စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

60.5K 6.4K 218

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
Chapter 17(1/2)
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 14.7/14.8

553 65 1
By BlackLily_WhiteLily

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၇)

လူယုတ်မာ!!

ကုယွင်က သူ့ကို ပါးရိုက်လိုက်ချင်ပေမယ့် သူမရဲ့ဆင်ခြေတုံတရားက သူမကို စိတ်လျော့ဖို့ ပြောနေသည်။ ဒီလိုမျိုး စိတ်ဆိုးနေလို့ မဖြစ်သေးဘူး။ စိတ်အေးအေးထား! စိတ်အေးအေးထား!

ကုယွင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ပြန်ဖြေလိုက်သည်။ "ကျွန်မ ရင်ဘတ်မှာ ဘာစကားလုံးမှ မရှိဘူး၊ ကျွန်မက ချင်းမော့မဟုတ်ဘူးလို့ ရှင် ထင်နေတယ်ဆိုရင် ထောင်ထဲထည့်ထားလိုက်၊ ဒီလို စက်ဆုပ်ဖွယ်နည်းလမ်းတွေ သုံးနေစရာ မလိုဘူး!"

ကုယွင်၏အသံက ဒေါသကြောင့် အနည်းငယ် တုန်ခါနေပြီး စုလင်းက နောက်တစ်ကြိမ် ရိုင်းစိုင်းစွာ ထပ်ပြောဝံ့ပါက သူမ သူ့ကို ပါးရိုက်မည်ဟု စိတ်ထဲကနေ ကျိန်ဆိုနေခဲ့သည်။

ကောင်းကင်ကတော့ သူမကို ကောင်းချီးပေးရှာသား.... စုလင်းက တကယ်ပဲ မိုက်ရိုင်းတဲ့စကားတွေကို ထပ်မပြောတော့ဘူး။

သူက အလုပ်နဲ့ပဲ သက်သေပြလိုက်တာကြောင့်ပါ။

"စိတ်မရှိပါနဲ့" ထိုစကားတစ်ခွန်းကို ပြောပြီးနောက် စုလင်း၏လက်ကြီးက ကုယွင်၏ညာဘက်ပခုံးကို ရုတ်တရက် ထိလိုက်သည်။ သူမက သူမခန္ဓာကိုယ်ပေါ်တွင် စာရေးထားခြင်း မရှိဘူးဟု ပြောနေသော်လည်း သူက လွယ်လွယ်မယုံနိုင်ပေ။ သူမက သူ့ကို အမြဲတမ်း ကလန်ကဆန် လုပ်နေတာကြောင့် သူမစကားကို အလွယ်တကူ ယုံလိုက်ဖို့ဆိုတာ သူအတွက်တော့ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စရဲ့အမှန်တရားကို သိဖို့အတွက် ဒီည သူကိုယ်တိုင် စစ်ဆေးရမယ်။

သူမပခုံးပေါ်မှ လေးလံသောဖိအားကြောင့် ကုယွင်က ထိတ်လန့်သွားသည်။

သူ ဘာမှတော့ လုပ်မှာ မဟုတ်ဘူးမလား?!

"ပင်း...." သူက သူမအတွက် ပြိုင်ဘက်မဖြစ်နိုင်မှန်းသိနေတာကြောင့် ကုယွင်က ပင်းလျန့်ကို ခေါ်ချင်သော်လည်း သူမပါးစပ်ကို ဖွင့်လိုက်သည်နှင့် မီးနီတဖျပ်ဖျပ်တောက်လာကာ စုလင်း၏ ချီရွှယ်က ပင်းလျန့်ရှေ့တွင် ရပ်နေလေသည်။ ပင်းလျန့်ကလည်း ပုံမှန်မဟုတ်သည့်လေထုကို ခံစားလိုက်မိပြီး ကုယွင်ဆီသို့ ပျံသန်းချင်နေပေမယ့် သူ ဘယ်ဘက်ကိုရွေ့ရွေ့ ညာဘက်ကိုရွေ့ရွှေ့ ချီရွှယ်က သူ့ရှေ့မှာ သေသေချာချာ ပိတ်ဆို့ထားသည်။ ပင်းလျန့်က သိသာထင်ရှားစွာ စိတ်ဆိုးလာပြီး ချီရွှယ်ဆီသို့ ပြေးဝင်သွားသောကြောင့် တဲကြီးထဲတွင် ပူတလှည့် အေးတစ်လှည့် ဖြစ်လာတော့သည်။

စုလင်းက ဘယ်လောက်တောင် ဥာဏ်များတဲ့အကောင်ကြီးတုန်း? သူ အဲဒါအတွက်တောင် ကြိုတင် ပြင်ဆင်ထားပြီးသားပေါ့လေ။ သူမက သူ့ပြိုင်ဘက် မဟုတ်ရင်တောင် အရှုံးတော့ မပေးနိုင်ဘူး။

ကုယွင်က ဒဏ်ရာရနေသော သူ့ပုခုံးကို တချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ သူ့ပုခုံးပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်သည်။ သူလက်က လွတ်တာနဲ့ ကုတင်ဘက်ကို ပြန်ဆုတ်ဖို့ အခွင့်အရေး ရနိုင်ပေမယ့် မထင်မှတ်ပဲ စုလင်းက နာကျင်မှုကြောင့် ရပ်တန့်သွားရမည့်အစား သူမ၏ပခုံးကို ဆုပ်ကိုင်ထားသောသူ့လက်က ပို တင်းကျပ်လာသည်။ အတတ်စုတ်ပြဲသံကို ကြားလိုက်ရပြီး ကုယွင်၏အနက်ရောင်အင်္ကျီက လည်ပင်းအထိ ပြင်းထန်စွာ စုတ်ပြဲသွားခဲ့သည်။

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၈)

သူမပုခုံးက အေးစက်သွားသလို ခံစားလိုက်ရတာကြောင့် ကုယွင်က သူမ၏ရင်ဘတ်ကို ဖုံးအုပ်ရန် သူမလက်ကို ကမန်းကတန်း ပြန်ဆွဲယူလိုက်သည်။ ယခုအခိုက်အတန့်တွင် သူမ ပိတ်စကြိုးများကို မဝတ်ခဲ့ခြင်းအတွက် အလွန်နောင်တရနေမိသည်။

စုလင်းရဲ့ပန်းတိုင်က ရှင်းရှင်းလင်းလင်း ဖြစ်နေပြီး သူမ လွှတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ သူမရဲ့သေးသွယ်တဲ့ လက်ကောက်ဝတ်လေးက သူ့လက်ကြီးနဲ့ ဆုပ်ကိုင်ခံထားရပြီး ကုယွင်က သူမရင်ဘတ်ကို ကာကွယ်ဖို့ ပြန်ဆွဲနေကာ နှစ်ယောက်သား အပြန်အလှန် အားပြိုင်နေခဲ့ကြသည်။ စုလင်းက ဤအမျိုးသမီး၏လက်မှ ခွန်အားများ မည်မျှပြင်းထန်သည်ကို တွေးပြီး တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူက ကုယွင်၏လက်ကို ဖမ်းကိုင်လိုက်ပြီး တဲထောင့်ဆီသို့ အားဖြင့်တွန်းပို့လိုက်သည်။ နောက်ဆုံးတွင် စုလင်း၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို မခံနိုင်တော့ဘဲ ကုယွင်၏လက်များက ထုံကျင်လာကာ သူမလက်များကို သူမနောက်ကျောတွင် ချုပ်နှောင်ခံလိုက်ရသည်။ စုတ်ပြဲနေသော အဝတ်နှင့် ရင်ခံသာရှိတော့သည့် ကုယွင်က စုလင်းရှေ့တွင် ရပ်နေသည်။ ဒေါသကြောင့်လား... ရှက်နေတာကြောင့်လား မသိနိုင်ပေမယ့် ကုယွင်၏မျက်နှာက သွေးများထွက်လာလုနီးပါး နီရဲလာသည်။

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် သူမက ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့နေပြီး ပါးလွှာသော ရင်ခံစက သူမ၏ပေါက်ထွက်လုနီးပါး အသက်ရှုသံနှင့်အတူ မို့ဖောင်းလာလိုက် ပြန်ကျသွားလိုက် ဖြစ်နေသည်။ စုလင်းက မျက်စိတမှိတ်စာလောက် အသက်ရှုရပ်သွားပြီး သူ့နဖူးပေါ်ကို သွေးပူများ စောင့်တက်လာသလို ခံစားလိုက်ရသည်။ သူက သူ့၏မူရင်းရည်ရွယ်ချက်ကို မေ့လုမတတ် ဖြစ်သွားပြီးမှ သူမ၏ညာဖက်ရင်ဘတ်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ချောမွတ်နေသော အ‌ရေပြားက ဖြူဖွေးချောမွေ့နေကာ မည်သည့်စကားလုံးမျှ ရှိမနေပေ။ စုလင်း၏ မျက်လုံးများက အေးစက်သွားသည်။ သူမက တကယ်ပဲ ချင်းမော့ မဟုတ်ဘူးလား?

သူက သူမလက်များကို ချုပ်နှောင်ထားသော်လည်း ကုယွင်က အခြားသူများ၏ ထိန်းချုပ်မှုကို သည်းခံချင်စိတ် မရှိခဲ့ပေ။ သူမက ခြေကို ဆန့်ကာ စုလင်း၏ဝမ်းဗိုက်အောက်ပိုင်းကို ကန်ထုတ်လိုက်သည်။

စုလင်းက ရုတ်တရက် ရင်မောသွားသည်။ သေစမ်း!!!

စုလင်းက ရှေ့သို့ ထပ်တိုးလာပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်က ကုယွင်၏ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဖိထားလိုက်တာကြောင့် သူမက သူနှင့် တဲထောင့်ကြားတွင် ပိတ်မိနေကာ ခြေထောက်ကို မြှောက်ရန်ပင် ခက်ခဲနေတော့သည်။ ကုယွင်က ဆက်လက်ရုန်းကန်နေရပြီး သူမ တွန့်လိမ်နေသောအချိန်တွင် သူမ၏ညာဘက်ရင်သားပေါ်ရှိ နဂိုပြောင်ချောနေသောအရေပြားက တဖြည်းဖြည်း နီရဲလာသည်ကို စုလင်းက ရုတ်တရက် သတိပြုမိလိုက်သည်။ စုလင်းက မူရိပြောခဲ့သောစကားများကို ပြန်တွေးနေရင်း သူမ၏လက်နှစ်ဖက်ကို သူမခန္ဓာကိုယ်နောက်တွင် သူ့ဘယ်ဘက်လက်မှ လက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်ထားရင်း သူ့ညာလက်က သူမ၏နူးညံ့သောညာဖက်ရင်အုံကို ထိလိုက်သည်။ နူးညံ့နွေးထွေးသော အထိအတွေ့က သူ့ကို တဖန် တုန်လှုပ်သွားစေပြီး သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းအချို့က နာခံမှု မရှိတော့ပေ.....

ကုယွင်၏ခန္ဓာကိုယ်လေးက တစ်ကိုယ်လုံး တောင့်တင်းသွးသည်။

ဟင့်အင်း.... သူ...သူ...သူ...

လက်နှစ်ဖက်‌ရော ခြေနှစ်ဘက်ပါ မလှုပ်နိုင်တော့သည့် ကုယွင်က ဒေါသ အလွန်ထွက်နေပြီး သူမ၏ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ သူမပါးစပ်ကို ဖွင့်ကာ သူမနှင့်အနီးကပ်ဆုံးတွင် ရှိနေသော တောင့်တင်းသန်မာသောပုခုံးကြီးကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည်။

"ဟမ့်" သူ့ပခုံးမှ နာကျင်မှုကြောင့် စုလင်းက စိတ်ဆိုးနေတဲ့ ကြောင်လေးတစ်ကောင်လို ပြုမူနေသော သူ့လက်မောင်းထဲမှ မိန်းခလေးကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူက သူမကို ရယ်ချင်နေပေမယ့် သူမရဲ့နောက်ခံအကြောင်းအရာကို ပြန်တွေးလိုက်မိတာကြောင့် စုလင်း၏မျက်နှာက ဒေါသအရိပ်အယောင်များဖြင့် မည်းမှောင်သွားပြန်သည်။ သူ့လက်မကြီးက သူမရင်ဘတ်ပေါ်မှ အရေပြားကို အားကြိုးမာန်တက် ပွတ်သပ်နေပြီး သူ့၏ ညင်သာသော ပွတ်တိုက်မှုအောက်တွင် သူမ၏ညာဘက်ရင်အုံတွင် သွေးနီရောင် မျဉ်းကြောင်းများ တဖြည်းဖြည်း ထွက်ပေါ်လာက ပို ပို သိသာလာပြီး စကားလုံးတစ်လုံး ဖျတ်ခနဲ ပေါ်လာသည်။ စုလင်း၏ လင်းယုန်မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူ့မျက်လုံးများက သူမ၏နုနယ်သော အရေပြားကို အနီးကပ် စိုက်ကြည့်နေသည်။ ခဏကြာပြီးနောက် နောက်ဆုံးတွင် သွေးရောင်လွှမ်းနေသော မျဥ်းကြောင်းများက အနီရောင် စာလုံးသေးသေးလေးအဖြစ် ပြောင်းလဲသွားသည်။ အတိအကျ "မော့" ဟူသော စကားလုံးပင်!

"မော့"ဟူသော စကားလုံးကို မြင်လိုက်တာနဲ့ စုလင်းက ကြည်နူးသွားသလို ခံစားလိုက်ရသည်။ သူမက အမှန်ပင် ချင်းမော့ဖြစ်နေပြီး အယောင်ဆောင်သူ မဟုတ်ပေ။ သူက သူ့ရင်ခွင်ထဲတွင် တွယ်ကပ်နေသော မိန်းခလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ "ကြောင်ပေါက်စလေး... ကိုက်လို့ပြီးပြီလား"

သူမက လူတွေကို ကိုက်ရတာ တကယ် သဘောကျပုံပဲ၊ သူမ သူ့ကို စတွေ့တုန်းက တစ်ကြိမ် ကိုက်ခဲ့သေးတယ်။ ဒါပေမယ့် သူမရဲ့အပြုအမူလေးတွေက တကယ်ကို ချစ်ဖို့ကောင်းနေတုန်းပါပဲ....

သူ့အသံလေးလေးပင်ပင်ကြီးထဲတွင် ရွှင်မြူးရိပ်များ သန်းနေပြီး သူ တော်တော်ပျော်နေပုံပါပဲ!

ကုယွင်က သူမပါးစပ်ထဲမှ သွေးအရသာကို မြည်းစမ်းရင်း နောက်ဆုံးတော့ သူမပါးစပ်ကို လွှတ်ပေးလိုက်သည်။ စိတ်အခြေအနေကောင်းနေတဲ့ စုလင်းနဲ့ ယှဉ်ရင် ကုယွင်က အခု လူသတ်ချင်နေပြီ၊ သူမပါးစပ်ထဲက ယမ်းနံ့တွေထွက်လာပြီး မကျေမနပ် အော်ဟစ်တော့သည်။ " လူယုတ်မာ...ရှင် အခုထိ လွှတ်မပေးသေးဘူးလား??"

စုလင်း၏လက်များက တုန့်ဆိုင်းသွားသည်။ သူက မည်သည့်အမျိုးသမီးတစ်ဦးကိုမှ တစ်ခါမှ မထိဖူးပါဘူး၊ ဒါပေမယ့် မိန်းခလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်က ဒီလောက်နူးညံ့ပြီး နွေးထွေးနေမယ်လို့တော့ သူ မတွေးခဲ့မိဖူးပါဘူး၊ သူက သူ့လက်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သော်လည်း တွေဝေနေသေးသည်။

စုလင်း၏လက် အနည်းငယ်လျော့သွားတာနဲ့ ကုယွင်က သူ့ချုပ်နှောင်မှုမှ လွတ်မြောက်ရန် အခွင့်အရေးကို အရအမိ ဆုပ်ကိုင်လိုက်ပြီး သွေးထွက်နေသော သူ့ပခုံးကို လက်သီးဖြင့် ထိုးလိုက်သည်။ သူနောက်ပြန်ဆုတ်လိုက်ချိန်တွင် ကုယွင်က ခြေထောက်ကို မြှောက်ကာ သူ့ဝမ်းဗိုက်အောက်ပိုင်းကို နှစ်ကြိမ်ကန်ထုတ်လိုက်သည်။

သူ့ရဲ့ပခုံးနဲ့ ဝမ်းဗိုက်ကို တစ်ချိန်တည်း တိုက်ခိုက်ခံရတာကြောင့် စုလင်းက ​​မတ်တပ်ရပ်နိုင်သေးပေမယ့် နောက်ကို လေးငါးလှမ်းလောက် ပြန်ဆုတ်လိုက်ရသည်။ သူ့ပုခုံးတွေက စိုစွတ်နေပြီး ပူလောင်တဲ့ဝေဒနာက ဆူးပန်းတွေကို အတင်းခူးယူခြင်းရဲ့ ကြေကွဲစရာကောင်းတဲ့ အကျိုးဆက်တွေကို အမှတ်ရစေတယ်။

ကုယွင်က ကုတင်ပေါ်ရှိ အနက်ရောင်အင်္ကျီတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သူမခန္ဓာကိုယ်ပေါ် တင်ထားလိုက်သည်။ အလင်းရောင်မှိန်မှိန်အောက်တွင် သူမ၏ဆံပင်များက အနည်းငယ် ရှုပ်ပွနေပြီး နီမြန်းနေသော မျက်နှာလေးက မှေးမှိန်သွားခြင်း မရှိသေးပေ။ ပုံမှန်အားဖြင့် အေးစက်နေသော မျက်လုံးများက ဒေါသများနှင့်ပြည့်နှက်နေပြီး စုလင်းကို စိုက်ကြည့်နေသည်။ သူသာ နောက်တလှမ်းရှေ့တိုးရင် သူမက သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်။

စုလင်းက သူမကို အနက်ရောင် မျက်လုံးများဖြင့် ငြိမ်သက်စွာ ကြည့်နေပြီးနောက် ပြန်လှည့်ကာ တဲတံခါးဆီသို့ လျှောက်သွားလိုက်သည်။ စုလင်းက ကန့်လန့်ကာကို ဖွင့်လိုက်ပြီးမှ သူ့၏ခြေလှမ်းများကို ရပ်ကာ ကုယွင်ထံပြန်လှည့်လာပြီး သူ၏နဂို အေးစက်နေသော လေသံဖြင့် ပြောလိုက်သည်။ သူက ရှက်ရွံ့စိတ်အနည်းငယ်ရှိနေပေမယ့် ကုယွင်၏နေက်ကျောကို ကြည့်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သေးသည်။ "ငါ မင်းကို တာဝန်ယူမယ်"

ကုယွင်က စိတ်ဆိုးလွန်းတာကြောင့် ဦးနှောက်သွေးကြောပေါက်လုနီးပါးဖြစ်နေပြီ။ "သွားသေလိုက်လေ... ဘယ်သူက ရှင့်ကို တာဝန်ပေးချင်နေလို့လဲ ဒီကနေ ချက်ချင်း ထွက်သွား!"

ညနက်သန်းခေါင်မှာ ထွက်ပေါ်လာတဲ့ ဒီလိုဟိန်းဟောက်သံက တခြားလူတွေအတွက် စိတ်ကူးစိတ်သန်း တစ်စုံတရာ ချန်ထားနိုင်ခဲ့သည်။

အဲ့ဒါကြောင့် မနေ့ညက စစ်သူကြီးက သူ့မိန်းမကို "စားပြီးပြီ" ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပါတော့တယ်။

ကုယွင်၏တဲအတွင်းမှ ထွက်လာပြီးနောက် လေညင်းများက စုလင်းကို ကြိုဆိုနေသည်။ ဖရိုဖရဲဖြစ်နေသော စုလင်း၏နှလုံးခုန်သံသည် မနှေးကွေးသွားရုံ သာမကဘဲ ပို၍ ပို၍ ပြင်းထန်လာသည်။ စုလင်းက သူ့၏ဘယ်ဘက်လက်ကို အမှတ်တမဲ့ ကြည့်လိုက်ပြီး ငိုင်တွေသွားပြန်သည်။

"အိုး~ ဒါက စစ်ဆေးမှုတစ်ခုပဲကို၊ မင်းက အဲ့လောက် ကြမ်းတမ်းဖို့ လိုတယ်လား" ည၏အမှောင်အောက်တွင် စွဲမက်ဖွယ်ကောင်းသော အနီရောင်ဝတ်စုံပိုင်ရှင် မူရိက စုလင်း၏ သွေးစွန်းနေသော ပခုံးကို ဘေးတိုက်ကြည့်ကာ ကျေနပ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသော အပြုံးခပ်ကြီးကြီးတစ်ခုကို အသေအချာ ဖော်ပြနေသည်။

စုလင်းက သူ့၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြက်လုံးကို လျစ်လျူရူကာ ဤလူကို မမြင်ဟန်ပြုပြီး နှာစေးနေလိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားခါနီးတွင် မူရိက ညည်းညူဟန်ပြုကာ နောက်ပြောင်လာပြန်သည်။ "မြစ်ကို ဖြတ်ကူးပြီးတော့ တံတားကို မီးရှို့ပြိပေါ့... ငါ့ကြောင့်သာ မဟုတ်ရင် မင်း အဲ့လို တခြားသူရဲ့အဝတ်အစားတွေကို သွားချွတ်ဖို့ ဆင်ခြေ မရှိနိုင်ဘူးနော်၊ သင်းပျံတဲ့ရနံနဲ့ နွေးထွေးတဲ့ နူးညံမှုလေးကို မင်းရင်ခွင်ထဲမှာ ထွေးပွေ့ထားဖို့ အခွင့်အရေးရခဲ့တယ်မလား? မင်း ငါ့ကို ကျေးဇူးတင်သင့်တာ မဟုတ်ဖူးလား"

"ထွက်သွားစမ်း!" 'သင်းပျံတဲ့ရနံနဲ့ နွေးထွေးတဲ့ နူးညံမှုလေး'ဆိုတဲ့ စကားတစ်ခွန်းက စုလင်း၏ မည်းမှောင်နေသောမျက်နှာကို သံသယဖြစ်စရာ အနီရောင်သို့ ပြောင်းသွားစေပြီး သူက မြန်မြန်ဆန်ဆန် ထွက်သွားခဲ့သည်။

သူပဲ အမြင်မှားသွားတာလား? ဒါမှမဟုတ် စောစောကလူကပဲ တကယ်မျက်နှာ နီသွားတာလား?? စုလင်း ထွက်သွားတာ ကြာနေပြီဖြစ်ပေမယ့် မူရိကတော့ အဲဒီနေရာမှာ ကြောင်တောင်တောင် ရပ်နေမိတုန်းပါပဲ။ အဲ့ဒါကို ရှက်တာလို့ ခေါ်နိုင်တယ်မလား? နောက်ဆုံးတော့ ​ကျောက်​​တုံးကြီးက ခံစားချက်​​တွေ စတင်​​နေပြီဟ... ဒီညတော့ မှောင်မိုက်နေတဲ့ ကောင်းကင်မှာ တကယ်​ကို ​နေ​ရောင်​ခြည်​​လေး သန်းလာပြီ...

မူရိက ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကုယွင်၏တဲဆီသို့ အချိန်အတော်ကြာ ကြည့်နေမိပြန်သည်။ လင်းရဲ့အပြုအမူအရ ဒီအမျိုးသမီးက ချင်းမော့အစစ် ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူ ဘာကြောင့် သူမရဲ့ဘဝနဲ့ နောက်ကြောင်းရာဇဝင်ကို မတူးဆွနိုင်ခဲ့တာလဲ??

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

အခန္း ၁၄ ခႏၶာကိုယ္ကို ဘယ္လို စစ္ရမွာလဲ (အပိုင္း ၇)

လူယုတ္မာ!!

ကုယြင္က သူ႔ကို ပါး႐ိုက္လိုက္ခ်င္ေပမယ့္ သူမရဲ႕ဆင္ေျခတုံတရားက သူမကို စိတ္ေလ်ာ့ဖို႔ ေျပာေနသည္။ ဒီလိုမ်ိဳး စိတ္ဆိုးေနလို႔ မျဖစ္ေသးဘူး။ စိတ္ေအးေအးထား! စိတ္ေအးေအးထား!

ကုယြင္က အသက္ကို ျပင္းျပင္းရႉလိုက္ၿပီး လက္သီးကို က်စ္က်စ္ဆုပ္ကာ ျပန္ေျဖလိုက္သည္။ "ကြၽန္မ ရင္ဘတ္မွာ ဘာစကားလုံးမွ မရွိဘူး၊ ကြၽန္မက ခ်င္းေမာ့မဟုတ္ဘူးလို႔ ရွင္ ထင္ေနတယ္ဆိုရင္ ေထာင္ထဲထည့္ထားလိုက္၊ ဒီလို စက္ဆုပ္ဖြယ္နည္းလမ္းေတြ သုံးေနစရာ မလိုဘူး!"

ကုယြင္၏အသံက ေဒါသေၾကာင့္ အနည္းငယ္ တုန္ခါေနၿပီး စုလင္းက ေနာက္တစ္ႀကိမ္ ႐ိုင္းစိုင္းစြာ ထပ္ေျပာဝံ့ပါက သူမ သူ႔ကို ပါး႐ိုက္မည္ဟု စိတ္ထဲကေန က်ိန္ဆိုေနခဲ့သည္။

ေကာင္းကင္ကေတာ့ သူမကို ေကာင္းခ်ီးေပးရွာသား.... စုလင္းက တကယ္ပဲ မိုက္႐ိုင္းတဲ့စကားေတြကို ထပ္မေျပာေတာ့ဘူး။

သူက အလုပ္နဲ႔ပဲ သက္ေသျပလိုက္တာေၾကာင့္ပါ။

"စိတ္မရွိပါနဲ႔" ထိုစကားတစ္ခြန္းကို ေျပာၿပီးေနာက္ စုလင္း၏လက္ႀကီးက ကုယြင္၏ညာဘက္ပခုံးကို ႐ုတ္တရက္ ထိလိုက္သည္။ သူမက သူမခႏၶာကိုယ္ေပၚတြင္ စာေရးထားျခင္း မရွိဘူးဟု ေျပာေနေသာ္လည္း သူက လြယ္လြယ္မယုံႏိုင္ေပ။ သူမက သူ႔ကို အၿမဲတမ္း ကလန္ကဆန္ လုပ္ေနတာေၾကာင့္ သူမစကားကို အလြယ္တကူ ယုံလိုက္ဖို႔ဆိုတာ သူအတြက္ေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒီကိစၥရဲ႕အမွန္တရားကို သိဖို႔အတြက္ ဒီည သူကိုယ္တိုင္ စစ္ေဆးရမယ္။

သူမပခုံးေပၚမွ ေလးလံေသာဖိအားေၾကာင့္ ကုယြင္က ထိတ္လန႔္သြားသည္။

သူ ဘာမွေတာ့ လုပ္မွာ မဟုတ္ဘူးမလား?!

"ပင္း...." သူက သူမအတြက္ ၿပိဳင္ဘက္မျဖစ္ႏိုင္မွန္းသိေနတာေၾကာင့္ ကုယြင္က ပင္းလ်န႔္ကို ေခၚခ်င္ေသာ္လည္း သူမပါးစပ္ကို ဖြင့္လိုက္သည္ႏွင့္ မီးနီတဖ်ပ္ဖ်ပ္ေတာက္လာကာ စုလင္း၏ ခ်ီ႐ႊယ္က ပင္းလ်န႔္ေရွ႕တြင္ ရပ္ေနေလသည္။ ပင္းလ်န႔္ကလည္း ပုံမွန္မဟုတ္သည့္ေလထုကို ခံစားလိုက္မိၿပီး ကုယြင္ဆီသို႔ ပ်ံသန္းခ်င္ေနေပမယ့္ သူ ဘယ္ဘက္ကိုေ႐ြ႕ေ႐ြ႕ ညာဘက္ကိုေ႐ြ႕ေ႐ႊ႕ ခ်ီ႐ႊယ္က သူ႔ေရွ႕မွာ ေသေသခ်ာခ်ာ ပိတ္ဆို႔ထားသည္။ ပင္းလ်န႔္က သိသာထင္ရွားစြာ စိတ္ဆိုးလာၿပီး ခ်ီ႐ႊယ္ဆီသို႔ ေျပးဝင္သြားေသာေၾကာင့္ တဲႀကီးထဲတြင္ ပူတလွည့္ ေအးတစ္လွည့္ ျဖစ္လာေတာ့သည္။

စုလင္းက ဘယ္ေလာက္ေတာင္ ဥာဏ္မ်ားတဲ့အေကာင္ႀကီးတုန္း? သူ အဲဒါအတြက္ေတာင္ ႀကိဳတင္ ျပင္ဆင္ထားၿပီးသားေပါ့ေလ။ သူမက သူ႔ၿပိဳင္ဘက္ မဟုတ္ရင္ေတာင္ အရႈံးေတာ့ မေပးႏိုင္ဘူး။

ကုယြင္က ဒဏ္ရာရေနေသာ သူ႔ပုခုံးကို တခ်က္ၾကည့္လိုက္ၿပီး ျပတ္ျပတ္သားသား ဆုံးျဖတ္ကာ သူ႔ပုခုံးေပၚသို႔ အျပင္းအထန္ ႐ိုက္ခ်လိုက္သည္။ သူလက္က လြတ္တာနဲ႔ ကုတင္ဘက္ကို ျပန္ဆုတ္ဖို႔ အခြင့္အေရး ရႏိုင္ေပမယ့္ မထင္မွတ္ပဲ စုလင္းက နာက်င္မႈေၾကာင့္ ရပ္တန႔္သြားရမည့္အစား သူမ၏ပခုံးကို ဆုပ္ကိုင္ထားေသာသူ႔လက္က ပို တင္းက်ပ္လာသည္။ အတတ္စုတ္ၿပဲသံကို ၾကားလိုက္ရၿပီး ကုယြင္၏အနက္ေရာင္အက်ႌက လည္ပင္းအထိ ျပင္းထန္စြာ စုတ္ၿပဲသြားခဲ့သည္။

အခန္း ၁၄ ခႏၶာကိုယ္ကို ဘယ္လို စစ္ရမွာလဲ (အပိုင္း ၈)

သူမပုခုံးက ေအးစက္သြားသလို ခံစားလိုက္ရတာေၾကာင့္ ကုယြင္က သူမ၏ရင္ဘတ္ကို ဖုံးအုပ္ရန္ သူမလက္ကို ကမန္းကတန္း ျပန္ဆြဲယူလိုက္သည္။ ယခုအခိုက္အတန႔္တြင္ သူမ ပိတ္စႀကိဳးမ်ားကို မဝတ္ခဲ့ျခင္းအတြက္ အလြန္ေနာင္တရေနမိသည္။

စုလင္းရဲ႕ပန္းတိုင္က ရွင္းရွင္းလင္းလင္း ျဖစ္ေနၿပီး သူမ လႊတ္ေျမာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ သူမရဲ႕ေသးသြယ္တဲ့ လက္ေကာက္ဝတ္ေလးက သူ႔လက္ႀကီးနဲ႔ ဆုပ္ကိုင္ခံထားရၿပီး ကုယြင္က သူမရင္ဘတ္ကို ကာကြယ္ဖို႔ ျပန္ဆြဲေနကာ ႏွစ္ေယာက္သား အျပန္အလွန္ အားၿပိဳင္ေနခဲ့ၾကသည္။ စုလင္းက ဤအမ်ိဳးသမီး၏လက္မွ ခြန္အားမ်ား မည္မွ်ျပင္းထန္သည္ကို ေတြးၿပီး တိတ္တဆိတ္ က်ိန္ဆဲေနမိသည္။ သူက ကုယြင္၏လက္ကို ဖမ္းကိုင္လိုက္ၿပီး တဲေထာင့္ဆီသို႔ အားျဖင့္တြန္းပို႔လိုက္သည္။ ေနာက္ဆုံးတြင္ စုလင္း၏ ရက္စက္ၾကမ္းၾကဳတ္ေသာ စြမ္းအားကို မခံႏိုင္ေတာ့ဘဲ ကုယြင္၏လက္မ်ားက ထုံက်င္လာကာ သူမလက္မ်ားကို သူမေနာက္ေက်ာတြင္ ခ်ဳပ္ေႏွာင္ခံလိုက္ရသည္။ စုတ္ၿပဲေနေသာ အဝတ္ႏွင့္ ရင္ခံသာရွိေတာ့သည့္ ကုယြင္က စုလင္းေရွ႕တြင္ ရပ္ေနသည္။ ေဒါသေၾကာင့္လား... ရွက္ေနတာေၾကာင့္လား မသိႏိုင္ေပမယ့္ ကုယြင္၏မ်က္ႏွာက ေသြးမ်ားထြက္လာလုနီးပါး နီရဲလာသည္။

မွိန္ေဖ်ာ့ေဖ်ာ့ မီးေရာင္ေအာက္တြင္ သူမက ပန္းေလးတစ္ပြင့္ကဲ့သို႔ ႏူးညံ့သိမ္ေမြ႕ေနၿပီး ပါးလႊာေသာ ရင္ခံစက သူမ၏ေပါက္ထြက္လုနီးပါး အသက္ရႈသံႏွင့္အတူ မို႔ေဖာင္းလာလိုက္ ျပန္က်သြားလိုက္ ျဖစ္ေနသည္။ စုလင္းက မ်က္စိတမွိတ္စာေလာက္ အသက္ရႈရပ္သြားၿပီး သူ႔နဖူးေပၚကို ေသြးပူမ်ား ေစာင့္တက္လာသလို ခံစားလိုက္ရသည္။ သူက သူ႔၏မူရင္းရည္႐ြယ္ခ်က္ကို ေမ့လုမတတ္ ျဖစ္သြားၿပီးမွ သူမ၏ညာဖက္ရင္ဘတ္ကို စိုက္ၾကည့္လိုက္သည္။ သူမ၏ေခ်ာမြတ္ေနေသာ အ‌ေရျပားက ျဖဴေဖြးေခ်ာေမြ႕ေနကာ မည္သည့္စကားလုံးမွ် ရွိမေနေပ။ စုလင္း၏ မ်က္လုံးမ်ားက ေအးစက္သြားသည္။ သူမက တကယ္ပဲ ခ်င္းေမာ့ မဟုတ္ဘူးလား?

သူက သူမလက္မ်ားကို ခ်ဳပ္ေႏွာင္ထားေသာ္လည္း ကုယြင္က အျခားသူမ်ား၏ ထိန္းခ်ဳပ္မႈကို သည္းခံခ်င္စိတ္ မရွိခဲ့ေပ။ သူမက ေျခကို ဆန႔္ကာ စုလင္း၏ဝမ္းဗိုက္ေအာက္ပိုင္းကို ကန္ထုတ္လိုက္သည္။

စုလင္းက ႐ုတ္တရက္ ရင္ေမာသြားသည္။ ေသစမ္း!!!

စုလင္းက ေရွ႕သို႔ ထပ္တိုးလာၿပီး သူ႔ခႏၶာကိုယ္ေအာက္ပိုင္းတစ္ဝက္က ကုယြင္၏ေျခေထာက္မ်ားကို တင္းတင္းၾကပ္ၾကပ္ ဖိထားလိုက္တာေၾကာင့္ သူမက သူႏွင့္ တဲေထာင့္ၾကားတြင္ ပိတ္မိေနကာ ေျခေထာက္ကို ေျမႇာက္ရန္ပင္ ခက္ခဲေနေတာ့သည္။ ကုယြင္က ဆက္လက္႐ုန္းကန္ေနရၿပီး သူမ တြန႔္လိမ္ေနေသာအခ်ိန္တြင္ သူမ၏ညာဘက္ရင္သားေပၚရွိ နဂိုေျပာင္ေခ်ာေနေသာအေရျပားက တျဖည္းျဖည္း နီရဲလာသည္ကို စုလင္းက ႐ုတ္တရက္ သတိျပဳမိလိုက္သည္။ စုလင္းက မူရိေျပာခဲ့ေသာစကားမ်ားကို ျပန္ေတြးေနရင္း သူမ၏လက္ႏွစ္ဖက္ကို သူမခႏၶာကိုယ္ေနာက္တြင္ သူ႔ဘယ္ဘက္လက္မွ လက္ဖဝါးႀကီးျဖင့္ ဆုပ္ကိုင္ထားရင္း သူ႔ညာလက္က သူမ၏ႏူးညံ့ေသာညာဖက္ရင္အုံကို ထိလိုက္သည္။ ႏူးညံ့ေႏြးေထြးေသာ အထိအေတြ႕က သူ႔ကို တဖန္ တုန္လႈပ္သြားေစၿပီး သူ႔ခႏၶာကိုယ္မွ အစိတ္အပိုင္းအခ်ိဳ႕က နာခံမႈ မရွိေတာ့ေပ.....

ကုယြင္၏ခႏၶာကိုယ္ေလးက တစ္ကိုယ္လုံး ေတာင့္တင္းသြးသည္။

ဟင့္အင္း.... သူ...သူ...သူ...

လက္ႏွစ္ဖက္‌ေရာ ေျခႏွစ္ဘက္ပါ မလႈပ္ႏိုင္ေတာ့သည့္ ကုယြင္က ေဒါသ အလြန္ထြက္ေနၿပီး သူမ၏ပုံရိပ္ကိုပင္ ဂ႐ုမစိုက္ေတာ့ဘဲ သူမပါးစပ္ကို ဖြင့္ကာ သူမႏွင့္အနီးကပ္ဆုံးတြင္ ရွိေနေသာ ေတာင့္တင္းသန္မာေသာပုခုံးႀကီးကို ျပင္းျပင္းထန္ထန္ ကိုက္ခ်လိုက္သည္။

"ဟမ့္" သူ႔ပခုံးမွ နာက်င္မႈေၾကာင့္ စုလင္းက စိတ္ဆိုးေနတဲ့ ေၾကာင္ေလးတစ္ေကာင္လို ျပဳမူေနေသာ သူ႔လက္ေမာင္းထဲမွ မိန္းခေလးကို ေဒါသတႀကီး စိုက္ၾကည့္ေနသည္။ သူက သူမကို ရယ္ခ်င္ေနေပမယ့္ သူမရဲ႕ေနာက္ခံအေၾကာင္းအရာကို ျပန္ေတြးလိုက္မိတာေၾကာင့္ စုလင္း၏မ်က္ႏွာက ေဒါသအရိပ္အေယာင္မ်ားျဖင့္ မည္းေမွာင္သြားျပန္သည္။ သူ႔လက္မႀကီးက သူမရင္ဘတ္ေပၚမွ အေရျပားကို အားႀကိဳးမာန္တက္ ပြတ္သပ္ေနၿပီး သူ႔၏ ညင္သာေသာ ပြတ္တိုက္မႈေအာက္တြင္ သူမ၏ညာဘက္ရင္အုံတြင္ ေသြးနီေရာင္ မ်ဥ္းေၾကာင္းမ်ား တျဖည္းျဖည္း ထြက္ေပၚလာက ပို ပို သိသာလာၿပီး စကားလုံးတစ္လုံး ဖ်တ္ခနဲ ေပၚလာသည္။ စုလင္း၏ လင္းယုန္မ်က္လုံးမ်ားက အနည္းငယ္ ေတာက္ပလာၿပီး သူ႔မ်က္လုံးမ်ားက သူမ၏ႏုနယ္ေသာ အေရျပားကို အနီးကပ္ စိုက္ၾကည့္ေနသည္။ ခဏၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ ေသြးေရာင္လႊမ္းေနေသာ မ်ဥ္းေၾကာင္းမ်ားက အနီေရာင္ စာလုံးေသးေသးေလးအျဖစ္ ေျပာင္းလဲသြားသည္။ အတိအက် "ေမာ့" ဟူေသာ စကားလုံးပင္!

"ေမာ့"ဟူေသာ စကားလုံးကို ျမင္လိုက္တာနဲ႔ စုလင္းက ၾကည္ႏူးသြားသလို ခံစားလိုက္ရသည္။ သူမက အမွန္ပင္ ခ်င္းေမာ့ျဖစ္ေနၿပီး အေယာင္ေဆာင္သူ မဟုတ္ေပ။ သူက သူ႔ရင္ခြင္ထဲတြင္ တြယ္ကပ္ေနေသာ မိန္းခေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ၿပဳံးလိုက္ကာ "ေၾကာင္ေပါက္စေလး... ကိုက္လို႔ၿပီးၿပီလား"

သူမက လူေတြကို ကိုက္ရတာ တကယ္ သေဘာက်ပုံပဲ၊ သူမ သူ႔ကို စေတြ႕တုန္းက တစ္ႀကိမ္ ကိုက္ခဲ့ေသးတယ္။ ဒါေပမယ့္ သူမရဲ႕အျပဳအမူေလးေတြက တကယ္ကို ခ်စ္ဖို႔ေကာင္းေနတုန္းပါပဲ....

သူ႔အသံေလးေလးပင္ပင္ႀကီးထဲတြင္ ႐ႊင္ျမဴးရိပ္မ်ား သန္းေနၿပီး သူ ေတာ္ေတာ္ေပ်ာ္ေနပုံပါပဲ!

ကုယြင္က သူမပါးစပ္ထဲမွ ေသြးအရသာကို ျမည္းစမ္းရင္း ေနာက္ဆုံးေတာ့ သူမပါးစပ္ကို လႊတ္ေပးလိုက္သည္။ စိတ္အေျခအေနေကာင္းေနတဲ့ စုလင္းနဲ႔ ယွဥ္ရင္ ကုယြင္က အခု လူသတ္ခ်င္ေနၿပီ၊ သူမပါးစပ္ထဲက ယမ္းနံ႔ေတြထြက္လာၿပီး မေက်မနပ္ ေအာ္ဟစ္ေတာ့သည္။ " လူယုတ္မာ...ရွင္ အခုထိ လႊတ္မေပးေသးဘူးလား??"

စုလင္း၏လက္မ်ားက တုန႔္ဆိုင္းသြားသည္။ သူက မည္သည့္အမ်ိဳးသမီးတစ္ဦးကိုမွ တစ္ခါမွ မထိဖူးပါဘူး၊ ဒါေပမယ့္ မိန္းခေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္က ဒီေလာက္ႏူးညံ့ၿပီး ေႏြးေထြးေနမယ္လို႔ေတာ့ သူ မေတြးခဲ့မိဖူးပါဘူး၊ သူက သူ႔လက္ကို ျဖည္းညႇင္းစြာ ေျဖေလွ်ာ့လိုက္ေသာ္လည္း ေတြေဝေနေသးသည္။

စုလင္း၏လက္ အနည္းငယ္ေလ်ာ့သြားတာနဲ႔ ကုယြင္က သူ႔ခ်ဳပ္ေႏွာင္မႈမွ လြတ္ေျမာက္ရန္ အခြင့္အေရးကို အရအမိ ဆုပ္ကိုင္လိုက္ၿပီး ေသြးထြက္ေနေသာ သူ႔ပခုံးကို လက္သီးျဖင့္ ထိုးလိုက္သည္။ သူေနာက္ျပန္ဆုတ္လိုက္ခ်ိန္တြင္ ကုယြင္က ေျခေထာက္ကို ေျမႇာက္ကာ သူ႔ဝမ္းဗိုက္ေအာက္ပိုင္းကို ႏွစ္ႀကိမ္ကန္ထုတ္လိုက္သည္။

သူ႔ရဲ႕ပခုံးနဲ႔ ဝမ္းဗိုက္ကို တစ္ခ်ိန္တည္း တိုက္ခိုက္ခံရတာေၾကာင့္ စုလင္းက ​​မတ္တပ္ရပ္ႏိုင္ေသးေပမယ့္ ေနာက္ကို ေလးငါးလွမ္းေလာက္ ျပန္ဆုတ္လိုက္ရသည္။ သူ႔ပုခုံးေတြက စိုစြတ္ေနၿပီး ပူေလာင္တဲ့ေဝဒနာက ဆူးပန္းေတြကို အတင္းခူးယူျခင္းရဲ႕ ေၾကကြဲစရာေကာင္းတဲ့ အက်ိဳးဆက္ေတြကို အမွတ္ရေစတယ္။

ကုယြင္က ကုတင္ေပၚရွိ အနက္ေရာင္အက်ႌတစ္ထည္ကို ေကာက္ကိုင္လိုက္ၿပီး သူမခႏၶာကိုယ္ေပၚ တင္ထားလိုက္သည္။ အလင္းေရာင္မွိန္မွိန္ေအာက္တြင္ သူမ၏ဆံပင္မ်ားက အနည္းငယ္ ရႈပ္ပြေနၿပီး နီျမန္းေနေသာ မ်က္ႏွာေလးက ေမွးမွိန္သြားျခင္း မရွိေသးေပ။ ပုံမွန္အားျဖင့္ ေအးစက္ေနေသာ မ်က္လုံးမ်ားက ေဒါသမ်ားႏွင့္ျပည့္ႏွက္ေနၿပီး စုလင္းကို စိုက္ၾကည့္ေနသည္။ သူသာ ေနာက္တလွမ္းေရွ႕တိုးရင္ သူမက သူ႔ကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္လိမ့္မယ္။

စုလင္းက သူမကို အနက္ေရာင္ မ်က္လုံးမ်ားျဖင့္ ၿငိမ္သက္စြာ ၾကည့္ေနၿပီးေနာက္ ျပန္လွည့္ကာ တဲတံခါးဆီသို႔ ေလွ်ာက္သြားလိုက္သည္။ စုလင္းက ကန႔္လန႔္ကာကို ဖြင့္လိုက္ၿပီးမွ သူ႔၏ေျခလွမ္းမ်ားကို ရပ္ကာ ကုယြင္ထံျပန္လွည့္လာၿပီး သူ၏နဂို ေအးစက္ေနေသာ ေလသံျဖင့္ ေျပာလိုက္သည္။ သူက ရွက္႐ြံ႕စိတ္အနည္းငယ္ရွိေနေပမယ့္ ကုယြင္၏ေနက္ေက်ာကို ၾကည့္ကာ ရွင္းရွင္းလင္းလင္း ေျပာလိုက္ေသးသည္။ "ငါ မင္းကို တာဝန္ယူမယ္"

ကုယြင္က စိတ္ဆိုးလြန္းတာေၾကာင့္ ဦးေႏွာက္ေသြးေၾကာေပါက္လုနီးပါးျဖစ္ေနၿပီ။ "သြားေသလိုက္ေလ... ဘယ္သူက ရွင့္ကို တာဝန္ေပးခ်င္ေနလို႔လဲ ဒီကေန ခ်က္ခ်င္း ထြက္သြား!"

ညနက္သန္းေခါင္မွာ ထြက္ေပၚလာတဲ့ ဒီလိုဟိန္းေဟာက္သံက တျခားလူေတြအတြက္ စိတ္ကူးစိတ္သန္း တစ္စုံတရာ ခ်န္ထားႏိုင္ခဲ့သည္။

အဲ့ဒါေၾကာင့္ မေန႔ညက စစ္သူႀကီးက သူ႔မိန္းမကို "စားၿပီးၿပီ" ဆိုတဲ့ ေကာလဟာလေတြ ထြက္ေပၚလာပါေတာ့တယ္။

ကုယြင္၏တဲအတြင္းမွ ထြက္လာၿပီးေနာက္ ေလညင္းမ်ားက စုလင္းကို ႀကိဳဆိုေနသည္။ ဖ႐ိုဖရဲျဖစ္ေနေသာ စုလင္း၏ႏွလုံးခုန္သံသည္ မေႏွးေကြးသြား႐ုံ သာမကဘဲ ပို၍ ပို၍ ျပင္းထန္လာသည္။ စုလင္းက သူ႔၏ဘယ္ဘက္လက္ကို အမွတ္တမဲ့ ၾကည့္လိုက္ၿပီး ငိုင္ေတြသြားျပန္သည္။

"အိုး~ ဒါက စစ္ေဆးမႈတစ္ခုပဲကို၊ မင္းက အဲ့ေလာက္ ၾကမ္းတမ္းဖို႔ လိုတယ္လား" ည၏အေမွာင္ေအာက္တြင္ စြဲမက္ဖြယ္ေကာင္းေသာ အနီေရာင္ဝတ္စုံပိုင္ရွင္ မူရိက စုလင္း၏ ေသြးစြန္းေနေသာ ပခုံးကို ေဘးတိုက္ၾကည့္ကာ ေက်နပ္ေနေသာ အရိပ္အေယာင္မ်ား ျပည့္ႏွက္ေနေသာ အၿပဳံးခပ္ႀကီးႀကီးတစ္ခုကို အေသအခ်ာ ေဖာ္ျပေနသည္။

စုလင္းက သူ႔၏လက္ႏွစ္ဖက္ကို ေနာက္ပစ္ထားၿပီး ျပက္လုံးကို လ်စ္လ်ဴ႐ူကာ ဤလူကို မျမင္ဟန္ျပဳၿပီး ႏွာေစးေနလိုက္သည္။ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ ျဖတ္ေက်ာ္သြားခါနီးတြင္ မူရိက ညည္းညဴဟန္ျပဳကာ ေနာက္ေျပာင္လာျပန္သည္။ "ျမစ္ကို ျဖတ္ကူးၿပီးေတာ့ တံတားကို မီးရႈိ႕ၿပိေပါ့... ငါ့ေၾကာင့္သာ မဟုတ္ရင္ မင္း အဲ့လို တျခားသူရဲ႕အဝတ္အစားေတြကို သြားခြၽတ္ဖို႔ ဆင္ေျခ မရွိႏိုင္ဘူးေနာ္၊ သင္းပ်ံတဲ့ရနံနဲ႔ ေႏြးေထြးတဲ့ ႏူးညံမႈေလးကို မင္းရင္ခြင္ထဲမွာ ေထြးေပြ႕ထားဖို႔ အခြင့္အေရးရခဲ့တယ္မလား? မင္း ငါ့ကို ေက်းဇူးတင္သင့္တာ မဟုတ္ဖူးလား"

"ထြက္သြားစမ္း!" 'သင္းပ်ံတဲ့ရနံနဲ႔ ေႏြးေထြးတဲ့ ႏူးညံမႈေလး'ဆိုတဲ့ စကားတစ္ခြန္းက စုလင္း၏ မည္းေမွာင္ေနေသာမ်က္ႏွာကို သံသယျဖစ္စရာ အနီေရာင္သို႔ ေျပာင္းသြားေစၿပီး သူက ျမန္ျမန္ဆန္ဆန္ ထြက္သြားခဲ့သည္။

သူပဲ အျမင္မွားသြားတာလား? ဒါမွမဟုတ္ ေစာေစာကလူကပဲ တကယ္မ်က္ႏွာ နီသြားတာလား?? စုလင္း ထြက္သြားတာ ၾကာေနၿပီျဖစ္ေပမယ့္ မူရိကေတာ့ အဲဒီေနရာမွာ ေၾကာင္ေတာင္ေတာင္ ရပ္ေနမိတုန္းပါပဲ။ အဲ့ဒါကို ရွက္တာလို႔ ေခၚႏိုင္တယ္မလား? ေနာက္ဆုံးေတာ့ ​ေက်ာက္​​တုံးႀကီးက ခံစားခ်က္​​ေတြ စတင္​​ေနၿပီဟ... ဒီညေတာ့ ေမွာင္မိုက္ေနတဲ့ ေကာင္းကင္မွာ တကယ္​ကို ​ေန​ေရာင္​ျခည္​​ေလး သန္းလာၿပီ...

မူရိက ရႈပ္ေထြးေနေသာ မ်က္လုံးမ်ားျဖင့္ ကုယြင္၏တဲဆီသို႔ အခ်ိန္အေတာ္ၾကာ ၾကည့္ေနမိျပန္သည္။ လင္းရဲ႕အျပဳအမူအရ ဒီအမ်ိဳးသမီးက ခ်င္းေမာ့အစစ္ ျဖစ္ႏိုင္တယ္၊ ဒါေပမယ့္ သူ ဘာေၾကာင့္ သူမရဲ႕ဘဝနဲ႔ ေနာက္ေၾကာင္းရာဇဝင္ကို မတူးဆြႏိုင္ခဲ့တာလဲ??

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

Continue Reading

You'll Also Like

665K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
631K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
233K 37.7K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...