ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...
By KimHsuYoon99
115K 13.9K 109
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 96
617 80 0
By KimHsuYoon99
Unicode
လော့ချယ် အချိန်ကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ထိုးခါနီးနေပြီ။ သူက ခေါင်းငုံ့ပြီး ကုမျန်ကို ပြောလိုက်တယ်။"နောက်ကျနေပြီ၊ ပြန်အိပ်တော့"
ကုမျန် "အင်း"
အခုလေးတင် ပြောခဲ့ကြတဲ့စကား၀ိုင်းပြီးနောက် လော့ချယ်ကို နည်းနည်းပိုသိလာပြီလို့ ကုမျန်ခံစားရတယ်။
တကယ်ကို သူက ချစ်ခြင်းမေတ္တာနဲ့ တရားမျှတမှု ရှိတဲ့သူပဲ။ သူ လင်ချန်အန်းကို ဘာမှ အကြွေးမတင်နေဘူး။ လင်ချန်အန်းက သူ့ကို ဒုက္ခပေးပေမယ့် သူက သူ့ရဲ့အရင်ခင်မင်မှုကို ထောက်ထားပြီး မနင်းခြေခဲ့ဘူး။
နောက်ဆုံးမှာ သူက သူတို့ကြားရှိ မကျေနပ်ချက်တွေကို ဖြေရှင်းဖို့ အသိမ်မွေ့ဆုံးနည်းလမ်းကိုသာ ရွေးချယ်ခဲ့တယ်။
လော့ချယ်ရဲ့ဖခင်က မူလပိုင်ရှင်ကြောင့် စိတ်မကောင်းဖြစ်ပြီး မဆုံးပါးသွားခဲ့ရင် မူလပိုင်ရှင်ရဲ့အဆုံးသတ်က ကြေကွဲစရာကောင်းမှာမဟုတ်တာ သေချာသလောက်ပေ။
ကုမျန်က တစ်ခုခုကို တွေးမိသွားတယ်။ "..သူ ရှင့်ကို ဒုက္ခပေးချင်နေသေးရင် ရှင်ဘာလုပ်မှာလဲ" ။ သူတို့ရဲ့ လက်ရှိအဆင့်အတန်းအရဆို လင်ချန်အန်းက လော့ချယ်ကို အများကြီးဒုက္ခပေးဖို့ မဖြစ်နိုင်ပေမယ့် ကုမျန်က သိချင်နေခဲ့တယ်။
လော့ချယ်က သူ့မျက်၀န်းတွေကို အောက်စိုက်ပြီး ကုမျန်ကိုကြည့်လိုက်ရင်း "ကိုယ် ဘာလုပ်ရမလဲ?"
သူနဲ့ လင်ချန်အန်းရဲ့ကြားက ညီအစ်ကိုခင်မင်ရင်းနှီးမှုက ပြီးဆုံးသွားခဲ့ပြီ။ နောင်မှာ နှစ်ယောက်သားက ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်။
တစ်ဖက်လူသာ လှည့်ကွက်တွေ ထပ်ကစားလာရင်တော့ သူ သနားညှာတာဖို့ အစီအစဉ်မရှိပါဘူး။
ထိုအဖြေက ကုမျန်ရဲ့မျှော်မှန်းချက်ထဲမှာ ရှိနေတယ်။
နောက်ဆုံးမှာတော့၊ လော့ချယ်ကသာ နစ်နာခဲ့တဲ့သူပဲလေ။
အပြန်လမ်းက အရမ်းတိုတောင်းပြီး သူမတို့အတွက် လမ်းလျှောက်ဖို့ သိပ်မကြာလိုက်ပေ။ ကုမျန်က တဲကိုပြန်လာပြီးနောက်၊ ဒီနှစ်တွေအတွင်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သူငယ်ချင်းမရှိတာက လင်ချန်အန်းကြောင့်လား၊ မဟုတ်ဘူးလားဆိုတာကိုတောင် သူ့ကိုမမေးလိုက်ရဘူးဆိုတာ သူမ မှတ်မိသွားတယ်။
လင်ချန်အန်းရဲ့သစ္စာဖောက်မှုက လော့ချယ်အပေါ် အချို့သောအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်၊ ဥပမာအားဖြင့်၊ အခြားသူတွေကို အလွယ်တကူမယုံကြည်အောင် သူ့ကိုယ်သူ တားဆီးထားတာမျိုး။ ဒီလိုမှမဟုတ်ရင် သူ နှစ်အတော်ကြာအောင် သူငယ်ချင်းမထားမှာ မဟုတ်ဘူးလေ။
ကုမျန်က လဲလျောင်းပြီး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်။
နောက်နေ့မှာ အပြင်ဘက်မှအသံတွေကြောင့် သူမ နိုးလာတယ်။
ဒုတိယစိန်ခေါ်မှုရှိနေဆဲဖြစ်တာကြောင့် အဖွဲ့က စောစောစီးစီး အလုပ်စတင်ခဲ့ကြတယ်။
မနက်စာကို ပရိုဂရမ်အဖွဲ့မှ ပြင်ဆင်ပေးထားတာကြောင့် ဒေသခံရွာသားတွေရဲ့ အိမ်ကိုသွားစားဖို့ မလိုအပ်တော့ဘဲ ဒါက ကျန်အုပ်စုနှစ်စုကို အရှက်ရစေမှာကနေ ကယ်တင်ခဲ့တယ်။
နံနက်စာစားပြီးနောက်မှာ ပရိုဂရမ်အဖွဲ့ကနေ ဒုတိယစိန်ခေါ်မှုမစ်ရှင်ကို ကြေညာလိမ့်မယ်။
တင်ဆက်သူက ဧည့်သည်တွေကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်တယ်။ တချို့က စားစရာမရှိလို့ ကောင်းကောင်းအိပ်မပျော်ခဲ့ကြပုံရတယ် ။ "မင်းတို့ ကောင်းကောင်းအိပ်မပျော်ခဲ့ကြတဲ့ပုံပဲ ဒါပေမယ့် ဒီနေ့ မင်းတို့ ဘယ်လိုလုပ်ကြမလဲ စိန်ခေါ်မှုတာ၀န်က အားအင်သုံးရတယ် အားအင်တွေအများကြီးနော်"
တင်ဆက်သူရဲ့ စကားသံထွက်လာတာနဲ့တပြိုင်နက် ဧည့်သည်အချို့က အော်ဟစ်လိုက်ကြတယ်။
လျူလင်းက ကူကယ်ရာမဲ့စွာနဲ့ ပြောလာတယ်။ "ဟေး ခင်ဗျားတို့ ကျွန်တော်တို့ကို ကောင်းကောင်း ဆက်ဆံပေးလို့ရမလား"
"*ခေါင်းဆန့်တာပဲဖြစ်ဖြစ် ခေါင်းကျုံ့လိုက်တာပဲဖြစ်ဖြစ်၊ ဓားနဲ့ ရင်ဆိုင်ရမှာပဲ၊ တင်ဆက်သူ ကျေးဇူးပြုပြီး အချိန်ကောင်းလေးပေးပါဦး"
"တာ၀န်ကဘာလဲ တင်ဆက်သူရေ ရှင့်အမူအရာကိုမြင်တော့ ကျွန်မအရမ်းထိတ်လန့်နေမိပြီ"
တင်ဆက်သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီတာ၀န်က တစ်ချို့အတွက် လွယ်လိမ့်မယ်၊ တချို့တွေအတွက်တော့ ခက်ခဲလိမ့်မယ်"
နဥ်နဥ်က ဆက်ပြောတယ်။ "မတူညီတဲ့လူတွေမှာ ကွဲပြားတဲ့အမြင်တွေ ရှိလိမ့်မယ် ဟုတ်တယ်မလား"
တင်ဆက်သူက နဥ်နဥ်ကို အကြည့်တစ်ချက် ပေးလိုက်တယ်။
"မင်းက အရမ်းတော်တာပဲ" "ဟုတ်တယ်၊ မတူညီတဲ့လူတွေမှာ ကွဲပြားတဲ့အမြင်တွေ ရှိလိမ့်မယ် ဒီနေ့ရဲ့စိန်ခေါ်မှုက ငါးမျှားခြင်းပါ"
"ဆောင်းတွင်းမှာ ငါးမျှားတာလား?"
"ဒါက အရမ်းခက်ခဲတာပဲ ဟုတ်တယ်မလား"
“မြစ်ရေက ခဲခါနီးနေပြီ ငါးက ရှိသေးလို့လား"
လော့ချယ်နဲ့ကုမျန်ကလွဲပြီး လူတိုင်းနီးပါး ဆွေးနွေးနေကြတယ်။
တင်ဆက်သူက သူ မ‌ထောက်ခံခင်မှာ ဧည့်သည်တွေ ဆွေးနွေးနေတာကို ခဏလောက် စောင့်ပေးပြီး “ဟုတ်တယ် ဘာလို့ ငါးမရှိရမှာလဲ၊ မင်းတို့ဖမ်းတဲ့ငါးက နေ့လည်ခင်းမှာ နေ့လယ်စာဖြစ်လာမှာလို့ ကြိုပြောထားပါရစေ ဒါကြောင့် နေ့လည်မှာ ငါးစွပ်ပြုတ်သောက်ရမလား? အနံ့မွှေးမွှေးငါးလေးကို စားရမလားဆိုတာကတော့ မင်းတို့အပေါ်ပဲ မူတည်တယ် ပြီးတော့ စိန်ခေါ်မှုအနေနဲ့ အလေးလံဆုံးငါးကို ဖမ်းမိတဲ့ ဘယ်အဖွဲ့ကဖြစ်ဖြစ် ဒီနေ့ အနိုင်ရရှိမှာပါ"
လျူလင်းက ကူကယ်ရာမဲ့စွာနဲ့ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်တယ်။ ယာယီဧည့်သည်တစ်ယောက်အနေနဲ့ ဒီပရိုဂရမ်က အရမ်းခက်ခဲလိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးဘူး။
လင်ချန်အန်းရဲ့ အသားအရေက သိပ်ကြည့်မကောင်းဘူး။ မနေ့ညက သူကောင်းကောင်းအိပ်မပျော်ခဲ့တာကြောင့် နောက်နေ့ကျတော့ ညှိုးညှိုးငယ်ငယ်ဖြစ်နေတယ်။ ဒီလိုမျိုးချမ်းအေးတဲ့နေ့မှာ သူတို့ကို ငါးသွားမျှားဖို့ တောင်းဆိုတာက ပရိုဂရမ်အဖွဲ့ တကယ်ကြီး နောက်ပြောင်နေတာမဟုတ်ဘူးလား ။
ပရိုဂရမ်အဖွဲ့က နောက်ပြောင်နေတာမဟုတ်ဘဲ လေးနက်လွန်းတာမှ ဒီထက်ပိုမလေးနက်နိုင်တော့ပေ။ နောက်ဆုံးတော့၊ ပရိုဂရမ်ကို "Impossible Challenge" လို့ခေါ်တာကြောင့် စိန်ခေါ်မှုရဲ့တာဝန်က ဘယ်လိုလွယ်ကူနိုင်မှာလဲ။
တင်ဆက်သူက ဆက်ပြောတယ်။"ငါ့လက်ထဲမှာ သစ်သားချောင်းသုံးချောင်းရှိတယ် ဒါတွေက ထိပ်တန်းငါးဖမ်းကိရိယာ၊ အလတ်စား ငါးဖမ်းကိရိယာနဲ့ အညံ့စားငါးဖမ်းကိရိယာတွေပဲ အဖွဲ့ခေါင်းဆောင်တွေက မဲနှိုက်ပြီး ငါးဖမ်းကိရိယာတွေ လာယူမယ်"
ဧည့်သည်အများစုကတော့ အေးအေးဆေးဆေး မနေနိုင်ကြတော့ဘူး။ကုမျန်တောင် ဆွဲဆောင်ခံလိုက်ရတယ်။
ဒီပရိုဂရမ်အဖွဲ့က မယုံနိုင်စရာကောင်းလောက်အောင်ကို၊ လူတွေနဲ့ ကစားရာမှာ တော်လွန်းတယ်။
ငါးဖမ်းကိရိယာတွေကိုတောင် အမျိုးအစားများစွာ ခွဲခြားထားသေးတယ်။
လီရှောင်းဟယ်က လက်ဆန့်ပြီး တင်ဆက်သူကို လက်ဟန်ခြေဟန်ပြကာ "တင်ဆက်သူရေ၊ ငါးဖမ်းကိရိယာသုံးမျိုးရဲ့ ကွာခြားချက်ကို ရှင် အတိုချုံး မိတ်ဆက်ပေးနိုင်မလားဟင်"
တင်ဆက်သူက လျို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "ကွာခြားချက်လား အဲဒါတွေကို မင်းမြင်တာနဲ့ ကွာခြားချက်ကို နားလည်သွားလိမ့်မယ်"
တင်ဆက်သူရဲ့အပြုံးကိုမြင်တော့ ပထမ seasonမှာ ပါဝင်ခဲ့ရတဲ့ ပုံမှန်ဧည့်သည်တွေက တစ်ခုခုမှားနေပြီဆိုတာ သိသွားကြတယ်။
ငါးဖမ်းကိရိယာသုံးမျိုးကြား ကွာခြားချက်က ယေဘုယျအားဖြင့်တော့ ကြီးမားပုံမပေါ်ပေ။
နဥ်နဥ်က နောက်ပြောင်တဝက်၊ညည်းညူတဝက်နဲ့ "မတရားဘူးမလား၊ အဲ့ဒါတွေက ကံကောင်းမှုနဲ့ ပတ်သက်နေတာလေ"
တင်ဆက်သူက သူ့လက်ကိုဖြန့်လိုက်ပြီး ကူကယ်ရာမဲ့နေသလို ပြုမူလာတယ်။"ဒါပေမယ့် ကံကောင်းမှုက အရမ်းအရေးကြီးတဲ့အရာပဲ"
နဉ်နဉ်က တစ်ကြိမ်တည်းနဲ့ အကုန်ပိတ်ဆို့ခံလိုက်ရပြီး ဆွံ့အသွားရတော့တယ်။
Miao -
ခေါင်းဆန့်လိုက်တာဖြစ်ဖြစ် ခေါင်းကိုကျုံ့လိုက်တာဖြစ်ဖြစ် ဓားကို ရင်ဆိုင်ရမှာပဲ : ဘာပဲဖြစ်ဖြစ် သေခြင်းတရားကို ရင်ဆိုင်ရမှာမို့ တိုက်ခိုက်လိုက်တာက ပိုကောင်းတယ်။
Zawgyi
ကုမျန် "အင်း"