Unicode Version
အခန်း - ၄၀
ငါတို့ပြန်ဆုံဖြစ်ကြမှာလော့ ? ? ?
"ရပြီ စက်ကွင်း။ ဒီနားမှာရပ်လည်းအဆင်ပြေတယ်။"
အလုပ်ရှိသည့်အဆောက်အဦးကြီးရဲ့မလှမ်းမကမ်းတွင်ပဲရွက်ကြွေ,စက်ကွင်းကားကိုရပ်ခိုင်းလိုက်သည်။ စက်ကွင်းကားလေးရပ်သွားသည်နှင့်ကားနောက်ခန်းထဲမှနေ့တေးဆိုအရင်ဆင်းသွားသဖြင့်ရွက်ကြွေလည်းသူ့နောက်မှလိုက်ဆင်းလာခဲ့သည်။
နေ့တေးဆိုနဲ့အတူရွက်ကြွေလမ်းတစ်ဖက်တွင်ရှိနေသောအလုပ်ခွင်ထဲသို့ဝင်ရန်လျှောက်နေပြီးမှစက်ကွင်းကိုကျေးဇူးတင်စကားပြောရန်ကျန်နေသည်ကိုရွက်ကြွေသတိရသွားသဖြင့်
"ကိုနေ့တေးဆို ဝင်နှင့်။"
ရွက်ကြွေဘေးတွင်အတူလျှောက်နေသောနေ့တေးဆိုကိုပြောပြီးရပ်နေသေးသည့်စက်ကွင်းကားလေးဆီသို့ခပ်သွက်သွက်ပြန်လျှောက်ကာ
"ဟေ့ စက်ကွင်း။ ဒီနေ့ငါကိုကူညီပေးလို့ကျေးဇူးပဲနော်။ ငါနောက်ကျနေလို့အခုတော့ဒီလောက်ပဲ။"
စက်ကွင်းဆီကပြန်ဖြေစကားကိုရွက်ကြွေဆက်နားမထောင်နေတော့ပဲအလုပ်ခွင်၏ဝင်ပေါက်ရှေ့ရှိနေသောနေ့တေးဆိုရှိရာသို့အမြန်ပြေးလာခဲ့သည်။
အလုပ်ထဲဝင်ရန်နေ့တေးဆိုပြင်နေစဥ်အဆောက်အဦးမှထွက်လာသည့်ညို့စက်ဝန်းကိုမြင်လိုက်ရ၍နေ့တေးဆိုနောက်သို့အကြည့်လွှဲလိုက်တော့နေ့တေးဆိုရပ်နေသည့်နေရာသို့အပြေးလာနေသည့်ရွက်ကြွေဝေကိုတွေ့လိုက်ရသည့်အပြင်ရွက်ကြွေဝေဆီသို့အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာသောကားတစ်စီးကိုပါတွေ့လိုက်ရသဖြင့်နေ့တေးဆိုလည်းမိမိရပ်နေရာသို့ရောက်ရန်ခြေလှမ်းအလှမ်းငယ်သာလိုတော့သောရွက်ကြွေဝေရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီးရွက်ကြွေဝေ၏လက်ကိုမိမိဘက်သို့အရှိန်ဖြင့်ဆွဲလိုက်သည်။
အရှိန်ကြောင့်မိမိရင်ခွင်ထဲရောက်လာတော့မည့်ရွက်ကြွေဝေကြောင့်နေ့တေးဆိုဘေးသို့တစ်ချက်ရှောင်ကာရွက်ကြွေဝေလဲကျမသွားအောင်သာထိန်းမတ်ပေးလိုက်သည်။
"ဝူ"
ရုတ်တရက်ဆွဲလာသည့်နေ့တေးဆိုကြောင့်ရွက်ကြွေအံ့အားသင့်နေစဥ်ဝူခနဲရွက်ကြွေတို့နှစ်ယောက်ဘေးကဖြတ်မောင်းသွားသောကားတစ်စီးကိုတွေ့လိုက်ရ၍
"အဲဒါကြောင့် ရွက်ကြွေလက်ကိုလှမ်းဆွဲလိုက်တာလား ကိုနေ့တေးဆို။"
"ဟုတ်တယ် အန္တရာယ်များလို့။"
"ကျေးဇူးတင်ပါတယ် ကိုနေ့တေးဆို။"
ရွက်ကြွေစကားကိုနေ့တေးဆိုကအသိအမှတ်ပြုဟန်တစ်ချက်ခေါင်းညိတ်ပြစဥ်
"တီတီ"
ဆက်တိုက်ဆိုသလိုထွက်လာသည့်ကားဟွန်းတီးသံကြောင့်ရွက်ကြွေတို့နှစ်ယောက်အသံလာရာသို့ကြည့်မိတော့အသံရှင်သည်စက်ကွင်းကား၏ဟွန်းသံဖြစ်နေသဖြင့်ရွက်ကြွေ,စက်ကွင်းကားထဲကိုကြည့်နေစဥ်ရွက်ကြွေတို့နှစ်ယောက်ရှေ့လာရပ်သည်ကညို့စက်ဝန်းဖြစ်လေသည်။
"Day"
"ကျွန်တော့်နာမည်နေ့တေးဆို"
"Sorry ဒါပေမယ့်Day ကိုယ်ကျင့်သားရနေလို့။ ကိုယ့်ကားကိုမင်းတစ်ရက်လောက်ထိန်းသိမ်းပေးနိုင်မလား။ ကိုယ်တကယ်အရေးကြီးတာကိုလုပ်ရမှာမို့လို့။"
ညို့စက်ဝန်းကနေ့တေးဆိုကိုပြောရင်းနေ့တေးဆိုလက်ထဲသူ့ကားသော့ကိုထည့်ပေးပြီးစက်ကွင်းကားဘက်သို့ခပ်သွက်သွက်လျှောက်သွားသည်။နေ့တေးဆိုကို'Day'ဟုခေါ်ကာတစ်ယောက်နဲ့တစ်ယောက်သိနေသည့်ပုံစံမျိုးထပ်ကျော်လွန်နေသည့်နေ့တေးဆိုနဲ့ညို့စက်ဝန်း၏စကားဝိုင်းတိုတိုနဲ့တွေ့ခဲ့ဖူးသောအပြုအမူများကိုရွက်ကြွေတွေးကာသူတို့နှစ်ယောက်ပတ်သက်မှုကိုစဥ်းစားနေစဥ်
"ဒီမှာပဲရပ်နေတော့ပဲလား ရွက်ကြွေဝေ။ မဝင်တော့ဘူးလား။"
ခပ်ငေါက်ငေါက်ဆိုလာသည့်နေ့တေးဆိုစကားကြောင့်ရွက်ကြွေစဥ်းစားနေသည်ကိုခေတ္တရပ်လိုက်ပြီးနေ့တေးဆိုနဲ့အတူအလုပ်ခွင်အတွင်းသို့ဝင်လာခဲ့သည်။ အလုပ်ခန်းသို့လျှောက်နေသည့်လမ်းတစ်လျှောက်တွင်မသဇင်နွယ်ကိုတောင်းပန်စကားပြောရန်ကိုပါစဥ်းစားခဲ့မိသည်။
•
ဝူခနဲအရှိန်ပြင်းပြင်းဖြင့်မောင်းသွားသောထိုကားကစက်ကွင်း၏ကားဘေးမှအဖြတ်တွင်ချထားသောကားမှန်မှတစ်ဆင့်ကားထဲကလူကိုစက်ကွင်းမြင်လိုက်ရသည်။
"ပန်းသစ်ခွ"
စက်ကွင်းကိုချိုမြိန်စွာပြုံးပြရင်းတဖက်သို့ပြေးလွှားကာသွားနေသည့်ရွက်ကြွေဝေကိုဦးတည်ထားသောအရှိန်များများဖြင့်ပန်းသစ်ခွမောင်းနေသောကားကိုစက်ကွင်းမြင်လိုက်ရချိန်တွင်စက်ကွင်းမြင်ကွင်းထဲပုံရိပ်တစ်ခုပေါ်လာသည်။
ပန်းသစ်ခွနဲ့နောက်ဆုံးတွေ့သည့်ရက်၊ပန်းသစ်ခွနဲ့စကားအပြတ်ပြောပြီးကားပါကင်သို့ပြန်လျှောက်လာသည့်စက်ကွင်းထံသို့အရှိန်ပြင်းပြင်းဖြင့်ဦးတည်လာသည့်ကားတစ်စီး။ ကားမောင်းသူကိုမြင်လိုက်ရကာမရှောင်နိုင်တော့သည့်စက်ကွင်းတစ်ယောက်မျက်လုံးမှိတ်လိုက်စဥ်ကမ္ဘာမြေပေါ်ရပ်နေရာမှကမ္ဘာဆွဲအားလွတ်ကာစက်ကွင်းလေပေါ်ခဏရောက်သွားသည့်ထိုအခိုက်အတန့်။
ပေါ့ပါးစွာစက္ကန့်အနည်းငယ်မျှပျံသန်းမှုအဆုံးတွင်နာကျင်မှုအများအပြားကိုခံစားလိုက်ရသည့်ထိုအခိုက်တွင်စက်ကွင်းမျက်လုံးကိုအားယူဖွင့်လိုက်မိချိန်တွင်ကြေမွနေသောစက်ကွင်း၏ကားရှေ့နဲ့အတူကားမှန်တွင်ချိတ်ဆွဲထားသောဆွဲကြိုးလေးတစ်ခုကိုတွေ့ပြီးချိန်တွင်လေးလံကာအောက်သို့ကျလာသောမျက်ခွံများကြောင့်စက်ကွင်းအမှောင်ဖုံးခဲ့ရသည်။ ကြည်လင်ပြတ်သားသောပုံရိပ်တို့ကိုစက်ကွင်းမြင်တွေ့ပြီးသည်နှင့်စက်ကွင်းအားတို့ယုတ်ကာခေါင်းငိုက်စိုက်ကျသွားလေသည်။
ကားစီယာဒိုင်ပေါ်ခေါင်းငိုက်စိုက်ကျသွား၍စက်ကွင်းကားထံမှကားဟွန်းသံထွက်လာမှနီးကပ်နေသည့်Dayနဲ့စက်ကွင်းသူငယ်ချင်းမကိုကြည့်နေမိသောညို့စက်ဝန်းတစ်ယောက်အသိဝင်လာကာညီငယ်ဖြစ်သူကိုကူညီရန်Dayဆီကားသော့ကိုအပ်ပြီးညီဖြစ်သူကားဆီသွားကာသတိလစ်သွားသောညီဖြစ်သူကိုကားနောက်ခန်းထဲတွင်သက်တောင့်သက်သာနေရာပေးလိုက်ပြီးညီဖြစ်သူ၏ကားဖြင့်အိမ်သို့သာညို့စက်ဝန်းမောင်းလာခဲ့တော့လေသည်။
•
"မေတ္တာလှုံရာ"
ဆိုသောကလေးစောင့်ရှောက်ရေးဂေဟာရှေ့တွင်ရပ်နေမိသောဦးမိုးလ၏အကြည့်တို့ကဂေဟာဝန်းအတွင်းရှိအဆောက်အဦးငယ်လေးတစ်ခုဆီသို့ရောက်နေမိသည်။
"ဘာလို့ဝင်အရိုက်ခံတာလဲ။"
၁၄နှစ်သားအရွယ်မိုးလကဆယ်နှစ်ရှိသူ၏လက်ထဲကအရှိုးရာများကိုကြည့်ရင်းမေးလိုက်တော့
"အစ်ကိုကရောဘာလို့ကျွန်တော့်ကိုယ်စားဝင်ရိုက်ခံတာလဲ။"
အမေးကိုအမေးနဲ့ပြန်ပြောလာသောထိုကလေးကအသက်နှင့်မလိုက်အောင်ရင့်ကျက်လွန်းသည်ဟုမိုးလထင်မြင်မိသည့်တိုင်မိုးလမျက်လုံးထဲတော့ကလေးငယ်တစ်ယောက်အဖြစ်မြင်မိသေးသည်။
"ဘယ်သူ သြော် ဘယ်သူများလဲလို့။"
အသံကြောင့်မိုးလတွေးနေသောအတွေးကိုရပ်လိုက်ပြီးအသံလာရာဘေးသို့ကြည့်လိုက်တော့ဂေဟာစောင့်ဦးလေးကြီးကိုတွေ့လိုက်ရ၍
"ဦးလေး နေကောင်းတယ်မလား။"
"ကောင်းတာမှဒေါင်ဒေါင်မြည်။ ဒါနဲ့ဒီကိုဘာ.."
"ဆရာမကြီးနဲ့လာတွေ့တာပါ။"
"ဒါဆိုလာလေ။ ခုနကတော့ဆရာမကြီးဧည့်သည်တစ်ယောက်နဲ့စကားပြောနေတာတော့ကြားတယ်။ အခုဆိုပြီးလောက်ပြီထင်တယ်။ ငါသွားကြည့်ပေးမယ်။ လိုက်လာခဲ့။"
"ဟုတ်ကဲ့ ဦးလေး။"
ပြောပြီးဦးလေးကြီးကခပ်သုတ်သုတ်ထွက်သွားသည်။မိုးလလည်းဦးလေးကြီးနောက်သို့ဖြေးဖြေးလိုက်လာခဲ့သည်။
ဆိုင်းဘုတ်တပ်ထားသောမိန်းအဆောက်အဦးကြီးထဲသို့မိုးလဝင်လိုက်သည်နှင့်နံရံတွင်ချိတ်ဆွဲထားသောဓာတ်ပုံများစွာကိုတွေ့လိုက်ရသည်။
ဂေဟာစတင်သည့်နှစ်မှစ၍ယခုအချိန်ထိဂေဟာအတွင်းမှီခိုနေထိုင်ခဲ့ကြသည့်ကလေးများ၏ဓာတ်ပုံများကိုချိတ်ဆွဲထားသည့်ထိုနံရံတွင်မိုးလနဲ့အတူရိုက်ထားသည့်သူ့ဓာတ်ပုံလည်းပါသည်။ ပြုံးပျော်ရွှင်နေသောကလေးနှစ်ယောက်၏အပြုံးများကထိုဓာတ်ပုံထဲ၌သာဖြစ်တည်နေတော့သည်ကိုတွေးမိသောအခါ
မိုးလ၏အပြုံးတို့အသက်မဝင်ခဲ့တော့။
"ဝင်သွားလို့ရပြီဟေ့"
ဦးလေးကြီးထံမှထပ်မံထွက်လာသောအသံကြောင့်မိုးလရပ်နေရာမှဆရာမကြီး၏ရုံးခန်းသို့လျှောက်လာစဥ်ဆရာမကြီးရုံးခန်းထဲမှထွက်လာသည့်လူတစ်ယောက်ကိုမိုးလသတိပြုလိုက်မိသည်။
"ဟင် ဟိုညီအစ်ကိုတွေထဲကတစ်ယောက်မလား"
မိုးလခပ်တိုးတိုးရေရွတ်ရင်းဘေးချင်းယှဥ်ကာဖြတ်သွားသည့်ထိုသူကိုအကဲခတ်ကြည့်လိုက်ပြီးဆရာမကြီးရုံးခန်းထဲသို့ဝင်လာခဲ့သည်။
"ဆရာမကြီး မင်္ဂလာပါ။"
ရုံးခန်းထဲတွင်ထိုင်နေသည့်ဆရာမကြီးကိုတွေ့သည်နှင့်မိုးလနှုတ်ဆက်လိုက်တော့ဆရာမကြီးကမိုးလကိုပြုံးပြရင်း
"မင်္ဂလာပါကွယ်။ ထိုင်ရင်းနဲ့လာရင်းအကြောင်းအရာလေးပြောပါအုံး။"
ဆရာမကြီးစကားကြောင့်မိုးလထိုင်ခုံအလွတ်တစ်ခုတွင်အရင်ဝင်ထိုင်လိုက်ပြီးမှ
"ကျွန်တော်တို့ဒီမြို့ကပြောင်းတော့မလို့။"
"အင်း ကောင်းပါတယ်။ နေရာကောင်းမှာကောင်းကောင်းအခြေချနိုင်ပါစေကွယ်။"
မိုးလစကားကိုဆရာမကြီးကဆုတောင်းစကားဆိုတော့မိုးလလည်း
"ကျေးဇူးတင်ပါတယ် ဆရာမကြီး။ အရာရာအတွက်ပါ။"
မိုးလစကားကိုဆရာမကြီးကပြုံးရင်းခေါင်းညိတ်နေစဥ်
"ဆရာမကြီး ဆရာမကြီး မီးဖိုဆောင်ခန်းမှာမီးလန့်နေတယ်။"
ဦးလေးကြီးကမိုးလတို့ရှိနေသောရုံးခန်းတွင်းသို့ပြောရင်းပြေးဝင်လာသဖြင့်ဆရာမကြီးကအရင်ရုံးခန်းထဲကထွက်သွားသဖြင့်ဦးလေးကြီးနဲ့မိုးလတို့လည်းနောက်ကလိုက်လာခဲ့သည်။
•
မီးဖိုဆောင်ခန်းသည်အရင်မိုးလတို့နေခဲ့သောအဆောင်ဟောင်းကိုပြန်ပြင်ထားပုံရသောထိုအခန်းရှေ့သို့မိုးလတို့ရောက်သွားချိန်၌အခန်းရှေ့တွင်ဖက်ငိုနေသောကလေးနှစ်ဦးနှင့်ကျောပြင်တွင်ဒဏ်ရာတစ်ချက်နဲ့ထိုလူကိုတွေ့လိုက်ရသည်။
အခန်းတွင်ကျန်ရှိနေသောမီးစတို့ကြောင့်မိုးလမနီးမဝေးရှိရေကန်ဟောင်းမှရေတို့ခပ်သွက်သွက်သွားခပ်ကာအမြန်ငြိမ်းသက်လိုက်သည်။
မိုးလမီးငြိမ်းသက်နေသည်ကိုမြင်မှဦးလေးကြီးလည်းမိုးလနှင့်အတူမီးကူလာသတ်ပေးသဖြင့်သုံးခေါက်မြောက်လောက်နှင့်အခန်းတွင်းရှိမီးစတို့ငြိမ်းသွားသည်။မီးငြိမ်းသွားမှဦးလေးကြီးကတစ်ယောက်ကိုတစ်ယောက်ဖက်ကာငိုနေသောကလေးနှစ်ယောက်ကိုအသာချော့မော့ကာခေါ်သွားလေသည်။
"အားနာနာနဲ့ပဲမိုးလကိုထပ်အကူအညီတောင်းရအုံးမယ်ထင်တယ်ကွယ်။"
"ပြောပါ။ အားမနာပါနဲ့ ဆရာမကြီး။"
"သူ့ကိုတစ်ချက်လောက်ကြည့်ပေးလို့ရမလားလို့ပါ။"
ဆရာမကြီးကဒဏ်ရာနဲ့လဲနေသောသူ့ကိုကြည့်ကာပြောလာသဖြင့်မိုးလလည်းသူ့အခြေအနေကိုသွားကြည့်လိုက်တော့ကျောဘက်တွင်မီးဟက်ထားသည့်ဒဏ်ရာတစ်ခုသာကြီးကြီးမားမားတွေ့ ရသဖြင့်
"ကြည့်ရတာမီးခိုးတွေရှုမိလို့သတိလစ်နေတာထင်တယ်။ ကျောဘက်ကဒဏ်ရာကတော့ဆေးသေချာထည့်ရင်ရက်မကြာပါဘူး။ ဒါပေမယ့်အခုအရေးပေါ်ကုသမှုပေးထားရမယ်ထင်တယ် ဆရာမကြီး။"
"လိုအပ်တာပြောပါ မိုးလ။ အဓိကကဒီကလေးဘာမှမဖြစ်ဖို့ပဲ။"
ဆရာမကြီးစကားကြောင့်မိုးလ,ဆရာမကြီးကိုမေးချင်သောအမေးများရှိလာသည်။သို့သော်လည်းထိုအချိန်တွင်မိုးလတို့နားပြန်ရောက်လာသောဦးလေးကြီးကြောင့်
"သူ့ကိုဆေးပေးခန်းခေါ်သွားပေးပါ ဦးလေးကြီး။ ကျွန်တော်ဒဏ်ရာချုပ်ဖို့အိမ်ကိုပစ္စည်းအချို့လာပို့ခိုင်းလိုက်အုံးမယ်။"
"အေး အေး"
ဦးလေးကြီးကမိုးလစကားကိုခေါင်းညိတ်ကာသတိလစ်နေသောသူ့ကိုသယ်ကာဆေးပေးခန်းသို့ထွက်သွားသလိုဆရာမကြီးလည်းဦးလေးကြီးနောက်သို့လိုက်သွားသဖြင့်မိုးလလည်းသော့်ဆီဖုန်းဆက်ကာဒဏ်ရာချုပ်ရန်လိုအပ်သည့်ပစ္စည်းများကိုလာပို့ခိုင်းလိုက်ပြီးဆေးပေးခန်းသို့ထွက်လာခဲ့သည်။
•
"ဟင်"
မိုးလ,ဆေးပေးခန်းအတွင်းကိုကြည့်မိပြီးအံ့သြစွာရေရွတ်မိသွားသည်။ဆေးပေးခန်းသည်မိုးလတို့ရှိနေခဲ့စဥ်ကနဲ့မတူတော့။တစ်လုံးတည်းသာကုတင်လေးကအခုတော့အဖော်တစ်လုံးနဲ့၊အကိုက်အခဲပျောက်ဆေး၊ချောင်းဆိုး၊နှာချေပျောက်ဆေး၊အဖျားကျဆေးကဒ်အချို့သာရှိနေသောဆေးဗီရိုကအခုတော့နေရာလွတ်မရှိအောင်ဆေးကဒ်များစွာ၊အမျိုးအစားစုံအောင်နေရာယူထားပြီးဆေးပစ္စည်းများလည်းအရင်လိုတစ်မျိုး၊နှစ်မျိုးမဟုတ်ပဲပစ္စည်းအစုံအလင်ရှိနေသဖြင့်
"ဆေးပေးခန်းကအတော်ပြောင်းလဲသွားတယ်နော် ဆရာမကြီး။"
"မိုးလ သူ့ကိုကုသပြီးရင်ဆရာမကြီးတို့စကားထပ်ပြောကြတာပေါ့။ အခုတော့သူ့ကိုအရင်.."
မိုးလ၏စကားကိုဆရာမကြီးကဆေးပေးခန်းကုတင်ပေါ်ရောက်နေသောသူ့ကိုကြည့်ရင်းဖြေလာ၍
"ကောင်းပါပြီ ဆရာမကြီး။ ကျွန်တော်လိုအပ်တဲ့ကုသမှုတွေလုပ်ပေးလိုက်ပါ့မယ်။"
မိုးလပြန်ပြောရင်းသတိမေ့နေသောထိုသူကိုလိုအပ်သောကုသမှုတို့ပြုလုပ်ရန်လိုအပ်သည့်ဆေးပစ္စည်းများကိုယူလိုက်ပြီးကုသမှုစတင်လိုက်သည်။
လိုအပ်သောဆေးပစ္စည်းများအပြည့်အစုံရှိခြင်းကြောင့်နာရီဝက်တောင်မကြာတဲ့အချိန်အတွင်းထိုသူကိုကုသပေးသည့်မိုးလ၏ကုသမှုလည်းအကောင်းဆုံးအခြေအနေဖြင့်ပြီးသွားသည်။
မီးဟက်သည့်ဒဏ်ရာကသေချာကြည့်မှချုပ်ရန်လိုအပ်သဖြင့်မိုးလ,ထိုသူကိုထုံဆေးနည်းနည်းပေးထားသည့်အရှိန်ကြောင့်အစောပိုင်းကသတိရမလိုဖြစ်နေသောသူကခဏပြန်မှိန်းသွားနေသည်။
မိုးလလည်းလက်ထဲကလက်အိတ်ကိုချွတ်ကာဆေးပေးခန်းတွင်းထားထားသည့်အမှိုက်ပုံးထဲလွှတ်ပစ်ကာအကျိုးအကြောင်းသိချင်ပုံရကာစောင့်နေသည့်ဆရာမကြီးကိုအကျိုးအကြောင်းပြောပြလိုက်သည်။
"ဆရာမကြီး ကုသမှုကိုအပြည့်အဝပေးထားပြီးလို့လုံးဝကိုစိုးရိမ်စရာမရှိတော့ပါဘူး။ ဆေးမထည့်ပေးခင်ကသတိပြန်ရလာပေမယ့်ဒဏ်ရာကချုပ်ရမှာဆိုတော့ထုံဆေးနည်းနည်းပေးထားလို့ပြန်မှိန်းနေတာပါ။ ခဏနေရင်တော့သေချာသတိရလာမှာပါ။"
"ကျေးဇူးတင်ပါတယ်ကွယ်။"
"ဆရာမကြီး ဒီကအပြောင်းအလဲတွေအကြောင်းကျွန်တော်သိခွင့်ရှိမလား။"
"မိုးလ သူ့ကိုတော့သိတယ်မလား။"
"ဟိုညီနောင်တွေထဲကတစ်ယောက်ဆိုတာတော့သိပါတယ် ဆရာမကြီး။"
"ဟုတ်တယ်။ စိုးမိုးစံအိမ်တော်ကအရင်ဆရာမကြီးရဲ့ဖခင်လက်ထက်ကတည်းကထောက်ပံ့သူဖြစ်ခဲ့တာ။ အခုသားတွေလက်ထက်ရောက်တော့လည်းသားတွေထဲကအငယ်ဆုံးကလက်ဆင့်ကမ်းထောက်ပံ့သူဖြစ်လာခဲ့တာဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ။ အခုဆရာမကြီးတို့ဆေးပေးခန်းကအစအရာရာပိုကောင်းအောင်သူပဲကူညီပေးခဲ့တယ်။ နှစ်တိုင်းဒီနေ့ရောက်ရင်ဆရာမကြီးဆီလာပြီးလိုအပ်တာတွေနဲ့အတူဒီနေ့တစ်နေ့စာကိုကျွေးမွေးလေ့ရှိတယ်။ ဒီနှစ်လည်းအဲလိုလာလှူဒါန်းရင်းအခုလိုထိခိုက်သွားတာ။တော်သေးတာပေါ့မိုးလရှိနေလို့အဆင်ပြေပြေပြီးသွားတာ။ အဲဒါကြောင့်ထပ်ပြီးကျေးဇူးတင်ပါတယ်ကွယ်။"
"ဒါနဲ့ဆရာမကြီးသူကဘာလို့ဒီနေ့မှလာတာလဲဆိုတာသိလား။ သေချာပေါက်အထွေထူးတစ်ခုခုရှိနေသလိုမျိုး။"
"အာ သူတစ်ခါပြောဖူးတယ်။ ဒီနေ့ကသူရဲ့သားလေးပျောက်သွားတဲ့နေ့ဆိုလားပဲ။"
"သားပျောက်သွားတဲ့နေ့တဲ့လား။"
မိုးလအမေးကိုပြန်ဖြေလာသောဆရာမကြီး၏စကားအဆုံးတွင်မိုးလခပ်တိုးတိုးရေရွတ်မိစဥ်မှာပဲ
"ဆရာမကြီး ခုနကကလေးတစ်ယောက်လက်မှာမီးပူလောင်ထားတဲ့ဒဏ်ရာရှိနေလို့လာကြည့်ရမယ်ထင်တယ်။"
ဦးလေးကြီး၏စကားကြောင့်ဆရာမကြီးကမိုးလကိုကြည့်လာ၍မိုးလလည်းမြင်နေရသည့်စားပွဲပေါ်မှအရေးပေါ်ဆေးသေတ္တာကိုယူလိုက်ပြီး
"ကျွန်တော်လိုက်ကြည့်ပေးမှာမို့လို့သွားရအောင်ဆရာမကြီး။"
မိုးလစကားအဆုံးတွင်ဆရာမကြီးကမိုးလ၏စကားကိုကြား၍အရင်ထွက်သွားပြီဖြစ်သောဦးလေးကြီး၏နောက်သို့လိုက်သွားသဖြင့်မိုးလလည်းအရေးပေါ်ဆေးသေတ္တာကိုကိုင်ကာသူတို့နှစ်ယောက်နောက်အမြန်လိုက်လာခဲ့သည်။ ဦးလေးကြီးခေါ်သွားသည့်ထိုကလေးနှစ်ယောက်ရှိနေသောအခန်းထဲသို့မိုးလဝင်လိုက်တော့မြင်လိုက်ရသည်ကမီးလောင်ဒဏ်ရာရနေသည့်ကလေး၏လက်ကိုကိုင်ကာအသာမှုတ်ပေးရင်းဘာမှမဖြစ်ကြောင်းနှစ်သိမ့်ပေးနေသောအခြားကလေးတစ်ယောက်ကိုတွေ့လိုက်ရ၍
လွန်ခဲ့သောထိုနှစ်များစွာကမိုးလနဲ့သူ့ကိုသွားပြေးမြင်မိတော့စိတ်ထဲတွင်ပျော်လာသည်။
မိုးလ၏စိတ်ထဲကအပျော်သည်လက်တွေ့သူ့မျက်နှာတွင်အပြုံးတစ်ခုအဖြစ်သွားထင်ဟပ်သည်ကိုဆရာမကြီးမြင်လိုက်မိသည်။
"ကဲ ကဲ နှစ်ယောက်လုံးစိတ်မကောင်းမဖြစ်ရအောင်ဦးလေးကအကောင်းဆုံးကုသပေးမှာဆိုတော့ဦးလေးကိုယုံကြည်တယ်မလား။"
"ဟုတ်။ ဘာမှမဖြစ်ဘူးနော်။ ခဏလေးပဲ ခဏလေးနည်းနည်းလေးနာလောက်မှာ။"
မိုးလ၏စကားကိုလက်မထိသောကောင်လေးကပြန်ဖြေရင်းဒဏ်ရာနဲ့ကောင်လေးကိုသေချာထပ်နှစ်သိမ့်ပေးနေသည်။မိုးလလည်းကောင်လေး၏နှစ်သိမ့်စကားဆုံးသည်နှင့်ကျန်ကောင်လေး၏လက်ကဒဏ်ရာကိုကြည့်လိုက်သည်။
အရေးပြားအပေါ်ယံသာမီးဟက်ခြင်းဖြစ်၍ချုပ်စရာမလိုပဲဆေးထည့်ပြီးဒဏ်ရာပတ်လည်ကိုသာဆေးထည့်ပေးလိုက်ပြီးနောက်ရက်တွင်သာအမာရွတ်မကျန်အောင်ဆေးသေချာထပ်လိမ်းပေးရန်မိုးလမှာပြီးအမာရွတ်ပျောက်ဆေးဗူးပါတစ်ခါတည်းပေးခဲ့လိုက်ပြီးဆရာမကြီးနဲ့အတူဆေးပေးခန်းသို့ပြန်လျှောက်လာခဲ့သည့်လမ်းတွင်
"အဲကလေးတွေကိုကြည့်ရင်းမင်းတို့ငယ်ငယ်ကိုပြန်တွေးနေမိတယ်မလား။"
ဆရာမကြီးအမေးကြောင့်မိုးလ,ဆရာမကြီးကိုအံ့သြနေသည့်မျက်နှာဖြင့်ကြည့်လိုက်တော့
"ခုနကသူတို့လေးတွေကိုကြည့်ပြီးမင်းမျက်နှာကပြုံးယောင်သန်းသွားတာကိုဆရာမကြီးတွေ့လိုက်တယ်လေ။ ဒါနဲ့မင်းတို့နှစ်ယောက်တကယ်ပဲမတွေ့ဖြစ်ကြတော့တာလား။"
"ဟုတ်ပါတယ် ဆရာမကြီး။ ကျွန်တော်တို့မတွေ့ဖြစ်တာဆယ်စုနှစ်နှစ်စုမကတော့ပါဘူး။"
ဆရာမကြီး၏အမေးကိုဖြေလိုက်တော့ဆရာမကြီးကမိုးလကိုအားနာသွားသည့်အပြုံးမျိုးဖြင့်ပြုံးပြလိုက်ပြီး
"သူကတော့မင်းတို့တွေကပြန်မဆုံနိုင်တော့လမ်းကိုယ်စီကိုလျှောက်နေပြီမို့လို့မဆုံနိုင်တော့ဘူးလို့ပြောသွားပေမယ့်ဘယ်သူသိနိုင်မှာလဲအဲလမ်းတွေရဲ့ဦးတည်ရာကကိုယ်စီကိုဖြစ်နေခဲ့ရင်ပြန်မတွေ့နိုင်လောက်ဘူးကွယ်။"
"ဆရာမကြီး သူလာသွားသေးတာလား။"
ဆရာမကြီး၏စကားအဆုံးတွင်မိုးလခပ်သွက်သွက်မေးမိတော့ဆရာမကြီးကခေါင်းညိတ်ပြီး
"ဒီကထွက်သွားကတည်းကပြန်မပေါ်လာခဲ့တဲ့သူကအမြဲလိုလိုတော့လူကိုယ်တိုင်မလာပေမယ့်ဒီကိုအမြဲအလှူအဒါန်းလုပ်ပေးနေတုန်းလေ။ ဒါပေမယ့်ဟိုတလောကတော့ထူးထူးဆန်းဆန်းလူကိုယ်တိုင်ပေါ်လာခဲ့သေးတယ်။"
"ဟုတ်လား ဆရာမကြီး။ သူ့ပုံစံကတော်တော်ပြောင်းလဲသွားလောက်ပြီပေါ့နော်။"
"ပြောင်းလဲသွားတယ်ဆိုပေမယ့်တွေ့ရင်တော့မှတ်မိမှာပါ။"
မိုးလအမေးကိုပြန်ဖြေလာသည့်ဆရာမကြီး၏စကားကိုမိုးလပြန်ပြောနိုင်စရာမရှိတော့စဥ်ဆေးပေးခန်းထဲသို့ဆေးအိတ်ကြီးကိုလွယ်ကာပြေးဝင်သွားသည့်တူတော်မောင်,သော်ကိုတွေ့လိုက်ရ၍ဆေးပေးခန်းသို့ရောက်ရန်မိုးလခြေလှမ်းတို့ကိုမြန်မြန်လှမ်းလိုက်သည်။
မိုးလခြေလှမ်းတို့မြန်သော်လည်းတဇွတ်ထိုးတလွဲလေးကိုမမှီလိုက်ကာမိုးလ,ဆေးပေးခန်းထဲရောက်တော့
"ပြောမှာလား မပြောဘူးလား။"
ဟုဒေါသတကြီးဆိုနေသောတူတော်မောင်နဲ့ညာဘက်လက်ကောက်ဝတ်ကိုဘယ်လက်ဖြင့်ကိုင်ကာနာကျင်နေပုံရသောစိုးမိုးထိုက်တို့နှစ်ယောက်အဖြစ်အပျက်ကိုမိုးလတွေ့လိုက်ရလေသည်။
_________________
အချိန်တချို့ကျော်လွန်လားရင်းနဲ့အဆုံးကိုရောက်လာမှာလား။ သေချာပေါက်မကွဲပြားပေမယ့်လိပ်တစ်ကောင်လို့နှေးကွေးရင်းနဲ့(၄၀)ဆိုတဲ့အပိုင်းကိုတော့ရောက်လာပါပြီ။
ဖတ်ပေးကြတဲ့တစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ်။နောက်အပိုင်းတွေလည်းဆက်ပြီးဖတ်ပေးကြဖို့မျှော်လင့်ပါတယ်။
နောက်ဆုံးပိုင်းထိအတူတူသွားပေးကြမှာကိုလည်းနည်းနည်းမျှော်လင့်လျှက် ~.~
With Love,
PurpleNwayW
_________________
Zawgyi Version
အခန္း - ၄၀
ငါတို႔ျပန္ဆုံျဖစ္ၾကမွာေလာ့ ? ? ?
"ရၿပီ စက္ကြင္း။ ဒီနားမွာရပ္လည္းအဆင္ေျပတယ္။"
အလုပ္ရွိသည့္အေဆာက္အဦးႀကီးရဲ႕မလွမ္းမကမ္းတြင္ပဲ႐ြက္ေႂကြ,စက္ကြင္းကားကိုရပ္ခိုင္းလိုက္သည္။ စက္ကြင္းကားေလးရပ္သြားသည္ႏွင့္ကားေနာက္ခန္းထဲမွေန႕ေတးဆိုအရင္ဆင္းသြားသျဖင့္႐ြက္ေႂကြလည္းသူ႕ေနာက္မွလိုက္ဆင္းလာခဲ့သည္။
ေန႕ေတးဆိုနဲ႕အတူ႐ြက္ေႂကြလမ္းတစ္ဖက္တြင္ရွိေနေသာအလုပ္ခြင္ထဲသို႔ဝင္ရန္ေလွ်ာက္ေနၿပီးမွစက္ကြင္းကိုေက်းဇူးတင္စကားေျပာရန္က်န္ေနသည္ကို႐ြက္ေႂကြသတိရသြားသျဖင့္
"ကိုေန႕ေတးဆို ဝင္ႏွင့္။"
႐ြက္ေႂကြေဘးတြင္အတူေလွ်ာက္ေနေသာေန႕ေတးဆိုကိုေျပာၿပီးရပ္ေနေသးသည့္စက္ကြင္းကားေလးဆီသို႔ခပ္သြက္သြက္ျပန္ေလွ်ာက္ကာ
"ေဟ့ စက္ကြင္း။ ဒီေန႕ငါကိုကူညီေပးလို႔ေက်းဇူးပဲေနာ္။ ငါေနာက္က်ေနလို႔အခုေတာ့ဒီေလာက္ပဲ။"
စက္ကြင္းဆီကျပန္ေျဖစကားကို႐ြက္ေႂကြဆက္နားမေထာင္ေနေတာ့ပဲအလုပ္ခြင္၏ဝင္ေပါက္ေရွ႕ရွိေနေသာေန႕ေတးဆိုရွိရာသို႔အျမန္ေျပးလာခဲ့သည္။
အလုပ္ထဲဝင္ရန္ေန႕ေတးဆိုျပင္ေနစဥ္အေဆာက္အဦးမွထြက္လာသည့္ညို႔စက္ဝန္းကိုျမင္လိုက္ရ၍ေန႕ေတးဆိုေနာက္သို႔အၾကည့္လႊဲလိုက္ေတာ့ေန႕ေတးဆိုရပ္ေနသည့္ေနရာသို႔အေျပးလာေနသည့္႐ြက္ေႂကြေဝကိုေတြ႕လိုက္ရသည့္အျပင္႐ြက္ေႂကြေဝဆီသို႔အရွိန္ျပင္းျပင္းျဖင့္ေမာင္းႏွင္လာေသာကားတစ္စီးကိုပါေတြ႕လိုက္ရသျဖင့္ေန႕ေတးဆိုလည္းမိမိရပ္ေနရာသို႔ေရာက္ရန္ေျခလွမ္းအလွမ္းငယ္သာလိုေတာ့ေသာ႐ြက္ေႂကြေဝေရွ႕သို႔ေျခလွမ္းအနည္းငယ္တိုးလိုက္ၿပီး႐ြက္ေႂကြေဝ၏လက္ကိုမိမိဘက္သို႔အရွိန္ျဖင့္ဆြဲလိုက္သည္။
အရွိန္ေၾကာင့္မိမိရင္ခြင္ထဲေရာက္လာေတာ့မည့္႐ြက္ေႂကြေဝေၾကာင့္ေန႕ေတးဆိုေဘးသို႔တစ္ခ်က္ေရွာင္ကာ႐ြက္ေႂကြေဝလဲက်မသြားေအာင္သာထိန္းမတ္ေပးလိုက္သည္။
"ဝူ"
႐ုတ္တရက္ဆြဲလာသည့္ေန႕ေတးဆိုေၾကာင့္႐ြက္ေႂကြအံ့အားသင့္ေနစဥ္ဝူခနဲ႐ြက္ေႂကြတို႔ႏွစ္ေယာက္ေဘးကျဖတ္ေမာင္းသြားေသာကားတစ္စီးကိုေတြ႕လိုက္ရ၍
"အဲဒါေၾကာင့္ ႐ြက္ေႂကြလက္ကိုလွမ္းဆြဲလိုက္တာလား ကိုေန႕ေတးဆို။"
"ဟုတ္တယ္ အႏၱရာယ္မ်ားလို႔။"
"ေက်းဇူးတင္ပါတယ္ ကိုေန႕ေတးဆို။"
႐ြက္ေႂကြစကားကိုေန႕ေတးဆိုကအသိအမွတ္ျပဳဟန္တစ္ခ်က္ေခါင္းညိတ္ျပစဥ္
"တီတီ"
ဆက္တိုက္ဆိုသလိုထြက္လာသည့္ကားဟြန္းတီးသံေၾကာင့္႐ြက္ေႂကြတို႔ႏွစ္ေယာက္အသံလာရာသို႔ၾကည့္မိေတာ့အသံရွင္သည္စက္ကြင္းကား၏ဟြန္းသံျဖစ္ေနသျဖင့္႐ြက္ေႂကြ,စက္ကြင္းကားထဲကိုၾကည့္ေနစဥ္႐ြက္ေႂကြတို႔ႏွစ္ေယာက္ေရွ႕လာရပ္သည္ကညို႔စက္ဝန္းျဖစ္ေလသည္။
"Day"
"ကြၽန္ေတာ့္နာမည္ေန႕ေတးဆို"
"Sorry ဒါေပမယ့္Day ကိုယ္က်င့္သားရေနလို႔။ ကိုယ့္ကားကိုမင္းတစ္ရက္ေလာက္ထိန္းသိမ္းေပးနိုင္မလား။ ကိုယ္တကယ္အေရးႀကီးတာကိုလုပ္ရမွာမို႔လို႔။"
ညို႔စက္ဝန္းကေန႕ေတးဆိုကိုေျပာရင္းေန႕ေတးဆိုလက္ထဲသူ႕ကားေသာ့ကိုထည့္ေပးၿပီးစက္ကြင္းကားဘက္သို႔ခပ္သြက္သြက္ေလွ်ာက္သြားသည္။ေန႕ေတးဆိုကို'Day'ဟုေခၚကာတစ္ေယာက္နဲ႕တစ္ေယာက္သိေနသည့္ပုံစံမ်ိဳးထပ္ေက်ာ္လြန္ေနသည့္ေန႕ေတးဆိုနဲ႕ညို႔စက္ဝန္း၏စကားဝိုင္းတိုတိုနဲ႕ေတြ႕ခဲ့ဖူးေသာအျပဳအမူမ်ားကို႐ြက္ေႂကြေတြးကာသူတို႔ႏွစ္ေယာက္ပတ္သက္မႈကိုစဥ္းစားေနစဥ္
"ဒီမွာပဲရပ္ေနေတာ့ပဲလား ႐ြက္ေႂကြေဝ။ မဝင္ေတာ့ဘူးလား။"
ခပ္ေငါက္ေငါက္ဆိုလာသည့္ေန႕ေတးဆိုစကားေၾကာင့္႐ြက္ေႂကြစဥ္းစားေနသည္ကိုေခတၱရပ္လိုက္ၿပီးေန႕ေတးဆိုနဲ႕အတူအလုပ္ခြင္အတြင္းသို႔ဝင္လာခဲ့သည္။ အလုပ္ခန္းသို႔ေလွ်ာက္ေနသည့္လမ္းတစ္ေလွ်ာက္တြင္မသဇင္ႏြယ္ကိုေတာင္းပန္စကားေျပာရန္ကိုပါစဥ္းစားခဲ့မိသည္။
•
ဝူခနဲအရွိန္ျပင္းျပင္းျဖင့္ေမာင္းသြားေသာထိုကားကစက္ကြင္း၏ကားေဘးမွအျဖတ္တြင္ခ်ထားေသာကားမွန္မွတစ္ဆင့္ကားထဲကလူကိုစက္ကြင္းျမင္လိုက္ရသည္။
"ပန္းသစ္ခြ"
စက္ကြင္းကိုခ်ိဳၿမိန္စြာၿပဳံးျပရင္းတဖက္သို႔ေျပးလႊားကာသြားေနသည့္႐ြက္ေႂကြေဝကိုဦးတည္ထားေသာအရွိန္မ်ားမ်ားျဖင့္ပန္းသစ္ခြေမာင္းေနေသာကားကိုစက္ကြင္းျမင္လိုက္ရခ်ိန္တြင္စက္ကြင္းျမင္ကြင္းထဲပုံရိပ္တစ္ခုေပၚလာသည္။
ပန္းသစ္ခြနဲ႕ေနာက္ဆုံးေတြ႕သည့္ရက္၊ပန္းသစ္ခြနဲ႕စကားအျပတ္ေျပာၿပီးကားပါကင္သို႔ျပန္ေလွ်ာက္လာသည့္စက္ကြင္းထံသို႔အရွိန္ျပင္းျပင္းျဖင့္ဦးတည္လာသည့္ကားတစ္စီး။ ကားေမာင္းသူကိုျမင္လိုက္ရကာမေရွာင္နိုင္ေတာ့သည့္စက္ကြင္းတစ္ေယာက္မ်က္လုံးမွိတ္လိုက္စဥ္ကမၻာေျမေပၚရပ္ေနရာမွကမၻာဆြဲအားလြတ္ကာစက္ကြင္းေလေပၚခဏေရာက္သြားသည့္ထိုအခိုက္အတန့္။
ေပါ့ပါးစြာစကၠန့္အနည္းငယ္မွ်ပ်ံသန္းမႈအဆုံးတြင္နာက်င္မႈအမ်ားအျပားကိုခံစားလိုက္ရသည့္ထိုအခိုက္တြင္စက္ကြင္းမ်က္လုံးကိုအားယူဖြင့္လိုက္မိခ်ိန္တြင္ေၾကမြေနေသာစက္ကြင္း၏ကားေရွ႕နဲ႕အတူကားမွန္တြင္ခ်ိတ္ဆြဲထားေသာဆြဲႀကိဳးေလးတစ္ခုကိုေတြ႕ၿပီးခ်ိန္တြင္ေလးလံကာေအာက္သို႔က်လာေသာမ်က္ခြံမ်ားေၾကာင့္စက္ကြင္းအေမွာင္ဖုံးခဲ့ရသည္။ ၾကည္လင္ျပတ္သားေသာပုံရိပ္တို႔ကိုစက္ကြင္းျမင္ေတြ႕ၿပီးသည္ႏွင့္စက္ကြင္းအားတို႔ယုတ္ကာေခါင္းငိုက္စိုက္က်သြားေလသည္။
ကားစီယာဒိုင္ေပၚေခါင္းငိုက္စိုက္က်သြား၍စက္ကြင္းကားထံမွကားဟြန္းသံထြက္လာမွနီးကပ္ေနသည့္Dayနဲ႕စက္ကြင္းသူငယ္ခ်င္းမကိုၾကည့္ေနမိေသာညို႔စက္ဝန္းတစ္ေယာက္အသိဝင္လာကာညီငယ္ျဖစ္သူကိုကူညီရန္Dayဆီကားေသာ့ကိုအပ္ၿပီးညီျဖစ္သူကားဆီသြားကာသတိလစ္သြားေသာညီျဖစ္သူကိုကားေနာက္ခန္းထဲတြင္သက္ေတာင့္သက္သာေနရာေပးလိုက္ၿပီးညီျဖစ္သူ၏ကားျဖင့္အိမ္သို႔သာညို႔စက္ဝန္းေမာင္းလာခဲ့ေတာ့ေလသည္။
•
"ေမတၱာလႈံရာ"
ဆိုေသာကေလးေစာင့္ေရွာက္ေရးေဂဟာေရွ႕တြင္ရပ္ေနမိေသာဦးမိုးလ၏အၾကည့္တို႔ကေဂဟာဝန္းအတြင္းရွိအေဆာက္အဦးငယ္ေလးတစ္ခုဆီသို႔ေရာက္ေနမိသည္။
"ဘာလို႔ဝင္အရိုက္ခံတာလဲ။"
၁၄ႏွစ္သားအ႐ြယ္မိုးလကဆယ္ႏွစ္ရွိသူ၏လက္ထဲကအရွိုးရာမ်ားကိုၾကည့္ရင္းေမးလိုက္ေတာ့
"အစ္ကိုကေရာဘာလို႔ကြၽန္ေတာ့္ကိုယ္စားဝင္ရိုက္ခံတာလဲ။"
အေမးကိုအေမးနဲ႕ျပန္ေျပာလာေသာထိုကေလးကအသက္ႏွင့္မလိုက္ေအာင္ရင့္က်က္လြန္းသည္ဟုမိုးလထင္ျမင္မိသည့္တိုင္မိုးလမ်က္လုံးထဲေတာ့ကေလးငယ္တစ္ေယာက္အျဖစ္ျမင္မိေသးသည္။
"ဘယ္သူ ေၾသာ္ ဘယ္သူမ်ားလဲလို႔။"
အသံေၾကာင့္မိုးလေတြးေနေသာအေတြးကိုရပ္လိုက္ၿပီးအသံလာရာေဘးသို႔ၾကည့္လိုက္ေတာ့ေဂဟာေစာင့္ဦးေလးႀကီးကိုေတြ႕လိုက္ရ၍
"ဦးေလး ေနေကာင္းတယ္မလား။"
"ေကာင္းတာမွေဒါင္ေဒါင္ျမည္။ ဒါနဲ႕ဒီကိုဘာ.."
"ဆရာမႀကီးနဲ႕လာေတြ႕တာပါ။"
"ဒါဆိုလာေလ။ ခုနကေတာ့ဆရာမႀကီးဧည့္သည္တစ္ေယာက္နဲ႕စကားေျပာေနတာေတာ့ၾကားတယ္။ အခုဆိုၿပီးေလာက္ၿပီထင္တယ္။ ငါသြားၾကည့္ေပးမယ္။ လိုက္လာခဲ့။"
"ဟုတ္ကဲ့ ဦးေလး။"
ေျပာၿပီးဦးေလးႀကီးကခပ္သုတ္သုတ္ထြက္သြားသည္။မိုးလလည္းဦးေလးႀကီးေနာက္သို႔ေျဖးေျဖးလိုက္လာခဲ့သည္။
ဆိုင္းဘုတ္တပ္ထားေသာမိန္းအေဆာက္အဦးႀကီးထဲသို႔မိုးလဝင္လိုက္သည္ႏွင့္နံရံတြင္ခ်ိတ္ဆြဲထားေသာဓာတ္ပုံမ်ားစြာကိုေတြ႕လိုက္ရသည္။
ေဂဟာစတင္သည့္ႏွစ္မွစ၍ယခုအခ်ိန္ထိေဂဟာအတြင္းမွီခိုေနထိုင္ခဲ့ၾကသည့္ကေလးမ်ား၏ဓာတ္ပုံမ်ားကိုခ်ိတ္ဆြဲထားသည့္ထိုနံရံတြင္မိုးလနဲ႕အတူရိုက္ထားသည့္သူ႕ဓာတ္ပုံလည္းပါသည္။ ၿပဳံးေပ်ာ္႐ႊင္ေနေသာကေလးႏွစ္ေယာက္၏အၿပဳံးမ်ားကထိုဓာတ္ပုံထဲ၌သာျဖစ္တည္ေနေတာ့သည္ကိုေတြးမိေသာအခါ
မိုးလ၏အၿပဳံးတို႔အသက္မဝင္ခဲ့ေတာ့။
"ဝင္သြားလို႔ရၿပီေဟ့"
ဦးေလးႀကီးထံမွထပ္မံထြက္လာေသာအသံေၾကာင့္မိုးလရပ္ေနရာမွဆရာမႀကီး၏႐ုံးခန္းသို႔ေလွ်ာက္လာစဥ္ဆရာမႀကီး႐ုံးခန္းထဲမွထြက္လာသည့္လူတစ္ေယာက္ကိုမိုးလသတိျပဳလိုက္မိသည္။
"ဟင္ ဟိုညီအစ္ကိုေတြထဲကတစ္ေယာက္မလား"
မိုးလခပ္တိုးတိုးေရ႐ြတ္ရင္းေဘးခ်င္းယွဥ္ကာျဖတ္သြားသည့္ထိုသူကိုအကဲခတ္ၾကည့္လိုက္ၿပီးဆရာမႀကီး႐ုံးခန္းထဲသို႔ဝင္လာခဲ့သည္။
"ဆရာမႀကီး မဂၤလာပါ။"
႐ုံးခန္းထဲတြင္ထိုင္ေနသည့္ဆရာမႀကီးကိုေတြ႕သည္ႏွင့္မိုးလႏႈတ္ဆက္လိုက္ေတာ့ဆရာမႀကီးကမိုးလကိုၿပဳံးျပရင္း
"မဂၤလာပါကြယ္။ ထိုင္ရင္းနဲ႕လာရင္းအေၾကာင္းအရာေလးေျပာပါအုံး။"
ဆရာမႀကီးစကားေၾကာင့္မိုးလထိုင္ခုံအလြတ္တစ္ခုတြင္အရင္ဝင္ထိုင္လိုက္ၿပီးမွ
"ကြၽန္ေတာ္တို႔ဒီၿမိဳ႕ကေျပာင္းေတာ့မလို႔။"
"အင္း ေကာင္းပါတယ္။ ေနရာေကာင္းမွာေကာင္းေကာင္းအေျခခ်နိဳင္ပါေစကြယ္။"
မိုးလစကားကိုဆရာမႀကီးကဆုေတာင္းစကားဆိုေတာ့မိုးလလည္း
"ေက်းဇူးတင္ပါတယ္ ဆရာမႀကီး။ အရာရာအတြက္ပါ။"
မိုးလစကားကိုဆရာမႀကီးကၿပဳံးရင္းေခါင္းညိတ္ေနစဥ္
"ဆရာမႀကီး ဆရာမႀကီး မီးဖိုေဆာင္ခန္းမွာမီးလန့္ေနတယ္။"
ဦးေလးႀကီးကမိုးလတို႔ရွိေနေသာ႐ုံးခန္းတြင္းသို႔ေျပာရင္းေျပးဝင္လာသျဖင့္ဆရာမႀကီးကအရင္႐ုံးခန္းထဲကထြက္သြားသျဖင့္ဦးေလးႀကီးနဲ႕မိုးလတို႔လည္းေနာက္ကလိုက္လာခဲ့သည္။
•
မီးဖိုေဆာင္ခန္းသည္အရင္မိုးလတို႔ေနခဲ့ေသာအေဆာင္ေဟာင္းကိုျပန္ျပင္ထားပုံရေသာထိုအခန္းေရွ႕သို႔မိုးလတို႔ေရာက္သြားခ်ိန္၌အခန္းေရွ႕တြင္ဖက္ငိုေနေသာကေလးႏွစ္ဦးႏွင့္ေက်ာျပင္တြင္ဒဏ္ရာတစ္ခ်က္နဲ႕ထိုလူကိုေတြ႕လိုက္ရသည္။
အခန္းတြင္က်န္ရွိေနေသာမီးစတို႔ေၾကာင့္မိုးလမနီးမေဝးရွိေရကန္ေဟာင္းမွေရတို႔ခပ္သြက္သြက္သြားခပ္ကာအျမန္ၿငိမ္းသက္လိုက္သည္။
မိုးလမီးၿငိမ္းသက္ေနသည္ကိုျမင္မွဦးေလးႀကီးလည္းမိုးလႏွင့္အတူမီးကူလာသတ္ေပးသျဖင့္သုံးေခါက္ေျမာက္ေလာက္ႏွင့္အခန္းတြင္းရွိမီးစတို႔ၿငိမ္းသြားသည္။မီးၿငိမ္းသြားမွဦးေလးႀကီးကတစ္ေယာက္ကိုတစ္ေယာက္ဖက္ကာငိုေနေသာကေလးႏွစ္ေယာက္ကိုအသာေခ်ာ့ေမာ့ကာေခၚသြားေလသည္။
"အားနာနာနဲ႕ပဲမိုးလကိုထပ္အကူအညီေတာင္းရအုံးမယ္ထင္တယ္ကြယ္။"
"ေျပာပါ။ အားမနာပါနဲ႕ ဆရာမႀကီး။"
"သူ႕ကိုတစ္ခ်က္ေလာက္ၾကည့္ေပးလို႔ရမလားလို႔ပါ။"
ဆရာမႀကီးကဒဏ္ရာနဲ႕လဲေနေသာသူ႕ကိုၾကည့္ကာေျပာလာသျဖင့္မိုးလလည္းသူ႕အေျခအေနကိုသြားၾကည့္လိုက္ေတာ့ေက်ာဘက္တြင္မီးဟက္ထားသည့္ဒဏ္ရာတစ္ခုသာႀကီးႀကီးမားမားေတြ႕ ရသျဖင့္
"ၾကည့္ရတာမီးခိုးေတြရႈမိလို႔သတိလစ္ေနတာထင္တယ္။ ေက်ာဘက္ကဒဏ္ရာကေတာ့ေဆးေသခ်ာထည့္ရင္ရက္မၾကာပါဘူး။ ဒါေပမယ့္အခုအေရးေပၚကုသမႈေပးထားရမယ္ထင္တယ္ ဆရာမႀကီး။"
"လိုအပ္တာေျပာပါ မိုးလ။ အဓိကကဒီကေလးဘာမွမျဖစ္ဖို႔ပဲ။"
ဆရာမႀကီးစကားေၾကာင့္မိုးလ,ဆရာမႀကီးကိုေမးခ်င္ေသာအေမးမ်ားရွိလာသည္။သို႔ေသာ္လည္းထိုအခ်ိန္တြင္မိုးလတို႔နားျပန္ေရာက္လာေသာဦးေလးႀကီးေၾကာင့္
"သူ႕ကိုေဆးေပးခန္းေခၚသြားေပးပါ ဦးေလးႀကီး။ ကြၽန္ေတာ္ဒဏ္ရာခ်ဳပ္ဖို႔အိမ္ကိုပစၥည္းအခ်ိဳ႕လာပို႔ခိုင္းလိုက္အုံးမယ္။"
"ေအး ေအး"
ဦးေလးႀကီးကမိုးလစကားကိုေခါင္းညိတ္ကာသတိလစ္ေနေသာသူ႕ကိုသယ္ကာေဆးေပးခန္းသို႔ထြက္သြားသလိုဆရာမႀကီးလည္းဦးေလးႀကီးေနာက္သို႔လိုက္သြားသျဖင့္မိုးလလည္းေသာ့္ဆီဖုန္းဆက္ကာဒဏ္ရာခ်ဳပ္ရန္လိုအပ္သည့္ပစၥည္းမ်ားကိုလာပို႔ခိုင္းလိုက္ၿပီးေဆးေပးခန္းသို႔ထြက္လာခဲ့သည္။
•
"ဟင္"
မိုးလ,ေဆးေပးခန္းအတြင္းကိုၾကည့္မိၿပီးအံ့ၾသစြာေရ႐ြတ္မိသြားသည္။ေဆးေပးခန္းသည္မိုးလတို႔ရွိေနခဲ့စဥ္ကနဲ႕မတူေတာ့။တစ္လုံးတည္းသာကုတင္ေလးကအခုေတာ့အေဖာ္တစ္လုံးနဲ႕၊အကိုက္အခဲေပ်ာက္ေဆး၊ေခ်ာင္းဆိုး၊ႏွာေခ်ေပ်ာက္ေဆး၊အဖ်ားက်ေဆးကဒ္အခ်ိဳ႕သာရွိေနေသာေဆးဗီရိုကအခုေတာ့ေနရာလြတ္မရွိေအာင္ေဆးကဒ္မ်ားစြာ၊အမ်ိဳးအစားစုံေအာင္ေနရာယူထားၿပီးေဆးပစၥည္းမ်ားလည္းအရင္လိုတစ္မ်ိဳး၊ႏွစ္မ်ိဳးမဟုတ္ပဲပစၥည္းအစုံအလင္ရွိေနသျဖင့္
"ေဆးေပးခန္းကအေတာ္ေျပာင္းလဲသြားတယ္ေနာ္ ဆရာမႀကီး။"
"မိုးလ သူ႕ကိုကုသၿပီးရင္ဆရာမႀကီးတို႔စကားထပ္ေျပာၾကတာေပါ့။ အခုေတာ့သူ႕ကိုအရင္.."
မိုးလ၏စကားကိုဆရာမႀကီးကေဆးေပးခန္းကုတင္ေပၚေရာက္ေနေသာသူ႕ကိုၾကည့္ရင္းေျဖလာ၍
"ေကာင္းပါၿပီ ဆရာမႀကီး။ ကြၽန္ေတာ္လိုအပ္တဲ့ကုသမႈေတြလုပ္ေပးလိုက္ပါ့မယ္။"
မိုးလျပန္ေျပာရင္းသတိေမ့ေနေသာထိုသူကိုလိုအပ္ေသာကုသမႈတို႔ျပဳလုပ္ရန္လိုအပ္သည့္ေဆးပစၥည္းမ်ားကိုယူလိုက္ၿပီးကုသမႈစတင္လိုက္သည္။
လိုအပ္ေသာေဆးပစၥည္းမ်ားအျပည့္အစုံရွိျခင္းေၾကာင့္နာရီဝက္ေတာင္မၾကာတဲ့အခ်ိန္အတြင္းထိုသူကိုကုသေပးသည့္မိုးလ၏ကုသမႈလည္းအေကာင္းဆုံးအေျခအေနျဖင့္ၿပီးသြားသည္။
မီးဟက္သည့္ဒဏ္ရာကေသခ်ာၾကည့္မွခ်ဳပ္ရန္လိုအပ္သျဖင့္မိုးလ,ထိုသူကိုထုံေဆးနည္းနည္းေပးထားသည့္အရွိန္ေၾကာင့္အေစာပိုင္းကသတိရမလိုျဖစ္ေနေသာသူကခဏျပန္မွိန္းသြားေနသည္။
မိုးလလည္းလက္ထဲကလက္အိတ္ကိုခြၽတ္ကာေဆးေပးခန္းတြင္းထားထားသည့္အမွိုက္ပုံးထဲလႊတ္ပစ္ကာအက်ိဳးအေၾကာင္းသိခ်င္ပုံရကာေစာင့္ေနသည့္ဆရာမႀကီးကိုအက်ိဳးအေၾကာင္းေျပာျပလိုက္သည္။
"ဆရာမႀကီး ကုသမႈကိုအျပည့္အဝေပးထားၿပီးလို႔လုံးဝကိုစိုးရိမ္စရာမရွိေတာ့ပါဘူး။ ေဆးမထည့္ေပးခင္ကသတိျပန္ရလာေပမယ့္ဒဏ္ရာကခ်ဳပ္ရမွာဆိုေတာ့ထုံေဆးနည္းနည္းေပးထားလို႔ျပန္မွိန္းေနတာပါ။ ခဏေနရင္ေတာ့ေသခ်ာသတိရလာမွာပါ။"
"ေက်းဇူးတင္ပါတယ္ကြယ္။"
"ဆရာမႀကီး ဒီကအေျပာင္းအလဲေတြအေၾကာင္းကြၽန္ေတာ္သိခြင့္ရွိမလား။"
"မိုးလ သူ႕ကိုေတာ့သိတယ္မလား။"
"ဟိုညီေနာင္ေတြထဲကတစ္ေယာက္ဆိုတာေတာ့သိပါတယ္ ဆရာမႀကီး။"
"ဟုတ္တယ္။ စိုးမိုးစံအိမ္ေတာ္ကအရင္ဆရာမႀကီးရဲ႕ဖခင္လက္ထက္ကတည္းကေထာက္ပံ့သူျဖစ္ခဲ့တာ။ အခုသားေတြလက္ထက္ေရာက္ေတာ့လည္းသားေတြထဲကအငယ္ဆုံးကလက္ဆင့္ကမ္းေထာက္ပံ့သူျဖစ္လာခဲ့တာဆယ္စုႏွစ္တစ္ခုၾကာခဲ့ၿပီ။ အခုဆရာမႀကီးတို႔ေဆးေပးခန္းကအစအရာရာပိုေကာင္းေအာင္သူပဲကူညီေပးခဲ့တယ္။ ႏွစ္တိုင္းဒီေန႕ေရာက္ရင္ဆရာမႀကီးဆီလာၿပီးလိုအပ္တာေတြနဲ႕အတူဒီေန႕တစ္ေန႕စာကိုေကြၽးေမြးေလ့ရွိတယ္။ ဒီႏွစ္လည္းအဲလိုလာလႉဒါန္းရင္းအခုလိုထိခိုက္သြားတာ။ေတာ္ေသးတာေပါ့မိုးလရွိေနလို႔အဆင္ေျပေျပၿပီးသြားတာ။ အဲဒါေၾကာင့္ထပ္ၿပီးေက်းဇူးတင္ပါတယ္ကြယ္။"
"ဒါနဲ႕ဆရာမႀကီးသူကဘာလို႔ဒီေန႕မွလာတာလဲဆိုတာသိလား။ ေသခ်ာေပါက္အေထြထူးတစ္ခုခုရွိေနသလိုမ်ိဳး။"
"အာ သူတစ္ခါေျပာဖူးတယ္။ ဒီေန႕ကသူရဲ႕သားေလးေပ်ာက္သြားတဲ့ေန႕ဆိုလားပဲ။"
"သားေပ်ာက္သြားတဲ့ေန႕တဲ့လား။"
မိုးလအေမးကိုျပန္ေျဖလာေသာဆရာမႀကီး၏စကားအဆုံးတြင္မိုးလခပ္တိုးတိုးေရ႐ြတ္မိစဥ္မွာပဲ
"ဆရာမႀကီး ခုနကကေလးတစ္ေယာက္လက္မွာမီးပူေလာင္ထားတဲ့ဒဏ္ရာရွိေနလို႔လာၾကည့္ရမယ္ထင္တယ္။"
ဦးေလးႀကီး၏စကားေၾကာင့္ဆရာမႀကီးကမိုးလကိုၾကည့္လာ၍မိုးလလည္းျမင္ေနရသည့္စားပြဲေပၚမွအေရးေပၚေဆးေသတၱာကိုယူလိုက္ၿပီး
"ကြၽန္ေတာ္လိုက္ၾကည့္ေပးမွာမို႔လို႔သြားရေအာင္ဆရာမႀကီး။"
မိုးလစကားအဆုံးတြင္ဆရာမႀကီးကမိုးလ၏စကားကိုၾကား၍အရင္ထြက္သြားၿပီျဖစ္ေသာဦးေလးႀကီး၏ေနာက္သို႔လိုက္သြားသျဖင့္မိုးလလည္းအေရးေပၚေဆးေသတၱာကိုကိုင္ကာသူတို႔ႏွစ္ေယာက္ေနာက္အျမန္လိုက္လာခဲ့သည္။ ဦးေလးႀကီးေခၚသြားသည့္ထိုကေလးႏွစ္ေယာက္ရွိေနေသာအခန္းထဲသို႔မိုးလဝင္လိုက္ေတာ့ျမင္လိုက္ရသည္ကမီးေလာင္ဒဏ္ရာရေနသည့္ကေလး၏လက္ကိုကိုင္ကာအသာမႈတ္ေပးရင္းဘာမွမျဖစ္ေၾကာင္းႏွစ္သိမ့္ေပးေနေသာအျခားကေလးတစ္ေယာက္ကိုေတြ႕လိုက္ရ၍
လြန္ခဲ့ေသာထိုႏွစ္မ်ားစြာကမိုးလနဲ႕သူ႕ကိုသြားေျပးျမင္မိေတာ့စိတ္ထဲတြင္ေပ်ာ္လာသည္။
မိုးလ၏စိတ္ထဲကအေပ်ာ္သည္လက္ေတြ႕သူ႕မ်က္ႏွာတြင္အၿပဳံးတစ္ခုအျဖစ္သြားထင္ဟပ္သည္ကိုဆရာမႀကီးျမင္လိုက္မိသည္။
"ကဲ ကဲ ႏွစ္ေယာက္လုံးစိတ္မေကာင္းမျဖစ္ရေအာင္ဦးေလးကအေကာင္းဆုံးကုသေပးမွာဆိုေတာ့ဦးေလးကိုယုံၾကည္တယ္မလား။"
"ဟုတ္။ ဘာမွမျဖစ္ဘူးေနာ္။ ခဏေလးပဲ ခဏေလးနည္းနည္းေလးနာေလာက္မွာ။"
မိုးလ၏စကားကိုလက္မထိေသာေကာင္ေလးကျပန္ေျဖရင္းဒဏ္ရာနဲ႕ေကာင္ေလးကိုေသခ်ာထပ္ႏွစ္သိမ့္ေပးေနသည္။မိုးလလည္းေကာင္ေလး၏ႏွစ္သိမ့္စကားဆုံးသည္ႏွင့္က်န္ေကာင္ေလး၏လက္ကဒဏ္ရာကိုၾကည့္လိုက္သည္။
အေရးျပားအေပၚယံသာမီးဟက္ျခင္းျဖစ္၍ခ်ဳပ္စရာမလိုပဲေဆးထည့္ၿပီးဒဏ္ရာပတ္လည္ကိုသာေဆးထည့္ေပးလိုက္ၿပီးေနာက္ရက္တြင္သာအမာ႐ြတ္မက်န္ေအာင္ေဆးေသခ်ာထပ္လိမ္းေပးရန္မိုးလမွာၿပီးအမာ႐ြတ္ေပ်ာက္ေဆးဗူးပါတစ္ခါတည္းေပးခဲ့လိုက္ၿပီးဆရာမႀကီးနဲ႕အတူေဆးေပးခန္းသို႔ျပန္ေလွ်ာက္လာခဲ့သည့္လမ္းတြင္
"အဲကေလးေတြကိုၾကည့္ရင္းမင္းတို႔ငယ္ငယ္ကိုျပန္ေတြးေနမိတယ္မလား။"
ဆရာမႀကီးအေမးေၾကာင့္မိုးလ,ဆရာမႀကီးကိုအံ့ၾသေနသည့္မ်က္ႏွာျဖင့္ၾကည့္လိုက္ေတာ့
"ခုနကသူတို႔ေလးေတြကိုၾကည့္ၿပီးမင္းမ်က္ႏွာကၿပဳံးေယာင္သန္းသြားတာကိုဆရာမႀကီးေတြ႕လိုက္တယ္ေလ။ ဒါနဲ႕မင္းတို႔ႏွစ္ေယာက္တကယ္ပဲမေတြ႕ျဖစ္ၾကေတာ့တာလား။"
"ဟုတ္ပါတယ္ ဆရာမႀကီး။ ကြၽန္ေတာ္တို႔မေတြ႕ျဖစ္တာဆယ္စုႏွစ္ႏွစ္စုမကေတာ့ပါဘူး။"
ဆရာမႀကီး၏အေမးကိုေျဖလိုက္ေတာ့ဆရာမႀကီးကမိုးလကိုအားနာသြားသည့္အၿပဳံးမ်ိဳးျဖင့္ၿပဳံးျပလိုက္ၿပီး
"သူကေတာ့မင္းတို႔ေတြကျပန္မဆုံနိုင္ေတာ့လမ္းကိုယ္စီကိုေလွ်ာက္ေနၿပီမို႔လို႔မဆုံနိုင္ေတာ့ဘူးလို႔ေျပာသြားေပမယ့္ဘယ္သူသိနိုင္မွာလဲအဲလမ္းေတြရဲ႕ဦးတည္ရာကကိုယ္စီကိုျဖစ္ေနခဲ့ရင္ျပန္မေတြ႕နိုင္ေလာက္ဘူးကြယ္။"
"ဆရာမႀကီး သူလာသြားေသးတာလား။"
ဆရာမႀကီး၏စကားအဆုံးတြင္မိုးလခပ္သြက္သြက္ေမးမိေတာ့ဆရာမႀကီးကေခါင္းညိတ္ၿပီး
"ဒီကထြက္သြားကတည္းကျပန္မေပၚလာခဲ့တဲ့သူကအၿမဲလိုလိုေတာ့လူကိုယ္တိုင္မလာေပမယ့္ဒီကိုအၿမဲအလႉအဒါန္းလုပ္ေပးေနတုန္းေလ။ ဒါေပမယ့္ဟိုတေလာကေတာ့ထူးထူးဆန္းဆန္းလူကိုယ္တိုင္ေပၚလာခဲ့ေသးတယ္။"
"ဟုတ္လား ဆရာမႀကီး။ သူ႕ပုံစံကေတာ္ေတာ္ေျပာင္းလဲသြားေလာက္ၿပီေပါ့ေနာ္။"
"ေျပာင္းလဲသြားတယ္ဆိုေပမယ့္ေတြ႕ရင္ေတာ့မွတ္မိမွာပါ။"
မိုးလအေမးကိုျပန္ေျဖလာသည့္ဆရာမႀကီး၏စကားကိုမိုးလျပန္ေျပာနိုင္စရာမရွိေတာ့စဥ္ေဆးေပးခန္းထဲသို႔ေဆးအိတ္ႀကီးကိုလြယ္ကာေျပးဝင္သြားသည့္တူေတာ္ေမာင္,ေသာ္ကိုေတြ႕လိုက္ရ၍ေဆးေပးခန္းသို႔ေရာက္ရန္မိုးလေျခလွမ္းတို႔ကိုျမန္ျမန္လွမ္းလိုက္သည္။
မိုးလေျခလွမ္းတို႔ျမန္ေသာ္လည္းတဇြတ္ထိုးတလြဲေလးကိုမမွီလိုက္ကာမိုးလ,ေဆးေပးခန္းထဲေရာက္ေတာ့
"ေျပာမွာလား မေျပာဘူးလား။"
ဟုေဒါသတႀကီးဆိုေနေသာတူေတာ္ေမာင္နဲ႕ညာဘက္လက္ေကာက္ဝတ္ကိုဘယ္လက္ျဖင့္ကိုင္ကာနာက်င္ေနပုံရေသာစိုးမိုးထိုက္တို႔ႏွစ္ေယာက္အျဖစ္အပ်က္ကိုမိုးလေတြ႕လိုက္ရေလသည္။
_________________
အခ်ိန္တခ်ိဳ႕ေက်ာ္လြန္လားရင္းနဲ႕အဆုံးကိုေရာက္လာမွာလား။ ေသခ်ာေပါက္မကြဲျပားေပမယ့္လိပ္တစ္ေကာင္လို႔ႏွေးေကြးရင္းနဲ႕(၄၀)ဆိုတဲ့အပိုင္းကိုေတာ့ေရာက္လာပါၿပီ။
ဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းကိုေက်းဇူးတင္ပါတယ္။ေနာက္အပိုင္းေတြလည္းဆက္ၿပီးဖတ္ေပးၾကဖို႔ေမွ်ာ္လင့္ပါတယ္။
ေနာက္ဆုံးပိုင္းထိအတူတူသြားေပးၾကမွာကိုလည္းနည္းနည္းေမွ်ာ္လင့္လွ်က္ ~.~
With Love,
PurpleNwayW
_________________