အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၅)
မနက်ဖြန် သူတို့ သူပုန်စခန်းကို ဝင်ရောက်စီးနင်းမည်သလို စစ်သူကြီးတစ်ဦးအနေဖြင့် စုမိသားစုစစ်တပ်တစ်ခုလုံးအတွက် သူ တာဝန်ယူရမည် ဖြစ်သည်။ အရပ်မြင့်မြင့်အသွင်သဏ္ဍန်ကြီးက ရုတ်တရက် ထရပ်ပြီး တဲထဲကနေ ထွက်သွားတော့သည်။
"အရမ်း နောက်ကျနေပြီ၊ ဘယ်သွားမလို့လဲ" တဲစခန်းထဲက မေးခွန်းတစ်ခုထွက်လာပြီး အသံက သိပ်မကျယ်ပေမယ့် သေချာနားထောင်ရင် လှောင်ပြောင်သရော်မှုတွေနဲ့ ပျော်ရွှင်နေတဲ့ အရိပ်အမြွက်တွေကို အလွယ်တကူ နားလည်နိုင်တယ်။
ဒီညရဲ့ကောင်ကင်ကြီးက တကယ်ကို လှပလွန်းပါတယ်ကွာ.....
***
စစ်စခန်းတွင် ရေအမြဲပြတ်လပ်နေလေ့ရှိပြီး ကုယွင်က မြစ်ထဲမှ လေဟာပြင်တွင် ရေချိုးရန် ဆန္ဒမရှိသဖြင့် ရေပုံးတစ်ပုံးသယ်ဆောင်ကာ သူမတဲထဲသို့ ဝင်သွာပြီး ရွှံ့များကို ရေဖြင့် သန့်စင်လိုက်သည်။ သူမတစ်ကိုယ်လုံးတွင် ရွှံနှင့်ဖုန်များ ဖုန်းနေတာကြောင့် ကုယွင်က သူမခန္ဓာကိုယ်ကို ရေစိုဝတ်ဖြင့် သုတ်ပြီး အနက်ရောင်အ၀တ်အစားသို့ ထပ်လဲလိုက်သည်။ ဤခေတ်တွင် အတွင်းခံအဝတ်(ဘရာစီယာ)များ မရှိသောကြောင့် သူမက ရင်ဘတ်တစ်ဝိုက်တွင် အထည်စများစွာကို ပတ်ချည်ထားလေ့ရှိသည်။ ထိုမှသာ ပြေးသည့်အခါ သို့မဟုတ် အင်အားသုံးသည့်အခါ ပိုအဆင်ပြေမည် ဖြစ်သည်။ ဒါပေမယ့် ဒီနေ့ကတော့ အရမ်းနောက်ကျနေပြီဖြစ်တာကြောင့် ကုယွင်က ထိုပိတ်စကြိုးများကို ကြိုးပါသောရင်ခံ(နန်းတွင်းကားတွေထဲမှာ ဝတ်တဲ့ အတွင်းခံမျိုးကို ပြောတာပါတဲ့)နှင့်အတူ ဘေးတွင် ချထားလိုက်ပြီး အနက်ရောင်အင်္ကျီတစ်ထပ်တည်းသာ ဝတ်ထားကာ ရိုးရှင်းသော သစ်သားကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
တကယ်တော့ သူမလက်ပေါ်က ဒဏ်ရာက သက်သာနေပြီဖြစ်ကာ ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါပေမယ့် သူမက စိုစွတ်နေတဲ့ မိုးသစ်တောထဲမှာ တစ်နေ့လုံး လမ်းလျှောက်နေခဲ့ရတာကြောင့် ပိုးဝင်မှာကို ကြောက်တဲ့အတွက် ကုယွင်က ပတ်တီးလဲဖို့ ကြိုးစားလိုက်သည်။ ကုယွင်က သူမလက်မှ အင်္ကျီလက်များကို အပေါ်သို့ လိပ်တင်လိုက်ပြီး ပိတ်ပါးစကို ညင်သာစွာ ဖြည်းဖြည်းချင်း ဖြည်ချလိုက်သည်။ တခါတလေ သွေးများ စိမ့်ထွက်တာကြောင့် ဒဏ်ရာမှာ သွေးစအချို့ရှိနေပေမယ့်လည်း ကံကောင်းစွာဖြင့် ပတ်တီးစတွင်သာ ကပ်နေသည်။ ကုယွင်က ပိတ်ကျဲစကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန်အတွက် အံကြိတ်ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားကာ ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်တာကြောင့် ပိတ်စက စုတ်ပြဲသွားပြီး သူမက နာကျင်မှုကြောင့် ရှုံ့တွနေလေသည်။ ထိုအချိန်တွင် သူမတဲ၏တံခါးကန့်လန့်ကာက ကြမ်းတမ်းစွာ ပွင့်သွားပြီး အရပ်မြင့်မြင့်နှင့်သန်မာသော ပုံရိပ်က တံခါးကို ပိတ်ဆို့လိုက်သည်။
ကုယွင်က လန့်သွားပြီး ဘေးနားမှ ရင်ခံကို အမြန်ဆွဲယူကာ သေသေသပ်သပ် ပြန်ဝတ်လိုက်သော်လည်း ခပ်ချောင်ချောင် ဖြစ်နေခဲ့သည်။ ကုယွင်က ဒေါသအလွှာလေးတစ်လွှာဖြင့် တိတ်တိတ်လေး သက်ပြင်းချကာ အေးစက်နေသော မျက်လုံးများဖြင့် တံခါးဝမှ မဖိတ်ခေါ်ထားသည့် ဧည့်သည်ကို စိုက်ကြည့်နေသည်။ ကုယွင်က ထေ့ငေါ့ငေါ့ငေါ့နှင့် "စစ်သူကြီးစု၊ တစ်ယောက်ယောက်ရဲ့ အခန်းထဲကို မဝင်ခင်မှာ တံခါးကို အရင်ခေါက်ဖို့ ရှင့်ကို ဘယ်သူမှ မသင်ပေးဖူးဘူးလား?"
စုလင်းက တဲထဲကို ဝင်လာပြီး အေးစက်စက်နဲ့ ပြန်ဖြေလိုက်သည်။ "ဘယ်သူမှ မသင်ပေးဖူးဘူး"
ကုယွင်က စကားမပြောနိုင်လောက်အောင် အံ့သြသွားသည်။ သူပြောနေပုံက သူက တကယ်ကိုပဲ ဖြောင့်မတ်တဲ့ စစ်သူကြီးတစ်ယောက်ပေါ့လေ။ ဒါပေမယ့် အခုအချိန်မှာ သူမက သူ့ကို အမြန်ထွက်သွားစေချင်ပြီး ကျင့်ဝတ်တွေကို သင်ကြားပေးဖို့ စိတ်မဝင်စားနိုင်တော့ဘူး။ ကုယွင်က ဆေးပုလင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ဘူးစို့ကို ပါးစပ်နဲ့ ကိုက်ဖွင့်လိုက်ကာ "ရှင့်မှာ ပြောစရာရှိရင် မြန်မြန်ပြော၊ ပြီးရင် မြန်မြန် ပြန်ထွက်သွားတော့"
တဲအတွင်းပိုင်းတွင် ဆီမီးခွက်တစ်ခုသာရှိပြီး အလွန်မှောင်နေသည်။ ကုတင်ရှေ့တွင် သွေးစွန်းနေသော ပိတ်ကျဲစလေးတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး ဆေးပုလင်းများနှင့် သန့်ရှင်းသောအဝတ်စအချို့ကို ကုတင်ပေါ်တွင် ရှုပ်ပွနေအောင် တင်ထားသည်။ အလင်းရောင်မှိန်မှိန်က သူမ၏သေးငယ်သော ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်နေပြီး သူမလက်က အဆင်မပြေသည့်အနေအထားတွင် ရှိနေကာ ဆေးမှုန့်ကို လက်တစ်ဖက်ဖြင့် ဖျန်းနေသည်။
စုလင်း၏နက်မှောင်သော မျက်လုံးများ မှိန်ဖျော့သွားပြီး သူမကို အနည်းငယ် စိတ်တိုသွားသလို ခံစားလိုက်ရသည်။ ဒီမိန်းခလေးက မိန်းခလေးနဲ့ကို မတူဘူး! သူများတွေကို မထေမဲ့မြင်လုပ်ဖို့ပဲ သိတယ်၊ ပြီးတော့ စိတ်ကြီးဝင်လွန်းတယ်...
စုလင်းမှာက ကြမ်းတမ်းသောမျက်နှာနှင့် ရိုင်းစိုင်းသော လှုပ်ရှားမှုများ ရှိနေတာကြောင့် သူက ကုယွင်၏ လက်မှ ဆေးပုလင်းကို လုယူကာ ဒဏ်ရာပေါ်သို့ အမှုန့်များကို ဖြန်းလိုက် အဝတ်စကို ကောက်ကိုင်ကာ ဒဏ်ရာကို ပတ်တီးဖြင့် တိတ်တဆိတ် ပတ်ပေးနေသည်။
အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၆)
ကုယွင်က ခဏလောက် အံသြနေပြီး သူမ အသိစိတ် ပြန်ဝင်လာချိန်တွင် သူမလက်ကို ဟန်ဆောင်ပန်ဆောင် ရုန်းမနေတော့ပေ။ ပတ်တီးစည်းပေးနေသည့် သူ၏လှုပ်ရှားမှုများက အလွန်ကောင်းမွန်နေခြင်း မရှိသော်လည်း သူမ လက်တစ်ဖက်တည်းဖြင့် လုပ်နေတာထက်တော့ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်သေးသည်။ စုလင်း သူမကို လာရှာတဲ့ အကြောင်းအရင်းကို တွေးနေချိန်မှာ သူမလက်က ရုတ်တရက် နာကျင်သွားသည်။ "အ--"
စုလင်းက အပ်စိုက်မှတ်တစ်ခုကို အပြင်းအထန် ဖိနှိပ်လိုက်တာကြောင့် ကုယွင်က ကျိန်ဆဲလိုက်တော့သည်။ လူယုတ်မာ... လူဆိုးကောင်... သူက ကြင်နာတက်တဲ့သူ မဟုတ်ဘူးဆိုတာ အစောကြီးထဲက ငါ သိတယ်၊ အဲ့တာက အရမ်းနာကျင်တယ်ဟ!
စူးရဲပြီးကြည်လင်နေသော မျက်လုံးတစ်စုံနှင့် အေးစက်နေသော မျက်လုံးနက်နက်တစ်စုံက တွေ့ဆုံမိကြပြန်သည်။
စုလင်းက အေးစက်စွာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"
"ဘာလဲ?" ကုယွင်က သူ ဘာကိုဆိုလိုသည်ကို ခဏတာအတွင်း နားမလည်နိုင်ခဲ့ပေ။
"ချင်းမော့ရဲ့ပင်ကိုယ် သဘော သဘာဝက ရှက်တတ်တယ်၊ သိမ်မွေ့တဲ့ စိတ်ထားရှိပြီး ကိုယ်ခံပညာလည်း မတတ်ဘူး။ မင်းက ဘယ်သူလဲ?" လေးနက်သောအသံက သိပ်မကျယ်ပေမယ့် စကားလုံးတွေက စွဲမက်ဖွယ်ကောင်းနေသည်။ နောက်ဆုံးတော့ ကုယွင်က သူ သူမကို စစ်ဆေးမေးမြန်းဖို့ ဒီကို ရောက်လာတယ်ဆိုတာကို နားလည်သွားသည်။ တကယ်လို့ သူမသာ ချင်းမော့မဟုတ်ရင် သူက သူမကို ဘာလုပ်မှာလဲ?
ကုယွင်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူနှင့်အတူ ပုခုံးချင်းယှဉ်ရပ်လိုက်သည်။ သူမ၏ တိုးလျသောလေသံက ထပ်တူထပ်မျှ ရန်လိုနေကာ "ကျွန်မက ချင်းမော့မဟုတ်ဘူးလို့ ရှင်ပြောချင်နေတာလား၊ ကျွန်မက ရှင့်ရဲ့စစ်စခန်းထဲကို ခိုးဝင်ဖို့ ရန်သူက စေလွှတ်လိုက်တဲ့ အယောင်ဆောင်လို့ ပြောချင်နေတာလား? ကျွန်မရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သိချင်နေတယ်ပေါ့ ဟုတ်တယ်မလား? ကျွန်မရဲ့နှလုံးသားထဲကနေ ရှင့်ကို ကူညီပေးခဲ့တယ်၊ ဟန်ရှုကို ကယ်တင်ဖို့၊ လက်ရွေးစင်စစ်သည်တွေကို လေ့ကျင့်ပေးပြီး မြေပုံတွေဆွဲဖို့ ကူညီပေးခဲ့တယ်၊ ရှင့်ရဲ့စုမိသားစုစစ်တပ်ကို ပိုကောင်းအောင်လုပ်ပေးနေတာတွေက ရှင့်ရဲ့ယုံကြည်မှုကို ရဖို့လို့ ရှင် ထင်နေတာလား? ပြီးမှ တစ်ဖက်ကို သတင်းပြန်ပို့မယ်ပေါ့" ကုယွင်၏စကားတိုင်းက မေးခွန်းများဖြင့် အဆုံးသတ်နေပြီး စုလင်းကို အပြစ်တင်ချင်နေပုံရသည်။ ထိုသည်မှာ စုလင်းက မည်မျှကျေးဇူးကန်းကြောင်း အတိအကျဖော်ပြနေသည်။
စုလင်း၏ အေးစက်သော မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး "ကိုယ်ရေးကိုယ်တာအရ မင်းက သူလျှိုလို့ ငါ မထင်ဘူး၊ ဒါပေမယ့် စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ငါ့ရဲ့စစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့အန္တရာယ်မျိုးဆိုရင် ဘယ်အရာကိုမှ ခွင့်မပြုနိုင်ဘူး။ အဲ့တာကြောင့် မင်းက ချင်းမော့ ဟုတ်မဟုတ် စစ်ဆေးဖို့ ဒီည ဒီကို လာခဲ့တာ"
စုမိသားစုစစ်တပ်အတွက် သူမ လုပ်ပေးခဲ့သမျှ အရာအားလုံးကို သူ မှတ်မိနေပေမယ့် ဒီညမှာတော့ သူမ ဘယ်သူလဲဆိုတာ အဖြေရှာဖို့ လိုအပ်နေသေးတယ်။
ကုယွင်က ရယ်လိုက်သည်။ သူက စစ်သူကြီးတစ်ယောက်အနေနဲ့ စစ်တပ်တစ်ခုလုံးအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောခဲ့တယ်။ သူမ သဘောတူပေမယ့် သူက သေသေချာချာ အတည်ပြုနိုင်လို့လား?? သူ ဘယ်လို စစ်ဆေးမှာလဲ?? ကုယွင်က သူမလက်များကို သူမရင်ဘတ်ပေါ် လက်ပိုက်တင်လိုက်ပြီး လှောင်ပြောင်သံဖြင့် "ကျွန်မက ချင်းမော့လို့ ပြောရင် ရှင်ယုံမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ အဲဒါကို ရှင် ဘယ်လို စစ်ဆေးမှာလဲ"
စုလင်းက ရုတ်တရက် စကားရပ်လိုက်ပြီး သူ ဘာတွေတွေးနေမှန်းမသိဘဲ ခေါင်းကို အနည်းငယ်ငုံ့သွားသည်။ သူက ဆီမီးခွက်ကို နောက်ကျောပေးထားသည့်အတွက် ကုယွင်က သူ့မျက်နှာပေါ်မှ အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကြောင့် ယခုအချိန်တွင် အေးစက်ပြီး မာနကြီးသော စစ်သူကြီး၏ မျက်နှာက အနည်းငယ် နီရဲနေသည်ကို သူမ မသိလိုက်ပေ။ ခဏအကြာတွင် ကုယွင်က စိတ်မရှည်တော့ဘဲ ထပ်မေးရန် ပြင်လိုက်ချိန်တွင် စိတ်မသက်မသာဖြစ်နေပုံရသော အေးစက်စက်ယောက်ျားသံကို ကြားလိုက်ရသည်။ "ချင်းမိသားစုက ညီအစ်မတွေရဲ့ ရင်ဘတ်မှာ ဆေးမှင်နဲ့ထိုးထားတဲ့ သူတို့နာမည်ရဲ့နောက်ဆုံးစာလုံး ရှိလိမ့်မယ်"
"ဒါဆို?" ကုယွင်က မျက်မှောင်ကြုတ်သည်။ ရင်ဘတ်မှာ.... တက်တူးထိုးထားတယ်တဲ့လား...? စကားလုံးလား?
ကုယွင်ရဲ့စိတ်တွေ လွင့်ပါးသွားခဲ့သည်။ သေစမ်း... အဲ့တာဆိုရင် သူဆိုလို ချင်တာက......
အဲ့ဒါလို့တော့.... မပြောနဲ့နော်.....
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜
အခန္း ၁၄ ခႏၶာကိုယ္ကို ဘယ္လို စစ္ရမွာလဲ (အပိုင္း ၅)
မနက္ျဖန္ သူတို႔ သူပုန္စခန္းကို ဝင္ေရာက္စီးနင္းမည္သလို စစ္သူႀကီးတစ္ဦးအေနျဖင့္ စုမိသားစုစစ္တပ္တစ္ခုလုံးအတြက္ သူ တာဝန္ယူရမည္ ျဖစ္သည္။ အရပ္ျမင့္ျမင့္အသြင္သ႑န္ႀကီးက ႐ုတ္တရက္ ထရပ္ၿပီး တဲထဲကေန ထြက္သြားေတာ့သည္။
"အရမ္း ေနာက္က်ေနၿပီ၊ ဘယ္သြားမလို႔လဲ" တဲစခန္းထဲက ေမးခြန္းတစ္ခုထြက္လာၿပီး အသံက သိပ္မက်ယ္ေပမယ့္ ေသခ်ာနားေထာင္ရင္ ေလွာင္ေျပာင္သေရာ္မႈေတြနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ အရိပ္အႁမြက္ေတြကို အလြယ္တကူ နားလည္ႏိုင္တယ္။
ဒီညရဲ႕ေကာင္ကင္ႀကီးက တကယ္ကို လွပလြန္းပါတယ္ကြာ.....
***
စစ္စခန္းတြင္ ေရအၿမဲျပတ္လပ္ေနေလ့ရွိၿပီး ကုယြင္က ျမစ္ထဲမွ ေလဟာျပင္တြင္ ေရခ်ိဳးရန္ ဆႏၵမရွိသျဖင့္ ေရပုံးတစ္ပုံးသယ္ေဆာင္ကာ သူမတဲထဲသို႔ ဝင္သြာၿပီး ႐ႊံ႕မ်ားကို ေရျဖင့္ သန႔္စင္လိုက္သည္။ သူမတစ္ကိုယ္လုံးတြင္ ႐ႊံႏွင့္ဖုန္မ်ား ဖုန္းေနတာေၾကာင့္ ကုယြင္က သူမခႏၶာကိုယ္ကို ေရစိုဝတ္ျဖင့္ သုတ္ၿပီး အနက္ေရာင္အ၀တ္အစားသို႔ ထပ္လဲလိုက္သည္။ ဤေခတ္တြင္ အတြင္းခံအဝတ္(ဘရာစီယာ)မ်ား မရွိေသာေၾကာင့္ သူမက ရင္ဘတ္တစ္ဝိုက္တြင္ အထည္စမ်ားစြာကို ပတ္ခ်ည္ထားေလ့ရွိသည္။ ထိုမွသာ ေျပးသည့္အခါ သို႔မဟုတ္ အင္အားသုံးသည့္အခါ ပိုအဆင္ေျပမည္ ျဖစ္သည္။ ဒါေပမယ့္ ဒီေန႔ကေတာ့ အရမ္းေနာက္က်ေနၿပီျဖစ္တာေၾကာင့္ ကုယြင္က ထိုပိတ္စႀကိဳးမ်ားကို ႀကိဳးပါေသာရင္ခံ(နန္းတြင္းကားေတြထဲမွာ ဝတ္တဲ့ အတြင္းခံမ်ိဳးကို ေျပာတာပါတဲ့)ႏွင့္အတူ ေဘးတြင္ ခ်ထားလိုက္ၿပီး အနက္ေရာင္အက်ႌတစ္ထပ္တည္းသာ ဝတ္ထားကာ ႐ိုးရွင္းေသာ သစ္သားကုတင္ေပၚတြင္ တင္ပ်ဥ္ေခြထိုင္ေနခဲ့သည္။
တကယ္ေတာ့ သူမလက္ေပၚက ဒဏ္ရာက သက္သာေနၿပီျဖစ္ကာ ဘာမွ စိုးရိမ္စရာ မရွိေတာ့ပါဘူး။ ဒါေပမယ့္ သူမက စိုစြတ္ေနတဲ့ မိုးသစ္ေတာထဲမွာ တစ္ေန႔လုံး လမ္းေလွ်ာက္ေနခဲ့ရတာေၾကာင့္ ပိုးဝင္မွာကို ေၾကာက္တဲ့အတြက္ ကုယြင္က ပတ္တီးလဲဖို႔ ႀကိဳးစားလိုက္သည္။ ကုယြင္က သူမလက္မွ အက်ႌလက္မ်ားကို အေပၚသို႔ လိပ္တင္လိုက္ၿပီး ပိတ္ပါးစကို ညင္သာစြာ ျဖည္းျဖည္းခ်င္း ျဖည္ခ်လိုက္သည္။ တခါတေလ ေသြးမ်ား စိမ့္ထြက္တာေၾကာင့္ ဒဏ္ရာမွာ ေသြးစအခ်ိဳ႕ရွိေနေပမယ့္လည္း ကံေကာင္းစြာျဖင့္ ပတ္တီးစတြင္သာ ကပ္ေနသည္။ ကုယြင္က ပိတ္က်ဲစကို တတ္ႏိုင္သမွ် အျမန္ဆုံး ဖယ္ရွားရန္အတြက္ အံႀကိတ္ထားလိုက္ၿပီး မ်က္လုံးမ်ားကို မွိတ္ထားကာ ခက္ခက္ခဲခဲ ဆြဲထုတ္လိုက္တာေၾကာင့္ ပိတ္စက စုတ္ၿပဲသြားၿပီး သူမက နာက်င္မႈေၾကာင့္ ရႈံ႕တြေနေလသည္။ ထိုအခ်ိန္တြင္ သူမတဲ၏တံခါးကန႔္လန႔္ကာက ၾကမ္းတမ္းစြာ ပြင့္သြားၿပီး အရပ္ျမင့္ျမင့္ႏွင့္သန္မာေသာ ပုံရိပ္က တံခါးကို ပိတ္ဆို႔လိုက္သည္။
ကုယြင္က လန႔္သြားၿပီး ေဘးနားမွ ရင္ခံကို အျမန္ဆြဲယူကာ ေသေသသပ္သပ္ ျပန္ဝတ္လိုက္ေသာ္လည္း ခပ္ေခ်ာင္ေခ်ာင္ ျဖစ္ေနခဲ့သည္။ ကုယြင္က ေဒါသအလႊာေလးတစ္လႊာျဖင့္ တိတ္တိတ္ေလး သက္ျပင္းခ်ကာ ေအးစက္ေနေသာ မ်က္လုံးမ်ားျဖင့္ တံခါးဝမွ မဖိတ္ေခၚထားသည့္ ဧည့္သည္ကို စိုက္ၾကည့္ေနသည္။ ကုယြင္က ေထ့ေငါ့ေငါ့ေငါ့ႏွင့္ "စစ္သူႀကီးစု၊ တစ္ေယာက္ေယာက္ရဲ႕ အခန္းထဲကို မဝင္ခင္မွာ တံခါးကို အရင္ေခါက္ဖို႔ ရွင့္ကို ဘယ္သူမွ မသင္ေပးဖူးဘူးလား?"
စုလင္းက တဲထဲကို ဝင္လာၿပီး ေအးစက္စက္နဲ႔ ျပန္ေျဖလိုက္သည္။ "ဘယ္သူမွ မသင္ေပးဖူးဘူး"
ကုယြင္က စကားမေျပာႏိုင္ေလာက္ေအာင္ အံ့ၾသသြားသည္။ သူေျပာေနပုံက သူက တကယ္ကိုပဲ ေျဖာင့္မတ္တဲ့ စစ္သူႀကီးတစ္ေယာက္ေပါ့ေလ။ ဒါေပမယ့္ အခုအခ်ိန္မွာ သူမက သူ႔ကို အျမန္ထြက္သြားေစခ်င္ၿပီး က်င့္ဝတ္ေတြကို သင္ၾကားေပးဖို႔ စိတ္မဝင္စားႏိုင္ေတာ့ဘူး။ ကုယြင္က ေဆးပုလင္းကို လက္တစ္ဖက္ျဖင့္ ကိုင္ထားၿပီး ဘူးစို႔ကို ပါးစပ္နဲ႔ ကိုက္ဖြင့္လိုက္ကာ "ရွင့္မွာ ေျပာစရာရွိရင္ ျမန္ျမန္ေျပာ၊ ၿပီးရင္ ျမန္ျမန္ ျပန္ထြက္သြားေတာ့"
တဲအတြင္းပိုင္းတြင္ ဆီမီးခြက္တစ္ခုသာရွိၿပီး အလြန္ေမွာင္ေနသည္။ ကုတင္ေရွ႕တြင္ ေသြးစြန္းေနေသာ ပိတ္က်ဲစေလးတစ္ခုက ေျမျပင္ေပၚသို႔ ျပဳတ္က်ေနၿပီး ေဆးပုလင္းမ်ားႏွင့္ သန႔္ရွင္းေသာအဝတ္စအခ်ိဳ႕ကို ကုတင္ေပၚတြင္ ရႈပ္ပြေနေအာင္ တင္ထားသည္။ အလင္းေရာင္မွိန္မွိန္က သူမ၏ေသးငယ္ေသာ ခႏၶာကိုယ္ေပၚသို႔ ဖုံးအုပ္ေနၿပီး သူမလက္က အဆင္မေျပသည့္အေနအထားတြင္ ရွိေနကာ ေဆးမႈန႔္ကို လက္တစ္ဖက္ျဖင့္ ဖ်န္းေနသည္။
စုလင္း၏နက္ေမွာင္ေသာ မ်က္လုံးမ်ား မွိန္ေဖ်ာ့သြားၿပီး သူမကို အနည္းငယ္ စိတ္တိုသြားသလို ခံစားလိုက္ရသည္။ ဒီမိန္းခေလးက မိန္းခေလးနဲ႔ကို မတူဘူး! သူမ်ားေတြကို မေထမဲ့ျမင္လုပ္ဖို႔ပဲ သိတယ္၊ ၿပီးေတာ့ စိတ္ႀကီးဝင္လြန္းတယ္...
စုလင္းမွာက ၾကမ္းတမ္းေသာမ်က္ႏွာႏွင့္ ႐ိုင္းစိုင္းေသာ လႈပ္ရွားမႈမ်ား ရွိေနတာေၾကာင့္ သူက ကုယြင္၏ လက္မွ ေဆးပုလင္းကို လုယူကာ ဒဏ္ရာေပၚသို႔ အမႈန႔္မ်ားကို ျဖန္းလိုက္ အဝတ္စကို ေကာက္ကိုင္ကာ ဒဏ္ရာကို ပတ္တီးျဖင့္ တိတ္တဆိတ္ ပတ္ေပးေနသည္။
အခန္း ၁၄ ခႏၶာကိုယ္ကို ဘယ္လို စစ္ရမွာလဲ (အပိုင္း ၆)
ကုယြင္က ခဏေလာက္ အံၾသေနၿပီး သူမ အသိစိတ္ ျပန္ဝင္လာခ်ိန္တြင္ သူမလက္ကို ဟန္ေဆာင္ပန္ေဆာင္ ႐ုန္းမေနေတာ့ေပ။ ပတ္တီးစည္းေပးေနသည့္ သူ၏လႈပ္ရွားမႈမ်ားက အလြန္ေကာင္းမြန္ေနျခင္း မရွိေသာ္လည္း သူမ လက္တစ္ဖက္တည္းျဖင့္ လုပ္ေနတာထက္ေတာ့ ပိုမိုျမန္ဆန္စြာ လုပ္ေဆာင္ႏိုင္ေသးသည္။ စုလင္း သူမကို လာရွာတဲ့ အေၾကာင္းအရင္းကို ေတြးေနခ်ိန္မွာ သူမလက္က ႐ုတ္တရက္ နာက်င္သြားသည္။ "အ--"
စုလင္းက အပ္စိုက္မွတ္တစ္ခုကို အျပင္းအထန္ ဖိႏွိပ္လိုက္တာေၾကာင့္ ကုယြင္က က်ိန္ဆဲလိုက္ေတာ့သည္။ လူယုတ္မာ... လူဆိုးေကာင္... သူက ၾကင္နာတက္တဲ့သူ မဟုတ္ဘူးဆိုတာ အေစာႀကီးထဲက ငါ သိတယ္၊ အဲ့တာက အရမ္းနာက်င္တယ္ဟ!
စူးရဲၿပီးၾကည္လင္ေနေသာ မ်က္လုံးတစ္စုံႏွင့္ ေအးစက္ေနေသာ မ်က္လုံးနက္နက္တစ္စုံက ေတြ႕ဆုံမိၾကျပန္သည္။
စုလင္းက ေအးစက္စြာ ေမးလိုက္သည္။ "မင္းက ဘယ္သူလဲ"
"ဘာလဲ?" ကုယြင္က သူ ဘာကိုဆိုလိုသည္ကို ခဏတာအတြင္း နားမလည္ႏိုင္ခဲ့ေပ။
"ခ်င္းေမာ့ရဲ႕ပင္ကိုယ္ သေဘာ သဘာဝက ရွက္တတ္တယ္၊ သိမ္ေမြ႕တဲ့ စိတ္ထားရွိၿပီး ကိုယ္ခံပညာလည္း မတတ္ဘူး။ မင္းက ဘယ္သူလဲ?" ေလးနက္ေသာအသံက သိပ္မက်ယ္ေပမယ့္ စကားလုံးေတြက စြဲမက္ဖြယ္ေကာင္းေနသည္။ ေနာက္ဆုံးေတာ့ ကုယြင္က သူ သူမကို စစ္ေဆးေမးျမန္းဖို႔ ဒီကို ေရာက္လာတယ္ဆိုတာကို နားလည္သြားသည္။ တကယ္လို႔ သူမသာ ခ်င္းေမာ့မဟုတ္ရင္ သူက သူမကို ဘာလုပ္မွာလဲ?
ကုယြင္က ျဖည္းညႇင္းစြာ ထရပ္လိုက္ၿပီး သူႏွင့္အတူ ပုခုံးခ်င္းယွဥ္ရပ္လိုက္သည္။ သူမ၏ တိုးလ်ေသာေလသံက ထပ္တူထပ္မွ် ရန္လိုေနကာ "ကြၽန္မက ခ်င္းေမာ့မဟုတ္ဘူးလို႔ ရွင္ေျပာခ်င္ေနတာလား၊ ကြၽန္မက ရွင့္ရဲ႕စစ္စခန္းထဲကို ခိုးဝင္ဖို႔ ရန္သူက ေစလႊတ္လိုက္တဲ့ အေယာင္ေဆာင္လို႔ ေျပာခ်င္ေနတာလား? ကြၽန္မရဲ႕ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ သိခ်င္ေနတယ္ေပါ့ ဟုတ္တယ္မလား? ကြၽန္မရဲ႕ႏွလုံးသားထဲကေန ရွင့္ကို ကူညီေပးခဲ့တယ္၊ ဟန္ရႈကို ကယ္တင္ဖို႔၊ လက္ေ႐ြးစင္စစ္သည္ေတြကို ေလ့က်င့္ေပးၿပီး ေျမပုံေတြဆြဲဖို႔ ကူညီေပးခဲ့တယ္၊ ရွင့္ရဲ႕စုမိသားစုစစ္တပ္ကို ပိုေကာင္းေအာင္လုပ္ေပးေနတာေတြက ရွင့္ရဲ႕ယုံၾကည္မႈကို ရဖို႔လို႔ ရွင္ ထင္ေနတာလား? ၿပီးမွ တစ္ဖက္ကို သတင္းျပန္ပို႔မယ္ေပါ့" ကုယြင္၏စကားတိုင္းက ေမးခြန္းမ်ားျဖင့္ အဆုံးသတ္ေနၿပီး စုလင္းကို အျပစ္တင္ခ်င္ေနပုံရသည္။ ထိုသည္မွာ စုလင္းက မည္မွ်ေက်းဇူးကန္းေၾကာင္း အတိအက်ေဖာ္ျပေနသည္။
စုလင္း၏ ေအးစက္ေသာ မ်က္ႏွာက တျဖည္းျဖည္း မည္းေမွာင္လာၿပီး "ကိုယ္ေရးကိုယ္တာအရ မင္းက သူလွ်ိဳလို႔ ငါ မထင္ဘူး၊ ဒါေပမယ့္ စစ္ဦးစီးခ်ဳပ္တစ္ေယာက္အေနနဲ႔ ငါ့ရဲ႕စစ္တပ္ကို ၿခိမ္းေျခာက္ႏိုင္တဲ့အႏၲရာယ္မ်ိဳးဆိုရင္ ဘယ္အရာကိုမွ ခြင့္မျပဳႏိုင္ဘူး။ အဲ့တာေၾကာင့္ မင္းက ခ်င္းေမာ့ ဟုတ္မဟုတ္ စစ္ေဆးဖို႔ ဒီည ဒီကို လာခဲ့တာ"
စုမိသားစုစစ္တပ္အတြက္ သူမ လုပ္ေပးခဲ့သမွ် အရာအားလုံးကို သူ မွတ္မိေနေပမယ့္ ဒီညမွာေတာ့ သူမ ဘယ္သူလဲဆိုတာ အေျဖရွာဖို႔ လိုအပ္ေနေသးတယ္။
ကုယြင္က ရယ္လိုက္သည္။ သူက စစ္သူႀကီးတစ္ေယာက္အေနနဲ႔ စစ္တပ္တစ္ခုလုံးအတြက္ သူ႔မွာ တာဝန္ရွိတယ္လို႔ ေျပာခဲ့တယ္။ သူမ သေဘာတူေပမယ့္ သူက ေသေသခ်ာခ်ာ အတည္ျပဳႏိုင္လို႔လား?? သူ ဘယ္လို စစ္ေဆးမွာလဲ?? ကုယြင္က သူမလက္မ်ားကို သူမရင္ဘတ္ေပၚ လက္ပိုက္တင္လိုက္ၿပီး ေလွာင္ေျပာင္သံျဖင့္ "ကြၽန္မက ခ်င္းေမာ့လို႔ ေျပာရင္ ရွင္ယုံမွာ မဟုတ္ဘူးလို႔ ကြၽန္မ ထင္တယ္။ အဲဒါကို ရွင္ ဘယ္လို စစ္ေဆးမွာလဲ"
စုလင္းက ႐ုတ္တရက္ စကားရပ္လိုက္ၿပီး သူ ဘာေတြေတြးေနမွန္းမသိဘဲ ေခါင္းကို အနည္းငယ္ငုံ႔သြားသည္။ သူက ဆီမီးခြက္ကို ေနာက္ေက်ာေပးထားသည့္အတြက္ ကုယြင္က သူ႔မ်က္ႏွာေပၚမွ အရိပ္အေယာင္မ်ားကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္တာေၾကာင့္ ယခုအခ်ိန္တြင္ ေအးစက္ၿပီး မာနႀကီးေသာ စစ္သူႀကီး၏ မ်က္ႏွာက အနည္းငယ္ နီရဲေနသည္ကို သူမ မသိလိုက္ေပ။ ခဏအၾကာတြင္ ကုယြင္က စိတ္မရွည္ေတာ့ဘဲ ထပ္ေမးရန္ ျပင္လိုက္ခ်ိန္တြင္ စိတ္မသက္မသာျဖစ္ေနပုံရေသာ ေအးစက္စက္ေယာက္်ားသံကို ၾကားလိုက္ရသည္။ "ခ်င္းမိသားစုက ညီအစ္မေတြရဲ႕ ရင္ဘတ္မွာ ေဆးမွင္နဲ႔ထိုးထားတဲ့ သူတို႔နာမည္ရဲ႕ေနာက္ဆုံးစာလုံး ရွိလိမ့္မယ္"
"ဒါဆို?" ကုယြင္က မ်က္ေမွာင္ၾကဳတ္သည္။ ရင္ဘတ္မွာ.... တက္တူးထိုးထားတယ္တဲ့လား...? စကားလုံးလား?
ကုယြင္ရဲ႕စိတ္ေတြ လြင့္ပါးသြားခဲ့သည္။ ေသစမ္း... အဲ့တာဆိုရင္ သူဆိုလို ခ်င္တာက......
အဲ့ဒါလို႔ေတာ့.... မေျပာနဲ႔ေနာ္.....
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜