အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

253K 46.4K 3K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

82 - Out of Control Photobook (1)

1.7K 380 44
By Melinoe_Megami

Unicode

အခန်း - (၈၂) : အထိန်းအချုပ်မဲ့ Photobook (၁)

ချန်ကျစ်ချူးခမျာ ခါးကိုင်းထားရင်းတန်းလန်း တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ မော့ကြည့်လိုက်ချိန်တွင် ရှဲ့ယွမ်ဟွိုင်၏ ပုံရိပ်က သူ၏မျက်ဝန်းအိမ်ထဲ ထင်ဟပ်လာပြီး အနှီဖောက်ထွင်းမြင်ရလုမတတ် ဖြူဖျော့ဖျော့လက်က သူ၏ပါးပြင်ကို ထိတွေ့လာသောအခါ စိမ့်ခနဲ အေးသွားသည်။

(TN : ရှဲ့ယွမ်ဟွိုင်ကို မေ့သွားကြပြီဆိုလို့။ စွန့်ပစ်ဆေးရုံ Arc က ကျစ်ချူးပြန်လာမယ့်အချိန်ကို တစ်ချိန်လုံး စောင့်မျှော်နေခဲ့တဲ့ စိတ်ထားအနူးညံ့ဆုံး Boss ပါနော်။ )

ဘာတွေဖြစ်ကုန်တာလဲ..? ရှဲ့ယွမ်ဟွိုင်က ဘာလို့ ရုတ်တရက်ကြီး Photobook ထဲကနေ ထွက်လာတာလဲ..?!

သူ၏ရင်ထဲ တုန်လှုပ်ချောက်ချားသွား၏။ ကပျာကယာ မတ်တပ်ရပ်ပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သို့သော် မသိစိတ်အရ ပြုမူလိုက်မိသည့် ထိုအပြုအမူလေးကြောင့် ရှဲ့ယွမ်ဟွိုင်၏ မျက်ဝန်းများ မှေးမှိန်သွားရသည်။ ဆန့်ထားသည့်လက်ပင် အသာအောက်ကျသွားပြီး တိုးညင်းစွာ ပြောလာသည်။

“ရှောင်ချူး.. ကိုယ့်ကို….. ကြောက်နေတာလားဟင်..?”

ထိုအမျိုးသားသည် ချောမောခန့်ညားပြီး မျက်ဝန်းအိမ်ထဲတွင် အေးစက်မှုတချို့ ကိန်းဝပ်နေသည်။ အတန်ငယ် ဖောက်ထွင်းမြင်နေရ၍သာ မဟုတ်လျှင် ဆေးရုံထဲမှ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မကောင်းဆိုးဝါးဝိညာဉ်ဟူ၍ မည်သူမျှ တွေးထင်မည်မဟုတ်ပေ။

သို့သော် အမှန်အတိုင်းဆိုရလျှင် ချန်ကျစ်ချူးသည် ရှဲ့ယွမ်ဟွိုင်အပေါ် လုံးဝကြောက်စိတ်မရှိ။ ရှဲ့ယွမ်ဟွိုင်က သူ့ကို နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ ထိုစဉ်က ‘အထိန်းအကွပ်မဲ့လှုပ်ရှားမှု’ထဲ ရောက်နေသဖြင့် သူကိုယ်တိုင်က သတ်ပေးပါရန် စတင်တောင်းဆိုခဲ့သော်လည်း ရှဲ့ယွမ်ဟွိုင်က သူ့ကို မသတ်ခဲ့ပေ။ နူးနူးညံ့ညံ့လေး နမ်းပြီး လွှတ်ပေးခဲ့သည်။

“………….”

ချန်ကျစ်ချူးက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် အသာခေါင်းယမ်းပြလိုက်သည်။ သူ ရှဲ့ယွမ်ဟွိုင်ကို ယုံကြည်သည်။ သူ့ကို နာကျင်အောင် လုပ်မည်မဟုတ်ပေ။ Photobook ထဲမှ ရုတ်တရက်ကြီး ထွက်ပေါ်လာ၍သာ ကြောက်သွားခြင်း ဖြစ်သည်။

ထို့အပြင် Photobook ထဲမှ သရဲတစ္ဆေအားလုံး ပိုင်ရိ၏ ဝိညာဉ်အစိတ်အပိုင်းများ ဖြစ်ကြောင်း သူ သိထားပြီးဖြစ်၏။ အချုပ်အားဖြင်ဆိုရသော် သူတို့အားလုံးက ‘ပိုင်ရိ’ပင်။

ယမန်နေ့ညက ပိုင်ရိထွက်သွားပြီးနောက် ချန်ကျစ်ချူးသည် အိပ်မပျော်သဖြင့် System နှင့် စကားစမြည်ပြောရင်း ယခင်ကမသိခဲ့ရသည့် ကိစ္စအတော်များများ သိလိုက်ရသည်။

“….. အဲ့တော့ မင်းပြောချင်တာက ငါ ဒီဂိမ်းထဲရောက်လာတာ ပိုင်ရိကို ကယ်တင်ဖို့ပေါ့..?”

ချန်ကျစ်ချူးမှာ အိပ်ရာပေါ်လှဲရင်း မျက်လုံးမှိတ်ထားသော်လည်း System ၏စကားကို ကြားလိုက်ရသည့်အခိုက် ထထိုင်မိမလိုပင် ဖြစ်သွားရ၏။ : “ပိုင်ရိက ဒီဂိမ်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ..? သူ့ကို ကယ်နိုင်ဖို့အတွက် ငါ့ကိုတောင် ဂိမ်းထဲ တကူးတကကြီး ဆွဲသွင်းခဲ့တာဆိုတော့လေ..?”

ပိုင်ရိကို ကယ်တင်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြည်နူးမိသလို ယခုထက် အဆတစ်ရာမက အန္တရာယ်ကြုံရမည်ဆိုလျှင်ပင် လိုလိုလားလား လုပ်ပေးချင်ပါသည်။ သို့သော် တချို့ကိစ္စများကို နားမလည်နိုင်သေးပေ။ ဂိမ်းဘက်က သူ၏ သေရေးရှင်ရေးကို ဝင်စွက်ဖက်ရသည်အထိ ပိုင်ရိသည် မည်သည့်အဆင့်အတန်းတွင် ရှိနေသနည်း။

[ ပိုင်ရိက ဒီအတိုင်း Player တစ်ယောက်ပါပဲ။ ဒါပေမဲ့ အစွမ်းထက်လွန်းတော့ သူ့ရဲ့လုပ်ရပ်တိုင်းက ဂိမ်းအပေါ် သက်ရောက်မှုရှိနေတယ်.. ]

System က ရှင်းပြသည်။ : [ ဥပမာ.. သူက ဂိမ်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သလို ငွေကြေးနတ်ဘုရားလို့လည်း သတ်မှတ်လို့ရတယ်။ Forum ထဲ သူပေါ်လာတော့ Player အတော်များများရဲ့ စိတ်ကို သိမ်းပိုက်သွားတယ်။ သူ့ရဲ့ အဆင့်အတန်းက ဂိမ်းထက်တောင် မြင့်လာတော့ ဂိမ်းအော်ပရေတာတွေလည်း သူ့ကို အထူးအလေးထားပြီး စောင့်ကြည့်ရတာပေါ့။ ]

[ သူတစ်ယောက်တည်း မဟုတ်ဘူး၊ မစ္စတာမုတို့ ကုကျန်းတို့ကိုလည်း သတိထားပြီး စောင့်ကြည့်နေရတယ်။ ပြီးတော့ မင်းလည်း ပါတယ်။ ]

“ငါလား..?” ချန်ကျစ်ချူးက အံ့ဩသွားဟန်ဖြင့်.. “ပိုင်ရိကြောင့်လား..?”

[ ဟုတ်တယ်.. ဘာလို့လဲဆိုတော့ မင်းက ပိုင်ရိရဲ့ ဝိညာဉ်အစိတ်အပိုင်းတွေကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေလို့ပဲ.. ]

[ ပိုင်ရိ ပြောခဲ့တဲ့အတိုင်းပဲ၊ သူနဲ့ မစ္စတာမုတို့ ဂိမ်းထဲမှာတွေ့ပြီး တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးရလဒ်က နှစ်ဖက်လုံး အထိနာသွားတယ်။ ပိုင်ရိရဲ့ ဝိညာဉ်က အစိတ်အပိုင်း ၁၀၀ ကျော်အထိ ကွဲကြေသွားပြီး မစ္စတာမုရဲ့ ဝိညာဉ်က အရမ်းကြောက်စရာကောင်းတဲ့ Instance တစ်ခုထဲမှာ ပိတ်မိသွားတယ်။ ]

[ ပိုင်ရိရဲ့ ဝိညာဉ်အစိတ်အပိုင်းတွေက ဂိမ်းထဲ ပြန့်ကျဲသွားပြီး အသစ်ဖြစ်တည်လာတဲ့ Instance တွေရဲ့ Boss ဖြစ်လာတယ်။ ]

[ အဲ့ဝိညာဉ်အစိတ်အပိုင်းတွေက Boss Photobook ထဲက Boss အရေအတွက်အတိုင်းပဲ.. ဟုတ်သား.. ‘Winter Branch’ က လွဲရင်ပေါ့။ သူက ပိုင်ရိရဲ့ Forum Account ထဲမှ ပုန်းနေတော့ သူ့ကို ထည့်မတွက်လိုက်မိဘူး။ ]

“နေဦး.. Photobook ထဲက Boss အားလုံး ပိုင်ရိရဲ့ ဝိညာဉ်အစိတ်အပိုင်းတွေလို့ ပြောချင်တာလား..?”

ချန်ကျစ်ချူးက ဆတ်ခနဲ ထထိုင်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩနေမှုကို မဖုံးကွယ်နိုင်တော့ပေ။

ပိုင်ရိက သူတွေ့ကြုံခဲ့ရသည့် Instance များမှ Boss အားလုံး သူ၏ဝိညာဉ်အစိတ်အပိုင်း ဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း Photobook အကြောင်း မပြောပြခဲ့ပေ။ ဝိညာဉ်အစိတ်အပိုင်းမည်မျှအထိ ကွဲသွားခဲ့လေသနည်း။

[ အဲတာကြောင့် မင်း ဂိမ်းထဲရောက်လာရတဲ့ အကြောင်းအရင်းက သူ့ကိုကယ်တင်ဖို့လို့ ပြောခဲ့တာပေါ့။ မင်းရဲ့တာဝန်က သူ့ရဲ့ဝိညာဉ်အစိတ်အပိုင်းတွေကို စုဆောင်းပြီး ဂိမ်းထဲကနေ ပြန်ထွက်နိုင်အောင် ကူညီပေးဖို့ပဲ။ ]

[ သူ့ရဲ့ဝိညာဉ် ပြဿနာတက်ရတဲ့ အဓိကအကြောင်းအရင်းက မင်းအပေါ်ထားတဲ့ အချစ်၊ ခံစားချက်တွေကြောင့်ဆိုတော့ ဝိညာဉ်အစိတ်အပိုင်းတွေကို စုဆောင်းတဲ့ နည်းလမ်းကလည်း သူ့ရဲ့အချစ်နဲ့ ပတ်သက်နေတယ်။ ]

[ အနမ်းဆိုတာ အချစ်ကိုဖော်ပြတဲ့ အလွယ်ဆုံးနည်းလမ်းပဲ။ သူ့ရဲ့ဝိညာဉ်အစိတ်အပိုင်းတွေက အနမ်းကနေတဆင့် မင်းကို တုံ့ပြန်လာလိမ့်မယ်။ အဲတာကြောင့် မင်းကို အဲ့အစွမ်းပေးပြီး ဝိညာဉ်အစိတ်အပိုင်းတွေကို စုဆောင်းခိုင်းခဲ့တာ။ ]

[ ပိုင်ရိက မင်းတစ်ယောက်တည်းကို ချစ်တယ်။ အဲတာကြောင့် သူ့ကို ကယ်တင်နိုင်တဲ့လူကလည်း မင်းတစ်ယောက်တည်းပဲ။ မင်းတို့က ကံကြမ္မာကဖန်တီးထားတဲ့ ဖူးစာဖက်တွေ။ ]

ထိုသို့ပြောပြီးနောက် System က လူယုတ်မာသံဖြင့် သူ့ကို စနောက်လာသည်။ : [ ဂိမ်းထဲဝင်လာကတည်းက မင်းက အကွေးလေးဆိုတာ ငါ သိနေသားပဲ။ ပိုင်ရိကို ကျိန်းသေပေါက် ချစ်မိသွားမှာ။ ပိုင်ရိကို မကြွေဘဲ ဘယ်နေပါ့မလဲ..?! ]

“…………..”

ချန်ကျစ်ချူး၏ မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး ပြန်ပြောစရာစကား မရှိခဲ့ပေ။

System ပြောသလိုပင်၊ ပိုင်ရိနှင့် အချိန်အတိုင်းအတာတစ်ခုအထိ အတူတူရှိခဲ့ပြီးနောက် ထိုအမျိုးသားအပေါ် ခံစားချက်မရှိရန်မှာ တကယ်ခက်လှ၏။ ပိုင်ရိ၏ ညှို့ဓာတ်က လိင်အမျိုးအစားနှင့် လုံးဝမသက်ဆိုင်ပေ။ ပိုင်ရိလိုလူကိုမှ မချစ်မိလျှင် သူ တစ်သက်လုံး ချစ်သူရည်းစားမရှိဘဲ နေသွားရလောက်သည်။

တစ်ခဏကြာပြီးနောက် ချန်ကျစ်ချူးက မေးလိုက်သည်။ : “ပိုင်ရိက မင်းတို့အတွက် ဘယ်လောက်အ‌ရေးကြီးလဲဆိုတာ ငါ နားလည်ပါပြီ။ ဒါပေမဲ့ ပိုင်ရိကို ဂိမ်းထဲကနေ ဘာလို့ထွက်သွားစေချင်တာလဲ..? ဂိမ်းထဲမှာ ဆက်ပြီး မရှိစေချင်ဘူးလား..?”

[ ငါတို့က သူ့ကို ဘာလို့ ခေါ်ထားရမှာလဲ..? ] System က ပြန်မေးသည်။ : [ မင်းက ဘာလို့ အဲ့လိုထင်တာလဲ..? ]

ချန်ကျစ်ချူးလည်း နားမလည်နိုင်ဖြစ်နေဟန်ဖြင့်.. : “မင်းပြောပုံအရဆို သူက ဂိမ်းထဲမှာ ငွေကြေးနတ်ဘုရားလေ။ သူသာ ဆက်ရှိနေရင် မင်းတို့အတွက်လည်း အကျိုးအမြတ်…….”

[ ငွေကြေးနတ်ဘုရားဆိုတာ ဒီအတိုင်း ဥပမာပေးတာ။ ငါတို့အတွက် တကယ်ကြီး ပိုက်ဆံရှာပေးနေတာ မဟုတ်ဘူး.. ]

System က ဆိုသည်။ : [ အမှန်အတိုင်းပြောရရင် သူ့ကို မြန်မြန် ထွက်သွားစေချင်နေပြီ။ သူ့ရဲ့အခြေအနေက မတည်ငြိမ်တော့ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။ သူသေရင် သူ့ရဲ့ဝိညာဉ်အစိတ်အပိုင်းတွေလည်း သူနဲ့အတူတူ သေသွားလိမ့်မယ်။ ]

[ သူ့ရဲ့ဝိညာဉ်အစိတ်အပိုင်းကနေ ဖြစ်တည်လာတဲ့ Boss တွေက တကယ့်အကောင်တွေ။ Boss သေရင် Instance လည်း ပျက်စီးသွားမှာ။ အနည်းဆုံး ၂၀၀ နီးပါးပဲ။ Instance ၂၀၀ နီးပါး တစ်ချိန်တည်း ပျက်စီးသွားရင် ငါတို့ဂိမ်းလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်လိမ့်မယ်။ ဖာ့ခ်.. အဲ့ပြဿနာရဲ့ အကျိုးဆက်ကို မင်းသိရဲ့လား..?! ]

System က ခံစားချက်ကိုဖော်ပြရန် ဆဲရေးသည့်စကားလုံးကိုပင် သုံးလာချေပြီ။

[ ငါတို့ သူ့ကို မသေခိုင်းရဲဘူး။ နှင်ထုတ်လို့လည်း မရဘူး။ အဲ့တော့ မင်းကို ဆွဲသွင်းရုံကလွဲရင် ဘာတတ်နိုင်ဦးမှာလဲ..? ]

“အဲ့တာဆိုလည်း ဘာလို့ အစကတည်းက ဒီကိစ္စတွေအားလုံးကို မပြောပြခဲ့တာလဲ..? ဘာလို့ အချိန်အကြာကြီး ဖုံးကွယ်ထားတာလဲ..?”

ချန်ကျစ်ချူးက ပြန်မမေးဘဲ မနေနိုင်ခဲ့ပေ။

[ မင်းကို ပြောပြရမယ်..? မင်းမသိတဲ့ သူစိမ်းတစ်ယောက်က မင်းရဲ့အကူအညီကို လိုအပ်နေပါတယ်.. စိတ်မပူပါနဲ့.. သူ့ကို ကယ်တင်ဖို့ သရဲ ၁၀၀ ကျော်နဲ့ နမ်းပေးရုံပါပဲ.. ပြီးတာနဲ့ Instance ထဲကနေ အတူတူပြန်ထွက်နိုင်ပါတယ်ဆိုပြီး ပြောပြစေချင်တာလား..? အဲ့လိုပြောပြလိုက်ရင်း မင်းဘာလုပ်မယ်ထင်လဲ..? ]

“ငါ အဲ့သူစိမ်းကို မုန်းမိလိမ့်မယ်..” ချန်ကျစ်ချူးက ရိုးရိုးသားသား ပြန်ဖြေသည်။

[ အဲတာကြောင့် ငါတို့လည်း မင်း မငြင်းဆန်လောက်တဲ့ နည်းလမ်းမျိုး၊ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းမျိုး ရှာကြံရတာပေါ့။ ပိုင်ရိသာ မင်းမုန်းသွားမှန်းသိရင် နေရာမှာတင် သတ်သေသွားလိမ့်မယ်။ ]

“ဘယ်လိုလုပ် အဲ့လောက်ထိ…”

System က ဖြတ်ပြောသည်။ : [ မင်း ယုံကြည်လိုက်တာ အကောင်းဆုံးပဲ။ ပိုင်ရိက မင်းကို အရမ်းချစ်ပေမယ့် မင်းမုန်းလို့ဆိုပြီး သူ့အသားကို နည်းနည်းချင်း လှီးဖြတ်ရင်း သေသွားလို့ မကောင်းဆိုးဝါးဝိညာဉ်ဖြစ်လာရတဲ့ Instance တစ်ခုတောင် ရှိသေးတယ်။ ]

“ငါ သူ့ကို မမုန်းဘူး..”

ထိုစကားကိုကြားပြီး ချန်ကျစ်ချူးမှာ ရင်နာလာသည်။ ထိုမြင်ကွင်းကို တွေးပင်မတွေးရဲချေ။

[ အဟွတ်.. အဟွတ်.. အချစ်ရဲ့ ချဉ်စူးစူးအနံ့တွေကွာ.. မင်းက အခုမှ ပိုင်ရိကို ချစ်မိသွားလို့သာ အဲ့စကားမျိုး ထွက်လာတာ.. ]

[ ဘာကိစ္စပဲရှိရှိ.. ကောင်းကောင်းလုပ်ရမယ်နော်။ ငါတို့ရဲ့ထင်မြင်ချက်အရ ဝိညာဉ်အစိတ်အပိုင်းတိုင်းကို နမ်းဖို့ မလိုလောက်ဘူး.. လုံလုံလောက်လောက် စုဆောင်းပြီးရင် သူတို့အချင်းချင်း တုံ့ပြန်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေကို အလိုလို ဆွဲငင်လိမ့်မယ်။ ]

[ အခု မူလပိုင်ရိလည်း အသက်ပြန်ရှင်လာပြီဆိုတော့ သူတို့ရဲ့စွမ်းအားက ပိုတိုးသွားပြီ။ သိပ်မကြာခင် ဂိမ်းထဲက ထွက်နိုင်လိမ့်မယ်ထင်တယ်။ ]

***

အဲ့တော့ စွမ်းအားတိုးလာတဲ့ သက်ရောက်မှုအနေနဲ့ Photobook ထဲကနေ ရှဲ့ယွမ်ဟွိုင် ထွက်လာနိုင်တာလား..???

ချန်ကျစ်ချူးသည် ရှဲ့ယွမ်ဟွိုင်ကို မကြောက်သော်လည်း ယခုလိုဖြစ်လာစေချင်သည်ဟု မဆိုလိုပေ။

System က ဓာတ်ပုံများများ စုဆောင်းနိုင်လျှင် Boss များလည်း Photobook ထဲမှ ထွက်လာနိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ကန့်သတ်ချက်အရ သူဆင့်ခေါ်မှသာ ထွက်လာနိုင်မည်ဖြစ်သော်လည်း ယခုတော့ ရှဲ့ယွမ်ဟွိုင်က သူ့ဘာသာ ထွက်လာချေပြီ။

“သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ..? မြန်မြန်လာရှင်းပြ..!!!” System ကို အလန့်တကြား မေးမိသည်။

[ ကြည့်ရတာ… ပြဿနာတက်ပြီထင်တယ်…. ]

System က နေရခက်စွာ ရယ်လိုက်ရင်း..

[ ပိုင်ရိရဲ့စွမ်းအားက ထင်ထားတာထက် ပိုသန်မာနေတယ်။ အခု သူက အသက်ပြန်ရှင်လာပြီး သူနဲ့ရုပ်ချင်းတူတဲ့ ‘Winter Branch’ ရော၊ သတို့သားကိုသာ စုဆာင်းလိုက်နိုင်တော့ စွမ်းအားပမာဏ အရမ်းများသွားပြီ။ Photobook လည်း တစ်ခါတည်းနဲ့ သူတို့အားလုံးကို မထိန်းသိမ်းနိုင်တော့ဘူး။ အဲတာကြောင့်……. ]

“အဲတာကြောင့်..?” ချန်ကျစ်ချူး၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။

System ၏အသံက တိုးလွန်း၍ မနည်းနားထောင်နေရ၏။

[ ……… Photobook က အထိန်းအချုပ်မဲ့သွားပြီ။ ]

ချန်ကျစ်ချူး : ???!!

[ Photobook ကို တတ်နိုင်သမျှ မြန်မြန်ပြင်ပေးပါ့မယ်။ အဲ့မတိုင်ခင်အထိ ကျေးဇူးပြုပြီး…. ထိန်းထားပေးပါဦး..! မှတ်ထားနော်.. သူတို့ကို အချင်းချင်း မတိုက်ခိုက်စေနဲ့။ တစ်ယောက်ယောက်သေသွားတာနဲ့ ပြဿနာအကြီးကြီး တက်လိမ့်မယ်..! ]

ချန်ကျစ်ချူးခမျာ ထိုစကားကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။ အတော်ကြာသည်အထိ အံ့ဩမှင်သက်နေပြီးနောက် ကြောက်လန့်တကြား မေးလေသည်။

“နေဦး.. တခြား Boss တွေလည်း ထွက်လာပြီလို့ လာမပြောနဲ့နော်..?!”

[ စိတ်မပူပါနဲ့.. ထပ်ထွက်လာစရာ မရှိတော့ပါဘူး.. ]

“အဲတာဆို တော်သေး….”

[ ………. ဘာလို့လဲဆိုတော့ မင်းစုဆောင်းထားတဲ့ ဝိညာဉ်အစိတ်အပိုင်းတွေအားလုံး အပြင်ရောက်နေပြီလေ။ ]

“………….”

[ ငါ မင်းကို ယုံကြည်မယ်နော်။ မင်း လုပ်နိုင်မှာပါ။ Photobook ကို ပြန်ပြင်ပြီးတာနဲ့ သူတို့ကို နောက်တစ်ခါ ထပ်နမ်းလိုက်ရုံပဲ။ အခု ငါသွားတော့မယ်.. မင်း သူတို့ကို ထိန်းထားနော်.. ဘိုင်း…!!! ]

“မင်း.. မျိုးမစစ်ကောင်..! ဒီအခြေအနေကြီးမှာ ဘယ်လိုလုပ် ထားသွားရက်တာလဲ..?! ပြန်လာခဲ့..! ပြန်လာခဲ့လို့..!!!”

ချန်ကျစ်ချူးခမျာ ပြိုလဲကျလုမတတ်…

Boss တွေအကုန် လွတ်သွားပြီ။ သူတို့အားလုံးကို ထိန်းထားပြီး နောက်တစ်ကြိမ် ထပ်နမ်းရမယ်တဲ့။ သူ့ကို သေခိုင်းတာနဲ့ ဘာကွာသေးလို့လဲ..?!

“…………..”

ရှဲ့ယွင်ဟွိုင်၏လက်ထဲမှ အနက်ရောင်စာအုပ်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။ System က စာအုပ်ကို တခြားတစ်နေရာ ပို့လိုက်ခြင်းပင်။ ရှဲ့ယွမ်ဟွိုင်က အသာမျက်မှောင်ကြုတ်ပြီး လက်သီးဆုပ်လိုက်သည်။ သို့သော် စာအုပ်ကို သိပ်ပြီးဂရုစိုက်ပုံမပေါ်ချေ။ ထိုအစား ရှေ့တစ်လှမ်းတိုးပြီး လဲကျလုမတတ်ဖြစ်နေသည့် ချန်ကျစ်ချူးကို တွဲထူပေးသည်။ လက်မောင်းကို ထိန်းကိုင်ထားပြီးနောက် နဖူးထက်သို့ အနမ်းဖွဖွခြွေပြီး ညင်သာစွာ ပြောလာသည်။

“ကိုယ့်ကို ခဏလောက် အဖော်ပြုပေးလို့ရလား..?”

ချန်ကျစ်ချူး၏စိတ်ထဲ ဝရုန်းသုန်းကားဖြစ်နေပြီး အသိစိတ်ပြန်မကပ်နိုင်သေးပေ။ ထိုအခိုက် အိပ်ခန်းတံခါးက ရုတ်တရက် ပွင့်လာပြီး ပိုင်ရိ၏ မျက်နှာချောချောလေး ပေါ်လာသည်။

“ကျစ်ချူး..”

ပိုင်ရိသည် ကနဦးတွင် ပြုံးနေသေးသော်လည်း ရှဲ့ယွမ်ဟွိုင်ကို မြင်လိုက်ရသည့်အခိုက် သူ၏အပြုံးက ရုတ်ချည်း လွင့်ပြယ်သွားသည်‌။ မျက်မှောင်ကြုတ်ကာ အေးတိအေးစက် ပြောလာသည်။ : “ကျစ်ချူးကို လွှတ်လိုက်..”

“ပိုင်ရိ….”

ရှဲ့ယွမ်ဟွိုင်က တင်းတင်းကျပ်ကျပ် ဖက်ထားတာမဟုတ်ပေ။ ထို့ကြောင့် ချန်ကျစ်ချူးသည် နီရဲနေသည့် မျက်နှာလေးဖြင့် တစ်ဖက်လှည့်လိုက်ရင်း မသိစိတ်အရ ပိုင်ရိထံသို့ လက်ကမ်းကာ.. : “သူ…”

“ကျစ်ချူး.. မကြောက်နဲ့နော်..”

ကိုလူချောက အေးစက်စက်မျက်နှာထားဖြင့် အနားလျှောက်လာပြီး ချန်ကျစ်ချူး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ချန်ကျစ်ချူးမှာ စိတ်မငြိမ်သေးသော်လည်း ဆန့်ထားသည့်လက်မှ အေးစက်စက် ခံစားချက်တစ်ခု ရုတ်ချည်း ခံစားလိုက်ရသည်။ မသိလျှင် ရေခဲတုံးကြီးတစ်ခု ဆုပ်ကိုင်ထားသည့်နှယ်။

သူ၏ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အတော်လေး ထိတ်လန့်သွားပုံပင်။

ပိုင်ရိနှင့်ရုပ်ချင်းတူသော ကိုလူချောသည် ချန်ကျစ်ချူး၏လက်ကို ကိုင်ပြီး တစ်ချက်ငုံ့ကြည့်လိုက်သည်။ ပြီးနောက် ဝမ်းနည်းစိတ်ပျက်သွားဟန်ဖြင့် ပြောလာသည်။ : “လက်ထပ်လက်စွပ်ကို မဝတ်ထားဘူးပဲ..?”

ဒါ.. ပိုင်ရိမဟုတ်ဘူး။ သတို့သားပဲ။ သတို့သား ရောက်လာပြီ..!

တစ္ဆေနှစ်ကောင်ကြားတွင် ပိတ်မိနေသော ချန်ကျစ်ချူးခမျာ အခန်းအပူချိန် ကျဆင်းလာသလို ခံစားလိုက်ရသည်။ သူ၏မျက်နှာတွင် သွေးရောင်ပျောက်နေပြီး တစ်ကိုယ်လုံး မသိမသာ တုန်ယင်လာခဲ့သည်။

“ကိစ္စမရှိပါဘူး..”

သတို့သားက သူ့ကိုကြည့်ပြီး နူးနူးညံ့ညံ့လေး ဆိုသည်။ သူက ချန်ကျစ်ချူး၏ လက်ချောင်းထက်သို့ အနမ်းဖွဖွခြွေကာ..

“ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့ သတို့သမီးလေးပဲ..”

***

ပိုင်ရှီရှင်းသည် ဧည့်ခန်းထဲတွင် ထိုင်နေပြီး Notebook ကြည့်ရင်း စာရွက်စာတမ်းများကို စီနေသည်။ သူက စခရင်၏ ညာဘက်ထောင့်ကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ပိုင်ရိကို မော့ကြည့်လိုက်သည်။

“အစ်ကို.. ဂျူနီယာချန်ကို ဘာလို့သွားမနှိုးတာလဲ..? ၁၀ နာရီထိုးနေပြီ.. အခု အိပ်ရာမထရင် အတန်းနောက်ကျတော့မယ်နော်.. မနေ့က ညနေပိုင်း အတန်းရှိတယ်လို့ ပြောသွားတယ်..”

“အင်း..”

ပိုင်ရိက ဖုန်းအသစ်ကိုကိုင်ပြီး ဘာသိဘာသာ တုံ့ပြန်လာသည်။ Home ခလုပ်ကို နှိပ်လိုက်သဖြင့် သတို့သမီးဝတ်စုံ ဝတ်ထားသည့် ချန်ကျစ်ချူး၏ပုံက ပျောက်ကွယ်သွားသည်။ ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲတွင် ထည့်သိမ်းလိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။

ပိုင်ရှီရှင်းက စာကြည့်မျက်မှန်ကို ပင့်တင်ပြီး သူ့ဝမ်းကွဲ၏ နောက်ကျောကို သံသယစိတ်အပြည့်ဖြင့် စိုက်ကြည့်နေမိသည်။

မနေ့ညက တစ်ခုခုဖြစ်ခဲ့တာ သေချာတယ်။ အဲ့တာကြောင့် ဂျူနီယာချန် အိပ်ရာမနိုးသေးတာ ဖြစ်မယ်..!

ဒီလို အခိုင်အမာယုံကြည်နေရတဲ့ အကြောင်းပြချက်ကတော့ ဒီလောက်နေမြင့်တဲ့အထိ ဂျူနီယာချန် မနိုးသေးတာတောင် သူ့ဝမ်းကွဲက စိုးရိမ်ပုံမပေါ်ဘူး။ အဲ့အစား စိတ်ကြည်နေတဲ့ပုံပဲ…

ဖာ့ခ်.. သူ့ဝမ်းကွဲ စိတ်ဖောက်ပြန်ပြီး မနေ့ညက ဂျူနီယာချန်ကို အတင်းအဓမ္မကျင့်ခဲ့တာတော့ မဟုတ်ပါဘူးနော်..?!

ပိုင်ရှီရှင်းမှာ သူ့အတွေးကို သူကိုယ်တိုင်ပင် လန့်သွားရ၏။ ဆက်ပြီး ထိုင်မစောင့်နိုင်တော့ချေ။ ကပျာကယာ မျက်မှန်ချွတ်ပြီး အပေါ်ထပ်သို့ လိုက်သွားသည်။ ထိုအခိုက် မနက်စာအတွက် မီးဖိုချောင်ထဲတွင် လက်ဖက်ရည်ဖျော်ပေးနေသော အိမ်အကူထံမှ ကြောက်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘာဖြစ်လို့လဲ အန်တီလီ..?”

အော်သံကြောင့် ပိုင်ရှီရှင်းမှာ အံ့အားသင့်သွားပြီး ထိုနေရာသို့ အပြေးသွားသောအခါ မီးဖိုချောင်ထဲမှ ယိုင်တိယိုင်တိုင် ပြေးထွက်လာသော အိမ်အကူအဒေါ်ကြီးကို မြင်လိုက်ရသည်။ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့ခဲ့ရသကဲ့သို့ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး မီးဖိုချောင်ထဲသို့ လက်ညှိုးထိုးကာ..

“သ… သရဲ..!  သရဲ ရှိတယ်..!”

နောက်ထပ်သရဲတစ်ကောင်လား..?

သရဲတစ်ကောင်ပြီးတစ်ကောင် တွေ့နေရသဖြင့် ပိုင်ရှီရှင်းမှာ အံ့ဩသွားသော်ငြား မကြောက်တော့ပေ။ သူက အိမ်အကူအဒေါ်ကြီးကို ပခုံးပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ : “ကျွန်တော် သွားကြည့်လိုက်ပါ့မယ်..”

“သခင်လေး.. မသွားပါနဲ့…”

အိမ်အကူအဒေါ်ကြီးက အတော်လေး ကြောက်နေပြီး ပိုင်ရှီရှင်းကို တားနေသော်လည်း ပိုင်ရှီရှင်းက ပြုံးပြပြီး မီးဖိုခန်းထဲသို့ သတိကြီးကြီးထား၍ လှည့်ကြည့်လိုက်၏။ သူ၏ခန္ဓာကိုယ်က တောင့်ခဲသွားပြီး မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားနေသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ နောက်သို့ ခြေတစ်လှမ်းဆုတ်မိသည်အထိ…

တံခါးဘောင်ပေါ်တွင် အနက်ရောင်တိပ်ပတ်ထားသည့် လက်တစ်ဖက်ရှိနေပြီး ပုံရိပ်လေးတစ်ခုက မီးဖိုခန်းအပြင်သို့ ဖြည်းညင်းစွာ ထွက်လာသည်။ တစ်ကိုယ်လုံး တိပ်ပတ်ထားသဖြင့် သူ၏မျက်နှာအစစ်ကို မမြင်နိုင်ပေ။

သို့သော် ပိုင်ရှီရှင်းက ချက်ချင်း မှတ်မိသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူ၏တစ်ကိုယ်လုံးကို တိပ်ပတ်ခဲ့သူက သူနှင့် သူ့ဝမ်းကွဲ ဖြစ်နေသောကြောင့်ပင်။

ထိုလူကား ကျိုးလော့ချန်ပင် ဖြစ်သည်။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 82)

ခံစားချက်မကောင်းဘူး။

စိတ်ထင်နေတာနေမှာပါလေ..?

……………………………….

TN : ကဲ ကဲ ကဲ… မေ့နေကြမယ်ဆိုတာသိလို့ Meli လေးက ပြန်နွေးပေးမယ်။

၁။ Beginner Instance : ချင်ကျိ ။ သွေးအေးရက်စက်တဲ့ စိတ္တဇလူသတ်သမား။ ကွင်းဆက်လူသတ်သမား။

၂။ သန်းခေါင်ယံစံအိမ် : ဂျိုရှုအာ ။ အိမ်ပိုင်ရှင်ရဲ့ ယောက်ျားနဲ့ အစေခံ ဖောက်ပြန်ရာကနေ ရလာတဲ့ကလေး။ မမွေးခင်သေသွားပြီး မကောင်းဆိုးဝါးဝိညာဉ် ဖြစ်လာသူ။ သူက နေကို တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ ချန်ကျစ်ချူးကို မြင်လိုက်တဲ့အချိန် ‘နေ’ဆိုတာ ချန်ကျစ်ချူးနဲ့ တူလိမ့်မယ်လို့ တွေးခဲ့သူပေါ့။

၃။ စွန့်ပစ်ဆေးရုံ : ရှဲ့ယွမ်ဟွိုင်။ နှလုံးရောဂါနဲ့ ဆုံးပါးသွားရပြီး ဆေးရုံဝန်းထဲမှာ တစ္ဆေဘဝနဲ့ သွားလာနေခဲ့တယ်။ ချန်ကျစ်ချူးကိုတွေ့မှ နှလုံးသားက အသက်ဝင်လာပြီး ချန်ကျစ်ချူးကို ပြန်လိုချင်လို့ မကောင်းဆိုးဝါးဝိညာဉ် ဖြစ်လာခဲ့ရသူ။

၄။ Horror Variety : အမည်မဲ့သရဲ။ ခန္ဓာကိုယ်တစ်ခုလုံး တိပ်ပတ်ထားတဲ့သရဲ။ ကျိုးလော့ချန်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ပိုင်ရိရဲ့ ဝိညာဉ်အစိတ်အပိုင်း။ ချန်ကျစ်ချူးသိရင် သူ့ကို ရွံရှာမုန်းတီးသွားမှာစိုးလို့ ချန်ကျစ်ချူးရှေ့မှာ တိပ်မဖြည်ရဲဘူး။ မျက်နှာမပြရဲဘူး။

၅။ သရဲကျောင်းတော် : ဆုလင်း ။ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကောင်လေး။ ချန်ကျစ်ချူးကသာ သူ့အတွက် အရာရာဖြစ်ခဲ့တယ်။

၆။ တစ္ဆေသတို့သမီး : သတို့သား ။ ပိုင်ရိ၏ ခန္ဓာကိုယ်ကနေ ဖြစ်လာတဲ့သရဲ။

၇။ ‘Winter Branch’ ။ Forum Account ထဲ ပုန်းနေတဲ့သရဲ။ ပိုင်ရိနဲ့ ချွတ်စွပ်တူတယ်။

……………………………….

Zawgyi

အခန္း - (၈၂) : အထိန္းအခ်ဳပ္မဲ့ Photobook (၁)

ခ်န္က်စ္ခ်ဴးခမ်ာ ခါးကိုင္းထားရင္းတန္းလန္း တစ္ကိုယ္လုံး ေတာင့္ခဲသြားသည္။ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ ရွဲ႕ယြမ္ဟြိဳင္၏ ပုံရိပ္က သူ၏မ်က္ဝန္းအိမ္ထဲ ထင္ဟပ္လာၿပီး အႏွီေဖာက္ထြင္းျမင္ရလုမတတ္ ျဖဴေဖ်ာ့ေဖ်ာ့လက္က သူ၏ပါးျပင္ကို ထိေတြ႕လာေသာအခါ စိမ့္ခနဲ ေအးသြားသည္။

(TN : ရွဲ႕ယြမ္ဟြိဳင္ကို ေမ့သြားၾကၿပီဆိုလို႔။ စြန႔္ပစ္ေဆး႐ုံ Arc က က်စ္ခ်ဴးျပန္လာမယ့္အခ်ိန္ကို တစ္ခ်ိန္လုံး ေစာင့္ေမွ်ာ္ေနခဲ့တဲ့ စိတ္ထားအႏူးညံ့ဆုံး Boss ပါေနာ္။ )

ဘာေတြျဖစ္ကုန္တာလဲ..? ရွဲ႕ယြမ္ဟြိဳင္က ဘာလို႔ ႐ုတ္တရက္ႀကီး Photobook ထဲကေန ထြက္လာတာလဲ..?!

သူ၏ရင္ထဲ တုန္လႈပ္ေခ်ာက္ခ်ားသြား၏။ ကပ်ာကယာ မတ္တပ္ရပ္ၿပီး အေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္သည္။ သို႔ေသာ္ မသိစိတ္အရ ျပဳမူလိုက္မိသည့္ ထိုအျပဳအမူေလးေၾကာင့္ ရွဲ႕ယြမ္ဟြိဳင္၏ မ်က္ဝန္းမ်ား ေမွးမွိန္သြားရသည္။ ဆန႔္ထားသည့္လက္ပင္ အသာေအာက္က်သြားၿပီး တိုးညင္းစြာ ေျပာလာသည္။

“ေရွာင္ခ်ဴး.. ကိုယ့္ကို….. ေၾကာက္ေနတာလားဟင္..?”

ထိုအမ်ိဳးသားသည္ ေခ်ာေမာခန႔္ညားၿပီး မ်က္ဝန္းအိမ္ထဲတြင္ ေအးစက္မႈတခ်ိဳ႕ ကိန္းဝပ္ေနသည္။ အတန္ငယ္ ေဖာက္ထြင္းျမင္ေနရ၍သာ မဟုတ္လွ်င္ ေဆး႐ုံထဲမွ လူေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့သည့္ မေကာင္းဆိုးဝါးဝိညာဥ္ဟူ၍ မည္သူမွ် ေတြးထင္မည္မဟုတ္ေပ။

သို႔ေသာ္ အမွန္အတိုင္းဆိုရလွ်င္ ခ်န္က်စ္ခ်ဴးသည္ ရွဲ႕ယြမ္ဟြိဳင္အေပၚ လုံးဝေၾကာက္စိတ္မရွိ။ ရွဲ႕ယြမ္ဟြိဳင္က သူ႔ကို နာက်င္ေအာင္ မလုပ္ခဲ့ဖူးေပ။ ထိုစဥ္က ‘အထိန္းအကြပ္မဲ့လႈပ္ရွားမႈ’ထဲ ေရာက္ေနသျဖင့္ သူကိုယ္တိုင္က သတ္ေပးပါရန္ စတင္ေတာင္းဆိုခဲ့ေသာ္လည္း ရွဲ႕ယြမ္ဟြိဳင္က သူ႔ကို မသတ္ခဲ့ေပ။ ႏူးႏူးညံ့ညံ့ေလး နမ္းၿပီး လႊတ္ေပးခဲ့သည္။

“………….”

ခ်န္က်စ္ခ်ဴးက တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ အသာေခါင္းယမ္းျပလိုက္သည္။ သူ ရွဲ႕ယြမ္ဟြိဳင္ကို ယုံၾကည္သည္။ သူ႔ကို နာက်င္ေအာင္ လုပ္မည္မဟုတ္ေပ။ Photobook ထဲမွ ႐ုတ္တရက္ႀကီး ထြက္ေပၚလာ၍သာ ေၾကာက္သြားျခင္း ျဖစ္သည္။

ထို႔အျပင္ Photobook ထဲမွ သရဲတေစၦအားလုံး ပိုင္ရိ၏ ဝိညာဥ္အစိတ္အပိုင္းမ်ား ျဖစ္ေၾကာင္း သူ သိထားၿပီးျဖစ္၏။ အခ်ဳပ္အားျဖင္ဆိုရေသာ္ သူတို႔အားလုံးက ‘ပိုင္ရိ’ပင္။

ယမန္ေန႔ညက ပိုင္ရိထြက္သြားၿပီးေနာက္ ခ်န္က်စ္ခ်ဴးသည္ အိပ္မေပ်ာ္သျဖင့္ System ႏွင့္ စကားစျမည္ေျပာရင္း ယခင္ကမသိခဲ့ရသည့္ ကိစၥအေတာ္မ်ားမ်ား သိလိုက္ရသည္။

“….. အဲ့ေတာ့ မင္းေျပာခ်င္တာက ငါ ဒီဂိမ္းထဲေရာက္လာတာ ပိုင္ရိကို ကယ္တင္ဖို႔ေပါ့..?”

ခ်န္က်စ္ခ်ဴးမွာ အိပ္ရာေပၚလွဲရင္း မ်က္လုံးမွိတ္ထားေသာ္လည္း System ၏စကားကို ၾကားလိုက္ရသည့္အခိုက္ ထထိုင္မိမလိုပင္ ျဖစ္သြားရ၏။ : “ပိုင္ရိက ဒီဂိမ္းနဲ႔ ဘယ္လိုပတ္သက္ေနတာလဲ..? သူ႔ကို ကယ္ႏိုင္ဖို႔အတြက္ ငါ့ကိုေတာင္ ဂိမ္းထဲ တကူးတကႀကီး ဆြဲသြင္းခဲ့တာဆိုေတာ့ေလ..?”

ပိုင္ရိကို ကယ္တင္ႏိုင္ခဲ့သည့္အတြက္ ဝမ္းသာၾကည္ႏူးမိသလို ယခုထက္ အဆတစ္ရာမက အႏၲရာယ္ႀကဳံရမည္ဆိုလွ်င္ပင္ လိုလိုလားလား လုပ္ေပးခ်င္ပါသည္။ သို႔ေသာ္ တခ်ိဳ႕ကိစၥမ်ားကို နားမလည္ႏိုင္ေသးေပ။ ဂိမ္းဘက္က သူ၏ ေသေရးရွင္ေရးကို ဝင္စြက္ဖက္ရသည္အထိ ပိုင္ရိသည္ မည္သည့္အဆင့္အတန္းတြင္ ရွိေနသနည္း။

[ ပိုင္ရိက ဒီအတိုင္း Player တစ္ေယာက္ပါပဲ။ ဒါေပမဲ့ အစြမ္းထက္လြန္းေတာ့ သူ႔ရဲ႕လုပ္ရပ္တိုင္းက ဂိမ္းအေပၚ သက္ေရာက္မႈရွိေနတယ္.. ]

System က ရွင္းျပသည္။ : [ ဥပမာ.. သူက ဂိမ္းရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားျဖစ္သလို ေငြေၾကးနတ္ဘုရားလို႔လည္း သတ္မွတ္လို႔ရတယ္။ Forum ထဲ သူေပၚလာေတာ့ Player အေတာ္မ်ားမ်ားရဲ႕ စိတ္ကို သိမ္းပိုက္သြားတယ္။ သူ႔ရဲ႕ အဆင့္အတန္းက ဂိမ္းထက္ေတာင္ ျမင့္လာေတာ့ ဂိမ္းေအာ္ပေရတာေတြလည္း သူ႔ကို အထူးအေလးထားၿပီး ေစာင့္ၾကည့္ရတာေပါ့။ ]

[ သူတစ္ေယာက္တည္း မဟုတ္ဘူး၊ မစၥတာမုတို႔ ကုက်န္းတို႔ကိုလည္း သတိထားၿပီး ေစာင့္ၾကည့္ေနရတယ္။ ၿပီးေတာ့ မင္းလည္း ပါတယ္။ ]

“ငါလား..?” ခ်န္က်စ္ခ်ဴးက အံ့ဩသြားဟန္ျဖင့္.. “ပိုင္ရိေၾကာင့္လား..?”

[ ဟုတ္တယ္.. ဘာလို႔လဲဆိုေတာ့ မင္းက ပိုင္ရိရဲ႕ ဝိညာဥ္အစိတ္အပိုင္းေတြကို ကယ္တင္ႏိုင္တဲ့ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ျဖစ္ေနလို႔ပဲ.. ]

[ ပိုင္ရိ ေျပာခဲ့တဲ့အတိုင္းပဲ၊ သူနဲ႔ မစၥတာမုတို႔ ဂိမ္းထဲမွာေတြ႕ၿပီး တိုက္ခိုက္ခဲ့ၾကတယ္။ ေနာက္ဆုံးရလဒ္က ႏွစ္ဖက္လုံး အထိနာသြားတယ္။ ပိုင္ရိရဲ႕ ဝိညာဥ္က အစိတ္အပိုင္း ၁၀၀ ေက်ာ္အထိ ကြဲေၾကသြားၿပီး မစၥတာမုရဲ႕ ဝိညာဥ္က အရမ္းေၾကာက္စရာေကာင္းတဲ့ Instance တစ္ခုထဲမွာ ပိတ္မိသြားတယ္။ ]

[ ပိုင္ရိရဲ႕ ဝိညာဥ္အစိတ္အပိုင္းေတြက ဂိမ္းထဲ ျပန႔္က်ဲသြားၿပီး အသစ္ျဖစ္တည္လာတဲ့ Instance ေတြရဲ႕ Boss ျဖစ္လာတယ္။ ]

[ အဲ့ဝိညာဥ္အစိတ္အပိုင္းေတြက Boss Photobook ထဲက Boss အေရအတြက္အတိုင္းပဲ.. ဟုတ္သား.. ‘Winter Branch’ က လြဲရင္ေပါ့။ သူက ပိုင္ရိရဲ႕ Forum Account ထဲမွ ပုန္းေနေတာ့ သူ႔ကို ထည့္မတြက္လိုက္မိဘူး။ ]

“ေနဦး.. Photobook ထဲက Boss အားလုံး ပိုင္ရိရဲ႕ ဝိညာဥ္အစိတ္အပိုင္းေတြလို႔ ေျပာခ်င္တာလား..?”

ခ်န္က်စ္ခ်ဴးက ဆတ္ခနဲ ထထိုင္လိုက္သည္။ သူ၏မ်က္ႏွာေပၚတြင္ အံ့ဩေနမႈကို မဖုံးကြယ္ႏိုင္ေတာ့ေပ။

ပိုင္ရိက သူေတြ႕ႀကဳံခဲ့ရသည့္ Instance မ်ားမွ Boss အားလုံး သူ၏ဝိညာဥ္အစိတ္အပိုင္း ျဖစ္ေၾကာင္း ဝန္ခံခဲ့ေသာ္လည္း Photobook အေၾကာင္း မေျပာျပခဲ့ေပ။ ဝိညာဥ္အစိတ္အပိုင္းမည္မွ်အထိ ကြဲသြားခဲ့ေလသနည္း။

[ အဲတာေၾကာင့္ မင္း ဂိမ္းထဲေရာက္လာရတဲ့ အေၾကာင္းအရင္းက သူ႔ကိုကယ္တင္ဖို႔လို႔ ေျပာခဲ့တာေပါ့။ မင္းရဲ႕တာဝန္က သူ႔ရဲ႕ဝိညာဥ္အစိတ္အပိုင္းေတြကို စုေဆာင္းၿပီး ဂိမ္းထဲကေန ျပန္ထြက္ႏိုင္ေအာင္ ကူညီေပးဖို႔ပဲ။ ]

[ သူ႔ရဲ႕ဝိညာဥ္ ျပႆနာတက္ရတဲ့ အဓိကအေၾကာင္းအရင္းက မင္းအေပၚထားတဲ့ အခ်စ္၊ ခံစားခ်က္ေတြေၾကာင့္ဆိုေတာ့ ဝိညာဥ္အစိတ္အပိုင္းေတြကို စုေဆာင္းတဲ့ နည္းလမ္းကလည္း သူ႔ရဲ႕အခ်စ္နဲ႔ ပတ္သက္ေနတယ္။ ]

[ အနမ္းဆိုတာ အခ်စ္ကိုေဖာ္ျပတဲ့ အလြယ္ဆုံးနည္းလမ္းပဲ။ သူ႔ရဲ႕ဝိညာဥ္အစိတ္အပိုင္းေတြက အနမ္းကေနတဆင့္ မင္းကို တုံ႔ျပန္လာလိမ့္မယ္။ အဲတာေၾကာင့္ မင္းကို အဲ့အစြမ္းေပးၿပီး ဝိညာဥ္အစိတ္အပိုင္းေတြကို စုေဆာင္းခိုင္းခဲ့တာ။ ]

[ ပိုင္ရိက မင္းတစ္ေယာက္တည္းကို ခ်စ္တယ္။ အဲတာေၾကာင့္ သူ႔ကို ကယ္တင္ႏိုင္တဲ့လူကလည္း မင္းတစ္ေယာက္တည္းပဲ။ မင္းတို႔က ကံၾကမၼာကဖန္တီးထားတဲ့ ဖူးစာဖက္ေတြ။ ]

ထိုသို႔ေျပာၿပီးေနာက္ System က လူယုတ္မာသံျဖင့္ သူ႔ကို စေနာက္လာသည္။ : [ ဂိမ္းထဲဝင္လာကတည္းက မင္းက အေကြးေလးဆိုတာ ငါ သိေနသားပဲ။ ပိုင္ရိကို က်ိန္းေသေပါက္ ခ်စ္မိသြားမွာ။ ပိုင္ရိကို မေႂကြဘဲ ဘယ္ေနပါ့မလဲ..?! ]

“…………..”

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာတစ္ျပင္လုံး နီရဲတက္လာၿပီး ျပန္ေျပာစရာစကား မရွိခဲ့ေပ။

System ေျပာသလိုပင္၊ ပိုင္ရိႏွင့္ အခ်ိန္အတိုင္းအတာတစ္ခုအထိ အတူတူရွိခဲ့ၿပီးေနာက္ ထိုအမ်ိဳးသားအေပၚ ခံစားခ်က္မရွိရန္မွာ တကယ္ခက္လွ၏။ ပိုင္ရိ၏ ညႇိဳ႕ဓာတ္က လိင္အမ်ိဳးအစားႏွင့္ လုံးဝမသက္ဆိုင္ေပ။ ပိုင္ရိလိုလူကိုမွ မခ်စ္မိလွ်င္ သူ တစ္သက္လုံး ခ်စ္သူရည္းစားမရွိဘဲ ေနသြားရေလာက္သည္။

တစ္ခဏၾကာၿပီးေနာက္ ခ်န္က်စ္ခ်ဴးက ေမးလိုက္သည္။ : “ပိုင္ရိက မင္းတို႔အတြက္ ဘယ္ေလာက္အ‌ေရးႀကီးလဲဆိုတာ ငါ နားလည္ပါၿပီ။ ဒါေပမဲ့ ပိုင္ရိကို ဂိမ္းထဲကေန ဘာလို႔ထြက္သြားေစခ်င္တာလဲ..? ဂိမ္းထဲမွာ ဆက္ၿပီး မရွိေစခ်င္ဘူးလား..?”

[ ငါတို႔က သူ႔ကို ဘာလို႔ ေခၚထားရမွာလဲ..? ] System က ျပန္ေမးသည္။ : [ မင္းက ဘာလို႔ အဲ့လိုထင္တာလဲ..? ]

ခ်န္က်စ္ခ်ဴးလည္း နားမလည္ႏိုင္ျဖစ္ေနဟန္ျဖင့္.. : “မင္းေျပာပုံအရဆို သူက ဂိမ္းထဲမွာ ေငြေၾကးနတ္ဘုရားေလ။ သူသာ ဆက္ရွိေနရင္ မင္းတို႔အတြက္လည္း အက်ိဳးအျမတ္…….”

[ ေငြေၾကးနတ္ဘုရားဆိုတာ ဒီအတိုင္း ဥပမာေပးတာ။ ငါတို႔အတြက္ တကယ္ႀကီး ပိုက္ဆံရွာေပးေနတာ မဟုတ္ဘူး.. ]

System က ဆိုသည္။ : [ အမွန္အတိုင္းေျပာရရင္ သူ႔ကို ျမန္ျမန္ ထြက္သြားေစခ်င္ေနၿပီ။ သူ႔ရဲ႕အေျခအေနက မတည္ၿငိမ္ေတာ့ အခ်ိန္မေ႐ြး ေပါက္ကြဲသြားႏိုင္တဲ့ ဗုံးတစ္လုံးလိုပဲ။ သူေသရင္ သူ႔ရဲ႕ဝိညာဥ္အစိတ္အပိုင္းေတြလည္း သူနဲ႔အတူတူ ေသသြားလိမ့္မယ္။ ]

[ သူ႔ရဲ႕ဝိညာဥ္အစိတ္အပိုင္းကေန ျဖစ္တည္လာတဲ့ Boss ေတြက တကယ့္အေကာင္ေတြ။ Boss ေသရင္ Instance လည္း ပ်က္စီးသြားမွာ။ အနည္းဆုံး ၂၀၀ နီးပါးပဲ။ Instance ၂၀၀ နီးပါး တစ္ခ်ိန္တည္း ပ်က္စီးသြားရင္ ငါတို႔ဂိမ္းလည္း ထိန္းမႏိုင္သိမ္းမရ ျဖစ္ကုန္လိမ့္မယ္။ ဖာ့ခ္.. အဲ့ျပႆနာရဲ႕ အက်ိဳးဆက္ကို မင္းသိရဲ႕လား..?! ]

System က ခံစားခ်က္ကိုေဖာ္ျပရန္ ဆဲေရးသည့္စကားလုံးကိုပင္ သုံးလာေခ်ၿပီ။

[ ငါတို႔ သူ႔ကို မေသခိုင္းရဲဘူး။ ႏွင္ထုတ္လို႔လည္း မရဘူး။ အဲ့ေတာ့ မင္းကို ဆြဲသြင္း႐ုံကလြဲရင္ ဘာတတ္ႏိုင္ဦးမွာလဲ..? ]

“အဲ့တာဆိုလည္း ဘာလို႔ အစကတည္းက ဒီကိစၥေတြအားလုံးကို မေျပာျပခဲ့တာလဲ..? ဘာလို႔ အခ်ိန္အၾကာႀကီး ဖုံးကြယ္ထားတာလဲ..?”

ခ်န္က်စ္ခ်ဴးက ျပန္မေမးဘဲ မေနႏိုင္ခဲ့ေပ။

[ မင္းကို ေျပာျပရမယ္..? မင္းမသိတဲ့ သူစိမ္းတစ္ေယာက္က မင္းရဲ႕အကူအညီကို လိုအပ္ေနပါတယ္.. စိတ္မပူပါနဲ႔.. သူ႔ကို ကယ္တင္ဖို႔ သရဲ ၁၀၀ ေက်ာ္နဲ႔ နမ္းေပး႐ုံပါပဲ.. ၿပီးတာနဲ႔ Instance ထဲကေန အတူတူျပန္ထြက္ႏိုင္ပါတယ္ဆိုၿပီး ေျပာျပေစခ်င္တာလား..? အဲ့လိုေျပာျပလိုက္ရင္း မင္းဘာလုပ္မယ္ထင္လဲ..? ]

“ငါ အဲ့သူစိမ္းကို မုန္းမိလိမ့္မယ္..” ခ်န္က်စ္ခ်ဴးက ႐ိုး႐ိုးသားသား ျပန္ေျဖသည္။

[ အဲတာေၾကာင့္ ငါတို႔လည္း မင္း မျငင္းဆန္ေလာက္တဲ့ နည္းလမ္းမ်ိဳး၊ ယုံၾကည္စိတ္ခ်ရတဲ့ နည္းလမ္းမ်ိဳး ရွာႀကံရတာေပါ့။ ပိုင္ရိသာ မင္းမုန္းသြားမွန္းသိရင္ ေနရာမွာတင္ သတ္ေသသြားလိမ့္မယ္။ ]

“ဘယ္လိုလုပ္ အဲ့ေလာက္ထိ…”

System က ျဖတ္ေျပာသည္။ : [ မင္း ယုံၾကည္လိုက္တာ အေကာင္းဆုံးပဲ။ ပိုင္ရိက မင္းကို အရမ္းခ်စ္ေပမယ့္ မင္းမုန္းလို႔ဆိုၿပီး သူ႔အသားကို နည္းနည္းခ်င္း လွီးျဖတ္ရင္း ေသသြားလို႔ မေကာင္းဆိုးဝါးဝိညာဥ္ျဖစ္လာရတဲ့ Instance တစ္ခုေတာင္ ရွိေသးတယ္။ ]

“ငါ သူ႔ကို မမုန္းဘူး..”

ထိုစကားကိုၾကားၿပီး ခ်န္က်စ္ခ်ဴးမွာ ရင္နာလာသည္။ ထိုျမင္ကြင္းကို ေတြးပင္မေတြးရဲေခ်။

[ အဟြတ္.. အဟြတ္.. အခ်စ္ရဲ႕ ခ်ဥ္စူးစူးအနံ႔ေတြကြာ.. မင္းက အခုမွ ပိုင္ရိကို ခ်စ္မိသြားလို႔သာ အဲ့စကားမ်ိဳး ထြက္လာတာ.. ]

[ ဘာကိစၥပဲရွိရွိ.. ေကာင္းေကာင္းလုပ္ရမယ္ေနာ္။ ငါတို႔ရဲ႕ထင္ျမင္ခ်က္အရ ဝိညာဥ္အစိတ္အပိုင္းတိုင္းကို နမ္းဖို႔ မလိုေလာက္ဘူး.. လုံလုံေလာက္ေလာက္ စုေဆာင္းၿပီးရင္ သူတို႔အခ်င္းခ်င္း တုံ႔ျပန္ၿပီး က်န္တဲ့အစိတ္အပိုင္းေတြကို အလိုလို ဆြဲငင္လိမ့္မယ္။ ]

[ အခု မူလပိုင္ရိလည္း အသက္ျပန္ရွင္လာၿပီဆိုေတာ့ သူတို႔ရဲ႕စြမ္းအားက ပိုတိုးသြားၿပီ။ သိပ္မၾကာခင္ ဂိမ္းထဲက ထြက္ႏိုင္လိမ့္မယ္ထင္တယ္။ ]

***

အဲ့ေတာ့ စြမ္းအားတိုးလာတဲ့ သက္ေရာက္မႈအေနနဲ႔ Photobook ထဲကေန ရွဲ႕ယြမ္ဟြိဳင္ ထြက္လာႏိုင္တာလား..???

ခ်န္က်စ္ခ်ဴးသည္ ရွဲ႕ယြမ္ဟြိဳင္ကို မေၾကာက္ေသာ္လည္း ယခုလိုျဖစ္လာေစခ်င္သည္ဟု မဆိုလိုေပ။

System က ဓာတ္ပုံမ်ားမ်ား စုေဆာင္းႏိုင္လွ်င္ Boss မ်ားလည္း Photobook ထဲမွ ထြက္လာႏိုင္လိမ့္မည္ဟု ေျပာခဲ့ဖူးသည္။ သို႔ေသာ္ ကန႔္သတ္ခ်က္အရ သူဆင့္ေခၚမွသာ ထြက္လာႏိုင္မည္ျဖစ္ေသာ္လည္း ယခုေတာ့ ရွဲ႕ယြမ္ဟြိဳင္က သူ႔ဘာသာ ထြက္လာေခ်ၿပီ။

“ေသာက္က်ိဳးနည္း ဘာေတြျဖစ္ကုန္တာလဲ..? ျမန္ျမန္လာရွင္းျပ..!!!” System ကို အလန႔္တၾကား ေမးမိသည္။

[ ၾကည့္ရတာ… ျပႆနာတက္ၿပီထင္တယ္…. ]

System က ေနရခက္စြာ ရယ္လိုက္ရင္း..

[ ပိုင္ရိရဲ႕စြမ္းအားက ထင္ထားတာထက္ ပိုသန္မာေနတယ္။ အခု သူက အသက္ျပန္ရွင္လာၿပီး သူနဲ႔႐ုပ္ခ်င္းတူတဲ့ ‘Winter Branch’ ေရာ၊ သတို႔သားကိုသာ စုဆာင္းလိုက္ႏိုင္ေတာ့ စြမ္းအားပမာဏ အရမ္းမ်ားသြားၿပီ။ Photobook လည္း တစ္ခါတည္းနဲ႔ သူတို႔အားလုံးကို မထိန္းသိမ္းႏိုင္ေတာ့ဘူး။ အဲတာေၾကာင့္……. ]

“အဲတာေၾကာင့္..?” ခ်န္က်စ္ခ်ဴး၏ ခႏၶာကိုယ္က တုန္ယင္လာသည္။

System ၏အသံက တိုးလြန္း၍ မနည္းနားေထာင္ေနရ၏။

[ ……… Photobook က အထိန္းအခ်ဳပ္မဲ့သြားၿပီ။ ]

ခ်န္က်စ္ခ်ဴး : ???!!

[ Photobook ကို တတ္ႏိုင္သမွ် ျမန္ျမန္ျပင္ေပးပါ့မယ္။ အဲ့မတိုင္ခင္အထိ ေက်းဇူးျပဳၿပီး…. ထိန္းထားေပးပါဦး..! မွတ္ထားေနာ္.. သူတို႔ကို အခ်င္းခ်င္း မတိုက္ခိုက္ေစနဲ႔။ တစ္ေယာက္ေယာက္ေသသြားတာနဲ႔ ျပႆနာအႀကီးႀကီး တက္လိမ့္မယ္..! ]

ခ်န္က်စ္ခ်ဴးခမ်ာ ထိုစကားေၾကာင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္သြားသည္။ အေတာ္ၾကာသည္အထိ အံ့ဩမွင္သက္ေနၿပီးေနာက္ ေၾကာက္လန႔္တၾကား ေမးေလသည္။

“ေနဦး.. တျခား Boss ေတြလည္း ထြက္လာၿပီလို႔ လာမေျပာနဲ႔ေနာ္..?!”

[ စိတ္မပူပါနဲ႔.. ထပ္ထြက္လာစရာ မရွိေတာ့ပါဘူး.. ]

“အဲတာဆို ေတာ္ေသး….”

[ ………. ဘာလို႔လဲဆိုေတာ့ မင္းစုေဆာင္းထားတဲ့ ဝိညာဥ္အစိတ္အပိုင္းေတြအားလုံး အျပင္ေရာက္ေနၿပီေလ။ ]

“………….”

[ ငါ မင္းကို ယုံၾကည္မယ္ေနာ္။ မင္း လုပ္ႏိုင္မွာပါ။ Photobook ကို ျပန္ျပင္ၿပီးတာနဲ႔ သူတို႔ကို ေနာက္တစ္ခါ ထပ္နမ္းလိုက္႐ုံပဲ။ အခု ငါသြားေတာ့မယ္.. မင္း သူတို႔ကို ထိန္းထားေနာ္.. ဘိုင္း…!!! ]

“မင္း.. မ်ိဳးမစစ္ေကာင္..! ဒီအေျခအေနႀကီးမွာ ဘယ္လိုလုပ္ ထားသြားရက္တာလဲ..?! ျပန္လာခဲ့..! ျပန္လာခဲ့လို႔..!!!”

ခ်န္က်စ္ခ်ဴးခမ်ာ ၿပိဳလဲက်လုမတတ္…

Boss ေတြအကုန္ လြတ္သြားၿပီ။ သူတို႔အားလုံးကို ထိန္းထားၿပီး ေနာက္တစ္ႀကိမ္ ထပ္နမ္းရမယ္တဲ့။ သူ႔ကို ေသခိုင္းတာနဲ႔ ဘာကြာေသးလို႔လဲ..?!

“…………..”

ရွဲ႕ယြင္ဟြိဳင္၏လက္ထဲမွ အနက္ေရာင္စာအုပ္သည္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြား၏။ System က စာအုပ္ကို တျခားတစ္ေနရာ ပို႔လိုက္ျခင္းပင္။ ရွဲ႕ယြမ္ဟြိဳင္က အသာမ်က္ေမွာင္ၾကဳတ္ၿပီး လက္သီးဆုပ္လိုက္သည္။ သို႔ေသာ္ စာအုပ္ကို သိပ္ၿပီးဂ႐ုစိုက္ပုံမေပၚေခ်။ ထိုအစား ေရွ႕တစ္လွမ္းတိုးၿပီး လဲက်လုမတတ္ျဖစ္ေနသည့္ ခ်န္က်စ္ခ်ဴးကို တြဲထူေပးသည္။ လက္ေမာင္းကို ထိန္းကိုင္ထားၿပီးေနာက္ နဖူးထက္သို႔ အနမ္းဖြဖြေႁခြၿပီး ညင္သာစြာ ေျပာလာသည္။

“ကိုယ့္ကို ခဏေလာက္ အေဖာ္ျပဳေပးလို႔ရလား..?”

ခ်န္က်စ္ခ်ဴး၏စိတ္ထဲ ဝ႐ုန္းသုန္းကားျဖစ္ေနၿပီး အသိစိတ္ျပန္မကပ္ႏိုင္ေသးေပ။ ထိုအခိုက္ အိပ္ခန္းတံခါးက ႐ုတ္တရက္ ပြင့္လာၿပီး ပိုင္ရိ၏ မ်က္ႏွာေခ်ာေခ်ာေလး ေပၚလာသည္။

“က်စ္ခ်ဴး..”

ပိုင္ရိသည္ ကနဦးတြင္ ၿပဳံးေနေသးေသာ္လည္း ရွဲ႕ယြမ္ဟြိဳင္ကို ျမင္လိုက္ရသည့္အခိုက္ သူ၏အၿပဳံးက ႐ုတ္ခ်ည္း လြင့္ျပယ္သြားသည္‌။ မ်က္ေမွာင္ၾကဳတ္ကာ ေအးတိေအးစက္ ေျပာလာသည္။ : “က်စ္ခ်ဴးကို လႊတ္လိုက္..”

“ပိုင္ရိ….”

ရွဲ႕ယြမ္ဟြိဳင္က တင္းတင္းက်ပ္က်ပ္ ဖက္ထားတာမဟုတ္ေပ။ ထို႔ေၾကာင့္ ခ်န္က်စ္ခ်ဴးသည္ နီရဲေနသည့္ မ်က္ႏွာေလးျဖင့္ တစ္ဖက္လွည့္လိုက္ရင္း မသိစိတ္အရ ပိုင္ရိထံသို႔ လက္ကမ္းကာ.. : “သူ…”

“က်စ္ခ်ဴး.. မေၾကာက္နဲ႔ေနာ္..”

ကိုလူေခ်ာက ေအးစက္စက္မ်က္ႏွာထားျဖင့္ အနားေလွ်ာက္လာၿပီး ခ်န္က်စ္ခ်ဴး၏ လက္ကို ဆုပ္ကိုင္လိုက္သည္။

ခ်န္က်စ္ခ်ဴးမွာ စိတ္မၿငိမ္ေသးေသာ္လည္း ဆန႔္ထားသည့္လက္မွ ေအးစက္စက္ ခံစားခ်က္တစ္ခု ႐ုတ္ခ်ည္း ခံစားလိုက္ရသည္။ မသိလွ်င္ ေရခဲတုံးႀကီးတစ္ခု ဆုပ္ကိုင္ထားသည့္ႏွယ္။

သူ၏ရင္ထဲ ဒိန္းခနဲျဖစ္သြားၿပီး မ်က္ႏွာအမူအရာက ေျပာင္းလဲသြားသည္။ အေတာ္ေလး ထိတ္လန႔္သြားပုံပင္။

ပိုင္ရိႏွင့္႐ုပ္ခ်င္းတူေသာ ကိုလူေခ်ာသည္ ခ်န္က်စ္ခ်ဴး၏လက္ကို ကိုင္ၿပီး တစ္ခ်က္ငုံ႔ၾကည့္လိုက္သည္။ ၿပီးေနာက္ ဝမ္းနည္းစိတ္ပ်က္သြားဟန္ျဖင့္ ေျပာလာသည္။ : “လက္ထပ္လက္စြပ္ကို မဝတ္ထားဘူးပဲ..?”

ဒါ.. ပိုင္ရိမဟုတ္ဘူး။ သတို႔သားပဲ။ သတို႔သား ေရာက္လာၿပီ..!

တေစၦႏွစ္ေကာင္ၾကားတြင္ ပိတ္မိေနေသာ ခ်န္က်စ္ခ်ဴးခမ်ာ အခန္းအပူခ်ိန္ က်ဆင္းလာသလို ခံစားလိုက္ရသည္။ သူ၏မ်က္ႏွာတြင္ ေသြးေရာင္ေပ်ာက္ေနၿပီး တစ္ကိုယ္လုံး မသိမသာ တုန္ယင္လာခဲ့သည္။

“ကိစၥမရွိပါဘူး..”

သတို႔သားက သူ႔ကိုၾကည့္ၿပီး ႏူးႏူးညံ့ညံ့ေလး ဆိုသည္။ သူက ခ်န္က်စ္ခ်ဴး၏ လက္ေခ်ာင္းထက္သို႔ အနမ္းဖြဖြေႁခြကာ..

“ဘာပဲျဖစ္ျဖစ္ မင္းက ကိုယ့္ရဲ႕ သတို႔သမီးေလးပဲ..”

***

ပိုင္ရွီရွင္းသည္ ဧည့္ခန္းထဲတြင္ ထိုင္ေနၿပီး Notebook ၾကည့္ရင္း စာ႐ြက္စာတမ္းမ်ားကို စီေနသည္။ သူက စခရင္၏ ညာဘက္ေထာင့္ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည့္ ပိုင္ရိကို ေမာ့ၾကည့္လိုက္သည္။

“အစ္ကို.. ဂ်ဴနီယာခ်န္ကို ဘာလို႔သြားမႏႈိးတာလဲ..? ၁၀ နာရီထိုးေနၿပီ.. အခု အိပ္ရာမထရင္ အတန္းေနာက္က်ေတာ့မယ္ေနာ္.. မေန႔က ညေနပိုင္း အတန္းရွိတယ္လို႔ ေျပာသြားတယ္..”

“အင္း..”

ပိုင္ရိက ဖုန္းအသစ္ကိုကိုင္ၿပီး ဘာသိဘာသာ တုံ႔ျပန္လာသည္။ Home ခလုပ္ကို ႏွိပ္လိုက္သျဖင့္ သတို႔သမီးဝတ္စုံ ဝတ္ထားသည့္ ခ်န္က်စ္ခ်ဴး၏ပုံက ေပ်ာက္ကြယ္သြားသည္။ ၿပီးေနာက္ ဖုန္းကို အိတ္ကပ္ထဲတြင္ ထည့္သိမ္းလိုက္ၿပီး အေပၚထပ္သို႔ တက္သြားသည္။

ပိုင္ရွီရွင္းက စာၾကည့္မ်က္မွန္ကို ပင့္တင္ၿပီး သူ႔ဝမ္းကြဲ၏ ေနာက္ေက်ာကို သံသယစိတ္အျပည့္ျဖင့္ စိုက္ၾကည့္ေနမိသည္။

မေန႔ညက တစ္ခုခုျဖစ္ခဲ့တာ ေသခ်ာတယ္။ အဲ့တာေၾကာင့္ ဂ်ဴနီယာခ်န္ အိပ္ရာမႏိုးေသးတာ ျဖစ္မယ္..!

ဒီလို အခိုင္အမာယုံၾကည္ေနရတဲ့ အေၾကာင္းျပခ်က္ကေတာ့ ဒီေလာက္ေနျမင့္တဲ့အထိ ဂ်ဴနီယာခ်န္ မႏိုးေသးတာေတာင္ သူ႔ဝမ္းကြဲက စိုးရိမ္ပုံမေပၚဘူး။ အဲ့အစား စိတ္ၾကည္ေနတဲ့ပုံပဲ…

ဖာ့ခ္.. သူ႔ဝမ္းကြဲ စိတ္ေဖာက္ျပန္ၿပီး မေန႔ညက ဂ်ဴနီယာခ်န္ကို အတင္းအဓမၼက်င့္ခဲ့တာေတာ့ မဟုတ္ပါဘူးေနာ္..?!

ပိုင္ရွီရွင္းမွာ သူ႔အေတြးကို သူကိုယ္တိုင္ပင္ လန႔္သြားရ၏။ ဆက္ၿပီး ထိုင္မေစာင့္ႏိုင္ေတာ့ေခ်။ ကပ်ာကယာ မ်က္မွန္ခြၽတ္ၿပီး အေပၚထပ္သို႔ လိုက္သြားသည္။ ထိုအခိုက္ မနက္စာအတြက္ မီးဖိုေခ်ာင္ထဲတြင္ လက္ဖက္ရည္ေဖ်ာ္ေပးေနေသာ အိမ္အကူထံမွ ေၾကာက္လန႔္တၾကား ေအာ္ဟစ္သံတစ္ခု ထြက္ေပၚလာခဲ့သည္။

“ဘာျဖစ္လို႔လဲ အန္တီလီ..?”

ေအာ္သံေၾကာင့္ ပိုင္ရွီရွင္းမွာ အံ့အားသင့္သြားၿပီး ထိုေနရာသို႔ အေျပးသြားေသာအခါ မီးဖိုေခ်ာင္ထဲမွ ယိုင္တိယိုင္တိုင္ ေျပးထြက္လာေသာ အိမ္အကူအေဒၚႀကီးကို ျမင္လိုက္ရသည္။ ေၾကာက္စရာေကာင္းသည့္ တစ္စုံတစ္ရာကို ေတြ႕ခဲ့ရသကဲ့သို႔ သူမ၏ မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး မီးဖိုေခ်ာင္ထဲသို႔ လက္ညႇိဳးထိုးကာ..

“သ… သရဲ..!  သရဲ ရွိတယ္..!”

ေနာက္ထပ္သရဲတစ္ေကာင္လား..?

သရဲတစ္ေကာင္ၿပီးတစ္ေကာင္ ေတြ႕ေနရသျဖင့္ ပိုင္ရွီရွင္းမွာ အံ့ဩသြားေသာ္ျငား မေၾကာက္ေတာ့ေပ။ သူက အိမ္အကူအေဒၚႀကီးကို ပခုံးပုတ္ေပးၿပီး ႏွစ္သိမ့္လိုက္သည္။ : “ကြၽန္ေတာ္ သြားၾကည့္လိုက္ပါ့မယ္..”

“သခင္ေလး.. မသြားပါနဲ႔…”

အိမ္အကူအေဒၚႀကီးက အေတာ္ေလး ေၾကာက္ေနၿပီး ပိုင္ရွီရွင္းကို တားေနေသာ္လည္း ပိုင္ရွီရွင္းက ၿပဳံးျပၿပီး မီးဖိုခန္းထဲသို႔ သတိႀကီးႀကီးထား၍ လွည့္ၾကည့္လိုက္၏။ သူ၏ခႏၶာကိုယ္က ေတာင့္ခဲသြားၿပီး မ်က္ႏွာေပၚတြင္ တုန္လႈပ္ေခ်ာက္ခ်ားေနသည့္ အရိပ္အေယာင္တစ္ခု ေပၚလာခဲ့သည္။ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္မိသည္အထိ…

တံခါးေဘာင္ေပၚတြင္ အနက္ေရာင္တိပ္ပတ္ထားသည့္ လက္တစ္ဖက္ရွိေနၿပီး ပုံရိပ္ေလးတစ္ခုက မီးဖိုခန္းအျပင္သို႔ ျဖည္းညင္းစြာ ထြက္လာသည္။ တစ္ကိုယ္လုံး တိပ္ပတ္ထားသျဖင့္ သူ၏မ်က္ႏွာအစစ္ကို မျမင္ႏိုင္ေပ။

သို႔ေသာ္ ပိုင္ရွီရွင္းက ခ်က္ခ်င္း မွတ္မိသြားသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုလူ၏တစ္ကိုယ္လုံးကို တိပ္ပတ္ခဲ့သူက သူႏွင့္ သူ႔ဝမ္းကြဲ ျဖစ္ေနေသာေၾကာင့္ပင္။

ထိုလူကား က်ိဳးေလာ့ခ်န္ပင္ ျဖစ္သည္။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 82)

ခံစားခ်က္မေကာင္းဘူး။

စိတ္ထင္ေနတာေနမွာပါေလ..?

……………………………….

TN : ကဲ ကဲ ကဲ… ေမ့ေနၾကမယ္ဆိုတာသိလို႔ Meli ေလးက ျပန္ေႏြးေပးမယ္။

၁။ Beginner Instance : ချင်ကျိ ။ ေသြးေအးရက္စက္တဲ့ စိတၱဇလူသတ္သမား။ ကြင္းဆက္လူသတ္သမား။

၂။ သန္းေခါင္ယံစံအိမ္ : ဂ်ိဳရႈအာ ။ အိမ္ပိုင္ရွင္ရဲ႕ ေယာက္်ားနဲ႔ အေစခံ ေဖာက္ျပန္ရာကေန ရလာတဲ့ကေလး။ မေမြးခင္ေသသြားၿပီး မေကာင္းဆိုးဝါးဝိညာဥ္ ျဖစ္လာသူ။ သူက ေနကို တစ္ခါမွမျမင္ဖူးဘူး။ ဒါေပမဲ့ ခ်န္က်စ္ခ်ဴးကို ျမင္လိုက္တဲ့အခ်ိန္ ‘ေန’ဆိုတာ ခ်န္က်စ္ခ်ဴးနဲ႔ တူလိမ့္မယ္လို႔ ေတြးခဲ့သူေပါ့။

၃။ စြန႔္ပစ္ေဆး႐ုံ : ရွဲ႕ယြမ္ဟြိဳင္။ ႏွလုံးေရာဂါနဲ႔ ဆုံးပါးသြားရၿပီး ေဆး႐ုံဝန္းထဲမွာ တေစၦဘဝနဲ႔ သြားလာေနခဲ့တယ္။ ခ်န္က်စ္ခ်ဴးကိုေတြ႕မွ ႏွလုံးသားက အသက္ဝင္လာၿပီး ခ်န္က်စ္ခ်ဴးကို ျပန္လိုခ်င္လို႔ မေကာင္းဆိုးဝါးဝိညာဥ္ ျဖစ္လာခဲ့ရသူ။

၄။ Horror Variety : အမည္မဲ့သရဲ။ ခႏၶာကိုယ္တစ္ခုလုံး တိပ္ပတ္ထားတဲ့သရဲ။ က်ိဳးေလာ့ခ်န္ရဲ႕ ခႏၶာကိုယ္ထဲ ေရာက္ေနတဲ့ ပိုင္ရိရဲ႕ ဝိညာဥ္အစိတ္အပိုင္း။ ခ်န္က်စ္ခ်ဴးသိရင္ သူ႔ကို ႐ြံရွာမုန္းတီးသြားမွာစိုးလို႔ ခ်န္က်စ္ခ်ဴးေရွ႕မွာ တိပ္မျဖည္ရဲဘူး။ မ်က္ႏွာမျပရဲဘူး။

၅။ သရဲေက်ာင္းေတာ္ : ဆုလင္း ။ ေက်ာင္းမွာ အႏိုင္က်င့္ခံရတဲ့ ေကာင္ေလး။ ခ်န္က်စ္ခ်ဴးကသာ သူ႔အတြက္ အရာရာျဖစ္ခဲ့တယ္။

၆။ တေစၦသတို႔သမီး : သတို႔သား ။ ပိုင္ရိ၏ ခႏၶာကိုယ္ကေန ျဖစ္လာတဲ့သရဲ။

၇။ ‘Winter Branch’ ။ Forum Account ထဲ ပုန္းေနတဲ့သရဲ။ ပိုင္ရိနဲ႔ ခြၽတ္စြပ္တူတယ္။

……………………………….

Continue Reading

You'll Also Like

92.3K 14.2K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
753K 114K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...
44K 5.8K 14
Title - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Origina...
13.8K 1.8K 5
Names_ Please respect the occupation 'evil spirit'/ 请尊重恶灵这个职业 Author_ Lu TianYi/ 吕天逸 Genres_ Comedy, Fantasy, Romance, Shounen Ai, Supernatural, Shor...