အပိုင်း (၁၄၁)မီးပုံးပွဲတော် -2
ရှောင်ဟန်က ဒီတစ်ညထဲတွင် သူဘယ်လောက်စကားလုံးရေများများ ပြောပြီးပြီလဲဆိုတာကို မမှတ်မိနိုင်တော့ပေ။ သူသိတာက သူက ဒီနေ့ညမှာ သူစကားအများကြီး ပြောခဲ့ရတယ်ဆိုတာပါပဲ။
ကလေးတွေက အရမ်းစူးစမ်းလွန်းတယ်။ သူတို့လေးတွေက စားစရာအသစ်တစ်ခုကို တွေ့တာနဲ့ မြည်းကြည့်ချင်နေကျပြီး ကစားစရာ နောက်တစ်မျိုးတွေ့တာနဲ့ အဲတာကို လိုချင်လာကျတယ်။ ဒါပေါ့ အဲတာက မထူးဆန်းပေမယ့် ပိုင်လီကပါ သူတို့လိုဖြစ်နေတာပါပဲ။
သူက အရမ်း မှတ်ဉာဏ်ကောင်းလို့ပဲ ပြောရမလား မသိပေမယ့် ကလေးတွေ မစားရသေးတဲ့ မုန်တစ်မျိုးမျိုးတွေ့တာနဲ့ ကလေးတွေကို ဒါကမစားရသေးကြောင်းနဲ့ မြည်းကြည့်ကျဖို့ ပြောလာလိမ့်မယ်။ ကစားစရာတွေ တွေ့ရင်လည်း ထိုအတိုင်းပဲ။ ကလေးတွေမှာ မရှိသေးရင် အဲတာက မရှိသေးလို့ လိုချင်ကျလားဆိုပြီး မေးလာပါလိမ့်မယ်။
ပြီးတော့ အဲတာက ကလေးတွေတင် မဟုတ်ပါဘူး။ ဆိပ်ကမ်းမြို့လို ကုန်သွယ်မှုဖြစ်ထွန်းတဲ့ မြို့ရဲ့ မီးပုံးပွဲတော်က စည်ကားပြီး အသက်ဝင်လွန်းလှတယ်လေ။
ဒါကပြဿနာမဟုတ်ပေမယ့် ပြဿနာက ပိုင်လီက စျေးတန်းမှာရောင်းနေတဲ့ လှပတဲ့မီးပုံးတွေနဲ့ ပစ္စည်းတချို့ကို ရှောင်ဟန်ကို အတင်းဝယ်ပေးချင်နေခဲ့တာပါပဲ။
ရှောင်ဟန်က သူ့အတွက် မလိုအပ်ဘူးဟု ဆိုခဲ့ပေမယ့် ပိုင်လီကတော့ တချို့ကိုဝယ်သင့်သည်ဟု အကြောင်းပြချက်တွေပါ ပေးနေခဲ့၍ ဒီအတွက် သူတို့က တိုးတိုးတိတ်တိတ်နဲ့ ငြင်းခုန်ခဲ့ကျရပြီး သူတို့ကို ဘေးကနေ ကြည့်နေမယ်ဆိုရင်တော့ သူတို့က တီးတိုးတီးတိုးနဲ့ ချစ်ကြည်နူးနေတဲ့ စုံတွဲနှင့်ပင် ဆင်တူနေလိမ့်ပေမည်။
မီးပုံးပွဲတော်နေ့ညမှာ အတူတူ အလည်ပတ်ထွက်လာတဲ့ စုံတွဲတွေများလှပေမယ့် သူတို့လို လူကြားထဲမှာ နီးနီးကပ်ကပ် နေဝံ့တဲ့လူတွေကတော့ ရှားလှတာဖြစ်လို့ လူတချို့က သူတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေခဲ့ကျပေမယ့် သူတို့အရေးသူတို့ ငြင်းခုန်နေကျတဲ့ လူနှစ်ယောက်က ဒါကိုသတိမထားကျတာကတော့ စိတ်မကောင်းစရာပါပဲ။ မဟုတ်ရင် ရှောင်ဟန်ကရှက်သွားမှာ သေချာတယ်။
နောက်တော့ ချောင်ရန်က ကလေးတစ်စုကို ကပြနေသည့် လမ်းဘေးသဘင်သည်တွေနား ခေါ်သွားခဲ့တာမလို့ ငြင်းခုန်နေသည့် ထိုနှစ်ယောက်လည်း ပါသွားခဲ့ရတော့၏။ ထိုကဲ့သို့ ကပြနေသည့် လူတွေနားတွင် လူအုပ်ကြီး ဖြစ်နေတတ်သောကြောင့် ပိုင်လီကအသေးလေးတွေ မြင်ရအောင် ချီထားပေးခဲ့သည်။ ချောင်ရန်ကလည်း ချောင်ချင်းချင်းလေးကို ချီထားခဲ့ပြီး ဒီအဖေတွေက အရမ်းအလိုလိုက်စွာနဲ့ သဘင်သည်တွေကို ငွေထည့်ဖို့တောင် ကလေးတွေကို ခွင့်ပြုပေးခဲ့ကျပါတယ်။
နောက် ထပ်ပြီး သူတို့က အကအဖွဲ့အများကြီးကို သွားရောက်ကြည့်ခဲ့ကျကာ အဲတာတွေက မီးမှုတ်တဲ့အကတွေ၊ ဓားသိုင်းအကတွေနဲ့ တခြား အကပေါင်းများစွာလည်းရှိခဲ့သည်ပင်။
သူတို့တွေ စျေးတန်းထဲမှာ အားရအောင်လည်ပတ်ပြီးနောက်တော့ ကြာပန်းမီးအိမ်လေးတွေ ဝယ်ယူကာ ကမ်းစပ်မှာ ဆုတောင်းစာတွေမျောဖို့ သွားခဲ့ကျသေးပြီး ပိုင်လီက ကလေးတွေရဲ့ဆုတောင်းလေးတွေကို ရေးပေးဖို့ တာဝန်ယူခဲ့လေသည်။
ချောင်ချင်းချင်းရဲ့ဆုတောင်းနဲ့ ရှောင်ဝူလေးရဲ့ဆုတောင်းတို့က ရိုးရှင်းလှပြီး ချောင်းချင်းချင်းက သူမက မိန်းမလှလေး ဖြစ်ရပါစေဆိုသည့် စာလေးရေးခိုင်းခဲ့ကာ ရှောင်ဝူလေးကတော့ ကျွဲအိမ်မှာ စူးစူးတွေအများကြီး ထပ်ရောက်လာပါစေဆိုသည့် ဆုတောင်းစာလေးကို ရေးခိုင်းခဲ့ပေသည်။
ပိုင်လီက ဒီဆုတောင်းတွေအတွက် ရယ်ရခက်ငိုရခက်ဖြစ်သွားပေမယ့် သူက သူတို့လေးတွေစိတ်တိုင်းကျ ရေးပေးခဲ့လိုက်ပါတယ်။
ရှောင်ဖူလေးရဲ့ အလှည့်ကို ရောက်တဲ့အခါမှာတော့ ထိုကောင်လေးက မစဥ်းစားနိုင် ဖြစ်နေခဲ့တာကြောင့် ပိုင်လီက...
"ရှောင်ဖူလေး သားမှာ လိုချင်တာတစ်ခုခု ဒါမှမဟုတ် ဖြစ်ချင်တာတစ်ခုခုလောက် မရှိဘူးလား "
ဒါကိုကြားတော့ ရှောင်ဖူက သူ့အဖေကို ခေါင်းလေးစောင်းကာ ကြည့်လိုက်သော်လည်း သူကညပြန်ဖြေစရာမရှိ ဖြစ်နေခဲ့ပေသည်။
သူလိုချင်တာမှန်သမျှကို သူ့အဖေက ဝယ်ပေးနေတာပဲမဟုတ်ဘူးလား။ သူ ဆုတောင်းစရာလိုသေးလို့လား။
တကယ်တော့ ဒီကောလေးတွေက သုံးနှစ်သာရှိသေးပြီး အရမ်းသေး၍ လေးနက်သည့် ဆုတောင်းများကို မတွေးနိုင်ကျသေးတာဖြစ်သည်။ ဒါကြောင့်ပဲ ပိုင်လီက အနည်းငယ်စဥ်းစားလိုက်ပြီး ပြောလိုက်ပါတယ်။
"ဒါဆို.. သားက နောက်နှစ်ကျ ဝမ်းကွဲညီလေးနဲ့ မီးပုံးပွဲတော်ကို လာလည်ချင်တယ်မလား အဲတာကိုရေးရင်ရော ဘယ်လိုလဲ"
ဒါကိုကြားတော့ ရှောင်ဖူက ချက်ခြင်းတတ်ကြွသွားပြီး သူလေးက ချက်ခြင်းပြောလေသည်။
"ဟုတ်တယ် သားက နောက်ကျ တိတိလေးနဲ့ လာချင်တယ်! အဖေအဲတာကိုရေးပေးပါ!"
ထိုသို့ ပြောပြီးနောက်မှ ရှောင်ဖူသည် တစ်ခုခုကိုသတိရသွားပုံနှင့်..
" မဟုတ်ဘူး မဟုတ်ဘူး တိတိလေးက နှစ်ယောက်!"
စုရှီသည်လည်း သိပ်မကြာခင် မွေးတော့မှာဖြစ်၍ ပိုင်လီက ရှောင်ဖူဆိုလိုချင်တာကို သိပေသည်။ သူက သူ့သားကြီးစိတ်တိုင်းကျ ဆုတောင်းစာလေးကို ရေးပေးလိုက်ပြီး ပေးလိုက်ပါတယ်။ ပိုင်မိန်အတွက်ကတော့ ထိုကောင်မလေးက သူမရဲ့ဆုတောင်းကို သူမဘာသာ ရေးခဲဲ့ပြီးဖြစ်လို့ ပိုင်လီရဲ့အကူညီကို မလိုတော့ပါဘူး။
ဒီတော့ ပိုင်လီက ကမ်းစပ်မှာ လူတွေက မီးအိမ်လေးတွေမျောနေတဲ့ မြင်ကွင်းကို ငေးနေတဲ့ သူ့ဇနီးလေးကို လှမ်းကြည့်ပြီး ပြောလိုက်တော့တယ်။
"ရှောင်ဟန်... မင်းရဲ့အလှည့်ရောက်ပြီ ပြော ကိုယ်ဘာရေးပေးရမလဲ"
ပိုင်လီက ဒီကနေ သူ့ဇနီးလေး၏ဆန္ဒတချို့ကို သိရရန် ရည်ရွယ်ချက်ရှိနေပေသည်။
ဘာလို့ သူကရေးပေးရမှာလဲဆိုတော့ သူ့ဇနီးလေးက စာမရေးသေးလို့ပါပဲ။ ဒီအတွက် ပိုင်လီက နောက်ပိုင်းမှာ သူ့ဇနီးလေးကို သင်သွားပေးဖို့ ရည်ရွယ်ထားတာလည်းရှိပါတယ်။
ရှောင်ဟန်က သူ့ခင်ပွန်းစကားကြောင့် ဆုတောင်းစာတွေ မျောနေတဲ့ လူတွေကို ကြည့်နေခြင်းက ရပ်လိုက်ပြီး သူ့ခင်ပွန်းကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်လေသည်။ တကယ်တော့ သူကလည်း ဘာဆုတောင်းရင် ကောင်းမလဲလို့ စဥ်းစားနေခဲ့တာဖြစ်ပေမယ့် အဖြေတော့ ပြန်မရလာခဲ့ပါဘူး။
အရင်ကဆိုရင်တော့ သေချာပေါက် သူ့သားလေးတွေ လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန်နေရဖို့ ဆုတောင်းခဲ့မှာ ဖြစ်ပေမယ့် အခုတော့ အဲတာကဆုတောင်းစရာ မလိုလောက်တော့တဲ့အပြင် သူ့တို့ဘဝတွေက အရမ်းကောင်းမွန်လာလို့ သူ့မှာ ဆုတောင်းစရာတောင် စဥ်းစားမရတော့ဘူးလေ။
သူ ဘာဆုတောင်းသင့်လဲ။ သူ့ခင်ပွန်းက ကလေးတွေကို အရမ်းအလိုမလိုက်ဖို့များ ဆုတောင်းလိုက်သင့်လား။
သို့သော် ရှောင်ဟန်က ထိုအတွေးကို ချက်ခြင်း မောင်းထုတ်လိုက်ပေသည်။ သူက မတော်တဆအနေနဲ့တောင် သူ့ခင်ပွန်း ပြန်ပြောင်းလဲသွားမှာကို စိုးရိမ်စိတ် ရှိနေစဲဖြစ်ပြီး သူ့ဆုတောင်းကြောင့် သူ့ခင်ပွန်းက ကလေးတွေအပေါ်ပြန်ပြီး မကြင်နာတော့မှာကိုကြောက်နေခဲ့သည်။
ပိုင်လီကတော့ ခုနက ရှောင်ဖူလေးလို ဘာဆုတောင်းရမှန်းမသိ ဖြစ်နေတဲ့ ကောင်လေးကိုကြည့်ကာ သူ့မျက်ဝန်းတို့က တောက်ပလာခဲ့လေ၏။ နောက်တော့ ပိုင်လီက အကြံနဲ့ပြောလိုက်လေသည်။
"မင်းမှာ ဆုတောင်းစရာမရှိရင်လည်း ကိုယ်ပဲ အစားရေးပေးလိုက်မယ်လေ ရတယ်မလား"
အဲဒီနောက် သူ့လက်တို့က အရမ်းမြန်ဆန်စွာနဲ့စကားလုံးတချို့ကို ချရေးလိုက်ပြီး စာရွက်ကိုခေါ်ကာ ကြာပန်းမီးအိမ်ထဲထည့်၍ ရှောင်ဟန်ကိုပေးလိုက်လေသည်။
ရှောင်ဟန် ကြောင်နေတုန်းမှာပဲ ပိုင်လီက သူ့အတွက်သူလည်း စာတချို့ရေးလိုက်ပြီး ကြာပန်းမီးအိမ်တစ်ခုနဲ့ ပြန်ရောက်ခဲ့ပါတယ်။ နောက်တော့ ကလေးတွေနဲ့အတူ ရှောင်ဟန်ကို ကမ်းစပ်ဆီခေါ်သွားခဲ့တော့တယ်။
ရှောင်ဟန်က သူ့ခင်ပွန်းရဲ့လုပ်ရပ်ကြောင့် ကြောင်သွားခဲ့ပေမယ့် သူက ဒါကို မငြင်းပါယ်ခဲ့ပါချေ။ သူ့ခင်ပွန်းက နောက်ပိုင်းမှာ သူတို့အပေါ်အရမ်းကောင်းပြီး သူတို့လိုအပ်သမျှတွေကို ဖြည့်ဆည်းပေးနေတာလေ။ ဒါက ဆုတောင်းခွင့်လေး တစ်ခုပါပဲ။ ဘာလို့ သူ့ခင်ပွန်းကို မပေးနိုင်ရမှာလဲ။
မလှမ်းမကမ်းက ချောင်ရန်နှင့်ဟုန်ရင်းသည် ပိုင်လီတို့က ကမ်းစပ်၌ ကလေးတွေနဲ့အတူ မီးအိမ်တွေမျောနေသည်ကို ကြည့်နေကျပြီး နောက်တော့ ချောင်ရန်က မနေနိုင်စွာနှင့် ပြောလာတော့သည်။
"ကိုယ်တို့လည်း ဘာလို့ မီးအိမ်တွေ မမျောကျမှာလဲ လာ ဆုတောင်းစာ သွားရေးရအောင်"
သို့ဖြင့် ချောင်ရန်က ဟုန်ရင်းကို ဆွဲခေါ်သွား၍ ဟုန်ရင်းကတော့ ပြောလိုက်၏။
"ချောင်မျိုးရိုး ရှင့်အသက်က ဒီလောက်ရှိနေပြီကို ရှင့်မှာ ဘာဆုတောင်းတွေများ ရှိနေသေးလို့တုန်း ဘာလဲဒုတိယဇနီးငယ်ငယ်လေးရဖို့ ဆုတောင်းမလို့လား"
ဒါကိုကြားတော့ ချောင်ရန်က ရယ်မောလိုက်၍...
"ဒါဆိုလည်း မင်းက ကိုယ်က ဇနီးတွေထပ်မယူပါစေနဲ့လို့ ပြန်ဆုတောင်းလိုပေါ့ကွာ ဟားဟား"
ဟုန်ရင်းကတော့ ဒီစကားကြောင့် သူမခင်ပွန်းကို မျက်စောင်းထိုးလိုက်လေသည်။ အဲဒီနောက် သူမကချောင်ရန်ရဲ့ရှေ့မှာပဲ သူမက အသက်ကြီးတဲ့ထိအရွယ်တင်နုပျိုပါရစေလို့ ဆုတောင်းစာ ရေးလိုက်ပါတယ်။
ဒါကိုတွေ့တော့ ချောင်ရန်က ရယ်နေ၍ သူကလည်း သူ့ဇနီးရှေ့မှာပင် အသက်ကြီးတဲ့ထိ ကျန်းမာသန်စွမ်းပါရစေလို့ ဆုတောင်းစာရေးလိုက်တော့တယ်။
အကယ်၍ သူတို့ရဲ့ဒီဆုတောင်းစာတွေကိုများ မြို့တော်မှာ နန်းတွင်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့သူတို့ရဲ့သားကြီးနဲ့ လက်ထပ်ဖို့ အရွယ်ရောက်နေတဲ့သူတို့ရဲ့ သမီးကြီးတို့သာ မြင်ရင် အဓိပ္ပါယ်ဖော်မရစွာပြုံးလာကျလောက်မှာပါ။
အဲဒီနောက် မီးအိမ်တွေ မျောပြီးနောက်မှာတော့ ပိုင်နဲ့ချောင် မိသားစုနှစ်ခုက ပြန်ဖို့အတွက် လမ်းခွဲလိုက်ကျပြီး ချောင်မိသားစုက ချောင်အိမ်ကိုပြန်သွားခဲ့ကျသလို ပိုင်မိသားစုကလည်း သူတို့ငှားထားတဲ့တည်းခိုအိမ်သို့ ပြန်လာခဲ့ကျတော့သည်။
ပိုင်လီတို့မိသားစုက တည်းခိုအိမ်ရဲ့ ငါးထပ်ကနေ မီးပုံးတွေရဲ့အလင်းရောင်ကြောင့် လှပအသက်ဝင်နေတဲ့ ဆိပ်ကမ်းမြို့ရဲ့အလှကို ခဏလောက်ကြည့်ခဲ့ကျသေးပြီး နောက်တော့ ညလည်းနက်နေပြီဖြစ်၍ ပိုင်မိန်နှင့်အသေးလေးတွေက အိပ်ယာဝင်သွားခဲ့ကျတော့၏။
ပိုင်လီက အသေးလေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ ရှောင်ဟန်ကို ပြောလိုက်သည်။
"အကယ်၍ မင်းမအိပ်ချင်သေးရင် ကိုယ်နဲ့အပြင်မှာ ခဏလောက်ထိုင်ရအောင်လေ"
ရှောင်ဟန်က ဒီဖိတ်ခေါ်မှုကို မငြင်းခဲ့ပါချေ။ သူက ကလေးတွေကို ရှင်းလုတို့နှင့်ထားခဲ့ပြီးနောက် သူ့ခင်ပွန်းနောက်ကနေ လိုက်ထွက်လာခဲ့ပါတယ်။
ပိုင်လီက သူ့ဇနီ၏လေးနဲ့အတူ ဝရံတာဘက်ဆီကို အလျှင်မလိုစွာလျှောက်သွားခဲ့၍ သူတို့က ခုထိလှုပ်ရှားအသက်ဝင်နေစဲ လမ်းမတွေကို ခဏလောက်ကြည့်နေခဲ့ပြီးမှ ပိုင်လီက...
"ရှောင်ဟန်.. မင်း အခုနောက်ပိုင်းကို ဘယ်လိုထင်လဲ"
ဒီရုတ်တရက်ဆန်သော မေးခွန်းကြောင့် ရှောင်ဟန်က သူ့ခင်ပွန်းကို ချက်ခြင်းကြည့်လိုက်မိ၏။
လရောင်သည် တည်းခိုအိမ်၏ ဝရံတာဘက်သို့ ကျရောက်လျက်ရှိပြီး လမ်းမများထက်က မီးပုံးများစွာ၏ အရောင်များသည်လည်း ငါးထပ်မြောက်ထိပင် အလင်းများ ထင်ဟပ်လျက်ရှိပေသည်။ ဒီအလင်းရောင်နှစ်ခု ပေါင်းစပ်နေတာက အလွန်ကိုလှပလွန်းပါတယ်။
ပိုင်လီက သူ့ဇနီးလေး သူ့ကိုကြည့်နေတာ သတိထားမိတော့ ပြန်ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။
ထိုအခိုက်တန့်မှာပဲ လေတစ်ဝှေ့ တိုက်ခက်သွားလို့ တည်းခိုအိမ်မှာ ထွန်းထားတဲ့ မီးပုံးလေးတွေကလည်း အနည်းငယ် လှုပ်ခက်သွားခဲ့လေသည်။
ရှောင်ဟန်က သူ့ခင်ပွန်းရဲ့ အေးဆေးတည်ငြိမ်တဲ့အမူရာနဲ့ နူးညံ့တဲ့အပြုံးကိုကြည့်ပြီး ဘာကိုမေးနေတာမှန်း ချက်ခြင်း သဘောပေါက်သွားသလိုပါပဲ။ ဒါကြောင့် သူက ပြန်ဖြေခဲ့လိုက်တယ်။
"အဲတာက...
အရမ်းကောင်းပါတယ်"
.................................................
(AN/ paid မှာဇာတ်သိမ်းထိ4500နဲ့ဖတ်လို့ရပါပြီ။)
###
အပိုင္း (၁၄၁)မီးပုံးပြဲေတာ္ -2
ေရွာင္ဟန္က ဒီတစ္ညထဲတြင္ သူဘယ္ေလာက္စကားလုံးေရမ်ားမ်ား ေျပာၿပီးၿပီလဲဆိုတာကို မမွတ္မိနိုင္ေတာ့ေပ။ သူသိတာက သူက ဒီေန႕ညမွာ သူစကားအမ်ားႀကီး ေျပာခဲ့ရတယ္ဆိုတာပါပဲ။
ကေလးေတြက အရမ္းစူးစမ္းလြန္းတယ္။ သူတို႔ေလးေတြက စားစရာအသစ္တစ္ခုကို ေတြ႕တာနဲ႕ ျမည္းၾကည့္ခ်င္ေနက်ၿပီး ကစားစရာ ေနာက္တစ္မ်ိဳးေတြ႕တာနဲ႕ အဲတာကို လိုခ်င္လာက်တယ္။ ဒါေပါ့ အဲတာက မထူးဆန္းေပမယ့္ ပိုင္လီကပါ သူတို႔လိုျဖစ္ေနတာပါပဲ။
သူက အရမ္း မွတ္ဉာဏ္ေကာင္းလို႔ပဲ ေျပာရမလား မသိေပမယ့္ ကေလးေတြ မစားရေသးတဲ့ မုန္တစ္မ်ိဳးမ်ိဳးေတြ႕တာနဲ႕ ကေလးေတြကို ဒါကမစားရေသးေၾကာင္းနဲ႕ ျမည္းၾကည့္က်ဖိဳ႕ ေျပာလာလိမ့္မယ္။ ကစားစရာေတြ ေတြ႕ရင္လည္း ထိုအတိုင္းပဲ။ ကေလးေတြမွာ မရွိေသးရင္ အဲတာက မရွိေသးလို႔ လိုခ်င္က်လားဆိုၿပီး ေမးလာပါလိမ့္မယ္။
ၿပီးေတာ့ အဲတာက ကေလးေတြတင္ မဟုတ္ပါဘူး။ ဆိပ္ကမ္းၿမိဳ႕လို ကုန္သြယ္မႈျဖစ္ထြန္းတဲ့ ၿမိဳ႕ရဲ႕ မီးပုံးပြဲေတာ္က စည္ကားၿပီး အသက္ဝင္လြန္းလွတယ္ေလ။
ဒါကျပႆနာမဟုတ္ေပမယ့္ ျပႆနာက ပိုင္လီက ေစ်းတန္းမွာေရာင္းေနတဲ့ လွပတဲ့မီးပုံးေတြနဲ႕ ပစၥည္းတခ်ိဳ႕ကို ေရွာင္ဟန္ကို အတင္းဝယ္ေပးခ်င္ေနခဲ့တာပါပဲ။
ေရွာင္ဟန္က သူ႕အတြက္ မလိုအပ္ဘူးဟု ဆိုခဲ့ေပမယ့္ ပိုင္လီကေတာ့ တခ်ိဳ႕ကိုဝယ္သင့္သည္ဟု အေၾကာင္းျပခ်က္ေတြပါ ေပးေနခဲ့၍ ဒီအတြက္ သူတို႔က တိုးတိုးတိတ္တိတ္နဲ႕ ျငင္းခုန္ခဲ့က်ရၿပီး သူတို႔ကို ေဘးကေန ၾကည့္ေနမယ္ဆိုရင္ေတာ့ သူတို႔က တီးတိုးတီးတိုးနဲ႕ ခ်စ္ၾကည္ႏူးေနတဲ့ စုံတြဲႏွင့္ပင္ ဆင္တူေနလိမ့္ေပမည္။
မီးပုံးပြဲေတာ္ေန႕ညမွာ အတူတူ အလည္ပတ္ထြက္လာတဲ့ စုံတြဲေတြမ်ားလွေပမယ့္ သူတို႔လို လူၾကားထဲမွာ နီးနီးကပ္ကပ္ ေနဝံ့တဲ့လူေတြကေတာ့ ရွားလွတာျဖစ္လို႔ လူတခ်ိဳ႕က သူတို႔ကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနခဲ့က်ေပမယ့္ သူတို႔အေရးသူတို႔ ျငင္းခုန္ေနက်တဲ့ လူႏွစ္ေယာက္က ဒါကိုသတိမထားက်တာကေတာ့ စိတ္မေကာင္းစရာပါပဲ။ မဟုတ္ရင္ ေရွာင္ဟန္ကရွက္သြားမွာ ေသခ်ာတယ္။
ေနာက္ေတာ့ ေခ်ာင္ရန္က ကေလးတစ္စုကို ကျပေနသည့္ လမ္းေဘးသဘင္သည္ေတြနား ေခၚသြားခဲ့တာမလို႔ ျငင္းခုန္ေနသည့္ ထိုႏွစ္ေယာက္လည္း ပါသြားခဲ့ရေတာ့၏။ ထိုကဲ့သို႔ ကျပေနသည့္ လူေတြနားတြင္ လူအုပ္ႀကီး ျဖစ္ေနတတ္ေသာေၾကာင့္ ပိုင္လီကအေသးေလးေတြ ျမင္ရေအာင္ ခ်ီထားေပးခဲ့သည္။ ေခ်ာင္ရန္ကလည္း ေခ်ာင္ခ်င္းခ်င္းေလးကို ခ်ီထားခဲ့ၿပီး ဒီအေဖေတြက အရမ္းအလိုလိုက္စြာနဲ႕ သဘင္သည္ေတြကို ေငြထည့္ဖို႔ေတာင္ ကေလးေတြကို ခြင့္ျပဳေပးခဲ့က်ပါတယ္။
ေနာက္ ထပ္ၿပီး သူတို႔က အကအဖြဲ႕အမ်ားႀကီးကို သြားေရာက္ၾကည့္ခဲ့က်ကာ အဲတာေတြက မီးမႈတ္တဲ့အကေတြ၊ ဓားသိုင္းအကေတြနဲ႕ တျခား အကေပါင္းမ်ားစြာလည္းရွိခဲ့သည္ပင္။
သူတို႔ေတြ ေစ်းတန္းထဲမွာ အားရေအာင္လည္ပတ္ၿပီးေနာက္ေတာ့ ၾကာပန္းမီးအိမ္ေလးေတြ ဝယ္ယူကာ ကမ္းစပ္မွာ ဆုေတာင္းစာေတြေမ်ာဖို႔ သြားခဲ့က်ေသးၿပီး ပိုင္လီက ကေလးေတြရဲ႕ဆုေတာင္းေလးေတြကို ေရးေပးဖို႔ တာဝန္ယူခဲ့ေလသည္။
ေခ်ာင္ခ်င္းခ်င္းရဲ႕ဆုေတာင္းနဲ႕ ေရွာင္ဝူေလးရဲ႕ဆုေတာင္းတို႔က ရိုးရွင္းလွၿပီး ေခ်ာင္းခ်င္းခ်င္းက သူမက မိန္းမလွေလး ျဖစ္ရပါေစဆိုသည့္ စာေလးေရးခိုင္းခဲ့ကာ ေရွာင္ဝူေလးကေတာ့ ကြၽဲအိမ္မွာ စူးစူးေတြအမ်ားႀကီး ထပ္ေရာက္လာပါေစဆိုသည့္ ဆုေတာင္းစာေလးကို ေရးခိုင္းခဲ့ေပသည္။
ပိုင္လီက ဒီဆုေတာင္းေတြအတြက္ ရယ္ရခက္ငိုရခက္ျဖစ္သြားေပမယ့္ သူက သူတို႔ေလးေတြစိတ္တိုင္းက် ေရးေပးခဲ့လိုက္ပါတယ္။
ေရွာင္ဖူေလးရဲ႕ အလွည့္ကို ေရာက္တဲ့အခါမွာေတာ့ ထိုေကာင္ေလးက မစဥ္းစားနိုင္ ျဖစ္ေနခဲ့တာေၾကာင့္ ပိုင္လီက...
"ေရွာင္ဖူေလး သားမွာ လိုခ်င္တာတစ္ခုခု ဒါမွမဟုတ္ ျဖစ္ခ်င္တာတစ္ခုခုေလာက္ မရွိဘူးလား "
ဒါကိုၾကားေတာ့ ေရွာင္ဖူက သူ႕အေဖကို ေခါင္းေလးေစာင္းကာ ၾကည့္လိုက္ေသာ္လည္း သူကညျပန္ေျဖစရာမရွိ ျဖစ္ေနခဲ့ေပသည္။
သူလိုခ်င္တာမွန္သမွ်ကို သူ႕အေဖက ဝယ္ေပးေနတာပဲမဟုတ္ဘူးလား။ သူ ဆုေတာင္းစရာလိုေသးလို႔လား။
တကယ္ေတာ့ ဒီေကာေလးေတြက သုံးႏွစ္သာရွိေသးၿပီး အရမ္းေသး၍ ေလးနက္သည့္ ဆုေတာင္းမ်ားကို မေတြးနိုင္က်ေသးတာျဖစ္သည္။ ဒါေၾကာင့္ပဲ ပိုင္လီက အနည္းငယ္စဥ္းစားလိုက္ၿပီး ေျပာလိုက္ပါတယ္။
"ဒါဆို.. သားက ေနာက္ႏွစ္က် ဝမ္းကြဲညီေလးနဲ႕ မီးပုံးပြဲေတာ္ကို လာလည္ခ်င္တယ္မလား အဲတာကိုေရးရင္ေရာ ဘယ္လိုလဲ"
ဒါကိုၾကားေတာ့ ေရွာင္ဖူက ခ်က္ျခင္းတတ္ႂကြသြားၿပီး သူေလးက ခ်က္ျခင္းေျပာေလသည္။
"ဟုတ္တယ္ သားက ေနာက္က် တိတိေလးနဲ႕ လာခ်င္တယ္! အေဖအဲတာကိုေရးေပးပါ!"
ထိုသို႔ ေျပာၿပီးေနာက္မွ ေရွာင္ဖူသည္ တစ္ခုခုကိုသတိရသြားပုံႏွင့္..
" မဟုတ္ဘူး မဟုတ္ဘူး တိတိေလးက ႏွစ္ေယာက္!"
စုရွီသည္လည္း သိပ္မၾကာခင္ ေမြးေတာ့မွာျဖစ္၍ ပိုင္လီက ေရွာင္ဖူဆိုလိုခ်င္တာကို သိေပသည္။ သူက သူ႕သားႀကီးစိတ္တိုင္းက် ဆုေတာင္းစာေလးကို ေရးေပးလိုက္ၿပီး ေပးလိုက္ပါတယ္။ ပိုင္မိန္အတြက္ကေတာ့ ထိုေကာင္မေလးက သူမရဲ႕ဆုေတာင္းကို သူမဘာသာ ေရးခဲဲ့ၿပီးျဖစ္လို႔ ပိုင္လီရဲ႕အကူညီကို မလိုေတာ့ပါဘူး။
ဒီေတာ့ ပိုင္လီက ကမ္းစပ္မွာ လူေတြက မီးအိမ္ေလးေတြေမ်ာေနတဲ့ ျမင္ကြင္းကို ေငးေနတဲ့ သူ႕ဇနီးေလးကို လွမ္းၾကည့္ၿပီး ေျပာလိုက္ေတာ့တယ္။
"ေရွာင္ဟန္... မင္းရဲ႕အလွည့္ေရာက္ၿပီ ေျပာ ကိုယ္ဘာေရးေပးရမလဲ"
ပိုင္လီက ဒီကေန သူ႕ဇနီးေလး၏ဆႏၵတခ်ိဳ႕ကို သိရရန္ ရည္႐ြယ္ခ်က္ရွိေနေပသည္။
ဘာလို႔ သူကေရးေပးရမွာလဲဆိုေတာ့ သူ႕ဇနီးေလးက စာမေရးေသးလို႔ပါပဲ။ ဒီအတြက္ ပိုင္လီက ေနာက္ပိုင္းမွာ သူ႕ဇနီးေလးကို သင္သြားေပးဖို႔ ရည္႐ြယ္ထားတာလည္းရွိပါတယ္။
ေရွာင္ဟန္က သူ႕ခင္ပြန္းစကားေၾကာင့္ ဆုေတာင္းစာေတြ ေမ်ာေနတဲ့ လူေတြကို ၾကည့္ေနျခင္းက ရပ္လိုက္ၿပီး သူ႕ခင္ပြန္းကို စိတ္ရႈပ္ေထြးစြာ ျပန္ၾကည့္လိုက္ေလသည္။ တကယ္ေတာ့ သူကလည္း ဘာဆုေတာင္းရင္ ေကာင္းမလဲလို႔ စဥ္းစားေနခဲ့တာျဖစ္ေပမယ့္ အေျဖေတာ့ ျပန္မရလာခဲ့ပါဘူး။
အရင္ကဆိုရင္ေတာ့ ေသခ်ာေပါက္ သူ႕သားေလးေတြ လုံလုံၿခဳံၿခဳံနဲ႕ ေကာင္းေကာင္းမြန္မြန္ေနရဖို႔ ဆုေတာင္းခဲ့မွာ ျဖစ္ေပမယ့္ အခုေတာ့ အဲတာကဆုေတာင္းစရာ မလိုေလာက္ေတာ့တဲ့အျပင္ သူ႕တို႔ဘဝေတြက အရမ္းေကာင္းမြန္လာလို႔ သူ႕မွာ ဆုေတာင္းစရာေတာင္ စဥ္းစားမရေတာ့ဘူးေလ။
သူ ဘာဆုေတာင္းသင့္လဲ။ သူ႕ခင္ပြန္းက ကေလးေတြကို အရမ္းအလိုမလိုက္ဖို႔မ်ား ဆုေတာင္းလိုက္သင့္လား။
သို႔ေသာ္ ေရွာင္ဟန္က ထိုအေတြးကို ခ်က္ျခင္း ေမာင္းထုတ္လိုက္ေပသည္။ သူက မေတာ္တဆအေနနဲ႕ေတာင္ သူ႕ခင္ပြန္း ျပန္ေျပာင္းလဲသြားမွာကို စိုးရိမ္စိတ္ ရွိေနစဲျဖစ္ၿပီး သူ႕ဆုေတာင္းေၾကာင့္ သူ႕ခင္ပြန္းက ကေလးေတြအေပၚျပန္ၿပီး မၾကင္နာေတာ့မွာကိုေၾကာက္ေနခဲ့သည္။
ပိုင္လီကေတာ့ ခုနက ေရွာင္ဖူေလးလို ဘာဆုေတာင္းရမွန္းမသိ ျဖစ္ေနတဲ့ ေကာင္ေလးကိုၾကည့္ကာ သူ႕မ်က္ဝန္းတို႔က ေတာက္ပလာခဲ့ေလ၏။ ေနာက္ေတာ့ ပိုင္လီက အႀကံနဲ႕ေျပာလိုက္ေလသည္။
"မင္းမွာ ဆုေတာင္းစရာမရွိရင္လည္း ကိုယ္ပဲ အစားေရးေပးလိုက္မယ္ေလ ရတယ္မလား"
အဲဒီေနာက္ သူ႕လက္တို႔က အရမ္းျမန္ဆန္စြာနဲ႕စကားလုံးတခ်ိဳ႕ကို ခ်ေရးလိုက္ၿပီး စာ႐ြက္ကိုေခၚကာ ၾကာပန္းမီးအိမ္ထဲထည့္၍ ေရွာင္ဟန္ကိုေပးလိုက္ေလသည္။
ေရွာင္ဟန္ ေၾကာင္ေနတုန္းမွာပဲ ပိုင္လီက သူ႕အတြက္သူလည္း စာတခ်ိဳ႕ေရးလိုက္ၿပီး ၾကာပန္းမီးအိမ္တစ္ခုနဲ႕ ျပန္ေရာက္ခဲ့ပါတယ္။ ေနာက္ေတာ့ ကေလးေတြနဲ႕အတူ ေရွာင္ဟန္ကို ကမ္းစပ္ဆီေခၚသြားခဲ့ေတာ့တယ္။
ေရွာင္ဟန္က သူ႕ခင္ပြန္းရဲ႕လုပ္ရပ္ေၾကာင့္ ေၾကာင္သြားခဲ့ေပမယ့္ သူက ဒါကို မျငင္းပါယ္ခဲ့ပါေခ်။ သူ႕ခင္ပြန္းက ေနာက္ပိုင္းမွာ သူတို႔အေပၚအရမ္းေကာင္းၿပီး သူတို႔လိုအပ္သမွ်ေတြကို ျဖည့္ဆည္းေပးေနတာေလ။ ဒါက ဆုေတာင္းခြင့္ေလး တစ္ခုပါပဲ။ ဘာလို႔ သူ႕ခင္ပြန္းကို မေပးနိုင္ရမွာလဲ။
မလွမ္းမကမ္းက ေခ်ာင္ရန္ႏွင့္ဟုန္ရင္းသည္ ပိုင္လီတို႔က ကမ္းစပ္၌ ကေလးေတြနဲ႕အတူ မီးအိမ္ေတြေမ်ာေနသည္ကို ၾကည့္ေနက်ၿပီး ေနာက္ေတာ့ ေခ်ာင္ရန္က မေနနိုင္စြာႏွင့္ ေျပာလာေတာ့သည္။
"ကိုယ္တို႔လည္း ဘာလို႔ မီးအိမ္ေတြ မေမ်ာက်မွာလဲ လာ ဆုေတာင္းစာ သြားေရးရေအာင္"
သို႔ျဖင့္ ေခ်ာင္ရန္က ဟုန္ရင္းကို ဆြဲေခၚသြား၍ ဟုန္ရင္းကေတာ့ ေျပာလိုက္၏။
"ေခ်ာင္မ်ိဳးရိုး ရွင့္အသက္က ဒီေလာက္ရွိေနၿပီကို ရွင့္မွာ ဘာဆုေတာင္းေတြမ်ား ရွိေနေသးလို႔တုန္း ဘာလဲဒုတိယဇနီးငယ္ငယ္ေလးရဖို႔ ဆုေတာင္းမလို႔လား"
ဒါကိုၾကားေတာ့ ေခ်ာင္ရန္က ရယ္ေမာလိုက္၍...
"ဒါဆိုလည္း မင္းက ကိုယ္က ဇနီးေတြထပ္မယူပါေစနဲ႕လို႔ ျပန္ဆုေတာင္းလိုေပါ့ကြာ ဟားဟား"
ဟုန္ရင္းကေတာ့ ဒီစကားေၾကာင့္ သူမခင္ပြန္းကို မ်က္ေစာင္းထိုးလိုက္ေလသည္။ အဲဒီေနာက္ သူမကေခ်ာင္ရန္ရဲ႕ေရွ႕မွာပဲ သူမက အသက္ႀကီးတဲ့ထိအ႐ြယ္တင္ႏုပ်ိဳပါရေစလို႔ ဆုေတာင္းစာ ေရးလိုက္ပါတယ္။
ဒါကိုေတြ႕ေတာ့ ေခ်ာင္ရန္က ရယ္ေန၍ သူကလည္း သူ႕ဇနီးေရွ႕မွာပင္ အသက္ႀကီးတဲ့ထိ က်န္းမာသန္စြမ္းပါရေစလို႔ ဆုေတာင္းစာေရးလိုက္ေတာ့တယ္။
အကယ္၍ သူတို႔ရဲ႕ဒီဆုေတာင္းစာေတြကိုမ်ား ၿမိဳ႕ေတာ္မွာ နန္းတြင္းစာေမးပြဲေျဖဖို႔ ႀကိဳးစားေနတဲ့သူတို႔ရဲ႕သားႀကီးနဲ႕ လက္ထပ္ဖို႔ အ႐ြယ္ေရာက္ေနတဲ့သူတို႔ရဲ႕ သမီးႀကီးတို႔သာ ျမင္ရင္ အဓိပ္ပါယ်ဖော်မရစွာပြုံးလာကျလောက်မှာပါ။
အဲဒီေနာက္ မီးအိမ္ေတြ ေမ်ာၿပီးေနာက္မွာေတာ့ ပိုင္နဲ႕ေခ်ာင္ မိသားစုႏွစ္ခုက ျပန္ဖို႔အတြက္ လမ္းခြဲလိုက္က်ၿပီး ေခ်ာင္မိသားစုက ေခ်ာင္အိမ္ကိုျပန္သြားခဲ့က်သလို ပိုင္မိသားစုကလည္း သူတို႔ငွားထားတဲ့တည္းခိုအိမ္သို႔ ျပန္လာခဲ့က်ေတာ့သည္။
ပိုင္လီတို႔မိသားစုက တည္းခိုအိမ္ရဲ႕ ငါးထပ္ကေန မီးပုံးေတြရဲ႕အလင္းေရာင္ေၾကာင့္ လွပအသက္ဝင္ေနတဲ့ ဆိပ္ကမ္းၿမိဳ႕ရဲ႕အလွကို ခဏေလာက္ၾကည့္ခဲ့က်ေသးၿပီး ေနာက္ေတာ့ ညလည္းနက္ေနၿပီျဖစ္၍ ပိုင္မိန္ႏွင့္အေသးေလးေတြက အိပ္ယာဝင္သြားခဲ့က်ေတာ့၏။
ပိုင္လီက အေသးေလးေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားမွ ေရွာင္ဟန္ကို ေျပာလိုက္သည္။
"အကယ္၍ မင္းမအိပ္ခ်င္ေသးရင္ ကိုယ္နဲ႕အျပင္မွာ ခဏေလာက္ထိုင္ရေအာင္ေလ"
ေရွာင္ဟန္က ဒီဖိတ္ေခၚမႈကို မျငင္းခဲ့ပါေခ်။ သူက ကေလးေတြကို ရွင္းလုတို႔ႏွင့္ထားခဲ့ၿပီးေနာက္ သူ႕ခင္ပြန္းေနာက္ကေန လိုက္ထြက္လာခဲ့ပါတယ္။
ပိုင္လီက သူ႕ဇနီ၏ေလးနဲ႕အတူ ဝရံတာဘက္ဆီကို အလွ်င္မလိုစြာေလွ်ာက္သြားခဲ့၍ သူတို႔က ခုထိလႈပ္ရွားအသက္ဝင္ေနစဲ လမ္းမေတြကို ခဏေလာက္ၾကည့္ေနခဲ့ၿပီးမွ ပိုင္လီက...
"ေရွာင္ဟန္.. မင္း အခုေနာက္ပိုင္းကို ဘယ္လိုထင္လဲ"
ဒီ႐ုတ္တရက္ဆန္ေသာ ေမးခြန္းေၾကာင့္ ေရွာင္ဟန္က သူ႕ခင္ပြန္းကို ခ်က္ျခင္းၾကည့္လိုက္မိ၏။
လေရာင္သည္ တည္းခိုအိမ္၏ ဝရံတာဘက္သို႔ က်ေရာက္လ်က္ရွိၿပီး လမ္းမမ်ားထက္က မီးပုံးမ်ားစြာ၏ အေရာင္မ်ားသည္လည္း ငါးထပ္ေျမာက္ထိပင္ အလင္းမ်ား ထင္ဟပ္လ်က္ရွိေပသည္။ ဒီအလင္းေရာင္ႏွစ္ခု ေပါင္းစပ္ေနတာက အလြန္ကိုလွပလြန္းပါတယ္။
ပိုင္လီက သူ႕ဇနီးေလး သူ႕ကိုၾကည့္ေနတာ သတိထားမိေတာ့ ျပန္ၾကည့္လိုက္ၿပီး ၿပဳံးျပလိုက္၏။
ထိုအခိုက္တန့္မွာပဲ ေလတစ္ေဝွ႕ တိုက္ခက္သြားလို႔ တည္းခိုအိမ္မွာ ထြန္းထားတဲ့ မီးပုံးေလးေတြကလည္း အနည္းငယ္ လႈပ္ခက္သြားခဲ့ေလသည္။
ေရွာင္ဟန္က သူ႕ခင္ပြန္းရဲ႕ ေအးေဆးတည္ၿငိမ္တဲ့အမူရာနဲ႕ ႏူးညံ့တဲ့အၿပဳံးကိုၾကည့္ၿပီး ဘာကိုေမးေနတာမွန္း ခ်က္ျခင္း သေဘာေပါက္သြားသလိုပါပဲ။ ဒါေၾကာင့္ သူက ျပန္ေျဖခဲ့လိုက္တယ္။
"အဲတာက...
အရမ္းေကာင္းပါတယ္"
.................................................
(AN/ paid မွာဇာတ္သိမ္းထိ4500နဲ႕ဖတ္လို႔ရပါၿပီ။)