ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 94

588 91 3
By KimHsuYoon99

Unicode

ထိုစကားကိုကြားတော့ ကုမျန်အံ့ဩသွားရတယ်။ သူမ နည်းနည်း မော့ကြည့်လိုက်တော့ ကွဲကွဲပြားပြားမမြင်ရတဲ့ညဘက်မှာ လေပြေနဲ့ လင်းလက်နေတဲ့လမင်းလိုမျိုး လော့ချယ်ရဲ့အပြုံးကို မြင်လိုက်ရတယ်။

အကြောင်းတစ်ခုခုကြောင့်၊ ထိုအခိုက်အတန့်မှာ ကုမျန်က လော့ချယ်ရဲ့အပြုံးထဲ အခြားအရာတစ်ခုကို မြင်လိုက်ရသလိုပင်။ ဒါပေမယ့် သူမ ၎င်းကိုနားမလည်နိုင်ပေ။

ကုမျန်က နှုတ်ခမ်းကိုဟလိုက်တယ်။ "ဒါဆို ကျွန်မ သေချာနားထောင်မယ်လေ"

လော့ချယ်က ရယ်မောလိုက်ရင်း "တကယ်တော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး ကိုယ် အရင်က အကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ လင်ချန်အန်းနဲ့ အဆောင်နေခဲ့ဖူးတယ် ကိုယ်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက..." ။ လော့ချယ်က ခဏရပ်ပြီး ဆက်ပြောလာတယ်။ "အရမ်းကောင်းတယ် သူဘာလုပ်တယ်ဆိုတာ သူကိုယ့်ကို အမြဲပြောပြလိမ့်မယ် ကိုယ်ကတော့ အခုနဲ့ အတူတူပဲ"

ထိုသို့သော သူငယ်ချင်းဆက်ဆံရေးကို နက်ရှိုင်းတဲ့ ညီအစ်ကိုအဖြစ်တောင် မှတ်ယူလို့ရတယ်။

လော့ချယ်က ဖြည်းဖြည်းချင်း ပြန်ပြောင်းပြောပြလာခဲ့တယ်။ "တစ်နေ့မှာ သူအိပ်ဆောင်ကိုပြန်ရောက်တာနဲ့ တတိယမြောက်အမျိုးသားဇာတ်ဆောင် "ဟန်ရှစ်ယွဲ့" (ဟန်မင်းဆက်ရဲ့ လမင်း) ဇာတ်ကောင်ကိုရခဲ့တယ်လို့ စိတ်လှုပ်တရှားနဲ့ ပြောပြလာတယ် အခုမှ ပွဲဦးထွက်ပြီးတဲ့ အသစ်တစ်ယောက်အနေနဲ့ ဒီဇာတ်ကောင်ကိုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်တို့တွေအားလုံးသိတယ် အဲဒီ့အချိန်က သူငယ်ချင်းတစ်ယောက်အနေနဲ့ ကိုယ် သူ့အတွက် တကယ်ကို ပျော်ရွှင်ပေးခဲ့တာ"

ကုမျန်ရဲ့မျက်နှာမှာ အံ့အားသင့်သွားတဲ့ အမူအရာပေါ်လာတယ်။ သူမမှတ်မိတာမှန်ရင် "ဟန်ရှစ်ယွဲ့" နေရာမှ သရုပ်ဆောင်က လင်ချန်အန်းမဟုတ်ဘဲ လော့ချယ်လေ။

လော့ချယ်က ဒီတီဗီစီးရီးနဲ့ လူထုရှေ့ကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာပင်။

ကုမျန်ရဲ့မျက်၀န်းတွေ အနည်းငယ် ပြူးကျယ်သွားပြီး "နောက်တော့ ဘာဖြစ်သွားလဲ"

"နောက်တော့...နောက်တော့ ဒါရိုက်တာက ကိုယ့်ကို မတော်တဆတွေ့သွားပြီး ကိုယ်က လင်ချန်အန်းထက် ဒီဇာတ်ကောင်နဲ့ပိုသင့်တော်တယ်လို့ သူထင်ခဲ့တယ်"

"ဟန်ရှစ်ယွဲ့"ဆိုတဲ့ တတိယမြောက် အမျိုးသားဇာတ်ဆောင်က တော်ဝင်မင်းသားဖြစ်တယ်။ သူက ‌ကျက်သရေရှိပြီး မြင့်မြတ်ကာ ချောမောခန့်ညားတယ်။ အရည်အချင်းလည်းရှိပြီး နှစ်သက်ဖွယ်ကောင်းတဲ့ ကဗျာတွေကို ရေးသားခဲ့သူဖြစ်လေတယ်။

မင်းသားလေးရဲ့ ရည်မှန်းချက်က တိုင်းပြည်လည်းမဟုတ်၊အလှတရားလည်း မဟုတ်ခဲ့ဘဲ ကဗျာဖြစ်ခဲ့တာက နှမြောစရာပင်။ ဒါကြောင့် ကမ္ဘာကြီးကို ပေါင်းစည်းပြီး အုပ်စိုးနိုင်ခဲ့တဲ့သူက အမျိုးသားဇာတ်ဆောင် လျန်ဘုရင်ဖြစ်ခဲ့တယ်။

တဖက်ကနေကြည့်ရင် လော့ချယ်က လင်ချန်အန်းကို ရိုက်ချနိုင်ပြီး ၊ သူ့မှာ တော်၀င်ဆန်တဲ့မြင့်မြတ်မှုကို ပိုင်ဆိုင်ထားသေးတာကိုတော့ ဖော်ပြစရာကိုမလိုပေ။

တော်ဝင်မင်းသားဇာတ်ကောင်က လော့ချယ်အတွက် အံဝင်ခွင်ကျဖန်တီးထားပုံရတယ်။

အချက်အလက်တွေက လော့ချယ် ထိုဇာတ်ကောင်ကို အရမ်းကို ကောင်းမွန်စွာသရုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့တယ်။ ဒါက သူ့ရဲ့ ပထမဆုံး TV series ဖြစ်နေတာတောင် သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းဖြစ်နေဆဲပင်။

သူက လူသစ်တစ်ယောက်နဲ့ လုံး၀တူမနေဘူး။

"ဟန်ရှစ်ယွဲ့" ဇာတ်ကောင်က သူ့ရဲ့အနာဂတ်အောင်မြင်မှုအတွက် ခိုင်မာတဲ့ အုတ်မြစ်ချနိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။

လော့ချယ်က သူ့မျက်၀န်းတွေကို အနည်းငယ်ကျဥ်းမြောင်းလိုက်ပြီး "နောက်တော့ ဖြစ်ပျက်ခဲ့တာတွေကို မင်း ခန့်မှန်းကြည့်လို့ရပါတယ် ဒါရိုက်တာက ကိုယ့်ကို အဲ့ဒီဇာတ်ကောင်ပေးခဲ့တယ်"

ကုမျန်က ခေါင်းလေးကိုစောင်းလိုက်ပြီး ခန့်မှန်းလာတယ်။"ဒါဆို လင်ချန်အန်းက ရှင့်ကို နားလည်မှုလွဲနေတာလား ရှင် သူ့ရဲ့အရင်းအမြစ်ကို တမင်တကာ လုယူလိုက်တယ်ထင်ပြီးတော့လေ"

လော့ချယ်က ကုမျန်ကို မမျှော်လင့်ဘဲကြည့်မိသွားပြီး "အိုး အဲ့ဒါက နားလည်မှုလွဲနေတယ်လို့ မင်းထင်တာလား သူ့ဇာတ်ကောင်ကို ကိုယ် တကယ်လုယူခဲ့တာပဲ မဟုတ်ဘူးလား?"

ကုမျန်က သဘာဝကျကျပင် ပြောလာတယ်။ “အဲဒီအချိန်တုန်းက သူက ရှင့်သူငယ်ချင်း မဟုတ်ဘူးလား?"

လော့ချယ်ရဲ့အကျင့်စရိုက်အရ သူ့သူငယ်ချင်းတွေဆီက ပစ္စည်းတွေကို ဘယ်လိုလုပ်လုယူနိုင်မှာလဲ။

အမျိုးသားဇာတ်ဆောင်တစ်ဦးအနေနဲ့ လော့ချယ်က သဘာဝအလျောက် နည်းလမ်းတွေရှိပေမယ့်လည်း သူ့မှာ သူ့ရဲ့ကိုယ်ပိုင်စည်းမျဥ်းနဲ့ အောက်ခြေလိုင်းတွေရှိတယ်။

အနည်းဆုံးတော့ သူ့သူငယ်ချင်းတွေကို သစ္စာဖောက်ဖို့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

ကုမျန်က သူ့ကို အရမ်းယုံကြည်ပြီး နည်းနည်းလေးမှ မတွေဝေဘဲ သူ့ဘက်မှာရပ်တည်ပေးလာလို့ လော့ချယ် အနည်းငယ် အံ့သြသွားရတယ်။ သူက ရယ်မောလိုက်ပြီး “ဟုတ်တယ်၊ အဲဒီအချိန်တုန်းက သူက ကိုယ့်သူငယ်ချင်းပဲ"

သူတို့က သူငယ်ချင်းတွေမို့လို့ သူ့သူငယ်ချင်းကို သူ ဒုက္ခပေးမှာမဟုတ်ဘူး။

ကုမျန်က အမှန်တရားကို နားလည်ပေမယ့် လင်ချန်အန်း နားမလည်ခဲ့တာတော့ သနားစရာပါပဲ။

ကုမျန်က နှုတ်ခမ်းကိုဟလိုက်ရင်း "ဒါဆို... နောက်တော့ ဘာဖြစ်သွားတာလဲ? ဒီအတွက်ကြောင့် စိမ်းသွားကြတာလား"

လော့ချယ်ရဲ့မျက်၀န်းတွေ ပိုနက်မှောင်သွားပြီး "ဒါက အဲ့လောက်မရိုးရှင်းခဲ့ဘူး"

လော့ချယ်က ဇာတ်ကောင်ကိုရယူဖို့ အစပြုခဲ့တာမဟုတ်ပေမယ့်လည်း "ဟန်ရှစ်ယွဲ့"ဇာတ်ကောင်က သူ့ဆီကို ရောက်လာခဲ့တယ်။ လော့ချယ်က အဲ့ဒီဇာတ်ကောင်က သူပဲဖြစ်ဖြစ် လင်ချန်အန်းပဲ ဖြစ်ဖြစ်၊ အရင်ဆုံးအောင်မြင်တဲ့သူက အခြားတစ်ယောက်ကို အပေါ်‌ရောက်အောင်  ကူညီလိမ့်မယ်လို့ အစက ထင်ခဲ့တယ်။

နောက်ဆုံးတော့ သူတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား?

သူငယ်ချင်း အချင်းချင်း ကူညီရမယ်လေ။

ဒါပေမယ့် လင်ချန်အန်းကတော့ အဲ့လိုမတွေးခဲ့ဘူး။

လော့ချယ်က သူနဲ့ ညီအကိုတွေလို အပေါ်ယံမှာ ဟန်ဆောင်ပြီး အရာရာတိုင်းကို ပြောပြကြပေမယ့် သူ့ဆီက အရင်းအမြစ်တွေကို လုယူဖို့ နည်းလမ်းအားလုံးကို လျှို့ဝှက်စွာ အသုံးပြုခဲ့တယ်လို့ သူထင်သွားတယ်။

လော့ချယ်က နောက်ပိုင်းမှာ ထိုတီဗီစီးရီးနဲ့ ရေပန်းစားလာတာကိုတော့ ပြောစရာမလိုဘူးလေ။ လော့ချယ် လူသိများလာပြီးနောက် လင်ချန်အန်းရဲ့စိတ်ဓာတ်က လုံးဝပြိုလဲသွားခဲ့တယ်။ သူ့အမြင်အရ၊ ဒီဇာတ်ကောင်က မူလက သူပိုင်ဆိုင်တာကြောင့် လူကြိုက်များတာက သူပဲဖြစ်ရမှာလို့ပေါ့။

သူကသာ ပရိသတ်တွေရဲ့ ပန်းတွေနဲ့ လက်ခုပ်သံတွေကို လက်ခံရရှိတဲ့သူ ဖြစ်သင့်တယ်။

ဒါပေမယ့် သူပိုင်တဲ့အရာအားလုံးကို လော့ချယ်က ဖျက်ဆီးပစ်လိုက်တယ်။

ဒါကြောင့် လင်ချန်အန်းက ကလဲ့စားချေတဲ့နည်းလမ်းကို တွေးမိခဲ့တယ်။

သူက ရေချိုးခန်းထဲမှာ မမြင်ရတဲ့ကင်မရာကို တပ်ဆင်ပြီး လော့ချယ်ရဲ့ ရေချိုးနေတဲ့ဗီဒီယိုကို ရိုက်ကာ ဒါက လော့ချယ်ကို ခြိမ်းခြောက်ငွေညှစ်လို့ရတဲ့ နည်းလမ်းအဖြစ် အသုံးပြုချင်ခဲ့တယ်။

လင်ချန်အန်းရဲ့ကလဲ့စားချေမှုက တကယ့်ကို ရက်စက်လွန်းလှတယ်။

သူက ဖုံးကွယ်ထားသမျှကို ဖယ်ရှားလိုက်ပြီး မနာလိုစိတ်တွေသာ ကျန်တော့တယ်။

လော့ချယ်က ထိုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပေါ့ပေါ့ပါးပါးပြောနေချိန်မှာ ကုမျန်ကတော့ မျက်လုံးပြူးသွားရပြီ။

အမျိုးသားဇာတ်ဆောင်မှာ ထိုသို့သောအတိတ်ရှိခဲ့တာကို သူမ မသိခဲ့ပေ။

"I'm So Popular"ထဲမှာ လုံးဝမဖော်ပြထားဘူး‌လေ။

"I'm So Popular" ဝတ္ထုထဲမှာ စကားလုံးပေါင်း သိန်းနဲ့ချီရှိပြီး အများစုမှာ အမျိုးသမီးဇာတ်ဆောင်က ငယ်ရွယ်စဉ်ကတည်းက ဘယ်လိုကြိုးစားပြီး သူမရဲ့ကြိုးစားမှုနဲ့အတူ တလှမ်းပြီးတစ်လှမ်းတက်ပြီး နာမည်ကြီးမင်းသမီး ဖြစ်လာသလဲဆိုတာနဲ့ အချစ်ကို ရရှိခဲ့လဲဆိုတာကိုပဲ  ရေးသားထားတာဖြစ်တယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်းက အမျိုးသားခေါင်းဆောင်ရဲ့ ဘဝအကြောင်းဖော်ပြချက်တော့ များစွာမပါခဲ့တာပင်။





Zawgyi

ထိုစကားကိုၾကားေတာ့ ကုမ်န္အံ့ဩသြားရတယ္။ သူမ နည္းနည္း ေမာ့ၾကည့္လိုက္ေတာ့ ကြဲကြဲျပားျပားမျမင္ရတဲ့ညဘက္မွာ ေလေျပနဲ႕ လင္းလက္ေနတဲ့လမင္းလိုမ်ိဳး ေလာ့ခ်ယ္ရဲ႕အၿပဳံးကို ျမင္လိုက္ရတယ္။

အေၾကာင္းတစ္ခုခုေၾကာင့္၊ ထိုအခိုက္အတန႔္မွာ ကုမ်န္က ေလာ့ခ်ယ္ရဲ႕အၿပဳံးထဲ အျခားအရာတစ္ခုကို ျမင္လိုက္ရသလိုပင္။ ဒါေပမယ့္ သူမ ၎ကိုနားမလည္နိုင္ေပ။

ကုမ်န္က ႏႈတ္ခမ္းကိုဟလိုက္တယ္။ "ဒါဆို ကြၽန္မ ေသခ်ာနားေထာင္မယ္ေလ"

ေလာ့ခ်ယ္က ရယ္ေမာလိုက္ရင္း "တကယ္ေတာ့ ဒါက ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူး ကိုယ္ အရင္က အက်ိဳးေဆာင္ကုမၸဏီတစ္ခုမွာ လင္ခ်န္အန္းနဲ႕ အေဆာင္ေနခဲ့ဖူးတယ္ ကိုယ္တို႔ရဲ႕ သူငယ္ခ်င္းဆက္ဆံေရးက..." ။ ေလာ့ခ်ယ္က ခဏရပ္ၿပီး ဆက္ေျပာလာတယ္။ "အရမ္းေကာင္းတယ္ သူဘာလုပ္တယ္ဆိုတာ သူကိုယ့္ကို အၿမဲေျပာျပလိမ့္မယ္ ကိုယ္ကေတာ့ အခုနဲ႕ အတူတူပဲ"

ထိုသို႔ေသာ သူငယ္ခ်င္းဆက္ဆံေရးကို နက္ရွိုင္းတဲ့ ညီအစ္ကိုအျဖစ္ေတာင္ မွတ္ယူလို႔ရတယ္။

ေလာ့ခ်ယ္က ျဖည္းျဖည္းခ်င္း ျပန္ေျပာင္းေျပာျပလာခဲ့တယ္။ "တစ္ေန႕မွာ သူအိပ္ေဆာင္ကိုျပန္ေရာက္တာနဲ႕ တတိယေျမာက္အမ်ိဳးသားဇာတ္ေဆာင္ "ဟန္ရွစ္ယြဲ႕" (ဟန္မင္းဆက္ရဲ႕ လမင္း) ဇာတ္ေကာင္ကိုရခဲ့တယ္လို႔ စိတ္လႈပ္တရွားနဲ႕ ေျပာျပလာတယ္ အခုမွ ပြဲဦးထြက္ၿပီးတဲ့ အသစ္တစ္ေယာက္အေနနဲ႕ ဒီဇာတ္ေကာင္ကိုရဖို႔ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ ကိုယ္တို႔ေတြအားလုံးသိတယ္ အဲဒီ့အခ်ိန္က သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ ကိုယ္ သူ႕အတြက္ တကယ္ကို ေပ်ာ္႐ႊင္ေပးခဲ့တာ"

ကုမ်န္ရဲ႕မ်က္ႏွာမွာ အံ့အားသင့္သြားတဲ့ အမူအရာေပၚလာတယ္။ သူမမွတ္မိတာမွန္ရင္ "ဟန္ရွစ္ယြဲ႕" ေနရာမွ သ႐ုပ္ေဆာင္က လင္ခ်န္အန္းမဟုတ္ဘဲ ေလာ့ခ်ယ္ေလ။

ေလာ့ခ်ယ္က ဒီတီဗီစီးရီးနဲ႕ လူထုေရွ႕ကို တျဖည္းျဖည္း ဝင္ေရာက္လာခဲ့တာပင္။

ကုမ်န္ရဲ႕မ်က္၀န္းေတြ အနည္းငယ္ ျပဴးက်ယ္သြားၿပီး "ေနာက္ေတာ့ ဘာျဖစ္သြားလဲ"

"ေနာက္ေတာ့...ေနာက္ေတာ့ ဒါရိုက္တာက ကိုယ့္ကို မေတာ္တဆေတြ႕သြားၿပီး ကိုယ္က လင္ခ်န္အန္းထက္ ဒီဇာတ္ေကာင္နဲ႕ပိုသင့္ေတာ္တယ္လို႔ သူထင္ခဲ့တယ္"

"ဟန္ရွစ္ယြဲ႕"ဆိုတဲ့ တတိယေျမာက္ အမ်ိဳးသားဇာတ္ေဆာင္က ေတာ္ဝင္မင္းသားျဖစ္တယ္။ သူက ‌က်က္သေရရွိၿပီး ျမင့္ျမတ္ကာ ေခ်ာေမာခန့္ညားတယ္။ အရည္အခ်င္းလည္းရွိၿပီး ႏွစ္သက္ဖြယ္ေကာင္းတဲ့ ကဗ်ာေတြကို ေရးသားခဲ့သူျဖစ္ေလတယ္။

မင္းသားေလးရဲ႕ ရည္မွန္းခ်က္က တိုင္းျပည္လည္းမဟုတ္၊အလွတရားလည္း မဟုတ္ခဲ့ဘဲ ကဗ်ာျဖစ္ခဲ့တာက ႏွေျမာစရာပင္။ ဒါေၾကာင့္ ကမၻာႀကီးကို ေပါင္းစည္းၿပီး အုပ္စိုးနိုင္ခဲ့တဲ့သူက အမ်ိဳးသားဇာတ္ေဆာင္ လ်န္ဘုရင္ျဖစ္ခဲ့တယ္။

တဖက္ကေနၾကည့္ရင္ ေလာ့ခ်ယ္က လင္ခ်န္အန္းကို ရိုက္ခ်နိဳင္ၿပီး ၊ သူ႕မွာ ေတာ္၀င္ဆန္တဲ့ျမင့္ျမတ္မႈကို ပိုင္ဆိုင္ထားေသးတာကိုေတာ့ ေဖာ္ျပစရာကိုမလိုေပ။

ေတာ္ဝင္မင္းသားဇာတ္ေကာင္က ေလာ့ခ်ယ္အတြက္ အံဝင္ခြင္က်ဖန္တီးထားပုံရတယ္။

အခ်က္အလက္ေတြက ေလာ့ခ်ယ္ ထိုဇာတ္ေကာင္ကို အရမ္းကို ေကာင္းမြန္စြာသ႐ုပ္ေဆာင္နိုင္ေၾကာင္း သက္ေသျပခဲ့တယ္။ ဒါက သူ႕ရဲ႕ ပထမဆုံး TV series ျဖစ္ေနတာေတာင္ သူ႕ရဲ႕စြမ္းေဆာင္ရည္က အံ့မခန္းျဖစ္ေနဆဲပင္။

သူက လူသစ္တစ္ေယာက္နဲ႕ လုံး၀တူမေနဘူး။

"ဟန္ရွစ္ယြဲ႕" ဇာတ္ေကာင္က သူ႕ရဲ႕အနာဂတ္ေအာင္ျမင္မႈအတြက္ ခိုင္မာတဲ့ အုတ္ျမစ္ခ်နိဳင္ခဲ့တယ္လို႔ ေျပာလို႔ရတယ္။

ေလာ့ခ်ယ္က သူ႕မ်က္၀န္းေတြကို အနည္းငယ္က်ဥ္းေျမာင္းလိုက္ၿပီး "ေနာက္ေတာ့ ျဖစ္ပ်က္ခဲ့တာေတြကို မင္း ခန႔္မွန္းၾကည့္လို႔ရပါတယ္ ဒါရိုက္တာက ကိုယ့္ကို အဲ့ဒီဇာတ္ေကာင္ေပးခဲ့တယ္"

ကုမ်န္က ေခါင္းေလးကိုေစာင္းလိုက္ၿပီး ခန႔္မွန္းလာတယ္။"ဒါဆို လင္ခ်န္အန္းက ရွင့္ကို နားလည္မႈလြဲေနတာလား ရွင္ သူ႕ရဲ႕အရင္းအျမစ္ကို တမင္တကာ လုယူလိုက္တယ္ထင္ၿပီးေတာ့ေလ"

ေလာ့ခ်ယ္က ကုမ်န္ကို မေမွ်ာ္လင့္ဘဲၾကည့္မိသြားၿပီး "အိုး အဲ့ဒါက နားလည္မႈလြဲေနတယ္လို႔ မင္းထင္တာလား သူ႕ဇာတ္ေကာင္ကို ကိုယ္ တကယ္လုယူခဲ့တာပဲ မဟုတ္ဘူးလား?"

ကုမ်န္က သဘာဝက်က်ပင္ ေျပာလာတယ္။ “အဲဒီအခ်ိန္တုန္းက သူက ရွင့္သူငယ္ခ်င္း မဟုတ္ဘူးလား?"

ေလာ့ခ်ယ္ရဲ႕အက်င့္စရိုက္အရ သူ႕သူငယ္ခ်င္းေတြဆီက ပစၥည္းေတြကို ဘယ္လိုလုပ္လုယူနိုင္မွာလဲ။

အမ်ိဳးသားဇာတ္ေဆာင္တစ္ဦးအေနနဲ႕ ေလာ့ခ်ယ္က သဘာဝအေလ်ာက္ နည္းလမ္းေတြရွိေပမယ့္လည္း သူ႕မွာ သူ႕ရဲ႕ကိုယ္ပိုင္စည္းမ်ဥ္းနဲ႕ ေအာက္ေျခလိုင္းေတြရွိတယ္။

အနည္းဆုံးေတာ့ သူ႕သူငယ္ခ်င္းေတြကို သစၥာေဖာက္ဖို႔ ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး။

ကုမ်န္က သူ႕ကို အရမ္းယုံၾကည္ၿပီး နည္းနည္းေလးမွ မေတြေဝဘဲ သူ႕ဘက္မွာရပ္တည္ေပးလာလို႔ ေလာ့ခ်ယ္ အနည္းငယ္ အံ့ၾသသြားရတယ္။ သူက ရယ္ေမာလိုက္ၿပီး “ဟုတ္တယ္၊ အဲဒီအခ်ိန္တုန္းက သူက ကိုယ့္သူငယ္ခ်င္းပဲ"

သူတို႔က သူငယ္ခ်င္းေတြမို႔လို႔ သူ႕သူငယ္ခ်င္းကို သူ ဒုကၡေပးမွာမဟုတ္ဘူး။

ကုမ်န္က အမွန္တရားကို နားလည္ေပမယ့္ လင္ခ်န္အန္း နားမလည္ခဲ့တာေတာ့ သနားစရာပါပဲ။

ကုမ်န္က ႏႈတ္ခမ္းကိုဟလိုက္ရင္း "ဒါဆို... ေနာက္ေတာ့ ဘာျဖစ္သြားတာလဲ? ဒီအတြက္ေၾကာင့္ စိမ္းသြားၾကတာလား"

ေလာ့ခ်ယ္ရဲ႕မ်က္၀န္းေတြ ပိုနက္ေမွာင္သြားၿပီး "ဒါက အဲ့ေလာက္မရိုးရွင္းခဲ့ဘူး"

ေလာ့ခ်ယ္က ဇာတ္ေကာင္ကိုရယူဖို႔ အစျပဳခဲ့တာမဟုတ္ေပမယ့္လည္း "ဟန္ရွစ္ယြဲ႕"ဇာတ္ေကာင္က သူ႕ဆီကို ေရာက္လာခဲ့တယ္။ ေလာ့ခ်ယ္က အဲ့ဒီဇာတ္ေကာင္က သူပဲျဖစ္ျဖစ္ လင္ခ်န္အန္းပဲ ျဖစ္ျဖစ္၊ အရင္ဆုံးေအာင္ျမင္တဲ့သူက အျခားတစ္ေယာက္ကို အေပၚ‌ေရာက္ေအာင္  ကူညီလိမ့္မယ္လို႔ အစက ထင္ခဲ့တယ္။

ေနာက္ဆုံးေတာ့ သူတို႔က သူငယ္ခ်င္းေတြပဲ မဟုတ္ဘူးလား?

သူငယ္ခ်င္း အခ်င္းခ်င္း ကူညီရမယ္ေလ။

ဒါေပမယ့္ လင္ခ်န္အန္းကေတာ့ အဲ့လိုမေတြးခဲ့ဘူး။

ေလာ့ခ်ယ္က သူနဲ႕ ညီအကိုေတြလို အေပၚယံမွာ ဟန္ေဆာင္ၿပီး အရာရာတိုင္းကို ေျပာျပၾကေပမယ့္ သူ႕ဆီက အရင္းအျမစ္ေတြကို လုယူဖို႔ နည္းလမ္းအားလုံးကို လွ်ို႔ဝွက္စြာ အသုံးျပဳခဲ့တယ္လို႔ သူထင္သြားတယ္။

ေလာ့ခ်ယ္က ေနာက္ပိုင္းမွာ ထိုတီဗီစီးရီးနဲ႕ ေရပန္းစားလာတာကိုေတာ့ ေျပာစရာမလိုဘူးေလ။ ေလာ့ခ်ယ္ လူသိမ်ားလာၿပီးေနာက္ လင္ခ်န္အန္းရဲ႕စိတ္ဓာတ္က လုံးဝၿပိဳလဲသြားခဲ့တယ္။ သူ႕အျမင္အရ၊ ဒီဇာတ္ေကာင္က မူလက သူပိုင္ဆိုင္တာေၾကာင့္ လူႀကိဳက္မ်ားတာက သူပဲျဖစ္ရမွာလို႔ေပါ့။

သူကသာ ပရိသတ္ေတြရဲ႕ ပန္းေတြနဲ႕ လက္ခုပ္သံေတြကို လက္ခံရရွိတဲ့သူ ျဖစ္သင့္တယ္။

ဒါေပမယ့္ သူပိုင္တဲ့အရာအားလုံးကို ေလာ့ခ်ယ္က ဖ်က္ဆီးပစ္လိုက္တယ္။

ဒါေၾကာင့္ လင္ခ်န္အန္းက ကလဲ့စားေခ်တဲ့နည္းလမ္းကို ေတြးမိခဲ့တယ္။

သူက ေရခ်ိဳးခန္းထဲမွာ မျမင္ရတဲ့ကင္မရာကို တပ္ဆင္ၿပီး ေလာ့ခ်ယ္ရဲ႕ ေရခ်ိဳးေနတဲ့ဗီဒီယိုကို ရိုက္ကာ ဒါက ေလာ့ခ်ယ္ကို ၿခိမ္းေျခာက္ေငြညွစ္လို႔ရတဲ့ နည္းလမ္းအျဖစ္ အသုံးျပဳခ်င္ခဲ့တယ္။

လင္ခ်န္အန္းရဲ႕ကလဲ့စားေခ်မႈက တကယ့္ကို ရက္စက္လြန္းလွတယ္။

သူက ဖုံးကြယ္ထားသမွ်ကို ဖယ္ရွားလိုက္ၿပီး မနာလိုစိတ္ေတြသာ က်န္ေတာ့တယ္။

ေလာ့ခ်ယ္က ထိုႏွစ္မွာျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ကို ေပါ့ေပါ့ပါးပါးေျပာေနခ်ိန္မွာ ကုမ်န္ကေတာ့ မ်က္လုံးျပဴးသြားရၿပီ။

အမ်ိဳးသားဇာတ္ေဆာင္မွာ ထိုသို႔ေသာအတိတ္ရွိခဲ့တာကို သူမ မသိခဲ့ေပ။

"I'm So Popular"ထဲမွာ လုံးဝမေဖာ္ျပထားဘူး‌ေလ။

"I'm So Popular" ဝတၳဳထဲမွာ စကားလုံးေပါင္း သိန္းနဲ႕ခ်ီရွိၿပီး အမ်ားစုမွာ အမ်ိဳးသမီးဇာတ္ေဆာင္က ငယ္႐ြယ္စဥ္ကတည္းက ဘယ္လိုႀကိဳးစားၿပီး သူမရဲ႕ႀကိဳးစားမႈနဲ႕အတူ တလွမ္းၿပီးတစ္လွမ္းတက္ၿပီး နာမည္ႀကီးမင္းသမီး ျဖစ္လာသလဲဆိုတာနဲ႕ အခ်စ္ကို ရရွိခဲ့လဲဆိုတာကိုပဲ  ေရးသားထားတာျဖစ္တယ္။ လြန္ခဲ့တဲ့ဆယ္စုႏွစ္ ႏွစ္ခုအတြင္းက အမ်ိဳးသားေခါင္းေဆာင္ရဲ႕ ဘဝအေၾကာင္းေဖာ္ျပခ်က္ေတာ့ မ်ားစြာမပါခဲ့တာပင္။

Continue Reading

You'll Also Like

16.3K 1.9K 32
Totally Credited to original author
192K 29.1K 72
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
403K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...