daddyထည့္ေပးလိုက္ေသာ လူမ်ားက ခြန္းဆက္တို႔အနားေလွ်ာက္လာကာ

"သခင္ေလးတို႔ အထဲ၀င္သြားလိုက္ပါ...ကြၽန္ေတာ္တို႔ ဒီလူေတြကို ရွင္းလိုက္မယ္"

ခြန္းဆက္လည္း ဘာမွထပ္ေျပာမေနေတာ့ပဲ ေခါင္းညိတ္ျပကာ ေသာ္တာနဲ႔အတူ အိမ္ထဲသို႔ ေျပး၀င္လာခဲ့သည္။

အိမ္အထဲေရာက္ေတာ့ ေလွကားေထာင့္တြင္ရိွေနေသာ လူႏွစ္ေယာက္က ခြန္းဆက္တို႔အား ေတြ႕သည္ႏွင့္ သူတို႔ဆီ တစ္ရိွန္ထိုးေျပး၀င္လာခဲ့သည္။ ထိုႏွစ္ေယာက္ထဲမွ လူတစ္ေယာက္က ခြန္းဆက္၏ မ်က္ႏွာတည့္တည့္သို႔ လက္သီးနဲ႔ထိုးလာသည္ေၾကာင့္ ခြန္းဆက္ေဘးသို႔ ေရွာင္လိုက္ရင္း ထိုလက္အားဆြဲကာ ထိုလူ၏မ်က္ႏွာကို သူ႕ဒူးႏွင့္တိုက္ခ်လိုက္ေတာ့သည္။ တစ္ဖန္ ဆံပင္မ်ားကိုဆြဲကိုင္လိုက္ၿပီးေနာက္ ၾကမ္းျပင္ထက္အရိွန္ျပင္းျပင္း႐ိုက္ခ်လိုက္ေတာ့သည္။ ခြန္းဆက္၏ လႈပ္ရွားမႈမ်ားမွာ ျမန္ဆန္သည္ေၾကာင့္ တစ္ဖက္လူက ဘာမွတုန္႔ျပန္႔ခ်ိန္မရလိုက္ပါပဲ ေမွာက္က်သြားသည္မွာ ထပင္မလာေတာ့ေခ်။

တစ္ဖက္တြင္လည္း ေသာ္တာတစ္ေယာက္ သူ႕ထံေျပး၀င္လာေသာ လူအား အနားတြင္ရိွေနေသာ သံေခ်ာင္းတစ္ခုျဖင့္ ႐ိုက္ခ်လိုက္ေတာ့သည္။ ေသာ္တာ၏႐ိုက္ခ်က္ေၾကာင့္ ထိုလူ၏ဦးေခါင္းမွ ေသြးမ်ားစီးက်လာၿပီး ခ်က္ခ်င္းပင္ ၾကမ္းျပင္ေပၚေမွးစက္သြားေတာ့သည္။ ထို႔ေနာက္ ႏွစ္ေယာက္သား ဘာစကားမွထပ္ေျပာမေနေတာ့ပဲ အေပၚထပ္သို႔ေျပးတက္ခဲ့ေတာ့သည္။

အေပၚထပ္တြင္ရိွေနေသာ အခန္းမ်ားကို တစ္ခန္း၀င္တစ္ခန္းထြက္ လိုက္ရွာခဲ့ၿပီး ေနာက္ဆံုးအခန္းတစ္ခုအေရွ႕အေရာက္ ခြန္းဆက္တံခါးအား ေျခေထာက္ျဖင့္အားကုန္ကန္ကာ ဖြင့္လိုက္ေတာ့သည္။ တံခါးပြင့္သြားစဥ္တြင္ ျမင္လိုက္ရသည့္ျမင္ကြင္းက သူ႕ေဒါကကို ေလာင္စာထည့္လိုက္သလိုပင္။ အေပၚအက်ႌဖ႐ိုဖရဲပံုစံႏွင့္ မ်က္ရည္မ်ားက်ကာ ၿငိမ္သက္ေနေသာ မာန္။ ထိုစဥ္ မာန္႔၀တ္ထားေသာ ေဘာင္းဘီအား ဆြဲခြၽတ္ရန္ျပင္ေနေသာ လူေၾကာင့္ ခြန္းဆက္ ေဒါသတို႔အစိုးမရေတာ့။ တံခါးဖြင့္သံေၾကာင့္ အခန္းထဲရိွလူသံုးေယာက္၏ အၾကည့္တို႔က ခြန္းဆက္တို႔ဆီ ေရာက္ရိွလာသည္။

"အိုဟိုးး ဒီေလာက္ျမန္ျမန္ေရာက္လာတာလား"

သူတို႔အားၾကည့္ကာ ရယ္ေနေသာ ဦးဟိန္းလင္းလ်ာထံ ခြန္းဆက္ေျပးသြားလိုက္ၿပီး မ်က္ႏွာကို လက္သီးနဲ႔ ထိုးလိုက္ေတာ့သည္။

ခြပ္!

ခြန္းဆက္ ထိုးခ်က္ေၾကာင့္ ဦးဟိန္းလင္းလ်ာ ယိုင္သြားစဥ္ ထိုလူအား ေျမျပင္ေပၚလဲခ်ကာ ခြန္းဆက္ အေပၚကေနခြၿပီး မ်က္ႏွာကို တရစပ္ထိုးေတာ့သည္။

"ခင္ဗ်ားလို လူကမ်ား မာန္႔အသားကို ထိရဲတယ္ေပါ့ေလ...က်ဳပ္ေတာင္ မထိရက္မကိုင္ရက္နဲ႔ အျမတ္တႏိုးတန္ဖိုးထားရတဲ့ မာန္႔ကို ခင္ဗ်ားက လာထိတယ္ေပါ့...က်ဳပ္ခင္ဗ်ားကို သတ္ပစ္မယ္...က်ဳပ္ႏွလံုးသားကို လာထိတဲ့ခင္ဗ်ားကို က်ဳပ္ရေအာင္ သတ္ပစ္မယ္"

ခြန္းဆက္ ေျပာေျပာၿပီး ဦးဟိန္းလင္းလ်ာကို မရပ္မနားထိုးေနေတာ့သည္။ ဦးဟိန္းလင္း၏ မ်က္ႏွာတြင္ ေသြးမ်ားထြက္လာၿပီး ခြန္းဆက္လက္တု္ိ့ ေသြးခ်င္းခ်င္းနီလာသည့္တိုင္ေအာင္ ခြန္းဆက္မရပ္မနားဆက္ထိုးေနသည္။

ထိုအခ်ိန္တြင္ ဦးဟိန္းလင္းလ်ာ၏ တပည့္ျဖစ္သူက သူ႕အနားတြင္ရိွေသာ တုတ္အားကိုင္ကာ ခြန္းဆက္အား႐ိုက္နက္ရန္လာေနခဲ့သည္။ သို႔ေသာ္ ထိုလူခြန္းဆက္ဆီမေရာက္ခင္မွာပဲ ၾကမ္းျပင္ထက္ လဲၿပိဳသြားရသည္။ အေၾကာင္းမွာ ေသာ္တာက ထိုလူ၏ ေနာက္ေစ့အား သံတုတ္ေခ်ာင္းျဖင့္ ထုလိုက္ေသာေၾကာင့္ပင္။

ခြန္းဆက္ သူ႕ေရွ႕မွလူ၏ အက်ႌစအားဆြဲကာ မ်က္ႏွာကို တရစပ္ထိုးသည္။ သူ၏ ထိုးခ်က္မ်ားေအာက္ ဦးဟိန္းလင္းလ်ာ၏ မ်က္ႏွာမွာ ေသြးမ်ားႏွင့္ ရစရာပင္မရိွေတာ့။ ခြန္းဆက္ မာန္႔အားၾကည့္လိုက္ေတာ့ ေသြးပ်က္ေနေသာ မာန္ပံုစံေၾကာင့္ ထိုလူအား မရပ္မနား ထပ္ထိုးသည္။

ခြန္းဆက္သာ ဆက္ထိုးေနလွ်င္ ဦးဟိန္းလင္းလ်ာ ေသသြားႏိုင္သည္ေၾကာင့္ ေသာ္တာ ခြန္းဆက္အား အျမန္တားရေတာ့သည္။

"ညီေတာ္ေတာ့ သူေသသြားလိမ့္မယ္"

သို႔ေသာ္ ခြန္းဆက္က သူ႕စကားအား မၾကားသူလို ဆက္၍ ထိုးေနသည္။

"ညီ မာန္႔ကိုၾကည့္အံုး သူပင္ပန္းေနၿပီ"

ထိုအခါမွ ခြန္းဆက္လက္မ်ား ရပ္တန္႔သြားေတာ့သည့္။ ထို႔ေနာက္ မာန္႔ကိုယ္တြင္ ရိွေသာ ႀကိဳးမ်ားအား ျဖည္ေပးလိုက္ၿပီး သူ႕ေပၚအက်ႌအား ခြၽတ္ကာ မာန္႔ကိုလႊမ္းၿခံဳေပးလိုက္သည္။ အားလံုးၿပီးသြားခ်ိန္တြင္ေတာ့ ခြန္းဆက္ မာန္႔ကိုရင္ခြင္ထဲဆြဲကာ ဖက္ထားလိုက္ေတာ့သည္။

"ေမာင္ေတာင္းပန္ပါတယ္...ေမာင္ ေစာေစာမေရာက္လာခဲ့လို႔ေတာင္းပန္ပါတယ္"

ေတာင္းပန္ပါတယ္ တတြတ္တြတ္ဆိုရင္း ခြန္းဆက္ မ်က္ရည္တို႔ စီးက်လာေတာ့သည္။  မာန္တစ္ေယာက္မွာေတာ့ ျဖစ္သြားသည့္ ကိစၥမ်ားၾကား အသက္မရိွသူ တစ္ေယာက္ပမာၿငိမ္သက္ေနသည္။

ေသာ္တာ ဖုန္းကို ထုတ္လိုက္ကာ ရဲမ်ားအား ဖုန္းလွမ္းဆက္လိုက္သည္။ ထို႔ေနာက္ ခြန္းဆက္ရင္ခြင္ထဲမွ မာန္႔ကိုတစ္လွည့္ ေျမျပင္ေပၚမွ ေသြးအလိမ္းလိမ္းနဲ႔လူအား တစ္လွည့္ၾကည့္ကာ သက္ျပင္းဖြဖြခ်မိသည္။

စိတ္ထဲတြင္ ကံတရားႀကီးအား ပထမဆံုးအႀကိမ္ျဖင့္ ေက်းဇူးတင္မိသည္။ မာန္႔ထံတြင္ ခြန္းဆက္ေပးခဲ့ေသာ လက္ပတ္ႀကိဳးေလး ပါသြား၍သာ သူတို႔ဒီေနရာကို သိရိွခဲ့ရျခင္း။ အကယ္၍သာ လက္ပတ္ႀကိဳးသာ မာန္နဲ႔အတူ ပါမသြားခဲ့လွ်င္ ေသာ္တာ ဆက္မေတြးရဲေတာ့။ ခဏအၾကာ ရဲမ်ားက ေရာက္ရိွလာၾကကာ တရားခံမ်ားအား ဖမ္းေခၚသြားၾကေတာ့သည္။

**********

ေဆး႐ံုအခန္းေလးတစ္ခုအတြင္း မာန္တစ္ေယာက္ ေအာ္ဟစ္ကာေသာင္းက်န္းေနသည္။ သူ႕အနားတြင္ သူနာျပဳမ်ား ဆရာ၀န္မ်ားႏွင့္ လင္းသာေရာ ေသာ္တာပါရိွေနေသာ္လည္း မာန္႔အား ဘယ္သူမွထိန္း၍မရေခ်။ ဦးဟိန္းလင္းလ်ာ ဖမ္းေခၚသြားသည့္ေန႔ ေနာက္ပိုင္းမွစ၍ မာန္တစ္ေယာက္ ခဏခဏ စိတ္လႊတ္လာခဲ့သည္။ 'ရြံတယ္ရြံတယ္' ဟုဆိုကာ သူ႕အသားမ်ားကို ေသြးခ်င္းခ်င္းနီသည္အထိ ကုတ္ျခစ္သည္။ ကုတ္ျခစ္လြန္း၍ မာန္႔လက္မ်ားတြင္ ဒဏ္ရာေလးမ်ားပင္ ရိွေနသည္။ အခုလည္း စိတ္ေဖာက္သြားကာ အနားသို႔ ဘယ္သူမွ အကပ္မခံ။

ထိုအခ်ိန္ ခြန္းဆက္ ေရာက္လာကာ မာန္႔ကိုၾကည့္ၿပီး

"မာန္"

"မလာနဲ႔ လူယုတ္မာေတြ...အားးးးးရြံတယ္...မထိနဲ႔ ငါ့ကိုမထိနဲ႔...အီးဟီးးးးေတာင္းပန္ပါတယ္...မထိပါနဲ႔...ကြၽန္ေတာ့္အသားကို မထိပါနဲ႔"

ေအာ္ဟစ္ေနရာမွ ဒူးေထာက္လက္အုပ္ခ်ီရင္း သူတို႔ဘက္လွည့္ကာ ေတာင္းပန္စကားဆိုလာကာ ငိုေနေသာ မာန္႔အား ခြန္းဆက္မၾကည့္ရက္ႏိုင္ေတာ့စြာ မာန္႔အနားကပ္၍ ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့သည္။ ရင္ခြင္ထဲမွ သူေလးကေတာ့ သူ႕အားတြန္းထြန္း႐ုန္းကန္လာသည္။

"ဖယ္ ငါ့ကို္လႊတ္...မထိနဲ႔ ရြံတယ္...ငါ့ကိုလႊတ္လို႔"

သူ႕အားထု႐ိုက္ကာ တြန္းထိုးေနေသာ မာန္ကို အတင္းဆြဲဖက္ထားရင္း ခြန္းဆက္ ေက်ာျပင္ေလးကို ပြတ္သပ္ေပးကာ

"မာန္ ေမာင္ေလကြာ... မာန္ရဲ႕ ေမာင္ေလ...မာန္ရဲ႕ ကေလးေလး ေမာင္ေလ"

ထိုစကားေၾကာင့္ မာန္၏ ႐ုန္းကန္မႈေလးရပ္တန္႔သြားသည္။ ထို႔ေနာက္ မာန္က အသံတိုးတိုးေလးျဖင့္

"ေမာင္"

"အင္း...ေမာင္...မာန္႔ရဲ႕ေမာင္"

ခြန္းဆက္ ေခါင္းညိတ္ကာ ေျပာေတာ့ မာန္က ဟီးခနဲ ငိုခ်လာကာ သူ႕အား တင္းတင္းက်ပ္က်ပ္ ဖက္တြယ္လာသည္။

"ေမာင္ အဲ့လူႀကီးကေလ ငါ့အသားကို ထိတယ္သိလား...ငါမႀကိဳက္ဘူး ေမာင္ အီးဟီးးး...သူငါ့အသားကို ထိတာ ငါမႀကိဳက္ဘူးေမာင္...ငါေၾကာက္တယ္...အဲ့လူႀကီးက ငါ့ကိုဖမ္းေခၚသြားေတာ့မွာ"

ခြန္းဆက္ကို ငိုကာေျပာေနေသာ မာန္ေၾကာင့္ အခန္းထဲရိွ လူအမ်ားအားလံုး မ်က္ရည္လည္လာၾကသည္။ ေသာ္တာနဲ႔လင္းသာမွာလည္း မၾကည့္ရက္ႏိုင္ေတာ့စြာ အခန္းထဲမွ ထြက္သြားၾကေတာ့သည္။ ခြန္းဆက္ မာန္႔ ေက်ာျပင္ေလးအား ပြတ္ကာ

"မဖမ္းေတာ့ဘူးေနာ္...အခုေမာင္ရိွေနၿပီ မဖမ္းေတာ့ဘူး"

"မဟုတ္ဘူး သူငါ့ကို ဖမ္းေခၚသြားေတာ့မွာ...အဲ့လူက ေမေမတို႔ကိုလည္း သတ္တာ...အခု ငါ့ကိုလည္း သတ္ေတာ့မွာ...အားးးးးေၾကာက္တယ္ မလာနဲ႔...သြား...ငါ့အသားကိုလည္း မထိနဲ႔"

ဆိုရင္း မာန္ခြန္းဆက္ကို တြန္းထုတ္ကာ အခန္းေထာင့္သို႔ ကပ္သြားၿပီး ဒူးႏွစ္ဖက္ကို လက္နဲ႔ပိုက္ကာ ငိုေနေတာ့သည္။ ခြန္းဆက္ မာန္႔ပံုစံကိုၾကည့္ကာ ရင္တို႔အစိတ္စိတ္အမႊာမႊာကြဲရသည္။

"မလာနဲ႔...ငါ့အသားကို မထိနဲ႔...ေမေမ သားေၾကာက္တယ္ အီးဟီးးးးး...မထိနဲ႔လို႔...အားးး"

ခႏၶာကိုယ္ေလး တဆက္ဆက္တုန္ရီေနကာ အလြန္အမင္းေၾကာက္ရြံေနဟန္ရေသာ မာန္။ခြန္းဆက္ မာန္႔ကို အတင္းေပြ႕ဖက္လိုက္ၿပီး

"ေတာ္ပါေတာ့ဗ်ာ...မာန္ရာ ေတာ္ပါေတာ့...ေမာင္ ေတာင္းပန္ပါတယ္...ေမာင့္ ရင္ကို ဒီေလာက္ပဲ ခြဲပါေတာ့"

"ေမာင္..."

အသံတုန္တုန္ေလးျဖင့္ မာန္႔ထံမွ ေခၚသံထြက္လာသည္ေၾကာင့္ ခြန္းဆက္ သူ႕မ်က္ရည္မ်ားကို သုတ္ဖယ္လိုက္ၿပီး

"ဗ်ာ"

"ေမာင္ ဘာလို္႔အခုမွလာတာလဲ အီးဟီးးးး... ငါေၾကာက္ေနတာ...ငါအရမ္းေၾကာက္ေနတာ...ဘာလို႔ အခုမွလာရတာလဲ...ငါေၾကာက္ေနတာပါဆို...ေမာင္ ငါ့ဆီမလာမွာ ငါအရမ္းေၾကာက္ေနခဲ့တာပါဆို အီးဟီးးးး အဲ့ဒီလူႀကီးက ငါ့အသားေတြကို ထိကိုင္တာ ငါမႀကိဳက္ပါဘူးဆို အီးဟီးးး"

"အင္း အင္း ေနာက္တစ္ခါ မျဖစ္ရေအာင္ ေမာင္ကာကြယ္ေပးမယ္ေနာ္"

"အင္း ေမာင္ ကာကြယ္ေပး ငါတကယ္မႀကိဳက္ဘူး အင့္"

"ေနာက္မျဖစ္ေစရပါဘူး ေမာင့္အသက္ရယ္...ေမာင္ ကတိ္ေပးတယ္ေနာ္"

ခြန္းဆက္ မာန္႔ကို ေခ်ာ့ေျပာရင္း ဆရာ၀န္ကို အခ်က္ျပလိုက္သည္။ ဆရာ၀န္လည္း ေခါင္းညိတ္ျပကာ ခြန္းဆက္တို႔အနားသြားလိုက္ၿပီး မာန္႔အား စိတ္ၿငိမ္ဆးထိုးေပးလိုက္ေတာ့သည္။ထို႔ေနာက္ ခြန္းဆက္ မာန္႔အား ေပြ႕ခ်ီကာ ကုတင္ေပၚတင္ေပးလိုက္ၿပီး လွဲအိပ္ေစလိုက္သည္။ ဆရာ၀န္နဲ႔ သူနာျပဳတို႔ကလည္း အလိုက္တသိျဖင့္ အခန္းထဲက ထြက္သြားၾကေတာ့သည္။

မာန္က ကုတင္ထက္လွဲေနရင္း ခြန္းဆက္ကို စိုက္ၾကည့္ေနသည္။ ခြန္းဆက္လက္ကိုလည္း တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားေသးသည္။ ခြန္းဆက္လည္း သူ႕အားၾကည့္ေနေသာ မာန္႔ကိုၿပံဳးျပလိုက္ၿပီး နဖူးထက္ အနမ္းတစ္ပြင့္ေႁခြခ်လိုက္သည္။

"အိပ္ေတာ့ေနာ္ မာန္"

"ေမာင္ ဘယ္မွမသြားနဲ႔ေနာ္...ေမာင္မရိွရင္ ငါေၾကာက္တယ္"

"အင္း ေမာင္ဘယ္မွမသြားဘူး...မာန္႔အနားမွာ အခ်ိန္တိုင္းရိွေနမယ္"

ထိုစကားေၾကာင့္ မာန္၏ ႏႈတ္ခမ္းေလးမ်ား တြန္႔ေကြးသြားေတာ့သည္။ ခဏအၾကာတြင္ေတာ့ အခန္းေလးထဲ မာန္အိပ္ေမာက်သံေလးမ်ားက ႀကီးစိုးလာေတာ့သည္။ ခြန္းဆက္ မာန္႔ကို ေစာင္ေသခ်ာၿခံဳေပးၿပီး အခန္းအျပင္သို႔ ထြက္လာသည္။ အခန္းအျပင္တြင္ေတာ့ ေသာ္တာ၊ လင္းသာတို႔နဲ႔အတူ မိုးထက္၊ ေကာင္းထက္နဲ႔ မင္းျမတ္တို႔ပါ ရိွေနသည္။ မိုးထက္က ခြန္းဆက္ထြက္လာသည္ကို ေတြ႕ေတာ့

"အိပ္သြားၿပီလား"

"အင္း...အစ္ကို သြားရေအာင္ေလ...ငါစိတ္ခ်မယ္ေနာ္ မင္းျမတ္ မိုးထက္"

ခြန္းဆက္ ေသာ္တာ့ကိုၾကည့္ကာေျပာရင္း မိုးထက္နဲ႔မင္းျမတ္တို႔ကိုပါ ေျပာလိုက္သည္။ ယေန႔သည္ ဦးဟိန္းလင္းလ်ာတို႔အား စီရင္ခ်က္ခ်မည့္ေန႔ျဖစ္သည္။ ထို႔ေၾကာင့္ မာန္႔ကိုေစာင့္ေပးရန္ မင္းျမတ္နဲ႔ မိုးထက္ကို ခြန္းဆက္ ေခၚထားျခင္းျဖစ္သည္။

"အင္း စိတ္ခ်သာသြား"

ထို႔ေနာက္ ခြန္းဆက္တုို့ ထြက္သြားသည္ကိုၾကည့္ၿပီး မိုးထက္သက္ျပင္းခ်ကာ

"အစ္ကိုျပန္ေကာင္းမလာခင္ ေရာင္နီ လဲသြားမယ္ ထင္တယ္"

မ်က္ႏွာေခ်ာင္က်ကာ အရင္ကထက္ ပိုပိန္လာေသာ ခြန္းဆက္။ မင္းျမတ္ကလည္း မိုးထက္စကားကို ေထာက္ခံသည့္ပံုစံျဖင့္ ေခါင္းညိတ္ျပလာသည္။ ထို႔ေနာက္ ႏွစ္ေယာက္သား အခန္းထဲ၀င္ေတာ့ ကုတင္ထက္အိပ္ေမာက်ေနသူေၾကာင့္ သက္ျပင္းခ်မိရျပန္သည္။ မာန္သည္ မည္သူ႕ကိုမွ် မမွတ္မိ။ တစ္ခါတစ္ေလ ခြန္းဆက္ကိုေတာင္ မမွတ္မိေပ။ နာရီပိုင္းျခားက ခဏခဏ စိတ္ေဖာက္လာတတ္သည္။

ထို႔ေၾကာင့္ မာန္႔အနားတြင္ အၿမဲတမ္းလူရိွေနမွ ရသည္။ မဟုတ္လွ်င္ ကိုယ့္အသားကိုယ္ ေသြးမ်ားထြက္သည္အထိ မာန္က ကုပ္ဆြဲေနတတ္သည္။ မိုးထက္ မာန္႔အားၾကည့္ရင္း

"အစ္ကို အျမန္ဆံုး ျပန္ေကာင္းလာမွာပါေနာ္"

"ငါလည္း အဲ့လိုပဲ ေမွ်ာ္လင့္မိတယ္"

မင္းျမတ္လည္း မာန္႔ကို ၾကည့္ရင္းသာ ျပန္ေျဖသည္။ဆရာ၀န္မ်ား ျဖစ္သည္မို႔ မာန္႔၏ အေျခအေနကို အျခားလူမ်ားထက္ သူတို႔က ပိုနားလည္သည္။ စိတ္ကိုႀကီးႀကီးမားမား ထိခိုက္ေစသည့္ အေျခအေနမ်ဳိးနဲ႔ ႀကံဳလိုက္ရသည္ေၾကာင့္ မာန္ထိုသို႔ျဖစ္သြားျခင္းပင္။ ေသခ်ာအခ်ိန္ေပးကာ ဂ႐ုစိုက္မႈမ်ားစြာႏွင့္ မာန္၏စိတ္ကိုလံုၿခံဳမႈေပးႏိုင္လွ်င္ အခ်ိန္အတိုအတြင္း ျပန္ေကာင္းလာႏိုင္မည္ျဖစ္သည္။

မိုးထက္တို့ ၾကားခဲ့ရေသာ အေၾကာင္းအရာမ်ားေၾကာင့္ မာန္႔အား သူတို႔မ်ားစြာ သနားခဲ့ရသည္။  ငယ္စဥ္ကတည္းက နာက်င္မႈမ်ားစြာကို ရင္၀ယ္ပိုက္ရင္း ႀကိဳးစား႐ုန္းကန္ကာ CEO တစ္ေယာက္ျဖစ္လာသည့္ မာန္႔ကို သူတို႔ေလးစားမိသည္။ ထို႔ေၾကာင့္ အခုလိုလဲေနေသာ မာန္႔ကို သူတို႔မျမင္ခ်င္ေပ။ ႏွစ္ေယာက္သား၏ စိတ္ထဲတြင္ ထပ္တူညီေနေသာ ဆုေတာင္းေလးတစ္ခုက ပဲ့တင္ထပ္ေနသည္။

အစ္ကို အျမန္ဆံုး သက္သာလာပါေစ.....

*********************************

#22.4.2023
#🍁Moe Kyal Phyu🍁

Continue Reading

You'll Also Like

6K 408 8
mini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။
2.9K 117 17
"ညွှန်းဖွဲ့မမီ" ဇာတ်လမ်းထဲက စိုင်းခမ်းနောင်လေးအတွက် ဖန်တီးပေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။
1.3K 66 7
Hidden Love + Gen Z "I like to think that someday you'll love me as much as I love you"🌸 A different approach. Imaginary fan fiction based on t...
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။